Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅—ခွန်အားကြီးသောသက်သေခံခြင်း

    အကောင်းဆုံးသောသာသနာပြုများသည် ခရစ်ယာန်အိမ်ထောင် များမှထွက်ပေါ်လာသည် - ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ သောအိမ်ထောင်၊ ဘုရားကိုချစ်သောအိမ်ထောင်၊ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သောအိမ်ထောင်၊ သစ္စာရှိခြင်းသည် ဝမ်းတွင်းပါကဲ့သို့ဖြစ်သောအိမ်ထောင်၊ အိမ်ဂေဟာဆိုင်ရာ တာဝန်များကိုသာ သာမန်ကာလျှံကာဖြင့်လည်းကောင်း၊ အမှုမဲ့အမှတ်မဲ့ဖြင့် လည်းကောင်း လုပ်ကိုင်မှုကိုခွင့်မပြုသောအိမ်ထောင်၊ နေ့စဉ်ဆောင်ရွက်ရမည့် တာဝန်များကို သစ္စာရှိစွာထမ်းဆောင်ရန်အတွက် ဘုရားသခင်နှင့်ဆိတ်ငြိမ်စွာ မိတ်သဟာယဖွဲ့ခြင်းသည် လိုအပ်သည်ဟုသဘောထားသော ခရစ်ယာန် အိမ်ထောင်မျိုးတွင် ပင်လယ်ရပ်ခြားတိုင်းတစ်ပါး၌ ဘုရားသခင်အတွက် အမှုထမ်းဆောင်မည့်သာသနာပြုများသည် အကောင်းဆုံးပြင်ဆင်မှုကိုရရှိ ကြသည်။AH1Burm 29.1

    အကယ်၍ အိမ်ထောင်ဆိုင်ရာတာဝန်များကို မှန်ကန်သောသဘော ထားဖြင့်ဆောင်ရွက်လျှင် ခရစ်တော်အတွက် အတည်မြဲဆုံးနှင့်အစုံလင်ဆုံး နည်းမျိုးဖြင့် အမှုတော်ကိုထမ်းဆောင်စေမည့် အတွေ့ အကြုံမျိုးကိုပေးလိမ့် မည်ဟူသော အသိစိတ်ဓာတ်ဖြင့် ယင်းတာဝန်များကိုထမ်းဆောင်သင့်ပေ သည်။ ထိုနေ့စဉ်တာဝန်များကို သစ္စာရှိစွာထမ်းဆောင်ခြင်း၊ ဝမ်းမြောက် ဝမ်းသာစွာလက်ဝါးကပ်တိုင်ကိုမြှောက်ထားခြင်း သဘာဝခံစားချက်များနှင့် မည်မျှပင်ဆန့်ကျင်သော်လည်း မည်သည့်အလုပ်အကိုင်ကိုမျှ လျစ်လျူမရှုဘဲ ဆောင်ရွက်လျှင် မည်သည့်သာသနာပြုဆိုင်ရာလုပ်ငန်းမျိုးကိုမဆို မထမ်းဆောင် ဘဲနေမည့် ခရစ်ယာန်ရှိပါဦးမည်လား။AH1Burm 29.2

    ခရစ်တော်အတွက် ကျွန်ုပ်တို့၏ဆောင်ရွက်ရမည့်အမှုတော်သည် အိမ်ထောင်မှအစပြုရမည်။ ယင်းနေရာထက်ပိုမိုအရေးပါအရာရောက်သော သာသနာပြုရန်နယ်မြေကား မရှိတော့ပြီ။AH1Burm 30.1

    အများသောသူတို ့သည် သာသနာပြုရမည့် နယ်မြေဖြစ်သော အိမ်ထောင်ကို ရှက်ဖွယ်ဖြစ်လောက်အောင် လျစ်လျူရှုထားကြသည်။ ဤ ဆိုးရွားသောအခြေအနေကို အမှန်ဖြစ်အောင်ပြုလုပ်နိုင်ရန် ဘုရားသခင်၏ အင်အားတော်နှင့်ကုသနည်းများကိုတင်ပြရန် အချိန်တန်ပေပြီ။AH1Burm 30.2

    လူငယ်လူရွယ်တို့စွမ်းဆောင်ရန် အကြီးမားဆုံးတာဝန်သည် သူတို့ အိမ်ဂေဟာများမှာပင်ရှိ၍ မိခင်ဖခင်တို့နှင့်ညီအစ်ကိုမောင်နှမများတို့၏လိုအပ် ချက်များကို မေတ္တာစိတ်နှင့်စစ်မှန်သောစိတ်ဝင်စားမှုတို့ဖြင့် ဆောင်ရွက်ပေး ရကြမည်။ သူတို့၏အိမ်ဂေဟာများတွင် လူငယ်လူရွယ်တို့သည် သူတစ်ပါး တို့အားကြည့်ရှုရာတွင် ကိုယ်ကျိုးငဲ့ခြင်းမရှိကြောင်းကို လက်တွေ့ပြသနိုင် ကြသည်။ အစ်မတစ်ယောက်သည် သူ့မောင်များအပေါ်၌ ဘယ်မျှလောက် ကြီးမားသော သြဇာသက်ရောက်မှုရှိနိုင်ပါသနည်း။ အကယ်၍ သူမ၏ အပြုအမူတို့သည်မှန်ကန်လျှင် သူမမောင်များတို့၏စာရိတ္တများကိုပြုပြင်ပေး နိုင်မည်ဖြစ်သည်။ သူမသည် သူမ၏ဆုတောင်းပတ္ထနာများ၊ သူမ၏နူးညံ့ သိမ်မွေ့ခြင်းနှင့် သူမ၏ချစ်ခြင်းမေတ္တာတို့က အိမ်ထောင်၏သာယာပျော်ရွှင် မှုအတွက် များစွာအထောက်အကူဖြစ်လိမ့်မည်။AH1Burm 30.3

    အိမ်ထောင်တွင် ခရစ်တော်ကိုလက်ခံပြီးသောသူတို့သည် ကျေးဇူး တော်ကသူတို့အား မည်ကဲ့သို့ပြုပြင်ပေးတော်မူသည်ကိုပြကြရမည်။ “ထိုသူ ကိုလက်ခံသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။” ခရစ်တော်ကိုယုံကြည် သော၊ သူ့အပေါ်သိတတ်သောအာဏာပိုင်တစ်ဦးသည် သြဇာလွှမ်းမိုးထား၍ ယင်းအခြေအနေက သက်ဆိုင်ရာပုဂ္ဂိုလ်၏ သြဇာသက်ရောက်မှုကို အိမ်ထောင် တစ်ခုလုံးအား တွေ့ထိခံစားမှုရရှိစေလေသည်။ ယင်းအခြေအနေသည် အိမ်သူအိမ်သားအားလုံးတို့၏စာရိတ္တကြံ့ခိုင်ပြည့်စုံမှုအတွက် အလားအလာ ကောင်းသည်။AH1Burm 30.4

    ဘုရားတရားမယုံကြည်သောသူတို့မငြင်းဆိုနိုင်သောအကြောင်းပြချက် — စနစ်တကျဖြစ်၍ စည်းကမ်းသေဝပ်သော ခရစ်ယာန်အိမ်ထောင်သည် ခရစ်ယာန်အယူဝါဒစစ်မှန်သည်ဟူသော အဆိုပြုချက်အတွက် ခိုင်လုံသော အကြောင်းပြချက်ဖြစ်ရာ၊ ယင်းအကြောင်းပြချက်ကို မည်သည့်ဘုရားတရား မယုံကြည်သောသူမျှ မငြင်းဆိုနိုင်ပေ။ သားသမီးများအပေါ်ထိခိုက်မှုရှိသော သြဇာသက်ရောက်မှုသည် အိမ်ထောင်တွင်အလုပ်လုပ်လျက်ရှိကြောင်းကို လည်းကောင်း၊ အာဗြဲ၏ဘုရားသခင်သည် ယင်းအိမ်ထောင်သူအိမ်ထောင် သားနှင့်အတူရှိတော်မူကြောင်း အားလုံးသောသူတို့ကတွေ့မြင်နိုင်ကြသည်။ ခရစ်ယာန်ဟုခေါ်သောသူတို့၏အိမ်ထောင်သားများသည် မှန်ကန်သောဘာသာ အယူဝါဒ၏ပုံသွင်းပြုပြင်မှုကိုရရှိလျှင် သူတို့သည် အမြဲတမ်းကြံ့ခိုင်ပြည့်စုံ သော သြဇာသက်ရောက်မှုမျိုးကို ဖြန့်ချိကြလိမ့်မည်။ အဘယ်အမှတ်အား ဖြင့် သူတို့သည် “လောက၏အလင်း” ဖြစ်ကြလိမ့်မည်။AH1Burm 31.1

    သားသမီးများကကျမ်းစာဆိုင်ရာကျင့်ဝတ်များကို သူတစ်ပါးတို့ အားလက်ဆင့်ကမ်းရမည်။ - ကောင်းမွန်စွာပညာသင်ကြားတတ်မြောက်ကြ သောသားသမီးတို့သည် မိခင်ဖခင်တို့အားကူညီခြင်းအားဖြင့် အသုံးကျသော သူများဖြစ်လိုလျှင် မှန်ကန်သောအယူအဆများနှင့် ကျမ်းစာဆိုင်ရာကျင့်ဝတ် များကို သူတို့အပေါင်းအသင်းရောင်းရင်းဖက်တို့အား လက်ဆင့်ကမ်းရမည်။ ကျွန်ုပ်တို့၏အိမ်ထောင်များသည် ရှိသင့်ရှိထိုက်သောအခြေအနေ တွင်ရပ်တည်နေကြလျှင်၊ ကျွန်ုပ်တို့၏သားသမီးများအား ပျင်းရိခြင်း၌ ကြီးပြင်းလာခြင်းကိုလည်းကောင်း၊ သူတို့ဘေးပတ်လည်၌နေထိုင်လျက်ရှိကြ သော ဆင်းရဲနွမ်းပါးသောသူတို့အတွက် ဘုရားသခင်၏တောင်းဆိုချက်များ ကို ဂရုမစိုက်ဘဲနေခြင်းတို့ကိုလည်းကောင်း ခွင့်ပြုကြလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့ကိုယ်တော်ရှင်၏အမွေခံများအနေဖြင့် ကျွန်ုပ်တို့၏အိမ်ထောင်များ သည် ရှိသည့်နေရာတွင် ဘုရားသခင်အတွက် အမှုတော်ထမ်းဆောင်ရန် အရည်အချင်းနှင့်ပြည့်စုံသောသူများ ဖြစ်လာကြလိမ့်မည်။ အသိပညာရှိသမျှ စတင်ရရှိရာဌာနသို့ပို့ဆောင်ပေး၍ အသိပညာမရှိသောသူတို့အတွက် ယင်း၏ ကိုယ်ကိုဖော်ပြမည့်အလင်းရောင်သည် ယင်းအိမ်ထောင်များမှ ထွန်းလင်း လိမ့်မည်။ ဘုရားသခင်အတွက်နှင့် ကိုယ်တော်ရှင်၏သမ္မာတရားအတွက် တန်ခိုးအာနိသင်မဖြစ်စေမည့် သြဇာသက်ရောက်မှုမျိုးတို့ကို ဖြန့်ဖြူးပေး လိမ့်မည်။AH1Burm 31.2

    အခြားနည်းအားဖြင့်ချဉ်းကပ်၍ မရသောမိဘတို့အား မကြာခဏ သားသမီးများမှတစ်ဆင့် ရောက်ရှိနိုင်သည်။AH1Burm 32.1

    ပျော်ရွှင်သာယာအိမ်ထောင်များသည် အိမ်နီးပါးချင်းများအတွက် အလင်းရောင်ဖြစ်လိမ့်မည် - နေရောင်ခြည်ကဲ့သို့ထွန်းပြောင်သော မိဘများနှင့်ခရစ်ယာန်များတို့ကို များစွာလိုအပ်လျက်ရှိပေသည်။ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာကိစ္စများဖြင့် ထွေးလုံးရစ်ပတ်လျက်ရှိကြသည်။ ကျွန်ုပ်တို့ သားသမီးများအားလည်းကောင်း၊ စိတ်ဒုက္ခရောက်လျက်ရှိသောသူတို့နှင့် နှိပ်စက်ကလူအပြုခံနေရသောသူတို့အားလည်းကောင်း သနားညှာတာမှုပြခြင်း၊ စိတ်အားတက်ဖွယ်စကားများပြောခြင်းနှင့် “ရွှင်ပျပြုံးရယ်သောမျက်နှာဖြင့် နှုတ်ခွန်းဆက်ခြင်းများပြုလုပ်ရန် ကျွန်ုပ်တို့အနေဖြင့် မကြာခဏပျက်ကွက် ကြသည်။AH1Burm 32.2

    မိဘတို့၊ သင်တို့သည် အလင်းဆောင်သောသူများအနေဖြင့်လည်း ကောင်း၊ အလင်းရောင်ထွန်းလင်းပေးသောသူများအနေဖြင့်လည်းကောင်း ဆောင်ရွက်ရန်တာဝန်ရှိပေသည်။ အိမ်ထောင်တွင် မီးအိမ်သဖွယ်အလင်းရောင် ထွန်းလင်းခြင်းအားဖြင့် သင်တို့သားသမီးများကျော်ဖြတ်ရမည့်ခရီးကို အလင်း ရောင်ဖြင့်ပြည့်စေကြပါ။ ယင်းကဲ့သို့ပြုလုပ်လျှင် သင်တို့၏အလင်းရောင် သည် ပြင်ပ၌ရှိသောသူတို့၏သွားရာလမ်းခရီးကို ထွန်းလင်းစေပါလိမ့်မည်။AH1Burm 33.1

    ခရစ်ယာန်အိမ်ထောင်တိုင်းမှ သန့်ရှင်းသောအလင်းရောင်ထွန်းပြောင် နေသင့်ပေသည်။ ချစ်ခြင်းမေတ္တာကို လက်တွေ့ ပြသသင့်ပေသည်။ ယင်း မေတ္တာသည် အိမ်ထောင်ဆိုင်ရာဆက်ဆံမှုရှိသမျှတို့တွင် စီးဆင်းလှုပ်ရှားမှု ရှိ၍ ထောက်မြော်တတ်သောသနားကြင်နာမှု၊ တစ်ကိုယ်ကောင်းစိတ်ကင်း သော ရိုသေသမှုပြုခြင်းတွင် ယင်း၏ ဆောင်ရွက်ချက်ကိုတွေ့မြင်ရသည်။ ဤကျင့်ဝတ်များကိုကျင့်သုံးကြသော အိမ်ထောင်များရှိကြသည်။ ယင်း အိမ်ထောင်တို့တွင် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်၍ စစ်မှန်သောချစ်ခြင်း မေတ္တာစိုးမိုးနေသည်။ ယင်းအိမ်ထောင်များမှာ မွှေးကြိုင်သောနံ့သာပေါင်း ကဲ့သို့ နံနက်နှင့်ညချမ်းအချိန်တို့တွင် ဆုတောင်းပတ္ထနာတို့သည် ဘုရားသခင် အထံတော်သို့တက်ကြသည်။ ယင်းအသနားတော်မြတ်ခံချက်များပေါ်သို့ ကိုယ်တော်ရှင်ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့သည် နံနက်ခင်းဆီးနှင်း များကဲ့သို့ ကျဆင်းလာကြသည်။AH1Burm 33.2

    မိသားစုစည်းလုံးမှု၏အကျိုးကျေးဇူးများ - ခရစ်ယာန် တို့၏ပထမလုပ်ငန်းသည် မိသားစုတို့၏စည်းလုံးမှုကို အရယူရန်ဖြစ်သည်။ ထိုနောက် ယင်းစည်းလုံးမှုလုပ်ငန်းကို အနီးအဝေး၌နေထိုင်လျက်ရှိကြသော အိမ်နီးချင်းတို့ဆီသို့ တိုးချဲ့လုပ်ကိုင်ရန်ဖြစ်သည်။ အလင်းတရားကိုရရှိထား သောပုဂ္ဂိုလ်တို့သည် မိမိတို့၏အလင်းကို တောက်ပြောင်သောရောင်ခြည်များဖြင့် ထွန်းလင်းစေရမည်။ ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ဖြင့် မွှေးကြိုင်နေသော သူတို့၏အပြောအဆိုများသည် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း ၏အမွှေးအကြိုင်များဖြစ်ရမည်။AH1Burm 33.3

    အိမ်ထောင်မှုဆိုင်ရာဝေယျာဝစ္စအလုပ်အကိုင်များကို ဆောင်ရွက်ကြ ရာတွင် အိမ်ထောင်သူအိမ်ထောင်သားတို့သည် စည်းလုံးညီညွတ်မှုရှိလေ၊ အိမ်ပြင်ပသို့ဆင်းသက်သော မိဘတို့နှင့်သားသမီးတို့၏ သြဇာသက်ရောက်မှု သည် ပိုမိုနက်ရှိုင်း၍ ပိုမိုအထောက်အကူဖြစ်လေဖြစ်ပေမည်။AH1Burm 34.1

    ဉာဏ်ပညာကောင်းမှုထက် လူကောင်းသူကောင်းကိုပိုမိုလိုအပ် ခြင်း - အိမ်ထောင်များနှင့်အသင်းတော်များ၏စိတ်ချမ်းသာမှုသည် အိမ်ထောင်ဆိုင်ရာ သြဇာသက်ရောက်မှုများပေါ်တွင်တည်သည်။ ထာဝရ ကာလဆိုင်ရာကောင်းကျိုးများသည် ဤဘဝသက်တာဆိုင်ရာတာဝန်များကို ကောင်းမွန်စွာထမ်းဆောင်မှုပေါ်တွင်တည်သည်။ လောကကြီးသည် ဉာဏ်ပညာကောင်းမှုထက် မိမိတို့၏အိမ်ထောင်များတွင် မင်္ဂလာဖြစ်စေမည့် လူကောင်းသူကောင်းများကို ပိုမိုလိုအပ်နေသည်။AH1Burm 34.2

    အိမ်တံခါးများကိုပိတ်ထားစေမည့် အမှားအယွင်းများကိုရှောင် ပါ - အိမ်ထောင်များတွင် ဘာသာရေးကိုထင်ရှားစွာပြသလျှင် ယင်း အခြေအနေ၏သြဇာသက်ရောက်မှုကို အသင်းတော်နှင့်ပတ်ဝန်းကျင်တွင် တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် သူတို့ကိုယ်ကိုခရစ်ယာန်ဟုခေါ်ဆိုကြသော အချို့သောသူတို့သည် သူတို့၏အိမ်ထောင်ဆိုင်ရာပြဿနာများကို သူတို့၏ အိမ်နီးချင်းတို့အားပြောပြကြသည်။ သူတို့အိမ်နီးချင်းများက ကိုယ်ချင်းစာသနား လာရလောက်အောင် သူတို့၏မကျေနပ်မှုများကို ပြန်လည်ပြောပြကြသည်။ အထူးသဖြင့် ကျွန်ုပ်တို့၏မကျေနပ်မှုများပေါ်ပေါက်တည်ရှိနေရခြင်း၏ အကြောင်းရင်းမှာ ကျွန်ုပ်တို့၏ဘာသာရေးကင်းမဲ့သောအသက်တာနှင့် ချို့ယွင်း သောအကျင့်စာရိတ္တများကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဒုက္ခများကို သူတစ်ပါး တို့အားကြားပြောခြင်းသည် မှားယွင်းသောလမ်းစဉ်ဖြစ်သည်။ သူတို့၏ ကိုယ်ရေးကိုယ်တာမကျေနပ်မှုများကို သူတစ်ပါးတို့အား ဖောက်သယ်ချကြ သောသူတို့သည် ယင်းကဲ့သို့ပြုလုပ်သည်ထက် သူတို့၏လွဲချော်နေသော ဆန္ဒကို ဘုရားသခင်အားအပ်နှံရန်၊ ကျောက်မြတ်တော်ပေါ်၌လဲကျ၍ ကျိုးပဲ့ ကြေမွခြင်းခံရန်၊ ယေရှုသခင်က သူတို့အားအသရေရှိသောတန်ဆာအဖြစ် ပြုပြင်ပေးနိုင်ရန် သူတို့၏ဇာတိပကတိသဘောအသေဖြစ်စေရန် သူတို့အိမ် ဂေဟာ၌နေ၍ ဆုတောင်းခြင်းကပို၍ကောင်းမွန်ပေသည်။ ယဉ်ကျေးသိမ်မွေ့ စွာဆက်ဆံမှုကင်းမဲ့ခြင်း၊ စိတ်တိုကြမ်းတမ်း၍ မစဉ်းစားမဆင်ခြင်ဘဲပြောဆို သောစကားတို့သည် သင်တို့၏ဂုဏ်သိက္ခာကိုကျဆင်းစေ၍ နောင်တွင်ဘယ် အခါမျှမရနိုင်လောက်အောင် သူတစ်ပါး၏စိတ်နှလုံးတံခါးများတို့ကို ပိတ် ထားစေလိမ့်မည်။AH1Burm 34.3

    နေအိမ်ထဲမှခရစ်ယာန်ဘာသာသည် ပြင်ပလောကသို့ထွန်းလင်း လိမ့်မည် - ကောင်းကင်အိမ်ထောင်၏အထိမ်းအမှတ်အနေဖြင့်ရပ်တည်နေစေရန်၊ မိမိတို့၏အိမ်ထောင်များကိုပြုပြင်ရန်ကြိုးပမ်းခြင်းက ပိုမိုကြီးကျယ်ခမ်းနားသော အလုပ်အကိုင်ကို ထမ်းဆောင်နိုင်စေရန် ကျွန်ုပ်တို့အားပြင်ဆင်ပေးသည်။ တစ်ဦးနှင့်တစ်ဦးကြင်နာစွာဆက်ဆံရန်၊ ရရှိသောအသိပညာက စစ်မှန်သော ဘာသာရေး၏ကျင့်ဝတ်များကို သင်ကြားပို့ချပေးရန်၊ လိုအပ်နေသောသူတို့ အား ဘယ်ကဲ့သို့ချဉ်းကပ်နိုင်မည့်နည်းလမ်းကိုသိရှိရန် ကျွန်ုပ်တို့အား အထောက်အကူပြုလေသည်။ လူခပ်သိမ်းတို့ အထူးသဖြင့် ဘုရားသခင် အိမ်ထောင်မှ နုပျိုသေးသောအိမ်ထောင်သူအိမ်ထောင်သားတို့အား ကောင်းမွန် စွာစောင့်ထိန်းကြည့်ရှုထားနိုင်ရန် အသင်းတော်သည် ရနိုင်သမျှသောစာပေ သင်ကြားတတ်မြောက်ထားသော ဝိညာဉ်ရေးဆိုင်ရာအင်အားစုကို များစွာ လိုအပ်နေလေသည်။ အိမ်ထောင်၌လက်တွေ့ ကျင့်သုံးသောသမ္မာတရားသည် ပြင်ပလောက၌ ကိုယ်ကျိုးကိုမငဲ့ကွက်သောအလုပ်အကိုင်မျိုးတွင် ပေါ်လွင် ထင်ရှားလာသည်။ အိမ်ထောင်တွင် ခရစ်ယာန်ဘာသာကိုလက်တွေ့ ကျင့်သုံး သောသူတို့သည် နေရာတိုင်းတွင် ထွန်းတောက်သောအလင်းရောင်ဖြစ်လိမ့် မည်။AH1Burm 35.1