Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၆—သားသမီးများ၏အပေါင်းအဖော်

    သားသမီးများနှင့်အချိန်ယူ၍နေထိုင်ပါ - သားသမီးတို့၏ ခင်တွယ်မှုနှင့်စည်းလုံးမှုကို ရယူနိုင်သောအခွင့်ကောင်းအခါကောင်းများကို အများသောဖခင်တို့သည် ကိုင်စွဲခြင်းမပြုဘဲလက်လွတ်ခံကြသည်။ လုပ်ငန်းခွင် မှအိမ်ဂေဟာသို့ပြန်လာကြသောအခါ ဖခင်ဖြစ်သူသည် အပြောင်းအလဲအနေ ဖြင့် အချိန်ယူလျက် သားသမီးတို့နှင့်ခင်မင်ရင်းနှီးစွာ လက်ပွန်းတတီးနေထိုင် သင့်ပေသည်။AH1Burm 287.1

    ဖခင်တို့သည် မှားယွင်းစွာဂုဏ်သိက္ခာထိန်းသိမ်းခြင်းကို ဖယ်ရှား ၍ အားလပ်ချိန်များတွင် မိမိတို့၏စိတ်ပျော်ရွှင်မှုအတွက် သုံးဖြုန်းခြင်းများ ကိုရပ်ဆိုင်းလျက် ယင်းအချိန်များတွင် သားသမီးများနှင့်ရောရောနှောနှော နေထိုင်ခြင်း၊ သူတို့၏အခက်အခဲများကိုကူညီဖြေရှင်းပေးခြင်း၊ ခိုင်မာသော မေတ္တာနှောင်ကြိုးဖြင့် သူတို့ကိုချည်နှောင်ထားခြင်း၊ မိဘစကားကိုမြေဝယ် မကျနားထောင်စေရန် သူတို့၏ရင့်သန်ထွားကြိုင်းလျက်ရှိသော စိတ်များအပေါ် သင့်လျော်သောဩဇာသက်ရောက်မှုရှိစေခြင်း စသောဆောင်ရွက်မှုများကို ပြုလုပ်သင့်ကြပေသည်။AH1Burm 287.2

    သားယောက်ျားများကိုအထူးစိတ်ဝင်စားပါ - ဖခင်ဖြစ်သူသည် ယောက်ျားများနှင့်ရင်းနှီးမှုရှိလျက် သူတို့၏ရင့်ကျက်သောအတွေ့အကြုံများ ကို သားယောက်ျားတို့အားဝေလျက် သူတို့အားရိုးသားစွာနှင့်နူးညံ့သိမ်မွေ့ စွာ စကားပြောဆိုဆက်ဆံခြင်းအားဖြင့် သူတို့၏မေတ္တာကိုခံယူသင့်ကြပေ သည်။ ဖခင်အနေဖြင့် သူတို့၏ကောင်းကျိုး၊ သူတို့၏ပျော်ရွှင်မှုများကို အထူးလိုလားလျက် ယင်းတို့ကိုအကောင်အထည်ဖော်ရန် ဦးတည်ဆောင်ရွက် “လျက်ရှိကြောင်းကို သားယောက်ျားတို့အားသိရှိတွေ့ မြင်ပါလေစေ။AH1Burm 287.3

    သားယောက်ျားများကိုမွေးထားသောဖခင်သည် မည်ကဲ့သို့သော အလုပ်အကိုင်မျိုးကို သူလုပ်ကိုင်နေရသည်မဆို သူ့လက်တွင်း၌အပ်နှံထား သော ယင်းသားတို့အား ဘယ်အခါမျှလျစ်လျူရှုထားခြင်းမရှိစေရ။ သူသည် ယင်းသားများကို ဤလောကကြီးထဲသို့သွတ်သွင်းလာခဲ့ပြီးဖြစ်၍ သူတို့အား မသန့်ရှင်းသောအပေါင်းအဖော်များ၊ ဆိုးယုတ်သောသူတို့၏အသိုက်အဝန်း များအတွင်းသို့ ဝင်ရောက်သွားခြင်းမရှိစေရန် သူသည်တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ သူ၏ဂနာမငြိမ်သော သားယောက်ျားများကို ကြည့်ရှုထိန်းသိမ်းရန် မိခင်ဖြစ်သူလက်သို့ လုံးလုံးအပ်နှံထားခြင်းမရှိစေရ။ မိခင်အတွက် ကြီးလေးသောဝန်ထုပ်ကြီးများဖြစ်နေလိမ့်မည်။ မိခင်ဖြစ်သူနှင့် သားသမီးတို့အတွက် အကျိုးအများဆုံးဖြစ်စေရန် ခပ်သိမ်းသောအရာများကို စီစဉ်ပြုလုပ်ပေးရမည်ဖြစ်သည်။ မိမိကိုယ်ကိုချုပ်တည်းရန်နှင့် တစ်ချိန်တည်း မှာပင် သားသမီးတို့အား ဉာဏ်ပညာအမြော်အမြင်ရှိစွာဖြင့် သွန်သင်ဆုံးမ ရန် သူမအတွက်အလွန်ခက်ခဲပေလိမ့်မည်။ ယင်းကဲ့သို့ဖြစ်လျှင် ဖခင်သည် တာဝန်ကိုပိုမိုထမ်းသင့်ပေသည်။ သူ့သားသမီးတို့အားကယ်ဆယ်ရန် သူအတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သင့်ပေသည်။AH1Burm 288.1

    သားသမီးတို့အားအသုံးဝင်သောသူများဖြစ်လာစေရန် သင်ကြား ပေးပါ - အိမ်ထောင်ဦးစီးအနေဖြင့် ဖခင်ဖြစ်သူသည် မိမိသားသမီးများ အား အသုံးဝင်သောသူများနှင့် တာဝန်ထမ်းဆောင်သောသူများဖြစ်လာစေရန် သင်ကြားပုံသင်ကြားနည်းကို နားလည်သင့်ပေသည်။ အခြားသောလုပ်ငန်း ထက် ဤလုပ်ငန်းသည် ဖခင်၏တာဝန်ဖြစ်သည်။ သားသမီးတို့၏နုနယ် သောဘဝအသက်တာတွင် သူတို့၏အပြုအမူအနေအထိုင်ကို လိုအပ်သော ပုံသွင်းပေးရန် အများအားဖြင့် မိခင်ဖြစ်သူကဆောင်ရွက်ရသည်။ သို့ရာတွင် ယင်းလုပ်ငန်းကိုဆောင်ရွက်ပေးရာတွင် မိခင်ဖြစ်သူသည် ဖခင်ဖြစ်သူ၏ လက်တွဲဆောင်ရွက်မှုရရှိသည်ဟူသောခံစားချက်ကို အမြဲတမ်းရင်ဝယ်ပိုက် ထားသင့်ပေသည်။ အကယ်၍ ဖခင်ဖြစ်သူသည် သူ့မိသားစုအတွက် အသုံးဝင် လှသောလုပ်ငန်းကို ပါဝင်ကူညီ၍ဆောင်ရွက်ရန် မအားမလပ်အချိန်မရ လောက်အောင် ဝင်ငွေရလုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်နေလျှင် သူ့သားသမီး တို့အား ပြုအပ်သောမိဘဝတ်ကိုထမ်းဆောင်ခွင့်ပြုသည့် အခြားလုပ်ငန်းသစ် တစ်ခုခုကို ရှာဖွေလုပ်ကိုင်သင့်ပေသည်။ အကယ်၍သူသည် သားသမီးတို့ အားလျစ်လျူရှုထားလျှင် သူ့အားဘုရားသခင်ကအပ်နှင်းထားတော်မူသော တာဝန်အပေါ် သစ္စာမဲ့ရာကျလေသည်။AH1Burm 288.2

    လောကကြီး၏သွေးဆောင်မှုများထက် ပိုမိုအားကောင်းသောဖခင် ၏သြဇာသက်ရောက်မှုမျိုးသည် သားသမီးများအပေါ်တွင် ရှိနေသင့်ပေသည်။ သူ၏သေးငယ်သောမိသားစုစက်ဝိုင်းအတွင်း၌ နေထိုင်လျက်ရှိကြသော အိမ်သူအိမ်သားတို့၏လိုအပ်ချက်များနှင့်အန္တရာယ်များကို နားလည်သိရှိထား ခြင်းအားဖြင့် မှားယွင်းမှုများကိုနှိပ်ကွပ်ဖယ်ရှား၍ အမှန်ကိုအားပေးနိုင်ရန် သူတို့၏စိတ်နေသဘောထားနှင့်အကျင့်စာရိတ္တတို့ကို လေ့လာသင့်ပေသည်။AH1Burm 289.1

    ဖခင်၏အလုပ်အကိုင်သည် ... ဘယ်ကဲ့သို့သောအမျိုးအစားပင်ဖြစ် သော်လည်း ထာဝရဘုရားချမှတ်ပေးထားတော်မူသောလမ်း၌ သူ့သားသမီး များအားလျှောက်လိုက်စေရန် ဆုံးမသြဝါဒပေးရသောအလုပ်ကို လျစ်လျူရှု စေလောက်အောင် သူ့အလုပ်အကိုင်သည် အရေးပါအရာရောက်လှသည် မဟုတ်ပေ။AH1Burm 289.2

    စိတ်နေသဘောထားအမျိုးမျိုးတို့ကိုသိကျွမ်းမှုရှိပါစေ - ဖခင် အနေဖြင့် သူ့သားသမီးတို့၏သဘာဝများနှင့်လိုအပ်ချက်များကို လေ့လာရန် အချိန်မရရှိလောက်အောင် သူ့လုပ်ငန်းများ၌သော်လည်းကောင်း၊ စာပေများ လေ့လာမှုများ၌သော်လည်းကောင်း စိတ်ဝင်စားနေမှုမရှိသင့်ပေ။ သားသမီး တို့၏စိတ်နေသဘောထားများနှင့်ကိုက်ညီသော အသုံးဝင်သည့်အလုပ်အကိုင် များကို ဆောင်ရွက်စေခြင်းအားဖြင့် သူတို့၏အချိန်ကိုကုန်လွန်စေနိုင်မည့် နည်းလမ်းများကို ကြံစည်တွေးဆရှာဖွေရာတွင် ဖခင်သည် ကူညီသင့်ပေ သည်။AH1Burm 289.3

    ဖခင်တို့၊ သင်တို့၏သားသမီးများနှင့်လက်ပွန်းတတီးနေထိုင်နိုင် သည့်အချိန်ကို များများပေးပါ။ သင့်သားသမီးတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လျော်ညီစွာ သင်ကြားပြသပေးနိုင်မည့်နည်းလမ်းကို သိရှိရန်၊ သူတို့၏စိတ်နေသဘောထားများကိုသိရှိရန် ကြိုးပမ်းကြပါ။ စိတ် အားငယ်သောစကားမျိုးတစ်လုံးတစ်ပါဒမျှ သင်တို့နှုတ်မှမထွက်ပါစေနှင့်၊ အိမ်ထောင်တွင်းသို့မယူလာပါနှင့်။ သင်တို့၏သားသမီးများနှင့်ကြည်နူးမှု ရှိပါ၊ ကြင်နာပါ၊ ချစ်ပါ။ သို့ရာတွင် မိုက်မဲစွာအလိုလိုက်ခြင်းကို ရှောင်ကြဉ်ပါ။ သားသမီးတို့အား လူတိုင်းကဲ့သို့ သူတို့၏စိတ်ပျက်မှုများကို သူတို့ခံပါလေစေ။ သူတို့၏တစ်ဦးကိုတစ်ဦး မဖြစ်လောက်သောစွပ်စွဲပြောဆို မှုတို့နှင့် သင်တို့ထံသို့ချဉ်းကပ်မှုကိုအားမပေးပါနှင့်။ သားသမီးတို့သည် တစ်ဦးကိုတစ်ဦးသည်းခံ၍ တစ်ဦးအပေါ်တစ်ဦးယုံကြည်လေးစားမှုထားရှိရန် ကြိုးပမ်းဖို့သင်ကြားပေးပါ။AH1Burm 290.1

    အလုပ်အကိုင်နှင့်အားကစားမှုများတို့တွင် သားသမီးတို့နှင့် ပေါင်းဖက်ဆောင်ရွက်ပါ - ဖခင်တို့၊ မေတ္တာနှင့်အာဏာကိုလည်းကောင်း၊ ကြင်နာခြင်း၊ ကိုယ်ချင်းစာခြင်းနှင့် တင်းကျပ်သောတားမြစ်ခြင်းတို့ကိုလည်း ကောင်း ပေါင်းစပ်၍ဆောင်ရွက်ပါ။ သင်တို့၏အားလပ်ချိန်ကို သားသမီး များနှင့်လက်ပွန်းတတီးနေထိုင်ခြင်းဖြင့်အသုံးပြုပါ။ သူတို့နှင့်ပိုမိုရင်းနှီးအောင် ပြုပါ။ အလုပ်အကိုင်နှင့်အားကစားမှုတို့ဖြင့် သားသမီးတို့နှင့်ပေါင်းဖက် ဆောင်ရွက်ခြင်းအားဖြင့် သူတို့၏ယုံကြည်မှုကိုရယူပါ။ အထူးသဖြင့် သင်တို့၏ သားသမီးများနှင့်ရင်းနှီးမှုရှိရန်ကြိုးစားပါ။ ဤနည်းအားဖြင့် သင်တို့သည် သူတို့အပေါ်အမြဲတမ်းသြဇာသက်ရောက်မှုရှိလိမ့်မည်။AH1Burm 290.2

    သဘာဝဓမ္မကြီးမှသင်ခန်းစာများကို သားသမီးတို့အားသင်ကြား ပေးပါ - ဖခင်ဖြစ်သူ၏တာဝန်ကိုပေါ့ပါးစေရန် ဖခင်ဖြစ်သူသည် ကြိုးပမ်း ၍ဆောင်ရွက်ပါ။ လှပသောပန်းပွင့်များ၊ အရွက်များ၌ပင် ဘုရားသခင်၏ ဆောင်ရွက်ချက်နှင့်မေတ္တာတော်ကိုတွေ့ ရှိနိုင်သော မြင့်မားသောသစ်ပင်ကြီး များကို သားသမီးတို့အားညွှန်ပြပါ။ ယင်းအရာဝတ္ထုများကို ဖန်ဆင်းတော် မူသောဘုရားသခင်သည် လှပခြင်းနှင့်ကောင်းမြတ်ခြင်းတို့ကိုနှစ်သက်တော် မူကြောင်းကို သူတို့အားသင်ကြားပေးပါ။ ခရစ်တော်သည် တပည့်တော် များအား တောနှင်းပန်းများနှင့်ငှက်သတ္တဝါများကိုညွှန်ပြလျက် သူတို့ ဘုရားသခင်သည် ဘယ်ကဲ့သို့ကြည့်ရှုတော်မူကြောင်းနှင့် ဘုရားသခင်သည် သတ္တဝါများနှင့်ပန်းပင်များထက် မြတ်သောလူသားတို့ကို အလားတူကြည့်ရှု တော်မူမည်ကို ယင်းတို့သည် အထောက်အထားဖြစ်ကြောင်းတို့ကို ကိုယ်တော်ရှင်သည် မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မည်သည့် အရာကိုမဆို လှပခြင်းကိုပြသရန်ကြိုးပမ်းရာတွင် မည်မျှလောက်များပြား သောအချိန်ကိုသုံးဖြုန်း၍ ပြုလုပ်ကြသော်လည်း ယင်းလူပြုပြင်သောလှပခြင်း သည် လယ်တောမှအရိုးဆုံးပန်းပွင့်ကလေး၏လှပခြင်းခြေဖျားကိုပင်မမီကြောင်း သားသမီးတို့အားပြောပြပါ။ ဤနည်းအားဖြင့် သူတို့၏စိတ်စွဲလမ်းမှုကို ပဝတ္တိဖြစ်သော (သို့မဟုတ်) လူလုပ်သောအရာမှ သဘာဝဖြစ်သောအရာသို့ အာရုံလွှဲပြောင်းပေးနိုင်သည်။ သူတို့၏နှစ်ထောင်းအားရမှုအတွက် ယင်းလှပ သောအရာများကို သူတို့ကိုပေးကမ်းထားတော်မူသည်ကိုလည်းကောင်း၊ ခပ်သိမ်းသောအရာတို့ကိုချစ်သည်ထက် ပိုမိုကြီးမားသောမေတ္တာမျိုးဖြင့် ကိုယ်တော်ကိုချစ်စေလိုတော်မူသည်ကိုလည်းကောင်း သူတို့သည် လေ့လာ သင်ကြားနိုင်သည်။AH1Burm 290.3

    ဖခင်ဖြစ်သူသည် သားသမီးတို့အား ဥယျာဉ်ထဲသို့ခေါ်ဆောင်သွား ၍ ပွင့်လျက်နေသောပန်းအဖူးများနှင့် ပွင့်နေသောပန်းမျိုးစုံတို့၏အရောင် အမျိုးမျိုးတို့ကိုပြနိုင်သည်။ ဘုရားသခင်၏မေတ္တာတော်ကို ဖော်ပြထားသော သစ်ပင်များ၊ ပန်းပင်များနှင့်မြက်ပင်များပေါက်ရောက်လျက်ရှိသော သဘာဝ စာအုပ်ကြီးကို သားသမီးများတို့၏ရှေ့၌ဖွင့်ပြပြီး ဖန်ဆင်းရှင်နှင့်ပတ်သက် ၍ အရေးအကြီးဆုံးဖြစ်သော သင်ခန်းစာများကို သားသမီးတို့အား သင်ကြား ပေးနိုင်သည်။ ဘုရားသခင်သည် သစ်ပင်များနှင့်ပန်းပွင့်များကို ထိုမျှလောက် ဂရုစိုက်လျှင် ကိုယ်တော်ရှင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားတော် မူသောလူသတ္တဝါများကို ထိုထက်မက ဂရုစိုက်တော်မူမည်ဖြစ်ကြောင်းကို သားသမီးတို့အားပြောပြနိုင်သည်။ သားသမီးတို့သည် လူလုပ်သော လှပသည့်ဝတ်စားဆင်ယင်မှုမျိုးဖြင့်မဟုတ်ဘဲ လှပသောစာရိတ္တ၊ သူတို့အား စိတ်ချမ်းမြေ့စေသည့် ကြင်နာတတ်သောသဘော၊ ချစ်တတ်သောသဘော တို့ဖြင့် တန်ဆာဆင်ထားသည်ကို ဘုရားသခင်အလိုတော်ရှိတော်မူကြောင်း သားသမီးတို့အား စောစောကတည်းကပြောပြထားရန် လိုအပ်ပေသည်။AH1Burm 291.1