Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၆—ပျော်ရွှင်၊ အောင်မြင်တွဲဖက်လျှင်

    စစ်မှန်သောတွဲဖက်မှုသည် ရာသက်ပန်အတွေ့အကြုံဖြစ်၏ - ထိမ်းမြားမင်္ဂလာဆိုင်ရာတွဲဖက်မှုကို သင့်လျော်စွာနားလည်ခြင်းသည် ရာသက်ပန်အချိန်ယူဆောင်ရွက်ရသောလုပ်ငန်းဖြစ်သည်။ ထိမ်းမြားမင်္ဂလာ ပြုသောသူတစ်ဦးသည် ဤဘဝအသက်တာတွင် ဘွဲ့ မရနိုင်သောစာသင် ကျောင်းကို တက်ရောက်ခြင်းဖြစ်သည်။AH1Burm 125.1

    မည်မျှလောက်ပင်သတိဝီရိယဖြင့်လည်းကောင်း၊ အမြော်အမြင်ရှိ စွာဖြင့်လည်းကောင်း ထိမ်းမြားမင်္ဂလာကိုစီစဉ်ပြုလုပ်ခဲ့သော်လည်း ထိမ်းမြား မင်္ဂလာကျင်းပချိန်တွင် လုံးဝစည်းလုံးညီညွတ်သောစုံတွဲဟူ၍မရှိပေ။ ဇနီး မောင်နှံတို့၏စစ်မှန်သော စည်းလုံးညီညွတ်စွာပေါင်းစပ်မှုသည် နောင်ကာလ များက ပြုပြင်ပေးရသောလုပ်ငန်းဖြစ်သည်။AH1Burm 125.2

    ရှုပ်ထွေးခြင်းနှင့်စိုးရိမ်ပူပန်ခြင်းဝန်ထုပ်ကြီးကို ထမ်းနေသောဘဝ အသက်တာသည် မင်္ဂလာဆောင်ပြီးခါစအိမ်ထောင်သစ်ကို ရင်ဆိုင်သော အခါ မင်္ဂလာဆောင်ခြင်းကိစ္စတွင် အများအားဖြင့်အရင်းအနှီးပြုခဲ့သော နှစ်သက်မြတ်နိုးခြင်းသည် ပျောက်ကွယ်သွားသည်။ ဇနီးနှင့်ခင်ပွန်းတို့သည် တစ်ဦး၏စာရိတ္တကိုတစ်ဦးကလေ့လာသိရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းလေ့လာခြင်းကို မင်္ဂလာမဆောင်မီက ပြုလုပ်ရန်ခဲယဉ်းသောကြောင့် ဖြစ်သည်။ ဤအချိန်ဤအခါသည် ဇနီးမောင်နှံတို့၏အတွေ့ အကြုံတွင် အရေး ပါ၍အရေးကြီးဆုံးသောအချိန်ဖြစ်သည်။ သူတို့အနာဂတ်ကာလတစ်ခုလုံး၏ ပျော်ရွှင်မှုနှင့်အသုံးကျမှုသည် ယခုအချိန်တွင် သူတို့၏စစ်မှန်သောလမ်းစဉ် ကို ဇောက်ချလိုက်နာမှုပေါ်တွင်တည်နေသည်။ တစ်ဦးမဟုတ်တစ်ဦး၌ သံသယမဖြစ်ခဲ့ဖူးသောအားနည်းချက်များနှင့် ချို့ယွင်းချက်များကို သူတို့ မကြာခဏသိရှိနားလည်ကြရသည်။ သို့ရာတွင် မေတ္တာကပေါင်းဖက်ထား သောစိတ်နှလုံးတို့သည် ယခုအထိမသိရှိရသော အကောင်းဆုံးအရည်အသွေး များကို သိရှိနားလည်ရကြသည်။ ချို့ယွင်းမှုများအစား အကောင်းဆုံး အရည်အသွေးများကိုရှာဖွေတွေ့ ရှိရန် အားလုံးသောသူတို့အား ကြိုးပမ်းကြ ပါလေစေ။ မကြာခဏဆိုသကဲ့သို့ ကျွန်ုပ်တို့ကိုယ်တိုင်၏စိတ်နေသဘော ထား၊ ကျွန်ုပ်တို့ကိုယ်တိုင်အားဝန်းရံထားသောအခြေအနေက တစ်ဖက်သား ၌ဖော်ပြမည့်အရာကို သတ်မှတ်ဆုံးဖြတ်ပေးသည်။AH1Burm 125.3

    မေတ္တာကိုမှတ်ကျောက်တင်ရမည်။ ချစ်ခြင်းဆိုသည်မှာ သလင်း စင်ကြယ်ခြင်းဖြင့်တန်ဆာဆင်ထားပေလိမ့်မည်။ ကျောက်ကဲ့သို့ကြည်လင်၍ သို့စေကာမူ၊ ယင်းကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းမရှိခဲ့သောကြောင့် ယင်းသည် တိမ်နေပေလိမ့်မည်။ အမှုကိစ္စအားလုံးတွင် ခရစ်တော်အားပထမ၊ နောက်ဆုံး နှင့်အကောင်းဆုံးဖြစ်စေပါ။ ကိုယ်တော်ရှင်ကိုအစဉ်မပြတ်အာရုံစူးစိုက်ပါ။ ထိုသို့ဖြစ်လျှင် ကိုယ်တော်ရှင်အပေါ်၌ထားရှိသောမေတ္တာသည် စုံစမ်းစစ်ဆေး မှုကိုခံရသောကြောင့် နေ့စဉ်ပိုမိုခိုင်မာလာပေလိမ့်မည်။AH1Burm 126.1

    ခက်ခဲမှုများ၊ ရှုပ်ထွေးမှုများနှင့်စိတ်ပျက်မှုများတို့သည် ပေါ်လာ မည်ဖြစ်သော်လည်း၊ သူတို့၏ပေါင်းဖက်မှုသည် မှားယွင်းချက် သို့တည်း မဟုတ် တလွဲတချော်ဖြစ်မှုဟူသော အတွေးခေါ်မျိုးကိုခင်ပွန်းကဖြစ်စေ၊ ဇနီး ကဖြစ်စေ လက်ခံထားခြင်းမရှိပါစေနှင့်။ တစ်ဦးအတွက်တစ်ဦးက အကောင်း ဆုံးအဖြေထွက်စေရန် ဆောင်ရွက်ပေးဖို့စိတ်ပြဌာန်းပါ။ လက်မထပ်မီက တစ်ဦးကိုတစ်ဦး ဂရုတစိုက်ရှိသောသဘောထားကို ဆက်လက်ကျင့်သုံးပါ။ ဘဝအသက်တာ၏တိုက်ပွဲများကိုဆင်နွှဲရာတွင် အဘက်ဘက်၌ တစ်ဦးကို တစ်ဦးအားပေးပါ။ တစ်ဦး၏ပျော်ရွှင်မှုကို တစ်ဦးကတိုးတက်မှုရှိစေရန် ဆောင်ရွက်ပေးရမည့်နည်းလမ်းများကိုလေ့လာပါ။ တစ်ဦးကတစ်ဦးကိုချစ်ပါ။ တစ်ဦးကတစ်ဦးအပေါ်သည်းခံပါ။ ထိုအခါ ထိမ်းမြားမင်္ဂလာဆောင်ခြင်းသည် မေတ္တာ၏လမ်းဆုံးမဖြစ်ဘဲ အစအဦးသာလျှင်ဖြစ်နေပေလိမ့်မည်။ စစ်မှန် သောအပေါင်းအသင်း၏အရှိန်အဝါစိတ်နှလုံးတစ်ခုကို အခြားတစ်ခုနှင့် ချည်နှောင်ထားသောမေတ္တာတို့သည် ကောင်းကင်ဆိုင်ရာပျော်ရွှင်ခြင်းများကို တင်ကြိုမြည်းစမ်းခြင်းဖြစ်သည်။AH1Burm 126.2

    သည်းခံခြင်းတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် သည်းခံ ခြင်းကိုအားလုံးက ပြုစုပျိုးထောင်ပေးသင့်ကြပေသည်။ သနားကြင်နာတတ် ခြင်းနှင့်သည်းခံတတ်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို စိတ်နှလုံးတွင်း၌ ပူပူနွေးနွေးရှိနေ၍ ဘုရားသခင်နှစ်သက်တော်မူသောအရည်အသွေးတို့သည် ကြီးထွားရင့်သန်လာကြမည်။AH1Burm 126.3

    တစ်ဦးအပေါ်တစ်ဦးစိမ်းကားစေရန် ရန်သူသည်ကြိုးပမ်းလိမ့်မည် — သဘောထားချင်းမတိုက်ဆိုင်သောကိစ္စတစ်ခုခုပေါ်ပေါက်လာတိုင်း စာတန် သည်အခွင့်ကောင်းယူရန် အမြဲတမ်းအသင့်ဖြစ်နေလျက် ခင်ပွန်း၌ဖြစ်စေ၊ ဇနီး၌ဖြစ်စေ ကန့်ကွက်စရာဖြစ်သော မိရိုးဖလာမှအမွေခံထားခဲ့သော အကျင့် ဓလေ့တစ်ခုခုကိုဖော်ထုတ်လှုံ့ဆော်ပေးခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော် တွင် တည်ကြည်သောသစ္စာဆိုခြင်းအားဖြင့် သူတို့၏စိတ်ဝင်စားမှုများကို ပေါင်းစပ်လိုက်ကြသောပုဂ္ဂိုလ်နှစ်ဦးတို့အား တစ်ဦးကတစ်ဦးအပေါ် စိမ်းကား ရက်စက်စွာဆက်ဆံစေရန် သူသည်ကြိုးပမ်းလိမ့်မည်။ ထိမ်းမြားမင်္ဂလာ ကျင်းပချိန်တွင် ဆိုခဲ့ကြသောသစ္စာစကားများတွင် သူတို့သည် တစ်လုံးတစ်ဝ တည်းဖြစ်ရန်ကတိပြုလျက် ဇနီးဖြစ်သူက သူမ၏ခင်ပွန်းကိုမြတ်နိုးပါမည်ဟု ပဋိညာဉ်ပြု၍ ခင်ပွန်းဖြစ်သူကလည်း ဇနီးကိုချစ်၍ ထိန်းသိမ်းစောင့်ရှောက် ပါမည်ဟု ပဋိညာဉ်ပြုလေသည်။ အကယ်၍ ဘုရားသခင်၏ပညတ်တော် ကိုနာခံလျှင် ရန်သတ္တရုပြုခြင်းတည်းဟူသောနတ်ဆိုးကို အိမ်ထောင်အထဲသို့ အဝင်ခံလိမ့်မည်မဟုတ်။ ဇနီးမောင်နှံတို့၏စိတ်ဝင်စားမှုများ ကင်းကွာပြတ်စဲ ခြင်းရှိလိမ့်မည်မဟုတ်။ တစ်ဦးကတစ်ဦးအပေါ်ထားရှိသော မေတ္တာ၏အရှိန် အဝါသည် မှေးမှိန်ခြင်းရှိလိမ့်မည်မဟုတ်ပေ။AH1Burm 127.1

    ခက်ထန်သောစိတ်ထားရှိသည့် ဇနီးမောင်နှံတို့အားအကြံပြုချက် - ခင်ပွန်းကဖြစ်စေ၊ ဇနီးကဖြစ်စေ တစ်ဦးအပေါ်တစ်ဦး စိုးမိုးချုပ်ချယ်ခွင့်ကို မတောင်းဆိုရ၊ ဤကိစ္စနှင့်ပတ်သက်၍ ထိန်းကိုင်ပေးရန်အခြေခံမူကို ဘုရားသခင်ပေးထားတော်မူသည်။ ခရစ်တော်သည် အသင်းတော်ကိုပြုစု ထိန်းသိမ်းတော်မူသကဲ့သို့ ခင်ပွန်းသည်ဇနီးကိုပြုစုထိန်းသိမ်းရမည်။ ဇနီး ဖြစ်သူသည် သူမခင်ပွန်းကိုရိုသေလေးစား၍ ချစ်ခင်မြတ်နိုးရမည်။ နှစ်ဦး စလုံးတို့က သနားကြင်နာတတ်သော စိတ်သဘောထားမျိုးကိုမွေးမြူ၍ တစ်ဦးကတစ်ဦးအားစိတ်နာအောင်မပြုမိဖို့ သန္နိဌာန်ချထားရမည်။AH1Burm 127.2

    ကိုယ့်အလိုသို့လိုက်ရန် တစ်ဦးကတစ်ဦးအပေါ် အဓမ္မနည်းကိုမကျင့် သုံးရ။ ယင်းနည်းကိုကျင့်သုံးခြင်းအားဖြင့် တစ်ဦးကတစ်ဦးအပေါ်၌ထားရှိ သော မေတ္တာထိန်းသိမ်း၍မထားနိုင်ပေ။ ကိုယ့်အလိုသို့အဓမ္မလိုက်စေသော အပြုအမူမျိုးပြသမှုက အိမ်ထောင်၏ငြိမ်သက်မှုနှင့်ပျော်ရွှင်သာယာမှုကို ဖျက်ဆီးပစ်သည်။ သင်တို့၏အကြင်လင်မယားဘဝသည် သဘောထားကွဲလွဲ နေသော ဘဝမျိုးမဖြစ်ပါစေနှင့်၊ ဖြစ်စေလျှင် သင်တို့နှစ်ဦးစလုံး၌ ပျော်ရွှင် သာယာမှုရှိမည်မဟုတ်ပေ။ အပြောအဆိုတို့တွင် ကြင်နာမှုရှိ၍ အလုပ်အကိုင် တွင်သာယာမှုရှိလျက် သင်တို့ကိုယ်တိုင်၏လိုအင်ဆန္ဒများကိုဖယ်ရှားပစ်ပါ။ နှုတ်မှထွက်သောစကားများကို ဆင်ခြင်၍ထွက်စေပါ။ အဘယ်ကြောင့်ဆို သော် ယင်းတို့သည် ကောင်းကျိုးကိုသော်လည်းကောင်း၊ ဆိုးကျိုးကိုသော် လည်းကောင်း ဖန်တီးပေးတတ်သည်။ စကားပြောသောလေသံတွင် ထက်မြက် စူးရှမှုမရှိပါစေနှင့်။ သင်တို့၏ဖက်စပ်ထားသောဘဝအသက်တာကို ခရစ်တော် ၏စိတ်သဘောထားမျိုး၏နံ့သာဖြင့် မွှေးကြိုင်နေပါလေစေ။AH1Burm 128.1

    မေတ္တာကိုအပြောအဆိုနှင့်အလုပ်အကိုင်များတွင်ဖော်ပြပါ - မေတ္တာစိတ်ဖော်ပြခြင်းကို အားနည်းခြင်းဟုသဘောထားသူအမြောက်အမြား ရှိကြသည်။ ထိုကဲ့သို့သောသူများသည် သူတစ်ပါးတို့အား ဆက်ဆံမှုမပြု ရဲစေသော ဟိတ်ဟန်မျိုးကိုထားရှိကြသည်။ ယင်းသဘောထားမျိုးသည် ကိုယ်ချင်းစာသောစိတ်၏အဟုတ်ကို တားဆီးပိတ်ပင်ထားသည်။ ပေါင်းသင်း ဆက်ဆံတတ်သောသဘောထားနှင့် ရက်ရောသောသဘောများကို နှိပ်ကွပ် ထားသောကြောင့် ယင်းသဘောထားများသည် သွေ့ခြောက်သွား၍ ဘဝ အသက်တာသည် သာယာစိုပြည်မှုကင်းပြီး အေးစက်စက်ဖြစ်လာလေသည်။ ဤအမှားမျိုးကိုသတိပြုရှောင်ကြဉ်သင့်ပေသည်။ ထုတ်ဖော်ပြသခြင်းမရှိလျှင် မေတ္တာသည် ကြာရှည်ရပ်တည်ခြင်းမရှိနိုင်ပေ။ သင်နှင့်ဆက်သွယ်ထားသော နှလုံးသားအား သနားကြင်နာမှုနှင့်ကိုယ်ချင်းစာနာမှုကင်းမဲ့သည့်အတွက် ငတ်မွတ်ခေါင်းပါးသောအခြေအနေ၌ ရပ်တည်မနေပါစေနှင့်။AH1Burm 128.2

    ဇနီးမောင်နှံတို့သည် တစ်ဦးကိုတစ်ဦးမေတ္တာတောင်းဆိုခြင်းမပြုဘဲ ပေးကမ်းခြင်းကိုသာပြုပါလေစေ။ သင်တို့ကိုယ်တိုင်၌ရှိသော အမြင့်မြတ်ဆုံး သောသဘောထားများကိုမွေးမြူ၍ တစ်ဦး၌ရှိသောကောင်းသောအရည်အချင်း များကို တစ်ဦးကအသိအမှတ်ပြုရန် မနှောင့်နှေးပါနှင့်။ တစ်ဦး၌ရှိသော ကောင်းသောအရည်အချင်းများကို တစ်ဦးကသဘောကျကြောင်းကိုသိရှိရခြင်း သည် အံ့သြဖွယ်ကောင်းသောအားတက်ဖွယ်လည်းဖြစ်၍ ကျေနပ်ဖွယ်လည်း ဖြစ်သည်။ ကိုယ်ချင်းစာခြင်းနှင့်လေးစားခြင်းတို့သည် အကောင်းဆုံးအခြေအနေ သို့ တက်လှမ်းရောက်ရှိစေရန်အားပေး၍ မေတ္တာကိုယ်တိုင်လည်း ပိုမိုမြင့်မြတ် သောရည်စူးချက်များကိုချမှတ်ရန် တွန်းအားပေးသောကြောင့် တိုးတက် အင်အားကောင်းလာလေသည်။AH1Burm 129.1

    ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးပေါ်တွင် ကရုဏာတရားကင်းသောသူတို့ မြောက်မြားစွာတည်ရှိနေခြင်း၏အကြောင်းရင်းမှာ မေတ္တာစစ်မေတ္တာမှန်ကို အားနည်းခြင်းဟုသဘောထား၍ ယင်းကိုအားပေးအားမြောက်မပြုဘဲ နှိမ်နင်း လာကြသောကြောင့်ဖြစ်လေသည်။ ဤလူတန်းစားတို့၏စိတ်ထားကောင်း သဘောကောင်းသည် ငယ်စဉ်တောင်ကျေးကလေးဘဝတွင် မှောက်လှန် နှိပ်လှန်နှိမ်နင်းပစ်လိုက်ခြင်းကို ကြီးစွာခံခဲ့ရသည်။ သူတို့၏အေးစက်ခြင်းနှင့် ခေါင်းမာသောအတ္တစိတ်ကို ဘုရားသခင်ထံတော်မှ လင်းရောင်ခြည်ဖောက် ဖျက်ပေးနိုင်ခြင်းမရှိခဲ့လျှင် ယင်းတို့၏ပျော်ရွှင်ခြင်းသည် ထာဝရပင်ဖုံးဖိနစ် မြှုပ်နေပေလိမ့်မည်။ မြေကြီးပေါ်၌ကျင်လည်တော်မူစဉ်တွင် ယေရှုရှင်အနေ ဖြင့် မွေးမြူ ထိန်းသိမ်းထားတော်မူခဲ့သော ကြင်နာတတ်သည့်နှလုံးနှင့်အပြစ် ရှိ၍ သေမျိုးဖြစ်သောလူသားတို့အပေါ် ကောင်းကင်တမန်များကထားရှိသော ကိုယ်ချင်းစာနာတတ်သောစိတ်တို့ကိုရယူလျှင် ယင်းကိုယ်တိုင်ရိုးသားလျက် ကလေးဘဝ၏ကိုယ်ချင်းစာနာတတ်သောသဘောထားမျိုးကို မွေးမြူထိန်းသိမ်း ထားရကြပေမည်။AH1Burm 129.2

    ထိုအခါ ကျွန်ုပ်တို့သည် ရည်မွန်ခြင်း၊ မြင့်မြတ်ခြင်းရှိ၍ ကောင်းကင် ဆိုင်ရာအခြေခံသဘောတရားများအားဖြင့် လမ်းပြပို့ဆောင်မှုကိုခံရကြလိမ့် မည်။AH1Burm 130.1

    ကျွန်ုပ်တို့၏အိမ်ထောင်များအတွင်းသို့ များပြားလှသောစိုးရိမ်ပူပန် မှုများနှင့်ဝန်ထုပ်များကို သယ်ယူသွတ်သွင်းလာကြ၍ သဘာဝအလျောက် ရိုးသားခြင်း၊ ငြိမ်သက်ခြင်းနှင့်ရွှင်လန်းဝမ်းမြောက်ခြင်းတို့သည် အိမ်ထောင် များ၌နည်းပါးလေသည်။ ပြင်ပလောကကြီး၏ဝေဖန်ခြင်းတို့ကို ဂရုစိုက်လို မှုနည်းပါးစေ၍ အိမ်ထောင်သားတို့၏သာရေးကို ပိုမိုအာရုံပြုသင့်ကြပေသည်။ လောကဝတ်တို့ကိုပြသခြင်းနှင့်လုပ်ကိုင်ခြင်းများကိုနည်းပါးစေ၍ အိမ်ထောင် သားတို့၏ပေါင်းသင်းဆက်ဆံရေးတွင် ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ ပျော်ရွှင်ခြင်းနှင့်ခရစ်ယာန်တို့၏ယဉ်ကျေးမှုတို့ကို ပိုမိုကျင့်သုံးသင့်ကြပေသည်။ အိမ်ဂေဟာကိုဆွဲဆောင်မှုရှိစေရန်နှင့် သာယာရွှင်မြူးသောနေရာဖြစ်စေရန် ဘယ်ကဲ့သို့ပြုလုပ်ရသည့်နည်းကို အများသောအိမ်ထောင်တို့သည် သင်ကြား လေ့လာရန်လိုအပ်လေသည်။ ကျေးဇူးတင်တတ်သောနှလုံးနှင့်ကြင်နာသော မျက်နှာထားတို့သည် စည်းစိမ်ဥစ္စာနှင့်ဇိမ်ခံခြင်းတို့ထက်တန်ဖိုးရှိ၍ ရိုးသား သောအရာများနှင့်တင်းတိမ်ရောင့်ရဲခြင်းသည် အိမ်ထောင်၌မေတ္တာစိုးမိုးလျှင် ယင်းအိမ်ထောင်ကို ချမ်းမြေ့သာယာအိမ်ဂေဟာဖြစ်စေလိမ့်မည်။AH1Burm 130.2

    သေးငယ်သောအရေးစိုက်မှုများအရေးပါအရာရောက်ခြင်း - ဘဝ အသက်တာ၏သာမန်အဖြစ်အပျက်များအားဖြင့် ဘုရားသခင်သည် ကျွန်ုပ် တို့ကိုစမ်းသပ်တော်မူသည်။ အထောက်အထားလည်းဖြစ်တော်မူသည်။ စိတ်နှလုံးအခန်းများကို သေးနုပ်သောအရာများကထုတ်ဖော်ပြသည်။ သေးနုပ် သောဂရုစိုက်မှုများ၊ မြောက်မြားစွာသောမမှုလောက်သည့်အဖြစ်အပျက်များ နှင့် ဘဝအသက်တာ၏သာမန်ယဉ်ကျေးမှုများက ဘဝအသက်တာတစ်ခုလုံး ၏ပျော်ရွှင်သာယာမှုကို တည်ဆောက်ပေးကြသည်။ ကြင်နာသောအပြောအဆို များ၊ အားပေးစကားများ၊ မေတ္တာနှင့်ယှဉ်သောအသုံးအနှုန်းများနှင့် ဘဝ အသက်တာ၏သေးနုပ်သောယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းကလေးများကို လျစ်လျူရှုခြင်းသည် ဘဝအသက်တာတစ်ခုလုံး၏စိတ်ဒုက္ခရောက်မှုကို ဖန်တီးပေးသည်။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌နေထိုင်လျက်ရှိကြသော သူတို့၏ ကောင်းကျိုးနှင့်ဝမ်းမြောက်ရွှင်လန်းမှုများအတွက် မိမိတို့ကိုယ်မိမိတို့ငြင်းပယ် ခြင်းကို ကောင်းကင်၌ထားရှိသောဘဝမှတ်တမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ရေးမှတ်ထားသည်။ သူတစ်ပါးတို့၏ကောင်းကျိုးနှင့်ပျော်ရွှင်မှုကိုပဓာနမထား ဘဲ မိမိတို့၏ကိုယ်ကျိုးအာရုံပြုလုပ်ကိုင်ခြင်းကို ကောင်းကင်ဘုံရှင်ခမည်း တော်ဘုရားသခင်က သတိမပြုဘဲမနေဆိုသည်ကိုလည်း ယင်းမှတ်တမ်းက ဖော်ပြလိမ့်မည်။AH1Burm 130.3

    မေတ္တာကိုထုတ်ဖော်ပြောဆိုရန်ပျက်ကွက်သောခင်ပွန်း - နှုတ်အား ဖြင့်လည်းကောင်း၊ ရုပ်လက္ခဏာအားဖြင့်လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ဖော်ပြသောမေတ္တာဖြင့်ပြည့်ဝသောအိမ်ဂေဟာသည် ကောင်းကင် တမန်များက ယင်းအိမ်၌သူတို့ရှိနေကြောင်းကိုလည်းကောင်း၊ ဘုန်းတော် ရောင်ခြည်များအားဖြင့် ယင်းမြင်ကွင်းကိုသန့်ရှင်းစေရန် ၎င်းပြုလုပ်လိုသော နေရာဖြစ်သည်။ ယင်းအိမ်ဂေဟာတွင်သေးသိမ်သောဝတ္တရားကလေးများ၌ပင် နှစ်မြို့ဖွယ်သောအရည်အသွေးအများရှိသည်။ ယင်းကဲ့သို့သောအခြေအနေ မျိုးတွင် သင်တို့၏ဇနီးများအတွက် မည်သည့်ဘဝအသက်တာ၏တာဝန် မျိုးမျှ မနှစ်မြို့ ဖွယ်ဖြစ်သည်ဟူ၍ရှိလိမ့်မည်မဟုတ်ပေ။ သူမသည် ယင်း တာဝန်များကိုပျော်ရွှင်သောစိတ်ဖြင့်ထမ်းဆောင်၍ သူမ၏ပတ်ဝန်းကျင်၌ရှိ ကြသောသူတို့အားလုံးအတွက် နေရောင်ခြည်သဖွယ်ဖြစ်၍ သူမ၏စိတ်နှလုံး ထဲတွင် ထာဝရဘုရားသခင်ကိုချီးကျူးဂုဏ်ပြုသောတေးဂီတမျိုးဖြင့် ကျူးအေး နေမည်ဖြစ်သည်။ လတ်တလောအချိန်တွင် သင့်စိတ်နှလုံးသားမှယိုစီးသော မေတ္တာသည် သူမထံသို့မရောက်ရှိသေးဟု သူမစိတ်ထဲ၌ခံစားချက်ရှိနေသည်။ ယင်းကဲ့သို့ခံစားချက်ရှိရသည့်အခြေအနေကို သင်တည်းဟူသောခင်ပွန်းက ဖန်တီးပေးနေသည်။ သင်အိမ်ထောင်ဦးစီးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန် များကိုထမ်းဆောင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် လိုအပ်ချက် ကားရှိနေသည်။ ကြင်နာသောစိတ်ဖြင့်ဂရုတစိုက်ရှိမှုသို့ပို့ဆောင်ပေးသော မေတ္တာ၏တန်ဖိုးရှိလှသော သြဇာသက်ရောက်မှုသည်ကား များစွာလိုအပ် နေသည်။ မေတ္တာဟူသည်ကိုရုပ်လက္ခဏာ၌လည်းကောင်း၊ အပြုအမူ၌လည်း ကောင်း၊ စကားအပြောအဆို၏လေသံ၌လည်းကောင်း တွေ့မြင်သင့်ပေသည်။AH1Burm 131.1

    စိတ်ပျက်ဖွယ်ဖြစ်၍အတ္တစိတ်ရှိသောဇနီး - ထိမ်းမြားမင်္ဂလာပြုခြင်း အားဖြင့် ပေါင်းဖက်ကြသောပုဂ္ဂိုလ်နှစ်ဦးတို့၏အကျင့်စာရိတ္တသည် သူတို့၏ ပေါင်းဖော်ခြင်းအားဖြင့် မြင့်မားလာလိမ့်မည်။ သို့တည်းမဟုတ် နိမ့်ကျသွား လိမ့်မည်။ ထိမ်းမြားမင်္ဂလာပွဲပြီးဆုံးသွားသည့်နောက်ပိုင်းတွင်နိမ့်ကျ၍ လှည့်ဖြား တတ်ပြီးလျှင် အတ္တစိတ်နှင့်အုပ်ထိန်း၍မရသောဇာတိသဘောအားဖြင့် ပျက်စီး ယိုယွင်းမှုသည်စတင်လေသည်။ အကယ်၍ လူငယ်တစ်ဦးသည် ဉာဏ် အမြော်အမြင်ရှိစွာဖြင့် ကြင်ဖော်ကြင်ဖက်ကိုရွေးယူခဲ့လျှင် သူနှင့်ယှဉ်တွဲ၍ ဘဝအသက်တာ၏ဝန်ထုပ်ကြီးများကို အတတ်နိုင်ဆုံးခွဲဝေထမ်းဆောင်မည့် ဇနီး၊ သူ့အားဂုဏ်အသရေတိုးမြှင့်စေပြီး ယဉ်ကျေးသိမ်မွေ့စေ၍ သူမ၏ မေတ္တာ၌ပျော်ရွှင်စေမည့်ဇနီးမျိုးကိုရရှိစေနိုင်သည်။ သို့ရာတွင် ဇနီးဖြစ်သူ သည် အကျင့်စာရိတ္တအားဖြင့် မူမမှန်ခြင်း၊ ကိုယ်ကိုသာလျှင်အမွှမ်းတင်တတ် ခြင်း၊ အတင်းအကျပ်စေခိုင်းတတ်ခြင်း၊ စွပ်စွဲပြောဆိုတတ်ခြင်း၊ သူကိုယ်တိုင် ၏မှောက်မှားသောစိတ်နေသဘောထားကြောင့်သာလျှင် စတင်ပေါ်ပေါက် လာခဲ့သောအိမ်ထောင်ရေးအဆင်မပြေမှုနှင့် စိတ်၏ခံစားချက်များအတွက် သူ့ခင်ပွန်းကိုသာအပြစ်ဖို့ပြောဆိုခြင်းများကိုပြုလုပ်လျှင်လည်းကောင်း၊ သူ့ ယောက်ျား၏မေတ္တာကို အသိအမှတ်ပြုလျက်နှစ်သက်မြတ်နိုးစွာတုံ့ပြန်ရန် နားလည်မှုနှင့်ခွဲခြားသိမြင်တတ်ခြင်းမရှိဘဲ သူ့လိုအင်ဆန္ဒတိုင်းကို လိုက် လျောမှုမရှိသောကြောင့် သူ့အားလျစ်လျူရှုထား၍ သူ့အပေါ်အမြဲတမ်းမြတ်နိုး မှုကင်းမဲ့သည်ဟု ပြောဆိုနေလျှင်လည်းကောင်း၊ သူမကိုယ်တိုင်မလိုလား သောအခြေအနေမျိုးသည် မလွဲမသွေပေါ်ပေါက်လာလိမ့်မည်။ သူမအနေဖြင့် ယင်းစွပ်စွဲပြောဆိုချက်များကို အဖြစ်သနစ်အမှန်များဖြစ်အောင် ပြုလုပ်လိမ့် မည်။AH1Burm 132.1

    အတွဲညီသောဇနီးနှင့်မိခင်၏ဂုဏ်အင်္ဂါများ — အိမ်ထောင်၏လုပ်ရိုး လုပ်စဉ်များဖြင့်သာ အချိန်မကုန်စေဘဲ ဇနီးနှင့်မိခင်ဖြစ်သူသည် သိသင့် သိထိုက်သောအချက်အလက်အခြေအနေများကို သိရှိစေရန်လည်းကောင်း၊ သူမ၏ခင်ပွန်းအတွက် မယားကောင်းတစ်ယောက်ဖြစ်စေရန်လည်းကောင်း သားသမီးတို့၏ကြီးထွားရင့်သန်လာနေသော သားသမီးတို့၏စိတ်နှလုံးတို့နှင့် တွေ့ထိမှုရှိစေရန်လည်း အချိန်ယူ၍စာပေများကိုဖတ်ရှုရမည်။ ပိုမိုမြင့်မား သောဘဝအသက်တာကို သူချစ်သောရင်သွေးငယ်များတက်လှမ်းနိုင်စေရေး အတွက် သူမ၏လက်ရှိအခွင့်အရေးများကို ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် အသုံးပြုပါလေစေ။ ချစ်ဖွယ်သောကယ်တင်ရှင်အား နေ့စဉ်အပေါင်းအဖော် တော်ကြီးနှင့် မိတ်ဆွေတော်ကြီးအနေဖြင့်ထားရှိရန် သူမအားအချိန်ယူ၍ စီစဉ်ပါလေစေ။ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို လေ့လာရန်လည်း ကောင်း၊ လယ်ကွက်များထဲသို့ သားသမီးများနှင့်အတူအလည်အပတ်သွား၍ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော လှပသောအရာများကို ကြည့်ရှုလေ့လာ ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏အကြောင်းကိုသိရှိရန် ဇနီးနှင့် မိခင်ဖြစ်သောသူအား အချိန်ယူဆောင်ရွက်ပါလေစေ။AH1Burm 133.1

    ဇနီးနှင့်မိခင်ဖြစ်သူအား အမြဲတမ်းရွှင်လန်းချမ်းမြေ့ဖြစ်နေပါလေစေ။ မပြီးဆုံးနိုင်သောအချုပ်အလုပ်များအားဖြင့် ရှိသမျှသောအချိန်ကိုမကုန်လွန် စေဘဲ မိမိအိမ်ထောင်မှုဆိုင်ရာ တစ်နေ့တာကိစ္စအဝဝတို့ကို လုပ်ကိုင်ဆောင်ရွက် ပြီးသောညနေစောင်းအချိန်တွင် အိမ်ထောင်သားများအတွက် မိတ်ဆုံပွဲကလေး များပြုလုပ်ပေးသင့်ပေသည်။ ယင်းကဲ့သို့သောအစီအစဉ်မျိုးကို ပြုလုပ်ပေး ခြင်းအားဖြင့် ခင်ပွန်းလည်းဖြစ်၊ ဖခင်လည်းဖြစ်သော အိမ်ထောင်ဦးစီးသည် ပြင်ပကလပ်အသင်းများ (သို့မဟုတ်) အရက်ဆိုင်များ (သို့မဟုတ်) ဖြေဖျော် ရာဌာနများသို့ သွားလိုသောဆန္ဒရှိတော့မည်မဟုတ်ပေ။ သားလူငယ်တို့သည် လမ်းမကြီးများတွင်သွားရောက်နေထိုင်ခြင်း (သို့မဟုတ်) လမ်းထောင့်တစ်ခု ၌ရှိသောစားသောက်ဆိုင်၌ သွားရောက်ထိုင်နေခြင်းမျိုးကိုလုပ်တော့မည်မဟုတ်၊ သားသမီးလူငယ်တို့ကိုလည်း ဟေးလားဝါးလားဖြစ်ရုံမက လမ်းလွဲပို့ဆောင် ပေးတတ်သောအပေါင်းအသင်းတို့၏ဘေးရန်မှ ကင်းလွတ်ကြလိမ့်မည်ဖြစ် သည်။ ထိုအခါ အိမ်ဂေဟာ၏သြဇာသက်ရောက်မှုသည် မိဘများနှင့် သားသမီးအားလုံးအတွက် ရာသက်ပန်ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ရမည် ဟူသော ဘုရားသခင်၏အစီအစဉ်အကောင်အထည်ပေါ်လာမည်ဖြစ်သည်။AH1Burm 133.2

    ဇနီးမောင်နှံဘဝသည် အပြစ်အနာအဆာကင်းသောဘဝမျိုးမဟုတ် ယင်း၌ စစ်မှန်သောအခက်အခဲများနှင့် အသေးစိတ်ဆောင်ရွက်ရမည့် အိမ်ထောင်ဆိုင်ရာလုပ်ငန်းများရှိသည်။ ဇနီးဖြစ်သူက သူ့ကိုယ်ကိုအမြဲတစေ ပြုပြင်ခြယ်လှယ်နေရမည့် ကစားစရာအရုပ်ဟုသဘောမထားဘဲ သူသည် အမျိုးသမီးသာလျှင်ဖြစ်သည်ကိုမမေ့အပ်ပေ။ ထို့ပြင်မကသေး၊ အိမ်ရှင်အနေ ဖြင့်သူမသည် စိတ်ကူးမျှသာမဟုတ်ဘဲ စစ်မှန်သောတာဝန်များကိုထမ်း ဆောင်၍ သူမကိုယ်တိုင်မှအပ အခြားစဉ်းစားလုပ်ကိုင်ရမည့်အရာရှိသေးသည် ကိုသတိရလျက် နားလည်မှုရှိသောဘဝ၊ စဉ်းစဉ်းစားစားလုပ်ကိုင်ဆောင်ရွက် သော ဘဝအသက်တာမျိုး၌ ကျင်လည်ရမည်။ ဘဝစစ်ဘဝမှန်ဆိုသည်မှာ အရိပ်အာဝါသများရှိသည်နှင့်အမျှ ဝမ်းနည်းပူပန်ခြင်းများရှိသည်။ လူတိုင်း သည် ဒုက္ခများကိုရင်ဆိုင်ကြရမည်။ လူတိုင်း၏ယုံကြည်ခြင်းကို မငြိမ်မသက် တုန်လှုပ်ချောက်ချားစေ၍ ရဲစွမ်းသတ္တိနှင့်မျှော်လင့်ချက်ကိုဖျက်ဆီးပစ်ရန် စာတန်သည် အမြဲတမ်းလုပ်ကိုင်ဆောင်ရွက်နေသည်။AH1Burm 134.1

    ပျော်ရွှင်သာယာမှုကင်းသော ဇနီးမောင်နှံအတွက်အကြံပေးချက် - သင်တို့၏လင်မယားဘဝသည် သဲကန္တာရနှင့်တူလှသည်။ သို့ရာတွင် ကျေးဇူးတင်တတ်သောမှတ်မိသတိရခြင်းဖြင့် ပြန်လည်ကြည့်ရှုနိုင်သည့် စိမ်းလန်းစိုပြည်သော ကောင်းကွက်အလွန်နည်းပါးသော ဘဝမျိုးဖြစ်ခဲ့ပြီ တကား။ ယင်းကဲ့သို့သောဘဝအသက်တာမျိုးမဖြစ်သင့်ခဲ့ပေ။ ထင်းမီးသွေး မှစသောလောင်စာမရှိဘဲ မီးသည်တောက်လောင်နေခြင်းမရှိသကဲ့သို့ ပြင်ပ ဆိုင်ရာအပြုအမူအလုပ်အကိုင်များအား ပြသမှုမရှိသောမေတ္တာမျိုးသည် ကြာရှည်ရပ်တည်ခြင်းမရှိနိုင်ပေ။ အသင်ဦးဖြူ ၊ အပြုအမူအားဖြင့် သင်ကြင်နာ မှုကိုပြသရန်လည်းကောင်း၊ ကြင်နာသောအပြောအဆိုနှင့် ဂရုတစိုက် ဆောင်ရွက်မှုအားဖြင့်လည်းကောင်း၊ သင့်မယားအပေါ်ထားရှိသော သင်၏ မေတ္တာကိုပြသရန် ဆောင်ကြဉ်းပေးနိုင်သောအခွင့်အရေးကို စောင့်မျှော်ရန် လည်းကောင်း သင့်အတွက်ဂုဏ်နိမ့်မည်ဟုယူဆခဲ့တကား။ သင်၏စိတ်ထား သည် ပြောင်းလဲလွယ်၍ ပတ်ဝန်းကျင်၏ထိခိုက်မှုကို ခံခဲ့ရပြီတကား။AH1Burm 134.2

    ၁၀ သင်၏လုပ်ငန်းဆောင်ရွက်ရာနေရာမှ အိမ်သို့ပြန်လာသောအချိန် တွင် သင်လုပ်ငန်းဆိုင်ရာစိုးရိမ်ပူပန်မှုများ၊ အခက်အခဲများနှင့်အနှောင့်အယှက် ဖြစ်မှုများကို ယင်းလုပ်ငန်းရှိရာဌာန၌ထားရှိခဲ့ပါ။ သင့်မိသားစုများထံသို့ ဝမ်းသာသောသဘောနှင့်မေတ္တာသဘောမျိုးဖြင့်လည်းကောင်း ပြန်လာပါ။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် သင့်မယားအတွက်ဆေးဝါးများဝယ်ယူရခြင်း (သို့မဟုတ်) ဆရာဝန်ခေါ်ယူရခြင်းတို့အတွက် ကုန်ကျစရိတ်ထက် ပိုမို ကောင်းမွန်ပေသည်။AH1Burm 135.1

    ကိုယ်ခန္ဓာအတွက်ကျန်းမာမှုကိုပေး၍ စိတ်ဝိညာဉ်အတွက် အင်အား ကိုပေးသည်။ သင်တို့၏အိမ်ထောင်ဘဝသည် စိတ်မကောင်းစရာဖြစ်သော အခြေအနေ၌ရပ်တည်နေသည်။ ယင်းကဲ့သို့သောအခြေအနေအတွက် သင်တို့ လင်မယားနှစ်ယောက်စလုံး၌တာဝန်ရှိသည်။ သင်တို့၏စိတ်မကောင်းစရာ ဖြစ်သောအခြေအနေအတွက် ဘုရားသခင်သည်နှစ်သက်တော်မမူပေ။ သင်တို့ နှစ်ဦးစလုံး၌ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုကင်းမဲ့သောကြောင့် ယင်းအခြေအနေ မျိုးပေါ်ပေါက်ခဲ့ရသည်။AH1Burm 135.2

    သင်တို့၏စိတ်အလိုသို့လိုက်အားကြီးသည်။ အသင်ဦးဖြူ၊ သင်၏ မေတ္တာကိုလက်တွေ့ ပြသရန်လည်းကောင်း၊ ကြင်နာစွာနှင့်ခင်မင်ယုယစွာ စကားပြောဆိုရန်လည်းကောင်း သင့်အတွက်ဂုဏ်နိမ့်သည်ဟု သင်ယူဆခဲ့ သည်။ ယင်းကဲ့သို့သိမ်မွေ့ကြင်နာစွာပြောဆိုဆက်ဆံမှုတို့၌ ပျော့ညံ့အားနည်း သောကြောင့် ယင်းကဲ့သို့ပြုလုပ်ရန်မလိုအပ်ဟု သင့်အနေဖြင့်ယူဆနေသည်။ သို့ရာတွင် ယင်းကဲ့သို့သောအခြေအနေတွင် ညည်းတွားသောစကားများ၊ သဘောကွဲလွဲစေသောအသုံးအနှုန်းများ၊ ရန်စကားနှင့်အပြစ်တင်သောစကား များတို့သည် အစားထိုးဝင်ရောက်လာကြသည်။AH1Burm 135.3

    သင်၌တင်းတိမ်ရောင့်ရဲမူဗလာနတ္ထိဖြစ်သည်။ သင်ရင်ဆိုင်နေရသော ဒုက္ခဆင်းရဲခြင်းများက အာရုံပြုနေသည်။ စိတ်ကူးအားဖြင့်ဝေးလံသော အနာဂတ်ကာလမှ မရှိဆင်းရဲသောဒုက္ခသည် သင့်အားစေ့စေ့ကြည့်ရှုနေသည်။ သင့်အနေဖြင့်ဒုက္ခကိုခံစားနေရသည်။ စိတ်အားငယ်နေသည်။ စိတ်ဒုက္ခကြီး ကိုရင်ဆိုင်နေရသည်။ သင့်ဦးနှောက်လောင်ကျွမ်းနေဟန်ရှိသည်။ သင့်စိတ် သည် အလွန်အားငယ်လျက်ရှိသည်။ သင့်အားသနားကြင်နာတော်မူသော ကောင်းကင်ဘုံရှင်ခမည်းတော်ဘုရားက သင့်အားချပေးထားတော်မူသော ကောင်းချီးမင်္ဂလာအပေါင်းတို့အတွက် သင်သည် ဘုရားသခင်ကိုမချစ်၊ ကျေးဇူးတင်သောသဘောလည်းမရှိပေ။ ဘဝအသက်တာ၌ရင်ဆိုင်ရသောဒုက္ခ တို့နှင့် အဆင်မပြေမှုများကိုသာ သင့်အနေဖြင့်မြင်တွေ့နေသည်။ မည်းမှောင် သောတိမ်တိုက်ကြီးကဲ့သို့ လောကီဆိုင်ရာကိစ္စဒုက္ခဆင်းရဲခြင်းတို့သည် သင့်အား လှောင်ပိတ်ထားသည်။ သင့်အခြေအနေကိုကြည့်၍ စာတန်သည် အားရ ဝမ်းသာဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ရွှင်လန်းခြင်းအစား စိတ်ညှိုးငယ်မှုကိုရင်ဆိုင်နေရသည်။AH1Burm 136.1

    နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ခြင်းနှင့်သည်းခံခြင်းအတွက် ကောင်းကျိုးခံစားရခြင်း - နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ခြင်းနှင့်သည်းခံ ခြင်းမရှိဘဲ မည်သည့်လောကီဆိုင်ရာအာဏာတန်ခိုးမျှ သင်နှင့်သင့်ခင်ပွန်း တို့အား ခရစ်ယာန်တို့၏စည်းလုံးညီညွတ်မှုအခြေအနေတွင် ချည်နှောင်ထား နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏စကားတော်မြတ်ကလိုလားတော်မူသည့်အတိုင်း သင်တို့သည် တစ်ဦးနှင့်တစ်ဦးစပ်ကြား အထစ်အငေါ့တစ်ခုမျှပင်မရှိစေရန် သင်တို့၏လင်မယားပေါင်းသင်းဆက်ဆံမှုသည် ရင်းနှီးကြင်နာမှုရှိစေရမည်၊ သန့်ရှင်းမြင့်မြတ်ရမည်။ ဝိညာဉ်ရေးဆိုင်ရာ အင်အားတန်ခိုးကိုရရှိလျက် နေရမည်။ ဘုရားသခင်အလိုရှိတော်မူသောအခြေအနေသို့ သင်သည်ရောက် ရှိလျှင် သင်တို့သည်မြေကြီးပေါ်တွင် ကောင်းကင်ကိုတွေ့ရှိ၍ သင်တို့ဘဝ အသက်တာတွင် ဘုရားသခင်ကိုတွေ့ ရှိမည်ဖြစ်သည်။AH1Burm 136.2

    ကျွန်ုပ်ချစ်သောညီအစ်ကိုတော်၊ ညီမတော်၊ ဤအချက်ကိုသတိရ ပါ။ ဘုရားသခင်သည် မေတ္တာတော်ဖြစ်သည်။ သင်တို့၏မင်္ဂလာဆောင် ချိန်၌ တစ်ဦးကိုတစ်ဦးကတိသစ္စာဆိုထားသည့်အတိုင်း ဘုရားသခင်၏ကျေးဇူး တော်အားဖြင့် တစ်ဦးကိုတစ်ဦးပျော်ရွှင်အောင်ထားရှိနိုင်ကြမည်ဖြစ်သည်။AH1Burm 137.1

    လူသားတို့သည်ခရစ်တော်အား သူတို့၏ကူညီမစသူအနေဖြင့်လက်ခံ ကြလျှင် သူတို့သည် သူတို့အတွက်ဘုရားသခင်ထားရှိတော်မူသော ရည်စူး ချက်အဆင့်အတန်းသို့ တက်လှမ်းနိုင်ကြမည်ဖြစ်သည်။ လူသားတို့၏ဉာဏ် ပညာက ပြုပြင်ပေးနိုင်စွမ်းမရှိသောအရာကို မြတ်နိုးခြင်းဖြင့် ယုံကြည်ကိုးစား ၍ ကိုယ်တော်အား မိမိတို့ကိုယ်ကိုဆက်ကပ်သောသူတို့အတွက် ကိုယ်တော်ရှင် ၏ ကျေးဇူးတော်က အပြီးဆောင်ရွက်ပေးတော်မူလိမ့်မည်။ ကောင်းကင် မှအစပြုခဲ့သော စည်းလုံးညီညွတ်ခြင်းတွင် စိတ်နှလုံးများကို ဘုရားသခင် ၏တန်ခိုးတော်က ချည်နှောင်ထားနိုင်စွမ်းရှိတော်မူသည်။ မေတ္တာဟူသည် ပျော့ပျောင်းမြှောက်ပင့်စကားများ အပြန်အလှန်ပြောဆိုခြင်းမျှသာမဟုတ်ပေ။ မြေကြီးဆိုင်ရာရက်ကန်းစင်များက ရက်လုပ်ပေးနိုင်စွမ်းမရှိသောအထည်အလိပ် မျိုးကို အလွန်သေးငယ်သော်လည်း ခိုင်ခံ့သောချည်၊ သိုးမွေးတို့ဖြင့် ကောင်းကင်ဆိုင်ရာရက်ကန်းစင်များက ရက်လုပ်ပေးသည်။ ရက်လုပ်သော အထည်အလိပ်မဟုတ်ဘဲ ဆွေးမြေ့စုတ်ပြတ်ခြင်းကင်း၍ စမ်းသပ်ခြင်းအမျိုးမျိုး ကိုခံနိုင်စွမ်းရှိသော အထည်မျိုးဖြစ်သည်။ စိတ်နှလုံးတစ်ခုနှင့်တစ်ခုကိုခိုင်မြဲ သော ရွှေဖြင့်ပြီးသောမေတ္တာနှောင်ကြိုးတို့ဖြင့် ချည်နှောင်ထားလိမ့်မည်။AH1Burm 137.2