Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၂—နေအိမ်တည်ဆောက်ခြင်းနှင့်ပရိဘောဂအနေအထား

    လေကောင်းလေသန့်၊ နေရောင်ခြည်နှင့်ရေနုတ်မြောင်း - စည်းဝေးခန်းမဆောင်အတွက်ဖြစ်စေ၊ လူနေအိမ်အတွက်ဖြစ်စေ အဆောက် အအုံများကိုဆောက်လုပ်သောအခါ လေကောင်းလေသန့်နှင့်နေရောင်ခြည် များရရှိသော အဆောက်အအုံများဖြစ်အောင်ဆောက်လုပ်ပါ။ ဘုရားဝတ်ပြု ကျောင်းများနှင့်စာသင်ခန်းများကိုဆောက်လုပ်ထားရာတွင် ဤချို့ယွင်းချက် များကို တွေ့မြင်နေရသည်။ လေကောင်းလေသန့်ရရှိရေးကို လျစ်လျူရှုခြင်းက တရားဟော့ပြောချက်၏အကျိုးသက်ရောက်မှုကိုဖျက်ဆီး၍ စာသင်ဆရာ၏ လုပ်ငန်းကို ပင်ပင်ပန်းပန်းဖြစ်စေသည်သာမက အကျိုးမဲ့ဖြစ်စေသော အိပ်ငိုက်ခြင်းနှင့်ထုံထိုင်းခြင်းကို အားပေးလေသည်။AH1Burm 187.1

    တတ်နိုင်လျှင်နေထိုင်ရန် အဆောက်အအုံရှိသမျှကိုမြှင့်၍ ရေမဝပ်ဘဲ ကောင်းမွန်စွာစီးဆင်းသောနေရာမျိုး၌ ဆောက်လုပ်ထားသင့်ပေသည်။ ဤ ကဲ့သို့ဆောက်လုပ်ထားလျှင် အဆောက်အအုံပတ်ဝန်းကျင်သည် အမြဲတမ်း ခြောက်သွေ့ နေမည်။ ဤအချက်ကိုအများသောသူတို့သည် လျစ်လျူရှုကြ သည်။ မြေကလည်းနိမ့်၍ ရေစီးဆင်းရန်မြောင်းများကိုလည်း ကောင်းမွန် စွာထားရှိခြင်းမရှိသဖြင့် အဆောက်အအုံနေရာများသည် စိုစွတ်၍ ငှက်ဖျား ရောဂါများဖြစ်ပါက နှိပ်စက်မှုကြောင်း ယင်းဒေသမျိုး၌နေထိုင်ကြသောသူ တို့သည် ကြာရှည်စွာမကျန်းမမာဖြစ်ခြင်း၊ ပြင်းထန်သောအခြားရောဂါများ ခံစားရခြင်းနှင့် အသက်ပေါင်းများစွာဆုံးရှုံးမှုများကို ရင်ဆိုင်ကြရသည်။AH1Burm 187.2

    အိမ်ဂေဟာများကိုဆောက်လုပ်ရာတွင် လေကောင်းလေသန့်နှင့် နေရောင်ခြည်များများရရှိနိုင်စေရန် အထူးပင်အရေးကြီးလှပေသည်။ အိမ်ဂေဟာ ဖြင့် အခမ်းအနားတိုင်းတွင် နေရောင်ခြည်နှင့်လေများရရှိနိုင်စေရန် အထူး ဂရုပြုပါ။ အိပ်ခန်းများတွင် လေကောင်းလေသန့်များ နေ့ရောညပါတိုက်ခတ် နေစေရမည်။ လေကောင်းလေသန့်နှင့်နေရောင်ခြည်များများမရရှိသောအခန်း ဟူသရွေ့ကို အိပ်ခန်းအနေဖြင့် အသုံးမပြုအပ်ပေ။ အများသောတိုင်းပြည် များတွင် အိပ်ခန်းများ၌နွေးနွေးရှိစေရန်နှင့် အေးသောရာသီ၌ဖြစ်စေ၊ ခြောက် သွေ့ စေရန် အပူဓာတ်ရနေအောင်အစီစဉ်များကို ပြုလုပ်ကြသည်။AH1Burm 187.3

    အမြဲတမ်းအသုံးပြုနေသောအခန်းများကို ဂရုစိုက်ရသည်နည်းတူ ဧည့်ခန်းကိုလည်းဂရုစိုက်ရမည်။ အိပ်ခန်းများကဲ့သို့ ယင်းဧည့်ခန်းတွင် လေကောင်းလေသန့်နှင့် နေရောင်ခြည်များရရှိစေရမည့်အပြင် အမြဲတမ်း အသုံးမပြုသောအခန်းတစ်ခုခုတွင် စုပုံနေတတ်သော၊ စိုစွတ်ထိုင်းမှိုင်းခြင်းကို ခြောက်သွေ့ စေရန် အပူဓာတ်သွင်းထားသောအခန်းများထားရှိသင့်ပေသည်။ နေရောင်ခြည်လုံးဝမရရှိသောအခန်း၌ဖြစ်စေ၊ ကောင်းမွန်စွာခြောက်သွေ့ခြင်း မရှိသောအခန်း၌ဖြစ်စေ၊ လေမဝင်သောခုတင်၌အိပ်သောသူမည်သူမဆို ကျန်းမာခြင်းသာမက အသက်ကိုပင်အန္တရာယ်ပြုသောအခြေအနေကို ရင်ဆိုင် ရလိမ့်မည်။AH1Burm 188.1

    သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပြုစုရသောသူတို့သည် ယင်း သက်ကြီးရွယ်အိုကြီးရင့်သောသူတို့အနေဖြင့် နွေး၍သက်သောင့်သက်သာ ဖြစ်ရသောအခန်းများတွင် နေထိုင်ကြရန်လိုအပ်ကြောင်းကို သိရှိရကြမည်။ အသက်ကြီးရင့်လာသောအခါ ခံနိုင်ရည်သတ္တိလျော့နည်းသွား၍ ကျန်းမာမှ ကိုအားမပေးသောအခြေအနေများကို ရင်ဆိုင်နိုင်သောအင်အားချို့တဲ့နေလေ သည်။ ထိုကြောင့် သက်ရွယ်ကြီးရင့်သောသူတို့သည် နေရောင်ခြည်နှင့် လေကောင်းလေသန့်များတို့ကို များများရရှိရန်လိုအပ်သည်။AH1Burm 188.2

    မြေနိမ့်သောရပ်ကွက်များတွင်မနေထိုင်ပါနှင့် - ကျွန်ုပ်တို့၏ အိမ်ဂေဟာများတွင် ကျန်းမာခြင်းနှင့်စိတ္တသုခများအမြဲတမ်းရှိစေလိုလျှင် ယင်းတို့ကို ဆီးနှင်းနှင့်မြေနိမ့်တို့မှထွက်ပေါ်လာသော မကောင်းသောအနံ့ အသက်များမှကင်းဝေး၍ ကောင်းကင်မှချပေးထားတော်မူသော၊ အသက် ဆက်ပေးသော၊ ကိုယ်စားလှယ်တော်ဖြစ်သော လေကောင်းလေသန့်ကို လွတ်လွတ်လပ်လပ်ရရှိစေနိုင်သောနေရာများတို့တွင် ဆောက်လုပ်ထားရမည်။ ထူ၍လေးလံသောကန့်လန့်ကာများကိုမသုံးဘဲ ပြတင်းပေါက်များနှင့်နေကာ ယင်းများကိုဖွင့်ထားပါ။ မည်ကဲ့သို့ပင်လှပစွာပေါက်နေစေကာမူ စပျစ်နွယ် ပင်များကို တရုတ်ကပ်များ (သို့မဟုတ်) ဝါးယင်းများကို အရိပ်ထိုးဖုံးအုပ် ၍မနေပါစေနှင့်။ နေရောင်ခြည်အိမ်ထဲသို့မဝင်နိုင်လောက်အောင် ကာကွယ် ထားသောသစ်ပင်ကြီးငယ်များကို အိမ်အနီး၌မပေါက်ပါစေနှင့်။ နေရောင်ခြည် သည် ကန့်လန့်ကာများ၊ ကော်ဇောများတို့၏အရောင်ကို မှေးမှိန်သွားစေ၍ ဓာတ်ပုံဘောင်များကိုပျက်စေမည်ဖြစ်သော်လည်း ကလေးသူငယ်များတို့၏ ပါးပြင်များ၊ ကျန်းမာခြင်းအခြေအနေကောင်းကြောင်းကိုပြသော အရောင် အဝါဖြင့် ပြည့်ဖြိုးစေလိမ့်မည်။AH1Burm 188.3

    အိမ်ဂေဟာ၏ပတ်ဝန်းကျင် - အိမ်ဂေဟာမှအတော်အတန်ဝေး သောနေရာများတွင် ကျဲတိကျဲတောက်ပေါက်ရောက်နေသော သစ်ပင်ကြီး များနှင့် လှပစွာစီတန်း၍စိုက်ပျိုးထားသော ပန်းပင်ကဲ့သို့သောအပင်ငယ်များ တို့သည် အိမ်ထောင်သားများအပေါ်တွင် ပျော်ရွှင်ဖွယ်ဖြစ်သော ဩဇာ သက်ရောက်မှုကိုဖြစ်စေ၍၊ အကယ်၍ ယင်းအပင်ကြီးအပင်ငယ်များကို ကောင်းမွန်စွာကြည့်ရှုထိန်းသိမ်းပြုပြင်ပါလျှင် အိမ်သူအိမ်သားတို့အား အန္တရာယ်ဖြစ်စေမည်မဟုတ်ပေ။ သို့ရာတွင် အိမ်ကိုဖုံးကွယ်ထားလောက် အောင် အိမ်အနီးအပါး၌ကပ်၍ ပေါက်ရောက်နေသောသစ်ပင်ကြီးများ၊ သစ်ပင်ပုများနှင့်နွယ်ပင်များတို့သည် အိမ်ထောင်၏ကျန်းမာမှုကို ထိခိုက် စေသည်။ အဘယ်ကြောင့်ဆိုသော် လေကောင်းလေသန့်ဝင်ထွက်သွားလာမှု ကိုဟန့်တား၍ နေရောင်ခြည်ရရှိမှုကိုလည်း ကာကွယ်ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။ ထိုကြောင့် အိမ်ဂေဟာအတွင်းတွင် အထူးသဖြင့် မိုးရာသီဥတု များတွင် စိုစွတ်ထိုင်းမှိုင်းလျက်ရှိနေလေသည်။AH1Burm 189.1

    အိမ်ထောင်သားများအပေါ် သဘာဝဓမ္မလှပခြင်း၏အကျိုးသက် ရောက်မှု - ဘုရားသခင်သည် လှပခြင်းကိုနှစ်သက်တော်မူသည်။ “ကိုယ်တော်ရှင်သည် ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ကို လှပခြင်းဖြင့် တန်ဆာဆင်ထား၍ ကိုယ်တော်ရှင်ဖန်ဆင်းထားတော်မူသောအရာများတို့အား ကိုယ်တော်ရှင်သားသမီးတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြခြင်းကို ခမည်းတော်၏ဝမ်းမြောက်ခြင်းမျိုးဖြင့် စောင့်ကြည့်ရှုစားနေတော်မူသည်။ ကျွန်ုပ်တို့အိမ်ဂေဟာများ၏ပတ်ဝန်းကျင်တစ်ခုလုံးတွင် သဘာဝဓမ္မအရာဝတ္ထု များ၏လှပခြင်းများဖြင့် ဝန်းရံနေစေရန် ကိုယ်တော်ရှင်သည် အလိုရှိတော် မူသည်။AH1Burm 189.2

    ဆင်ခြေဖုံးရပ်ကွပ်များတွင် နေထိုင်သောသူတို့သည် မည်မျှပင် ဆင်းရဲနွမ်းပါးကြလင့်ကစား သူတို့၏အိမ်ဂေဟာအနီးတစ်ဝိုက်တွင် မြက်ခင်း များ၊ အရိပ်အာဝါသကောင်းသောအပင်အနည်းငယ်၊ ပန်းပွင့်သောအပင်ပု များ (သို့မဟုတ်) မွှေးကြိုင်သောပန်းပွင့်များရှိသောအပင်များကို စိုက်ပျိုး ထားရှိနိုင်ကြသည်။ ယင်းအရာဝတ္ထုများသည် လူ့လက်ဖြင့်ပြုလုပ်ထားသော ပဝတ္တိအဆောင်အယောင်များထက် အိမ်ထောင်၏သာယာပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ ယင်းသဘာဝဓမ္မအရာဝတ္ထုများသည် အိမ်ထောင် တွင်းသို့ နူးညွတ်ပျော့ပျောင်း၍ ယဉ်ကျေးသိမ်မွေ့ သောသြဇာသက်ရောက်မှု ကို သွတ်သွင်းလာခြင်းအားဖြင့် သဘာဝဓမ္မအပေါ် မက်မောခင်တွယ်သော စိတ်သဘောထားကိုခိုင်မာစေ၍ အိမ်ထောင်သားတို့အား တစ်ဦးနှင့်တစ်ဦး ကိုလည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း ပိုမိုရင်းနှီးမှုရှိစေရန် ပြုပြင် ပေးလိမ့်မည်။AH1Burm 190.1

    အိမ်ဂေဟာများ၌ထားရှိသောပရိဘောဂများကို ရိုးရိုးမျှသာဖြစ်စေ ပါ - ကျွန်ုပ်တို့၏သဘာဝကျသော ဘဝအသက်တာများသည် ကျွန်ုပ်တို့အား မြောက်မြားစွာသောကောင်းချီးမင်္ဂလာများနှင့်ပျော်ရွှင်မှုကို လက်လွတ်စေ၍ အသုံးဝင်ဆုံးဖြစ်သောဘဝအသက်တာမျိုး၌ ကျင်လည်မှုနှင့်လည်း ထိုက်တန် မှုမရှိစေရန်ပြုလုပ်သည်။ တန်ဖိုးကြီးမြင့်လှသော ပရိဘောဂများသည် ကြေးငွေ များကိုဖြုန်းတီးခြင်းသာမဟုတ်ဘဲ အဆပေါင်းထောင်သောင်းမကတန်သော အရာများကိုလည်း လက်လွတ်စေခြင်းဖြစ်သည်။ ယင်းတန်ဖိုးကြီးမြင့်သော ပရိဘောဂများသည် ကြည့်ရှုထိန်းသိမ်းရသောတာဝန်ကြီးနှင့် သောကရောက် မှုတို့ကို တိုးတက်များပြားလာစေသည်။AH1Burm 190.2

    သင်တို့၏အိမ်ဂေဟာများတွင် အကိုင်အတွယ်ခံရ၍ သန့်ရှင်းစင်ကြယ် မှုရှိအောင် အထားရလွယ်ကူပြီးလျှင် စရိတ်စကကျဉ်းကျဉ်းဖြင့်အစားထိုးနိုင် သော ရိုးရိုးမျှဖြစ်သောပရိဘောဂကိုထားရှိပါ။ မေတ္တာနှင့်ရောင့်ရဲတင်းတိမ် မှုရှိလျှင် မိမိ၌ရှိသောအာရုံကိုအသုံးပြုခြင်းအားဖြင့် သာမန်အိမ်ဂေဟာ တစ်ခုခုကိုဆွဲဆောင်မှုရှိအောင် ပြုလုပ်နိုင်သည်။AH1Burm 191.1

    အနှစ်သာရကင်းမဲ့သောဟိတ်ဟန်ပြုမှုတွင် ပျော်ရွှင်မှုကိုမတွေ့ရှိရ ပေ။ အစီအစဉ်ကျနစွာကို ရိုးရိုးအားဖြင့်ထားရှိလေလေ၊ ယင်းအိမ်ဂေဟာ၌ ပျော်ရွှင်သာယာမှုရှိလေလေဖြစ်ပေလိမ့်မည်။AH1Burm 191.2

    ဂုဏ်ပြိုင်တတ်သောစိတ်သဘောကိုရှောင်ကြဉ်ပါ - ဓလေ့ထုံးစံ ၏တောင်းဆိုမှုကိုလိုက်လျောရာတွင် မလိုအပ်သောလုပ်ငန်းများတို့၏ဝန်ထုပ် ကြီးကို ထမ်းဆောင်နေရသောကြောင့် အများသောသူတို့အတွက် ဘဝ အသက်တာသည် စိတ်အားငယ်စရာနှင့်ပင်ပန်းနွမ်းနယ်မှုတို့ဖြင့် ပြည့်ဝလာ လေသည်။ ဝါကြွားခြင်းနှင့်ဖက်ရှင်လိုက်မှုတို့မှ ပေါက်ဖွားလာသောလိုအပ် မှုများကို ဝယ်ယူသုံးစွဲနေရသောကြောင့် သူတို့၏စိတ်များသည် အမြဲတမ်း ပူပန်သောက၏ဖိစီးနှိပ်စက်ခြင်းကို ခံနေရလေသည်။AH1Burm 191.3

    ရက်ရောစွာသုံးဖြုန်းနေသောစရိတ်စကများ၊ စိတ်သောကဖြစ်ရမှု များနှင့် တပင်တပန်းဆောင်ရွက်မှုများကို ဧကန်မုချအန္တရာယ်ပြုစေကာမူ၊ မလိုအပ်သောအရာအတွက်ဖြစ်စေမည့်အစား၊ ပိုမိုအကျိုးပြုသောလုပ်ငန်း အတွက်အသုံးပြုလျှင် ဘုရားသခင်၏အမှုတော်ကို တိုးချဲ့ပြန့်ပွားစေရာတွင် များစွာသောကောင်းကျိုးများ ဖြစ်ထွန်းလိမ့်မည်ဖြစ်သည်။ လူတို့သည် ဘဝ အသက်တာ၏စည်းစိမ်ဟုခေါ်ဆိုအပ်သောအရာကို မက်မောကြရာတွင် သူတို့ ၏ကျန်းမာခြင်းခွန်အားနှင့် ကြေးငွေတို့ကိုအနာခံလျက် ယင်းစည်းစိမ်ကို ရရှိရန်ကြိုးပမ်းကြသည်။ ဝတ်စားဆင်ယင်မှုမှာဖြစ်စေ၊ အိမ်ထောင်ရေး ဆိုင်ရာကုန်ကျစရိတ်များအသုံးပြုရာ၌ဖြစ်စေ လူတို့သည် သူ့ထက်သာအောင် လူတန်းစားအလျောက် တစ်ဦးနှင့်တစ်ဦးဂုဏ်ပြိုင်နေကြသည်ကို ပြသနေသည် မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ နားဝင်ချိုလှသော “အိမ်ထောင်” ဆိုသောဝေါဟာရကို “အကာအရံလေးခုရှိ၍ လှပသောအိမ်ထောင်ပရိဘောဂ၊ အဆောင်အယောင်ပစ္စည်းဥစ္စာများနှင့်ပြည့်လျှံနေသောအဆောက်အအုံ” ဟူသော အဓိပ္ပါယ်မျိုးကိုပေါ်လွင်နေစေ၍ ယင်းအဆောက်အအုံထဲ၌ နေထိုင်လျက် ရှိကြသော အိမ်ထောင်သားတို့မှာမူ ဘဝအသက်တာ၏ကဏ္ဍာအမျိုးမျိုး ထုံးတမ်းစဉ်လာအရ လိုအပ်နေသောအရာများကိုထားရှိနိုင်မှုအတွက် အမြဲ တစေ သမဝါယမစိုက်ထုတ်လုပ်ကိုင်နေကြရသည်။AH1Burm 191.4

    လူသူအများတို့အားအထင်အမြင်ကြီးစေရန် ကြိုးစားအားထုတ်ပြုလုပ် နေကြရသောကြောင့် အများသောသူတို့သည် အိမ်ထောင်မှုဘဝအသက်တာ တွင် ပျော်ရွှင်မှုမရှိကြပေ။ လူတကာအားအထင်ကြီးစေရန်နှင့် သူတို့၏ အပေါင်းအသင်းရောင်းရင်းများ (သို့မဟုတ်) သူတို့ကိုယ်တိုင်ကိုဖြစ်စေ၊ သူတို့၏စီးပွားရေးကိုဖြစ်စေ၊ အမှန်အားဖြင့်လုံးဝဂရုမစိုက်ကြသော သူတို့၏ ချီးကျူးပြောဆိုမှုကိုခံရစေရန် မြောက်မြားစွာသောကြေးငွေများနှင့်လုပ်အားကို အတိုင်းအတာမရှိအသုံးပြုကြသည်။ ဈေးနှုန်းကြီးမြင့်သောပရိဘောဂများကို ထပ်လောင်းဝယ်ယူရသည့်တိုင်အောင် အလွန်အရေးကြီးသည်ဟု ယူဆထား သောအိမ်ထောင်ဆိုင်ရာ အခင်းအကျင်းများအတွက် အသုံးအဆောင်များကို တစ်ခုပြီးတစ်ခုဝယ်ယူသောကြောင့် မျက်စိထဲတွင်အမြင်လှ၍ ဝါကြွားလိုသော စိတ်နှင့် ကြီးမြင့်ထင်ပေါ်လိုသောစိတ်များ၏လိုအင်ဆန္ဒများသည် ပြည့်စုံ သော်လည်း အိမ်ထောင်၏နှစ်သိမ့်မှုအနည်းငယ်မျှပင် တိုးတက်များပြား လာမှုမရှိပေ။ ဤအရာများသည် ခွန်အားနှင့်သည်းခံသောစိတ်တို့ကို များစွာ ထိခိုက်၍ ဘုရားသခင်၏အမှုတော်အတွက် အသုံးပြုသင့်သောတန်ဖိုးရှိလှ သည့်အချိန်ကိုလည်း အလဟဿဖြစ်စေသည်။AH1Burm 192.1

    အမှန်တကယ်အားဖြင့် အရေးပါအရာရောက်သောကိစ္စများကို ဦးစားပေး၍ ဖိုးထိုက်တန်ဖိုးမှန်ဖြစ်သော ဘုရားသခင်၏ကျေးဇူးတော် ကိုကား ဒုတိယနေရာတွင်ထားရှိကြသည်။ အများသောသူတို့သည် ပျော်ရွှင် မှုအတွက် ပစ္စည်းဥစ္စာများကိုရှာဖွေစုဆောင်းနေချိန်မှာပင် ဝမ်းမြောက်ရွှင်လန်း နိုင်သောအခြေအနေ၌ ရပ်တည်ခြင်းမရှိကြပေ။ သူတို့မျှော်လင့်ခဲ့သော စိတ်ကျေနပ်မှုကို သူတို့ကိုယ်ပိုင်ပစ္စည်းဥစ္စာများမှရရှိသည်ကို တွေ့မြင်ကြ သည်။ ယင်းကဲ့သို့အဆုံးမရှိသောလုပ်ကိုင်ဆောင်ရွက်မှု၊ ဧည့်သည်စောင်သည် များနှင့်အာဂန္တုတို့၏ချီးကျူးပြောဆိုခြင်းခံရမှုအတွက် အိမ်ဂေဟာကိုအလှ ပြုပြင်ရန် စိတ်သက်သာမှုကင်းသောစိုးရိမ်ပူပန်မှုတို့သည် ဖြုန်းတီးခဲ့သော အချိန်နှင့်ကြေးငွေများအတွက် ဖြုန်းတီးကျိုးနပ်ခြင်းဘယ်အခါမျှမရှိခဲ့ပေ။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် အလွန်အခံရခက်သောကျေးကျွန်ဘဝဆိုင်ရာ ထမ်းပိုးကြီးကို ပခုံးပေါ်၌တင်ထားခြင်းသာလျှင်ဖြစ်သည်။AH1Burm 192.2

    မတူညီသောလည်ပတ်မှုနှစ်မျိုးကိုနှိုင်းယှဉ်ပြထားခြင်း - အချို့ သောအိမ်ထောင်များတွင် အိမ်တွင်းအခင်းအကျင်းလိုသည်ထက် ပိုအောင် ပြုလုပ်ထားကြသည်။ သန့်ရှင်းစင်ကြယ်စွာနှင့် အစီအစဉ်ကျနအောင်ထား ရှိခြင်းသည် နှစ်သိမ့်မှုအတွက်လိုအပ်ပေသည်။ သို့ရာတွင် ယင်းကဲ့သို့သော လုပ်ငန်းများသည် ဘဝအသက်တာကိုအမြဲတမ်းညည်းညူဖွယ်ဖြစ်စေ၍ အိမ်သူအိမ်သားတို့အားလည်း စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေသည့် အစွန်း သို့တွန်းပို့နေသည်အထိမဆောင်ရွက်ရ။AH1Burm 193.1

    ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ပြုချီးကျူးပြောဆိုကြသော အချို့သော အိမ်ဂေဟာများတွင် အစီအစဉ်ကောင်းမွန်စွာထားရှိခြင်းမရှိမှုကြောင့် သဘောကျ စရာမဖြစ်သကဲ့သို့ အိမ်ထောင်ပရိဘောဂများကို စီစဉ်ထားရှိရာတွင် လိုအပ် သည်ထက်ပို၍ စနစ်တကျဖြစ်လွန်းအားကြီးသောကြောင့် မနှစ်မြို့စရာဖြစ် နေတတ်သည်။ တစ်အိမ်သားလုံးက ယင်းပရိဘောဂများအထားအသိုနှင့် ဂရုတစိုက်ရှိရမှုများကြောင့် စစ်မှန်သောအိမ်ဂေဟာ၌တွေ့ရှိရန် မျှော်လင့် တကြီးဖြစ်ခဲ့သော သက်သောင့်သက်သာစွာအနားယူမှုကိုတွေ့ရှိရန် ခဲယဉ်း လေတော့သည်။AH1Burm 193.2

    ခင်မင်သောအပေါင်းအသင်းရောင်းရင်းတို့အိမ်ဂေဟာများသို့ ခဏ တစ်ဖြုတ်အလည်အပတ်သွားရောက်ရာတွင် ယင်းအိမ်တွင်တစ်ချိန်လုံးတံမြက် စည်းလှဲခြင်းနှင့် ဖုန်များသုတ်ခါလျက်ရှိသည်ကို တွေ့မြင်နေရသည်ကိုလည်း ကောင်း၊ အာလာပသလ္လာပပြောဆိုခြင်းအားဖြင့် မျှော်လင့်ထားသောပျော်ပျော် ရွှင်ရွှင်ဖြစ်ရမည့်အချိန်ကို အိမ်ရှင်ဖြစ်သူက အိမ်ကိုသန့်ရှင်းရေးလုပ်ခြင်းနှင့် ဖုံးကွယ်နေသည့်ဖုန်မှုန့်တို့နှင့်ပင့်ကူအိမ်များ ထောင့်ကြိုထောင့်ကြားလိုက်လံ ရှာဖွေနေခြင်းအားဖြင့် အသုံးပြုနေလျှင်လည်းကောင်း၊ အလည်အပတ်လာ သောဧည့်သည်ဖြစ်သူအတွက် ခိုးလိုးခုလုဖြစ်ရဖွယ်ရှိလေသည်။ အိမ်ထောင် ဦးစီးအနေဖြင့် အိမ်ဂေဟာ၌ရှိနေချိန်ကိုလေးစားသောအားဖြင့် ယင်းသန့်ရှင်း ရေးလုပ်ငန်းကိုလုပ်ကိုင်လင့်ကစား ဧည့်သည်လာရောက်ခြင်းထက် အိမ်ရှင် ၏သန့်ရှင်းရေးလုပ်ငန်းများက အရေးပါအရာရောက်ပါတကားဟူသော စိတ်ထားမျိုးကို ကာယကံရှင်ဧည့်သည်၏စိတ်ထဲတွင် မှတ်ထားမည်ဖြစ်သည်။AH1Burm 194.1

    ယင်းကဲ့သို့ခပ်သိမ်းသောလောကဝတ်တို့ထက် အိမ်ဂေဟာ၏သန့်ရှင်း ရေးနှင့်အစီအစဉ်ရှိရေးတို့ကို ဦးစားပေးဆောင်ရွက်တတ်သော အိမ်ဂေဟာ များနှင့်မတူ တစ်မူထူးခြားသောအိမ်ဂေဟာတစ်ခုကို ၁၈၇၆ ခုနှစ်၊ နွေရာသီ တွင် ကျွန်ုပ်တို့အလည်အပတ်သွားရောက်ခဲ့ရပါသည်။ ကျွန်ုပ်တို့အလည် အပတ်ရောက်ရှိနေသော တိုတောင်းလှသောအချိန်ပိုင်းအတွင်း အိမ်ရှင်ဖြစ်သူ သည် အသုံးမကျမရေရာသောအလုပ်အကိုင်ကိုလည်းကောင်း၊ တခြားအချိန် ၌လုပ်ကိုင်နိုင်သော အလုပ်အကိုင်တစ်ခုခုကိုလည်းကောင်း လုပ်ကိုင်နေခြင်း မရှိဘဲ စိတ်နှင့်ကိုယ်ပါအနားယူသည့်အနေဖြင့် ပျော်ရွှင်စွာဖြင့်လည်းကောင်း၊ အကျိုးရှိစွာဖြင့်လည်းကောင်း ဧည့်ခံကြိုဆို၍ အပြန်အလှန်အပေးအယူသဘော ဖြင့် စကားဝိုင်းဖွဲ့ပြောဆိုကြသည်။ ယင်းအိမ်ထောင်သည် ပရိဘောဂများ ဖြင့် အလွန်အမင်းခြယ်လှယ်မွမ်းမံထားခြင်းမရှိသော်လည်း စိတ်နှလုံးနှစ်သိမ့် ချမ်းသာမှုရှိသော စံပြအိမ်ထောင်ဖြစ်သည်။ အိမ်အခန်းအားလုံးတို့သည်လည်း အလင်းရောင်နှင့်လေကောင်းလေသန့်တို့ကို ကောင်းမွန်စွာရရှိသည်။ ယင်း ကဲ့သို့သောအခြေအနေသည် တန်ဖိုးအရှိဆုံးအခင်းအကျင်းထက် တန်ဖိုး အစစ်အမှန်ရှိသည်။ ဧည့်ခန်းများကို မျက်စိထဲတွင်ရှုပ်ယှက်ခတ်ဖြစ်နေအောင် ပရိဘောဂများခင်းကျင်းထားခြင်းမရှိသော်လည်း ရှိနှင့်ပြီးသောပရိဘောဂများ သည် တွေ့မြင်ရသောသူတို့အား စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သော ပရိဘောဂများဖြစ်ရလေသည်။AH1Burm 194.2

    ကုလားထိုင်များသည် အများအားဖြင့်ပုံစံမတူသောကုလားထိုင်၊ ပက်လက်ကုလားထိုင်များဖြစ်သော်လည်း အိမ်ထောင်သားအသီးသီးတို့အတွက် နှစ်သိမ့်အားရမှုဖြစ်စေသော ပရိဘောဂများဖြစ်သည်။ ယင်းတို့အထဲတွင် နိမ့်၍ကူရှင်ခေါ်ထိုင်ခုံတပ်ဆင်ထားသော လှုပ်ကုလားထိုင်များနှင့် မြင့်၍ တည့်မတ်သော နောက်ကျောအမှီပါသောကုလားထိုင်များ၊ ကျယ်ကျယ်ဝန်းဝန်း ထိုင်ရသော့ကုလားထိုင်များနှင့် သက်သောင့်သက်သာဖြစ်သော ကုလားထိုင် များပါဝင်သည်။ ဆိုဖာကြီးများပါသောကုလားထိုင်များလည်း ပါဝင်သည်။ ယင်းကုလားထိုင်အားလုံးတို့က ကျွန်ုပ်တို့အပေါ်မှာထိုင်ကြည့်ပါ၊ အနားယူ ကြည့်ပါဟု ဖိတ်ခေါ်ပြောဆိုနေသကဲ့သို့ဖြစ်နေသည်။ စာအုပ်စာတမ်းများ တင်ထားသော စားပွဲများလည်းရှိသည်။ အားလုံးတို့သည် သန့်သန့်ပြန့်ပြန့် ဖြစ်၍ ဆွဲဆောင်မှုရှိသော်လည်း တို့ထိကိုင်တွယ်လျှင် နေရာရွေ့သွားမည် ကိုစိုးရိမ်၍ ဧည့်သည်များအား ယင်းတို့ကိုကိုင်တွယ်မကြည့်ဝံ့လောက်အောင် သတိပေးသောအခြေအနေမျိုးကားမရှိပေ။AH1Burm 195.1

    ယင်းသာယာသောအိမ်ဂေဟာ၏ပိုင်ရှင်များသည် သူတို့၏နေအိမ် ကိုထည်ထည်ဝါဝါဖြစ်အောင် တန်ဖိုးကြီးသောပရိဘောဂများဖြင့် တန်ဆာ ဆင်ထားနိုင်စွမ်းရှိသောအခြေအနေ၌ရပ်တည်ကြသော်လည်း သူတို့အနေဖြင့် ကြွားကြွားဝါဝါပြထားမှုထက် သက်သောင့်သက်သာဖြစ်မှုကို ပညာသား ပါပါရွေးချယ်ကြသူများဖြစ်သည်။ အထွေထွေကိစ္စအတွက်အသုံးပြုရန် ကောင်းအားကြီးသည်ဟု ပြောဆိုနိုင်သောပစ္စည်းတစ်ခုမျှမရှိဘဲ လိုက်ကာ များနှင့်တရုတ်ကပ်များကိုလည်း ခင်းထားသောကော်ဇောများနှင့် ပရိဘောဂ များအရောင်ပျက်မည်ကိုစိုးရိမ်၍ အလုံပိတ်ထားခြင်းမရှိပေ။ ဘုရားသခင် “ပေးသနားတော်မူသော နေရောင်ခြည်နှင့်လေကောင်းလေသန့်တို့သည် ခြံထဲ ၌ပေါက်လျက်ရှိသော ပန်းပင်တို့မွှေးကြိုင်သောရနံ့တို့နှင့်တွဲဖက်၍ ယင်း အိမ်ဂေဟာထဲသို့ လွတ်လပ်စွာတိုက်ခတ်တိုးဝင်ကြသည်။ ယင်းအိမ်ထောင် မှအိမ်သူအိမ်သားများသည် သူတို့အိမ်၏အခြေအနေနှင့် ကိုက်ညီသောသူ များဖြစ်ကြသည်။ သူတို့သည် ပျော်ရွှင်၍ဧည့်ဝတ်ပြုသောသူများဖြစ်လျက် ကျွန်ုပ်တို့၏လည်ပတ်မှုသည် အပိုဒုက္ခပေးနေသည်ဟူသောစိုးရိမ်မှုကို ကျွန်ုပ် တို့၏စိတ်ထဲ၌ဖြစ်ပေါ်လာရလောက်အောင် သူတို့၏ပရိဘောဂအပါအဝင် အိမ်ဂေဟာ၏အခင်းအကျင်းများတွင် စိတ်ဝင်စားမှုရှိမနေဘဲ ကျွန်ုပ်တို့အား နှစ်သိမ့်မှုရှိစေရန်အတွက် လိုအပ်သမျှကိုဆောင်ရွက်ပေးလေသည်။ ယင်း အိမ်ထောင်သည် အနားယူရန်ကောင်းသောနေရာဌာနဖြစ်သည်ဟူသော ခံစားချက်မျိုးကို ကျွန်ုပ်တို့၌ဖြစ်ပေါ်လာစေသည်။ ယင်းအိမ်ထောင်သည် အိမ်ထောင်ပီသသောအိမ်ထောင်ဖြစ်ပေသည်။AH1Burm 195.2

    မွမ်းမံခြယ်လှယ်မှုတွင်အသုံးပြုသောအခြေခံသဘောတရား - အိမ်ထောင်များစွာတို့တွင် မလိုလားအပ်သောကဏ္ဍအနေဖြင့် ကျွန်ုပ်တို့ဖော်ပြ ခဲ့သော တင်းကျပ်သည့်စေ့စပ်မှုသည် သဘာဝဓမ္မဆိုင်ရာစီမံကိန်းနှင့်ဆန့်ကျင် သည်။ လယ်ကွက်များတွင်ပေါက်လျက်ရှိသည့် ပန်းပင်များကိုဘောင်ခတ်၍ တစ်နေရာတည်းတွင်စုရုံးစိုက်ပျိုးထားစေဖို့ ဘုရားသခင်သည် အစီအစဉ် ထားရှိတော်မမူခဲ့ဘဲ ယင်းတို့ကိုစိမ်းလန်းသောမြက်ခင်းများပေါ်တွင် ကျောက် မြတ်ရတနာများကဲ့သို့ ဖြန့်ကြဲထားတော်မူခဲ့၍ ယင်းတို့၏ပုံသဏ္ဌာန်အမျိုးမျိုး နှင့် အရောင်အမျိုးမျိုးတို့ဖြင့် လှပတင့်တယ်ရှုစဖွယ်ဖြစ်တော်မူသည်။ သစ်တော များတို့၌ရှိသောသစ်ပင်တို့သည် စီတန်း၍ပေါက်နေသည်မဟုတ်ပေ။ သဘာဝ ဓမ္မ၏ရှုခင်းများ၊ တောတောင်များ၊ ချိုင့်ဝှမ်းများ၊ လွင်ပြင်နှင့်မြစ်ချောင်း များတို့ကိုလည်းကောင်း၊ ဆုံးမတိုင်ဖြစ်သော အမျိုးမျိုးသောပုံသဏ္ဌာန်နှင့် အရောင်များတို့၏နှစ်မြို့ဖွယ်ကောင်းသော ရုပ်ပုံကားချပ်ကြီးအသွင်ကိုဆောင် စေသော သဘာဝဓမ္မ၏ဥယျာဉ်ကြီးထဲတွင် စုရုံးပေါက်ရောက်လျက်ရှိသော သစ်ပင်ကြီးများ၊ သစ်ပင်ပုများနှင့်ပန်းပင်များတို့ကိုလည်းကောင်း ကြည့်ရှု တွေ့မြင်ရာတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း သုခများကို ခံစားကြရသည်။ ယင်းနေရာတို့တွင် ကလေးများလူရွယ်များနှင့်သက်ကြီး ရွယ်အိုတို့သည် အနားယူခြင်းနှင့်စိတ်ကြည်နူးချမ်းသာမှုကို တွေ့ရှိနိုင်ကြ သည်။AH1Burm 196.1

    ယင်းကဲ့သို့တစ်ခုနှင့်တစ်ခုမတူ တစ်မူခြားသောနည်းမျိုးကို အိမ်ဂေဟာ အတွင်း၌လည်း ထားရှိကျင့်သုံးနိုင်သည်။ အိမ်ဂေဟာတစ်ခုအတွင်း ထားရှိ သောပရိဘောဂများကို အရောင်အားဖြင့်ဖြစ်စေ၊ အထားအသိုအကျင့်အားဖြင့် ဖြစ်စေ သင့်တော်လျောက်ပတ်သောရှုကွင်းကို ဖြစ်ပေါ်စေသင့်ပေသည်။ သို့ရာတွင် ပရိဘောဂတိုင်းကို ပုံသဏ္ဌာန်အားဖြင့်လည်းကောင်း၊ လုပ်ကိုင် ထားသောပစ္စည်းအမျိုးအစားအားဖြင့်လည်းကောင်း တစ်မျိုးတည်းတစ်ပုံစံ တည်းထားရှိရန်မလိုပေ။ သို့ရာတွင် အမျိုးအစားကွဲပြားသော်လည်း ကြည့်၍ ရှု၍အဆင်ပြေသော ဖက်စပ်မှုမျိုးရှိရန်လိုအပ်သည်။AH1Burm 197.1

    အိမ်ဂေဟာအနေဖြင့် လှပထည်ဝါမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိမ်တွင်း၌ထားရှိသော ပရိဘောဂများတို့သည် တန်ဖိုးကြီးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အိမ်သူအိမ်သားတို့၏စိတ်သဘောထားသည် ဘုရားသခင် ၏အလိုတော်နှင့်ညီညွတ်ခြင်းမရှိလျှင် ယင်းအိမ်ဂေဟာတွင်း၌ ပျော်ရွှင်ခြင်း သုခချမ်းသာသည် တည်မြဲနေလိမ့်မည်မဟုတ်ပေ။ အိမ်ဂေဟာတိုင်းတွင် တင်းတိမ်ရောင့်ရဲမှုရှိရမည်။ သင့်အိမ်ဂေဟာ၏အကောင်းဆုံးအခန်း၊ နေ၏လင်းရောင်ခြည်နှင့်နေထိုင် ဖွယ်အကောင်းဆုံးအခန်းနှင့် သက်သောင့်သက်သာအရှိဆုံးအိမ်ထောင် ပရိဘောဂများကို အိမ်သူအိမ်သားတို့အား နေ့စဉ်ရက်ဆက်အသုံးပြုနေစေ ရမည်။ ယင်းကဲ့သို့ပြုလုပ်လျှင် အိမ်ဂေဟာသည် အိမ်သူအိမ်သားများအတွက် သာမဟုတ်ဘဲ ကျွန်ုပ်တို့ကအကျိုးပြုနိုင်၍ ကျွန်ုပ်တို့ကိုလည်း အကျိုးပြုမည့် သူများဖြစ်လျက် ကျွန်ုပ်တို့အားဂရုစိုက်ကြသောအပေါင်းအသင်းများတို့ အတွက်ပါ ဆွဲဆောင်မှုရှိသောနေရာဒေသဖြစ်ပါလိမ့်မည်။AH1Burm 197.2

    သားသမီးတို့၏နှစ်သိမ့်မှုနှင့်ပျော်ရွှင်မှုကိုအမြဲသတိပြု - သားသမီး တို့အား သူတို့၏အိမ်ဂေဟာများတွင် တင်းတိမ်ရောင့်ရဲမှုနှင့်ပျော်ရွှင်မှုရှိစေ ရန် အဖိုးအခကြီးမားလှသော ပတ်ဝန်းကျင်အခြေအနေနှင့် ပရိဘောဂများကို ထားရှိရန်မလိုအပ်ဘဲ မိဘတို့အနေဖြင့် သူတို့အားချစ်ခင်မြတ်နိုးခြင်းနှင့် ဂရုတစိုက်ကြည့်ရှုထိန်းသိမ်းခြင်းတို့ကိုပြုလုပ်ရန် လိုအပ်လှပေသည်။AH1Burm 198.1

    အကယ်၍ ကိုယ်ချင်းစာနာတတ်ခြင်းနှင့် မေတ္တာမရှိလျှင် နံရံလေး ခုနှင့်တန်ဖိုးကြီးသောအိမ်ထောင်ပရိဘောဂ၊ ကတ္တီပါကော်ဇောများ၊ လှပ ထည်ဝါသောကြည့်မှန်များနှင့် လှပသောရုပ်ပုံကားချပ်တို့သည် “အိမ်ဂေဟာ” ကိုမဖြစ်စေပါ။ “အိမ်ဂေဟာ” ဆိုသော မွန်မြတ်သောဝေါဟာရသည် အရောင် အဆင်းထွန်းပြောင်နေလင့်ကစား အိမ်ထောင်မှုဆိုင်ရာ ဘဝအသက်တာ၏ ပျော်ရွှင်သာယာမှုကင်းသော အဆောက်အအုံတို့နှင့်လုံးဝမဆိုင်ပေ။AH1Burm 198.2

    အမှန်အားဖြင့် ယင်းကဲ့သို့သောအိမ်ထောင်မျိုးတွင် သားသမီးတို့ ၏နှစ်သိမ့်မှုနှင့်ပျော်ရွှင်မှုအတွက် မစဉ်းစားသောအိမ်ထောင်မျိုးဖြစ်သည်။ ဟိတ်ဟန်ကောင်းအောင်ပြုလုပ်နေရမှုနှင့် ခေတ်ဆန်သောအပေါင်းအသင်း တို့၏စိတ်ကြိုက်ကိုလုပ်ကိုင်နေရမှုဖြင့် မအားမလပ်ဖြစ်နေသောမိခင်တို့သည် သူတို့သားသမီးများကို လျစ်လျူရှုထားကြလေသည်။ သားသမီးတို့သည် မိခင်တို့၏ပဲ့ပြင်ဆုံးမမှုကိုမခံရကြ။ သူတို့သည် အကျင့်ဆိုးများကိုတတ်လာ ကြ၍ လှုပ်လှုပ်ရွရွဖြစ်လျက် ကျေနပ်မှုကင်းမဲ့သူများအဖြစ်သို့ ရောက်ရှိ ကြသည်။ သူတို့၏အိမ်ဂေဟာများတွင် ပျော်ရွှင်သာယာမှုကိုမတွေ့မြင်ရဘဲ အနေရအထိုင်ရကျပ်တည်းသော ချုပ်ချယ်မှုမျိုးကိုသာ ရင်ဆိုင်နေရသော ကြောင့် သူတို့သည်ဆောလျင်စွာ အိမ်ထောင်၏စည်းဝိုင်းပြင်ပသို့ ရောက်ရှိ သွားကြသည်။ စိတ်မပါ့တပါဖြင့် လောကကြီးထဲသို့ဝင်ရောက်လာကြလျက် အိမ်ဂေဟာ၏သြဇာသက်ရောက်မှု၏အုပ်ထိန်းမှုနှင့် မိဘတို့၏ ကြင်နာယုယ သောဆုံးမပဲ့ပြင်မှုနှင့်လည်း ကင်းကွာလာကြသည်။AH1Burm 198.3

    ကျွန်ုပ်တို့နားဖြင့်ကြားခဲ့ဖူးသော မြောက်မြားစွာသောမိခင်တို့၏ လေသံမျိုးဖြင့် သားသမီးတို့အား ဤကဲ့သို့မပြောပါနှင့်။ “မင်းတို့တစ်တွေ ဧည့်ခန်းထဲမှာမနေကြနဲ့။ လှလှပပခင်းထားတဲ့ဆိုဖာတွေပေါ်မှာ မင်းတို့ တက်မထိုင်ကြနဲ့၊ အဲဒါတွေဟာ မင်းတို့တက်ထိုင်ဖို့မဟုတ်ဘူး။” သားသမီး များတို့က တခြားအခန်းတစ်ခုထဲသို့သွားသောအခါ၌လည်း “မင်းတို့တစ်တွေ ဟာတယ်ဆူညံလှတာကိုး” မီးဖိုချောင်ထဲသို့ရောက်သွားပြန်လျှင်လည်း ထမင်း ချက်ပြုတ်သူက ကလေးများအား “သွားကြ၊ လာမရှုပ်ကြနဲ့၊ ဟိုအပြင်မှာ သွားဆူကြ၊ ငါ့ကိုလာပြီးအနှောင့်အယှက်မပေးကြနဲ့” ဟု အော်ငေါက်ကြ ပြန်သည်။ ယင်းသားသမီးတို့သည် ပညာယူရန်ဘယ်နေရာသို့သွားတတ် ကြသနည်း။ လမ်းပေါ်သို့သွားကြသည်။AH1Burm 198.4

    ဇိမ်ခံမှုထက်ကြင်နာခြင်းနှင့်မေတ္တာကပိုမိုအဖိုးတန်သည် - ကျွန်ုပ်တို့၏အိမ်ထောင်များထဲသို့ မြောက်မြားစွာသော စိုးရိမ်ပူပန်မှုများနှင့် ဝန်ထုပ်များကို သွတ်သွင်းလာကြသော်လည်း ဓမ္မတာအလျောက်ရိုးသားခြင်း၊ ငြိမ်သက်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ကိုကား ထိန်းသိမ်းခြင်းမပြုကြပေ။ ပြင်ပ လောက၏ဝေဖန်ပြောဆိုမှုအတွက်၊ စိုးရိမ်ကြောင့်ကြမှုအတွက် မိသားစုတို့၏ ပျော်ရွှင်သာယာမှုကို ပိုမိုဂရုပြုရမည်။ လောကီဆန်သောဟိတ်ဟန်ပြမှုနှင့် ဟန်ဆောင်မှုများကိုရှောင်ရှား၍ အိမ်ထောင်သားများတို့စည်းဝိုင်းအတွင်း ကြင်နာခြင်းနှင့်ချစ်ခြင်းမေတ္တာ၊ ရွှင်လန်းမှုနှင့်ခရစ်ယာန်ယဉ်ကျေးမှုများတို့ကို များစွာပိုမိုကျင့်သုံးကြရမည်။ အိမ်ဂေဟာကိုဆွဲဆောင်မှုရှိစေရန်လည်းကောင်း၊ ပျော်ရွှင်သာယာသောအိမ်ဂေဟာဖြစ်စေရန် ဘယ်ကဲ့သို့ဆောင်ရွက်သင့်သော နည်းများကို သင်ကြားလေ့လာရန် များစွာလိုအပ်ပေသည်။ ဥစ္စာဓနကြွယ်ဝ ခြင်းနှင့်ဇိမ်ခံခြင်းထက် ကျေးဇူးတင်တတ်သောနှလုံးသားနှင့် ကြင်နာသော အကြည့်များတို့က ပိုမို၍တန်ဖိုးရှိပါသည်။ မေတ္တာတရားစိုးမိုး၍ ရိုးရိုးဖြစ် သောပရိဘောဂများ၊ အသုံးအဆောင်များနှင့်တင့်တိမ်ရောင့်ရဲမှုရှိသော အိမ်ထောင်သည် ပျော်ရွှင်သာယာအိမ်ဂေဟာဖြစ်လိမ့်မည်။AH1Burm 199.1

    ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သောယေရှုရှင်သည် မြေကြီးပေါ် တွင် ဘုရင်တို့၏ဂုဏ်ဒြပ်မျိုးဖြင့် နေနိုင်ခဲ့တော်မူသည်။ သို့စေကာမူ ကိုယ်တော်ရှင်သည် နူးညံ့သိမ်မွေ့၍နှိမ့်ချသောစိတ်နှလုံးရှိတော်မူသည်။ ကိုယ်တော်ရှင်သည် ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်း များတို့ကို ကြွမြန်းတော်မူရာနေရာတိုင်းသို့ ဆောင်ယူသွားခဲ့တော်မူခြင်း ကြောင့် ကိုယ်တော်ရှင်သည် အိမ်ထောင်တိုင်းတွင် အလင်းနှင့်ကောင်းချီး မင်္ဂလာဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် စိတ်ဆန္ဒ၏အလိုကိုလိုက်ခြင်း၊ ကျွန်ုပ်တို့၏အိမ်ဂေဟာများကိုလှပစေရန်၊ ရဖို့ခဲယဉ်းသောအရာဝတ္ထုများကို ရရှိရန်၊ ကြိုးစားအားထုတ်ခြင်းတို့ကို နည်းနိုင်သမျှနည်းအောင်ပြုလုပ်၍ ကျောက်သံပတ္တမြားထက် ဘုရားသခင်တန်ဖိုးထားတော်မူသော နူးညံ့သိမ်မွေ့ ၍ ငြိမ်သက်သာယာသောစိတ်သဘောထားမျိုးကိုထားရှိရန် ကြိုးစားအားထုတ် လျှင် ဘယ်မျှလောက်ကောင်းမွန်လိမ့်မည်နည်း။ ရိုးသား၍နူးညံ့သောသဘော ထားနှင့် စစ်မှန်သောမေတ္တာတရားတို့သည် အဆင်းရဲဆုံးအိမ်ထောင်ကိုပင် ပါရဒိသုဘုံကဲ့သို့ဖြစ်စေလိမ့်မည်။ ငြိမ်သက်သာယာခြင်းနှင့် တင်းတိမ် ရောင့်ရဲခြင်းတို့ကို လက်လွတ်စေသည်ထက် အဆင်မပြေမှုရှိသမျှတို့ကို ဝမ်းမြောက်ဝမ်းသာစွာသည်းခံခြင်းက ပိုမိုကောင်းမွန်နေပါသည်။AH1Burm 199.2