Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၈)—အောင်မြင်သောမိသားစု

    အခန်း ၂၇—သန့်ရှင်းသောမိသားစုအသိုက်အဝန်း

    မိသားစုစည်းဝိုင်း၏သန့်ရှင်းမှု - မိသားစုတိုင်းအားဝန်းရံထား သော သန့်ရှင်းသည့်ထိုစည်းစိမ်ကို ထိန်းသိမ်းထားရမည်။ သန့်ရှင်းသော စည်းဝိုင်းအတွင်းသို့ အခြားအဘယ်သူတစ်ဦးတစ်ယောက်မျှ ထိုးဖောက် ဝင်ရောက်ခွင့်မရှိပေ။ ခင်ပွန်းဖြစ်သူနှင့်ဇနီးဖြစ်သူတို့သည် တစ်ဦးနှင့်တစ်ဦး တစ်မိုးအောက်တွင် တစ်ယောက်လျှင်ဖြစ်ရကြမည်။ ဇနီးဖြစ်သူအနေဖြင့် မိမိခင်ပွန်းဖြစ်သူအားမပြောပြဘဲ အခြားသူတို့အားပြောပြသော မည်သည့် လျှို့ဝှက်မှုမျိုးမှမရှိစေရ။ ထိုနည်းအတိုင်း ခင်ပွန်းဖြစ်သူအနေဖြင့် ဇနီးအား မပြောပြဘဲ အခြားသူတို့အားပြောပြသောလျှို့ဝှက်မှုမျိုးမရှိစေရ။ ဇနီးဖြစ်သူ ၏စိတ်နှလုံးသည် ခင်ပွန်းဖြစ်သူ၏မှားယွင်းမှုများကို မြှုပ်နှံသင်္ဂြိုဟ်ထား သောသင်္ချိုင်းဖြစ်သကဲ့သို့ ခင်ပွန်းဖြစ်သူစိတ်နှလုံးသည် ဇနီးဖြစ်သူ၏မှားယွင်း မှုများကို မြှုပ်နှံသင်္ဂြိုဟ်ထားသော သင်္ချိုင်းဖြစ်၍နေရမည်။ ခင်ပွန်းနှင့်ဇနီး သည်တို့သည် တစ်ဦးနှင့်တစ်ဦးထိခိုက်နစ်နာစေမည့် နောက်ပြောင်ခြင်းမျိုး ကိုရှောင်ရှားရမည်။ နောက်ပြောင်သောနည်းဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ခုခု ဖြင့်ဖြစ်စေ ဇနီးမောင်နှံတို့သည် တစ်ဦးအကြောင်းကိုတစ်ဦးက အခြားသူတို့ ဘယ်အခါမျှညည်းညူပြောဆိုခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ လုံးဝသောအန္တရာယ်ကင်းရှင်းဟန်ရှိသော နောက်ပြောင်းခြင်းမျိုးသည် တစ်ဦး အပေါ်တစ်ဦး စိတ်ကွက်စရာဖြစ်လာလိမ့်မည်။ မိသားစုတိုင်းတွင် သန့်ရှင်း သောအကွယ်အကာထားရှိသင့်ပါသည်ဟု ကျွန်ုပ်တို့အားပြသထားတော်မူ သည်။AH1Burm 227.1

    အိမ်ထောင်စည်းဝိုင်းသည် သန့်ရှင်းသောနေရာကောင်းကင်ဘုံ၏ ပုံပမာ၊ ကျွန်ုပ်တို့ကိုယ်တိုင်ကို ရောင်ပြန်ဟပ်သောကြည့်မှန်ဟူ၍ သဘော ထားရမည်။ ကျွန်ုပ်တို့၌ အပေါင်းအသင်းရောင်းရင်းများရှိပေလိမ့်မည်။ သို့ရာတွင် အိမ်ထောင်မှုကိစ္စတွင် ၎င်းတို့သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုရပေ။ အိမ်ထောင်သည် တစ်ဦးတည်းပိုင်နေထိုင်ရာအရပ်၊ စိတ်အေး ချမ်းသာဖြစ်မှုတို့နှင့် ယုံကြည်ကိုးစားမှုကျင့်သုံးရပ်တည်ရာဒေသဖြစ်ရမည်။AH1Burm 227.2

    လျှာများ၊ နားရွက်များနှင့်မျက်စိများတို့ကိုသန့်ရှင်းစေရမည် - မိသားစုစည်းဝိုင်းထဲတွင်ပါဝင်သောသူတို့သည် သူတို့၏လျှာများ၊ နားရွက် များ၊ မျက်စိများနှင့်ကိုယ်ခန္ဓာမှအင်္ဂါအစိတ်အပိုင်းအားလုံးတို့သည် သန့်ရှင်း စင်ကြယ်အောင်ပြုတော်မူရန် ဘုရားသခင်အထံတော်သို့ဆုတောင်းကြပါစေ။ အပြစ်နှင့်တွေ့ထိသောအခါ အပြစ်၏အောင်မြင်လွှမ်းမိုးမှုကို ခံရန်မလိုပေ။ အကျင့်စာရိတ္တသည် ကောင်းမြတ်ခြင်းရနံ့သင်းကြိုင်နေရန် ခရစ်တော်စီစဉ် ထားပြီးဖြစ်သည်။AH1Burm 228.1

    အိမ်ဂေဟာစည်းဝိုင်းအတွင်း ခရစ်တော်၏ဂုဏ်တော်ကိုရှုတ်ချ၍ ကိုယ်တော်၏စာရိတ္တတော်ကို အလွဲဖော်ပြကြသောသူ ဘယ်လောက်များပြား ပါသနည်း။ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့်အပြစ်ဖြေလွှတ်ခြင်း၊ မေတ္တာစစ် ၄. မေတ္တာမှန်မပြသဘဲနေသောသူ ဘယ်မျှလောက်များပြားပါသနည်း။ အများ သောသူတို့၌ သူတို့စိတ်ကြိုက်ဖြစ်သောအရာများရှိသကဲ့သို့ သူတို့စိတ်ကြိုက် ပျိုး မဖြစ်သောအရာများလည်းရှိသည်။ ခရစ်တော်၏အလိုတော်၊ ကိုယ်တော်ရှင်၏ ဆောင်ရွက်မှုများနှင့် ကိုယ်တော်ရှင်၏စာရိတ္တတော်ကိုဖော်ရမည့်အစား သူတို့ ၏ဆိုးသွမ်းညစ်ညမ်းသောသဘောထားကို ပြသကြသည်။ ယေရှုရှင်၏ဘဝ အသက်တာတော်သည် သနားကြင်နာခြင်းနှင့်မေတ္တာတော်ဖြင့် ပြည့်လျှံလျက် ရှိသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏ဇာတိတော်၌ ကြီးထွားရင့်သန်မှု ရှိကြပါသလား။AH1Burm 228.2

    စည်းလုံးညီညွတ်ခြင်း၊ ချစ်ခြင်းနှင့်ငြိမ်သက်ခြင်း — မိခင်နှင့် ဖခင်တို့သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်အားဖြင့် သူတို့အချင်းချင်း သဘောကွဲလွဲမှုမရှိဘဲ သူတို့၏ဘဝအသက်တာနှင့်စိတ်သဘောထားတွင် သူတို့သားသမီးများ၌ထားရှိစေရန် လိုသောစိတ်သဘောမျိုးကိုပြသပါမည်ဟု သူတို့ချစ်၍စကားတော်ကိုနာခံပါသည်ဆိုသော ဘုရားသခင်အားကတိသစ္စာ ပြုကြပါစေ။AH1Burm 228.3

    အိမ်ဂေဟာအတွင်းသို့ စိတ်ဝမ်းကွဲစေသောသဘောထားထိုးဖောက် ဝင်ရောက်ခွင့်မပြုရန် မိဘတို့သည်သတိပြုရကြမည်။ အဘယ်ကြောင့်ဆိုသော် ယင်းစိတ်ဝမ်းကွဲမှုသည် အကျင့်စာရိတ္တပေါ်တွင် စာတန်၏တံဆိပ်ရိုက်နှိပ်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရစ်တော်၏ဘဝအသက်တာကို စိုးမိုးအုပ်ချုပ် ထားသောကျင့်စဉ်မူတို့ကို အကြိမ်ကြိမ်အဖန်ဖန်သင်ကြားပို့ချပေးခြင်းအားဖြင့် အိမ်ထောင်တွင်စည်းလုံးညီညွတ်မှုရှိစေရန် မိဘတို့သည်ကြိုးပမ်းလျှင် စိတ်ဝမ်း ကွဲမှုသည်ပျောက်ကွယ်သွား၍ ယင်းနေရာတွင် စည်းလုံးညီညွတ်ခြင်းနှင့် ချစ်ခြင်းတို့သည် ရပ်တည်နေကြလိမ့်မည်။ မိဘတို့သည် သားသမီးတို့နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုလာဘ်များကို ခံစားရကြလိမ့်မည်။AH1Burm 229.1

    စိတ်ဝမ်းကွဲမှုများကိုဝင်ရောက်လာစေခြင်းအားဖြင့် သူတို့၏ဘဝ အသက်တာများကို ဒုက္ခရောက်အောင်မပြုလုပ်ဘဲ သူတို့နှစ်ယောက်လက်တွဲ ၍ ထမ်းဆောင်စရာတာဝန်များရှိသည်ကို ခင်ပွန်းနှင့်ဇနီးဖြစ်သူတို့သည် သတိပြုကြပါလေစေ။ အနည်းငယ်သောစိတ်ဝမ်းကွဲမှုများကို လက်ခံသော သူတို့သည် သူတို့၏အိမ်ဂေဟာအတွင်းသို့ စာတန်ကိုခေါ်ဖိတ်ကြသည်။ သားသမီးတို့သည် သေးနုပ်သောကိစ္စများတွင် အငြင်းအခုံပြုတတ်သောစိတ် သဘောကိုထားကြသည်။ မိဘများနှင့်သားသမီးတို့အား ဘုရားသခင်အပေါ် တွင်သစ္စာမဲ့စေရန် ဒုစရိုက်ကိုယ်စားလှယ်တို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။AH1Burm 229.2

    အကြင်လင်မယားဘဝတွင် စုံစမ်းနှောင့်ယှက်ခြင်းများပေါ်ပေါက် လာနိုင်သော်လည်း ခင်ပွန်းဖြစ်သူနှင့်ဇနီးဖြစ်သူတို့သည် မိမိတို့၏ဝိညာဉ် များကို ဘုရားသခင်မေတ္တာတော်၌ထားရှိရမည်။ သူ့သားသမီးတို့၏မိခင်သည် ကြင်နာမှု၊ နူးညံ့သိမ်မွေ့စွာဆက်ဆံမှုနှင့်ကိုယ်ချင်းစာနာမှုများကို ခံထိုက် သောသူအနေဖြင့် ဖခင်ဖြစ်သူကသဘောထားရမည်။AH1Burm 229.3

    မိသားစုစည်းလုံးညီညွတ်မှု၏လျှို့ဝှက်ချက် - မိသားစုများနှင့် အသင်းတော်တွင်စိတ်ဝမ်းကွဲမှုတို့သည် ခရစ်တော်နှင့်ကင်းကွာနေသောကြောင့် ဖြစ်သည်။ ခရစ်တော်ထံသို့ချဉ်းကပ်ခြင်းဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာချဉ်းကပ်ခြင်းဖြစ်သည်။ အသင်းတော်နှင့်မိသားစုတို့တွင် စည်းလုံး ညီညွတ်ခြင်း၏လျှို့ဝှက်ချက်သည် နိုင်ငံရေးပရိယာယ်မဟုတ်၊ ကွပ်ကဲ အုပ်ချုပ်မှုမဟုတ်၊ အခက်အခဲများကိုအောင်မြင်နိုင်နင်းရန် လူသားတို့ဆိုင်ရာ ကြိုးပမ်းမှုမဟုတ်ဘဲ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းပင်ဖြစ်သည်။AH1Burm 229.4

    စက်ဝိုင်းကြီးတစ်ခုကိုမြင်ယောင်ကြည့်ပါ။ ယင်းစက်ဝိုင်းမှမျဉ်းကြောင်း များတို့သည် အလယ်ဗဟိုသို့ထိုးစိုက်သွားကြသည်ဆိုပါစို့။ ယင်းမျဉ်းကြောင်း တို့သည် စက်ဝိုင်း၏အလယ်ဗဟိုနှင့် ပိုမိုနီးကပ်လာလေ၊ သူတို့အချင်းချင်း တစ်ခုနှင့်တစ်ခုပိုမိုနီးကပ်လာလေဖြစ်သည်။AH1Burm 230.1

    ခရစ်ယာန်ဘဝအသက်တာ၌ ကျင်လည်ရခြင်းသည်လည်း ယင်း နည်းအတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ထံသို့ပိုမိုနီးကပ်စွာ ချဉ်းကပ်လေလေ၊ ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး ပိုမိုနီးကပ်ရင်းနှီးလေလေဖြစ် မည်။ ကိုယ်တော်ရှင်၏လူတို့သည် တစ်လုံးတစ်ဝတည်းရပ်တည်ကြသော အခါ ဘုရားသခင်၏ဘုန်းတော်သည် ထင်ရှားတော်မူလိမ့်မည်။AH1Burm 230.2

    တစ်ဦးကတစ်ဦးကိုကူညီမစပါစေ - မိသားစုဝင်တိုင်းသည် သန့်ရှင်း၍ လူမှုရေးဆန်သောအဖွဲ့အစည်းဖြစ်ရာ ယင်းအဖွဲ့အစည်း၌ပါဝင် ကြသောသူတို့သည် တစ်ဦးကိုတစ်ဦးကူညီမစခြင်းအားဖြင့် မိမိနှင့်ဆိုင်သော ကဏ္ဍကိုဆောင်ရွက်ရပါမည်။ ကောင်းမွန်စွာဆောက်လုပ်ထားသော စက်ဝိုင်း ကြီးတစ်ခု၌ရှိသော အစိတ်အပိုင်းများကဲ့သို့ အိမ်ထောင်၏လုပ်ငန်းဆောင်တာ သည် ရှောရှာရှူရှူအထစ်အငေါ့မရှိဘဲ ပြီးမြောက်ရပါမည်။AH1Burm 230.3

    အတ္တ မိသားစုတို့၏သာယာမှု၊ အစီအစဉ်ရှိမှုနှင့်မှန်ကန်ခြင်း စသော ထိုကောင်းကျိုးများကို ပိုမိုခံစားနိုင်ရန် မိသားစုတွင်ပါဝင်သောပုဂ္ဂိုလ်တိုင်းက မိမိတို့ကိုယ်တိုင်နှင့်ဆိုင်သောကဏ္ဍကိုဆောင်ရွက်ရန် တာဝန်ရှိကြောင်းကို သိရှိသင့်ပေသည်။ မိသားစုတွင်ပါဝင်သူတို့က တစ်ဦး၏အကျိုးပျက်မှုအတွက် အခြားတစ်ဦးကမဆောင်ရွက်သင့်ပေ။ တစ်ဦးကိုတစ်ဦး အားပေးစကားပြော ကြသောလုပ်ငန်းကောင်းတွင် မိသားစုအားလုံးတို့က စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်သင့်ပေသည်။ သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်သည်းခံခြင်း စသောအကျင့်သီလများကို ကျင့်သုံးကြရမည်။ စကားပြောသောအသံနေ အသံထားသည် ငြိမ်သက်မှုကိုဖြစ်စေရမည်။ ရှုပ်ထွေးမှုနှင့်ကင်းဝေးစေရမည်။ တစ်ဦး၏ဝန်ထုပ်ကိုတစ်ဦးကပေါ့ပါးစေရန် အတတ်နိုင်ဆုံးဆောင်ရွက်ရမည်။ အခြားသောမိသားစုအဖွဲ့ဝင်တို့နှင့်လက်တွဲ၍ ညီညွတ်စွာဖြင့်AH1Burm 230.4

    ဆောင်ရွက်ရမည့် မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည့်ကဏ္ဍကို မိသားစု အဖွဲ့ဝင်တိုင်းက နားလည်သင့်ပေသည်။ ခြောက်နှစ်သားအရွယ်အစပြု၍ ယင်းအသက်ထက်ကြီးရင့်သောသူအားလုံးတို့သည် ဘဝအသက်တာ၏ဝန်ထုပ် များကို ထမ်းဆောင်ကြရာတွင် မိမိတို့ဆောင်ရွက်ရမည့်ကဏ္ဍကို သိရှိနားလည် ထားရန် အရေးကြီးပေးသည်။AH1Burm 231.1

    သင့်လျော်သောစိတ်ပြဌာန်းချက် - ကျွန်ုပ်၏ဆောင်ရွက်သမျှ အားလုံးတွင် တွန်းအားပေးနိုင်ရန် ကျွန်ုပ်သည် မိမိနေထိုင်ရာအရပ်၌ဖြစ်စေ၊ အခြားအဘယ်ဒေသ၌ဖြစ်စေ ကျွန်ုပ်တို့သည် ကျေးဇူးတော်၌ကြီးထွားရင့်သန် ခြင်းရှိရမည်။ ကျွန်ုပ်တို့၏နေထိုင်ရာဒေသတွင် ကျွန်ုပ်၏စိတ်သဘော၊ ကျွန်ုပ်၏လုပ်ရပ်များနှင့် ကျွန်ုပ်၏အပြောအဆိုများတွင် ကျွန်ုပ်တို့သည် အုပ်အုပ်ထိန်းထိန်းရှိရမည်။ ပုဂ္ဂလိကယဉ်ကျေးမှုအတွက်လည်းကောင်း၊ မှန်ကန်သောအခြေခံကိုယ်ကျင့်တရားများ သင်ကြားလေ့လာမှုအတွက်လည်း ကောင်း ကျွန်ုပ်သည် အချိန်ယူ၍ဆောင်ရွက်ရမည်။ ကျွန်ုပ်သည် ဘုရားသခင် ၏နှုတ်ကပတ်တော်ကို နေ့ညမပြတ်ဖတ်ရှုလေ့လာဆင်ခြင်၍ လက်တွေ့ ကျင့်သုံးရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သော ဝိညာဉ်တော်၏ ဓားသည် ကျွန်ုပ်အသုံးပြုနိုင်သောတစ်ခုတည်းသော ဘေးကင်းသောဓား ဖြစ်သည်။AH1Burm 231.2