Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၉—တားမြစ်ထားသောထိမ်းမြားမင်္ဂလာများ

    ခရစ်ယာန်ဘာသာဝင်များမဟုတ်သောသူတို့နှင့် ထိမ်းမြားခြင်း - ခရစ်ယာန်ဘာသာဝင်များ ဘာသာမဟုတ်သောသူတို့နှင့် ထိမ်းမြားခြင်းကိစ္စ နှင့်ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်က သွန်သင်ထားသောသြဝါဒ ကို ခရစ်ယာန်လောကတွင် လျစ်လျူရှုနေကြသည်မှာ အံ့ဩဖွယ်ကောင်း၊ ကြောက်မက်ဖွယ်လည်းကောင်းလှပေသည်။ ဘုရားသခင်ကိုကြောက်ပါ၊ ရိုသေပါသည်ဟု ပြောဆိုကြသောသူအများတို့သည် ဉာဏ်တော်အနန္တတန်ခိုး ရှင်ဘုရားသခင်ကပေးထားတော်မူသောအကြံတော်အစား သူတို့စိတ်ကြိုက် လမ်းစဉ်ကိုကျင့်သုံးနေကြသည်။ ယခုဘဝ၊ နောင်ဘဝတွင် ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု၊ ကိုယ်၏ချမ်းသာမှုအတွက် သေရေးရှင်ရေးတမျှ အရေးပါ အရာရောက်သောကိစ္စတွင် ကျိုးကြောင်းဆင်ခြင်တုံတရား၊ ပိုင်းခြားသိမြင် ခြင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေခြင်းတို့ကို ဘေးဖယ်ထားကြ၏။ စိတ်ဇောတိုက်တွန်းမှုကို မျက်စိစုံမှိတ်၍လိုက်နာကျင့်သုံးခြင်း၊ ခေါင်းမာစွာ တစ်ဖက်သတ်သန္နိဌာန်ချထားခြင်းတို့ကို ချုပ်ကိုင်ထားခွင့်ပေးလေသည်။AH1Burm 66.1

    အသိအလိမ္မာတရားနှင့် ဖြောင့်မှန်သောသဘောရှိသောသူတို့သည် အကြံကောင်းဉာဏ်ကောင်းများကို နားမထောင်ဘဲနေကြသည်။ မိတ်ဆွေ များ၊ ဆွေမျိုးများနှင့်ဘုရားသခင်အမှုဆောင်များတို့၏တောင်းပန်ချက်ကို ပစ်ပယ်ကြသည်။ သတိပေးစကားပြောကြသောအခါ ကိုယ်နှင့်မဆိုင်သော ကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းဟုသဘောထား၍ စေတနာနှင့်တားမြစ် ပြောဆိုသော သူငယ်ချင်းအပေါင်းအသင်းတို့ကို ရန်သူဟုယူဆကြသည်။ ဤအပြုအမူရှိသမျှသည် စာတန်အလိုကျဖြစ်သည်။ စာတန်သည် လူ့ဝိညာဉ် ကိုညှို့သောအခါ ယင်းဝိညာဉ်သည် နှစ်သက်တတ်သောသဘောမကောင်းမှု ကို တပ်မက်တတ်သောသဘောတို့ဖြင့် ပြည့်လာသည်။ အမှားအမှန်ပိုင်းခြား ဝေဖန်တတ်သောသဘောတို့ဖြင့် ပြည့်လာသည်။ အမှားအမှန်ဝေဖန်ပိုင်းခြား တတ်သောသတ္တိသည် ကိုယ်ကိုချုပ်တည်းခြင်းတည်းဟူသောဇက်ကြိုးကို တပ်မက်ခြင်း၏လည်တံပေါ်သို့ လျှောကျစေ၏။ ညစ်ညူးသောတပ်မက် ခြင်းက စိုးမိုးခြယ်လှယ်နေသည်။ ကာယကံရှင်သည် နိုးနိုးကြားကြားဖြစ် လာသောအခါ အလာကောင်းသော်လည်း အခါနှောင်းပြီးဖြစ်သောကြောင့် စိတ်ဆင်းရဲခြင်းနှင့်တပ်မက်ခြင်းတို့၏ကျေးကျွန်ဘဝတွင် ကျင်လည်နေရ တော့သည်။ ယခုပြောနေသောအချက်သည် စိတ်ကူးမဟုတ်ပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့သောအဖြစ်သနစ်မျိုးဖြစ်သည်။ ကိုယ်တော်ရှင်ကိုယ်တိုင်ကတားမြစ် ထားသောစုံဖက်ခြင်းကို ကိုယ်တော်ရှင်ကစကားဖျက်၍ ခွင့်ပြုတော်မူလိမ့် မည်မဟုတ်ပေ။AH1Burm 66.2

    ဘုရားသခင်၏အမိန့်တော်များသည် ရှင်းလင်းပြတ်သားပါသည် - ရှေးခေတ်ဣသရေလလူမျိုးတို့အား သူတို့၏ပတ်ဝန်းကျင်၌ နေထိုင်ကြသော ရုပ်တုကိုးကွယ်သောသူ လူမျိုးတို့နှင့်စုံမက်ခြင်းမပြုကြရန် ဘုရားသခင်သည် အမိန့်တော်ချမှတ်တော်မူခဲ့သည်။ “သူတို့နှင့်စုံမက်ခြင်းကိုမပြုရ။ သင်၏သမီး ကိုသူ၏သားနှင့်လည်းကောင်း၊ သင်၏သားကိုသူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကိုမပြုရ။” ယင်းတားမြစ်ချက်၏အကြောင်းရင်းကိုပေး ထားသည်။ ယင်းကဲ့သို့ထမ်းပိုးမညီသောအစီအစဉ်တို့၏ဆိုးကျိုးကို ကြိုတင် တွေ့မြင်ထားတော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်က “သူတို့သည် သင့်သားကိုငါ၌မဆည်းကပ်စေဘဲ အခြားသောဘုရားတစ်ပါးအားဝတ်ပြုစေ ခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ မျက်ရည်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။” “အကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသောလူမျိုးထက် သင်၏ဘုရားသခင်ထာဝရဘုရားပိုင်ထိုက်သောအမျိုး ဖြစ်စေခြင်းငှာ သင့်ကိုရွေးယူတော်မူပြီ။”AH1Burm 67.1

    ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာ ဝင်မဟုတ်သောသူများ စုံမက်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ အလားတူ တားမြစ်ချက်များဖော်ပြထားသည်။ ကောရိန်သူသို့ ရေးသားပေးပို့သော ပထမစာတွင် တမန်တော်ပေါလုကပြောဆိုထားသည်မှာ “လင်ရှိမိန်းမသည် လင်မသေမီတိုင်အောင် ပညတ်တရားအားဖြင့် လင်၌ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား၊ လင်ဝတ်နှင့်လွတ်၍ ဘုရားသခင်၌သာ သူမထိမ်းမြား လိုသူအား ထိမ်းမြားနိုင်၏။” တစ်ဖန်ဒုတိယစာစောင်တွင် ရှင်ပေါလုက ရေးသားထားသည်မှာ “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက် ရှိသောထမ်းပိုးကို မထမ်းကြနှင့်။ မတရားသောအမှုသည် မတရားသောအမှု ကို အဘယ်သို့လက်ခံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့်အဘယ် သို့သင့်တင့်နိုင်မည်နည်း။” ယုံကြည်သောသူသည် မယုံကြည်သောသူနှင့် အဘယ်အမျိုးအဖြစ်ကိုခံရမည်နည်း။ ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တု တို့နှင့်အဘယ်သို့စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူသည်ကား၊ သူတို့ တွင်ကိန်းဝပ်မည်၊ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်။ ထာဝရဘုရားသခင်မိန့်တော် မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ ကိုငါသည်လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရား မိန့်တော်မူ၏။AH1Burm 67.2

    ယခုခေတ်ဤကမ္ဘာပေါ်အခါအခွင့်လည်းမသင့်၊ ညီညွတ်တော်သင့် ခြင်းလည်းမရှိသော စုံဖက်မှုအများအပြားပေါ်၌ ဘုရားသခင်၏ကျိန်ခြင်း အမင်္ဂလာသက်ရောက်လျက်ရှိသည်။ အကယ်၍ ကျမ်းစာတော်မြတ်က ဤပြဿနာများနှင့်ပတ်သက်၍ မသေမချာမရေရာသောအသုံးအနှုန်းမျိုးဖြင့် ဖော်ပြခဲ့လျှင် ယခုခေတ်လူငယ်လူရွယ်မြောက်မြားစွာတို့ စုံဖက်ထိမ်းမြားနေ ကြပုံသည် ခွင့်လွှတ်နိုင်သောကိစ္စဖြစ်လိမ့်မည်။ သို့ရာတွင် ကျမ်းစာ၏ တောင်းဆိုချက်များသည် တစ်ပိုင်းတစ်စ၊ မစုံမလင်ဖြစ်သောပညတ်ချက်များ မဟုတ်ပေ။ ယင်းပညတ်ချက်များက အတွေးအခေါ်စင်ကြယ်မှု၊ အပြောအဆို စင်ကြယ်မှုနှင့် အလုပ်အကိုင်စင်ကြယ်မှုကို တောင်းဆိုသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ရှေ့၌ အလင်းဖြစ်သည်သာမက တာဝန် နှင့်ပတ်သက်၍ ဘယ်သူ့ကိုမျှယောင်ဝါးဝါးဖြစ်စေသောပညတ်ချက်များ မဟုတ်သည်အတွက်လည်း ဘုရားသခင်ကိုကျေးဇူးတင်ပါသည်။ လူငယ် လူရွယ်တို့သည် ယင်းပညတ်ချက်များပါရှိသော နှုတ်ကပတ်တော်အကြံဉာဏ် အတိုင်း တစ်သဝေမတိမ်းလိုက်နာဆောင်ရွက်ခြင်းကို ပြုအပ်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းပညတ်ချက်များကို ရှောင်ကွင်းလုပ်ကိုင်ကြရာ တွင် ဝမ်းနည်းဖွယ်သောအမှားအယွင်းများကို ကျူးလွန်ကြသည်။AH1Burm 68.1

    တပည့်တော်၊ တပည့်တော်မများသည် မယုံကြည်သောသူတို့နှင့် ထိမ်းမြားခြင်းမပြုရန် ဘုရားသခင်တားမြစ်ထားတော်မူသည် - ဘုရားသခင်၏သားသမီးတို့သည် တားမြစ်ထားသောမြေပေါ်၌ ဘယ်အခါမျှ အရဲစွန့်၍အခြေချခြင်းမပြုအပ်ပေ။ တပည့်တော်၊ တပည့်တော်မများသည် မယုံကြည်သောသူတို့နှင့် ထိမ်းမြားစုံဖက်ခြင်းမပြုရန် ဘုရားသခင်တားမြစ် ထားတော်မူသည်။ သို့ရာတွင် မကြာခဏပင်ပြောင်းလဲခြင်းမရှိသောသူတို့သည် မိမိတို့စိတ်အလိုလိုက်လျက် ဘုရားသခင်အနေဖြင့်ခွင့်မပြုသော ထိမ်းမြား စုံဖက်ခြင်းကိုပြုကြသည်။ ယင်းကဲ့သို့ပြုကြခြင်းကြောင့် မြောက်မြားစွာသော သူတို့သည် ဤလောကကြီးတွင် မျှော်လင့်ချက်မရှိ၊ ဘုရားမဲ့တရားမဲ့ဖြစ် နေကြသည်။ သူတို့၏မြင့်မြတ်သောရည်စူးချက်များသည် သက်မဲ့ဖြစ်ကြပြီ။ သူတို့အနေဖြင့်ဆက်သွယ်လျက်ရှိသော အဖြစ်အပျက်အားဖြင့် စာတန်၏ ထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းခံနေကြရပြီ။ တပ်မက်ခြင်းနှင့် စိတ်ဇောတိုက်တွန်းခြင်းတို့၏စိုးမိုးချုပ်ချယ်ခြင်းကိုခံရသောသူတို့သည် လက်ရှိ ဘဝတွင်ခါးသောအသီးအနှံကိုရိတ်သိမ်းရ၍ သူတို့၏အပြုအမူများသည် သူတို့၏ဝိညာဉ်ဆုံးပါးရသောအခြေအနေသို့ တွန်းပို့လိမ့်မည်။AH1Burm 69.1

    မယုံကြည်သောသူတို့နှင့်ထိမ်းမြားစုံဖက်ရာတွင် သမ္မာတရားကို သက်ဝင်ယုံကြည်လက်ခံပါသည်ဆိုသောသူတို့သည် ဘုရားသခင်၏အလို တော်ကိုကျော်နင်းကြသည်။ ကိုယ်တော်ရှင်၏ကျေးဇူးပြုတော်မူခြင်းကို ခံစားခွင့်ဆုံးရှုံးကြရပြီ၊ နောင်တရမှုအတွက် ခါးသီးစွာကြိုးပမ်းကြသည်။ မယုံကြည်သောသူတို့၌ အကြံ့ခိုင်ဆုံးသောစာရိတ္တဗလရှိကောင်းရှိကြမည်။ သို့ရာတွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ယင်းကဲ့သို့သောပုဂ္ဂိုလ် မျိုးအနေဖြင့် ဘုရားသခင်၏တောင်းဆိုချက်များကို လိုက်နာခြင်းမရှိ၊ ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို နားထောင် ခြင်းမရှိခြင်းတို့သည် ယင်းကဲ့သို့သောပုဂ္ဂိုလ်မျိုးနှင့်ထိမ်းမြားခြင်းကို ဘာကြောင့်မပိတ်ပင်ဘဲမနေသင့်ကြောင်းကို လုံလောက်သောအကြောင်း ပြချက်ဖြစ်သည်။ မယုံကြည်သောသူ၏စာရိတ္တသည် “သင်သည်တစ်ခု လိုသေး၏” ဆိုသောယေရှုရှင်၏မိန့်တော်မူချက်ကိုခံခဲ့ရသော လူငယ် လူရွယ်၏အကျင့်စာရိတ္တနှင့်တူကောင်းတူပေလိမ့်မည်။ လိုအပ်သောအရာ သည် ယင်းတစ်မျိုးသာဖြစ်သည်။AH1Burm 69.2

    ရှောလမုန်၏ပုံသက်သေ - ဘုရားသခင်အနေဖြင့် သူတို့၏ ဘဝအသက်တာကိုလက်ခံတော်မူ၍ ဤလောက၌အသုံးကျမှုအပြည့်အစုံ ရှိစေလျက် ကောင်းကင်ဘုံ၌လည်း ဘုန်းတန်ခိုးနှင့်အပြည့်အစုံကြွယ်ဝစေရန် ပြုပြင်ပေး၍ရသော ဆင်းရဲ၍ကျော်စောသောသူများရှိပေသည်။ သို့ရာတွင် ဘုရားသခင်၏ရည်စူးချက်များကို ဖျက်ဆီးရန်လည်းကောင်း၊ ယင်းပုဂ္ဂိုလ် များကိုလည်း အသက်ရှင်သောလမ်းနှင့်ပြောင်ပြောင်ကြီးဆန့်ကျင်သော လမ်း၌ မိမိတို့ကိုယ်တိုင်ခြေစုံရပ်တည်သောအကျင့်စာရိတ္တမျိုးရှိသော သူတို့နှင့် ထိမ်းမြားစုံဖက်စေခြင်းအားဖြင့် ပျက်စီးခြင်းသို့ဆွဲချရန် ၎င်းစာတန်သည် မနားမနေကြိုးပမ်းလုပ်ကိုင်လျက်ရှိသည်။ ဤရှုပ်ထွေး ပွေလီကျပ်တည်းမှုထဲမှ အောင်မြင်စွာလွတ်မြောက်လာသောသူဦးရေမှာ မရှိသလောက်နည်းပါးလှသည်။AH1Burm 70.1

    နားထောင်ခြင်း၏ရလဒ်အနေဖြင့် ရရှိသောကောင်းကျိုးများ သည် ဘာဖြစ်သည်ကို စာတန်ကောင်းမွန်စွာသိရှိသည်။ ရှောလမုန်မင်း ကြီး၏နန်းစံနှစ်ဦးပိုင်းတွင်ဖြစ်သော သူ့ဉာဏ်ပညာ၊ ရက်ရောစွာလှူဒါန်း ခြင်း၊ ဖြောင့်မှန်စွာကျင့်ခြင်းတို့ကြောင့် သူ့ဘုန်းတန်ခိုးကြီးထွားနေသော အချိန်များတွင် ရှောလမုန်မင်းကြီးအားကျင့်ဝတ်များကို သစ္စာရှိစွာစောင့် ထိန်းခြင်းကို လျှို့ဝှက်ဖြိုဖျက်ရန်လည်းကောင်း၊ သူ့အားဘုရားသခင်ထံ တော်မှ ထွက်ခွာကင်းကွာနေစေရန်လည်းကောင်း စာတန်သည်ယုတ်မာ သောသြဇာသက်ရောက်မှုများကို ဖန်တီးပေးရန်ကြိုးပမ်းလေသည်။ ရန်သူသည် သူ့မှန်းချက်နှင့်နှမ်းထွက်ကိုက်ညီကြောင်းကို မှတ်တမ်းတွင် ကျွန်ုပ်တို့တွေ့ရှိရသည်မှာ “ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက် သမီးတော်နှင့်စုံဖက်၍ နန်းတော်ဗိမာန်တော်၊ ယေရုရှလင် မြို့ရိုးကို မပြီးမီတိုင်အောင် ဒါဝိဒ်မြို့၌နေရာပေးတော်မူ၏။AH1Burm 70.2

    သာသနာပမျိုးနှင့်မဟာမိတ်ဖွဲ့ရာတွင် ၎င်းအပြင်ရုပ်တုကိုးကွယ် သော ဘုရင့်သမီးတော်ကိုစုံဖက်ခြင်းအားဖြင့် ယင်းပဋိညာဉ်စာချုပ်ကို အတည်ဖြစ်စေရာတွင် ရှောလမုန်သည် မိမိလူတို့၏သန့်စင်မှုကိုထိန်းသိမ်း ထားရန် ဘုရားသခင်ထားရှိတော်မူသောအစီအစဉ်ကို မစဉ်းစားဘဲလျက် လျစ်လျူရှုခဲ့လေသည်။ ဤအဲဂုတ္တုပြည်သူရွှေမင်းသမီးသည် ဘုရင်ရှောလမုန် ကိုးကွယ်သော ဘုရားဘက်သို့စိတ်ပြောင်းလဲသွားလိမ့်မည်ဟူသောမျှော်လင့် ချက်သည် အပြစ်ကျူးလွန်မှုအတွက် ချည့်နဲ့အားပျော့လွန်းသောအကြောင်း ပြခြင်းဖြစ်သည်။ အခြားလူမျိုးတို့ထံမှ သီးခြားနေရန် ဘုရားသခင်အမိန့် တော်ကိုလွန်ဆန်လျက် ရှင်ဘုရင်သည် သူ့အင်အားကို လူသားအချင်းချင်း တို့၏အင်အားဖြင့် အကြောင်းဆက်ပေါင်းဖက်လေသည်။AH1Burm 71.1

    ကရုဏာတော်ရှင်ဘုရားသခင်သည် ဤမဟာအမှားတော်ကြီးကို ခေတ္တမျှပယ်ရှားတော်မူသည်။ ရှောလမုန်၏မိဖုရားသည် မှန်သောဘုရား ဘက်သို့စိတ်ပြောင်းလဲ၍ ရှင်ဘုရင်သည်လည်း ပညာသားပါသောလမ်းစဉ် ကိုကျင့်သုံးခြင်းအားဖြင့် သူ့သတိတရားကင်းမဲ့မှုက ဖန်တီးအသက်သွင်း ပေးလိုက်သော ဒုစရိုက်အင်အားစုများကို ဟန့်တားထားနိုင်ပေလိမ့်မည်။ သို့ရာတွင် ရှောလမုန်သည် သူ့ဘုန်းတော်တန်ခိုးရရှိရာဌာနရင်းကို မျက်ခြည်ပြတ်လာလေသည်။ စိတ်ယိမ်းယိုင်မှုသည် အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်သောသတ္တိကို အုပ်စီးသွားလေသည်။ ကံ၊ ဉာဏ်ဝီရိယကို ယုံကြည်မှုသည် ပိုမိုနက်ရှိုင်းလာရာတွင် ဘုရားသခင်၏ရည်စူးချက်ကို သူ့နည်းလမ်းအားဖြင့်အကောင်အထည်ဖော်ရန် ကြိုးပမ်းလေသည်။AH1Burm 71.2

    ရှောလမုန်ကဲ့သို့အများသောခရစ်ယာန်တို့က သူတို့အနေဖြင့် ဘုရားတရားမကြည်ညိုသောသူတို့နှင့် ထိမ်းမြားစုံဖက်နိုင်သည်။ အဘယ် ကြောင့်ဆိုသော် သူတို့၏သြဇာသက်ရောက်မှုသည် မှားယွင်းသောလမ်း၌ လျှောက်သွားနေသောသူတို့အား အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယူဆ ကြသည်။ သို့ရာတွင် အများအားဖြင့် သူတို့ကိုယ်တိုင်ထောင်ချောက်တွင် ကျရောက်ခြင်း၊ အနိုင်ခံရခြင်း၊ သူတို့၏သန့်ရှင်းသောယုံကြည်မှုကို လက်လွှတ် ရခြင်း၊ ကျင့်ဝတ်များကိုစွန့်လွှတ်ရခြင်းနှင့် ဘုရားသခင်ထံမှကွေကွင်းရခြင်း စသောဒုက္ခများကို ရင်ဆိုင်ရသည်။ မှားယွင်းသောခြေလှမ်းများသည် နောက်ဆက်တွဲခြေလှမ်းများကိုမှားယွင်းစေသည်။ နောက်ဆုံးတွင် သူတို့ သည် သူတို့ကိုယ်ကိုတုပ်နှောင်ထားသောသံကြိုးများကို ချိုးဖျက်၍မရနိုင် သောအခြေအနေတွင် ရောက်ရှိနေကြသည်။AH1Burm 72.1

    ဆင်ခြေ — “သူဟာဘာသာရေးကိစ္စမှာစေတနာထားပါတယ်။” မယုံကြည်သောသူသည် ဘာသာရေးကိစ္စတွင် စေတနာထားရှိပြီး ခရစ်ယာန် မဟုတ်သည်ကလွဲ၍ အိမ်ထောင်ဖက်တိုင်း၌ ရှိအပ်သောအရည်အချင်း ပြည့်စုံပါသည်ဟူသော ဆင်ခြေမျိုးကို တစ်ခါတစ်ရံပေးတတ်ကြသည်။ ယုံကြည်သောသူ၏ကောင်းမွန်သောဆုံးဖြတ်ချက်က မယုံကြည်သောသူနှင့် ရာသက်ပန်စုံဖက်ခြင်းသည် မသင့်လျော်ကြောင်း အရိပ်အမြွက်အားဖြင့် သော်လည်းကောင်း၊ ဆယ်ပုံတစ်ပုံတွင် စိတ်ယိမ်းယိုင်မှုကသာလျှင် အောင်ပန်း ဆွတ်ခူးသွားလေသည်။ တရားပလ္လင်ရှေ့တွင် ကတိသစ္စာပြုသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ရေးဆိုင်ရာကျဆင်းမှုသည် အစပြုလေသည်။ ဘာသာ ရေးဆိုင်ရာတက်ကြွမှုသည် ထုံထိုင်းလာ၍ နောက်ဆုံးတွင် လင်မယား နှစ်ယောက်စလုံးသည် စာတန်၏အနက်ရောင်အောင်လံအောက်တွင် ဘေးချင်း ယှဉ်၍မတ်တတ်ရပ်နေကြသည်တိုင်အောင် ခံတပ်တစ်ခုပြီးတစ်ခု ပြိုကွဲလေ တော့သည်။ ထိမ်းမြားမင်္ဂလာပွဲကျင်းပနေချိန်မှာ သြတ္တပ္ပစိတ်၊ ယုံကြည်ခြင်း၊ သမ္မာတရားများအပေါ်တွင် လောကီစိတ်သဘောထားတို့က အနိုင်ယူသွား ကြသည်။ အိမ်ထောင်သစ်တွင် ဆုတောင်းချိန်ကိုလေးစားမှုမရှိတော့ပေ။ သတို့သားနှင့်သတို့သမီးတို့သည် တစ်ဦးကိုတစ်ဦးရွေးချယ်ခဲ့ပြီး ယေရှုရှင် ကိုပစ်ပယ်ကြသည်။AH1Burm 72.2

    ယုံကြည်သောသူ၌ပြောင်းလဲခြင်းဖြစ်ပေါ်လာသည် - ပထမတွင် မယုံကြည်သောသူက အသစ်သောပေါင်းဖက်မှုတွင် ကန့်ကွက်သည့်သဘော ထားကိုမပြသပေ။ သို့ရာတွင် ကျမ်းစာထဲမှသမ္မာတရားကိုနားထောင်၍ စဉ်းစား ဆင်ခြင်ရန်ပြောကြားသောအခါမှ စိတ်မှခံစားချက်သည် ကွင်းကွင်းပေါ်လာ သည်။ “ကျွန်မဟာအလျင်ကဘယ်လို၊ အခုကဘယ်လိုဆိုတာရှင်သိလျက် နှင့် ရှင်ကျွန်မကိုအိမ်ထောင်ပြုခဲ့ပါတယ်။ အခုအခါ ကျွန်မစိတ်ကိုအနှောင့် အယှက်ဖြစ်စေမယ့်ကိစ္စကိုတော့ မကြားပါရစေနှင့်။ ဒီနေ့ကစပြီး ရှင့်ရဲ့ ထူးဆန်းတဲ့အယူအဆတွေနဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုဆိုတာတွေကို လုံးဝပိတ်ပင် ထားရပါမယ်။” ယုံကြည်သောတပည့်တော်အနေဖြင့် သူ့ယုံကြည်ချက်နှင့် ပတ်သက်၍ အထူးစိတ်တက်ကြွမှုကိုပြသလျှင် ခရစ်ယာန်တို့၏အတွေ့အကြုံ တွင် လုံးဝစိတ်ဝင်စားမှုမရှိသောသူအား မညှာမတာဆက်ဆံသည့်ပုံပေါ် နေသည်။AH1Burm 73.1

    ယုံကြည်သောသူအနေဖြင့် အိမ်ထောင်သစ်တွင် သူရွေးချယ်ထား သော အိမ်ထောင်ဖက်၏အလိုကို အတော်အသင့်လိုက်လျောရပေမည်။ လောကီဆန်သောဆိုရှယ်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကိုလိုက်စားကြသည်။ အစပထမတွင် ဤကဲ့သို့လိုက်စားခြင်းကို စိတ်မပါ့တပါဖြင့်လိုက်စားကြသည်။ သို့ရာတွင် ယင်းကဲ့သို့လိုက်စားသည်နှင့်အမျှ သမ္မာတရား၌ စိတ်ဝင်စားမှ သည် ယုတ်လျော့သွား၏။ ယုံကြည်ခြင်းနေရာတွင် စိတ်ဒွိဟဖြစ်ခြင်းနှင့် မယုံကြည်ခြင်းတို့သည် ချင်းနင်းဝင်ရောက်လာကြသည်။ တစ်ကြိမ်က တည်ကြည်၍ ဖြောင့်မှန်စွာယုံကြည်သောသူ၊ ခရစ်တော်၏နောက်တော်သို့ သစ္စာရှိစွာလိုက်လျှောက်သောသူသည် ယခုအခါစိတ်ဒွိဟဖြစ်၍ မတည်မငြိမ် ဖြစ်လိမ့်မည်ဟု ဘယ်သူမျှသံသယမဝင်မိပေ။ ယင်းသည် ဉာဏ်ပညာကင်းမဲ့ သောထိမ်းမြားစုံမက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပြောင်းလဲခြင်းပါတကား။ လောကနှင့်မဟာမိတ်ဖွဲ့ခြင်းသည် အန္တရာယ်များလှသည်။AH1Burm 73.2

    ယောက်ျားကလေးနှင့်မိန်းကလေးများတို့၏ထိမ်းမြားမင်္ဂလာပြုသောအချိန် သည် သူတို့၏ဘာသာရေးနှင့်အသုံးချမှုဆိုင်ရာသမိုင်းစဉ်ပြီးမြောက်သွား ကြောင်းကို စာတန်သည်ကောင်းမွန်စွာသိရှိထားသည်။ သူတို့သည် ခရစ်တော် အတွက်ဆုံးရှုံးကြပြီ။ သူတို့အနေဖြင့် ခေတ္တမျှခရစ်ယာန်ဘဝ၌ရပ်တည်ရန် ကြိုးပမ်းကြလိမ့်မည်။ သို့ရာတွင် သူတို့၏ကြိုးပမ်းမှုရှိသမျှသည် မျက်နှာ ချင်းဆိုင်ဘက်မှ မှန်မှန်တိုးဝှေ့လာသော သြဇာသက်ရောက်မှုကိုဆန့်ကျင်၍ ပြုလုပ်ကြရသည်။ တစ်ကြိမ်က သူတို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း အကြောင်းတို့ကိုပြောရသည်မှာ အခွင့်အရေးလည်းဖြစ်၍ ဝမ်းမြောက်ဖွယ် လည်းဖြစ်လှသည်။ သို့ရာတွင် သူတို့နှင့်ရာသက်ပန်ရွယ်ကိုးလို့ရိုးမြေကျ ပေါင်းဖက်ရသောသူတို့က ယင်းအကြောင်းများကို စိတ်ဝင်စားမှုမရှိသည်ကို သိရှိသောကြောင့် ယင်းအကြောင်းများကို သူတို့အနေဖြင့် ဖော်ပြပြောဆို လိုသောဆန္ဒမရှိကြပေ။ ထိုကြောင့် အဖိုးထိုက်လှသော သမ္မာတရားကို ယုံကြည်ခြင်းသည် စိတ်နှလုံးထဲမှပျောက်ကွယ်သွားရာ စာတန်သည် သူတို့ ပတ်လည်တွင် မယုံကြည်သောစိတ်တည်းဟူသော ပင့်ကူအိမ်ကိုသူတို့ပတ်ပတ် လည်ဆောက်လုပ်ထားလေသည်။AH1Burm 74.1

    ကောင်းကင်ဘုံ ၏ပျော်ရွှင်မှုများဆုံးရှုံးဖွယ်ရာရှိခြင်း - “လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဖော်၍ခရီးသွားနိုင်သလော “မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်သည် သဘောချင်းတူ၍ဆုတောင်း သမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် သည်ပေးတော်မူလတ္တံ့။ ထူးခြားသောမြင်ကွင်းပါတကား။ ရင်းရင်းနှီးနှီး စုံ ဖက်ထိမ်းမြားထားသော လင်နှင့်မယားနှစ်ဦးအနက် တစ်ဦးက စိတ်ပါလက်ပါဆုတောင်းပတ္ထနာပြုစဉ် ကျန်တစ်ဦးကဂရုမစိုက်ဘဲ အမှုမဲ့ အမှတ်မဲ့နေနေသည်။ တစ်ဦးကထာဝရအသက်ရရှိရန်နည်းလမ်းကိုရှာဖွေ နေစဉ် ကျန်တစ်ဦးသည် သေခြင်းသို့ပို့ဆောင်သော ကျယ်သောလမ်း၌ ရပ်တည်နေသည်။AH1Burm 74.2

    ပြောင်းလဲခြင်းမရှိသောပုဂ္ဂိုလ်များနှင့် စုံဖက်ထိမ်းမြားသောကြောင့် ရာပေါင်းများစွာသောသူတို့သည် ခရစ်တော်နှင့်ကောင်းကင်ဘုံကို ဆုံးရှုံး ကြ၏။ သူတို့သည် သေတတ်သောလူသတ္တဝါကိုအိမ်ထောင်ဖက်အနေဖြင့် ရရှိရန် ပိုမိုလိုလားကြသည်မှာ ခရစ်တော်၏မေတ္တာနှင့်မိတ်သဟာယဖွဲ့ခြင်း သည် တန်ဖိုးမရှိ၍လော။ မြတ်နိုးဖွယ်သောကယ်တင်ရှင်ကို မချစ်မနှစ်သက် သောသူ့အတွက် ကောင်းကင်ဘုံဆိုင်ရာပျော်ရွှင်မှုများကို အနစ်နာခံကြသည် မှာ ကောင်းကင်ဘုံကိုအထင်သေး၍လော။AH1Burm 75.1

    မယုံကြည်သောသူနှင့်ထိမ်းမြားစုံဖက်ခြင်းသည် သင့်ကိုယ်ကိုစာတန် ၏နယ်မြေပေါ်၌ နေရာချထားခြင်းဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် သင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေ၍ သူ၏ကာကွယ် စောင့်ရှောက်မှုကို အဆုံးခံရသည်။ ထာဝရအသက်ရရှိမှုအတွက် တိုက်ပွဲ ဝင်ရာတွင် ဤကဲ့သို့ကြောက်မက်ဖွယ်အနှောင့်အယှက်များ သင်၏လမ်းခရီး တွင် ရှိသင့်ပါသလား။AH1Burm 75.2

    သင့်ကိုယ်ကိုမေးကြည့်ပါ။ “မယုံကြည်သောကျွန်မ၏ယောက်ျား သည် ကျွန်မ၏အကြံအစည်များကို ယေရှုအထံတော်မှ အခြားသို့လမ်းပြောင်း သွားစေရန် ပြုလုပ်မည်မဟုတ်ပါလား။ သူသည် ဘုရားသခင်ထက် အပျော် အပါးကိုပိုမိုနှစ်သက်သဘောကျသည်။ သူနှစ်သက်သဘောကျသောအရာ များကို ကျွန်မအနေဖြင့် နှစ်သက်သဘောကျစေရန် သူဆောင်ရွက်လိမ့်မည် မဟုတ်ပါလား။ ထာဝရအသက်ဆီသို့ပို့ဆောင်သောလမ်းသည် မတ်စောက်၍ ကြမ်းတမ်းသည်။ ယင်းလမ်း၌လျှောက်ရာတွင် သင်၏တိုးတက်မှုကိုအနှောင့် အယှက်ဖြစ်စေမည့် အပိုဝန်ထုပ်များကိုမသယ်ပါနှင့်။AH1Burm 75.3

    အကွယ်အကာများဘယ်အခါမျှ ရုပ်သိမ်းသွားခြင်းမရှိသော အိမ်ထောင် - လူသားတို့၏ချစ်ခြင်းကို စိတ်နှလုံးအနေဖြင့်တမ်းတ မျှော်မှန်းသည်။ သို့ရာတွင် ဤလူသားတို့၏ချစ်ခြင်းသည် ယေရှုရှင်မေတ္တာ တော်နေရာကိုအစားထိုးရန် ခိုင်လုံသင့်သလောက်ခိုင်လုံခြင်းမရှိ၊ (သို့မဟုတ်) စင်ကြယ်သင့်သလောက်မဖြစ်ပေ။ ဇနီးအနေဖြင့် ဘဝအသက်တာ၏ စိုးရိမ်မှုများ၊ တာဝန်များနှင့် ဝမ်းနည်းခြင်းများကိုရင်ဆိုင်နိုင်ရန် သူမ၏ ကယ်တင်ရှင်ထံမှာသာ ဉာဏ်ပညာ၊ ခွန်အားနှင့်ကျေးဇူးတော်ကို တွေ့ရှိ ရယူနိုင်သည်။ ကိုယ်တော်အား သူမ၏ခွန်အားဖြင့် လမ်းပြဖြစ်စေသင့် သောအမျိုးသမီးအနေဖြင့် မိမိကိုယ်ကို မည်သည့်မြေကြီးဆိုင်ရာမိတ်ဆွေ အားအပ်နှံခြင်းမပြုမီ ခရစ်တော်အား ဆက်ကပ်ထားပါစေ။ ၎င်းအပြင် ဤအစီအစဉ်နှင့်အတိုက်အခံဖြစ်မည့် အခြားမည်သည့်ရင်းနှီးဆက်ဆံမှုမျှ မရှိသင့်ပေ။ စစ်မှန်သောပျော်ရွှင်မှုကို လိုလားသောသူတို့သည် သူတို့ပိုင် ပစ္စည်းများနှင့် သူတို့လုပ်ကိုင်သမျှသောအလုပ်အကိုင်များပေါ်သို့ ဘုရားသခင် ၏ကောင်းချီးမိုးရေသွန်းလောင်းမှုရှိရမည်။ ဘုရားသခင်၏စကားတော်ကို နားမထောင်သောကြောင့်သာလျှင် စိတ်နှလုံးများနှင့်အိမ်ထောင်များသည် စိတ်ဆင်းရဲခြင်းနှင့်ပြည့်ဝလျက်ရှိကြသည်။ ကျွန်ုပ်၏ညီမတော်၊ အကွယ် အကာများ ဘယ်အခါမျှရုပ်သိမ်းသွားခြင်းမရှိသော အိမ်ထောင်မျိုးကိုအလိုရှိ လျှင် သင့်အနေဖြင့် ဘုရားသခင်၏ရန်သူဖြစ်သောသူနှင့် စုံဖက်ထိမ်းမြား ခြင်းမပြုပါနှင့်။AH1Burm 76.1

    ခရစ်ယာန်၏ကျိုးကြောင်းဆင်ခြင်ချက် - ဘာသာအယူဝါဒ ဆိုင်ရာကျင့်ဝတ်တို့၏ခိုင်လုံမှုကို စုံစမ်းခက်ခဲသောအခြေအနေတို့နှင့် ရင်ဆိုင်ရသောအခါ ခရစ်ယာန်တိုင်းသည် ဘာလုပ်သင့်သနည်း။ အတုယူ လောက်သောတည်ကြည်မှုဖြင့် သူကပွင့်ပွင့်လင်းလင်းပြောသင့်သည်မှာ “ကျွန်ုပ်သည် လှည့်ဖြားမှုကို ရှောင်ကြဉ်သောခရစ်ယာန်တစ်ဦးဖြစ်ပါသည်။ ကျမ်းစာကဖော်ပြထားသည့်အတိုင်း ရက်သတ္တပတ်တွင် သတ္တမနေ့ရက်သည် ဥပုသ်နေ့မှန်ဖြစ်သည်ကို ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း နှင့်ကျင့်ဝတ်များသည် အခြားသောသူတို့နှင့် ယုံကြည်ခြင်း၊ ကျင့်ဝတ်တို့နှင့် တစ်ဖက်တစ်လမ်းစီ ဖြစ်နေပါသည်။ အတူတွဲနေ၍ ပျော်ရွှင်မှုကိုရနိုင် မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အလိုတော်ကို ပြည့်ပြည့်စုံစုံနားလည်ရန် ကျွန်ုပ်၏ခံယူချက်များအတိုင်း ရှေ့သို့ဆက်လက် ခရီးသွားလျှင် ကျွန်ုပ်အနေဖြင့် တစ်နေ့တခြားလောကီပုံသဏ္ဌာန်နှင့် ကွာခြားလာ၍ ခရစ်တော်ပုံသဏ္ဌာန်နှင့်မူတူညီလာလိမ့်မည်။ သင်သည် ခရစ်တော်၌ ချစ်ဖွယ်သောပုံသဏ္ဌာန်ကိုဆက်လက်မတွေ့ရှိလျှင် သမ္မာတရား ၌လည်းမက်အစာနှစ်သက်ဖွယ်သောအရသာကို ဆက်လက်မတွေ့လျှင် သင့်အနေဖြင့် လောကကိုချစ်သော်လည်း ကျွန်ုပ်အနေဖြင့်လောကကို မနှစ်သက်နိုင်ပေ။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ကျွန်ုပ်အနေဖြင့် နှစ်သက်မြတ်နိုးသော်လည်း သင့်အနေဖြင့် ယင်းတို့ကိုနှစ်သက်မြတ်နိုးခြင်း မရှိနိုင်ပေ။ ဝိညာဉ်ရေးဆိုင်ရာအရာတို့ကို ဝိညာဉ်ရေးဖြင့်သာ သိရှိနားလည် နိုင်လေသည်။ ဝိညာဉ်ရေးဆိုင်ရာနားလည်ခြင်းမရှိလျှင် သင့်အနေဖြင့် ကျွန်ုပ်ထံမှဘုရားသခင်တောင်းဆိုချက်များကို တွေ့မြင်နိုင်ခြင်းမရှိ၊ ၎င်းအပြင် ကျွန်ုပ်ကိုးကွယ်သောဘုရားသခင်အား ကျွန်ုပ်အနေဖြင့် ပြုအပ်သော ဝတ္တရားများကိုလည်း သင့်အနေဖြင့်သိရှိခြင်းမရှိနိုင်ပေ။ ထိုကြောင့် ဘာသာရေးဆိုင်ရာတာဝန်များကို ထမ်းဆောင်ရန်အတွက် ကျွန်ုပ်သည် သင့်ကိုဂရုမစိုက်လျစ်လျူရှုသည်ဆိုသော ခံစားချက်မျိုးသင့်မှာရှိလိမ့်မည်။ သင့်အနေဖြင့်ပျော်ရွှင်မှုရှိမည်မဟုတ်ပေ။ ကျွန်ုပ်အနေဖြင့် ဘုရားသခင်ကို ချစ်သည့်အတွက် သင်သည်မနာလိုဝန်တိုဖြစ်လာ၍ ကျွန်ုပ်အဖို့မှာလည်း ကျွန်ုပ်၏ယုံကြည်ချက်ကိုလိုက်နာရာတွင် ကျွန်ုပ်တစ်ယောက်တည်းဖြစ်နေ၍ အဖော်ဟူ၍မရှိပေ။ သင်၏သဘောထားများပြောင်းလဲလာသောအခါ သင်၏ စိတ်နှလုံးသည်လည်း ဘုရားသခင်၏တောင်းဆိုချက်များကိုတုံ့ပြန်သောအခါ သင့်အနေဖြင့် ကျွန်ုပ်၏ကယ်တင်ရှင်ကိုချစ်ခင်မြတ်နိုးလာသောအခါ ကျွန်ုပ် တို့နှစ်ဦး၏ပေါင်းသင်းဆက်ဆံရေးကို အသစ်ပြန်လည်ပြုပြင်နိုင်ပေသည်။AH1Burm 76.2

    ဘေးကင်းသောထိမ်းမြားမင်္ဂလာ - ခရစ်တော်၌သာလျှင် ထိမ်းမြားမင်္ဂလာကို ဘေးကင်းစွာဆောင်ရွက်နိုင်သည်။ လူသားတို့ချစ်ခြင်း မေတ္တာ၏အရင်းနှီးဆုံးအနှောင်အဖွဲ့ကို ဘုရားသခင်၏ မေတ္တာတော်မှ ရယူသင့်ပေသည်။ ခရစ်တော်၏စိုးမိုးမှုရှိမှသာလျှင် နက်ရှိုင်း၊ စစ်မှန်အတ္တ စိတ်ကင်းသောမေတ္တာမျိုးရှိနိုင်သည်။AH1Burm 78.1

    ထိမ်းမြားပြီးနောက်တစ်ဦးသောအိမ်ထောင်ဖက်က ပြောင်းလဲလာ သောအခါ - ပြောင်းလဲမှုမရှိသေးဘဲ ထိမ်းမြားမင်္ဂလာပြုပြီးသောသူသည် သူ၏ပြောင်းလဲလာသည်နောက်ပိုင်းတွင် သူတို့နှစ်ဦး၏ဘာသာရေး ဆိုင်ရာယုံကြည်မှုသည် ဘယ်မျှလောက်ကျယ်ဝန်းစွာကွာဟမှုရှိသော်လည်း သူ့အိမ်ထောင်ဖက်အပေါ်တွင်သစ္စာရှိရန် ရှေးကထက်ကြီးလေးသောတာဝန် ရှိလာသည်။ စုံစမ်းခြင်းနှင့်နှိပ်စက်ညှဉ်းပန်းခြင်းများကို ရင်ဆိုင်ရလင့်ကစား ဘုရားသခင်၏တောင်းဆိုချက်များကို လောကီဆိုင်ရာဆက်သွယ်မှုရှိသမျှ တို့ထက် ဦးစားပေးရမည်။ ချစ်ခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းတို့အရင်းခံ သောသဘောထားကို ပြသကျင့်သုံးခြင်းအားဖြင့် မယုံကြည်သေးသော အိမ်ထောင်ဖက်ကို ကိုယ့်ဘက်ပါနိုင်သောအလားအလာမှာ အလွန်ကောင်းမွန် လေသည်။AH1Burm 78.2