Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၉—မိခင်၏သြဇာသက်ရောက်ခြင်း

    မိခင်၏သြဇာသက်ရောက်မှုသည်ထာဝရကာလသို့ရောက်ရှိခြင်း — မိခင်၏အခြေအနေသည် ရိုးသားနိမ့်ကျပေလိမ့်မည်။ သို့ရာတွင် ဖခင်ဖြစ် သူ၏သြဇာသက်ရောက်မှုနှင့်ပေါင်းစပ်ထားလျှင် သူမ၏သြဇာသက်ရောက် မှုသည် ထာဝရကာလကဲ့သို့တည်မြဲ၏။ မကောင်းကျိုးဖြစ်ထွန်းမှုအတွက် ဘုရားသခင်မှအပ မိခင်၏စွမ်းရည်သည် ကမ္ဘာပေါ်တွင်အင်အားအကောင်း ဆုံးဖြစ်သည်။AH1Burm 316.1

    မိခင်၏သြဇာသက်ရောက်မှုသည် ပြတ်စဲခြင်းမရှိသော သြဇာ သက်ရောက်မှုမျိုးဖြစ်သည်။ အကယ်၍ ယင်းသြဇာသက်ရောက်မှုသည် အမှန် ဘက်တွင်အမြဲတမ်းရပ်တည်နေလျှင် သူမသားသမီးတို့၏စာရိတ္တက သူမ၏ ကျင့်ဝတ်ဆိုင်ရာစိတ်အားထက်သန်မှုနှင့် သူမ၏တန်ဖိုးကိုသက်သေခံမည် ဖြစ်သည်။ သူမ၏ပြုံးရယ်ခြင်းနှင့် သူမ၏အားပေးစကားပြောကြားခြင်းတို့ သည် တစ်ဖက်သားအတွက် အားတက်ဖွယ်ဖြစ်လိမ့်မည်။ ချစ်ဖွယ်သော စကားတစ်လုံးနှင့်သဘောတူသောပြုံးရယ်ခြင်းတို့သည် သူမ၏သားသမီး ငယ်ထံသို့ နေရောင်ခြည်ကိုယူဆောင်ပေးလိမ့်မည်ဖြစ်သည်။AH1Burm 316.2

    မိခင်၏သြဇာသက်ရောက်မှုသည် သမ္မာတရားအတွက်သော်လည်း ကောင်း၊ ကျင့်ကောင်းသီလအတွက်သော်လည်းကောင်းဖြစ်လျှင် ထို့အပြင် သူမသည် အထက်ကောင်းကင်မှဉာဏ်ပညာ၏လမ်းပြပို့ဆောင်မှုကိုရရှိလျှင် သူမ၏ဘဝအသက်တာသည် ခရစ်တော်အတွက် ဘယ်မျှလောက်အင်အား ကောင်းသောအာနိသင်ဖြစ်လိမ့်မည်နည်း။ သူမ၏သြဇာသက်ရောက်မှုသည် လက်ရှိအချိန်မှတစ်ဆင့် ထာဝရကာလသို့ရောက်ရှိသွားလိမ့်မည်။ မိခင်၏ မျက်နှာထား၊ အပြောအဆိုများနှင့်အပြုအမူတို့သည် ထာဝရကာလ၌အသီး များသီး၍ သူမ၏သြဇာသက်ရောက်မှုကြောင့် လူသူအများကယ်တင်ခြင်းသို့ ဝင်စားရမည်။ သို့တည်းမဟုတ် ပျက်စီးခြင်းသို့ရောက်ရကြမည်ဆိုသော အချက်တို့သည် ဘယ်မျှလောက်စဉ်းစားဖွယ်ကောင်းသောအချက်များ ဖြစ်ဘိ သနည်း။AH1Burm 316.3

    သူမ၏သားသမီးများအား တာဝန်သိသိဖြင့် သင်ကြားပြသပေးရာ တွင် သူမ၏ သြဇာသက်ရောက်မှုသည် ဘဝအသက်တာ၏ပြောင်းလဲမှ အရပ်ရပ်တို့ကိုဖြတ်ကျော်၍ အနာဂတ်ကာလတွင် မသေနိုင်သောဘဝသို့ ရောက်ရှိသွားသည့်တိုင်အောင်စွမ်းဆောင်သည်ကို မိခင်သည်မစဉ်းစားမိပေ။ ကောင်းကင်ဘုံမှပုံစံတော်ကြီးဖြစ်တော်မူသော ကိုယ်တော်ရှင်၏စာရိတ္တမျိုးကို သားသမီးတို့၌ရှိစေရန်ဆောင်ရွက်ခြင်းသည် သစ္စာရှိခြင်း၊ အင်တိုက်အားတိုက် ဖြစ်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့ကို များစွာလိုအပ်ပေသည်။ သို့ရာတွင် ယင်း ကဲ့သို့ဆောင်ရွက်ခြင်းသည် အကျိုးဖြစ်ထွန်းပေမည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်များကယ်တင်ရာတွင် စေတနာအပြည့်အဝဖြင့်ဆောင်ရွက်မှုရှိသမျှ တို့ကို ဘုရားသခင်သည် အောင်မြင်စေတော်မူသောဘုရားဖြစ်သည်။AH1Burm 317.1

    သားသမီးတို့သည်မိခင်ပုံစံအတိုင်းဖြစ်ကြလိမ့်မည် - ကမ္ဘာ မြေကြီးဆိုင်ရာနှောင်ကြိုးများအနက် ထောက်ထားညှာတာမှုအရှိဆုံးဖြစ်သော နှောင်ကြိုးသည် မိခင်နှင့်သူမ၏ သားသမီးတို့ကို ချည်နှောင်ထားသော နှောင်ကြိုးဖြစ်သည်။ ဖခင်ဘဝအသက်တာနှင့်ပုံသက်သေထက် မိခင်၏ဘဝ အသက်တာနှင့်ပုံသက်သေကို ပိုမိုလျင်မြန်စွာသိမှတ်စွဲလမ်းတတ်သည်။ အဘယ်ကြောင့်ဆိုသော် ပိုမိုခိုင်မာ၍ ထောက်ထားညှာတာသောနှောင်ကြိုးက သူတို့ကိုချည်နှောင်ထားလေသည်။AH1Burm 317.2

    မိခင်ကသူ့သားသမီးအားပေးကမ်းသောအမွေအနှစ်အပေါ်တွင် မိခင် ၏စိတ်ကူးနှင့်စိတ်၏ခံစားချက်တို့သည် ခိုင်မာသောသြဇာသက်ရောက်မှု ရှိလိမ့်မည်။ သူမသည် သူမကိုယ်တိုင်၏စိတ်ခံစားမှုများကိုသာ အာရုံစူးစိုက် လျှင်လည်းကောင်း၊ အတ္တစိတ်ကိုသာဦးစားပေးလျှင်လည်းကောင်း၊ သူမသည် စိတ်ဆိုးလွယ်၍ အဓမ္မစေခိုင်းတတ်လျှင်လည်းကောင်း သူမသားသမီးတို့၏ စိတ်နေသဘောထားက ယင်းအခြေအနေကိုသက်သေခံလိမ့်မည်။ ဤနည်း အားဖြင့် မြောက်မြားစွာသောသားသမီးတို့သည် အမွေအနှစ်အနေဖြင့် အပြစ်ဒုစရိုက်ကိုကျူးလွန်လိုက်စားတတ်သောစိတ်သဘောများကို လက်ခံ ရရှိခဲ့ကြသည်။ ဝိညာဉ်များ၏ရန်သူသည် ဤကိစ္စကိုအများသောမိဘများ ထက် ပိုမိုနားလည်သည်။ မိခင်ဖြစ်သောသူသည် သူ့အားခုခံတိုက်လှန်ခြင်း မပြုလျှင် သူမမှတစ်ဆင့် သူမ၏သားသမီးကိုဒုက္ခပေးနိုင်ကြောင်းကို သိရှိ သည့်အတိုင်း သူသည်သူမအား အမျိုးမျိုးသောစုံစမ်းသွေးဆောင်ခြင်းများကို ပေးလိမ့်မည်။ မိခင်၏တစ်ခုတည်းသောမျှော်လင့်ချက်သည် ဘုရားသခင်၌ ရှိသည်။ ခွန်အားနှင့်ကျေးဇူးတော်အတွက် ကိုယ်တော်ရှင်ထံတော်သို့ သူမ ချဉ်းကပ်နိုင်သည်။ သူမ၏ချဉ်းကပ်မှုသည် အချည်းနှီးမဖြစ်ရ။AH1Burm 317.3

    သူမသားသမီးတို့၏ပတ်လည်တွင် ဝန်းရံလျက်ရှိသောအန္တရာယ် များကို ခွဲခြားသိမြင်ရန် မိခင်သည် အမြဲတမ်းနိုးနိုးကြားကြားရှိနေလိမ့်မည်။ သူမကိုယ်တိုင်၏စိတ်ဝိညာဉ်ကိုလည်း စင်ကြယ်သန့်ရှင်းသောအခြေအနေ၌ ထားရှိလိမ့်မည်။ သူမ၏စိတ်အခြေအနေနှင့်အခြေခံကျင့်ဝတ်များကို ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း စည်းမျဉ်းတကျဖြစ်အောင်ပြုလုပ်၍ သူမ၏တာဝန်ကိုကျေပွန်စွာဆောင်ရွက်လျက် သူမအားအမြဲတမ်းနှောင့်ယှက် မည့်သေးငယ်သောစုံစမ်းသွေးဆောင်ခြင်းများကို တွန်းလှန်ဖယ်ရှားပစ်ရမည် ဖြစ်သည်။AH1Burm 318.1

    သည်းခံတတ်သောမိခင်၊ အကျိုးပြုသောသြဇာသက်ရောက်မှု - တစ်နေ့တစ်နေ့တွင် ဒုက္ခရောက်နေသောသားငယ်သမီးငယ်တို့ထံမှ မေမေ၊ မေမေဟူသောအကူအညီတောင်းသည့် အော်ဟစ်ပြောဆိုသံများကို ကြားရ တတ်သည်။ သူတို့၏အော်ဟစ်တောင်းဆိုသံကိုလိုက်လျောရန် မိခင်သည် ဟိုလှည့်သည်လှည့်လုပ်ရသည်။ သားတစ်ယောက်သည် ဒုက္ခကိုရင်ဆိုင် နေရသည်။ သူ့ရှုပ်ထွေးနေမှုနှင့်သူ့အားကယ်လွှတ်ရန် မိခင်၏ခေါင်းအေးအေး ဉာဏ်ကောင်းကောင်းဆောင်ရွက်ပေးမှုကို လိုအပ်နေသည်။ တခြားသား တစ်ယောက်မှာ သူပြီးပြီးမြောက်မြောက်လုပ်ဆောင်ထားသောအရာတစ်ခုကို အလွန်ပင်နှစ်သက်အားရဖြစ်နေ၍ သူကဲ့သို့သူ့မိခင်သည်လည်း နှစ်သက် အားရဖြစ်မည်ဟုယူဆချက်ဖြင့် သူ့ ဆောင်ရွက်ခဲ့မှုကို သူ့မိခင်အားမပြော ပြဘဲမနေသင့်ဟု ယုံကြည်လေသည်။ မိခင်၏နှစ်သက်သဘောကျကြောင်း ပြောသောစကားလုံးသည် နာရီပေါင်းများစွာ သား၏နှလုံးသားထဲသို့လင်း ရောင်ခြည်များ သွတ်သွင်းယူဆောင်လာလိမ့်မည်။ သူမ၏သားသမီးရတနာ ကလေးများတွင် တန်ဖိုးရှိလှသောလင်းရောင်ခြည်များဆောင်သည့် စိတ် ပျော်ရွှင်ချမ်းမြေ့မှုရှိသောအခြေအနေမျိုးကို မိခင်အနေဖြင့်ဖန်တီးပေးနိုင်သည်။ မိခင်သည် သူတို့နှင့်အတူသွားလာနေထိုင်ရသောကာလသည် ကမ္ဘာပေါ်တွင် နေရောင်ခြည်အထွန်းလင်းဆုံးနေရာ (သို့မဟုတ်) အပျော်ရွှင်ဆုံးနေရာဌာန ဖြစ်စေရန် မိခင်သည် သားသမီးတို့နှင့်ခင်မင်ရင်းနှီးစွာ နှလုံးသားချင်းကို မေတ္တာကြိုးဖြင့် ချည်နှောင်ထားနိုင်သည်။AH1Burm 318.2

    သို့ရာတွင် မကြာခဏပင် ဤဂရုစိုက်ရန်မလိုအပ်ဟု လက္ခဏာ ရှိသော အသေးအဖွဲမျိုးစုံစမ်းခြင်းများတို့သည် မိခင်ဖြစ်သူ၏သည်းခံတတ် သောစိတ်ကို ထိုးဆွပေးတတ်ကြသည်။ ဆော့သောလက်ရာများနှင့် အငြိမ် မနေတတ်သောခြေထောက်ကလေးများက မိခင်အတွက်အလုပ်များ၍ ရှုပ်ထွေး သောအခြေအနေကို ဖန်တီးပေးကြသည်။ သူမသည် သူမ၏စိတ်ကိုခိုင်မြဲ စွာချုပ်တည်းထားရသည်။ သို့မဟုတ်လျှင် သူမ၏နှုတ်မှအရေးပါအရာရောက် သောစကားလုံးတို့သည် သူမနှုတ်မှလွှတ်ခနဲထွက်သွားလိမ့်မည်။ သူမသည် အကြိမ်ကြိမ်အဖန်ဖန် သူမ၏ကိုယ်ကိုမေ့ထားရမလောက်ဖြစ်သော်လည်း သူမအားသနားကြင်နာတော်မူသောကယ်တင်ရှင်ကို တိုးတီးစွာပြုလိုက်သော ပတ္ထနာကြောင့် သူမ၏ကိုယ်ကိုသက္ခာရှိရှိဖြင့် ထိန်းထားနိုင်လေသည်။ သူမသည် ဒေါသသံမပါဘဲစကားပြောလေသည်။ သို့ရာတွင် ဟန့်တား ထားခဲ့သောပြင်းထန်သည့်စကားများနှင့် အောင်မြင်စွာထိန်းသိမ်းထားခဲ့သော အမျက်ဒေါသတို့ကိုသာ ပြောဆိုအသုံးပြုခဲ့လျှင် သူမ၏သြဇာသက်ရောက် မှုသည် အဖတ်ဆယ်၍မရလောက်အောင် ပျက်စီးသွားပေမည်။AH1Burm 319.1

    ကလေးများတို့သည် လျင်မြန်စွာသိတတ်မြင်တတ်သည်ဖြစ်သော ကြောင့် သည်းခံသောစိတ်နှင့်ချစ်ဖွယ်သောလေသံတို့ကို ကလေးတို့၏မေတ္တာ အခိုးအငွေ့များကို ခြောက်သွေ့ ချုပ်ငြိမ်းစေသော သည်းခံခြင်းကင်းမဲ့၍ ဒေါသအလျောက်ပေးသောအမိန့်တို့မှ ခွဲခြားသိမြင်ကြသည်။ စစ်မှန်သော ခရစ်ယာန်မိခင်သည် သူမ၏စိတ်တိုခြင်းနှင့်ကိုယ်ချင်းစာနာသောမေတ္တာ ကင်းမဲ့ခြင်းတို့အားဖြင့် သူမ၏သားသမီးတို့အား မိမိအနားသို့မကပ်ဝံ့အောင် ပြုလုပ်လိမ့်မည်မဟုတ်ပေ။AH1Burm 319.2

    စိတ်နှင့်စာရိတ္တများကိုပုံသွင်းရန် - အထူးသဖြင့် မိခင်ပေါ်တွင် ကြီးလေးသောတာဝန်ရပ်တည်နေသည်။ မိမိ၏အသက်သွေးအားဖြင့် သားသမီး များမွေးဖွားကြီးပြင်းလာအောင် မိခင်သည် သားသမီးတို့၏စိတ်နှင့်စာရိတ္တ များကို ပြုပြင်ပုံသွင်းပေးသော ဉာဏဗလနှင့်ဝိဥာဏဗလဆိုင်ရာ သြဇာ သက်ရောက်မှုတို့ကိုလည်း ပေးကမ်းထားလေသည်။ ဣသရေလလူတို့အား ကျွန်ဘဝမှကယ်လွှတ်ခဲ့သော မောရှေကိုမွေးဖွားခဲ့သည့် ဟေဗြဲလူမျိုးမိခင် ယောခေဗက်သည် “ယုံကြည်ခြင်းအားဖြင့် ဘုရင့်အမိန့်တော်ကိုမကြောက် ဘဲနေခဲ့သည်။ ဘုရားသခင်၏ညွှန်ကြားချက်ကိုခံရသောသား၊ မဖောက်ပြန် သောတရားသူကြီး၊ ဣသရေလလူမျိုးတို့၏ဘာသာရေးစာသင်ကျောင်းများ တည်ထောင်ဖွင့်လှစ်ခဲ့သောပုဂ္ဂိုလ်ကြီးဖြစ်သောရှမွေလကိုမွေးဖွားခဲ့သူမှာ အမြဲ တမ်းဆုတောင်းပတ္ထနာပြုလေ့ပြုထရှိ၍ အတ္တစိတ်ကိုဖျောက်ဖျက်ပြီးလျှင် ကောင်းကင်ဘုံမှနှိုးဆော်ချက်ကိုလက်ခံရရှိခဲ့သော ဟန္နပင်ဖြစ်သည်။ ကယ်တင်ရှင်၏ရှေ့တော်ပြေးမိခင်ဖြစ်၍ နာဇရက်မြို့သူမာရိနှင့် ဆွေမျိုးအရင်း အချာအနေဖြင့်တော်စပ်သူမှာ ဧလိရှဗက်ပင်ဖြစ်သည်။AH1Burm 320.1

    မိခင်တို့သည်ကမ္ဘာ့ကျေးဇူးရှင်များဖြစ်သည် - အမှန်တရားနှင့် ပြုပြင်ပြောင်းလဲမှုတို့ကိုလိုက်နာကျင့်သုံးရန် မဆုတ်မနစ်ဆော်သြခဲ့သော ပုဂ္ဂိုလ်ကြီးများဖြစ်သည့်အပြင် လုပ်ရဲကိုင်ရဲသတ္တိခဲဖြစ်၍ စုံစမ်းသွေးဆောင် ခြင်းအမျိုးမျိုးတို့ကို ရင်ဆိုင်ခဲ့ရသော်လည်း မားမားမတ်မတ်ရပ်တည်ပြီးလျှင် လောကီဂုဏ်ဒြပ်(သို့မဟုတ်) မိမိ၏အသက်ထက်သမ္မာတရား၏သန့်ရှင်း သောအကျိုးထူးများနှင့် ဘုရားသခင်၏ဘုန်းတော်ကိုဦးစားပေးသောပုဂ္ဂိုလ်ကြီး များအတွက် မိခင်တို့၏ကျေးဇူးသည် ကမ္ဘာလောကကြီးအတွက် ဘယ်မျှ လောက်ကြီးမားသည်ကို သခင်ဘုရား၏နေ့ရက်က ဖော်ပြလိမ့်မည်။AH1Burm 320.2

    မိခင်တို့၊ သင်တို့၏သြဇာသက်ရောက်မှုနှင့်ပုံသက်သေတို့သည် သင်တို့သားသမီးတို့၏အကျင့်စာရိတ္တနှင့်ကံကြမ္မာအပေါ်ထိခိုက်မှုရှိသည်ကို သိရှိကြပါ။ သင်တို့၏ကြီးမားသောတာဝန်ကြောင့် သမ္မစိတ္တဖြစ်သောစိတ် မျိုးနှင့် စင်ကြယ်သောစာရိတ္တကိုမွေး၍ မှန်ကန်သောအရာ၊ ကောင်းသော အရာနှင့် လှပသောအရာတို့ကိုသာရောင်ပြန်ဟပ်စေပါ။AH1Burm 321.1