Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၅—သားသမီးများအားသွန်သင်ဆုံးမခြင်းသည် မိခင်၏ပထမဦးဆုံးတာဝန်ဖြစ်ခြင်း

    ဘုရားသခင်၏ငယ်ရွယ်သောကလေးများ၌ အသုံးပြုနိုင်သောအရာ ခပ်သိမ်းတို့ကို တွေ့မြင်တော်မူသည်။ သင့်လျော်သောသွန်သင်ဆုံးမမှုပေး လျှင် ကလေးသည်ကမ္ဘာလောကကြီးတွင် ကောင်းကျိုးပြုမည့် အင်အား တစ်ရပ်ဖြစ်လာနိုင်သည်။ မိခင်တို့သည် ကိုယ်တော်ရှင်၏စီမံကိန်းကို အကောင်အထည်ဖော်မည်မဖော်မည်ကိုလည်းကောင်း၊ ကလေး၏ပစ္စုပ္ပန်နှင့် ထာဝရပျက်စီးမှုအခြေအနေသို့ရောက်သည့်ကလေးအား အလိုလိုက်ခြင်းအား ဖြင့် ကိုယ်တော်ရှင်၏ရည်စူးချက်ကို ဖျက်ဆီးပစ်မည်ကိုလည်းကောင်း ကိုယ်တော်ရှင်သည် စိတ်ဝင်စားစွာဖြင့်စောင့်ကြည့်နေတော်မူသည်။ ဤမစ မဲ့ဖြစ်၍ အသုံးမကျမရေရာသောလူသားငယ်ကလေးတစ်ဦးအား ကမ္ဘာလောက ကြီးအတွက်ကောင်းကျိုးပြု၍ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့် လူသားအဖြစ်သို့ ပြောင်းလဲပေးခြင်းသည် ကြီးမား၍မွန်မြတ်သောလုပ်ငန်း ဖြစ်သည်။ မိဘတို့သည် သူတို့နှင့်သူတို့၏သားသမီးတို့အတွက် ဆောင်ရွက် ပေးရမည့်စပ်ကြား ဘာတစ်ခုမျှ ကြားဝင်သပ်ထိုးခြင်းမပြုစေရ။AH1Burm 352.1

    ဘုရားသခင်နှင့်တိုင်းပြည်အတွက်လုပ်ငန်းတစ်ရပ် — ဘုရားသခင် ၏ပညတ်တော်ကိုစောင့်ထိန်းသောသူတို့သည် ဖော်ထုတ်ပြောဆို၍မရနိုင်သော မျှော်လင့်စိုးရိမ်မှုဖြင့် သူတို့၏သားသမီးများကိုကြည့်ရှုလျက် သူတို့ရှေ့၌ ရှိနေသောတိုက်လှန်မှုတွင် ဘယ်ကဲ့သို့သောကဏ္ဍမှ သူတို့သည်ပါဝင်ဆင်နွှဲ ကြမည်ကို သိရှိလိုကြသည်။ စိုးရိမ်မကင်းဖြစ်သောမိခင်က မေးမြန်းလိုက် သည်မှာ “သားသမီးများသည် ဘယ်ကဲ့သို့ရပ်တည်ကြမည်နည်း။ သူတို့သည် ထာဝရကာလဆိုင်ရာ ဘုန်းတန်ခိုးကိုခံစားနိုင်စေရန် သူတို့၏ကဏ္ဍကို ထမ်းဆောင်နိုင်ဖို့ပြင်ဆင်မှုရှိစေရန် ကျွန်ုပ်တို့အနေဖြင့် ဘာကိုဆောင်ရွက် ပေးနိုင်သနည်း။ မိခင်တို့၊ သင်တို့အပေါ်၌ ကြီးလေးသောတာဝန်ရပ်တည် လျက်ရှိသည်။ သင်တို့အနေဖြင့် တိုင်းပြည်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို ထမ်းဆောင်နေသောသူမဟုတ်လင့်ကစား ဘုရားသခင်နှင့်သင်တို့တိုင်းပြည် များအတွက် ကြီးမားသောလုပ်ငန်းကြီးတစ်ခုကို ထမ်းဆောင်နိုင်ကြသည်။ ယင်းလုပ်ငန်းကြီးမှာ သင်တို့သားသမီးများကို သွန်သင်ဆုံးမရကြမည်။ သူတို့ သည်မကောင်းမှုဒုစရိုက်ကို လိုက်စားလိုသောစိတ်မရှိဘဲ အခြားသောသူတို့ အား မှန်ကန်သောအရာကိုပြုလုပ်စေရန်၊ သူတို့သြဇာသက်ရောက်မှုအသုံးပြု စေမည့်အကျင့်စာရိတ္တမျိုးကိုမွေးမြူစေရန် သူတို့ကိုသင်တို့မစကူညီရကြမည်။ သင်တို့၏ယုံကြည်အားကြီးသောဆုတောင်းပတ္ထနာများအားဖြင့် ကမ္ဘာကို လှုပ်ရှားစေသောလက်မောင်းကို သင်တို့လှုပ်ရှားပေးနိုင်ကြမည်။AH1Burm 352.2

    သားသမီးတို့အား ကလေးဘဝနှင့်လူငယ်ဘဝများတွင် ဆုံးမသွန်သင် ပေးရကြမည်။ အသုံးကျမှုအတွက်သားသမီးတို့ကို ပညာသင်ကြားပေးရမည်။ မိသားစုဘဝအတွက် လိုအပ်သမျှကိုဆောင်ရွက်ပေးရန် သူတို့အားဆုံးမသွန်သင် ပေးရမည်။ မိဘတို့သည် ကြင်နာသောအပြောအဆိုများနှင့် သဘောကျသော အသုံးအနှုန်းများကိုအသုံးပြုလျက် ယင်းတာဝန်များအား သာယာပျော်ရွှင်မှု အရှိဆုံးဖြစ်သော တာဝန်များဖြစ်စေရန်ဆောင်ရွက်ရကြမည်။AH1Burm 353.1

    အိမ်တွင်းမှုဆိုင်ရာဆုံးမပဲ့ပြင်မှုကို အများသောသူတို့ကလျစ်လျူရှု ခြင်း - ပညာသင်ပြသမှုဆိုင်ရာနည်းများတို့တွင် ဂုဏ်ယူပြောဆိုထားသော တိုးတက်မှုများရှိလင့်ကစား၊ ယခုအခါတွင် ကလေးသူငယ်များအား သွန်သင် ဆုံးမရာတွင် ဝမ်းနည်းဖွယ်ကောင်းသော ချွတ်ယွင်းချက်များရှိသည်။ အိမ်တွင်း ဆိုင်ရာဆုံးမပဲ့ပြင်မှုကို လျစ်လျူရှုထားကြသည်။ မိဘများအထူးသဖြင့် မိခင် တို့သည် သူတို့၏တာဝန်ကိုမသိရှိကြပေ။ ဆုံးမပဲ့ပြင်ရန် သူတို့၌သည်းခံ တတ်သောစိတ်မရှိကြပေ။ သူတို့လက်၌အပ်နှင်းထားသော သားငယ်သမီး ငယ်တို့အား အုပ်ထိန်းထားနိုင်သောအသိပညာလည်း သူတို့၌မရှိကြပေ။ AH1Burm 353.2

    မိခင်တို့သည် သူတို့ထမ်းဆောင်ရမည့်တာဝန်ကိုထမ်းဆောင်ခြင်း မရှိ။ မိခင်ဘဝ၏ရပ်တည်မှုအပေါ် သစ္စာမစောင့်ဆိုသည်မှာ မှန်ရာပြော သစ္စာဖြစ်သည်။ ကိုယ်တော်ရှင်၏အင်အားဖြင့် ကျွန်ုပ်တို့မဆောင်ရွက်နိုင် သောအရာကို ဆောင်ရွက်ရန်လည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်တိုင်အတွက်နှင့် ကျွန်ုပ်တို့၏သားသမီးများအတွက် အကျိုးပြုသောအရာတစ်ခုမျှပြုလုပ်ရန် လည်းကောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အားစေခိုင်းတော်မမူပေ။AH1Burm 353.3

    မိခင်များသည်ဘုရားသခင်၏မစမှုကိုရှာဖွေကြရမည် - မိခင် များသည် သူတို့၏တာဝန်များအရေးပါအရာရောက်ပုံကိုသိရှိကြလျှင် သူတို့ သည် ဆိတ်ကွယ်ရာအရပ်တွင် များစွာဆုတောင်းပတ္ထနာပြုလျက် သူတို့၏ သားသမီးများအား ယေရှုရှင်ထံသို့တင်ပြ၍ သူတို့အားကောင်းချီးပေးတော် မူရန်တောင်းဆိုပြီးလျှင် သူတို့၏တာဝန်များကိုလည်း မှန်ကန်ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ဉာဏ်ပညာကိုပေးရန်အသနားခံသင့်ကြပေသည်။ သူတို့ သားသမီးတို့၏စိတ်နေသဘောထားနှင့် အကျင့်ဓလေ့များကိုပုံသွင်းပေးရန် အခွင့်အရေးရှိသမျှကို တိုးတက်ကောင်းမွန်ပါလေစေ။ အကျင့်စာရိတ္တကြီးထွား ရင့်သန်မှုကိုစောင့်ကြည့်လျက် အလွန်အမင်းထင်ရှားသောအပြုအမူများကို အားပေးသင့်လေသည်။ မိမိကိုယ်တိုင်၏ဘဝအသက်တာအား သူမ၏သားသမီး ရတနာများအတွက် စင်ကြယ်မြင့်မြတ်သောပုံသက်သေဖြစ်ပါလေစေ။AH1Burm 354.1

    ၁၀ မိခင်ဖြစ်သူသည် မိမိ၏အလုပ်ကိုရဲစွမ်းသတ္တိဖြင့်လည်းကောင်း၊ အင်တိုက်အားတိုက်ဖြင့်လည်းကောင်းလုပ်ကိုင်လျက် သူမ၏ကြိုးပမ်းမှုအားလုံး တွင် ဘုရားသခင်၏အကူအညီကို အမြဲတမ်းအားကိုးအားထားပြုနေရမည်။ သူတို့ကိုယ်တိုင်၏ပျော်ရွှင်မှုကိုသာရှာဖွေခြင်းထက် သူတို့၏သားသမီးများ တွင် အဆင့်ဆင့်စာရိတ္တမြင့်မားလာသည်ကို တွေ့မြင်ရသည်တိုင်အောင် လည်းကောင်း၊ ဘဝအသက်တာတွင် ပိုမိုမြင့်မားသောရည်စူးချက်ကိုထားရှိ သည်တိုင်အောင် သူမသည် ဘယ်အခါမျှကျေနပ်၍မနေသင့်ပေ။AH1Burm 354.2

    ဆုတောင်းနေတတ်သောမိခင်၏သြဇာသက်ရောက်မှုတန်ခိုးအာနိသင် ကို ခန့်မှန်းရန်ခဲယဉ်းလှပေသည်။ သူမသည် အရာရာတို့တွင် ဘုရားသခင် ကိုမျက်မှောက်ပြုသည်။ သူမ၏သားသမီးတို့အား ကျေးဇူးတော်ပလ္လင်တော် သို့ယူဆောင်သွား၍ သူတို့အားယေရှုရှင်လက်သို့အပ်နှံပြီးလျှင် သူတို့အား ကောင်းချီးပေးရန် အသနားခံသည်။ ယင်းသို့သောဆုတောင်းပတ္ထနာတို့၏ သြဇာသက်ရောက်မှုသည် သားသမီးတို့အတွက် “အသက်စမ်းရေတွင်း” ဖြစ်သည်။ ယုံကြည်သောစိတ်ဖြင့်တောင်းသော ယင်းပတ္ထနာတို့သည် ခရစ်ယာန်မိခင်အတွက် အထောက်အပံ့နှင့်ခွန်အားဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများနှင့်အတူတကွ ဆုတောင်းပတ္ထနာပြုရသောတာဝန်ကိုပျက်ကွက် ခြင်းသည် ကျွန်ုပ်တို့၏လက်လှမ်းမီသော အကြီးမားဆုံးကောင်းချီးမင်္ဂလာ တစ်ခုကိုလည်းကောင်း၊ ကျွန်ုပ်တို့ဘဝအသက်တာလုပ်ငန်း၏ရှုပ်ထွေးမှုများ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် ဝန်ထုပ်များတို့လုံးပန်းနေချိန်တွင် အကြီးမားဆုံး အထောက်အကူတစ်ခုကိုလည်းကောင်း ဆုံးရှုံးလက်လွတ်ခြင်းဖြစ်သည်။AH1Burm 354.3

    မိခင်ဆုတောင်းပတ္ထနာများ၏အာနိသင်ကို တန်ဖိုးဖြတ်၍မရနိုင်ပေ။ ကလေးဘဝ၏ပြောင်းလဲမှုများဖြစ်ပွားနေချိန်၌လည်းကောင်း၊ လူငယ်လူရွယ် တို့၏အန္တရာယ်များသောင်းကျန်းနေချိန်၌လည်းကောင်း ၊ သားသမီးတို့နှင့် ယှဉ်၍ဒူးထောက်လျက် ပတ္ထနာပြုသောမိခင်သည် သူမသားသမီးတို့၏ဘဝ အသက်တာအပေါ် သူမ၏ပတ္ထနာများဘယ်ကဲ့သို့သြဇာသက်ရောက်မှုရှိခဲ့သည် ကို တရားစီရင်သောအချိန်ရောက်သည်တိုင်အောင် သူမသိရှိမည်မဟုတ်ပေ။ မိခင်သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားတော်နှင့်ဆက်သွယ် မှုရှိလျှင် သူမ၏ကြင်နာသောလက်သည် စုံစမ်းသွေးဆောင်ခြင်း၏ဆွဲဆောင် မှုမှ သူ့သားအားတားဆီးထားနိုင်၍ သူမ၏သားသမီးအပြစ်ဒုစရိုက်တွင် ကျင်လည်ခြင်းမှ ကာကွယ်ထားနိုင်မည်ဖြစ်သည်။ တပ်မက်သောစိတ်တို့သည် စိုးမိုးမှုအတွက်တိုက်ပွဲဆင်နေချိန်တွင် မိခင်၏မေတ္တာ၊ ဟန့်တားခြင်း၊ စိတ်အား ထက်သန်ခြင်းနှင့်ပြဌာန်းချက်တို့၏ သြဇာသက်ရောက်မှုတို့၏စွမ်းအင်သည် ဝိညာဉ်အားအမှန်တရားဘက်တွင် အလေးချိန်စီးနေစေနိုင်သည်။AH1Burm 355.1

    ဧည့်သည်အာဂန္တုများနှောင့်ယှက်သောအခါ - မိခင်များသည် အချိန်ယူ၍ သားသမီးတို့နှင့်စကားပြောဆိုခြင်း၊ ဆုတောင်းခြင်းပြုလုပ်သင့် ပေသည်။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် သားသမီးတို့နှင့်ရင်းနှီး မှုပြုလုပ်ရသောအချိန်ကို မည်သည့်အရာကမျှနှောင့်ယှက်ခွင့်မပြုသင့်ပေ။ ဧည့်သည်အာဂန္တုများအား သင်တို့အနေဖြင့်ပြောဆိုနိုင်သည်မှာ “ကျွန်ုပ်တို့ ဆောင်ရွက်ရန် ကျွန်ုပ်တို့အားဘုရားသခင်သည် အလုပ်တစ်ခုကိုပေးထား တော်မူသည်။ ထိုကြောင့်ကျွန်ုပ်၌ သူတစ်ပါးအကြောင်းဆွေးနွေးပြောဆိုရန် အချိန်မရှိပါ။” မိဘတို့အနေဖြင့် ဘဝရပ်တည်ချိန်ကာလနှင့်ထာဝရကာလ အတွက်ထမ်းဆောင်ရန် အလုပ်တစ်ခုရှိလေသည်ဆိုသောခံစားချက်ကို မွေးမြူ ထားသင့်ပေသည်။ သင်တို့၏သားသမီးများအားပြုအပ်သောဝတ်ကို ဦးစား ပေးဆောင်ရွက်ရမည်။AH1Burm 355.2

    ဧည့်သည်အာဂန္တုများထက်လည်းကောင်း၊ အခြားကိစ္စတစ်ခုထက် လည်းကောင်း သားသမီးများကိစ္စကို ပထမနေရာတွင်ထားရှိရမည်။ သင်တို့ သားသမီး၏စောစောပိုင်းနှစ်များတွင် သူတို့အား သင်ပြုပြင်ပေးရမည့်လုပ်ငန်းက လျစ်လျူရှုနေခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ဤစည်းကမ်းနည်းလမ်းကို မေ့လျော့နေရမည့်အချိန်ကာလဟူ၍ သားသမီးတို့၏ဘဝအသက်တာတွင် မရှိပေ။AH1Burm 356.1

    ဧည့်သည်အာဂန္တုများကိုဧည့်ခံနိုင်ရန် သားသမီးတို့အား အိမ်ပြင်ပ သို့မသွားခိုင်းပါနှင့်။ သို့ရာတွင် ဧည့်သည်တို့ရှေ့တွင် ငြိမ်သက်စွာနှင့် လေးလေးစားစားနေထိုင်ရန် သင်ကြားပေးပါ။AH1Burm 356.2

    ကောင်းမြတ်ခြင်းနှင့်မြင့်မြတ်ခြင်းတွင် မိခင်များသည်ပုံသက်သေ များဖြစ်ရမည် - မိခင်တို့၊ သင်တို့၏တန်ဖိုးထိုက်လှသောအချိန်များကို သတိထား၍အသုံးပြုကြပါ။ သင်တို့၏သားသမီးများသည် သင်တို့ဆုံးမ သွန်သင်ပဲ့ပြင်ရန် နောက်ကျနေပြီဖြစ်သောအခြေအနေများသို့ ရောက်ရှိသွား နိုင်ကြသည်ကိုသတိရပါ။ သင်တို့သည် သူတို့အတွက် ကောင်းမြတ်ခြင်း ရှိသမျှ၌လည်းကောင်း၊ စင်ကြယ်ခြင်းရှိသမျှ၌လည်းကောင်း၊ မြင့်မြတ်ခြင်း ရှိသမျှ၌လည်းကောင်း ပုံသက်သေဖြစ်ရကြမည်။AH1Burm 356.3

    သင်တို့သည် အခြားအရာခပ်သိမ်းတို့တွင်ပျက်ကွက်လျှင် ဤကိစ္စ ၌သေချာစွာဆောင်ရွက်ပါ။ ပိပိရိရိဆောင်ရွက်ပါ။ သင်တို့၏သားသမီးတို့ သည် အိမ်တွင်ဆုံးမသွန်သင်မှုကြောင့် သန့်ရှင်းစင်ကြယ်၍ ကိုယ်ကျင့်တရား နှင့်ပြည့်ဝလျှင်လည်းကောင်း၊ ကမ္ဘာလောကကြီးအတွက်ထားရှိသော ဘုရားသခင်၏ကောင်းမြတ်သောစီမံကိန်းတွင် အသေးနုပ်ဆုံးနှင့်အနိမ့်ကျဆုံး ဖြစ်သောနေရာတွင် ဝင်ရောက်အမှုထမ်းလျှင်လည်းကောင်း၊ သင့်ဘဝ အသက်တာသည် ဆုံးရှုံးသောဘဝအသက်တာဟူ၍ ဘယ်အခါမျှမခေါ်ဆို နိုင်ဘဲ ဘယ်အခါမျှလည်းဝမ်းနည်းဖွယ်ကောင်းသောဘဝအသက်တာဟူ၍ ပြန်လည်သတိရနေစရာအကြောင်းမရှိပေ။AH1Burm 357.1

    နို့စို့ကလေးများသည် မိခင်ကိုယ်တိုင်၏အကျင့်ဓလေ့များနှင့် စာရိတ္တ ၏ရောင်ပြန်ဟပ်ခြင်းကိုတွေ့ မြင်နိုင်သောကြည့်မှန်ဖြစ်သည်။ ထိုအတွက် ကြောင့် ဤလေ့လာသင်ကြားကြသောကလေးများရှေ့တွင် မိခင်၏အပြော အဆိုနှင့်အပြုအမူများကို ဘယ်မျှလောက်ဆင်ဆင်ခြင်ခြင်နှင့်လည်းကောင်း၊ သတိကြီးစွာဖြင့်လည်းကောင်း ဆောင်ရွက်သင့်ပေသနည်း။ သားသမီးတို့၌ ကြီးထွားရင့်သန်နေစေလိုသော စာရိတ္တကောင်းဆိုင်ရာ အပြုအမူမျိုးတို့ကို မိခင်ကိုယ်တိုင်က မွေးမြူကျင့်သုံးရမည်။AH1Burm 357.2

    ကမ္ဘာ့ရည်စူးချက်၏ စံချိန်ထက်မြင့်မားသောရည်စူးချက်ကို ထားရှိပါ — မိခင်သည် ကမ္ဘာ့အတွေးအခေါ်၏ချုပ်ထိန်းမှုအောက်တွင်မရှိ စေရ။ ကမ္ဘာ့စံချိန်တွင်းနှင့်ရင်ပေါင်တန်းမိအောင်လည်း ကြိုးပမ်းဆောင်ရွက် မှုမရှိစေရ။ ဘဝအသက်တာ၏ ကြီးမားသောရည်စူးချက်သည် ဘာဖြစ်သည် ကို သူမကိုယ်တိုင်ဆုံးဖြတ်၍ ယင်းရည်စူးချက်ကိုအကောင်အထည်ဖော်နိုင် ရန် ကြိုးပမ်းရပေမည်။ အချိန်မရှိသောကြောင့် သူမ၏အိမ်တွင်းမှုကိစ္စအများ တို့ကို လျစ်လျူရှုထားရာတွင် ကြီးမားသောဆိုးကျိုးများကို ရင်ဆိုင်ရသော ဒုက္ခမှကင်းလွတ်နေပေမည်။ သို့ရာတွင် သူမ၏သားသမီးတို့အား သွန်သင် ဆုံးမပဲ့ပြင်ရသောကိစ္စကို လျစ်လျူ ရှုထား၍မရနိုင်ပေ။ သူတို့၏ချွတ်ယွင်း သောအကျင့်စာရိတ္တများက သူမ၏သစ္စာမဲ့ခြင်းကိုကြေညာလိမ့်မည်။ သူမ အနေဖြင့်ဆုံးမပဲ့ပြင်မှုမပြုရသော ကြမ်းတမ်းရိုင်းစိုင်းသည့်အပြုအမူများရိုသေ လေးစားခြင်း၊ နားထောင်ခြင်းကင်းမဲ့သော အပြုအမူအနေအထိုင်သည် သူမ၏ဂုဏ်ကိုထိခိုက်၍ သူမ၏ဘဝအသက်တာကိုခါးသီးစေလိမ့်မည်။ မိခင်တို့၊ သင်တို့သားသမီးများ၏ကံကြမ္မာသည် သင်တို့၏လက်တွင်း၌ အများဆုံးရှိသည်။ သင်တို့၏တာဝန်ကိုဆောင်ရွက်ရာတွင်ပျက်ကွက်လျှင် သူတို့ကိုစာတန်၏လက်ထဲသို့အပ်နှံလိုက်သောကြောင့် အခြားသောသူတို့၏ ဝိညာဉ်များကိုဖျက်ဆီးရန်အတွက် စာတန်သည် သင်တို့၏သားသမီးများကို သူ့ကိုယ်စားလှယ်များအနေဖြင့် အသုံးပြုလိမ့်မည်။ သို့တည်းမဟုတ် သင်တို့ ၏သစ္စာရှိစွာစည်းကမ်းတကျနေထိုင်မှုနှင့် ကောင်းသောပုံသက်သေပြမှုကြောင့် သူတို့သည်ခရစ်တော်ထံသို့ချဉ်းကပ်ကြ၍ သူတို့ကတစ်ဖန်အခြားသောသူတို့ ပြုပြင်ပေးခြင်းအားဖြင့် သင်တို့မှတစ်ဆင့်ဝိညာဉ်အများတို့သည် ကယ်တင် ခြင်းသို့ရောက်ရှိကြလိမ့်မည်။AH1Burm 357.3

    အကောင်းကိုမြေတောင်မြှောက်ပေးပါ။ အဆိုးကိုနှိပ်ကွပ်ပါ - မိဘတို့သည် သူတို့၏သားသမီးတို့အား ကိုယ်တော်ရှင်၏မေတ္တာတော်နှင့် ကြောက်ရွံ့ခြင်းတို့တွင် ကြီးထွားရင့်သန်လာကြစေခြင်းအားဖြင့် ဘုရားသခင် နှင့်လက်တွဲဆောင်ရွက်ကြရမည်။ သူတို့၏သားသမီးများအား မှန်ကန်စွာ သွန်သင်ဆုံးမရန်လျစ်လျူရှုသည်ထက် ဘုရားသခင်အတွက် မနှစ်မြို့ဖွယ် ဖြစ်သောအရာသည်မရှိပေ။ ရန်သူတည်းဟူသောမာရ်နတ်သည် သူတို့အပေါ် သြဇာလွှမ်းမိုးခြင်းမရှိစေရန် သားသမီးတို့၏အပြောအဆိုနှင့်အပြုအမူများကို သတိကြီးစွာဖြင့် စောင့်ထိန်းပေးရမည်။ ဘုရားသခင်၏ရည်စူးချက်ကိုဆန့်ကျင် ဘက်ပြုနိုင်ရန်၊ သူ့သြဇာကိုသားသမီးတို့အပေါ်တွင်လွှမ်းမိုးစေရန် စာတန်သည် များစွာအလိုရှိနေလေသည်။ မိဘတို့သည် သူတို့၏သားသမီးများအတွက် ကြင်နာစွာဖြင့်လည်းကောင်း၊ စိတ်ဝင်စားစွာဖြင့်လည်းကောင်း၊ ယုယ သိမ်မွေ့စွာဖြင့်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်၍ ကောင်းသောအပြုအမူ အလုပ်အကိုင်ဟူသမျှကို လုပ်ကိုင်ဆောင်ရွက်စေလျက် မကောင်းမှုဒုစရိုက် ဟူသမျှတို့သည် သူတို့အကျင့်စာရိတ္တ၏တစ်စိတ်တစ်ဒေသဖြစ်မလာစေရန် နှိပ်ကွပ်ပေးရမည်။AH1Burm 358.1

    စိတ်ကျေနပ်စွာဆောင်ရွက်ပြီးသောလုပ်ငန်းအတွက် ဝမ်းမြောက် ရွှင်လန်းခြင်း - သားသမီးများသည် ဘုရားသခင်ချပေးထားတော်မူသော အမွေစားအမွေခံများဖြစ်၍ ကိုယ်တော်ရှင်ပိုင်တော်မူသော ယင်းရတနာကလေး များကို ကျွန်ုပ်တို့ကွပ်ကဲထိန်းသိမ်းစောင့်ရှောက်ရမှုအတွက် ကိုယ်တော်ရှင် နှင့်စာရင်းရှင်းရကြမည်ဖြစ်သည်။ သားသမီးတို့အားတပည့်တော်၊ တပည့် တော်မများဖြစ်လာစေရန် သွန်သင်ဆုံးမသြဝါဒပေးခြင်းသည် မိဘများအနေ ဖြင့် ဘုရားသခင်အတွက် အဆင့်အမြင့်ဆုံးဆောင်ရွက်ပေးနိုင်သောလုပ်ငန်း ဖြစ်သည်။ ယင်းလုပ်ငန်းကိုထမ်းဆောင်ရာတွင် သည်းခံသောစိတ်ဖြင့်လည်း ကောင်း၊ သတိဝီရိယရှိရှိဖြင့်လည်းကောင်း၊ အားကြိုးမာန်တက်ရှိရှိဖြင့်လည်း ကောင်း တစ်သက်ပတ်လုံးဆောင်ရွက်ရမည်။ ဤယုံကြည်ရာလွှဲအပ်ထား သောလုပ်ငန်းကို လျစ်လျူရှုလျှင် ကျွန်ုပ်တို့သည် သစ္စာမဲ့သောဘဏ္ဍာစိုး များဖြစ်နေကြလိမ့်မည်။AH1Burm 359.1

    “ကျွန်ုပ်တို့အား ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူခဲ့သော သားသမီးများကိုကြည့်ပါလော့” ဟူ၍ မိဘများကဘုရားသခင်ထံဝမ်းမြောက် ဝမ်းသာစွာဖြင့် လျှောက်ထားပြောဆိုနိုင်သည်တိုင်အောင် သူတို့၏သားသမီး များအတွက် သူတို့သည်မေတ္တာဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ကြရမည်။AH1Burm 359.2