Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၂)—ရပ်ကွက်အကျိုးဆောင်အလင်းရောင်

    အခန်း ၄—ထိရောက်သောအိမ်ထောင်၏ သြဇာသက်ရောက်မှ

    ခရစ်ယာန်အိမ်ထောင်သည်သရုပ်ပြသင်ခန်းစာဖော်ပြ၏ - အိမ်ထောင်၏လုပ်ငန်းသည် မိသားစုတို့၏စည်းဝိုင်းတစ်ဖက်သို့ ကျော်နင်း တိုးချဲ့သွားသည်။ ခရစ်ယာန်အိမ်ထောင်သည် ပုံစံနမူနာဖော်ပြသောဌာန ဖြစ်ရမည်။ ယင်းဖော်ပြခြင်းသည် ကမ္ဘာပေါ်တွင်ကောင်းကျိုးကိုပြုသော အင်အားဖြစ်လာလိမ့်မည်။ ၎င်းကဲ့သို့အိမ်ထောင်မျိုးမှ ထွက်ခွာသွားသော လူငယ်တို့သည် သူတို့သင်ကြားခဲ့သောအိမ်ထောင်များ၌ ပိုမိုမြင့်မြတ်သောဘဝ ရပ်တည်မှုဆိုင်ရာကျင့်ဝတ်များကို သွတ်သွင်းလာကြ၍ ရပ်ကွက်တွင်း အခြေအနေမြှင့်တင်ပေးသော သြဇာသက်ရောက်မှုသည် အသက်ဝင်လာ လေသည်။AH1Burm 23.1

    အိမ်သူအိမ်သားတို့သည် ယဉ်ကျေးချေငံခြင်းဖြင့် ခရစ်ယာန်ပီသစွာ အားထုတ်ဆောင်ရွက်ပါက ကောင်းကျိုးချမ်းသာများစွာ ဖြစ်ထွန်းလိမ့်မည်။ ယင်းအိမ်သူအိမ်သားများ၏အောင်မြင်မှုကို အခြားသောမိသားစုတို့သည် အထူးအာရုံစိုက်၍ အတုယူကြလိမ့်မည်ဖြစ်ရာ စာတန်၏သွေးဆောင် ဖြားယောင်းခြင်းကိုလည်း တွန်းလှန်ကာကွယ်နိုင်ကြလိမ့်မည်။AH1Burm 23.2

    ဘုရားသခင်၏အလိုတော်စိုးမိုးသောအိမ်ထောင်ကို ကောင်းကင်တမန် များတို့သည် မကြာခဏအလည်အပတ်လာရောက်ကြလိမ့်မည်။ ဘုရားသခင် ၏ကျေးဇူးတန်ခိုးအာနိသင်ကြောင့် ယင်းကဲ့သို့သောအိမ်ထောင်မျိုးသည် မောပန်းနွမ်းနယ်သောအာဂန္တုများအတွက် အားဖြည့်သည့်ဌာနများဖြစ်လာ သည်။ နိုးနိုးကြားကြားစောင့်ထိန်းထားခြင်းအားဖြင့် အတ္တစိတ်ကိုချုပ်တည်း နှိမ်နင်းထားရမည်။ မှန်သောအကျင့်ဓလေ့များကို လိုက်နာကျင့်သုံးရမည်။ သူတစ်ပါးတို့၏အခွင့်အရေးကို သတိရှိစွာဖြင့် အသိအမှတ်ပြုရမည်။ မေတ္တာ အားဖြင့်လုပ်ဆောင်၍ စိတ်ဝိညာဉ်ကိုစင်ကြယ်စေသော ယုံကြည်ခြင်းသည် ပဲ့ကိုင်ချုပ်ထားသည်။ ယင်းအိမ်ထောင်မျိုး၏အရှိန်အဝါကြောင့် ဘုရားသခင်၏ နှုတ်တော်ထွက်ထဲ၌မှတ်ထားသော ညီအစ်ကိုချင်းပေါင်းသင်းဆက်ဆံမှ ဆိုင်ရာအကျင့်များကို ပိုမိုကျယ်ပြန့်စွာအသိအမှတ်ပြု၍ လိုက်နာကျင့်သုံး၏။AH1Burm 23.3

    စည်းကမ်းစနစ်ရှိသောမိသားစု၏သြဇာသက်ရောက်မှု - ခရစ်ယာန်မဟုတ်သောလူနေရပ်ကွက်တွင် ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းသော ယေရှုရှင်၏ကိုယ်စားလှယ်တော်များအနေဖြင့် ရပ်တည် နေမှုသည် မိသားစုတစ်ခုအတွက် သေးငယ်သောကိစ္စမဟုတ်ပေ။ ကျွန်ုပ်တို့ သည် လူအပေါင်းတို့သိ၍ ဖတ်တတ်သောစာဖြစ်ရမည်။ ယင်းအခြေအနေ၌ ကြီးလေးသောတာဝန်များ အကျုံးဝင်နေသည်။ စည်းကမ်းသေဝပ်သော မိသားစုသည် ဟောပြောနိုင်သောဓမ္မဒေသနာအပေါင်းထက် သာလွန်ပိုမို၍ ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်ရာရောက်ပါသည်။ ယင်းမိသားစု၏ မိခင်နှင့်ဖခင်တို့သည် ဘုရားသခင်၏လမ်းညွှန်မှုကို ကောင်းစွာလိုက်လျှောက် အောင်မြင်ကြောင်း ထင်ရှားသည့်အပြင် ၎င်းတို့၏သားသမီးများသည်လည်း အသင်းတော်၏အမှုတော်ကို ဆောင်ရွက်ကြလိမ့်မည်။ သူတို့သည် လက်ခံ ရရှိကြသည်နှင့်အမျှ ဝေငှကြသူများဖြစ်သောကြောင့် သူတို့၏သြဇာအာဏာ သည်လည်း ရင့်သန်လာလိမ့်မည်။AH1Burm 24.1

    သားသမီးတို့သည် မိဘတို့အတွက် အထောက်အကူဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မိသားစု၌သူတို့ရရှိသောဆုံးမသြဝါဒကို သူတစ်ပါး တို့အား လက်ဆင့်ကမ်းဝေငှကြသည်။ သူတို့နေထိုင်ရာအရပ်ပတ်ဝန်းကျင် တစ်ခုလုံးသည် သူတို့ထံမှ ယင်းဝေငှပေးကမ်းမှု၏ကောင်းကျိုးကို ခံစား ကြရသည်။ ယင်းကောင်းကျိုးကိုခံစားရမှုကြောင့် သူတို့သည် ယခုဘဝနှင့် ထာဝရကာလအတွက် ပါရမီတိုးပွားကြလေပြီ။ မိသားစုတစ်ခုလုံးသည် သူတို့သည် အရှင်သခင်အမှုတော်ကို ထမ်းဆောင်နေကြလေပြီ။ သူတို့၏ ဘုရားတရားကို ရိုသေသောပုံသက်သေအားဖြင့် ကိုယ်တော်ရှင်၏သိုးစု၊ လှသောသိုးစုနှင့်ဆက်ဆံရာတွင် ဘုရားသခင်အပေါ်၌ သစ္စာရှိစွာဖြင့် အောင်မြင်စွာဆောင်ရွက်ရန် အားပေးတိုက်တွန်းမှုရရှိကြသည်။AH1Burm 24.2

    လောကကြီးအားတင်ပြရန် ခရစ်ယာန်ဘာသာတန်ခိုးအာနိသင်၏ အကြီးမားဆုံးသော အထောက်အထားသည် စည်းကမ်းစနစ်ရှိ၍ စည်းကမ်း သေဝပ်သောမိသားစုဖြစ်သည်။ အခြားဘယ်အရာမျှ သမ္မာတရားကိုမပေးနိုင် သောထောက်ခံချက်မျိုးကို ယင်းမိသားစုမျိုးကပေးလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ယင်းမိသားစုမျိုးသည် စိတ်နှလုံးပေါ်၌ ယင်း၏လက်တွေ့ အာနိသင် ရှိကြောင်းပြသသည့် အသက်ရှင်သောသက်သေခံဖြစ်သည်။AH1Burm 25.1

    အိမ်ထောင်တစ်ခု၌ လိုက်နာကျင့်သုံးနေသော ခရစ်ယာန်အယူဝါဒ၌ အကျိုးသက်ရောက်မှုအတွက် အကောင်းဆုံးစူးစမ်းချက်သည် ယင်းအယူဝါဒ သြဇာသက်ရောက်မှုကြောင့် ဖြစ်ပေါ်ရရှိသောစာရိတ္တမျိုးဖြစ်သည်။ ဘုရားတရား မြဲပါသည်ဟု နှုတ်အားဖြင့်အစွမ်းကုန်သက်သေခံခြင်းထက် အပြုအမူများက ပို၍အကျယ်လောင်ဆုံးသောအသံမျိုးဖြင့်သက်သေခံသည်။AH1Burm 25.2

    ” ကမ္ဘာပေါ်၌ ကျွန်ုပ်တို့၏လုပ်ငန်းမှာ မိမိတို့၏သားသမီးများနှင့် အိမ်ထောင်များသည် အခြားသောအိမ်ထောင်များအပေါ် ကောင်းမွန်သော သြဇာသက်ရောက်မှုရှိစေရန် သူတို့အား မည်သည့်ကောင်းမြတ်သော အရည်အချင်းများကို သင်ကြားပေးရမည်ဖြစ်ကြောင်းကို ရှာဖွေဆက်ဆံရန် ဖြစ်ပါသည်။ သို့မှသာလျှင် ကျွန်ုပ်တို့အနေဖြင့် တရားဟောစင်မြင့်ပေါ်သို့ ဘယ်အခါမျှမတက်ရသော်လည်း မိမိတို့အနေဖြင့် အကျိုးပြုသည့်ပညာပေး ဌာနများဖြစ်လာနိုင်သည်။ ဘုရားသခင်၏မျက်မှောက်တော်တွင် စည်းကမ်း စနစ်ကျ၍ စည်းကမ်းသေဝပ်သောမိသားစုသည် ရွှေစင်ထက်လည်းကောင်း၊ သြဖိရရွှေထက်လည်းကောင်း အဖိုးထိုက်လေသည်။AH1Burm 25.3

    ကျွန်ုပ်တို့၏အံ့သြဖွယ်သောအလားအလာများ - ကျွန်ုပ်တို့ ၏အသက်တာသည် တိုတောင်းလှ၏။ ကျွန်ုပ်တို့သည် ဤလောက၌ တစ်ကြိမ်တစ်ခါသာလျှင် အသက်ရှင်ခွင့်ရရှိကြပါသည်။ ယင်းကဲ့သို့အသက် ရှင်ခွင့်ရရှိစဉ် အသက်တာကိုအကျိုးရှိနိုင်သမျှရှိအောင် အသုံးပြုရမည်။ ခေါ်တော်မူသောအမှုတော်အတွက် ဥစ္စာဓနကြွယ်ဝချမ်းသာခြင်းသော် လည်းကောင်း၊ လောကီရာထူးနှင့်အခြေအနေသော်လည်းကောင်း၊ ကြီးမား သောစွမ်းရည်သတ္တိသော်လည်းကောင်း မလိုအပ်ပါ။ လိုအပ်သည့်အရည် အချင်းများမှာ ကျေးဇူးပြုတတ်ခြင်း၊ ကိုယ်စီးပွားကိုစွန့်လွှတ်ခြင်းနှင့် မြဲမြံစွာ စိတ်ပြဌာန်းချက်ရှိခြင်းတို့ဖြစ်ပါသည်။ မည်မျှပင်သေးငယ်သော အလင်းငယ် ဖြစ်စေကာမူ တည်ငြိမ်စွာထွန်းလင်းနေပါက အခြားများစွာသောအလင်းများသို့ ကူးစက်နိုင်ပါသည်။ ကျွန်ုပ်တို့၏သြဇာသက်ရောက်မှုအတိုင်းအတာသည် ကျဉ်းမြောင်းသည်ဟူ၍လည်းကောင်း၊ ကျွန်ုပ်တို့၏စွမ်းရည်သတ္တိသည် သေးသိမ်သည်ဟူ၍လည်းကောင်း၊ ကျွန်ုပ်တို့အတွက် အခွင့်ကောင်းအခါ ကောင်းနည်းပါးသည်ဟူ၍လည်းကောင်း၊ ကျွန်ုပ်တို့ရှာမှီးဆည်းပူးထားသည့် ဗဟုသုတများမှာ နည်းပါးသည်ဟူ၍လည်းကောင်း ကျွန်ုပ်တို့ယူဆကောင်း ယူဆပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏အိမ်ထောင်၌ အခါအားလျော်စွာ ပေါ်ပေါက်လာသောအခွင့်အရေးများကို အလျဉ်းသင့် သလိုယုံကြည်စွာအသုံးပြုပါက ကျွန်ုပ်တို့အတွက် ဘုရားသခင်သည် အံ့ဩ ဖွယ်ရာကောင်းလောက်အောင် တတ်နိုင်တော်မူကြောင်း သိရှိနားလည် လာလိမ့်မည်။ လူ့အသက်တာအတွက်ချမှတ်ထားသော ဓမ္မကျင့်ဝတ်စဉ်များကို ကျွန်ုပ်တို့၏အိမ်ထောင်တွင်း၌လည်းကောင်း ကျင့်သုံးပါက ကျွန်ုပ်တို့သည် ထာဝရအသက်ကိုပေးနိုင်သည့်တန်ခိုးရှိသူထံသို့ လမ်းပြသူများဖြစ်ကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့၏အိမ်ထောင်သည် အသီးအပွင့်ကင်းမဲ့ပြီး အဆီအနှစ် ကုန်ခန်းသွေ့ခြောက်နေသောမြေကြီးပေါ်တွင် အပင်များပေါက်၍ အသီးအပွင့် များနှင့်ဝေဝေဆာဆာဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသည့် ရေလွှတ်မြောင်း ကြီးသဖွယ်ဖြစ်လိမ့်မည်။AH1Burm 25.4

    ဘုရားသခင်ကိုကြောက်ရွံ့ သောမိဘတို့၏သြဇာသည် မုန့်ညှက် သုံးတင်းမျှကိုဖောင်းကြွစေသောတဆေးကဲ့သို့ မိမိတို့၏အိမ်ထောင်မှ အခြား အိမ်ထောင်များသို့ အကျိုးပြုမှုမျိုးကို ပျံ့နှံ့စေကြလိမ့်မည်။AH1Burm 26.1

    အိမ်ထောင်၌သစ္စာရှိစွာဖြင့်ဆောင်ရွက်သောလုပ်ငန်းက ယင်းလုပ် ငန်းမျိုးကိုဆောင်ရွက်ရန် အခြားသောသူတို့ကိုပညာပေးသည်။ ဘုရားသခင်၌ သစ္စာရှိသောသဘောသည် တဆေးနှင့်တူ၍ ယင်းစိတ်သဘောကို အသင်း ထဲ၌ထုတ်ဖော်ပြသောအခါတွင် ယင်းတို့၏စိတ်သဘောထားသည် အခြား သူများအပေါ်၌သက်ရောက်မှုဖြစ်ပေါ်ကာ ခရစ်ယာန်ဘာသာတရားကိုလည်း နေရာတကာ၌ထောက်ခံသော ထောက်ခံချက်တစ်ရပ်ဖြစ်နေပေလိမ့်မည်။ တက်တက်ကြွကြွဆောင်ရွက်သော ခရစ်တော်၏စစ်သည်တော်၏လုပ်ငန်း သည် ထာဝရကာလကဲ့သို့ အဓွန့်ရှည်စွာအကျိုးသက်ရောက်၏။ ထိုသို့ ဆိုလျှင် ကျွန်ုပ်တို့၏အသင်းတော်များတွင် အဘယ်ကြောင့်သာသနာပြု ဆိုင်ရာစိတ်သဘောထား ဤမျှလောက်လိုအပ်နေရသနည်း။ လိုအပ်နေသော အကြောင်းမှာ အိမ်ထောင်ဆိုင်ရာ ဘုရားတရားကြည်ညိုဝတ်ပြုခြင်း လျစ်လျူရှုသောကြောင့်ဖြစ်သည်။AH1Burm 26.2

    စည်းစနစ်မရှိသောအိမ်ထောင်၏သြဇာသက်ရောက်မှု - စည်းစနစ်မရှိသောအိမ်ထောင်၏သြဇာသက်ရောက်မှုသည် နေရာအနှံ့အပြား တွင်ရှိနေ၍ ယင်းအခြေအနေက လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ပြု နေသည်။ ထိုသြဇာသက်ရောက်မှုမှာ မကောင်းမှုဒီရေအဟုန်ထဲ၌စုပုံပြီး မိသားစုများ၊ လူနေရပ်ကွက်များနှင့် အစိုးရတို့ထိခိုက်နစ်နာစေလေသည်။AH1Burm 27.1

    လောကတွင် သူတစ်ပါးတို့သည် ကျွန်ုပ်တို့အားသတိမပြုမိအောင် နေ၍မဖြစ်နိုင်ပါ။ မိသားစုဝင်တစ်ဦးသည်လည်း အခြားမိသားစုဝင်များ မိမိ၏အပြုအမူအနေအထိုင်နှင့်စိတ်နေသဘောထားကို အလေးမမူဂရုမပြုမိ အောင် မိမိကိုယ်ကိုဖုံးကွယ်ဝှက်ထားဖို့မဖြစ်နိုင်ပါ။ မျက်နှာရိပ်မျက်နှာကဲ အမူအရာကိုပင်လျှင် သူတစ်ပါးတို့သည် အဆိုးအကောင်းအကဲဖြတ်ကြ လိမ့်မည်။ သူ့စိတ်သဘော၊ သူ့အပြောအဆိုများ၊ သူ့လုပ်ရပ်များ၊ သူတစ်ပါး အပေါ်ထားရှိသော သူ့သဘောထားတို့သည် ထင်ထင်ရှားရှားဖြစ်၍ လွဲမှားမှ မရှိနိုင်ပေ။ အကယ်၍ သူသည် ကိုယ်ကျိုးကိုရှာသောဘဝ၌ရပ်တည်နေလျှင် သူ့ဝိညာဉ်သည် ရောဂါထူထပ်သောလေထုဝန်းရံထားခြင်းကို ခံနေရပေပြီ။ အကယ်၍ သူ့စိတ်နှလုံးသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝနေလျှင် သူ့ဝိညာဉ်သည် ယဉ်ကျေးစွာဆက်ဆံခြင်း၊ သနားညှာတာခြင်း၊ သူတစ်ပါး တို့၏ချစ်ခင်တတ်သောစိတ်သဘောကို လေးစားခြင်းတို့ကို ထင်ရှားစွာပြသ ၍ ချစ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းစိတ်သဘော၊ ကျေးဇူးတင်တတ်သောသဘော နှင့် ပျော်ရွှင်တတ်သောသဘောထားများကို လက်တွေ့ပြသလိမ့်မည်။ သူသည် ယေရှုရှင်အတွက် အသက်ရှင်နေကြောင်း၊ ကိုယ်တော်၏ခြေတော်ရင်း၌ နေ့စဉ်နေ့တိုင်းသင်ကြားလေ့လာနေကြောင်း၊ ကိုယ်တော်အလင်းတရားနှင့် ငြိမ်သက်ခြင်းကိုရရှိနေကြောင်း လက်တွေ့ ပြသလိမ့်မည်။ “ကျွန်ုပ်တို့သည် ချီးမြှောက်ခြင်းသို့ရောက်ပါ၏” ဟု သူ့အနေဖြင့်ပြောဆိုနိုင်ပေလိမ့်မည်။AH1Burm 27.2