Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၇—နှစ်ဦးနှစ်ဖက်ဆောင်ရွက်စရာတာဝန်များ

    တစ်ဦးစီ၌ထမ်းဆောင်စရာပုဂ္ဂလိကတာဝန်များရှိသည် - သူတို့ ၏ဘဝအသက်တာနှစ်ခုကိုပေါင်းဖက်ကြသော ပုဂ္ဂိုလ်နှစ်ဦးတို့တွင် သီးခြား သောဂုဏ်အင်္ဂါများနှင့်ဆောင်ရွက်ရမည့် ပုဂ္ဂလိကတာဝန်များရှိပေသည်။ ခင်ပွန်း တိုင်းနှင့်ဇနီးတိုင်းတွင် သူ့လုပ်ငန်းနှင့်သူရှိသော်လည်း ခိုင်းနွားကဲ့သို့ သူတို့၏လုပ်ရည်ကိုင်ရည်ပေါ်တွင်အမှီပြု၍ သူတို့၏တန်ဖိုးကိုဆုံးဖြတ်ခြင်း မပြုရ။ ဇနီးဖြစ်သူသည် မယားအနေဖြင့် အိမ်ထောင်ကိုအသရေတင့်တယ်စေ၍ ဉာဏ်အမြော်အမြင်ရှိသောခင်ပွန်းအတွက် အပေါင်းအဖော်ပီသစေရမည်။ ခြေလှမ်းလှမ်းသောအခါတိုင်း “ဒီခြေလှမ်းဟာ မိန်းမပီသတဲ့အဆင့်အတန်း ဟုတ်ရဲ့လား” ဟူ၍လည်းကောင်း၊ “ငါ့အိမ်ထောင်မှငါရဲ့ သြဇာသက်ရောက် မှုကို ဘယ်လိုခရစ်တော်နဲ့ တူအောင်လုပ်ရမလဲ” ဟူ၍လည်းကောင်း သူ့ကိုယ်ကိုသူမေးမြန်းသင့်ပေသည်။ သူ့ဇနီး၏ဆောင်ရွက်မှုများကို သူ့အနေ ဖြင့် နှစ်သက်သဘောကျကြောင်းကို သူ့ဇနီးအားသိစေသင့်ပေသည်။AH1Burm 138.1

    ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူအားလေးစားရမည်။ ခင်ပွန်းအနေ ဖြင့် ဇနီးဖြစ်သူကိုနှစ်သက်မြတ်နိုးရမည်။ သူတို့၏မင်္ဂလာဆောင်ချိန်၌ တစ်ဦးနှင့်တစ်ဦးပြုကြသောကတိသစ္စာက သူတို့နှစ်ဦးအားတစ်ဦးတည်းအနေ ဖြင့် ပေါင်းစည်းခဲ့သကဲ့သို ့ ခရစ်တော်ကိုသူတို့၏ယုံကြည်ခြင်းသည် ကိုယ်တော်ရှင်၌ သူတို့အားတစ်လုံးတစ်စည်းတည်းဖြစ်စေသင့်ပေသည်။ အိမ်ထောင်ပြုကြသောသူနှစ်ဦးတို့သည် ယေရှုရှင်အကြောင်းကိုသိရှိနားလည် ရန်လည်းကောင်း၊ ကိုယ်တော်ရှင်ဝိညာဉ်တော်ကိန်းဝပ်မှုကိုရရှိရန်လည်း ကောင်း အတူတကွကြိုးပမ်းခြင်းကို တွေ့မြင်ရသည်ထက် ကိုယ်တော်ရှင် အားနှစ်သက်စေသောအရာသည်ကား မရှိတော့ပြီ။AH1Burm 138.2

    ထိမ်းမြားမင်္ဂလာမပြုမီက သင်တို့နှစ်ဦး၌မရှိခဲ့ဖူးသောတာဝန်များ ကိုထမ်းဆောင်ရန် ယခုရှိလာပြီဖြစ်သည်။ “ထိုကြောင့်--- ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းကိုယူတင်ဝတ်ဆောင်ကြ လော့” “ခရစ်တော်သည် ငါတို့ကိုချစ်တော်မူသည်နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ကျင်လည်ကြလော့။” ဤဝါဒကိုသေချာစွာလေ့လာပါ။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော် သည် အသင်းတော်၏အပေါ်မှာခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်းအပေါ်မှာခေါင်းဖြစ်၏။” အသင်းတော်သည် ခရစ်တော်၏အုပ်စိုး တော်မူခြင်းကိုဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်း အရာရာ၌ဝန်ခံရကြမည်။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်း တော်ကိုချစ်တော်မူ၍ ကိုယ်ကိုကိုယ်စွန့်တော်မူသကဲ့သို့. ကိုယ့်ဇနီးကိုချစ် ကြလော့။AH1Burm 138.3

    ဧဝအားပေးတော်မူသောဘုရားသခင်၏သြဝါဒ - ယခုအချိန်မှ စ၍ ဧဝသည်ဝမ်းနည်းခြင်းနှင့်နာကျင်ခြင်းဝေဒနာကို ခံစားရတော့မည်။ ဘုရားသခင်ကမိန့်တော်မူသည်မှာ “ကိုယ့်ခင်ပွန်းကိုခင်မင်၍ သူ၏အုပ်စိုး ခြင်းကိုလည်းခံရမည်။ ဖန်ဆင်းချိန်က ဧဝအား အာဒံနှင့်တန်းတူအခြေအနေ ထားရှိတော်မူသည်။ သူတို့သည် ဘုရားသခင်၏မေတ္တာတော်၊ ပညတ် တော်နှင့်ညီလျော်စွာ ကိုယ်တော်၏စကားတော်ကို နာခံကျင့်သုံးနေခဲ့လျှင် သူတို့အချင်းချင်းညီညွတ်နေကြမည်ဖြစ်သည်။ သို့ရာတွင် အပြစ်သည် စိတ်ဝမ်းကွဲမှုကိုဖန်တီးပေးသောကြောင့် ယခုအခါတွင် တစ်ဦးကတစ်ဦးကို ဝန်ခံမှသာလျှင် သူတို့၏စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းထားနိုင်မည်ဖြစ် သည်။ ဧဝသည် ပထမဦးဆုံးအပြစ်ဒုစရိုက်ကိုကျူးလွန်ခဲ့သည်။ ဘုရားသခင် ၏ညွှန်ကြားထားတော်မူချက်ကိုလွန်ဆန်၍ သူ့ခင်ပွန်းထံမှထွက်ခွာသွား သောကြောင့် စုံစမ်းခြင်းကိုခံခဲ့ရသည်။ သူမ၏တောင်းပန်မှုတို့ကြောင့် အာဒံ သည် အပြစ်ဒုစရိုက်ကိုကျူးလွန်ခဲ့သည်။ ယခုအခါ သူမသည် သူ့ခင်ပွန်း ၏အုပ်စိုးမှုအောက်သို့ကျရောက်သွားလေပြီ။ အပြစ်ပြုသောလူမျိုးသည် ဘုရားသခင်၏ပညတ်တော်ထဲ၌ ဖော်ပြပါရှိသော အခြေခံမူများကိုလိုက်နာ ကျင့်သုံးနေခဲ့လျှင် ယင်းပြစ်ဒဏ်စီရင်ချက်သည် အပြစ်ကျူးလွန်မှုအတွက် ပေါ်ပေါက်လာခဲ့သော်လည်း သူတို့အတွက် ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ် ခဲ့ပေလိမ့်မည်။ သို့ရာတွင် လူသားတို့လက်သို့အပ်နှံထားသော အမြင့်မြတ် ဆုံးသောအခွင့်အရေးကို အလွဲသုံးစားပြုသောကြောင့် အမျိုးသမီးတို့၏ ကံကြမ္မာကိုခါးသီးစေ၍ သူတို့၏ဘဝအသက်တာကိုလည်း ဝန်ထုပ်ထမ်းနေ ရသကဲ့သို့ဖြစ်စေသည်။AH1Burm 139.1

    သူမ၏ဧဒင်အိမ်ဂေဟာ၌ ဧဝသည် သူ့ခင်ပွန်းအနီးအပါးတွင် အထူးတလည်ပျော်ရွှင်သာယာထူးကဲသော အခြေအနေ၌ရပ်တည်နေခဲ့ရသည်။ သို့ရာတွင် ခေတ်သစ်ဧဝများကဲ့သို့ ဘုရားသခင်ကသူ့အားသတ်မှတ်ပေး ထားတော်မူသောအဆင့်အတန်းထက် မြင့်မားသောအခြေအနေသို့ တက်လှမ်း နိုင်မည်ဟူသောမျှော်လင့်ချက်ဖြင့် စိတ်တက်ကြွလျက်ရှိခဲ့သည်။ သူမ၏ နဂိုအခြေအနေထက် ပိုမိုမြင့်မားသောအဆင့်အတန်းသို့ တက်လှမ်းရန်ကြိုးပမ်း သောအခါ သူမသည် နဂိုအခြေအနေထက်နှိမ့်ကျသောနေရာသို့ ကျဆင်း သွားခဲ့သည်။ ဘုရားသခင်၏စီမံကိန်းနှင့်အံဝင်ခွင်ကျအောင် သူတို့ဘဝ အသက်တာ၏တာဝန်များကိုရွှင်လန်းဝမ်းမြောက်စွာ မထမ်းဆောင်လိုသော သူရှိသမျှတို့သည် အလားတူအဖြစ်သနစ်မျိုးနှင့် ရင်ဆိုင်ကြရလိမ့်မည်။AH1Burm 140.1

    မိန်းမတို့ဝန်ခံကြလော့။ ယောက်ျားတို့ချစ်ကြလော့ - “မယား ဖြစ်သူသည် သူ့စိတ်တိုင်းကျလုပ်ကိုင်ခွင့်မရှိသလော” ဟူသောမေးခွန်း မကြာခဏကြားရသည်။ ယောက်ျားသည် အိမ်ထောင်ဦးစီးဖြစ်ကြောင်းကို ကျမ်းစာကပြတ်သားစွာပြောထားပါသည်။ “အချင်းမိန်းမတို့၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။” အကယ်၍ ဤမှာကြားချက်သည် ဤနေရာ တွင်ရပ်ဆိုင်းသွားလျှင် မယားဖြစ်သူ၏ဘဝမှာ အားကျစရာဖြစ်သောဘဝ မျိုးမဟုတ်ပေ။ မြောက်မြားစွာသောအမျိုးသမီးများအတွက် ယင်းအခြေအနေ မျိုးသည်ခက်ခဲ၍ မခံမရပ်နိုင်သောအခြေအနေမျိုးဖြစ်သည်။ ထိုကြောင့် ထိမ်းမြားမင်္ဂလာပြုကြသော လူဦးရေနည်းပါးလေလေ၊ ကောင်းလေလေ သဘောမျိုးရှိနေသည်။ အများယောက်ျားဖြစ်သူတို့သည် “အချင်းမိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့” ဟူသောစကားလုံးများအဆုံးတွင် ရပ်ထားကြသည်။ သို့ရာတွင် ယင်းမှာကြားချက်၏ကျန်ရှိနေသောစကားလုံး များကိုဖတ်လျှင် “သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့” ဆိုသော စကားများကို တွေ့ရှိရသည်။AH1Burm 140.2

    မယားဖြစ်သူအနေဖြင့် သူမ၏ရှေ့မှောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် ဘုန်းတော်ကိုထင်ရှားလိုသောစိတ်ကို အမြဲတမ်း ထားရှိရန် ဘုရားသခင်သည်အလိုရှိတော်မူသည်။ လုံးဝဝန်ခံကျိုးနွံခြင်းကို ကား၊ ကိုယ်တော်ရှင်ဘဝအသက်တာ၏တန်ဖိုးမဖြတ်နိုင်သောအဖိုးအခကို ပေး၍ ကိုယ်တော်၏သားသမီးအနေဖြင့် သူ့အားဝယ်ယူခဲ့တော်မူသော ခရစ်တော်ယေရှုတစ်ပါးတည်းကိုသာပြုရမည်။ သူ့အနေဖြင့် ဘေးကင်းစွာ ချိုးဖောက်ခြင်းမပြုနိုင်သော သြတ္တပ္ပစိတ်ကိုသူမအား ဘုရားသခင်သည် ပေးထားတော်မူသည်။ သူမ၏ကိုယ်ပိုင်ဆုံးဖြတ်နိုင်သောအခွင့်အရေးကို သူမယောက်ျား၏ကိုယ်ပိုင်ဆုံးဖြတ်နိုင်အောင် အခွင့်အရေးနှင့်ပေါင်းစပ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမအားဝယ်ယူထားတော်မူသောသူ ဖြစ်သည်။ စာတန်၏ကျေးကျွန်ဘဝမှရွေးယူကယ်တင်ထားသော သူမ၏ ကိုယ်ခန္ဓာနှင့်စိတ်သဘောတို့ကို ပျက်စီးဆုံးပါးစေမည်ကိုသိလျက်နှင့် ခပ်သိမ်း သောအမှုကိစ္စတို့တွင်မျက်စိမှိတ်၍ သူ့ ယောက်ျားကပြောဆိုသည့်အတိုင်း ခရေစေ့တွင်းကျလုပ်ကိုင်ပေးရမည်ဟု တွေးတောခြင်းသည် မှားယွင်းမှုတစ်ရပ် ဖြစ်သည်။ မယားဖြစ်သူ၏လင်ယောက်ျားထက် ပိုမိုမြင့်မားသောအခြေအနေ ၌ ရပ်တည်တော်မူသောကိုယ်တော်ရှင်သည် ရှိတော်မူသည်။ ယင်းပုဂ္ဂိုလ် သည် သူမ၏ကယ်တင်ရှင်ဖြစ်တော်မူ၍ သူမခင်ပွန်းသည်၏အုပ်စိုးမှုကိုခံ ရာတွင်” “သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့” ပြုရကြမည်။AH1Burm 141.1

    အိမ်ထောင်ပြုရာအမှုကိစ္စတို့တွင် အမျိုးသမီးများအနေဖြင့် ဝင်ရောက် ၍ပြောဆိုစွက်ဖက်ပြောဆိုပိုင်ခွင့်လုံးဝမရှိဘဲ ယောက်ျားဖြစ်သူ၏လုပ်ကိုင် ချက်ကို လုံးဝဝန်ခံရမည်ဟုဆိုလျက် ယောက်ျားဖြစ်သူတို့တွင် အုပ်စိုးမှုကို မိန်းမဖြစ်သူတို့သည် လုံးဝဝန်ခံကြရမည်ဟုသဘောထားလျှင် သူတို့သည် ကျမ်းစာနှင့်ဆန့်ကျင်ဘက်ဖြစ်သော အခြေအနေတို့၌ သူတို့၏ဇနီးများကို ရပ်တည်စေကြသည်။ ယင်းနည်းအတိုင်း ကျမ်းစာကိုအနက်အဓိပ္ပါယ်ဖော် ရာတွင် သူတို့သည် ထိမ်းမြားမင်္ဂလာဆိုင်ရာအမှုကိစ္စကြီး၏ရည်စူးချက်ကို ချိုးဖောက်ဖျက်ဆီးကြသည်။ သူတို့၏ကိုယ်ပိုင်အခွင့်မဟုတ်သော အဓမ္မ အုပ်စိုးမှုကိုပြုလုပ်နိုင်ရန်အတွက် ယင်းကဲ့သို့အနက်အဓိပ္ပါယ်ဖော်ထုတ်ခြင်း ဖြစ်သည်။ သို့ရာတွင် အောက်၌ဖတ်ပါ။ “အချင်းယောက်ျားတို့၊ ကိုယ့်ခင်ပွန်း ကိုချစ်ကြလော့၊ ကြမ်းတမ်းစွာမပြုကြနှင့်။” ယောက်ျားဖြစ်သူသည် သူ့မယား ကိုအဘယ်ကြောင့်ကြမ်းတမ်းစွာပြုရမည်နည်း။ အကယ်၍ သူ့မယားသည် လမ်းလွဲလိုက်၍နေလျှင်ဖြစ်စေ၊ မှားယွင်းစွာကျင့်ကြံပြုမူနေသည်ဖြစ်စေ၊ ကြမ်းတမ်းစွာပြုခြင်းသည် အဆိုးကိုအကောင်းဖြစ်စေလိမ့်မည်မဟုတ်ပေ။AH1Burm 141.2

    ခင်ပွန်းသည်ခရစ်တော်၏အုပ်စိုးခြင်းကို ဝန်ခံသောအခါမှသာ ဇနီးသည်သူ့ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံစေ - များသောယောက်ျားဖြစ် သူတို့သည် မိမိတို့၏မယားများနှင့်ပေါင်းသင်းဆက်ဆံရာတွင် ခရစ်တော် ယေရှုနှင့် ကိုယ်တော်၏အသင်းတော်တို့ဆက်ဆံပုံကို မှန်ကန်စွာကိုယ်စား ပြုခြင်းမရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ နည်းလမ်းကိုမလိုက်နာသောကြောင့်ဖြစ်သည်။ သူတို့၏မယားများသည် ခပ်သိမ်းသောအမှုကိစ္စတို့တွင် သူတို့လုပ်ကိုင်သမျှကိုဝန်ခံရမည်ဟု ဆိုကြ သည်။ အိမ်ထောင်ဦးစီးအနေဖြင့် သူကိုယ်တိုင်ခရစ်တော်၏အုပ်စိုးခြင်းကို ဝန်ခံခြင်းမရှိဘဲ ယောက်ျားဖြစ်သူကအုပ်စိုးခြင်းကို ဘုရားသခင်အနေဖြင့် ကြံရွယ်ထားတော်မမူပေ။ ခရစ်တော်နှင့်အသင်းတော်၏ဆက်ဆံပုံကို ယောက်ျား ဖြစ်သူသည် ကိုယ်စားပြုနိုင်ရန်သူကိုယ်တိုင် ခရစ်တော်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ အကယ်၍ ယောက်ျားဖြစ်သူသည် ကြမ်းတမ်းခက်ထန်နေလျှင် လည်းကောင်း၊ ဆူဆူပူပူဖြစ်တတ်လျှင်လည်းကောင်း၊ “ငါ” တည်းဟူသော မာန်မာနထားလျှင်လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်လျှင်လည်းကောင်း၊ သည်းခံခြင်းမရှိလျှင်လည်းကောင်း၊ ယောက်ျားသည် မိန်းမ၏ဦးဆောင်သူ ဖြစ်သည်ဟူ၍လည်းကောင်း၊ သူ့အားအမှုကိစ္စအားလုံးတွင် ဝန်ခံရမည်ဟူ၍ လည်းကောင်း ဘယ်အခါမျှပြောဆိုခွင့်မပြုပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်မဟုတ်၊ ယောက်ျားဟူသောအမည်နာမ၏စစ်မှန်သော အဓိပ္ပါယ်ကိုဆောင်သောသူမဟုတ်ပေ။AH1Burm 142.1

    ခရစ်တော်သည် အသင်းတော်နှင့်ဆက်သွယ်ပုံကို ဧဖက်ဩဝါဒစာ၌ တင်ပြထားသော ပုံပမာကိုလည်းကောင်း၊ ယင်းပုံပမာသည် ဘယ်ကဲ့သို့ အဓိပ္ပါယ်ဆောင်သည်ကိုလည်းကောင်း၊ ယောက်ျားဖြစ်သူသည် လေ့လာ သင်ကြားသင့်ကြပေသည်။ သူ့အိမ်ထောင်တွင် ယောက်ျားဖြစ်သောသူသည် ကယ်တင်ရှင်အနေဖြင့်ရပ်တည်ရမည်။ သူသည် သူ၏မြင့်မြတ်၍ ဘုရားသခင် ပေးထားတော်မူသော ယောက်ျားဘဝတွင်ရပ်တည်လျက် သူ့ဇနီးနှင့်သားသမီး တို့၏အခြေအနေကိုမြှင့်တင်ပေးရန် အမြဲတမ်းကြိုးပမ်းပါမည်လား။ သူ့ပတ်ဝန်း ကျင်ကိုသန့်ရှင်းစင်ကြယ်၍ ပျော်ရွှင်သာယာစိတ်ချမ်းသာသောအခြေအနေ၌ ထားရှိပါမည်လား။ သူ့တွင်သြဇာအာဏာရှိသည်ဟူ၍ အခိုင်အမာပြောဆို လိမ့်မည်ဖြစ်သည့်အတိုင်း၊ ယေရှုရှင်ကိုချစ်မြတ်နိုးသည့် စိတ်ထားမျိုးကို မွေးမြူလျက် သူ့အိမ်ထောင်တွင် ယင်းမြတ်နိုးမှုကိုအခြေခံမူအနေဖြင့်ထား ရှိ၍ ကျင့်သုံးလိမ့်မည်မဟုတ်ပါ။AH1Burm 143.1

    တစ်ဖက်သတ်တည်းမကျဘဲ၊ မယားဖြစ်သူသည် ယောက်ျားဖြစ် သူ၏စိုးမိုးခြင်းကိုဝန်ခံရမည်ဟူသော အချက်တစ်ချက်တည်းကိုသာကွက်၍ ပြောဆိုခြင်းလည်းမပြုဘဲ ကရာနီကုန်းမှလက်ဝါးကပ်တိုင်ပေါ်တွင် ပြုတော် မူသောကိစ္စကြောင့် အိမ်ထောင်တွင်ရပ်တည်မည့်နေရာကိုသိရှိရန် ယောက်ျား လည်းဖြစ်၊ ဖခင်လည်းဖြစ်သောသူတိုင်းအား ခရစ်တော်၏ဤမိန့်တော်မူ ထားချက်ကို လေ့လာပါလေစေ။ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့သည် ကိုယ်ခင်ပွန်းကိုချစ်ကြ လော့။” ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍ များကို လေ့လာသင့်ကြပေသည်။ “ငါသည်သူငယ်ဖြစ်စဉ်အခါ သူငယ်လို စကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီး သောအခါမူကား၊ သူငယ်၏အရာများကိုငါပယ်ရှား၏။”AH1Burm 143.2

    အိမ်ထောင်ရေးဆိုင်ရာအခက်အခဲများကိုညှိနှိုင်းစေ့စပ်ခြင်း- လင်မယားနှစ်ယောက်တို့သည် သူတို့၏မြားမြောင်လှသောအိမ်ထောင်မှုကိစ္စ များနှင့်ပတ်သက်၍ နှစ်ဦးစလုံးအတွက် မျှမျှတတကျေကျေနပ်နပ်ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သည့်တိုင်အောင် သူတို့၏စိတ်နှလုံးကို ဘုရားသခင်အား အပ်နှံထားရန်ပျက်ကွက်ခဲ့လျှင်၊ အိမ်ထောင်မှုဆိုင်ရာကိစ္စအဝဝတို့၏ခဲရာခဲဆစ် များကို ညှိနှိုင်းစေ့စပ်ရာတွင် အခက်အခဲကိုရင်ဆိုင်ကြရလိမ့်မည်။ ယောက်ျား ဖြစ်သူနှင့်မိန်းမဖြစ်သူတို့သည် အိမ်ထောင်မှုဆိုင်ရာကိစ္စအဝဝတို့ကိုခွဲထားAH1Burm 146.1

    လျက် သူတို့၏တစ်ဦးအပေါ်တစ်ဦးထားရှိသောမေတ္တာကို ဘယ်ကဲ့သို့ ဆက်လက်၍ထိန်းသိမ်းထားနိုင်ပါအံ့နည်း။ အိမ်ထောင်မှုကိစ္စအဝဝကို ဆောင်ရွက်ရာတွင် သူတို့သည်လက်တွဲ၍ ဆောင်ရွက်သင့်ကြပေသည်။ မယားဖြစ်သူသည် ခရစ်ယာန်အမျိုးသမီးဖြစ်လျှင် သူမယောက်ျားနှင့် အမြဲတမ်း တစ်စိတ်တစ်ဝမ်းတည်းရှိနေရမည်။ အဘယ်ကြောင့်ဆိုသော် ယောက်ျားသည် အိမ်ထောင်ဦးစီးအနေဖြင့် ရပ်တည်နေရမည်ဖြစ်သည်။AH1Burm 146.2

    စိတ်ဝမ်းကွဲသောအိမ်ထောင်များအတွက်အကြံပေးချက် - သင်တို့ ၏စိတ်သဘောထားသည် မှားယွင်းနေသည်။ ကိစ္စတစ်ခုခုနှင့်ပတ်သက်၍ ကိုယ့်ယူဆချက်နှင့်ကိုယ်ဖြစ်နေသောအခါ ယင်းကိစ္စနှင့်ပတ်သက်နေသော အချက်အလက်များကို သေချာစွာဖြင့်ချင့်ချိန်တိုင်းဆခြင်းမပြု။ သင့်ယူဆချက် အတိုင်း တွယ်ကပ်ပြောဆိုခြင်းသည် ဘယ်ကဲ့သို့သောအကျိုးသက်ရောက်မှု ရှိရမည်ကို မစဉ်းစားမဆင်ခြင်ဘဲ၊ သင့်မယားဖြစ်သူမှာလည်း သင့်နှင့် အမြင်ချင်းမတူ၊ တစ်မူခြားနေသည်ကိုသိလျှင် ယင်းယူဆချက်များကို လွတ်လပ်စွာဖြင့် သင့်ဆုတောင်းပတ္ထနာများနှင့်စကားအပြောအဆိုများတွင် ပေါင်းစပ်ထည့်သွင်းပြောဆိုလေသည်။ လူကြီးလူကောင်းတစ်ယောက်အနေဖြင့် သင့်မယားဖြစ်သူ၏စိတ်၌ခံစားမှုကို လေးစားခြင်းမရှိ၊ ကွဲလွဲနေသောအမှု ကိစ္စများကိုရှောင်ရှားခြင်းမပြု၊ ကန့်ကွက်ဖွယ်ဖြစ်သောအချက်အလက်တို့ကို ဗြောင်ပြောဆို၍ သင့်ပတ်ဝန်းကျင်၌ရှိသော သူတို့၏အယူအဆများကိုဂရု မစိုက်ဘဲ သင့်ယူဆချက်များကို ခေါင်းမာစွာပြောဆိုလျက်ရှိခဲ့သည်။ မည်သည့် ကိစ္စမျိုး၌မဆို သင့်အမြင်နှင့်ကွဲလွဲသောအမြင်မျိုးကို အခြားသောသူတို့၌ ထားပိုင်ခွင့်မရှိဟု သင့်အနေဖြင့်ယူဆခဲ့သည်။ ယင်းကဲ့သို့သောအသီးများ သည် ခရစ်ယာန်သစ်ပင်ပေါ်တွင်မသီးချေ။AH1Burm 146.3

    ညီအစ်ကိုမောင်နှမတို့၊ ယေရှုရှင်ကိုလက်ခံရန် သင်တို့၏စိတ်နှလုံး တံခါးကိုဖွင့်ပေးပါ။ ဝိညာဉ်ဗိမာန်ထဲသို့ ့ ကိုယ်တော်ရှင်ကိုဖိတ်ခေါ်ပါ။ လူအားလုံးတို့၏လင်မယားဘဝထဲသို့ ထိုးဖောက်ဝင်ရောက်လာသောခလုတ် တံသင်းများတို့ကို အောင်မြင်နိုင်နင်းရန် တစ်ဦးကိုတစ်ဦးမစကူညီပါ။ မာရ်နတ် တည်းဟူသော သင့်ရန်သူကိုအောင်မြင်နိုင်နင်းရန် သင်သည် ပြင်းထန်သော တိုက်ပွဲကိုဆင်နွှဲရလိမ့်မည်။ ဤတိုက်ပွဲတွင် သင့်ကိုဘုရားသခင်အားကူညီ မစစေရန်မျှော်လင့်နေလျှင် အောင်မြင်မှုအတွက်ဆုံးဖြတ်ရာတွင် သင်တို့ နှစ်ဦးလုံးသည် စည်းလုံးညီညွတ်ရမည်။ သင်သည် ဒူးထောက်၍ “အရှင် ဘုရား၊ အကျွန်ုပ်ဝိညာဉ်၏ရန်သူကိုဆုံးမပေးတော်မူပါ” ဟု ကျယ်လောင် သောအသံဖြင့်ဆုတောင်းရသည်တိုင်အောင် မှားယွင်းသောစကားတစ်လုံး ကိုမျှ သင်၏နှုတ်မှထွက်မလာပါစေနှင့်။AH1Burm 147.1

    ခရစ်တော်ကိန်းဝပ်တော်မူသောစိတ်နှလုံးတိုင်းသည် စည်းလုံး ညီညွတ်မှုရှိသည် - ဘုရားသခင်၏အလိုတော်အတိုင်းဆောင်ရွက်လျှင်၊ လင်မယားနှစ်ယောက်တို့သည် တစ်ဦးကိုတစ်ဦးလေးစား၍ မေတ္တာနှင့် ယုံကြည်မှုစိတ်ဓာတ်ကိုမွေးမြူကြလိမ့်မည်။ အိမ်ထောင်၏ငြိမ်သက်မှုနှင့် ‘ စွာနှိပ်ကွပ်ပစ်၍ ကြင်နာခြင်းနှင့်ချစ်ခြင်းတို့ကို မွေးမြူထိန်းသိမ်းရမည်။ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးနှောင့်ယှက်သောအရာရှိသမျှကို ပြောင်မြောက် ကြင်နာတတ်သောစိတ်၊ သည်းခံတတ်သောစိတ်နှင့်ချစ်တတ်သောစိတ်မျိုးကို ပြသသောသူတို့သည် ယင်းစိတ်မျိုးတို့ဖြင့်တုံ့ပြန်မှုကိုခံရလိမ့်မည်။ ဘုရားသခင် ၏ဝိညာဉ်တော်စိုးမိုးသောနေရာတွင် အတွဲမညီသောလင်မယား၊ ရှေ့သွား နောက်လိုက်မညီသောဇနီးမောင်နှံဟူသော ဝေဖန်ပြောဆိုမှုမျိုးကိုမထင်ရှား ပေ။ ဘုန်းတန်ခိုး၏မျှော်လင့်ခြင်းဖြစ်သော ခရစ်တော်သည် အိမ်ဂေဟာ တွင်ကိန်းဝပ်တော်မူလျှင် ယင်းအိမ်ထောင်တွင် စည်းလုံးညီညွတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့စိုးမိုးနေမည်ဖြစ်သည်။ မယားဖြစ်သူ၏စိတ်နှလုံးထဲ၌ ကိန်းဝပ်တော်မူသော ခရစ်တော်သည် ယောက်ျားဖြစ်သူ၏စိတ်နှလုံးထဲ၌ ကိန်းဝပ်တော်မူသော ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်အားချစ်သောသူအတွက် ခရစ်တော်အရှင်သွားရောက်ပြင်ဆင် နေတော်မူသော နေစရာအရပ်ကိုရောက်ရှိရန် လင်မယားနှစ်ယောက်တို့သည် အတူတကွကြိုးပမ်းလိမ့်မည်။AH1Burm 147.2