Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၃—လမ်းပြပို့ဆောင်ရန်ဘုရားသခင်၏ကတိတော်များ

    မိတ်ဆွေတော်ကြီးကယ်တင်ရှင်ရှိကြောင်းသိရခြင်းသည် နှစ်ထောင်း အားရဖွယ်ဖြစ်ခြင်း - သင်တို့အားသနားကြင်နာသောကယ်တင်ရှင်သည် မေတ္တာနှင့်လည်းကောင်း၊ ကိုယ်ချင်းစာသောစိတ်တော်နှင့် သင်တို့အားစောင့် ကြည့်နေတော်မူ၍ သင်တို့၏ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူရန် လည်းကောင်း၊ သင်တို့လိုအပ်သောအကူအညီပေးတော်မူရန်လည်းကောင်း အဆင်သင့်ဖြစ်နေတော်မူသည်။ ကိုယ်တော်ရှင်သည် မိခင်တိုင်း၏နှလုံးသား ကိုသိရှိတော်မူ၍ အရေးပေါ်ကာလတိုင်းတွင် သူမ၏အကောင်းဆုံးသော မိတ်ဆွေအနေဖြင့် ရပ်တည်နေတော်မူသည်။ ကိုယ်တော်ရှင်၏ထာဝရခိုင်မြဲ သောလက်ရုန်းတော်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေ၍ သစ္စာရှိ သောမိခင်ကိုထောက်ပံ့ထားတော်မူသည်။ ကယ်တင်ရှင်သည် မြေကြီးပေါ် တွင်ကျင်လည်နေရစ်တော်မူသောအချိန်တွင် ကိုယ်တော်ရှင်၏မယ်တော်သည် ဆင်းရဲနွမ်းပါးခြင်း၌ရုန်းကန်နေရ၍ ပူပန်သောကစိတ်ရှုပ်ထွေးမှုပေါင်းစုံတို့ကို ရင်ဆိုင်ရရှာသည်။ ထိုကြောင့် ကိုယ်တော်ရှင်သည် ပူပန်သောကနှင့်စိုးရိမ်မှ များကိုရင်ဆိုင်နေရသော ခရစ်ယာန်မိခင်တိုင်းကို ကိုယ်ချင်းစာသနားတော် မူသည်။ နတ်ဆိုးစွဲနေသော သူငယ်မ၏စိုးရိမ်နေသောမိခင်အား စိတ်သက်သာ မှုရှိစေရန်အတွက် ခရီးဝေးကိုလျှောက်သွားခဲ့တော်မူသော ကယ်တင်ရှင်သည် မိခင်၏ပတ္ထနာများကို နားညောင်းတော်မူ၍ သူမ၏သားသမီးတို့အား ကောင်းချီးပေးတော်မူမည်။AH1Burm 264.1

    မြှုပ်နှံသင်္ဂြိုဟ်ရန် သင်္ချိုင်းသို့ယူဆောင်သွားသော မုဆိုးမ၏တစ်ဦး တည်းသောသားအလောင်းကို အသက်ရှင်စေပြီး မိခင်ဖြစ်သူ၏လက်သို့ ပြန်လည်အပ်နှင်းခဲ့သောကိုယ်တော်ရှင်သည် ယခုအခါတွင် ပရိဒေဝမီး တောက်လောင်နေရသော မိခင်၏ဒုက္ခများအတွက် စိတ်နှလုံးထိခိုက်တော် မူသည်။ လာဇရု၏သင်္ချိုင်းတွင် ကိုယ်ချင်းစာသောမျက်ရည်များကျဆင်း၍ သူတို့မောင်ကိုချစ်သောမာရိနှင့်မာသတို့အား သူတို့မောင်ကိုအကောင်းပကတိ ပြန်လည်ပေးအပ်ခဲ့သောယေရှုရှင်၊ မာဂဒလမာရိအား အပြစ်လွှတ်ခွင့်ပေး တော်မူသောကယ်တင်ရှင်၊ လက်ဝါးကပ်တိုင်ပေါ်တွင် နာကျင်ခြင်းဝေဒနာ ကိုခံစားနေရစဉ်တွင် သူ့မိခင်ကိုသတိရတော်မူသောယေရှုရှင်၊ ငိုကြွေးနေ သောအမျိုးသမီးတစ်စုတို့အား ကိုယ်ထင်ရှား၍ထမြောက်ရှင်ပြန်တော်မူခဲ့သော ကယ်တင်ရှင်၏ဝမ်းမြောက်ဖွယ်သောသတင်းကို ပထမဦးဆုံးအကြိမ်ဖြင့် ဖြန့်ကြဲရန် ယင်းအမျိုးသမီးများအား ကိုယ်တော်ရှင်၏စေတမန်များအနေဖြင့် အသုံးပြုတော်မူခဲ့သောယေရှုရှင်သည် ယခုအခါတွင် အမျိုးသမီးတိုင်း၏ အကောင်းဆုံးမိတ်ဆွေအနေဖြင့် ရပ်တည်နေတော်မူ၍ ဘဝအသက်တာနှင့် ပတ်သက်သော အမှုကိစ္စအမျိုးစုံတို့တွင် အမျိုးသမီးများအားကူညီမစရန် အဆင်သင့်ရှိနေတော်မူသည်။AH1Burm 264.2

    ခရစ်ယာန်မိခင်၏လုပ်ငန်းနှင့်ရင်ပေါင်တန်းနိုင်သောလုပ်ငန်းဟူ၍ မရှိတော့ပြီ။ သူမ၏လုပ်ငန်းကိုဆောင်ရွက်သောအခါ သူမ၏သားသမီးများ အား ဘုရားသခင်၏ဆုံးမသွန်သင်ခြင်းအားဖြင့် ထိန်းသိမ်းကြည့်ရှုရကြမည် ဆိုသည်မှာ ဘယ်ကဲ့သို့သောအဓိပ္ပါယ်ဆောင်သည်ကို အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရသည်။ သူမထမ်းရသောဝန်ထုပ်ကြီးသည် သူမထမ်းနိုင်သည် ထက် ပိုမိုလေးလံလှပါတကားဟူသော ခံစားမှုမျိုးကို သူမံ၏စိတ်အတွင်း ဝယ်မကြာခဏပေါ်လာတတ်သည်။ ထိုနောက် ယင်းဝန်ထုပ်ကြီးကိုဆုတောင်း ခြင်းအားဖြင့် ကိုယ်ချင်းစာနာတတ်သောကယ်တင်ရှင်ထံတော်သို့ ယူဆောင် သွားရသောအခါ အခွင့်အရေးသည် သူမအတွက်အဘယ်မျှလောက်တန်ဖိုး ရှိဘိသနည်း။ သူမသည် သူမ၏ဝန်ထုပ်ကို ကိုယ်တော်ရှင်၏ခြေတော်ရင်း တွင်ချထား၍ ဒုက္ခကိုရင်ဆိုင်ရသောအချိန်တွင် သူမအားထောက်ပံ့ထားသည် သာမက ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်း၊ ရဲစွမ်းသတ္တိနှင့်ဉာဏ်ပညာကို ပေးသည့်ခွန်အားကို ကိုယ်တော်၏ရှေ့တော်တွင် တွေ့ရှိနိုင်သည်ဟု သူမ ရင်ဆိုင်ရသောအခက်အခဲအားလုံးအတွက် ယေရှုရှင်ကဲ့သို့သောမိတ်ဆွေ ကောင်းတစ်ယောက်သည် သူမနှင့်အတူအမြဲတမ်းရှိကြောင်းသိရှိရခြင်းသည် ပူပန်သောကပေါင်းစုံ၏ဖိစီးနှိပ်စက်ခြင်းကိုခံနေရသောမိခင်အတွက် ဘယ်မျှ လောက်နှစ်မြို့ဖွယ်ကောင်းဘိသနည်း။ မိခင်တို့သည် ခရစ်တော်ထံသို့ပိုမို ချဉ်းကပ်၍ ကိုယ်တော်ရှင်ကိုပိုမိုယုံကြည်ကိုးစားလျှင် သူတို့ထမ်းရသော ဝန်ထုပ်သည် ပိုမိုလွယ်ကူ၍ သူတို့၏စိတ်ဝိညာဉ်တို့သည် ငြိမ်သက်ချမ်းသာ ခြင်းကို ခံစားရမည်ဖြစ်သည်။AH1Burm 265.1

    ကောင်းကင်ဘုံ ရှင်ဘုရားသခင်သည် သင်တို့၏ပတ္ထနာကို နားညောင်းတော်မူသည် - ဘုရားသခင်၏မစတော်မူခြင်းမပါရှိဘဲ သင်တို့ ၏သားသမီးများကို သင်တို့ထိန်းသိမ်းကြည့်ရှုသင့်သည့်အတိုင်း ထိန်းသိမ်း ကြည့်ရှုခြင်းကိုမပြုလုပ်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် အာဒံ၏အပြစ် ပြုလုပ်တတ်သောသဘာဝသည် အောင်မြင်မှုအတွက်အမြဲတမ်းကြိုးပမ်းလျက် ရှိသည်။ အမှန်တရား၏အခြေခံကျင့်ဝတ်တို့သည် စိတ်ဝိညာဉ်၌အမြဲစွဲ၍ ဘဝအသက်တာတွင်အင်အားရရှိစေရန် ယင်းအခြေခံကျင့်ဝတ်များကိုခံယူဖို့ စိတ်နှလုံးသည် အဆင်သင့်ဖြစ်နေရမည်။AH1Burm 266.1

    သူတို့၏သားသမီးများကို သွန်သင်ဆုံးမပဲ့ပြင်ရာတွင် ဘုရားသခင် ၏ညွှန်ကြားတော်ချက်များကို လိုက်နာကျင့်သုံးလျှင် သူတို့သည် အထက် အရပ်မှအကူအညီရရှိမည်ကို မိဘများအနေဖြင့်နားလည်နိုင်သည်။ သူတို့သည် အကျိုးကျေးဇူးများစွာခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သွန်သင် ပေးကြသောအချိန်တွင် သူတို့လည်းသင်ကြားလေ့လာကြရသည်။ သူတို့၏ သားသမီးတို့သည် ဘုရားသခင်၏တရားတော်အတိုင်း လိုက်နာကျင့်သုံး ရာတွင် ရရှိခဲ့သောအသိပညာအားဖြင့် အောင်မြင်မှုများရရှိကြလိမ့်မည်။ သူတို့သည် သဘာဝအားဖြင့်လည်းကောင်း၊ ရိုးရာအားဖြင့်လည်းကောင်း အပြစ်ကျူးလွန်သောဆန္ဒများကို အောင်မြင်နိုင်ကြမည်ဖြစ်သည်။AH1Burm 266.2

    မိဘတို့၊ သင်တို့သားသမီးတို့အတွက် မဆုတ်မနစ်အင်တိုက်အား တိုက် ဆောင်ရွက်နေကြပါသလား။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် သင်တို့၏စိုးရိမ်ကြောင့်ကြခြင်း၊ သင်တို့၏စိတ်ပါကိုယ်ရောက်ဆောင်ရွက် ခြင်းနှင့် သင်တို့၏မပြတ်သောလုံ့လဖြင့် စောင့်ကြည့်ခြင်းတို့ကိုမှတ်သား တော်မူသည်။ သင်တို့၏ပတ္ထနာများကို ကိုယ်တော်ရှင်သည် နားညောင်း တော်မူသည်။ သည်းခံသောစိတ်ဖြင့်လည်းကောင်း၊ နူးညံ့သိမ်မွေ့စွာဖြင့် လည်းကောင်း သင်တို့၏သားသမီးတို့အား ဘုရားသခင်အတွက်သင်ကြား ပေးပါလော့။ ကောင်းကင်တစ်ခုလုံးသည် သင်တို့၏လုပ်ငန်းတွင် စိတ်ဝင်စား လျက်ရှိကြသည်။ ဘုရားသခင်သည် သင်တို့နှင့်လက်တွဲ၍ဆောင်ရွက်တော် မူကာ သင်တို့၏ကြိုးပမ်းမှုများကို အောင်မြင်စေတော်မူသည်။AH1Burm 267.1

    ဌမမှ ကယ်တင်ခြင်းဆိုင်ရာသမ္မာတရားကို ရှင်းပြရန်လည်းကောင်း၊ ခရစ်တော်အား ပုဂ္ဂလိကကယ်တင်ရှင်အနေဖြင့် သင်တို့သားသမီးများအား ညွှန်ပြရန်လည်းကောင်း သင်တို့ကြိုးပမ်းကြသောအခါ ကောင်းကင်တမန် များသည် သင်တို့အနီးတွင်ရှိနေကြလိမ့်မည်။ လောက၏မျှော်လင့်ချက် ဧကန်အမှန်ဖြစ်သော ဗက်လင်မြို့ မှသူငယ်တော်နှင့်ပတ်သက်၍ တန်ဖိုးရှိ လှသောအတ္ထုပ္ပတ္တိကို သူတို့၏သားသမီးတို့သည် စိတ်ဝင်စားစေရန် ဆောင်ရွက်ဖို့ ဘုရားသခင်သည် ဖခင်နှင့်မိခင်တို့အားကျေးဇူးတော်ကိုပေး တော်မူသည်။AH1Burm 267.2

    တောင်းကြလော့၊ ယူကြလော့။ သူတို့၏အရေးပါအရာရောက် လှသောတာဝန်ကို ထမ်းဆောင်ရာတွင် မိဘတို့သည် ဘုရားသခင်၏ အကူအညီတောင်းခံရကြမည်၊ ရယူကြရမည်။ မိဘတို့၏အကျင့်ဓလေ့များ နှင့်အကျင့်စာရိတ္တတို့သည် အဆင့်အတန်းနိမ့်ကျသောပုံသွင်းမှုကိုခံခဲ့ရစေ ကာမူ သူတို့၏ငယ်စဉ်တောင်ကျေးကလေးဘဝနှင့် လူငယ်လူရွယ်ဘဝတို့တွင် သင်ကြားနာယူခဲ့သောသင်ခန်းစာတို့သည် နှစ်မြို့ဖွယ်မကောင်းသောစာရိတ္တ များကို မွေးမြူခဲ့စေကာမူ၊ သူတို့အနေဖြင့် စိတ်အားငယ်စရာမလိုပေ။ ပြုပြင်ပြောင်းလဲပေးတော်မူသော ဘုရားသခင်၏တန်ခိုးတော်သည် အမွေခံ ထားပြီးသောစိတ်ရိုင်းမှုများနှင့် မွေးမြူထားပြီးဖြစ်သော စိတ်ဆန္ဒများကို အကောင်းဘက်သို့ ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုရှင်၏ဘာသာအယူဝါဒသည် နိမ့်ကျသောအခြေအနေမှ မြင့်မားသော အခြေအနေသို့မချီပေးသည်။ ဒုတိယမွေးခြင်းဆိုသည်မှာ ပြောင်းလဲခြင်း၊ ခရစ်တော်ယေရှု၌ အသစ်သောမွေးဖွားခြင်းဖြစ်သည်။AH1Burm 267.3

    နှုတ်ကပတ်တော်ထဲ၌ဖော်ပြပါရှိသောသြဝါဒများကို ကျွန်ုပ်တို့၏ သားသမီးများအား သွန်သင်ပေးကြပါစို့။ သင်တို့သည် ကိုယ်တော်ကိုခေါ် လျှင် ကိုယ်တော်ရှင်သည် သင်တို့၏ခေါ်သံကိုနားညောင်းတော်မူမည်။ ကိုယ်တော်ရှင်က ငါသည်ဤနေရာတွင်ရှိသည်။ သင့်အတွက် ကျွန်ုပ်အား ဘာကိုဆောင်ရွက်ပေးစေလိုပါသနည်းဟု ကိုယ်တော်ရှင်ကမိန့်တော်မူလိမ့် မည်။ လူတိုင်းအားစေခိုင်းထားသောအမှုတော်ကို ထမ်းဆောင်နိုင်စေရန် ဘုရားသခင်သည် မြေကြီးသားတို့နှင့်ဆက်သွယ်လျက်ရှိတော်မူသည်။ ဘုရားသခင်သည် ကလေးသူငယ်တို့ကိုချစ်တော်မူသည်။ သူတို့အားမြင့်မြတ် သည့်ခေါ်တော်မူခြင်းဖြင့်ခေါ်ယူသည်ဟူသော အသိဉာဏ်မျိုးနှင့်ကြီးပြင်း လာစေရန် ဘုရားသခင်သည် အလိုရှိတော်မူသည်။AH1Burm 268.1

    သန့်ရှင်းသောဝိညာဉ်တော်သည် လမ်းပြပို့ဆောင်တော်မူသည် - သူမသည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြပို့ဆောင်တော်မူခြင်းလိုအပ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏နည်းလမ်းနှင့်အလိုတော်အတိုင်း ဆောင်ရွက်ရာတွင် သူမကိုယ်တိုင်အတွက် စစ်မှန်သောအတွေ့အကြုံမျိုး ရရှိနိုင်သည်ကိုလည်းကောင်း မိခင်သည်သိရှိထားသင့်ပေသည်။ ထိုအခါ ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သူမသည် ဉာဏ်ပညာဖြင့်လည်းကောင်း၊ နူးညံ့သိမ်မွေ့ခြင်းဖြင့်လည်းကောင်း၊ ချစ်တတ်ခြင်းဖြင့်လည်းကောင်း ပြည့်ဝ သောဆရာသမားတစ်ဦးဖြစ်လာလိမ့်မည်။AH1Burm 268.2

    သန့်ရှင်းသောဝိညာဉ်တော်၏အုပ်ထိန်းမှုကို ခံယူကြမည့်မိဘတိုင်း အား အိမ်ထောင်၌ဆရာသမားဖြစ်လာနိုင်စေရန်၊ လိုအပ်သောခွန်အားနှင့် ကျေးဇူးတော်ကိုပေးရန် ခရစ်တော်သည် လိုအပ်သောအစီအစဉ်ရှိသမျှကို ဆောင်ရွက်ထားတော်မူပြီးဖြစ်သည်။ အိမ်ထောင်၌သင်ကြားပို့ချပေးသော အသိပညာနှင့်စည်းကမ်းရှိမှုတို့သည် သားသမီးတို့အားလိုအပ်သောပုံသွင်းမှ ကို ဆောင်ရွက်စေနိုင်မည်ဖြစ်သည်။AH1Burm 269.1

    ဘုရားသခင်၏တန်ခိုးတော်သည် လူ့ကြိုးပမ်းမှုနှင့်လက်တွဲမည် - လူ့ကြိုးပမ်းမှုမပါလျှင် ဘုရားသခင်၏ကြိုးပမ်းမှုသည် အကျိုးမရှိပေ။ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားသောအမှီတံကဲပြုခြင်းဖြင့် မိဘတို့သည် သူတို့အပေါ်၌ရပ်တည်နေသောတာဝန်ကို နိုးကြားသောအသိတရားဖြင့် သူတို့၏သားသမီးများအား နည်းမှန်လမ်းမှန်သွန်သင်ပြသရန်ကြိုးပမ်းလျှင် ဘုရားသခင်သည် ထပ်ဆင့်အနေဖြင့် တန်ခိုးတော်အာနိသင်ဖြင့်ဆောင်ရွက် တော်မူလိမ့်မည်။ သေချာစေ့စပ်စွာဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအား ဖြင့်လည်းကောင်း မိမိတို့၏သားသမီးများအား ပညာသင်ကြားပေးလျက် ရှိစဉ် သူတို့ကိုယ်တိုင်နှင့် သားသမီးတို့၏ကယ်တင်ခြင်းခံစားရမှုအတွက် တစ်ဖက်ကဆောင်ရွက်သောမိဘတို့နှင့်ဘုရားသခင်သည် လက်တွဲဆောင်ရွက် တော်မူသည်။AH1Burm 269.2

    ကောင်းကင်တွင်စံမြန်းနိုင်မှုအတွက် စာရိတ္တကိုတည်ဆောက်နိုင်စေ ရန် သင်တို့၏သားသမီးများအား ကူညီမစရာတွင် လူသားတို့၏ ကြိုးပမ်းမှ တစ်ခုတည်းဖြင့်သာ အရာထင်မည်မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်၏ ကူညီမစတော်မူခြင်းဖြင့် ခမ်းနားကြီးကျယ်၍ သန့်ရှင်းမြင့်မြတ်သောအလုပ် ကို အပြီးဆောင်ရွက်နိုင်မည်ဖြစ်သည်။AH1Burm 269.3

    သင်တို့၏ကြိုးပမ်းမှုများကို ဘယ်အခါမျှအလံမလဲဟူသောတည်ကြည် သောသန္နိဌာန်မျိုးဖြင့်လည်းကောင်း၊ ဘုရားသခင်၏အလိုတော်နှင့်အညီ သင်တို့၏သားသမီးများကို ပုံသွင်းပေးရန်ကြိုးပမ်းရာတွင် သင်တို့၏တာဝန် ကို ဘယ်သောအခါမျှစွန့်ပစ်လိမ့်မည်မဟုတ်ဟူသော စိတ်ထားမျိုးဖြင့် လည်းကောင်း မိဘများတို့အနေဖြင့်သင်တို့သည် ဘုရားသခင်၏အင်အားဖြင့် သင်တို့၏တာဝန်များကိုထမ်းဆောင်လျှင် ကိုယ်တော်ရှင်သည် သင်တို့၏ ဆောင်ရွက်မှုကို နှစ်သက်သဘောကျတော်မူမည်။ သင်တို့အနေဖြင့် အတတ် နိုင်ဆုံးဆောင်ရွက်နေသည်ကို ကိုယ်တော်ရှင်သည် သိရှိတော်မူလေသည်။ ထိုကြောင့် သင်တို့၏စွမ်းရည်များတို့ကို တိုးတက်လာစေတော်မူလေသည်။ မိခင်သော်လည်းကောင်း၊ ဖခင်သော်လည်းကောင်း မလုပ်ကိုင်နိုင်သော အလုပ်ကို ကိုယ်တော်ရှင်သည် ကိုယ်တော်တိုင်ဆောင်ရွက်ပေးတော်မူမည်။ ကိုယ်တော်ရှင်သည် ဘုရားသခင်ကိုရိုသေလေးစားသော မိခင်၏ဉာဏ် အမြော်အမြင်ရှိမှု၏သည်းခံခြင်းပါရမီနှင့် ကောင်းသောရည်စူးချက်များအပေါ် မူတည်သော ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်တော်မူသည်။ မိဘတို့၊ သင်တို့၏အိမ်ထောင်များတွင် သင်တို့ကိုယ်တိုင်ဆောင်ရွက်ရန် ပေးထား တော်မူသောတာဝန်ကို ကိုယ်တော်သည် ဆောင်ရွက်ရန်ကြံစည်ထားတော် မမူ။ ဤလောကတွင် သင်တို့၏သားသမီးတို့အား ဝန်းရံထားသောဘေး အန္တရာယ်များမှ သူတို့ကိုကယ်တင်ရန်လိုလားလျှင် ယင်းသားသမီးများတို့ အား သွန်သင်ပြသဆုံးမရသောလုပ်ငန်းကို ပျင်းရိသောသင်တို့၏အခိုင်းအစေ များလက်သို့ အပ်မထားပါနှင့်။AH1Burm 270.1

    စုံစမ်းမှုများလာလျှင် ယေရှုရှင်ကိုကိုင်တွယ်ထားပါ - မိဘတို့၊ သင်တို့၏လမ်းခရီးတွင်ထွန်းတောက်လျက်ရှိသော ဘုရားသခင်၏လင်း ရောင်ခြည်များကိုစုသိမ်းထားပါ။ ခရစ်တော်သည် အလင်း၌စံပယ်တော်မူ သကဲ့သို့ သင်တို့သည် အလင်း၌လျှောက်လိုက်ကြပါ။ သင်တို့၏သားသမီး များကိုကယ်တင်ရသောအလုပ်နှင့် သန့်ရှင်းသောမင်းလမ်းမကြီးအပေါ်၌ သင်တို့၏ရပ်တည်မှုကို ဆက်လက်ထားရှိသောအခါ အစူးရှဆုံးစုံစမ်းခြင်း တို့သည် ရောက်ရှိလာကြလိမ့်မည်။ သို့ရာတွင် သင်တို့၏ဆုပ်ကိုင်ထားမှ ကို မလွှတ်လိုက်ပါနှင့်။ ယေရှုရှင်ကိုကိုင်စွဲထားပါ။ ကိုယ်တော်ရှင်က “ငါ၏အစွမ်းသတ္တိကိုကိုးစား၍ ငါနှင့်မိတ်သဟာယဖွဲ့ကြစေ။ ငါနှင့်မိတ် သဟာယဖွဲ့ကြစေသော။” အခက်အခဲများသည် ပေါ်ပေါက်လာလိမ့်မည်။ သင်တို့သည် ခလုတ်တံသင်းများကိုရင်ဆိုင်ရလိမ့်မည်။ ယေရှုရှင်ကို အမြဲတမ်းကြည့်ပါ။ အရေးပေါ်ကာလဆိုက်ရောက်လာသည်ရှိသော်၊ ကိုယ်တော်ရှင်အား “အကျွန်ုပ်သည် ယခုဘာလုပ်ရပါမည်နည်း” ဟု ဆုတောင်း၍မေးမြန်းပါ။AH1Burm 270.2

    တိုက်ပွဲသည်ပြန်းထန်လေလေ၊ မိဘတို့သည် သူတို့၏ကောင်းကင် ဘုံရှင်ဘုရားသခင်ထံမှ အကူအညီကိုလိုအပ်လေလေဖြစ်၍ ရရှိမည့်အောင်မြင် မှုများမှာလည်း ပိုမိုထင်ရှားလေလေဖြစ်လိမ့်မည်။AH1Burm 271.1

    ထိုကြောင့်ယုံကြည်ခြင်းဖြင့်ဆောင်ရွက်ပါ - ခရစ်တော်၏ မြားမြောင်လှသော ကျေးဇူးတော်၏သစ္စာရှိသောဘဏ္ဍာစိုးများအနေဖြင့် မိမိ တို့သည် မိမိတို့အားခန့်အပ်ထားသောအလုပ်ကို သည်းခံသောစိတ်ဖြင့်လည်း ကောင်း၊ နှစ်ခြိုက်စွာဖြင့်လည်းကောင်း ဆောင်ရွက်ရကြမည်။ မိဘတို့သည် သူတို့၏တာဝန်များကို သစ္စာရှိစွာထမ်းဆောင်ကြရမည်ဖြစ်သည်။ မှုကိစ္စ အားလုံးတို့ကို ယုံကြည်ခြင်းအားဖြင့်ဆောင်ရွက်ကြရမည်။ ကိုယ်တော်ရှင် ၏ကျေးဇူးတော်မိုးကို သားသမီးများအပါ်ရွာချပေးရန် မိဘတို့သည် အမြဲတမ်းဆုတောင်းကြရမည်။ မိဘတို့သည် မောပန်းခြင်း၊ သည်းခံစိတ် ကင်းခြင်းအလုပ်နှင့်ပတ်သက်၍ ညည်းတွားခြင်းဘယ်အခါမျှမရှိရကြ။ မိဘ တို့သည် သူတို့၏သားသမီးများကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်း ကောင်း ရင်းနှီးစွာဆက်ဆံမှုရှိရကြမည်။ မိဘတို့သည် သည်းခံသောစိတ်၊ မေတ္တာစိတ်တို့ဖြင့်ဆောင်ရွက်၍ သန့်ရှင်းစင်ကြယ်ခြင်းနှင့်ကာယိန္ဒြေတွင် အမြင့်မားဆုံးအဆင့်အတန်းသို့ရောက်ရှိစေရန် မိမိတို့၏သားသမီးများအား ကူညီရန်ကြိုးပမ်းလျှင် သူတို့သည်အောင်မြင်ကြလိမ့်မည် ။AH1Burm 271.2