Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၃—အိမ်တွင်းမှုဆိုင်ရာပညာသင်ကြားခြင်း

    ထိမ်းမြားမင်္ဂလာအတွက်ပြင်ဆင်မှုသည် ပညာရေး၏လိုအပ် သောကဏ္ဍဖြစ်သည် - သက်ဆိုင်ရာကာယကံရှင်တို့သည် အိမ်တွင်းမှု ဆိုင်ရာလက်တွေ့ ပညာနှင့်ပတ်သက်သောတာဝန်များကို သိကျွမ်းမှုမရှိဘဲ အိမ်ထောင်မပြုသင့်ကြပေ။ ဇနီးဖြစ်သူသည် မွေးဖွားလာမည့်သားသမီး ရတနာကလေးများကို မှန်ကန်သောသင်ကြားပို့ချမှုကိုပေးနိုင်ရန် စိတ်၏ ယဉ်ကျေးမှုနှင့်အပြုအမူအလုပ်အကိုင်ယဉ်ကျေးမှုရှိရမည်။AH1Burm 100.1

    ပညာတတ်များစာရင်းဝင်သောအမျိုးသမီးမြောက်မြားစွာတို့သည် ယူနီဗာစတီကျောင်းတော်ကြီးတစ်ခုခုမှ ဂုဏ်ထူးဖြင့်အောင်မြင်တတ်မြောက် လာကြသော်လည်း ဘဝအသက်တာ၏ လက်တွေ့ တာဝန်ဝတ္တရားများကိုမူ ကား သိကျွမ်းမှုမရှိကြသည်မှာ ရှက်ဖွယ်ပင်ဖြစ်သည်။ အိမ်ထောင်ပျော်ရွှင် သာယာမှုအတွက် အထူးလိုအပ်သောနည်းစနစ်ကျစွာစီမံနိုင်သောအရည်အသွေး သည် သူတို့၌မရှိပေ။ သူတို့အနေဖြင့် အမျိုးသမီးများတို့၏ဘဝရပ်တည်မှ နှင့် သူတို့၏အခွင့်အရေးများတိုးတက်မြင့်မားလာကြောင်းကို ပြောဆိုကြ လိမ့်မည်။ သို့စေကာမူ သူတို့သည် စစ်မှန်သောအမျိုးသမီးတို့၏အဆင့်အတန်း အောက်သို့ များစွာနိမ့်ကျသောအခြေ၌ ရပ်တည်နေကြသည်။AH1Burm 100.2

    အိမ်ထောင်ဆိုင်ရာတာဝန်ဝတ္တရားများကို နားလည်သိရှိရန်လည်း ကောင်း၊ အိမ်တွင်းမှုဆိုင်ရာလုပ်ငန်းဌာနအသီးသီးတို့၌ သင်ကြားပို့ချမှုရရှိ ထားရန်လည်းကောင်း ဧဝသမီးတိုင်းအခွင့်အရေးဖြစ်သည်။ ဇနီးအနေဖြင့် လည်းကောင်း၊ မိခင်အနေဖြင့်လည်းကောင်း ဝင်ရောက်ထမ်းဆောင်ရန် အခွင့်အလမ်းပေါ်လာသောအခါ ... သူမ၏ပိုင်နက်အတွင်း ဘုရင်မတစ်ပါး ကဲ့သို့ အုပ်ချုပ်မင်းလုပ်နိုင်လောက်အောင် မိန်းမပျိုတိုင်းသည် အသိပညာ နှင့်အတတ်ပညာများရရှိထားရမည်။ မိမိသားသမီးများကို ရှေ့ဆောင်လမ်းပြ ရန်နှင့် ဆုံးမသြဝါဒပေးရန်လည်းကောင်း၊ သူ့အိမ်ဖော်များကိုစီမံပေးရန် လည်းကောင်း အရည်အချင်းဖြင့်ပြည့်စုံရမည်။ (သို့မဟုတ်) လိုအပ်လျှင် သူမ၏အိမ်ထောင်အတွက် ပြုဖွယ်ကိစ္စများကို သူမကိုယ်တိုင်လုပ်ကိုင်ပေး နိုင်ရမည်။ လူ့ခန္ဓာ၏တည်ဆောက်ထားပုံနှင့်အင်္ဂါအစိတ်အပိုင်းတို့ ဆောင်ရွက် ကြပုံတို့၏ကျန်းမာခြင်းဆိုင်ရာကျင့်စဉ်များကိုလည်းကောင်း၊ စားဝတ်နေရေး ကိစ္စကိုလည်းကောင်း၊ လုပ်ရေးကိုင်ရေးနှင့်ပြန်၍အားသစ်ဖြည့်ရေးတို့ကို လည်းကောင်း၊ အိမ်ထောင်၏သာယာမှုနှင့်စပ်ဆိုင်သော အခြားမရေတွက် နိုင်သောကိစ္စများကိုလည်းကောင်း သိရှိနားလည်ရန် သူမ၏အခွင့်အရေး ဖြစ်သည်။ သူမ၏သားသမီးရတနာကလေးများကို ကြည့်ရှုပြုစုရန် သူစိမ်း သူနာပြုများနှင့်ဆရာဝန်များလက်ထဲသို့ အပ်မထားရဘဲ ဖျားနာချိန်ခါ၌ သူမကိုယ်တိုင်ကြည့်ရှုပြုစုနိုင်ရန် ရောဂါများကုသရာတွင် အကောင်းဆုံးနည်း များကိုသိရှိထားရန် သူမ၏အခွင့်အရေးဖြစ်သည်။AH1Burm 100.3

    အသုံးဝင်သောလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ကိုင်နည်းများကို မသိဘဲနေခြင်းသည် လူကြီးလူကောင်းပီသသော ဂုဏ်အရည်အချင်းဖြစ်သည် ဆိုသောအယူအဆသည် လူသားတို ့အားဖန်ဆင်းထားတော်မူရာတွင် ဘုရားသခင်၏ရည်စူးချက်နှင့်ဆန့်ကျင်ပေသည်။AH1Burm 101.1

    ပျင်းရိခြင်းသည်ဒုစရိုက်ဖြစ်၏။ သာမန်လူ့တာဝန်များကိုမသိခြင်း သည် မိုက်မဲခြင်း၏ရလဒ်ဖြစ်၍ နောက်သက်ကြီးရွယ်အိုကာလတွင် ယူကျုံး မရဖြစ်ရသောအဖြစ်မျိုးကို ရင်ဆိုင်ရတတ်သည်။AH1Burm 101.2

    ချက်ပြုတ်ခြင်းနှင့် အခြားအိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ယုတ်ညံ့သည်ဟု ငယ်သောအမျိုးသမီးများက ယူဆကြသည်။ ထိုအတွက် ကြောင့် အိမ်ထောင်ပြု၍သားသမီးများကိုကြည့်ရှုရသော အမျိုးသမီးငယ် အများတို့သည် ဇနီးအနေဖြင့်လည်းကောင်း၊ မိခင်အနေဖြင့်လည်းကောင်း ထမ်းဆောင်ရမည့်ဝတ္တရားများကိုမသိကြပေ။AH1Burm 101.3

    အိမ်ထောင်၌မွေးဖွားထွန်းကားလာသော သားသမီးများကိုကြည့်ရှု ထိန်းသိမ်းရမည့်နည်းလမ်းကိုမသိရှိဘဲ အဘယ်လူငယ်လူရွယ်မျှ အိမ်ထောင် မပြုရဟု ဥပဒေတစ်ရပ်ထုတ်ထားသင့်ပေသည်။ ဘုရားသခင်က သူတို့အား ပေးသနားတော်မူသော ဤအိမ်ထောင်ကို ဘယ်ကဲ့သို့ကြည့်ရှုထိန်းသိမ်း ထားရမည်ကို သိရှိကြရမည်။ ယင်းအိမ်ထောင်သားမွေးကိစ္စတွင် ဘုရားသခင် တည်ထောင်ထားတော်မူသော ဥပဒေပညတ်များကို သူတို့သည် သိရှိနားလည် ခြင်းမရှိဘဲ ဘုရားသခင်ကိုသော်လည်းကောင်း၊ သူတို့ကိုယ်တိုင်ကိုလည်း ကောင်း ပြုအပ်သောဝတ္တရားများကို သူတို့သည်နားလည်နိုင်မည်မဟုတ်ပေ။AH1Burm 101.4

    အိမ်တွင်းမှုဆိုင်ရာသင်ကြားပို့ချမှုကို ကောလိပ်ကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင်ထည့်သွင်းထားသင့်သည် - ကျွန်ုပ်တို့ကောလိပ် ကျောင်းတွင် တက်ရောက်သင်ကြားလျက်ရှိကြသော လူငယ်လူရွယ်တို့၏ ပညာရေးတွင် အိမ်ထောင်ရေးအကြောင်းထည့်သွင်း၍ သင်ကြားပို့ချအပ်သည်ကို အထူးသတိပြုအပ်ပေသည်။ ကျွန်ုပ်တို့၏ကောလိပ်ကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိကြသော စာသင်သားတို့အား ခန့်အပ်ထား သောအလုပ်အကိုင်များကိုလုပ်ကိုင်ရန်၊ ၎င်းအပြင် ပျင်းရိခြင်းကိုလုံးဝ ရှောင်ကြဉ်ရန် သွန်သင်ပေးခြင်းသည် အကျင့်စာရိတ္တကိုဆောက်တည်ရာတွင် အလွန်ပင်အရေးပါအရာရောက်လှပေသည်။ နေ့စဉ်ဘဝရပ်တည်မှုဆိုင်ရာ တွင် တာဝန်ဝတ္တရားများကို သူတို့အနေဖြင့်သိရှိရန် လိုအပ်ပေသည်။ သူတို့၏အိမ်တွင်းမှုဆိုင်ရာ လုပ်ငန်းများကို သေချာစေ့စပ်စွာဖြင့်လည်းကောင်း၊ ကောင်းမွန်စွာဖြင့်လည်းကောင်း၊ ဆူဆူညံညံဖြစ်ခြင်းနှင့်ရှုပ်ထွေးခြင်း ကင်းစွာဖြင့်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ကြရန် သင်ကြားပို့ချပေးရ မည်။ ခပ်သိမ်းသောအရာတို့ကို သပ်ရပ်စွာဖြင့်လည်းကောင်း၊ နေထား တကျရှိစွာဖြင့်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်သင့်ပေသည်။ မီးဖိုချောင် နှင့်အိမ်အဆောက်အအုံ၌ရှိသော အခြားအခန်းများကို လှပသန့်ရှင်းစွာထား ရှိရမည်။ စာအုပ်များကို သူ့အချိန်နှင့်သူဖတ်၍ အိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများ ကို လျစ်လျူရှုခြင်းမရှိစေရန် စာများကိုလိုအပ်သောအချိန်ထက်ကျော်လွန် ၍ လေ့ကျက်ခြင်းမပြုသင့်။ အိမ်ထောင်သားတို့၏စိတ်ချမ်းသာ၊ ကိုယ် ချမ်းသာမှု၏အခြေခံဖြစ်သော အိမ်တွင်းမှုဆိုင်ရာတာဝန်များကို လျစ်လျူရှု ရလောက်အောင် စာအုပ်များလေ့လာခြင်းတွင် စိတ်စွဲလမ်းမှုမရှိစေရ။AH1Burm 102.1

    ယင်းအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ရာ၌လည်း သတိ တရားကင်းမဲ့ခြင်း၊ ပေါ့လျော့ခြင်း၊ စည်းမဲ့ကမ်းမဲ့ထားတတ်သောအလေ့အကျင့် များကို အောင်မြင်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤအလေ့အကျင့်များကို အောင်မြင်ထားမှုမရှိလျှင် ယင်းတို့သည် ဘဝရပ်တည်မှု၏ကဏ္ဍအမျိုးမျိုး အတွင်းသို့ ထိုးဖောက်ဝင်ရောက်လျက် ဘဝအသက်တာသည်လည်း လုံးဝ ပစ်ပယ်ရသောအခြေအနေသို့ ဆိုက်ရောက်လိမ့်မည်။AH1Burm 103.1

    အိမ်ထောင်တည်ထောင်မှုဆိုင်ရာအသိပညာသည် အရေးပါအရာ ရောက်ခြင်း - စာသင်သားတို့၏အချိန်ကုန်ခန်းစေသော အသိပညာ ဆိုင်ရာလေ့လာမှုအများအပြားတို့သည် သူတို့၏အသုံးကျမှု (သို့မဟုတ်) ပျော်ရွှင်မှုကိုမဖြစ်စေပါ။ သို့ရာတွင် လူငယ်လူရွယ်တိုင်းသည် ဝတ္တရားတိုင်းကို နားလည်ကျွမ်းကျင်မှုရှိရန်လိုအပ်လေသည်။ လိုအပ်လျှင်အမျိုးသမီးအနေဖြင့် ပြင်သစ်ဘာသာစကားနှင့်အက္ခရာသင်္ချာ (သို့မဟုတ်) စန္ဒရားတီးခြင်း စသောပညာများကို မသင်ကြားဘဲနေနိုင်ပါသည်။ သို့ရာတွင် အိမ်ရှင်မ အနေဖြင့် ပေါင်မုန့်ဖုတ်တတ်သောပညာ (ထမင်းဟင်းချက်တတ်သောပညာ) ကိုလည်းကောင်း၊ ခေတ်နှင့်ဆီလျော်သောအဝတ်အစားများချုပ်တတ်သော ပညာကိုလည်းကောင်း၊ အိမ်တွင်းမှုဆိုင်ရာဝတ္တရားအမြောက်အမြားကို လည်းကောင်း လုပ်ကိုင်တတ်ရန်၊ သင်ကြားတတ်မြောက်ထားရန် အလွန် ပင်အရေးကြီးပေးသည်။AH1Burm 103.2

    အိမ်ထောင်သားအားလုံးကျန်းမာမှုနှင့်ပျော်ရွှင်မှုရှိရန် အိမ်ထောင် သားတို့စားသောက်မှုအတွက် ချက်ပြုတ်ရသောသူ၏ ကျွမ်းကျင်မှုနှင့်ဉာဏ် ကောင်းမှုတို့အတွက် ပိုမိုအရေးပါအရာရောက်သောအရာမရှိပေ။AH1Burm 103.3

    ချက်ပြုတ်မှုညံ့ဖျင်း၍ အာဟာရမဖြစ်သောအစားအစာများကို ချက်ပြုတ်ကျွေးမွေးခြင်းကြောင့် လူကြီးပိုင်းတို့၏အသုံးကျမှုကိုလည်းကောင်း၊ ကလေးပိုင်း၏ကာယဥာဏကြီးပွားတိုးတက်မှုကိုလည်းကောင်း အဟန့်အတား ဖြစ်စေနိုင်သည်သာမက ဖျက်ဆီးစေနိုင်သည်။ သို့မဟုတ်လျှင်လည်း ကိုယ်ခန္ဓာကလိုအပ်နေသောအစာအာဟာရကို အိမ်ရှင်မသည် ချက်ပြုတ် ကျွေးမွေးလျှင် တစ်ချိန်တည်းမှာပင် ယင်းအာဟာရသည် စားချင်စဖွယ် လည်းဖြစ်၍ အရသာလည်းကောင်းမွန်လျှင် မှားယွင်းသောစီစဉ်လုပ်ကိုင်မှု ကြောင့် ဆိုးကျိုးများဖြစ်ထွန်းသကဲ့သို့ ကောင်းမွန်သောစီစဉ်လုပ်ကိုင်မှုကြောင့် ကောင်းကျိုးများဖြစ်ထွန်းနိုင်ပေမည်။ ထိုကြောင့် သာမန်တာဝန်ဝတ္တရားများ ကိုထမ်းဆောင်ရာတွင် နည်းလမ်းအမျိုးမျိုးအားဖြင့် ဘဝရပ်တည်မှု၏ ပျော်ရွှင်သာယာမှုသည် သစ္စာရှိမှုနှင့်ဆက်သွယ်ပတ်ရစ်နေပါသည်။AH1Burm 103.4

    ကျန်းမာမှုဆိုင်ရာကျင့်ဝတ်များကိုဂရုစိုက်ပါ - အစားအစာ ချက်ပြုတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ သားသမီးများအားကြည့်ရှု ပြုစုခြင်း၊ လူနာကိုကြည့်ရှုကုသခြင်းမှစသော အလားတူလုပ်ငန်းများတို့ကို ခါတိုင်းပြုလုပ်နေကျထက် ပိုမိုဂရုစိုက်လုပ်ကိုင်သင့်ပေသည်။AH1Burm 104.1

    ကျန်းမာမှုဆိုင်ရာအကြောင်းအရာများကိုလေ့လာရာတွင် အားသွန် ခွန်စိုက်သင်ကြားပို့ချသောဆရာသမားအနေဖြင့် ပုဂ္ဂလိကအလေ့အကျင့်များ နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ချို့ယွင်းချက်မရှိသောသန့်ရှင်းစင်ကြယ်မှ ရှိရန်လည်း လိုအပ်ကြောင်းကိုပြသရန် ရရှိသမျှသောအခွင့်အရေးကို အသုံး ပြုရမည်။ ကျန်းမာမှုကိုအထောက်အကူပြုသောအိပ်ခန်း၊ သန့်ရှင်းသောမီးဖို ခန်း၊ အာဟာရဖြစ်သောအစားအစာများ တင်ထားသောထမင်းပွဲတို့သည် အိမ်ထောင်သားတို့၏ပျော်ရွှင်မှုကိုလည်းကောင်း၊ သိမြင်တတ်သောဧည့်သည် တို့၏လေးစားမှုကိုလည်းကောင်း ရယူရာတွင် ဧည့်ခန်းတွင်ကြေးကြီးကြီး ပေးရသောစားပွဲ၊ ကုလားထိုင်နှင့်မှန်ဗီရိုကြီးများ ဝယ်ယူထားရှိသည်ထက် ပိုမိုခရီးရောက်ကြောင်းကို စာသင်သားတို့အားသင်ပေးပါ။ “အစာထက်အသက် မြတ်သည်မဟုတ်လော၊ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော” (လု၊ ၁၂:၂၃) ဆိုသောသင်ခန်းစာသည် နှစ်ပေါင်းတစ်ထောင်ရှစ်ရာလောက်က ဆရာတော်ကြီးယေရှုရှင်မိန့်ကြားသောအချိန်၌ကဲ့သို့ ယခုအချိန်တွင်လည်း အလားတူလိုအပ်နေပေသည်။AH1Burm 104.2

    ဝီရိယရှိသောအလေ့အကျင့်များကိုယ်တိုင်ကြိုးစားရယူရန် အကြံ ဉာဏ်ပေးခြင်း - သင့်အနေဖြင့်ဘေးမသီရန်မခတ်ဘဲ အိမ်ထောင်မပြုမီ ပြင်းထန်စွာဆုံးမပဲ့ပြင်ရန်လည်းကောင်း၊ ဇွဲကောင်းကောင်းဖြင့်လည်းကောင်း ချုပ်ထိန်းထားရန် လိုအပ်နေသောထူးခြားသည့်စာရိတ္တမျိုး သင်၌ရှိသည်။ သို့ဖြစ်သောကြောင့် သင့်စာရိတ္တ၌ချို့ ယွင်းချက်တို့ကို အောင်မြင်နိုင်နင်း ထားနိုင်သည်တိုင်အောင် အိမ်ထောင်ပြုမည့်ကိစ္စကို သင်စိတ်မကူးပါနှင့်။ အဘယ်ကြောင့်ဆိုသော် သင့်ဇနီးသည်အနေဖြင့် ခင်ပွန်း၏ပျော်ရွှင်စိတ်ချမ်းသာ မှုကို ဖန်တီးပေးနိုင်စွမ်းမရှိသေးပေ။ အိမ်တွင်းမှုဆိုင်ရာလုပ်ငန်းကို စနစ် တကျလုပ်ကိုင်နိုင်ရန်၊ သင့်ကိုယ်ကိုပညာပေးရန် လျစ်လျူရှုခဲ့လေပြီ။ ဝီရိယရှိ သောအလေ့အကျင့်များကို ကြိုးပမ်း၍ရယူထားရန်လိုအပ်သည်ကို သင့်အနေဖြင့် တွေ့မြင်သိရှိခြင်းမရှိခဲ့ပေ။ အသုံးဝင်သောလုပ်ငန်းများကိုလုပ်ကိုင်နိုင်ရန် နှစ်ခြိုက်သောအလေ့အကျင့်ကိုရရှိပြီးနောက် ယင်းကိုဘယ်အခါမျှမဆုံးပါးနိုင် ပေ။ ထိုအခါ သင်သည် မည်သည့်ဘဝအသက်တာမျိုး၌မဆို ပစ်တိုင်း ထောင်သဖွယ်ရပ်တည်နေရန် အသင့်ပြင်ပြီးသားဖြစ်၍ အိမ်ရှင်မရာထူး အတွက်လည်း ထိုက်ထိုက်တန်တန်တာဝန်ယူနိုင်ပြီးဖြစ်လိမ့်မည်။ သင့်အနေ ဖြင့်လုံ့လဝီရိယရှိခြင်းကို နှစ်သက်လိမ့်မည်။ အသုံးဝင်သောလုပ်ငန်းကို လုပ်ကိုင်ရန် သင်သည်နှစ်သက်လျှင် သင်၏စိတ်သည် ယင်းလုပ်ငန်းတွင် စိတ်ဝင်စားနေလျက် လေထဲတိုက်အိမ်ဆောက်သည့်လုပ်ရပ်များကိုလုပ်ကိုင်ရန် သင့်အနေဖြင့်အချိန်ရတော့မည်မဟုတ်ပေ။AH1Burm 105.1

    အသုံးဝင်သောအလုပ်အကိုင်များကိုသိရှိခြင်းသည် သင်၏ဂနာမငြိမ် ၍ ကျေနပ်မှုမရှိသောစိတ်ကိုအင်အား၊ လက်ရုံးရည်၊ နှလုံးရည်ဖြင့်ပြန့်စေ လျက် လူတကာတို့၏လေးစားခြင်းကိုခံရစေမည်။ အစဉ်သင့်လျော်၍ ကာယိ န္ဒြေရှိသောဂုဏ်သိက္ခာကိုပေးလိမ့်မည်။AH1Burm 105.2

    မိန်းကလေးများအတွက်လက်တွေ့ ပညာ၏တန်ဖိုး - သား၏ နောင်ရေးစားသောက်နေထိုင်မှုကိစ္စအတွက် သူ့အားပညာသင်ပေးရန် လိုအပ်သည်ဟု ယုံကြည်ကြသောသူအများတို့က၊ သူတို့၏သမီးဖြစ်သူသည် လွတ်လပ်စွာဖြင့်လည်းကောင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် သူ့ဝမ်းသူကျောင်း နိုင်ရန်အတွက် ပညာသင်ကြားတတ်မြောက်ရေးနှင့်မသင်ကြားရေးကိစ္စများ သူ့စိတ်ကြိုက်သာဖြစ်စေသင့်သည်ဟု ယူဆထားကြဟန်လက္ခဏာရှိသည်။ သူ နေ့စဉ်ပရိယေသနဝမ်းစာအတွက် လုပ်ခကြေးငွေများရရှိအောင် လုပ်ကိုင်ရာတွင် လက်တွေ့ အသုံးမပြုနိုင်လောက်သောပညာရေးကို စာသင်ကျောင်းတွင် သင်ကြားတတ်မြောက်သည်။ မီးဖိုချောင်နှင့်အိမ်တွင်းမှု ဆိုင်ရာအသက်တာအကြောင်းနှင့်ပတ်သက်၍ သင်ကြားပို့ချခြင်းမခံရသော ကြောင့် ယင်းမိန်းကလေးသည် အသက်အရွယ်ရောက်ရှိလာချိန်တွင် သုံး၍မရသောကြောင့် မိဘတို့အတွက် မလိုလားအပ်သောဝန်ထုပ်ကြီး ဖြစ်နေလေသည်။AH1Burm 105.3

    မိမိကိုယ်ကိုထိန်းကျောင်းမှုနှင့်ပတ်သက်၍ သင်ကြားပို့ချမှုခံရသော အမျိုးသမီးတစ်ဦးသည် အခြားသူတို့အားတစ်ဆင့်ထိန်းကျောင်းပေးရန် သင့်လျော်သောပုဂ္ဂိုလ်ဖြစ်သည်။ သူ့အနေဖြင့်အိမ်ထောင်၌ဖြစ်စေ၊ လူ့အဖွဲ့ အစည်းတွင်ဖြစ်စေ “မစွမ်းသောသူ” ဘယ်အခါမျှမဖြစ်နိုင်ပေ။ ကံမကောင်း အကြောင်းမလှ၍ စီးပွားရေးကျပ်တည်းမှုကိုရင်ဆိုင်ရသောအခါ သူသည် တစ်နေရာရာတွင် အလုပ်အကိုင်တစ်ခုခုကိုရမည်ဖြစ်ပြီး ယင်းအလုပ်အကိုင် မှရရှိသောချွေးနည်းစာဖြင့် သူ့ဝမ်းစာသူထိန်းကျောင်းနိုင်သည်သာမက သူ့အပေါ်အားထားနေကြသောသူတို့ကိုပါ လိုအပ်သောအကူအညီကိုပေးနိုင် မည်ဖြစ်သည်။ လိုအပ်လျှင် မိမိဝမ်းစာကိုရှာဖွေနိုင်စေရန် အမျိုးသမီးတို့အား အလုပ်အကိုင်တစ်ခုခုကိုသင်ကြားတတ်မြောက်ထားစေရမည်။ မိန်းကလေး တိုင်းသည် ဣန္ဒြေရသောအလုပ်အကိုင်တစ်ခုခုကိုလုပ်ကိုင်သည်သာမက အိမ်ထောင်၏အိမ်တွင်းမှုလုပ်ငန်းများကို စီမံကွပ်ကဲရန်သင်ကြားထားခြင်း၊ ထမင်းဟင်းချက်ပြုတ်တတ်ခြင်း၊ အိမ်ကိုထိန်းသိမ်းကြည့်ရှုတတ်ခြင်းနှင့် အချုပ်အလုပ်များလုပ်ကိုင်တတ်ခြင်း စသောပညာများကို ဆည်းပူးထားရ ကြမည်။ အိမ်ထောင်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အိမ်ရှင်မအနေဖြင့် သိသင့်သိထိုက်သော အိမ်ထောင်မှုဆိုင်ရာကိစ္စအဝဝကို သိရှိရပါမည်။ ထိုအခါ အကျပ်အတည်းနှင့်ရင်ဆိုင်ရသောအခါ သူမသည် အရေးပေါ်ကာလအတွက် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။ တစ်နည်းအား ဖြင့် သူမသည် အခြေအနေ၏အုပ်စီးထားခြင်းကို ခံရမည်မဟုတ်ပေ။AH1Burm 106.1

    အမျိုးသမီးတိုင်းအတွက် အိမ်တွင်းမှုဆိုင်ရာတာဝန်များကို သိရှိ ခြင်းသည် တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးထိုက်လှသည်။ ဇနီးလည်း ဖြစ်၊ မိခင်လည်းဖြစ်သော အမျိုးသမီး၏တတ်ကျွမ်းမှုမရှိသောကြောင့် ပျော်ရွှင်မှုပျက်စီးပြိုကွဲခဲ့သော အိမ်ထောင်ပေါင်းမရေတွက်နိုင်လောက်အောင် များပြားလှပါသည်။ ကျွန်ုပ်တို့သမီးဖြစ်သူများသည် ပန်းချီအတတ်၊ ဆီဆေး ဖြင့်ခြယ်လှယ်မှုအတတ်၊ တေးဂီတအတတ်များကိုမတတ်သော်လည်း အရေး မကြီးလှပေ။ ယင်းအတတ်ပညာတို့ထက် ပိုမိုအရေးကြီးသောအတတ်ပညာ မှာ ကိုယ်တိုင်ဝတ်မည့်အဝတ်အစားအတွက် ညှပ်ခြင်း၊ ချုပ်လုပ်ခြင်း၊ ဖာထေး ခြင်း (သို့မဟုတ်) အစားအသောက်များကို အရသာရှိရှိချက်ပြုတ်တတ် ခြင်းဖြစ်သည်။ အသက်ကိုးနှစ် (သို့မဟုတ်) ဆယ်နှစ်အတွင်းရောက်ရှိနေ သော မိန်းကလေးများကို တတ်နိုင်သရွေ့ အိမ်တာဝန်များကို ပါဝင်ထမ်းဆောင် စေပြီး လုပ်ကိုင်သမျှအလုပ်ကိုလည်း တာဝန်ယူ၍ထမ်းဆောင်စေရမည်။ သင်၏သားသမီးများအတွက် ဘယ်ကဲ့သို့သောအစီအစဉ်များ ထားရှိပါသနည်း ဟူသောမေးခွန်းကို ဤအဖြေမျိုးကိုပေးသောဖခင်တို့သည် ဉာဏ်အမြော်အမြင် နှင့်ပြည့်စုံသော ဖခင်များဖြစ်သည်။ “ကျွန်တော်ရဲ့ သမီးများကို မိခင်တစ်ဦးအ နေဖြင့် လုပ်ရိုးလုပ်စဉ်များကို လုပ်ကိုင်စေပါသည်။ အကျိုးရှိသောအလုပ် များကို လုပ်ကိုင်စေခြင်းအားဖြင့် အချိန်ကိုအသုံးပြုစေပါသည်။ ဇနီးကောင်း နှင့်မိခင်ကောင်းများ၊ အိမ်ထောင်ဦးစီးများနှင့်အဖွဲ့အစည်းအား အကျိုးပြု လုပ်သားများဖြစ်စေပါသည်။”AH1Burm 107.1

    ထိန် ခင်ပွန်းလောင်းသည် ချွေတာစုဆောင်းတတ်၍ ဝီရိယရှိရမည် - ရှေးခေတ်က သတို့သားလောင်းတစ်ဦးစီထိမ်းမြားမင်္ဂလာပြုရန် စေ့စပ် ကြောင်းလမ်းခြင်းကိုအတည်မပြုမီ သူ့အခြေအနေအရ ယောက္ခမလောင်းအား ကြေးငွေဖြစ်စေ၊ အခြားပစ္စည်းဥစ္စာတစ်ခုခုဖြစ်စေ ခန်းဝင်အနေဖြင့်ပေးရသော ထုံးစံရှိခဲ့သည်။ တစ်နည်းအားဖြင့် ထိမ်းမြားမင်္ဂလာအတွက် လုံလောက်သော အကာအကွယ်အနေဖြင့် ထားရှိခြင်းဖြစ်သည်။ အိမ်ထောင်တစ်ခုကိုထောက်ပံ့ တင်ကူးစီမံထားခြင်းမရှိသော ယောက်ျားကလေးများလက်သို့ သူတို့၏သမီး အားထိုးအပ်ရန် သင့်လျော်လိမ့်မည်ဟု အဘယ်မိခင်တို့ကမှမယူဆပေ။ သတို့သားလောင်းအနေဖြင့် ချွေတာစုဆောင်းခြင်း၊ လုပ်ငန်းကိုဦးစီးလုပ်ကိုင် ၍ ကျွဲ၊ နွား (သို့မဟုတ်) မြေယာကိုယ်ပိုင်များရရှိရန် အင်တိုက်အားတိုက် လုပ်ကိုင်၍ထားခြင်းမရှိလျှင် သူ့ဘဝအသက်တာမျိုးသည် ကောင်းကျိုးပြုလုပ် မည်မဟုတ်ဟု ယောက္ခမလောင်းများက စိုးရိမ်မကင်းဖြစ်ကြသည်။ သို့ရာတွင် ဇနီးတစ်ယောက်ရဖို့ ပိုက်ဆံကြေးငွေ၊ အခြားပစ္စည်းတစ်စုံတစ်ခု ခန်းဝင် ပစ္စည်းမပေးနိုင်သောသတို့သားလောင်းအတွက် စီမံချက်တစ်ခုထားရှိလေသည်။ ယောက္ခမလောင်းအတွက် အလုပ်တစ်ခုခုကိုလုပ်ခွင့်ပေးထား၍ လုပ်ကိုင်ပေး ရသောကာလမည်မျှကြာရှည်မည်ကို ခန်းဝင်ပစ္စည်းတန်ဖိုးအားဖြင့် ဆုံးဖြတ် ရသည်။ သတို့သားလောင်းသည် အလုပ်လုပ်ကိုင်ပေးရာတွင် သစ္စာရှိစွာဖြင့် ဆောင်ရွက်လျှင်လည်းကောင်း၊ ၎င်းပြင် အခြားကိစ္စများတွင်လည်း သားမက် ဖြစ်ထိုက်ကြောင်းကိုလက်တွေ့ ပြလျှင်လည်းကောင်း သူသည် ယင်းသမီးကို ဇနီးအဖြစ်ရရှိလေသည်။ အများအားဖြင့် ဖခင်ရရှိထားသောခန်းဝင်ပစ္စည်းကို သမီး၏လက်ထပ်ချိန်တွင် သမီးအားပြန်လည်လက်ဖွဲ့လိုက်လေသည်။AH1Burm 107.2

    လာဗန်ကဲ့သို့ တစ်ခါတစ်ရံအလွဲသုံးစားပြုကြသော ယင်းရှေးထုံးစံ သည် ကောင်းကျိုးပြုသည်။ သားမက်လောင်းသည် သတို့သမီးကိုရရှိရန် ယောက္ခမလောင်းအတွက် အလုပ်အကိုင်လုပ်ပေးရလျှင် အလျင်စလိုပြုလုပ် ကြသော ထိမ်းမြားမင်္ဂလာပွဲမျိုးကို တားဆီးထားနိုင်သည်သာမက သားမက် လောင်း၏မေတ္တာအတိမ်အနက်ကိုလည်းကောင်း၊ အိမ်ထောင်တစ်ခုကိုထောက်ပံ့ ပေးနိုင်စွမ်းမရှိသည်ကိုလည်းကောင်း စုံစမ်းရန်အခွင့်အရေးရလေသည်။ ကျွန်ုပ် တို့ခေတ်တွင် ယင်းလမ်းစဉ်မျိုးနှင့်ဆန့်ကျင်သုံးကြသောကြောင့် ဒုက္ခအမျိုးမျိုး ကိုရင်ဆိုင်ကြရသည်။AH1Burm 108.1

    ကြေးငွေများရှာဖွေနိုင်စွမ်းမရှိသောယောက်ျားဟူသည် အပြစ်တင် ခံရမှုနှင့်မလွတ်ကင်းနိုင်ပေ။ အများသောယောက်ျားတို့သည် ကြင်နာတတ် သည်၊ ချစ်ဖွယ်ကောင်းသည်၊ လိုက်ရောသည်၊ လူကောင်းတစ်ယောက် ဖြစ်သည်၊ ခရစ်ယာန်ပီသသည်ဟု ပြောဆိုနိုင်ပေသည်။ သို့ရာတွင် ထိုသူ သည် သူ့ကိုယ်ပိုင်လုပ်ငန်းကိုဦးစီးကြိုးကိုင်ပြုရန် အရည်အချင်းမရှိပေ။ ကြေးငွေအရင်းအနှီးပြုလုပ်ရေးတွင် သူသည် ကလေးလူမမယ်ကလေးမျှသာ ဖြစ်သည်။ ကိုယ်ထူကိုယ်ထစနစ်၏ကျင့်ဝတ်များကို နားလည်ကျင့်သုံးရန် သူ့မိဘများက သူ့အားသင်ကြားပို့ချမှုမရှိခဲ့ပေAH1Burm 109.1