Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၁—မိခင်ဘဝ၏မပြည့်စုံသောပုံစံများ

    မာတုရသေခြင်းခံရသူဟုယူဆထားသောသူ - အိမ်ရှင်မဖြစ်သူ ၏အကျိုးမဲ့သောညည်းညူမှုကြောင့်လည်းကောင်း၊ ရိုးသား၍ဟန်ဆောင်မှု ကင်းသောအိမ်တွင်းရေးရာနှင့်သာ လုံးဝရင်ဆိုင်သောလုပ်ငန်းဆောင်တာ များကို သူမ၏ကျောခိုင်းမှုကြောင့်လည်းကောင်း အိမ်ထောင်များစွာတို့သည် များစွာစိတ်မချမ်းမသာသောအဖြစ်မျိုးကို ရင်ဆိုင်ကြရသည်။ သူမ၏စိုးရိမ် ကြောင့်ကြဖြစ်ရမှုနှင့် ဆောင်ရွက်ရမည့်တာဝန်များကို အခက်အခဲများအနေ ဖြင့် သဘောထားသည်။ ပျော်ရွှင်သောစိတ်ထားဖြင့်ဆောင်ရွက်လျှင် စိတ် ကြည်နူးဖွယ်ရာနှင့်စိတ်ဝင်စားဖွယ်ရာဖြစ်သည်သာမက အကျိုးလည်းဖြစ်ထွန်း သောလုပ်ငန်းသည် ငြီးငွေ့ဖွယ်ရာဖြစ်လာပါသည်။ သူမ၏ကျေးကျွန်ကဲ့သို့ သောဘဝအသက်တာကို မနှစ်မြို့သောစိတ်ထားဖြင့်ကြည့်ရှုလျက် သူမကို မာတုရသေခြင်းခံရနေသူဟု ယူဆလေသည်။AH1Burm 328.1

    အိမ်ထောင်မှုဆိုင်ရာယန္တရားကြီး၏ဘီးများသည် အမြဲတမ်းချောမော စွာလည်ပတ်မည်မဟုတ်ဟု ဆိုခြင်းသည်မှန်ကန်ပေသည်။ ခန္တီပါရမီကို စုံစမ်း၍ အားအင်ကိုကုန်ခန်းစေသောအရာမြောက်မြားစွာရှိသည်။ သို့ရာတွင် မိခင်များအနေဖြင့် ထိန်းမနိုင်သိမ်းမရဖြစ်သောအခြေအနေများသည် သူတို့၏ ပယောဂမဟုတ်သောကြောင့် မိခင်တို့၏ဘဝအသက်တာတစ်ခုလုံးဆိုင်ရာ တာဝန်များကိုထမ်းဆောင်ရာတွင် ပေါ်ပေါက်လာရသောအခြေအနေများက မိခင်တို့၏ထမ်းဆောင်မှုခြားနားစေသည်ကိုငြင်းပယ်ရန် အချည်းနှီးပင်ဖြစ် သည်။ သို့ရာတွင် အခြေအနေကိုအုပ်စိုးခွင့်ပေး၍ သူတို့အခြေခံကျင့်ဝတ် ကိုလည်း မှောက်လှန်ခွင့်ပြုလျှင်လည်းကောင်း၊ သူတို့သည်မောပန်းသော ကြောင့် သူတို့အားအပ်နှံထားသောတာဝန်အပေါ်သစ္စာမဲ့၍ သူတို့သိသော တာဝန်ကိုလျစ်လျူရှုထားလျှင်လည်းကောင်း သူတို့အပြစ်ဖြစ်လာသည်။AH1Burm 328.2

    အခြားသောသူတို့သည် ကြိုးစားအားထုတ်မှုပြုရန် သည်းခံသော စိတ်နှင့်ကြံ့ခိုင်သောစိတ်ထားကင်းမဲ့မှုကြောင့် သူတို့အားနစ်မွန်းစေသော အခက်အခဲများကို မြင့်မြတ်သောစိတ်ထားနှင့် အောင်မြင်နိုင်နင်းကြသော ဇနီးသည်နှင့်မိခင်ဖြစ်သူသည် သူမ၏တာဝန်ကိုထမ်းဆောင်ရာတွင် သူမ ကိုယ်တိုင်ကြံ့ခိုင်မှုရှိသည်သာမက စုံစမ်းသွေးဆောင်ခြင်းနှင့်ခလုတ်တံသင်း များကို အောင်မြင်နိုင်နင်းသော သူမ၏အတွေ့အကြုံက သူမအားစကား အားဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း သူတစ်ပါးတို့ကို အင်တိုက်အားတိုက်အထောက်အကူပေးနိုင်သော အရည်အသွေးနှင့်ပြည့်ဝ စေလေသည်။ မကောင်းသောအခြေအနေမျိုးတွင် လိုလေသေးမရှိအောင် ဆောင်ရွက်နိုင်သောသူတို့သည် ခက်ခဲသောအခြေအနေနှင့် စုံစမ်းခံရသော အခြေအနေမျိုးတွင် သူတို့၏အကျင့်စာရိတ္တသည် ပြောင်းလဲသွားဟန်လက္ခဏာ ရှိသည်။ သူတို့ရင်ဆိုင်ရသောဒုက္ခတို့၏ပမာဏအတိုင်း သူတို့သည်ဆုတ်ယုတ် မှုကိုရင်ဆိုင်ကြရသည်။ ကျွန်ုပ်တို့သည် အခြေအနေ၏ ခြယ်လှယ်မှုကိုခံရ သောဘဝမျိုးတွင် ကျင်လည်နေကြစေရန် ဘုရားသခင်သည် ရည်စူးတော် မူခြင်းမရှိခဲ့ပေ။AH1Burm 329.1

    အပြစ်မကင်းသောစိတ်မကျေနပ်မှုကိုရင်ဝယ်ပိုက်ထားခြင်း - အိမ်ထောင်တွင်စွဲမက်ခင်တွယ်စရာတစ်ခုမျှပင် မတွေ့ ရသောအခါ၌လည်း ကောင်း၊ အမြဲဆူပူကြိမ်းမောင်းခြင်းနှင့်ညည်းညူခြင်းတို့ကို ကြားနေရလျှင် လည်းကောင်း ခင်ပွန်းဖြစ်သူနှင့်သားသမီးတို့သည် ခွက်ခြင်ရောင်းသော အရက်ဆိုင်၌ဖြစ်စေ၊ စာရိတ္တပျက်ပြားစေသည့်ပျော်ရွှင်မှုပေးဟန်လက္ခဏာ ရှိသောနေရာများ၌ဖြစ်စေ၊ အိမ်နှင့်ဝေးလံသောနေရာများတွင် စိတ်ချမ်းသာ မှုကိုရှာဖွေတတ်ကြသည်။ အိမ်ထောင်၏တာဝန်များအားဖြင့် မအားမလပ် ဖြစ်နေမှုကြောင့် ဇနီးလည်းဖြစ်၊ မိခင်လည်းဖြစ်သောအိမ်ရှင်မသည် သူ့ခင်ပွန်းနှင့်သားသမီးတို့၏ရှေ့တွင် သူ့ထူးခြားသောစိတ်ရှုပ်မှုနှင့်အခက် အခဲများကို ရေငုံနေခဲ့လင့်ကစား အိမ်ထောင်သည်သူတို့အတွက် သာယာ နာပျော်ဖွယ်ဖြစ်သောနေရာအဖြစ်သို့ရောက်စေသော သူမပြုအပ်သောလောက ဝတ်ဆိုင်ရာလုပ်ငန်းများကို မကြာခဏပင်မစဉ်းစား၊ ဂရုမစိုက်ဘဲနေမိတတ် သည်။ စားရေးသောက်ရေးနှင့်ဝတ်စားဆင်ယင်မှုအတွက် သူမသည်လုံးပန်း နေစဉ်တွင် ခင်ပွန်းဖြစ်သူနှင့်သားတို့သည် ဧည့်သည်အာဂန္တုများကဲ့သို့ ဝင်ထွက်သွားလာနေကြသည်။AH1Burm 329.2

    အိမ်ရှင်မသည် သူမ၏ပြင်ပတာဝန်များကို တိကျသေချာစွာ ထမ်းဆောင်နေကာမူ ကျွန်ဘဝနှင့်မခြားကျင်လည်နေရသော သူမ၏ဘဝကို အမြဲတမ်းညည်းညူပြောဆိုလျက် သူမအနေဖြင့် သတ်မှတ်ထားသော အမျိုးသမီးတို့၏အမြင့်မားဆုံးသော ဘဝအသက်တာနှင့်နှိုင်းယှဉ်ခြင်းအား ဖြင့် သူမထမ်းဆောင်နေရသောဝန်တာများနှင့် ကျဉ်းကျပ်မှုများကိုပုံကြီးချဲ့ ၍ပြောသော ဘဝအသက်တာမျိုးကို မျှော်လင့်တောင့်တနေစဉ်ပင် အပြစ် မကင်းသောကင်းမြီးများအတွက် အိမ်ထောင်တွင်သာယာပျော်ရွှင်မှုဟူ၍ ဗလာနတ္တိမရှိအောင်ပြုလုပ်နေပါသည်။AH1Burm 330.1

    လောက၏မှားယွင်းမှုများဖြင့်မအားမလပ်ဖြစ်နေခြင်း - မိဘ များနှင့်သားသမီးတို့အတွက် စာတန်သည် နှစ်မြို့ဖွယ်သောဆွဲဆောင်မှုများ ကို ပြင်ဆင်ထားရှိသည်။ မိခင်များအပေါ်လိမ်လည်လှည့်ဖြားမှုဖြင့် လွှမ်းမိုး ထားနိုင်လျှင် သူ့အတွက်များစွာအကျိုးဖြစ်ထွန်းလိမ့်မည်ကို စာတန်သည် သိရှိသည်။ လောက၏လုပ်နည်းလုပ်ဟန်တို့သည် လိမ်လည်လှည့်ဖြားမှုနှင့် စိတ်မချမ်းမသာမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ သို့ရာတွင် ယင်းတို့ကို စွဲမက်ဖွယ်ဖြစ်အောင်လုပ်ထားပါသည်။ ကလေးများနှင့်လူငယ်လူရွယ်တို့ကို ကောင်းမွန်စွာထိန်းကျောင်းလျက် စည်းကမ်းတကျမထားရှိလျှင် သူတို့သည် လမ်းလွဲသို့လိုက်ကြလိမ့်မည်။ အတည်တကျဖြစ်သော အခြေခံကျင့်ဝတ် များလက်ကိုင်မရှိသောကြောင့် သူတို့သည် စုံစမ်းသွေးဆောင်ခြင်းကို တွန်းလှန်တားဆီးနိုင်ရန် ခက်ခဲပေလိမ့်မည်။AH1Burm 330.2

    မလိုအပ်သောဝန်ထုပ်များလက်ခံဆောင်ရွက်ခြင်း - မိခင်အများ တို့သည် အလိုရှိအပ်သောအရာများကိုဆောင်ရွက်ခြင်းအားဖြင့် သူတို့၏ အချိန်ကို အသုံးပြုနေကြသည်။ သူတို့သည် အချိန်နှင့်လည်းကောင်း၊ အာရုံငါးပါးနှင့်ဆိုင်သောအရာများကိုလည်းကောင်း ရှိသမျှအချိန်ကိုပေး၍ ဆောင်ရွက်လျက် ထာဝရကာလဆိုင်ရာကိစ္စတို့ကိုကား စိတ်ကူးခြင်းမရှိကြ ပေ။ မြောက်မြားစွာသောကလေးသူငယ်တို့သည် မိဘတို့၏လျစ်လျူရှုထား မှုကြောင့် ကြမ်းတမ်း၍ယဉ်ကျေးမှုကင်းသောလမ်းစဉ်အတိုင်း ကြီးပြင်းလာ ကြသည်။AH1Burm 331.1

    မိဘများအထူးသဖြင့် မိခင်တို့သည်သူတို့အား ဘုရားသခင်ပေးထား တော်မူသောအရေးကြီး၍ တာဝန်ကြီးသောအလုပ်ကိုဆောင်ရွက်ရန် မှန်ကန် သောအသိတရားရှိသောအခါ သူတို့နှင့်လုံးဝမသက်ဆိုင်သော သူတို့အိမ် နီးပါးချင်းတို့၏အကြောင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေရန် အကြောင်း ရှိမည်မဟုတ်ပေ။ သူတို့သည် တစ်အိမ်တက်ဆင်းသွားရောက်လျက် ဂုဏ် ရှိစွာစကားအရောင်းအဝယ်လုပ်မည်မဟုတ်ပေ။ သူတစ်ပါးတို့၏အပြစ်အနာ အဆာများ၊ အပြောမှားအဆိုမှားများ၊ အိမ်နီးပါးချင်းတို့၏အပြောတစ်မျိုး အလုပ်တစ်မျိုးကိစ္စများကို ဋီကာချဲ့၍မြိန်ရှက်စွာစားမြုံ့ပြန်ကြလိမ့်မည်မဟုတ် ပေ။ သားသမီးတို့အားထိန်းသိမ်းကြည့်ရှုပြုစုရသောတာဝန်၏လေးလံပုံကို အာရုံပြုနေရသောကြောင့် သူတို့အိမ်နီးပါးချင်းများအား ကဲ့ရဲ့သင်္ဂြိုဟ်ပြော ဆိုရန် သူတို့အနေဖြင့်အချိန်ပင်မရကြပေ။AH1Burm 331.2

    အမျိုးသမီးများသည် ခွန်အားနှင့်စိတ်ချမ်းသာမှုအတွက် ဘုရားသခင် အထံတော်မှငံ့လင့်နေ၍ ကိုယ်တော်ကိုကြောက်ရွံ့ခြင်းဖြင့် သူတို့၏နေ့စဉ် ဝန်တာများကိုထမ်းဆောင်လျှင် သူမတို့ခင်ပွန်းများ၏လေးစားမှုနှင့်ယုံကြည် မှုတို့ကိုခံရ၍ မှန်ကန်စွာလုပ်ရည်ကိုင်ရည်ရှိသော စာရိတ္တကြံ့ခိုင်မှုမျိုးအပြည့် အဝရှိသည့် ဂုဏ်အသရေနှင့်ပြည့်စုံသော ယောက်ျားကြီးများနှင့်မိန်းမကြီး များအဖြစ်သို့ ကြီးထွားရင့်သန်လာကြသည်ကို တွေ့မြင်ကြရလိမ့်မည်။ သို့ရာတွင် ပစ္စုပ္ပန်အခွင့်အရေးများကိုလျစ်လျူရှု၍ သူတို့ထမ်းဆောင်ရမည့် တာဝန်များတို့ကို အခြားသောသူတို့၏ပခုံးပေါ်သို့ ပြောင်းရွှေ့ပေးသောမိခင် တို့သည် သူတို့၏တာဝန်များသည် ရှိရင်းအခြေအနေကာလတွင် ရပ်တည် နေသည်ကိုတွေ့မြင်၍ သတိတရားကင်းမဲ့စွာနှင့်ပေါ့လျော့စွာစိုက်ပျိုးခဲ့သော အရာကို များစွာစိတ်ဒုက္ခရောက်ခြင်းဖြင့် ရိတ်သိမ်းရကြလိမ့်မည်။ ဤဘဝ အသက်တာတွင်ကြုံကြိုက်၍ ဖြစ်ခြင်းဟူ၍မရှိပေ။ ရိတ်သိမ်းမှုကိုစိုက်ပျိုး ထားသောအရာက အဆုံးအဖြတ်ပေးသည်။AH1Burm 331.3