Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၈—ဖြစ်တတ်သောလူပျိုလှည့်သည့်ကာလဆိုင်ရာ အလေ့အထများ

    လူပျိုလှည့်သည်ကာလနှင့်ထိမ်းမြားမင်္ဂလာဆိုင်ရာ မှားယွင်း သောအယူအဆများ- လူပျိုလှည့်သည့်ကာလတွင် စကားပြောချိုခြင်းဆိုင်ရာ အယူအဆများသည် ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ မှားယွင်းသော အယူအဆများတွင် အခြေခံကြသည်။ ကာယကံရှင်တို့သည် . စိတ်ဇော တိုက်တွန်းမှုကြောင့် မျက်စိမှိတ်တပ်မက်မှုလမ်းစဉ်ကို ကျင့်သုံးကြသည်။ ချစ်ကြိုက်စကားပြောဆိုရာတွင် လျှပ်ပေါ်သောသဘောဖြင့်သာ ပြောဆိုကြသော ကြောင့် နှစ်နှစ်ကာကာလေးလေးနက်နက်မရှိပေ။ ကာယကံရှင်မိန်းကလေး နှင့်ယောက်ျားကလေးတို့သည် ကိုယ်နှုတ်စောင့်စည်းမှုဆိုင်ရာဥပဒေများကို မကြာခဏချိုးဖောက်၍ သတိကင်းမဲ့စွာကျင့်ကြံပြုမူခြင်းအားဖြင့် ဘုရားသခင်၏ပညတ်တော်ကိုလွန်ကျူးကြ၏။ ထိမ်းမြားမင်္ဂလာအနှောင် အဖွဲ့ဆိုင်ရာ ဘုရားသခင်၏မြင့်မားမြင့်မြတ်သောအကြံတော်ကို နားလည်မှ မရှိကြပေ။ ထိုကြောင့် အသည်းကြားကအစင်ကြယ်ဆုံးဖြစ်သော ချစ်ခြင်းမေတ္တာနှင့်အမြတ်ဆုံးဖြစ်သော အကျင့်စာရိတ္တဆိုင်ရာကျင့်ဝတ်များ ကို ဖွံ့ဖြိုးကြီးထွားလာအောင် ဆောင်ရွက်ခြင်းမရှိပေ။AH1Burm 57.1

    ကောင်းကင်ဘုံ၌ရှိသောစာစောင်တွင် ကောင်းကင်တမန်များတွင် ကောင်းကင်တမန်များအား မှတ်တမ်းမတင်ထားစေလိုသော အပြောအဆို အလုပ်အကိုင်များကို ရှောင်ကြဉ်သင့်ကြပေသည်။ ဘုရားသခင်၏ဘုန်းတော် ကို ထင်ရှားစေမည်ဆိုသည်ကို တစ်သမတ်တည်းလိုက်နာကျင့်သုံးသင့်ကြ သည်။ စိတ်နှလုံးထဲတွင် ခရစ်တော်ယေရှု၏တပည့်တော်များပီသစွာ သန့်ရှင်း စင်ကြယ်သောချစ်ခြင်းမေတ္တာသဘာဝအားဖြင့် မြင့်မြတ်သောမေတ္တာ၊ မြေကြီး ဆိုင်ရာထက်ကောင်းကင်ဆိုင်ရာမေတ္တာမျိုးကိုသာလျှင် မွေးမြူထိန်းသိမ်း ထားသင့်ပေသည်။ ယင်းမေတ္တာမျိုးနှင့်ခြားနားသောမေတ္တာမျိုးဖြင့် ပြောသော ချစ်ကြိုက်စကားတို့သည် ယုတ်ညံ့သိမ်ဖျင်းသောကြောင့် ထိမ်းမြားမင်္ဂလာ သည် ချီးမြှောက်ထားသောကျမ်းစာဆိုင်ရာကျင့်ဝတ်များနှင့် ညီလျော်ခြင်း မရှိလျှင် ယင်းထိမ်းမြားခြင်းမင်္ဂလာသည် သန့်ရှင်းတော်မူသောဘုရားသခင် ၏မျက်မှောက်တော်တွင် သန့်ရှင်းစင်ကြယ်ခြင်းနှင့်ဂုဏ်အသရေမရှိနိုင်ပေ။AH1Burm 57.2

    လူငယ်လူရွယ်တို့သည် စိတ်ဇောတိုက်တွန်းမှုကို ယုံကြည်ကိုးစား လွန်းသည်။ သူတို့အနေဖြင့် ယင်းကဲ့သို့လွယ်ကူစွာမလိုက်လျောသင့်ဘဲ၊ ချစ်သူ၏မငြင်းသာအောင်ချစ်ဖွယ်ကောင်းလှသော အပြင်ပန်းလက္ခဏာကို လည်း လွယ်ကူစွာမက်မောမသွားသင့်ပေ။ ယခုခေတ်တွင် သမီးရည်းစား ဘဝတွင် လိမ်လည်လှည့်ဖြားမှုနှင့်ဟန်ဆောင်မှုများလှသောကြောင့် ယင်းစိတ် သဘောထားများမှတစ်ဆင့် ဝိညာဉ်ရေး၏ရန်သူတည်းဟူသော စာတန်အတွက် သူ့လိုဘကိုဆောင်ရွက်ရန် အခွင့်အလမ်းသာလေသည်။ ဤနေရာတွင် အခြားသောနေရာများမှာကဲ့သို့ ကောင်းသောအရာကိုပိုင်းခြားဝေဖန်တတ်သော ဉာဏ်ကို လိုအပ်နေသည်။ သို့ရာတွင်အမှန်မှာ ယင်းပိုင်းခြားတတ်သော ဉာဏ်သည် ထိုကဲ့သို့သောကိစ္စမျိုး၌ မှန်းချက်နှင့်နှမ်းထွက်ကိုက်ခဲလှသည်။AH1Burm 58.1

    ညဉ့်နက်သန်းခေါင်နေခြင်း - ညဥ့်နက်သန်းခေါင်မအိပ်ဘဲနေ ခြင်းသည် ထုံးစံကဲ့သို့ဖြစ်နေလေပြီ။ သင်တို့နှစ်ဦးလုံးသည် ခရစ်ယာန်များ ဖြစ်လင့်ကစား ထိုကဲ့သို့ညဉ့်နက်အောင်နေခြင်းကို ဘုရားသခင်သည် နှစ်သက်တော်မမူပေ။ ယင်းကဲ့သို့ ညဉ့်နက်သန်းခေါင်နေခြင်းသည် ကျန်းမာ ခြင်းကိုထိခိုက်၍ နောက်တစ်နေ့ဆောင်ရွက်ရမည့်တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ဘဲရှိနေတတ်သည်။ ထို့ပြင်မက ယင်းကဲ့သို့ညဉ့်နက် အောင်နှစ်ယောက်တည်းနေထိုင်ခြင်းတွင် ဒုစရိုက်လက္ခဏာပေါ်လွင်နေသည်။ ကျွန်ုပ်၏မောင်ငယ်များ၊ ဤကဲ့သို့ညဉ့်နက်သန်းခေါင်လူပျိုလှည့်ခြင်း (သို့မဟုတ်) ချစ်ရေးဆိုခြင်းမျိုးကို ရှောင်ကြဉ်နိုင်လောက်အောင် ကိုယ့်ကိုကိုယ်လေးစားမှု၊ ကိုယ့်ဂုဏ်အသရေအဖတ်ဆယ်မှုသည် သင်တို့ ၌ရှိမည်ဟု ကျွန်ုပ်တို့အနေဖြင့်မျှော်လင့်ပါသည်။ ဘုရားသခင်၏ဘုန်းတော် ကိုထင်ရှားစေရန်ဟူသော စေတနာမျိုးကိုထားရှိလျှင် သင်တို့သည် မင်္ဂလာ ဆောင်သည့်ကိစ္စနှင့်ပတ်သက်၍ သတိကြီးစွာဖြင့်ခြေလှမ်းကိုလှမ်းကြလိမ့်မည်။ ခရစ်ယာန်တစ်ဦးအနေဖြင့် သင်တို့အား ဘုရားသခင်၏မြင့်မြတ်သော တောင်းဆိုချက်များကို နားလည်ခြင်းမရှိသောအခြေအနေ၌ ရပ်တည်နေ ရလောက်အောင် သင်တို့၏ရူပါရုံကို မှေးမှိန်ထားစေရန် စိတ္တဇနာ (သို့မဟုတ်) အချစ်ရူးရူးနေခြင်းကို သင်တို့အနေဖြင့် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။AH1Burm 58.2

    ညဉ့်နက်သန်းခေါင်တိုင်အောင်အချိန်ယူကာ ချစ်ရေးဆိုကြသော သူတို့ကို စာတန်၏တမန်တော်များက စောင့်ကြည့်နေကြသည်။ ကာယကံ ရှင်တို့သည် တွေ့မြင်နိုင်သောစွမ်းရည်ကိုရရှိလျှင် ကောင်းကင်တမန်တစ်ပါး က သူတို့၏အပြောအဆိုများနှင့်လုပ်ရပ်များကို မှတ်တမ်းတင်နေသည်ကို တွေ့ မြင်ကြလိမ့်မည်။ ယင်းကဲ့သို့ညဉ့်နက်သန်းခေါင်အထိ အချိန်ကိုဖြုန်းတီး ခြင်းအားဖြင့် ကျန်းမာခြင်းနှင့်ကိုယ်နှုတ်စောင့်စည်းမှုဆိုင်ရာဥပဒေပညတ်များ ကို ချိုးဖောက်ကြသည်။ ယင်းချစ်ရေးဆိုကြသောအခါ၌ ဖြုန်းတီးခဲ့သော အချိန်တစ်ချိန်ကို အိမ်ထောင်ပြုပြီးချိန် (သို့မဟုတ်) လင်မယားဘဝ၌အသုံး ချလျှင် ပိုမိုသင့်လျော်ပါလိမ့်မည်။ သို့ရာတွင် ယေဘုယျအားဖြင့် ရည်းစား ဘဝ၌ပြသခဲ့သောစွဲမက်ခြင်းတို့သည် အိမ်ထောင်ကျပြီးနောက် နိဂုံးချုပ်သွား ကြသည်။AH1Burm 59.1

    ဤအကျင့်သီလပျက်ပြားသောခေတ်ကြီးတွင် ညဉ့်နက်သန်းခေါင် အထိ အချိန်ဖြုန်းတီးခြင်းသည် ယင်းကဲ့သို့အချိန်ဖြုန်းတီးခြင်းအားဖြင့် စေ့စပ် ကြောင်းလမ်းခဲ့သော နှစ်ဦးနှစ်ဖက်သောပုဂ္ဂိုလ်တို့ပျက်စီးခြင်းသို့ မကြာခဏ ပို့ဆောင်ခဲ့သည်။ ယောက်ျားမိန်းမတို့သည် မိမိတို့ကိုယ်ကိုဂုဏ်အသရေ ယုတ်ညံ့အောင်ပြုလုပ်ကြသောအခါ စာတန်မှာအထူးရွှင်မြူးသော်လည်း ဘုရားသခင်အဖို့မှာ ဂုဏ်တော်မှေးမှိန်စရာဖြစ်သည်။ ဤကဲ့သို့အလွဲစိတ်ပါ မှု၏ပယောဂကြောင့် ဂုဏ်သိက္ခာပျက်ပြား၍ ဂုဏ်သိက္ခာပျက်ပြားခဲ့သော ကာယကံရှင်နှစ်ဦးတို့၏လက်ထပ်ထိမ်းမြားမင်္ဂလာကို ဘုရားသခင်၏သဘော တူညီချက်ဖြင့်ဆောင်ရွက်ပေးရန် မဖြစ်နိုင်ပေ။ သူတို့လက်ထပ်ကြသည်မှာ ကာမတပ်မက်မှုတို့၏တိုက်တွန်းမှုကြောင့်သာဖြစ်၍ ယင်းတပ်မက်ခြင်း၏ ဆန်းသစ်မှုပြီးဆုံးသွားသောအခါ သူတို့ကျူးလွန်ခဲ့သောမိုက်မှားမှုကို သိမြင် လာကြလိမ့်မည်။AH1Burm 59.2

    ဘယ်ကဲ့သို့သောပုဂ္ဂိုလ်မျိုးနှင့်သူဆက်ဆံရသည်ကို စာတန်သည် ကောင်းမွန်စွာသိရှိ၏။ ဝိညာဉ်များပျက်စီးရာပျက်စီးကြောင်းအတွက် ထောင်ဖမ်းရန် သူစက်ဆုပ်ရွံရှာဖွယ်သောပညာကို နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲထားသည်။ လူ့ခြေလှမ်းတိုင်းကိုစောင့်ကြပ်၍ မြောက်မြားစွာသောအကြံ ဉာဏ်များကိုပေးသောအခါ ကာယကံရှင်တို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်အစား ယင်းအကြံဉာဏ်များကို မကြာခဏလိုက်နာကျင့်သုံးကြသည်။ အသက်နုပျို၍ နိုးနိုးကြားကြားမရှိသောသူတို့ကို ဖမ်းချုပ်ထားရန် ဤအန္တရာယ် များသောပိုက်ကွန်ကို လိမ္မာပါးနပ်ကျင်လည်စွာ ပြင်ဆင်ထားသည်။ ယင်း ပိုက်ကွန်ကို အလင်းရောင်အကာအကွယ်တစ်ခုအောက်တွင် မကြာခဏ ရုပ်ပြောင်းရုပ်လွဲလုပ်၍ ဖျောက်ထားလိမ့်မည်။ သို့ရာတွင် ယင်းပိုက်ကွန် ထဲ၌ ဖမ်းမိထားခြင်းခံရသောသူတို့သည် သူတို့ကိုယ်ကို စိတ်ဒုက္ခအမျိုးမျိုး ဖြင့် ထိုးဖောက်ကြသည်။ ထိုကြောင့်ပင် နေရာတကာတွင် ပျက်စီးနေသော လူတို့ကို တွေ့မြင်ရကြသည်။AH1Burm 60.1

    စိတ်နှလုံးများကိုမထီလေးစားပြုခြင်း - စိတ်နှလုံးများကို မထီလေးစားပြုလုပ်ခြင်းသည် သန့်ရှင်းသောဘုရားသခင်၏မျက်မှောက် တော်တွင် အလွန်ကြီးလေးသောပြစ်မှုကြီးဖြစ်သည်။ သို ့စေကာမူ အချို့သောလူပျိုလူရွယ်တို့သည် မိန်းကလေးများကိုမျက်နှာသာပေး၍ သူတို့၏အချစ်ကိုရအောင်ယူပြီးခဲ့သည့်နောက်ပိုင်းတွင် သူတို့လူပျိုလှည့် စဉ်ကပြောဆိုသောစကားတို့နှင့် ယင်းစကားတို့၏အကျိုးသက်ရောက်မှုကို လုံးဝမေ့ပျောက်၍ သူတို့ စိတ်ကြိုက်လုပ်ချင်ရာကိုလုပ်ကြတော့သည်။ အသစ်ကိုမြင်သောအခါ အဟောင်းကိုပစ်၍ ရှေးကအသုံးပြုခဲ့သော ပျားရည်ဆန်းစကားလုံးများအသုံးပြုလျက် ယင်း “ငါးစိမ်း” များနှင့်ကြည်ဖြူ နေကြပြန်သည်။AH1Burm 60.2

    ယင်းသဘောမျိုးသည် လင်မယားဘဝတွင်ပြန်လည်ခေါင်းထောင် လာလိမ့်မည်။ အိမ်ထောင်ပြုခြင်းသည် စိတ်သဘောပြောင်းလဲတတ်သော သူအားတည်ငြိမ်စေခြင်း၊ စိတ်အတည်တကျမဖြစ်သောသူအား တည်မြဲ ခိုင်ခံ့စေခြင်းနှင့် ကျင့်ဝတ်များကိုမှန်ကန်စွာသုံးစေခြင်းများအတွက် အမြဲတမ်း ပြုပြင်ပေးခြင်းမရှိပေ။ တည်တံ့ခိုင်မြဲသော စိတ်သဘောမွေးမြူခြင်းသည် သူတို့အတွက်ငြီးငွေ့ စရာဖြစ်လာ၍ မသန့်ရှင်းသောစိတ်ကူးအကြံအစည်တို့ သည် မသန့်ရှင်းသောလုပ်ရပ်များတွင် ပေါ်လွင်လာလိမ့်မည်။ ထိုကြောင့် လူငယ်လူရွယ်တို့သည် သူတို့အားဖြောင့်မတ်ခြင်းတရားထဲမှ လှည့်ဖြား ခေါ်ဆောင်သွားရန် စာတန်၏အကြံမအောင်မြင်စေခြင်းငှာ သူတို့၏ခါးပန်း စည်းထားလျက် သူတို့၏အပြုအမူများကို ကာကွယ်စောင့်ထိန်းထားရန် ဘယ်မျှလောက်လိုအပ်နေသနည်း။AH1Burm 61.1

    လူပျိုလှည့်နေသည့်ကာလတွင် လှည့်ဖြားသောအကျင့်ဓလေ့များ - မိဘများလုံးဝအသိအကျွမ်းမဖြစ်သေးသော အမျိုးသမီးကလေးတစ်ဦးကိုတွဲ၍ သွားလာနေသည်သာမက ယင်းအမျိုးသမီးရင်းနှီးချစ်ကြိုက်မှုကို ရယူနေသော လူပျိုသည် ယင်းအမျိုးသမီးကိုသော်လည်းကောင်း၊ သူ့မိဘများကိုသော် လည်းကောင်း မြင့်မြတ်သောခရစ်ယာန်တစ်ဦး၏ဝတ္တရားအတိုင်း ဆောင်ရွက် မှုမရှိပေ။ ယင်းအမျိုးသမီးငယ်နှင့်တိတ်တဆိတ်ဆက်သွယ်ခြင်း၊ တိတ်တဆိတ် နှစ်ယောက်တည်းချိန်း၍တွေ့ ဆုံခြင်းတို့ကြောင့် သူကလေး၏စိတ်ကိုဆွဲဆောင် ထားနိုင်စေကာမူ ယင်းကဲ့သို့ပြုလုပ်ခြင်းအားဖြင့် သူ့အနေဖြင့် ဘုရားသခင် ၏သားသမီးတိုင်း၌ အပိုင်ရှိထားအပ်သောစိတ်ထားမြင့်မြတ်ခြင်း၊ သစ္စာ သမာဓိရှိခြင်းတို့ကိုပြသရန် ပျက်ကွက်လေပြီ။ သူတို့၏ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ကျမ်းစာကထားရှိသောအဆင့်အတန်းနှင့်လည်း မညီညွတ်၊ ပွင့်ပွင့်လင်းလင်းမဖြစ်သောကဏ္ဍကို သူတို့သည်လုပ်ကိုင် ဆောင်ရွက်သောအားဖြင့် သူတို့ကိုချစ်၍ သူတို့အတွက်ကြည့်ရှုစောင့်ထိန်း ရသောပုဂ္ဂိုလ်များအပေါ် သူစ္စာမဲ့ကြသည်။ ယင်းကဲ့သို့သောသြဇာသက်ရောက် မှုက ဖန်တီးပေးသောအခြေအနေအရ ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်မညီလျော်ပေ။ သမီးဖြစ်သူအား သမီး အနေဖြင့်ထမ်းဆောင်ရမည့်ဝတ္တရားကို မထမ်းဆောင်စေဘဲ မိဘကိုရိုသေစွာ ပြုလော့ဆိုသော ဘုရားသခင်၏ပြတ်သားတိကျသောပညတ်ချက်များနှင့် ပတ်သက်၍ သူမအားလွဲမှားသောအယူအဆများရရှိအောင်ပြုလုပ်လျှင် ထိုသူသည် ထိမ်းမြားမင်္ဂလာဆိုင်ရာတာဝန်ဝတ္တရားများအပေါ် သစ္စာစောင့် သောသူမဟုတ်ပေ။AH1Burm 61.2

    ကျောက်ပြားများပေါ်တွင် “သူ့ဥစ္စာကိုမခိုးနှင့်” ဆိုသောပညတ်ကို ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် ရေးသားထားတော်မူသည်။ သို့ဖြစ် လင့်ကစား မေတ္တာကိုတိတ်တဆိတ်ဘယ်နှစ်ကြိမ်မျှခိုးယူ၍ ဘယ်နှစ်ကြိမ်မျှ ခွင့်လွှတ်ခဲ့ပြန်ပြီနည်း။ လှည့်ဖြားသောလူပျိုလှည့်နည်းပရိယာယ်များကို အသုံးပြုခဲ့၍ တိတ်တဆိတ်ချိန်းချက်တွေ့ဆုံကြသည်မှာ အတွေ့အကြုံနည်းပါး ၍ ယင်းကဲ့သို့တိတ်တဆိတ်ချိန်းချက်တွေ့ ဆုံခြင်းများသည် အဘယ်အခြေ အနေသို့ဆိုက်ရောက်တတ်သည်ကို မသိရှာသောသူတို့၏ချစ်ခြင်းသည် သူ့မိရင်းဖရင်းတို့ထံမှ ရုပ်သိမ်းဆွဲဆောင်ခံရပြီးသည်နောက် သူမ၏ချစ်ခြင်း ကိုမခံယူထိုက်ကြောင်းကို သူ့လုပ်ရပ်များက ပြသနေသောသူအပေါ်၌ ပုံချ အပ်နှင်းခြင်းကိုခံရလေတော့သည်။ မရိုးသားမှုဟူသမျှကို ကျမ်းစာကပြစ်တင် ရှုတ်ချထားသည်။AH1Burm 62.1

    ယင်းကဲ့သို့ခိုးကြောင်ခိုးဝှက်ချိန်းချက်တွေ့ ဆုံခြင်းအားဖြင့် လူပျို လှည့်အပျိုလှည့်ခြင်းနှင့် ထိမ်းမြားမင်္ဂလာပြုခြင်းတို့သည် ကြီးမားသောစိတ် ဆင်းရဲမှုကိုဖန်တီးပေး၍ မည်သည့်အခြေအနေထိရောက်စေသည်ကို ပြည့်ပြည့် စုံစုံသိသောပုဂ္ဂိုလ်မှာ ဘုရားသခင်တစ်ပါးတည်းသာဖြစ်တော်မူသည်။ ယင်း ကျောက်ဆောင်ပေါ်တွင် ထောင်သောင်းမကသောသူတို့၏ဝိညာဉ်များတို့သည် ပျက်စီးခြင်း၊ ဆုံးပါးခြင်းရှိခဲ့ကြလေပြီ။ ရိုးသားဖြောင့်မတ်သောခရစ်ယာန် အများတို့သည် အခြားသောကိစ္စများတွင် သတိတရားရှိစွာဖြင့် လိုက်နာ ကျင့်သုံးကြသော်လည်း ဤမင်္ဂလာထိမ်းမြားခြင်းဆိုင်ရာကိစ္စတွင်မူ ကြောက်မက်ဖွယ်ကောင်းသော မှားယွင်းမှုများကိုကျူးလွန်ခဲ့ကြသည်။ စိတ်ပိုင်းဖြတ်ထားသောလိုအင်ဆန္ဒကို ကျိုးကြောင်းဆင်ခြင်တတ်သော တရားက ပြောင်းလဲ၍မရကြောင်းကို သူတို့ဘဝအဖြစ်အပျက်ကပြသည်။ သူတို့သည် မနုဿလူသတ္တဝါတို့၏ခံစားချက်များ၊ စိတ်ဇောတိုက်တွန်းမှ များစွာမက်မောနေသည့်အတွက် ကျမ်းစာကိုရှာဖွေဖတ်ရှု၍ ဘုရားသခင်နှင့် အနီးကပ်ဆုံးရင်းနှီးဆက်သွယ်မှုကိုရယူရန်ပင် လိုအင်ဆန္ဒမရှိကြတော့ပေ။AH1Burm 62.2

    အောက်သို ့ဆွဲချသောပထမခြေလှမ်းကို ရှောင်ကြဉ်ပါ - ပညတ်တော်ဆယ်ပါးမှ ပညတ်တော်တစ်ပါးကိုချိုးဖောက်သောအခါ အောက်သို့လှမ်းမည့်ခြေလှမ်းများသည် သေချာသလောက်ဖြစ်နေသည်။ အမျိုးသမီးတို့၏ကာယိန္ဒြေကို ဖျက်ဆီးပယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် အယုတ်ညံ့ဆုံးသောကာမဂုဏ်ကျူးလွန်မှုကိုပင် အကြီးဆုံးသောအပြစ်ဒုစရိုက် ဟူ၍ ယူဆဟန်လက္ခဏာမရှိတော့ပေ။ ယခုခေတ်ကမ္ဘာလောကကြီးတွင် အမျိုးသမီးများတို့၏မကောင်းမှုဒုစရိုက်ကျူးလွန်မှုကြောင့် ဖြစ်ပေါ်လာ သောမကောင်းမှုများက ကြောက်ခမန်းလိလိဖြစ်ပါသည်တကား။ “ထူးခြား သောအမျိုးသမီးများ” ၏သွေးဆောင်မှုကိုလိုက်စားမိသောကြောင့် ထောင်သောင်းမကသောသူတို့သည် ထောင်တွင်းအကျဉ်းခံနေရလျက် များစွာသောယောက်ျားတို့သည် ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်လုပ်ကိုင် ခဲ့ကြောင်း၊ ၎င်းအပြင် အချို့သောသူတို့သည် အခြားသောသူတို့၏ အသက်တိုအောင်ပြုလုပ်ကြသည်။ “သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍ သူသွားရာလမ်းသည် မရဏာနိုင်ငံသို့ရောက်တတ်၏” ဆိုသောကျမ်း စကားသည် ဘယ်မျှလောက်မှန်ကန်ပါသနည်း။AH1Burm 63.1

    အန္တရာယ်များ၍ တားမြစ်ထားသောနေရာသို့ချဉ်းကပ်မိခြင်းမှ လူတို့ အားတားဆီးကာကွယ်ထားရန် ဘဝလမ်းကြောင်း၏နေရာတိုင်းတွင် သတိ ပေးအထိမ်းအမှတ်များထားရှိပါသည်။ ယင်းကဲ့သို့ထားရှိလင့်ကစား၊ မြောက်မြား စွာသောသူတို့သည် ကျိုးကြောင်းဆင်ခြေတုံတရား၏နှိုးဆော်ချက်နှင့် ဆန့်ကျင်လျက်၊ ၎င်းအပြင် ဘုရားသခင်၏ပညတ်တော်ကိုလျစ်လျူရှု၍ ကိုယ်တော်ရှင်၏ရန်တုံ့မှုကိုမထီမဲ့မြင်ပြုလျက် သေခြင်းသို့ပို့ဆောင်သော လမ်းကို ရွေးချယ်ကြသည်။AH1Burm 63.2

    ကိုယ်ခန္ဓာ၏ကျန်းမာခြင်းကိုလည်းကောင်း၊ ထက်မြက်သောဉာဏ ဗလကိုလည်းကောင်း၊ ကြံ့ခိုင်သောစာရိတ္တဗလကိုလည်းကောင်း ထိန်းသိမ်း ထားလိုသောသူတို့သည် “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်” ကြရမည်။ ၎င်းအတင့်ရဲ၍ရောင့်တက်သောဦးခေါင်းကို ကျွန်ုပ် တို့အထဲတွင်ခေါင်းထောင်လာသော ဆိုးညစ်မှုကိုဟန့်တားရန် အင်တိုက် အားတိုက်ဖြင့်လည်းကောင်း၊ တိကျသောခြေလှမ်းဖြင့်လည်းကောင်း ကြိုးပမ်း ကြသောသူတို့ကို ဒုစရိုက်ကျင့်သူတို့က မုန်းတီးကြသည်၊ အလွန်အမင်း ရှုတ်ချပြောဆိုကြသည်။ သို့ရာတွင် ဘုရားသခင်သည် သူတို့အားဂုဏ်ပြု တော်မူ၍ ဆုလာဘ်များကိုပေးတော်မူမည်။AH1Burm 64.1

    တောပင်များကိုစိုက်ပျိုးလျှင် ခါးသောအသီးများကိုရိတ်သိမ်း ရမည် - တောပင်များကိုစိုက်ပျိုးခြင်းဖြင့် သင်တို့၏ဝိညာဉ်များကို အန္တရာယ်နှင့်မကင်းအောင်မပြုလုပ်ကြပါနှင့်။ သင်တို့နှင့်ရာသက်ပန်ပေါင်းသင်း နေထိုင်မည့် အိမ်ထောင်ဖက်ကိုရွေးချယ်ရာ၌ သတိမမူဂူမမြင်မဖြစ်စေသင့်ပေ။ AH1Burm 64.2

    ချစ်သောလူငယ်လူရွယ်မိတ်ဆွေတို့၊ သင်တို့အနေဖြင့် အချိန် အနည်းငယ်ယူကာ စိုက်ပျိုးသောတောပန်းပင်တို့မှ သင်တို့၏ဘဝလမ်းစဉ် တစ်လျှောက်လုံးကိုခါးစေမည့် (သို့မဟုတ်) အတိဒုက္ခရောက်စေမည့်အသီး များကို ရိတ်သိမ်းကြလိမ့်မည်။ တစ်နာရီလောက်မျှစဉ်းစားဉာဏ်ကင်းမဲ့သွား ခြင်း၊ စုံစမ်းသွေးဆောင်ခြင်းကို တစ်ကြိမ်တစ်ခါမျှလိုက်လျောကျင့်သုံးခြင်း တို့သည် သင်တို့၏ဘဝရေယာဉ်ကျောကို လွဲမှားနေသောနေရာများသို့ စီးဆင်း စေလိမ့်မည်။ သင်တို့အနေဖြင့် တစ်ကြိမ်တစ်ခါသာ လူငယ်လူရွယ်ဘဝတွင် ရပ်တည်နေနိုင်ကြသည်။ ယင်းဘဝရပ်တည်မှုကို အသုံးဝင်ကျေးဇူးရှိအောင် ပြုလုပ်ပါ။ သင်တို့သည် တစ်ကြိမ်တစ်ခါမျှ မြေကွက်ကိုကျော်လွှားသွား ပြီးနောက် သင်တို့၏အမှားကိုပြန်လည်ပြုပြင်ရန် ပြန်လမ်းကားမရှိတော့ပြီ။ ဘုရားသခင်နှင့်ဆက်သွယ်မှုရှိရန်ငြင်းပယ်၍ မိမိတို့ကိုယ်ကိုစုံစမ်းသွေးဆောင် ရာနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်သောသူတို့သည် မုချလဲကြမည်၊ အပြစ် ပြုကြမည်။ ဘုရားသခင်သည် လူငယ်လူရွယ်တိုင်းကိုစုံစမ်းတော်မူသည်။ အများသောလူငယ်လူရွယ်တို့က သူတို့၏အသိတရားကင်းမဲ့စွာနေထိုင်ပြုမူ ခြင်းနှင့် ရိုသေလေးစားမှုမရှိသောလမ်းစဉ်ကို လိုက်စားမိသောအကြောင်းမှာ ဝါရင့်သောပုဂ္ဂိုလ်ကြီးများက မှားယွင်းသောပုံသက်သေကိုပြသခဲ့သောကြောင့် ဟု သူတစ်ပါးကိုအပြစ်ဖို့ပြောဆိုကြသည်။ ယင်းကဲ့သို့မှားယွင်းသောပုံသက်သေ ကို ပြသမှုရှိကောင်းရှိမည်ဖြစ်သော်လည်း ယင်းအခြေအနေအားမှန်ကန်သော လမ်းစဉ်ကိုကျင့်သုံးမှုမဟန့်တား၊ မနှောင့်ယှက်စေသင့်ပါ။ နောက်ဆုံး စာရင်းရှင်းရသောနေ့တွင် ယခုကဲ့သို့သောအခြေမျိုးကိုပေးနိုင်လိမ့်မည် မဟုတ်ပေ။AH1Burm 64.3