Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၄—ကလေးငယ်များကိုကြည့်ရှုပြုစုခြင်း

    ကလေးငယ်များကိုကြည့်ရှုပြုစုသောမိခင်အတွက် မှန်ကန်သော သဘောထားများ - မွေးကင်းစကလေးများအတွက် အကောင်းဆုံးအစား အစာသည် သဘာဝဓမ္မမှပေးကမ်းသောအစာဖြစ်သည်။ ယင်းအစာကိုမလိုအပ် ဘဲမရမရှိမဖြစ်စေရ။ ကိုယ်ရေးကိုယ်တာအဆင်ပြေမှုအတွက်ဖြစ်စေ၊ ပေါင်းသင်း ဆက်ဆံမှုဆိုင်ရာပျော်ရွှင်မှုအတွက်ဖြစ်စေ သူမ၏ကလေးသူငယ်များကို ကြင်နာစွာကြည့်ရှုပြုစုရသောဝတ္တရားမှ မိမိကိုယ်ကိုရုန်းထွက်ရန်ကြိုးပမ်းမှ သည် ရက်စက်သောလုပ်ရပ်တစ်ခုဖြစ်သည်။AH1Burm 346.1

    မိခင်ထံမှနို့စို့ကလေးများက အာဟာရခံယူသောအချိန်သည် အရေး ကြီးသောအချိန်ဖြစ်သည်။ မိခင်အများတို့သည် သူတို့၏ နို့စို့ကလေးများကို နို့တိုက်ပြုစုကြည့်ရှုနေရချိန်တွင် အလုပ်ကိုတပင်တပန်းလုပ်ကိုင်နေရ၍ ချက်ပြုတ်ရသောကြောင့်လည်း သူတို့၏သွေးသည် အမြဲတမ်းပူလျက်ရှိသည်။ နို့စို့ကလေးများလည်း မိခင်၏သားမြတ်မှရရှိသော ချို့တဲ့သည့်အာဟာရ ကြောင့်သာမဟုတ်ဘဲ မိခင်၏ကိုယ်ခန္ဓာတစ်ခုလုံးကို အဆိပ်အတောက်ဖြစ် စေသော ကျန်းမာမှီဝဲခြင်းကိုအကျိုးမပြုသည့်အစားအစာများကို မိခင်ကမှီဝဲ ခဲ့သဖြင့် ကလေး၏သွေးသည်လည်း အဆိပ်အတောက်ဖြစ်မှုကြောင့် ကလေး သူငယ်၏အာဟာရသည် များစွာထိခိုက်ချို့ယွင်းပျက်ပြားရလေသည်။ နို့စို့ ကလေးသည် မိခင်၏စိတ်အခြေအနေအားဖြင့်လည်း ထိခိုက်မှုရှိနိုင်သည်။ မိခင်အနေဖြင့် စိတ်ပျော်ရွှင်မှုကင်းမဲ့လျှင်လည်းကောင်း၊ စိတ်ဆိုးလွယ်လျှင် လည်းကောင်း နို့စို့ကလေး၏မိခင်ထံမှရရှိသောအာဟာရသည် ပူစပ်ပူလောင် ဖြစ်လျက် အများအားဖြင့်လေထိုးနာ၊ အကြောဆွဲခြင်းများ စသောရောဂါ များကို ဖြစ်ပေါ်စေတတ်သည်။AH1Burm 346.2

    ကလေးသူငယ်၏အကျင့်စာရိတ္တသည် သူ့မိခင်ထံမှရရှိသောအာဟာရ သဘာဝ၏ထိခိုက်မှုကို အနည်းနှင့်အများခံရတတ်သည်။ ထို့အတွက်ကြောင့် နို့စို့သူငယ်ကိုကြည့်ရှုကျွေးမွေးနေရသောအချိန်တွင် မိခင်သည်ပျော်ရွှင်စွာ နေထိုင်လျက် သူမ၏စိတ်နေသဘောထားကို အုပ်အုပ်ထိန်းထိန်းထားရှိရန် ဘယ်မျှလောက်အရေးကြီးပေသနည်း။ ယင်းကဲ့သို့ပြုလုပ်ခြင်းအားဖြင့် ကလေး ၏အစာသည် ယိုယွင်းမှုမှကင်းလွတ်လိမ့်မည်။ နို့စို့ကလေး၏စိတ်ကိုပုံသွင်း ရာတွင် သူမ၏သားငယ်ကိုကိုင်တွယ်ခြင်း၌ သူမလိုက်နာကျင့်သုံးသော ငြိမ်သက်၍တည်ကြည်သောလမ်းစဉ်သည် များစွာအကျုံးဝင်သက်ဆိုင်နေသည်။ ကလေးသည် ကြောက်လန့်တတ်၍စိတ်ဆိုးလွယ်လျှင်လည်း မိခင်၏သေချာ ၍စိတ်ရှည်ရှည်ဖြင့်ကိုင်တွယ်ဆောင်ရွက်ခြင်းသည် ငြိမ်သက်သာယာစွာပြုပြင် ပေးသောအာနိသင်ရှိ၍ နို့စို့ကလေး၏ကျန်းမာရေးအခြေအနေသည် ပိုမို ကောင်းမွန်လာနိုင်လေသည်။AH1Burm 346.3

    ကလေး၏ဘဝအသက်တာသည် .. ပိုမို ငြိမ်သက်ရိုးသားလေလေ၊ ကာယဗလနှင့်ဥာဏဗလတို့၏ကြီးထွားနိုင်မှုအခြေအနေသည် ပိုမိုကောင်းမွန် လေလေဖြစ်သည်။ တစ်ချိန်လုံးမိခင်သည် ငြိမ်သက်သာယာစွာနေထိုင်ရန် ကြိုးပမ်းသင့်ပေသည်။AH1Burm 347.1

    ကလေးများငြိမ်သက်အောင်ပြုလုပ်ရာတွင် အစာကျွေးခြင်းသည် နည်းလမ်းကျသောအစားထိုးမှုမဟုတ်ပေ - မတော်လျော်သောကြည့်ရှု ပြုစုခြင်းကြောင့် နို့စို့ကလေးသူငယ်များအား မရောက်သင့်သောအခြေအနေ သို့ရောက်ရှိစေကြသည်။ အကယ်၍ကလေးသည် ညည်းညူအော်ဟစ်နေလျှင် သူ့အားငြိမ်သက်သွားစေရန် အစာကိုကျွေးတတ်သည်။ အမှန်အားဖြင့် ကလေး၏ညည်းညူအော်ဟစ်ခြင်းမှာ အစာများသွားသောကြောင့်ဖြစ်ရာ မိခင်၏မှားယွင်းသောအကျင့်ဓလေ့များသာလျှင် တရားခံစစ်ဖြစ်သည်။ အစာ များကိုကျွေးမွေးသင့်သည်ထက် ကျွေးမွေးခြင်းသည် အခြေအနေကိုပိုမိုဆိုးရွား စေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏အစာအိမ်သည် အစာပြည့်လွန်း နေပြီဖြစ်သည်။AH1Burm 347.2

    ကလေးသူငယ်များအား ပုခက်တွင်းမှအစပြု၍ ခံတွင်းအလိုလိုက် စေရန် အများအားဖြင့်သွန်သင်ကျွေးမွေး၍ သူတို့သည် အသက်ရှင်ဖို့ စားသောက်ရန်မဟုတ်ဘဲ စားသောက်ဖို့အသက်ရှင်ရန် သွန်သင်ပေးကြသည်။ သားသမီးတို့၏ကလေးဘဝ၌ အကျင့်စာရိတ္တဆောက်တည်ရေးတွင် မိခင် တို့၏ဆောင်ရွက်မှုသည် များစွာအရေးပါအရာရောက်သည်။ ကလေးများ တို့သည် ခံတွင်းအလိုသို့မလိုက်ဖို့ချုပ်တည်းခြိုးခြံရန် သင်ကြားပေးနိုင်သည်။ သို့တည်းမဟုတ် သူတို့အား ခံတွင်းအလိုသို့လိုက်၍ အစားကြူးသူများဖြစ် လာစေရန် သင်ကြားပေးနိုင်သည်။ နေ့အချိန်တွင် မိမိ၏ စီမံကိန်းများတချို့ တစ်ဝက်ကို အကောင်အထည်ဖော်ရန် အစီအစဉ်ပြုလုပ်သည်။ ကလေး များသည် သူမအားဒုက္ခပေးသောအခါအချိန်ယူ၍ သူတို့၏ဝမ်းနည်းမှုများကို သက်သာစေ၍ သူတို့၏အာရုံများကို အပြောင်းအလွှဲပြုလုပ်ပေးမည့်အစား သူတို့အားငြိမ်သက်စေရန် အစားအစာတစ်ခုကိုကျွေးမွေးထားလိုက်လေသည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် ခေတ္တမျှမိခင်၏လိုတပြည့်သွားသော်လည်း နောက်ဆုံးတွင် အခြေအနေကိုပိုမိုဆိုးရွားစေလေသည်။ ကလေးသူငယ်များ ၏အစာအိမ်များသည် အစားအစာကိုအလိုမရှိသော်လည်း အဓမ္မသွတ်သွင်း လိုက်လေသည်။ လုပ်သင့်လုပ်ထိုက်သောအရာမှာ မိခင်အချိန်ကိုအနည်းငယ် အသုံးပြု၍ ဂရုတစိုက်ဆောင်ရွက်ရန်သာဖြစ်သည်။ သို့ရာတွင် မိခင်အနေ ဖြင့် သူ့သားသမီးတို့၏စိတ်ပျော်ရွှင်မှုအတွက်အသုံးပြုရန် သူမ၏အချိန်ကို မမျှနိုင်လောက်အောင်တန်ဖိုးရှိလှသည်ဟု ယူဆကြလေသည်။ ဧည့်သည် များ၏ချီးကျူးမှုကိုခံယူရအောင် သူမ၏အိမ်ထောင်ပရိဘောဂမှစသောအရာ တို့ကို လှလှပပစက္ခုပဒေသာဖြစ်စေရန်စီစဉ်ခြင်းနှင့် .. အစားအစာများကို ဖက်ရှင်ကျကျချက်ပြုတ်ခြင်းတို့ကို သူမသားသမီးတို့၏ပျော်ရွှင်ခြင်းထက် ဦးစားပေးလေသည်။AH1Burm 347.3

    အစားအစာသည်အင်အားဖြစ်စေ၍စားချင်စဖွယ်ဖြစ်ရမည်၊ သို့ရာတွင်ရိုးရိုးဖြစ်ရမည် - အစားအစာသည် မိခင်၏အချိန်ရှိသမျှကို အသုံးပြု၍ ချက်ပြုတ်ခြင်းမပြုရလောက်အောင် ရိုးရိုးဖြစ်စေရမည်။ ထမင်း စားပွဲပေါ်တွင် အင်အားဖြစ်စေ၍ စားချင်စဖွယ်ဖြစ်သောအစားအစာများကို တင်ထားရန် သတိပြုရမည်။ မှန်ပါသည်၊ သတိတရားကင်းမဲ့စွာ တည်ခင်း ကျွေးမွေးလိုက်သော မည်သည့်အစားအစာမျိုးမဆို ကလေးများအတွက် သင့်လျော်သည်ဟုမယူဆပါနှင့်၊ ထမင်းစားပွဲပေါ်မှာတင်ထားရန်အတွက် ကျန်းမာခြင်းနှင့်မညီညွတ်သောအစားအစာများကို ချက်ပြုတ်ရန်လည်းကောင်း၊ ကမောက်ကမဖြစ်နေသောခံတွင်းအရသာကို အကြိုက်ဖြစ်စေရန်လည်းကောင်း၊ အချိန်ကိုလျော့နည်းနိုင်သမျှနည်းအောင်လုပ်ကိုင်ပြီးလျှင် ကလေးသူငယ် များ၏ပညာရေးနှင့်သင်ကြားပြသပေးရေးအတွက် အချိန်ကိုပိုမိုယူသင့်ပေ သည်။AH1Burm 348.1

    နို့စို့ကလေးအတွက်အဝတ်အစားများပြင်ဆင်ခြင်း - ကလေး အဝတ်ဝတ်ဆင်ရန် အဝတ်အစားများကိုပြင်ဆင်ရာတွင် ခေတ်ဆန်ရေး သို့တည်းမဟုတ် အများတကာတို့၏အံ့သြချီးကျူးခံရလိုခြင်းထက် ကလေး ၏သက်သောင့်သက်သာဖြစ်မှုနှင့်ကျန်းမာမှုအတွက် အထောက်အကူဖြစ်ရေး ကိုဦးစားပေး၍ ဆောင်ရွက်သင့်ပေသည်။ ကလေးများတို့ဝတ်စားဆင်ယင် ရန်အတွက် အဝတ်အစားများတို့တွင် ဇာထိုးပန်းချုပ်လုပ်ကိုင်ပေးခြင်းနှင့် လှလှပပဖြစ်အောင်လုပ်ကိုင်ပေးခြင်းအားဖြင့် မိခင်သည် အချိန်မကုန်သင့်ပေ။ ယင်းကဲ့သို့ပင်ပန်းခံခြင်းသည် သူမကိုယ်တိုင်ကျန်းမာခြင်းနှင့်သားငယ်သမီး ငယ်တို့၏ကျန်းမာရေးကိုထိခိုက်သည့် မလိုလားအပ်သောလုပ်ငန်းမျိုးဖြစ် သည်။ နားနားနေနေနှင့်သင့်တော်လျော်ကန်သော ကိုယ်လက်လှုပ်ရှားမှု လိုအပ်နေသောအချိန်မျိုးတွင် သူမ၏မျက်စိများနှင့်အကြောအခြင်များကို များစွာထိခိုက်စေသည့် ကုန်းကွ၍ချုပ်လုပ်ရသောအလုပ်မျိုးကို ရှောင်ကြဉ် သင့်ပေသည်။AH1Burm 349.1

    သူမဆောင်ရွက်သင့်သောအမှုကိစ္စများကို ဆောင်ရွက်နိုင်စေဖို့ သူမ ၏ခွန်အားများကို သိမ်းဆည်းဖြည့်တင်းထားရမည့်တာဝန်ကို သူမအနေဖြင့် သိရှိထားနှင့်ပေသည်။AH1Burm 349.2

    ကလေးသူငယ်များအားသန့်ရှင်းစွာထားပါ၊ နွေးနွေးထွေးထွေး ထားပါ၊ လေကောင်းလေသန့် ရရှိစေပါ - နို့စို့ကလေးများအား နွေးနွေး ထွေးထွေးထားရန်လိုအပ်ပေသည်။ သို့ရာတွင် အပူရှိန်ကြီးသောအခန်းများ ၌ ကလေးများအားထားခြင်းသည် လေကောင်းလေသန့်ရရှိခြင်းကိုတားဆီး ထားသောကြောင့် မှားယွင်းသောလမ်းစဉ်ဖြစ်သည်။AH1Burm 350.1

    ကလေးသူငယ်များတို့၏ခန္ဓာအစိတ်အပိုင်းများကို အင်အားဆုတ်ယုတ် စေခြင်း (သို့မဟုတ်) အဆိပ်အတောက်ဖြစ်စေခြင်းကိုအားပေးသော မည်သည့် ကိစ္စမျိုးမှမဆို ကလေးများအားကင်းရှင်းနေစေသင့်ပေသည်။ ကိုယ်ခန္ဓာ နှင့်ပတ်သက်၍ ခပ်သိမ်းသောအရာများကို မွှေးကြိုင်သန့်ရှင်းနေအောင် ထိန်းသိမ်းထားရှိရမည်။ ကလေးသူငယ်များကိုရုတ်တရက် (သို့မဟုတ်) ကြီးမားလွန်းသောအပူရှိန်ပြောင်းလဲမှုများမှကာကွယ်ထားရန် လိုအပ်သော် လည်း သူတို့သည်အိပ်ပျော်နေသောအခါဖြစ်စေ၊ နိုးနေသောအခါဖြစ်စေ၊ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ သန့်ရှင်း၍အင်အားပြည့်စေသော လေကောင်းလေသန့် ကိုရှုရိုက်စေရန် သတိပြုရမည်။AH1Burm 350.2

    ကလေးများနာဖျားမကျန်းရှိသောအခါကြည့် ရှုပြုစုခြင်း - ကလေးသူငယ်များဖျားနာရခြင်းသည် အများအားဖြင့်စီမံအုပ်ချုပ်ကွပ်ကဲမှု မှားယွင်းမှုကြောင့်ဖြစ်ရသည်။ စားသောက်ရာတွင် အချိန်မမှန်ခြင်း၊ ချမ်းအေး သောညနေခင်းများတွင် အဝတ်အစားများလုံလုံလဲလဲဝတ်ဆင်ပေးထားမှုမရှိ ခြင်း၊ သွေးများကျန်းမာစွာဖြင့်လှည့်ပတ်သွားလာမှုရှိစေရန် ကိုယ်လက် လှုပ်ရှားမှုမရှိခြင်း၊ (သို့မဟုတ်) သွေးများသည် သန့်ရှင်းစင်ကြယ်စေရန် လေကောင်းလေသန့်ကောင်းမွန်စွာမရရှိခြင်းတို့သည် ယင်းဒုက္ခ၏အကြောင်း ရင်းများဖြစ်နိုင်သည်။ မိဘတို့အနေဖြင့် .. ဖျားနာရသောအကြောင်းရင်းကို ရှာဖွေလေ့လာ၍ အမြန်မနှေးယင်းမှားယွင်းသောအခြေအနေများကို ပြုပြင် ပေးရမည်။AH1Burm 350.3

    ရောဂါများကိုကာကွယ်ခြင်းသာမက ရောဂါများကိုကုသခြင်းနှင့် ပတ်သက်၍ မိဘတို့တွင်သင်ကြားလေ့လာရန် အခွင့်အရေးအပြည့်အစုံရှိ သည်။ အထူးသဖြင့် မိခင်ဖြစ်သူသည် သူမ၏အိမ်ထောင်၌ ဖြစ်ရိုးဖြစ်စဉ် ဖျားနာခြင်းများကုသနည်းကိုသိရှိထားသင့်ပေသည်။ သူမ၏ဖျားနာနေသော ကလေးသူငယ်များအား ဘယ်ကဲ့သို့ကြည့်ရှုပြုစုပေးရမည်ကို သူမသိရှိသင့် ပေသည်။ သူစိမ်းတစ်ရံဆံများလက်သို့ လွှဲပြောင်းအပ်ထား၍ မဖြစ်နိုင်သော တာဝန်များကိုထမ်းဆောင်ရန် မိခင်၏မေတ္တာနှင့်အမြင်ရှည်ခြင်းက သူမအား သင့်လျော်သောအရည်အသွေးဖြင့် ပြည့်ဝစေသင့်ပေသည်။AH1Burm 351.1