Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၈—ထိမ်းမြားမင်္ဂလာဆိုင်ရာတာဝန်များနှင့်အခွင့်အရေးများ

    သားမယားမယူဘဲနေရန် ယေရှုရှင်ကအတင်းအကျပ်မတိုက်တွန်း ပေ - ထိမ်းမြားမင်္ဂလာပြုခြင်းကို ကိုယ်တော်ရှင်၏တိုက်တွန်းသော ပညတ်တော်အားဖြင့် ထိန်းသိမ်းကာကွယ်ထားသော ဘုရားသခင်၏သန့်ရှင်း သောစီရင်ထုံးဖွဲ့မှုတစ်ရပ်ဟု သဘောထားသောသူတို့သည် ဆင်ခြင်တုံတရား နှိုးဆော်ချက်၏အုပ်ထိန်းမှုကို ခံရကြလိမ့်မည်။AH1Burm 149.1

    မည်သို့သောလူတန်းစားမှ ယောက်ျားများကိုသားမယားမယူဘဲနေ ရန် ယေရှုရှင်က အတင်းအကျပ်တိုက်တွန်းထားခြင်းမရှိပေ။ ထိမ်းမြား မင်္ဂလာ၏သန့်ရှင်းသောတွဲဖက်မှုကိုဖျက်ဆီးရန် ကိုယ်တော်ရှင်သည် ကြွလာ တော်မူသည်မဟုတ်။ ယင်းကိုချီးမြှောက်၍ ယင်း၏မူရင်းသန့်စင်သော အခြေအနေ၌ ပြန်လည်ထားရှိရန်ဖြစ်သည်။ သန့်ရှင်း၍အတ္တစိတ်ကင်းသော မေတ္တာစိုးမိုးသောအိမ်ထောင်ကို ကိုယ်တော်ရှင်သည် နှစ်သက်စွာဖြင့်ကြည့်ရှု တော်မူသည်။AH1Burm 149.2

    ထိမ်းမြားမင်္ဂလာသည် တရားဝင်ဖြစ်၍သန့်ရှင်း၏ — စားခြင်း သောက်ခြင်းတို့၌အပြစ်မရှိ။ ထိုနည်းတူစွာ ထိမ်းမြားမင်္ဂလာပြုခြင်း၌လည်း အပြစ်မရှိပေ။ နောဧလက်ထက်တွင်ထိမ်းမြားမင်္ဂလာပြုရန် တရားဝင်ဖြစ် သကဲ့သို့ ယခုအခါ၌လည်းတရားဝင်ဖြစ်၏။ ထိုသို့ဆိုရာ၌ တရားဝင်ဖြစ် သောထိမ်းမြားမင်္ဂလာကို တော်လျော်စွာအသုံးပြုရမည်။ အပြစ်ဖြစ်စေသော ကျူးကျူးလွန်လွန်အသုံးပြုမှုကို ရှောင်ကြဉ်ရမည်။ နောဧလက်ထက်တွင် လူတို့သည် ဘုရားသခင်ကိုတိုင်ပင်နှီးနှောခြင်းမရှိ။ ကိုယ်တော်ရှင်၏လမ်းပြ ပို့ဆောင်မှုနှင့်အကြံဉာဏ်ကိုရယူခြင်းမရှိပေ။AH1Burm 149.3

    ဘဝအသက်တာတစ်ခုလုံးသည် အနိစ္စတည်းဟူသော မမြဲသော သဘောရှိခြင်းတွင် ကျွန်ုပ်တို့၏အလုပ်အကိုင်အပြောအဆိုများကို ပြုပြင် ပြောင်းလဲပေးသော သြဇာသက်ရောက်မှုရှိသင့်ပေသည်။ နောဧခေတ်တွင် သင့်လျော်စွာအသုံးပြုလျှင် တရားဝင်ဖြစ်သောကိစ္စတစ်ခုကို မြတ်နိုးရာတွင် လိုသည်ထက်တစ်ဖက်စွန်းရောက်ရှိသည်အထိ ကျူးလွန်သောကြောင့် ထိမ်းမြားမင်္ဂလာသည် ဘုရားသခင်ရှေ့တော်တွင်အပြစ်ဖြစ်ခဲ့ရသည်။ ထိမ်းမြားမင်္ဂလာကိစ္စကို တွေးဆမျှော်ခေါ်ချိန်တွင်လည်းကောင်း၊ ထိမ်းမြား မင်္ဂလာပြုပြီးသောအခါတွင်လည်းကောင်း တရားလွန်စိတ်ဝင်စားခြင်းနှင့် လိုက်စားခြင်းအားဖြင့် ယခုခေတ်ကမ္ဘာကြီးတွင် မြောက်မြားစွာသောသူတို့ သည် ဝိညာဉ်ဆုံးရှုံးမှုနှင့်ရင်ဆိုင်နေရကြသည်။AH1Burm 149.4

    ထိမ်းမြားမင်္ဂလာသည်သန့်ရှင်း၏။ သို့ရာတွင် ယခုကဲ့သို့သော ဆုတ်ကပ်ကြီးထဲတွင် ယင်းသည်အညစ်ညမ်းဆုံးလုပ်ရပ်များနှင့် ထွေးရော ယှက်တင်ဖြစ်နေသည်။ ယင်းကဲ့သို့အလွဲသုံးစားပြုကြသောကြောင့် ရေလွှမ်းမမိုး မီခေတ်တွင် ထိမ်းမြားမင်္ဂလာပြုလုပ်ခြင်းသည်ပင် ရာဇဝတ်မှုဖြစ်ခဲ့သကဲ့သို့ ယခုခေတ်အခါတွင်လည်း ယင်းကဲ့သို့အလွဲသုံးစားပြုလျှင် ရာဇဝတ်မှုဖြစ် သည်သာမက နောက်ဆုံးကာလ၏နိမိတ်လက္ခဏာတစ်ရပ်လည်းဖြစ်လာ သည်။ ထိမ်းမြားမင်္ဂလာ၏သန့်စင်သောသဘောနှင့် ယင်း၏တောင်းဆိုချက် များကိုနားလည်လျှင် ဘုရားသခင်၏စိတ်တော်နှင့်တွေ့၍ လင်မယားနှစ်ဦး နှစ်ဖက်ပျော်ရွှင်ခြင်းအကျိုးကျေးဇူးကိုခံစားရ၍ ဘုရားသခင်၏ဘုန်းတော် ကိုလည်း ထင်ရှားစေလိမ့်မည်။AH1Burm 150.1

    ထိမ်းမြားမင်္ဂလာ၏အခွင့်အရေးများ - ခရစ်ယာန်ဟု မိမိကိုယ် ကိုခေါ်သောသူအပေါင်းတို့သည် ထိမ်းမြားမင်္ဂလာ၏အခွင့်အရေးများကို သေချာစွာစဉ်းစားဆင်ခြင်၍ လုပ်ရပ်တိုင်းသည် သန့်ရှင်းခြင်းအခြေခံပေါ် တွင် အခြေပြုရမည်။AH1Burm 150.2

    အများသောမိဘတို့သည် ထိမ်းမြားမင်္ဂလာ၏အခွင့်အရေးများကို အလွဲသုံးစားပြုကြ၍ သူတို့၏တိရစ္ဆာန်များ၌ရှိသော ကိလေသာစိတ်မျိုးကို ခိုင်မာတောင့်တင်းစေကြသည်။AH1Burm 150.3

    တစ်ဖက်စွန်းရောက်မှုကိုရှောင်ကြဉ်ရန်တာဝန် - တရားဝင် ဖြစ်သောကိစ္စတစ်ခုကို တစ်ဖက်စွန်းရောက်အောင်ကျူးလွန်ခြင်းအားဖြင့် ဆိုးရွားသောဒုစရိုက်အဖြစ်သို့ရောက်ရှိစေသည်။AH1Burm 151.1

    မြောက်မြားစွာသောမိဘတို့သည် လင်မယားဘဝတွင် သူတို့ရသင့် ရထိုက်သော အသိပညာများကိုမရရှိကြပေ။ သူတို့သည် သတိဝီရိယမရှိ သောကြောင့် စာတန်သည်အခွင့်ကောင်းယူ၍ သူတို့၏စိတ်နှလုံးများနှင့် ဘဝအသက်တာများကို ထိန်းချုပ်စိုးမိုးထားမည်ဟု စိုးရိမ်စရာရှိသည်။ သူတို့ ၏လင်မယားဘဝကို တစ်ဖက်စွန်းဖြစ်သောအခြေအနေသို့ ဆိုက်ရောက် အောင်မပြုလုပ်ကြရန် ဘုရားသခင်အလိုရှိတော်မူကြောင်းကို သူတို့နားမလည် ကြပေ။ သို့ရာတွင် မိမိတို့၏ကိလေသာဆန္ဒများကို ထိန်းချုပ်ထားခြင်းသည် ဘာသာရေးဆိုင်ရာတာဝန်တစ်ရပ်ဖြစ်ကြောင်းကို သိရှိသောသူအလွန်နည်းပါး သည်။ သူတို့ရွေးချယ်ထားရှိသောရည်စူးချက်ကို အကောင်အထည်ဖော်ရန် ထိမ်းမြားမင်္ဂလာပြုကြသောကြောင့် သူတို့၏လင်မယားဘဝကို သူတို့စိတ် တိုင်းကျပျော်ပါးခွင့်ရှိသည်ဟု အကြောင်းပြကြသည်။ ဘုရားတရားရှိသော အမျိုးသားအမျိုးသမီးများပင်လျှင် သူတို့၏ကိလေသာစိတ်ကို ပရမ်းပတာ ဖြစ်စေ၍၊ သူတို့၏ဘဝအသက်တာကို အင်အားဆုတ်ယုတ်စေ၍ ကိုယ်ခန္ဓာ တစ်ခုလုံးကို အင်အားဆုတ်ယုတ်စေသည့် အရေးပါအရာရောက်သော ခန္ဓာအင်အားကိုဖြုန်းတီးမှုအတွက် သူတို့သည် ဘုရားသခင်နှင့်စာရင်းရှင်း ရကြမည်ကို သူတို့မစဉ်းစားမိကြပေ။AH1Burm 151.2

    ကိုယ့်အလိုကိုငြင်းပယ်ခြင်းနှင့်ချုပ်တည်းခြင်းတို့သည် ဆောင်ပုဒ် ဖြစ်ပါလေစေ - သူတို့၏ဖန်ဆင်းရှင်အတွက် ရာနှုန်းပြည့်လုပ်အားပေး နိုင်ရန်၊ သူတို့၏ဖန်ဆင်းရှင်အတွက် သူတို့၏ဉာဏဗလနှင့်ကာယဗလတို့ကို အထက်မြက်ဆုံးအခြေအနေ၌ ထားရှိဖို့လိုအပ်ကြောင်းကို လူအားလုံးတို့ အသိတရားရှိကြရန် ကျွနု်ပ်တိုက်တွန်းနှိုးဆော်ပါသည်။ ခရစ်ယာန်ဇနီးဖြစ်သူ သည် သူ့ခင်ပွန်းဖြစ်သူကို တိရစ္ဆာန်၌ရှိသောကိလေသာစိတ်မျိုး အပြောအဆို အပြုအမူတို့ဖြင့် လှုံ့ဆော်ပေးခြင်းမပြုမိစေရန် ရှောင်ကြဉ်ပါလေစေ။ ယင်း နည်းအားဖြင့် မိမိတို့အင်အားကို ဖြုန်းတီးပစ်ရန် အများသောသူတို့၌ အားအင်မပြည့်စုံကြပေ။ တိရစ္ဆာန်တို့၏ကိလေသာစိတ်မျိုးကို အာသာပြေ စေခြင်းအားဖြင့် သူတို့သည် နုပျိုချိန်မှအစပြု၍ သူတို့၏ဦးနှောက်နှင့်ကာယ အင်အားတို့ကို ဆုတ်ယုတ်စေသည်။ သူတို့၏လင်မယားဘဝတွင် ကိုယ့်အလိုကိုငြင်းပယ်ခြင်းနှင့် ချုပ်တည်းခြင်းတို့အား ဆောင်ပုဒ်အနေဖြင့် ထားရှိပါလေစေ။AH1Burm 151.3

    လူသားအချင်းချင်းအတွက်လည်းကောင်း၊ ဘုရားသခင်အတွက် လည်းကောင်း ကောင်းကျိုးကိုဆောင်ရွက်ပေးနိုင်ရန် ကျွန်ုပ်တို့၏စိတ်သဘော ကို သန့်ရှင်းစင်ကြယ်စွာထားရှိရန်နှင့် ကိုယ်ခန္ဓာကိုပကတိကျန်းမာသော အခြေအနေ၌ထားရှိရန် ကျွန်ုပ်တို့၌ကြီးလေးသောတာဝန်ရှိနေသည်။ တမန် တော်ပေါလုက ဤသတိပေးစကားကိုပြောဆိုထားသည်မှာ “သင်တို့၏သေ တတ်သောကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရသည့်တိုင်အောင် အပြစ် တရားသည် ကိုယ်ခန္ဓာ၌အစိုးမရပါစေနှင့်။” “ပွဲ၌ပြိုင်၍ အချင်းချင်းတိုက် သောသူမည်သည်ကား၊ အရာရာ၌တပ်မက်ခြင်းကို ချုပ်တည်းတတ်၏” ဟု သူကကျွန်ုပ်တို့အားအကြံပေးစကားပြောခြင်းဖြင့် ရှေ့သို့ချီတက်သွားရန်AH1Burm 152.1

    တိုက်တွန်းထားပါသည်။ မိမိကိုယ်ကိုခရစ်ယာန်ဟုခေါ်ဆိုသောသူအားလုံး တို့အား မိမိတို့ကိုယ်ခန္ဓာကို “အသက်ရှင်ခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက် ဖွယ်သောလက္ခဏာနှင့်ပြည့်စုံသော ယဇ်အနေဖြင့်ဆက်ကပ်ရန်” လည်း သူကနှိုးဆော်ထားသည်။ သူကဆက်လက်၍ပြောထားသည်မှာ “သူတစ်ပါး ကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း .. ကိုယ်ကိုကိုယ် ထိုး၍နှိပ်စက်လေ့ရှိသည်။”AH1Burm 152.2

    သူ့ကိလေသာအလိုကိုဖြည့်တင်းပေးရသောဌာနအနေဖြင့် သူ့မယား ဖြစ်သူအား ထားရှိသောသူ၏မေတ္တာမျိုးသည် စင်ကြယ်သန့်ရှင်းသောမေတ္တာ မျိုးမဟုတ်ပေ။ တိရစ္ဆာန်တို့၏ကိလေသာမျိုးသာလျှင်ဖြစ်သည်။ တမန်တော် ကညွှန်ကြားထားသောနည်းမျိုးဖြင့် သူတို့၏မေတ္တာကိုပြသသောယောက်ျား များသည် ဘယ်မျှလောက်နည်းပါသနည်း။ “ခရစ်တော်သည် အသင်းတော် ကိုချစ်တော်မူ၍ ၎င်းအသင်းတော်သည် အညစ်အကြေးတင်ခြင်း၊ အရေတွန့် ခြင်း စသည်တို့နှင့်လွတ်လပ်သဖြင့် စင်ကြယ်စေမည့်အကြောင်း ထိုအသင်း တော်အဖို့အလိုငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။” လင်မယားဘဝတွင် ယင်း ကဲ့သို့သောမေတ္တာမျိုးကိုသန့်ရှင်းသည်ဟု ဘုရားသခင်က အသိအမှတ်ပြု တော်မူသည်။ မေတ္တာသည်စင်ကြယ်၍ သန့်ရှင်းသောအခြေခံကျင့်စဉ်ဖြစ် သည်။ သို့ရာတွင် ကိလေသာကိုအရင်းခံသည့်မေတ္တာမျိုးသည် ဟန့်တား မှုကိုလက်မခံ၊ နှိုးဆော်၍လည်းမရ၊ ဆင်ခြင်တုံတရားလည်းမရှိပေ။ ယင်း သည် အကျိုးသက်ရောက်မှုကို လုံးဝဂရုမစိုက်ပေ။ အကြောင်းနှင့်အကျိုးကို ဆက်စပ်၍ ဆင်ခြင်သုံးသပ်ခြင်းမရှိ။AH1Burm 152.3

    ကိုယ်ကိုကိုယ်ချုပ်တည်းခြင်းအားအင်နည်းစေရန် စာတန်ဘာ ကြောင့်ကြိုးပမ်းခြင်း - ထိမ်းမြားမင်္ဂလာပြုကြသော သူတို့၏စင်ကြယ် သန့်ရှင်းခြင်းအဆင့်အတန်းကို နိမ့်ကျစေရန်လည်းကောင်း၊ ကိုယ်ကိုချုပ်တည်း ခြင်းကိုအင်အားနည်းစေရန်.. စာတန်သည် ကြိုးပမ်းဆောင်ရွက်နေသည်။ အဘယ်ကြောင့်ဆိုသော် ယုတ်ညံ့သောကိလေသာစိတ်တို့သည် တိုးတက် ပြင်းထန်လာသည်နှင့်အမျှ ကျင့်ကောင်းသီလများကျင့်သုံးနိုင်သောအင်အား ယုတ်လျော့သွားကြောင်းကို သူသိရှိသည်။ သူကိုယ်တိုင်ကမုန်းတီးဖွယ်ဖြစ် သော သူတို့၏ရုပ်ပုံကိုသူ့သားသမီးများပေါ်တွင် ရိုက်နှိပ်ထားရာတွင် ယင်း ထက်ကောင်းသောနည်းမရှိသည်ကိုလည်းကောင်း၊ ဤနည်းအားဖြင့် မိဘ တို့၏အကျင့်စာရိတ္တထက် သားသမီးများတို့၏အကျင့်စာရိတ္တများကို သူ့အနေ ဖြင့်လိုရာပုံသွင်းပေးရန် ပိုမိုလွယ်ကူကြောင်းကိုလည်းကောင်း သူသိရှိပါ သည်။AH1Burm 153.1

    တစ်ဖက်စွန်းရောက်ခြင်း၏ဆိုးကျိုးများ - အမျိုးသမီးများနှင့် အမျိုးသားတို့၏တပ်မက်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို လည်းကောင်း၊ ယင်းကိုလိုက်စားခြင်း၏ဆိုးကျိုးသည် အဘယ်အရာဖြစ် သည်ကိုလည်းကောင်း သင်တို့သည် တစ်နေ့သောအခါ သိရှိလာကြလိမ့် မည်။ အရည်အသွေးအားဖြင့် အလားတူဆိုးညစ်သောတပ်မက်ခြင်းကို လင်မယား၏စည်းဝိုင်းအတွင်း၌တွေ့ရှိရသကဲ့သို့ ယင်းစည်းဝိုင်းအပြင်ဘက် တွင်လည်း တွေ့ရှိနိုင်သည်။AH1Burm 153.2

    ဆိုးညစ်သောတပ်မက်ခြင်းကို ထိန်းချုပ်မှုမရှိဘဲ၊ လိုက်စားခြင်း၏ ဆိုးကျိုးသည် အဘယ်အရာနည်း။ ဘုရားသခင်၏ကောင်းကင်တမန်များ ကြီးကြပ်အုပ်ချုပ်သင့်သောအိမ်ခန်းကို ညစ်ညမ်းသောအပြုအမူဖြင့် မသန့် ရှင်းအောင်ပြုလုပ်ကြသည်။ ရှက်ဖွယ်ဖြစ်သောတိရစ္ဆာန်တို့၏ကိလေသာဆန် သောဝါဒအုပ်ချုပ်သောကြောင့် ကိုယ်ခန္ဓာများသည် ညစ်ညမ်းလာသည်။ ရွံရှာဖွယ်သောအကျင့်ဓလေ့တို့သည် ရွံရှာဖွယ်သောရောဂါများကိုရရှိစေသည်။ ကောင်းချီးမင်္ဂလာတစ်ခုအနေဖြင့် ဘုရားသခင်ပေးထားတော်မူသောအစီအစဉ် သည် ကျိန်ခြင်းအမင်္ဂလာတစ်ခုဖြစ်လာသည်။AH1Burm 154.1

    ကာမရာဂစပ်ယှက်မှုကို အလွန်အကြူးလိုက်စားခြင်းသည် နံနက် ယံဝတ်ပြုခြင်းတို့ကိုနှစ်သက်သောစိတ်ကို သိသိသာသာဖျက်ဆီးပစ်၍ ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းများကိုဖွံ့ဖြိုးရန် လိုအပ်သောအစာအာဟာရများ ကို ဦးနှောက်မှထုတ်ယူပြီးလျှင် ခန္ဓာအင်အားများကို သိသာစွာဆုတ်ယုတ် စေပါလိမ့်မည်။ ယင်းကဲ့သို့ကိုယ်ကိုဖျက်ဆီးသောအလုပ်မျိုးကို မည်သည့် အမျိုးသမီးကမျှအားမပေးသင့်ပေ။ အကယ်၍ သူမသည် ဉာဏ်ပညာအမြော် အမြင်ရှိ၍ သူ့ခင်ပွန်းကိုချစ်လျှင် ယင်းအားပေးမှုမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။AH1Burm 154.2

    တိရစ္ဆာန်ကဲ့သို့သောကိလေသာမျိုးကိုလိုက်စားလေလေ၊ ယင်းလိုက်စား လိုသောဆန္ဒသည် ပြင်းထန်တတ်လာလေလေဖြစ်ပြီး နောက်မဆုတ်ဘဲ ရှေ့သို့သာတိုး၍လိုက်စားရန် အားပေးလိမ့်မည်။ ဘုရားသခင်ကိုကြောက်ရွံ့ ကြသောအမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏တာဝန်ကိုသိရှိကြပါစေ။ ကိလေသာကိစ္စတွင် ခြိုးခြံမှုမရှိသောကြောင့် မြောက်မြားစွာသောခရစ်ယာန် ဟုခေါ်ဝေါ်သော ပုဂ္ဂိုလ်တို့သည် အကြောအခြင်များနှင့်ဦးနှောက်တွင် သွက်ချာပါဒ၊ လေငန်းဆွဲရောဂါစွဲကပ်လျက်ရှိကြသည်။AH1Burm 154.3

    ယောက်ျားဖြစ်သူများဆင်ခြင်တုံတရားရှိပါ - ယောက်ျားဖြစ် သူများသည် သတိဝီရိယရှိပါ၊ ဂရုတစိုက်ရှိပါ၊ စိတ်ထားတည်တံ့ပါ၊ သစ္စာ ရှိပါ၊ သနားကြင်နာသောစိတ်ရှိပါ။ သူတို့သည် သူတို့၏မယားဖြစ်သူများ ကိုချစ်ကြောင်းနှင့် . ကိုယ်ချင်းစာကြောင်းလက်တွေ့ ပြပါ။ ခရစ်တော်၏ မှာကြားတော်မူချက်ကို သူတို့သည်အကောင်အထည်ဖော်လျှင် သူတို့မယား များအပေါ်၌ထားရှိသောမေတ္တာသည် သူတို့ကိုယ်တိုင်၏ကိုယ်ခန္ဓာကိုဖျက်ဆီး ၍ သူတို့မယားများအား အားအင်ဆုတ်ယုတ်စေ၍ ရောဂါ စွဲကပ်စေမည့် ညစ်ညမ်း၍လောကီဆန်လျက် ကိလေသာသဘောသာရှိသော မေတ္တာမျိုး ဖြစ်လိမ့်မည်မဟုတ်ပေ။ သူတို့၏မယားဖြစ်သူအား အရာရာ၌သူတို့၏အုပ်စိုး မှုကိုဝန်ခံရမည်ဖြစ်ကြောင်း တစ်ဖက်ကတဖွဖွပြောဆိုလျက် အခြားတစ်ဖက် တွင် ညစ်ညမ်းသောကိလေသာစိတ်ကိုဖြေဖျော်နှစ်သိမ့်စေရန် ပြုလုပ်ကြလိမ့် မည်မဟုတ်ပေ။ ခရစ်ယာန်စစ်ဖြစ်သောယောက်ျားတိုင်းနှင့် မြင့်မြတ်သော စာရိတ္တနှင့်စင်ကြယ်သောစိတ်နှလုံးရှိလျှင် ယင်းတို့ကိုလင်မယားဘဝတွင် လက်တွေ့ပြသရမည်။ သူ့၌ခရစ်တော်တွင်ရှိသောစိတ်မျိုးထားရှိလျှင် သူသည် ခန္ဓာကိုဖျက်ဆီးသောသူ ဖြစ်လိမ့်မည်မဟုတ်ပေ။ သိမ်မွေ့သောမေတ္တာရှိ၍ ခရစ်တော်၌အမြင့်ဆုံးအဆင့်အတန်းသို့တက်လှမ်းရရှိရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။AH1Burm 155.1

    သံသယဖြစ်မှုများဝင်ရောက်လာသောအခါ - ယောက်ျားဖြစ်သူ ၏ကျေးကျွန်ဘဝသို့ မိမိကိုယ်ကိုအရောက်ခံလျက် သူ၏ညစ်ညမ်းသော ကိလေသာစိတ်များကို ဖြေဖျော်နေရသောဘဝမျိုး၌ ကျင်လည်နေရသော မယားဖြစ်လျှင် သူ့အပေါ်၌ထားရှိသော ယောက်ျားဖြစ်သူ၏မေတ္တာသည် မေတ္တာစစ်၊ မေတ္တာမှန်မျိုးမဖြစ်နိုင်ပေ။ ယင်းကဲ့သို့မပြောဝံ့မဆိုဝံ့ဘဲ ယောက်ျား ဖြစ်သူ၏လိုအင်ဆန္ဒကိုဖြည့်တင်းပေးနေရလျှင် ယောက်ျားဖြစ်သူ၏အမြင်တွင် သူမ၏တန်ဖိုးရှိမှုသည် ပျောက်ကွယ်သွားလိမ့်မည်။ မြင့်မြတ်လှသော အခြေအနေမှ နိမ့်ကျလှသောအဆင့်အတန်းသို့လျောကျသွားသည်ကို ယောက်ျား ဖြစ်သူကတွေ့ မြင်သောအခါ သူ့အလိုသို့ငြင်းဆန်မှုမရှိဘဲ အသာတကြည် လိုက်လျောသကဲ့သို့ အခြားယောက်ျားတစ်ဦး၏အလိုသို့လည်း အသာတကြည် လိုက်လျောနိုင်သည့်အကြောင်းရှိသည်ဟု သူ့အနေဖြင့်သံသယဖြစ်စရာဖြစ် လာလေသည်။ သူမ၏တည်တံ့မှုနှင့်စင်ကြယ်မှုကို သူသည်သံသယဖြစ်လာ ၍ သူမကိုလည်းငြီးငွေ့ လာပြီးလျှင် သူ့ညစ်ညမ်းရွံရှာဖွယ်သော ကိလေသာ စိတ်များကိုဖြေလျှော့ရန် အသစ်သောနည်းလမ်းများကို ရှာဖွေလေတော့သည်။ ဘုရားသခင်၏ပညတ်တော်ကိုဂရုမပြုတော့ပေ။ ယင်းကဲ့သို့သောယောက်ျား များသည် အဟိတိရစ္ဆာန်ထက်ဆိုးသွမ်းလှသည်။ သူတို့သည် လူ့ပုံသဏ္ဌာန် ကိုဆောင်သော နတ်ဆိုးများဖြစ်ကြသည်။ မေတ္တာစစ်မေတ္တာမှန်၊ သန့်ရှင်း သောမေတ္တာတို့၏ မြင့်မြတ်သောအခြေခံသဘောတရားတို့ကို မသိကြပေ။AH1Burm 155.2

    မယားဖြစ်သူကလည်း သူမယောက်ျားဖြစ်သူက မနာလိုဝန်တိုဖြစ် လာ၍ အခွင့်အရေးရလျှင် သူမအားဆက်ဆံသကဲ့သို့ အခြားအမျိုးသမီး တစ်ဦးအား လွယ်လင့်တကူဆက်ဆံလိမ့်မည်ဟု သံသယဖြစ်လာသည်။ သူသည် သြတ္တပ္ပစိတ် (သို့မဟုတ်) ဘုရားသခင်အားကြောက်ရွံ့ ရိုသေခြင်း စသောစိတ်တို့ဖြင့် အုပ်ထိန်းခံရခြင်းမရှိဟု သူမတွေ့ မြင်လာသည်။ တပ်မက် သောကိလေသာစိတ်တို့ကြောင့် ... ယင်းသန့်ရှင်းသောအကာအဆီးတို့သည် အားလုံးကျိုးပဲ့ပျက်စီးကုန်ကြသည်။ ယောက်ျားဖြစ်သူ၌ရှိသော၊ ဘုရားအလို တော်နှင့်ညီသော စိတ်သဘောထားရှိသမျှတို့သည် ယုတ်နိမ့်ညံ့၊ ရိုင်းစိုင်း သောကိလေသာ၏ကျေးကျွန်ဘဝသို့ သက်ဆင်းလေတော့သည်။AH1Burm 156.1

    မတရားတောင်းဆိုမှုများ၏ပြဿနာ - ယခုဆုံးဖြတ်ရမည့်ကိစ္စ မှာ သူမ၏ယောက်ျားအားယုတ်ညံ့သိမ်ဖျင်းသော ကိလေသာစိတ်ကစိုးမိုး ထားကြောင်းကို တွေ့မြင်သိရှိရသောအခါ၌လည်းကောင်း၊ ဘုရားသခင်က သူမအားသန့်သန့်ရှင်းရှင်းနှင့်ဂုဏ်သိက္ခာရှိရှိဖြင့် ထိန်းသိမ်းထားရန် ၎င်းအပြင် ဘုရားသခင်အတွက် အသက်ရှင်ယဇ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားရန် အပ်နှင်းထားတော်မူသောကိုယ်ခန္ဓာကို ပျက်စီးအောင်ပြုလုပ်သည် ဟု သူမ၏ကျိုးကြောင်းဆင်ခြင်တတ်ခြင်းနှင့်ပိုင်းခြားဝေဖန်တတ်ခြင်းတို့အား ယုံကြည်လာသောအခါ၌လည်းကောင်း၊ သူမယောက်ျားဖြစ်သူ၏တရားလွန် တောင်းဆိုခြင်းကို မလိုက်လျောဘဲမနေရဟူသောခံစားချက်ကို မယားဖြစ် သူ၌ထားရှိရမည်လား။AH1Burm 156.2

    သူမ၏ကျန်းမာခြင်းနှင့်အသက်ကိုအနစ်နာခံ၍ သူမယောက်ျား ဖြစ်သူ၏တိရစ္ဆာန်ကဲ့သို့သော ကိလေသာစိတ်ကိုလိုက်လျောစေသောမေတ္တာ သည် စင်ကြယ်သန့်ရှင်းသောမေတ္တာမျိုးမဟုတ်ပေ။ အကယ်၍ သူမ၌ မေတ္တာစစ်မေတ္တာမှန်နှင့် ဉာဏ်အမြော်အမြင်ရှိလျှင် သူမယောက်ျား၏အာရုံ ကို ကိလေသာလိုက်စားခြင်းမှ စိတ်ဝင်စားဖွယ်ဖြစ်သော ဝိညာဉ်ရေးဆိုင်ရာ အကြောင်းအရာများကိုပြောပြခြင်းအားဖြင့် မြင့်မြတ်၍ဝိညာဉ်ရေးဆိုင်ရာ အချက်အလက်များသို့ပြောင်းပေးရန် ကြိုးပမ်းလိမ့်မည်။ ကိလေသာအလွန် အကြူးလိုက်စားမှုကို လိုက်လျောခြင်းအားဖြင့် သူမ၏ကိုယ်ခန္ဓာကို အယုတ် ညံ့ဆုံးဖြစ်အောင်မပြုလုပ်နိုင်ကြောင်း သူ့ယောက်ျား၏ငြိုငြင်မှုကိုခံရလင့်ကစား စိတ်နှိမ့်ချစွာဖြင့်လည်းကောင်း၊ မေတ္တာနှောသောအပြောအဆိုအားဖြင့်လည်း ကောင်း ဖျောင်းဖျပြောဆိုရမည်။ သခင်ဘုရားနေ့ကြီးသို့ရောက်သောအခါ သူမ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ ဘုရားသခင်နှင့်စာရင်းရှင်းရမည်ဖြစ်သော ကြောင့် သူမတစ်ကိုယ်လုံးကိုမတောင်းဆိုရန် ကိုယ်တော်ရှင်အနေဖြင့် အထူးအခွင့်အရေးရှိကြောင်းကိုလည်းကောင်း ယင်းကြောင့် သူမ၏ယောက်ျား ဖြစ်သူအား ကြင်နာသိမ်မွေ့စွာပြောပြရမည်။AH1Burm 157.1

    သူမ၏မေတ္တာအဆင့်အတန်းကိုမြှင့်တင်၍ သန့်ရှင်းစွာဖြင့်လည်း ကောင်း၊ ဂုဏ်သိက္ခာရှိရှိဖြင့်လည်းကောင်း မိန်းမတို့သိမ်မွေ့ခြင်းနှင့်ဂုဏ် ကျက်သရေကိုထိန်းသိမ်းထားလျှင် အမျိုးသမီးများသည် သူတို့၏ချင့်ချိန် တတ်သောသြဇာသက်ရောက်မှုဖြင့် သူတို့ယောက်ျားဖြစ်သူများအား သန့်ရှင်း အောင်ပြုပြင်ပေးခြင်းအားဖြင့် သူမတို့၏မြင့်မားသောတာဝန်ကို ဆောင်ရွက် ပြီးဖြစ်လိမ့်မည်။ ယင်းကဲ့သို့ပြုပြင်ပေးခြင်းအားဖြင့် သူမတို့၏ယောက်ျား ဖြစ်သူများကိုလည်းကောင်း၊ သူတို့ကိုယ်တိုင်ကိုလည်းကောင်း၊ ကယ်တင် နိုင်မည်ဖြစ်၍ တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောမျိုးဖြင့်လည်းကောင်း ဆောင်ရွက်ပြီးဖြစ်လိမ့်မည်။ အလွန်နူးညံ့၍ ကိုင်တွယ်ရန်ခဲယဉ်းသော ဤကိစ္စတွင် ဉာဏ်အမြော်အမြင်နှင့်သည်းခံခြင်းအပြင် သတ္တိနှင့်တည်ကြည် ခြင်းတို့ များစွာလိုအပ်သည်။ ခွန်အားနှင့်ကျေးဇူးတော်ကို ဆုတောင်းခြင်း အားဖြင့်ရရှိနိုင်သည်။ စေတနာအရင်းခံသောမေတ္တာသည် စိတ်နှလုံးကိုစိုးမိုး ထားသော ကျင့်စဉ်မှုဖြစ်ရမည်။ ဘုရားသခင်ကိုချစ်ခြင်းနှင့် ယောက်ျားဖြစ် သူကိုချစ်ခြင်းသာလျှင် ပြုလုပ်သမျှသောအစီအစဉ်တို့၏အရင်းခံဖြစ်ရမည်။AH1Burm 157.2

    အမှုကိစ္စအားလုံးတို့တွင် ယောက်ျားဖြစ်သူ၏ဆန္ဒကိုဂရုမပြုဘဲလျက် သူမ၏ကိုယ်ခန္ဓာနှင့်စိတ်နှလုံးတို့ကို ယောက်ျားဖြစ်သူ၏စိုးမိုးမှုကို ပုံအပ် လျှင်လည်းကောင်း၊ သူမ၏သြတ္တပစိတ်၊ ဂုဏ်သိက္ခာနှင့်သူမ၏ဘဝမှန်ကို ပင် အနစ်နာခံလျှင်လည်းကောင်း သူမ၏ယောက်ျားဖြစ်သူအားမြှင့်တင်ပေး ရန် သူမ၏ကိုယ်ပိုင်ဖြစ်စေသင့်သော ကောင်းကျိုးပြုနိုင်သည့် ကြီးမားသော သြဇာသက်ရောက်မှုအတွက် ကြိုးပမ်းနိုင်သောအခွင့်အရေးကို ဆုံးရှုံးသွား မည်ဖြစ်သည်။ သူမအနေဖြင့် သူ့ယောက်ျား၏ခက်ထန်သောဘဝကို ပျော့ပျောင်းအောင်ပြုလုပ်နိုင်၍ သူမ၏သန့်ရှင်းအောင်ပြုပြင်ပေးနိုင်စွမ်းရှိသော သြဇာသက်ရောက်မှုအားဖြင့် သူ့ယောက်ျားဖြစ်သူအား သိမ်မွေ့စင်ကြယ် လာအောင် ပြုပြင်ပေးရန်ကြိုးပမ်းနိုင်ပြီး၊ တပ်မက်သောစိတ်ကြောင့် လောက ကြီးကိုလွှမ်းမိုးနေသော တရားလက်လွတ်ဖြစ်နေမှုအန္တရာယ်မှ ကင်းလွတ် လာပြီဖြစ်သည့်အတွက် သူတို့နှစ်ဦးသည် ဘုရားဇာတိတော်နှင့်လက်တွဲ၍ ဆက်ဆံနိုင်ကြရန် သူ့ယောက်ျားအား သူ့ကိလေသာစိတ်ကိုအုပ်အုပ်ထိန်းထိန်း ထားရှိလျက် ဝိညာဉ်ရေးဘက်၌ ပိုမိုစိတ်ထက်သန်လာရန် ကြိုးပမ်းပြီးပို့ဆောင် ပေးရမည်။ ကျေးဇူးတော်၏အသစ်ပြုပြင်ခြင်းမခံရသောနှလုံးက ဓမ္မတာ တစ်လျှောက်ရှာဖွေရသော .. ယုတ်နိမ့်သောကိလေသာလိုက်စားမှုနယ်နိမိတ် အထက်ရပ်တွင်တည်ရှိနေသော မြင့်မားမြင့်မြတ်သောအကြောင်းအရာများကို တက်လှမ်းဆုပ်ကိုင်နိုင်စေရန်ပို့ဆောင်ပေးဖို့ သြဇာသက်ရောက်မှုအင်အားသည် များစွာအသုံးဝင်လေသည်။ ယောက်ျားဖြစ်သူ၏မေတ္တာ၊ တိရစ္ဆာန်တို့၏ ကိလေသာစိတ်မျိုးအပေါ်တွင်အခြေခံ၍ သူ့အပြုအမူများတို့ကို ယင်းမေတ္တာ မျိုးက အုပ်ထိန်းထားသောအခါမျိုးတွင် သူ့ယောက်ျားအားကျေနပ်မှုဖြစ်စေရန်၊ သူ့အဆင့်အတန်းသို့ဆင်းသက်ရန် မယားဖြစ်သူ၏စိတ်၌ခံစားချက်ရှိလျှင် သူမသည် ဘုရားသခင်မနှစ်သက်သောအရာကို ပြုလုပ်ရာရောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမယောက်ျားအား သူ့သန့်ရှင်းစင်ကြယ် စေသောသြဇာသက်ရောက်မှုကိုအသုံးပြု၍ ပြုပြင်ပြောင်းလဲပေးရန် ပျက်ကွက် သောကြောင့်ဖြစ်သည်။ တားမြစ်သောစကားတစ်လုံးတစ်ပါဒမျှပြောဆိုခြင်း မရှိဘဲ သူ့ယောက်ျား၏တိရစ္ဆာန်တို့၏ကိလေသာတပ်မက်ခြင်းကို လိုက်လျော ရမည်ဟူသော သဘောထားမျိုးကိုထားရှိလျှင် သူမယောက်ျားအားပြုအပ် သောဝတ်နှင့် သူမဘုရားသခင်အားပြုအပ်သောဝတ်ကို နားလည်ခြင်းမရှိပေ။AH1Burm 158.1

    ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် ဝယ်ယူထားသောပစ္စည်းများဖြစ် သည် - ယုတ်နိမ့်သောကိလေသာတပ်မက်ခြင်းသည် ကိုယ်ခန္ဓာအတွင်း၌ ခိုအောင်းနေသောဌာနရှိလျက် ယင်းဌာန၏လုပ်ငန်းကိုဆောင်ရွက်သည်။ “ဇာတိ” (သို့မဟုတ်) “ဇာတိအလို”(သို့မဟုတ်) “ဇာတိတပ်မက်ခြင်း” ဆိုသောဝေါဟာရများတွင် ယုတ်နိမ့်ဖောက်ပြန်သောသဘာဝ ပါဝင်နေသည်။ ဇာတိပကတိကိုယ်တိုင် ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သောအလုပ်ကို မလုပ်နိုင်ပေ။ ကိလေသာတပ်မက်သောမေတ္တာမျိုးနှင့် ထွေးရောယှက်တင် ဖြစ်နေသော ဇာတိပကတိစိတ်ကိုကပ်တိုင်တင်ရန် ကျွန်ုပ်တို့အား မိန့်မှာ ထားတော်မူသည်။ ကျွန်ုပ်တို့ဘယ်ကဲ့သို့ပြုလုပ်နိုင်သနည်း။ ကိုယ်ခန္ဓာကို နာကျင်အောင်ထိုးနှက်နှိပ်စက်ရမည်လား။ ထိုသို့မပြုရပါ။ အပြစ်ကျူးလွန် သောစုံစမ်းသွေးဆောင်ခြင်းကို အသေသတ်ရမည်။ ညစ်ညမ်းသောစိတ်ကူး အကြံအစည်များကို ထုတ်ဖယ်ပစ်ရမည်။ စိတ်ကူးအကြံအစည်ရှိသမျှတို့ကို ခရစ်တော်ယေရှု၏အုပ်ထိန်းမှုအောက်သို့ သွတ်သွင်းထားရမည်။ တိရစ္ဆာန် ဆန်သောလိုအင်ဆန္ဒနှင့်တပ်မက်ခြင်းအားလုံးတို့ကို ဝိညာဉ်တော်စိုးပိုင်တော် မူသော ဖန်ဆင်းရှင်၏အုပ်ထိန်းမှုလက်အောက်တွင် ထားရှိရမည်။ ဘုရားသခင် အားချစ်ခြင်းကို ဦးစားပေးရမည်။ ကွဲပြားခြင်းမရှိသောရာဇပလ္လင်အပေါ် ခရစ်တော်စိုးစံတော်မူရမည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကိုယ်တော်ရှင်ဝယ်ယူ ထားတော်မူသောပစ္စည်းအနေဖြင့် သဘောထားရမည်။ ကိုယ်ခန္ဓာ၏အစိတ် အပိုင်းတို့သည် ဖြောင့်မတ်ခြင်း၏လက်နက်များ ဖြစ်လာကြလိမ့်မည်။AH1Burm 159.1