Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂—စစ်မှန်သောအိမ်ထောင်တိုင်း၏အခြေခံအင်္ဂါရပ်များ

    ကမ္ဘာပေါ်၌ဆွဲဆောင်မှုအရှိဆုံးနေရာ - သားသမီးများ၏ အနာဂတ်ကောင်းစားရေးနှင့် ပစ္စုပ္ပန်ပျော်ရွှင်ရေးအတွက် မိဘများတွင် ကြီးလေးသောတာဝန်များရှိပါသည်။ တစ်ချိန်တည်းမှာပင် အိမ်ထောင်ကို သာသာယာယာရှိအောင် တတ်နိုင်သမျှတာဝန်ယူကြရမည်။ ယင်းကိစ္စသည် ဥစ္စာဓနကြွယ်ဝချမ်းသာခြင်းနှင့် ငွေရတတ်ခြင်းများထက်သာ၍ ဂုဏ်အသရေ ရှိပါသည်။ အိမ်ထောင်တွင်းသို့နေရောင်ခြည်များထွန်းလင်းဝင်ရောက် နေသည့်ပမာ အိမ်သည် သာသာယာယာရှိနေသင့်ပါသည်။ သားသမီးတို့သည် ငယ်စဉ်ကသာယာသည့်အိမ်ထောင်တွင် နေထိုင်ရသည့်အချိန်ကို အမြဲမပြတ် သတိရနေစေသင့်ပါသည်။ သို့မှသာ မိမိတို့နေခဲ့ရသောအိမ်သည် ကောင်းကင် နိုင်ငံတော်ကလွဲလျှင် ငြိမ်သက်ခြင်းအရှိဆုံး၊ ပျော်ရွှင်စရာအကောင်းဆုံးဖြစ် ပါသည်တကားဟု တွေးမိတိုင်းပီတိဖြစ်နေကြလိမ့်မည်။ သူတို့သည် အချိန် အရွယ်ရောက်လာသောအခါတွင်လည်း မိဘတို့အားနှစ်သိမ့်ဝမ်းမြောက်ခြင်း မင်္ဂလာကို အတုံ့အလှည့်ပြုကြပါလိမ့်မည်။AH1Burm 10.1

    နေအိမ်သည် သားသမီးများအတွက် ကမ္ဘာပေါ်တွင် နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်စေရမည်။ မိခင်နှင့်အတူနေထိုင်ရခြင်းသည်လည်း အသာယာ ဆုံးဖြစ်စေရမည်။ ကလေးများသည် အကင်းပါး၍ နဂိုသဘာဝအားဖြင့် ချစ်ဖွယ်ကောင်းကြပါသည်။ သူတို့အားလွယ်ကူစွာနှစ်သိမ့်စေနိုင်သည့်နည်းတူ လွယ်ကူစွာပင်ဝမ်းနည်းစေနိုင်ပါသည်။ မိခင်တို့သည် မေတ္တာတရားရှေ့ထား ၍ နူးညံ့သိမ်မွေ့ စွာလမ်းညွှန်သင်ကြားပြောဆိုပါက သားသမီးများသည် မိခင်နှင့်မခွဲမခွာနိုင်ဘဲ ရှိကြလိမ့်မည်။AH1Burm 10.2

    သန့်ရှင်းခြင်း၊ သပ်ရပ်ခြင်း၊ နေသားတကျရှိခြင်း - သန့်ရှင်းစင်ကြယ်ခြင်း၊ သပ်သပ်ရပ်ရပ်ရှိခြင်းနှင့်နေသားတကျရှိခြင်း စသည့်စည်းကမ်းသေဝပ်ခြင်းများသည် အိမ်ထောင်တစ်ခုကို အုပ်ချုပ်စီမံ ရာတွင်မပါလျှင် ပြီးပြည့်စုံခြင်းမရှိနိုင်ပါ။ မိခင်သည် မိမိ၏အသက်တာ၌ အထူးအရေးကြီးသော ဤကိစ္စတာဝန်များကို ဦးစားပေးဆောင်ရွက်ရသော ကြောင့် သားသမီးများဤခန္ဓာကိုယ်ကြီးထွားရေးကိုလည်းကောင်း၊ စိတ်နေ သဘောထားဖြူစင်ရေးကိုလည်းကောင်း၊ ကိုယ်ကျင့်တရားရင့်သန်ရေးကို လည်းကောင်း လမ်းညွှန်ခြင်းမပြုနိုင်ပါက ဝမ်းနည်းစရာကောင်းသော အမှားတစ်ခုပင်ဖြစ်ပါသည်။AH1Burm 10.3

    ခရစ်ယာန်များသည် ကြေးငွေဥစ္စာချို့တဲ့မှုရှိလင့်ကစား သူတို့ခန္ဓာ နှင့်အိမ်များကို ထိန်းသိမ်းရာတွင် သန့်ရှင်းစင်ကြယ်မှုကင်းမဲ့ရန်မသင့်ကြောင်း သင်ကြားပေးရမည်။ သန့်ရှင်းစင်ကြယ်စွာနေထိုင်ဝတ်စားမှု၏အဓိပ္ပါယ်နှင့် ခရေးကြီးပုံကို နားမလည်သဘောမပေါက်သောသူတို့အား ပညာပေးရမည်။ မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို ကိုယ်စားပြုမည့်သူများသည် မိမိတို့၏ဝိညာဉ်များ၊ အဝတ်အစားနှင့်နေအိမ်၌ရှိသောအရာအားလုံးတို့သည် သန့်ရှင်းစင်ကြယ်စွာထိန်းသိမ်းထားရန် သွန်သင်ပေးရမည်။ သို့မှသာ အမှုတော်ထမ်းဆောင်သော ကောင်းကင်တမန်များအနေနှင့် သမ္မာတရားသည် အသက်တာ၌ပြောင်းလဲမှုကိုဖြစ်ပေါ်စေခဲ့သည်ကိုလည်းကောင်း စိတ်ဝိညာဉ် သန့်ရှင်းစင်ကြယ်စေလျက်ရှိရန် ဆန္ဒရမ္မက်များကိုလည်း ယဉ်ကျေးသိမ်မွေ့ လျက်ရှိစေသော အထောက်အထားကို ရရှိကြပေလိမ့်မည်။ သမ္မာတရားကို လက်ခံပြီးသော်လည်း အပြောအဆို (သို့မဟုတ်) အမူအရာနှင့်အနေအထိုင် တို့တွင်လည်းကောင်း၊ အဝတ်အစား (သို့မဟုတ်) ပတ်ဝန်းကျင်အသိုက်အဝန်း ၌လည်းကောင်း ပြုပြင်ပြောင်းလဲခြင်းအလျှင်းမျှမရှိသောသူများသည် သခင် ခရစ်တော်အတွက် အသက်ရှင်နေကြသူများမဟုတ်ဘဲ မိမိတို့အတွက်မိမိတို့ အသက်ရှင်နေကြသူများသာလျှင်ဖြစ်ပါသည်။ သူတို့သည် သန့်ရှင်းစင်ကြယ် ခြင်းဆိုင်ရာ ဘဝ၌ရပ်တည်မှုအတွက် ခရစ်တော်၌ ဖန်ဆင်းခြင်းကိုမခံရ ကြပေ။AH1Burm 11.1

    လွန်ကဲသောဝတ်စားဆင်ယင်မှုကို ရှောင်သင့်သော်လည်း အသွင် အပြင်အားဖြင့်မူကား သပ်သပ်ရပ်ရပ်ရှိရမည်။ အိမ်ထောင်သည်လည်းကောင်း၊ အိမ်ထောင်သားများသည်လည်းကောင်း သန့်ရှင်းစင်ကြယ်၍ ကြည့်ကောင်း ရှုကောင်းဖြစ်ရမည်။ လူငယ်တို့အား သူတစ်ပါးကဲ့ရဲ့ပြစ်တင်ဝေဖန်ခြင်းနှင့် ကင်း၍ ဘုရားသခင်နှင့်သမ္မာတရား၏ဂုဏ်တော်ကိုထင်ရှားစေသည့် အမှုအရာ လက္ခဏာပေါ်လွင်အောင် ဝတ်စားဆင်ယင်ခြင်းကို သင်ကြားပေးရမည်။AH1Burm 11.2

    နား သန့်ရှင်းစင်ကြယ်မှုအားဥပေက္ခာပြုခြင်းက ရောဂါကိုဖြစ်ပွားစေပေ မည်။ ဖျားနာခြင်းသည် အကြောင်းမရှိဘဲမပေါ်လာပေ။ ကျန်းမာမှုအပြည့်အဝ ရှိသည်ဟုယူဆရသော ကျေးရွာများနှင့်မြို့ကြီးများတွင် ပြင်းထန်သောရောဂါ ဝေဒနာများဖြစ်ပေါ်ခဲ့မှုကြောင့် လူအသေအပျောက်များခြင်းနှင့် (သို့မဟုတ်) အသင်းအပင်းအဖွဲ့အစည်း၊ အဆောက်အအုံပျက်စီးခြင်းတို့ဖြင့် ဖြစ်ပျက်ကြ ရမည်။ အများအားဖြင့် ယင်းရောဂါဝေဒနာဖြင့် သေဆုံးသောလူတို့၏နေအိမ် များတွင် ဖျက်ဆီးတတ်သောပိုးမွှားများဝင်ရောက်နေထိုင်ခဲ့ကြ၍ ယင်းတို့ အိမ်ထောင်သားများနှင့်အနီးပတ်လည်တွင် နေထိုင်ကြသောသူတို့အား ရှုရိုက် စေရန်သေစေတတ်သောအဆိပ်အတောက်များကို လေထဲသို့မှုတ်ထုတ်ကြ သည်။ ပေါ့လျော့မှုနှင့်သတိမမူမှုတို့၏ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာ ခေါင်းပါးနေခြင်းကို တွေ့ မြင်နေရသမျှမှာ အံ့သြဖွယ်ကောင်းလှပေသည်။AH1Burm 12.1

    ပျော်ရွှင်သောအိမ်ထောင်အတွက် စည်းကမ်းသေဝပ်မှုလိုအပ်ခြင်း - ဘုရားသခင်သည် စည်းကမ်းသေဝပ်မှုမရှိခြင်း၊ ပေါ့ဆခြင်းနှင့်စုံလင်မှုမရှိ ခြင်းတို့ကို နှစ်သက်တော်မမူ။ ဤချွတ်ယွင်းချက်များသည် ကြီးလေးသော မကောင်းမှုအန္တရာယ်ဖြစ်၏။ အကယ်၍ ခင်ပွန်းဖြစ်သူသည် နေသားတကျ ရှိခြင်းကိုလည်းကောင်း၊ စည်းကမ်းသေဝပ်ခြင်းရှိသည့် သားသမီးများကို လည်းကောင်း၊ စနစ်တကျစီမံထားသည့်အိမ်ကိုလည်းကောင်း လိုလားသော သူမဖြစ်ပါက ဇနီးဖြစ်သူအပေါ်၌ ချစ်ခင်မြတ်နိုးခြင်းများ တဖြည်းဖြည်း လျော့နည်းလာလိမ့်မည်။ ဇနီးသည်နှင့်မိခင်သည် စည်းကမ်းသေဝပ်ခြင်း ကိုနှစ်သက်ခြင်း၊ မိမိ၏ဂုဏ်သိက္ခာကိုစောင့်ထိန်းခြင်း၊ ကောင်းစွာအုပ်ထိန်း ခြင်း စသည့်အရည်အချင်းများမရှိပါက အိမ်ထောင်သည် နှစ်သက်ပျော်ရွှင် ဖွယ်ကောင်းအောင် မပြုလုပ်နိုင်ပါ။ သို့ဖြစ်၍ အိမ်ရှင်မများသည် မိမိ၏ ချွတ်ယွင်းချက်များကို ပြုပြင်ရမည်။ ယင်းချွတ်ယွင်းချက်များအနက် အကြီးဆုံးသောလိုအပ်ချက်ကို ချက်ချင်းပြုပြင်သင့်သည်။AH1Burm 12.2

    နိုးကြားမှုနှင့်ကြိုးစားမှုပေါင်းထပ်ခြင်း - ကျွန်ုပ်တို့ကိုယ်ကို ခြွင်းချက်မရှိ ဘုရားသခင်အားအပ်နှံလျှင် အိမ်ထောင်၊ အိမ်ထောင် အသက်တာလွယ်ကူ၍ သာမန်ဖြစ်သောတာဝန်များထက် အရေးကြီးပုံကို မှန်ကန်သောရှုထောင့်မှတွေ့ မြင်မည်ဖြစ်ပြီး ကျွန်ုပ်တို့အနေဖြင့် ယင်းတာဝန် များကို ဘုရားသခင်၏အလိုတော်နှင့်ထမ်းဆောင်ကြမည်ဖြစ်သည်။ ကျွန်ုပ် တို့သည် နိုးနိုးကြားကြားရှိ၍ လူသားကြွလာတော်မူခြင်းကို စောင့်မျှော် နေကြရမည်။ ၎င်းအပြင် ကျွန်ုပ်တို့အနေဖြင့် ဝီရိယရှိရကြမည်။ အလုပ် လုပ်လျက်စောင့်မျှော်နေရန် လိုအပ်ပေသည်။ ယင်းနှစ်ခုပေါင်းထပ်မှုရှိရမည်။ ယင်းကဲ့သို့ပေါင်းထပ်လုပ်ကိုင်ခြင်းသည် ခရစ်ယာန်တို့၏စာရိတ္တကို ချိန်ခွင် လျှာကဲ့သို့မျှတစေ၍ ကောင်းမွန်စွာဖွံ့ဖြိုးထွန်းကားစေလျက် အချိုးအစား ညီညွတ်စေသည်။ အခြားအခြားသောအိမ်အလုပ်ဟူသမျှကို လျစ်လျူရှု၍ ဘုရားကိုအာရုံပြုခြင်း၊ ကျမ်းစာကိုလေ့လာခြင်းနှင့်ဆုတောင်းခြင်းအားဖြင့်သာ အချိန်ကိုကုန်လွန်စေရမည်ဟု ဘယ်အခါမျှကျွန်ုပ်တို့သည်မယူဆပါ။ ပုဂ္ဂလိကဘုရားရေး၊ တရားရေးကိစ္စများကို လျစ်လျူရှုရလောက်အောင် တစ်ချိန်လုံးသွားလာလှုပ်ရှားလုပ်ကိုင်နေရမည်ဟူ၍လည်း မယူဆရပါ။ စောင့်ခြင်း၊ နိုးကြားခြင်းနှင့်လုပ်ကိုင်ခြင်းတို့ကို ပေါင်းစပ်ရမည်ဖြစ်သည်။ “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် စိတ်တမ်းသဖြင့် သခင်ဘုရား ၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။AH1Burm 13.1

    လုပ်ငန်းပြီးလွယ်သောအစီအစဉ်ကိုထားရှိပါ - အိမ်ထောင် အများတွင် ဇနီးဖြစ်သူသည် စာပေများဖတ်ရှုရန်၊ သူမအတွက်အသိအမြင် ပြည့်စုံကြွယ်ဝစေရန်၊ ခင်ပွန်းအတွက်အထောက်အမအကူအညီအနေဖြင့်မစရန်၊ ကြီးပြင်းလာသောသားသမီးတို့၏စိတ်များနှင့်တွေ့ထိမှုရှိရန် စသောအချိန်များမရ ကြပေ။ မြတ်နိုးဖွယ်သောကယ်တင်ရှင်နှင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံရန် ကျွန်ုပ်တို့သည် အချိန်နှင့်နေရာမပေးနိုင်ကြပေ။ မိခင်သည် တဖြည်းဖြည်း အိမ်ထောင်၌ ပင်ပန်းစွာလုပ်ကိုင်နေရသောသူဖြစ်လာလျက် သူမ၏ခွန်အား၊ အချိန်နှင့်စိတ်ဝင်စားမှုတို့သည် လုပ်ငန်းတွင်ပျက်စီးသွားတတ်လေသည်။ အိမ်မှာပင်ဧည့်သည်ဖြစ်သူကို သူမတွေ့ မြင်လာသောအခါ မိမိကိုယ်ကိုပြုပြင် ရမည့်အချိန်ကား နောက်ကျနေပေပြီ။ ရင်သွေးငယ်တို့သည် မြင့်မားသည့် ဘဝလမ်းကြောင်းထဲသို့ရောက်ရှိနိုင်မှုအတွက် တစ်ကြိမ်ကမိခင်များတို့သည် မဆောင်ရွက်ပေးမိသောကြောင့် ယင်းအခွင့်အရေးများတို့သည် ထာဝစဉ် ပျောက်ကွယ်သွားကြလေပြီ။AH1Burm 13.2

    အိမ်ထောင်ဦးစီးတို့သည် နေထိုင်မှုအတွက် ပိုမိုသင့်လျော်သော အကြံအစည်မျိုးတည်ဆောက်ရမည်။ ပျော်ရွှင်သာယာသောအိမ်ထောင် တည်ဆောက်ရန် သင်တို့၏ပထမရည်စူးချက်ဖြစ်ပါစေ။ အိမ်ထောင်ဆိုင်ရာ လုပ်ငန်းများပေါ့ပါးစေရန် ကျန်းမာမှုကိုတိုးတက်စေမည့် အစီအစဉ်များတို့ကို မူချထားပါ။AH1Burm 14.1

    အနိမ့်ကျဆုံးလုပ်ငန်းများပင် ဘုရားသခင်လုပ်ငန်းဖြစ်သည် - နေ့စဉ်ဆောင်ရွက်ရသောလုပ်ငန်းများဖြစ်သည့် ချက်ပြုတ်ခြင်း၊ အိုးခွက်ပန်းကန် ဆေးကြောခြင်း၊ ထမင်းပွဲပြင်ခြင်း၊ အဝတ်လျှော်ဖွပ်ခြင်း၊ လူနာကိုပြုစုခြင်း စသည်တို့သည် မလုပ်လျှင်မပြီးသောလူမှုရေးကိစ္စများဖြစ်ပါသည်။ နိမ့်ကျ သောအလုပ်တာဝန်များကိုပင်လျှင် ဆောင်ရွက်ရန်တာဝန်ယူရသောသူရှိရမည်။ ယင်းမလွဲရှောင်သာသောလုပ်ငန်းများကို တာဝန်ယူသူသည် မိမိ၏လုပ်ငန်း ကိုဂုဏ်ရှိသောလုပ်ငန်းဖြစ်သည်ဟု သဘောပေါက်ရန်လိုပါသည်။ ထိုလုပ်ငန်း များသည် မည်မျှနိမ့်ကျစေကာမူ ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား ပုရောဖက်များထံသို့ အထူးကိစ္စရပ်များအတွက် စေလွှတ်သည့် ပမာ မိမိသည်လည်း ဘုရားသခင်၌အမှုတော်ကို ဆောင်ရွက်နေသည်ဟုပင် သဘောထားရမည်။AH1Burm 14.2