Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၇)—ဘုရားသခင်၏အမွေအနှစ်

    အခန်း ၂၃—ကောင်းချီးမင်္ဂလာမေ့သည်းချာ

    အိမ်ထောင်များကိုဘုရားသခင်စီမံထားတော်မူခဲ့သည် - ယောက်ျား နှင့်မိန်းမတို့သည် သန့်ရှင်းသောထိမ်းမြားမင်္ဂလာပြုခြင်းအားဖြင့် လင်မယား ဘဝသို့ရောက်ရှိလျက် သားသမီးရတနာများမွေးဖွားရန်လည်းကောင်း၊ ယင်း မွေးဖွားသောသားသမီးတို့အား ကောင်းကင်၌ရှိသောအိမ်ထောင်သားများတွင် အပါအဝင်ဖြစ်သည်ကို အသိအမှတ်ပြုရန်လည်းကောင်း ဧဝအား အာဒံ၏ လက်ထောက်အကူအနေဖြင့် ပေးစားတော်မူသောဘုရားသခင်သည် စီမံခန့်ခွဲ ၍ထားတော်မူခြင်းအမှုကိုပြုခဲ့သည်။AH1Burm 203.1

    သားသမီးများသည် ဘုရားသခင်ကပေးသနားတော်မူသော အမွေ အနှစ်များဖြစ်၍ ကိုယ်တော်ရှင်ပိုင်သတော်မူသော ယင်းသားသမီးတို့အား ကြည့်ရှုပြုစုထိန်းသိမ်းမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်နှင့် စာရင်းရှင်းရမည်ဖြစ်သည်။ “ကျွန်တော်မျိုးနှင့်ကျွန်တော်မျိုး၏လက်၌ အပ်နှင်း ထားတော်မူသော သားသမီးများကိုကြည့်တော်မူပါ” ဟု ဝမ်းမြောက်ရွှင်လန်း စွာဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ပြောနိုင်သည်တိုင်အောင် မိဘ တို့သည် မိမိတို့၏အိမ်ထောင်သားများအတွက် မေတ္တာ၊ ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းတို့ဖြင့် ဆောင်ရွက်ကြပါစေ။AH1Burm 203.2

    သားသမီးရတနာများမထွန်းကားသောအိမ်ထောင်သည် ခြောက်သွေ့ ပျင်းရိဖွယ်ဖြစ်သောနေရာဖြစ်သည်။ ယင်းကဲ့သို့သောအိမ်ထောင်များ၌ အိမ်သူ အိမ်သားများတွင် တစ်ကိုယ်ကောင်းစိတ်များကြီးထွားလာခြင်း၊ သူတို့ကိုယ်တိုင် ၏သက်သာမှုကိုသာ အာရုံပြုသောစိတ်မျိုးမွေးမြူခြင်း၊ သူတို့၏လိုအင်ဆန္ဒ နှင့်အကြောင်းညီညွတ်မှုများကိုသာ ညှိနှိုင်းတိုင်ပင်ခြင်း စသောအန္တရာယ် များပေါ်ပေါက်နိုင်သည်။ သူတို့အနေဖြင့် သူတို့ကိုယ်တိုင်ကိုသာ ကိုယ်ချင်းစာ တရားထားရှိတတ်ပြီး အခြားသူတို့ကိုကား ကိုယ်ချင်းစာတရားလုံးဝမထား ရှိပေ။AH1Burm 203.3

    သားသမီးရတနာမထွန်းကားသောဇနီးမောင်နှံတို့အတွက်အကြံ ပေးချက် - အခြေအနေရလည်းကောင်း၊ ထူးခြားသောပုဂ္ဂိလိကဆိုင်ရာ ဆောက်တည်ထားမှုအရလည်းကောင်း နည်းမျိုးစုံဖြင့်ခေါင်းဆောင်ပေါ်ပေါက် လာသော တစ်ကိုယ်ကောင်းစိတ်မျိုးက ချိုးနှိမ်ပစ်ရမည်။ အကယ်၍ သင်တို့ ၌သားသမီးရတနာထွန်းကား၍ သင်တို့၏စိတ်သည် သင်တို့ကိုယ်တိုင်အပေါ် မှာမဟုတ်ဘဲ ယင်းရတနာကလေးများအား ကြည့်ရှုထိန်းသိမ်းကျွေးမွေးရမည့် ကိစ္စအပေါ်၌ဖြစ်စေ၊ သူတို့အားဆုံးမသွန်သင်ပေးရမည့်တာဝန်အပေါ်၌ဖြစ် စေ၊ သူတို့အားကောင်းသောပုံသက်သေပြရမည့်ကိစ္စအပေါ်၌ဖြစ်စေ အာရုံ စူးစိုက်နေလျှင် သင်တို့အတွက်အကျိုးရှိလိမ့်မည်။ သင်တို့ကဲ့သို့လင်မယား နှစ်ယောက်အနေဖြင့်ရပ်တည်နေသော အိမ်ထောင်တွင်သည်းခံခြင်း၊ စိတ်ရှည် ခြင်း၊ စစ်မှန်သည့်မေတ္တာ စသောသီလများကိုကျင့်သုံးရန် သားသမီးရတနာ များထွန်းကားမှုမရှိလျှင် တစ်ကိုယ်ကောင်းစိတ်ကြီးထွားစိုးမိုးမှုမရှိစေရန် လည်းကောင်း၊ သင်တို့၏ကိုယ်ရေးကိုယ်တာအတွက်သာကွက်၍ စဉ်းစား လုပ်ကိုင်မှုမရှိစေရန်လည်းကောင်း သင်တို့ကိုယ်ကိုသာဂရုစိုက်ခြင်း၊ ထိန်းသိမ်း ကြည့်ရှုခြင်းနှင့်စိတ်ဝင်စားခြင်းရှိပြီး အခြားသောသူတို့အတွက် ယင်းဝတ္တရား များဆောင်ရွက်ပေးရန် သင်တို့၌တာဝန်လုံးဝမရှိဟူသော စိတ်သဘောမျိုး မရှိစေရန်လည်းကောင်း အမြဲတမ်းသတိဝီရိယထားရှိရမည်။AH1Burm 204.1

    မြောက်မြားစွာသောသူတို့သည် မိမိကိုယ်တိုင်၏ကောင်းစားရေး ကိုသာကွက်ပြီး ကျင့်ကြံပြုမူ၍အာရုံစူးစိုက်နေသောကြောင့် သူတို့၏ကာယ ဗလသည်လည်းကောင်း၊ ဉာဏဗလသည်လည်းကောင်း၊ ဝိဉာဏဗလသည် လည်းကောင်း ချည့်နဲ့နေကြသည်။ နုပျို၍အမျိုးမျိုးသောနည်းလမ်းများကို ကြံစည်တွေးဆလုပ်ကိုင်သောအရည်အချင်းရှိ၍ ကျန်းမာသန်စွမ်းသောအင်အား ဖြင့်လည်းကောင်း၊ ကလေးသူငယ်များတို့၏အငြိမ်မထားတတ်သောစွမ်းရည် မျိုးကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း သူတို့၏ရှေ့တိုးနောက်ဆုတ်မရှိ သောဘဝအသက်တာ၌ ရပ်တည်မှုကင်းလွတ်နိုင်ကြပေလိမ့်မည်။AH1Burm 204.2

    သားသမီးများကိုထိန်းကျောင်းရာတွင်မြင့်မြတ်သောစာရိတ္တ မျိုးကိုဖွံ့ဖြိုးလာစေနိုင်သည် - ကျွန်ုပ်သည် ငယ်ရွယ်စဉ်အချိန်၌ ဝေဒနာ တစ်ခုကိုခံစားရခဲ့ဖူးသည့်အတွက်ကြောင့် ကလေးသူငယ်အားလုံးတို့အား ကြင်နာသနားတတ်သောစိတ်ရှိသည်။ ကျွန်ုပ်သည် မြောက်မြားစွာသော ကလေးသူငယ်များကို ဝိုင်းဝန်းကူညီစောင့်ထိန်းပေးခဲ့ရာ၊ ရိုးသားလှသော လူငယ်ဘဝအသက်တာများနှင့်တွေ့ထိမှုသည် ကျွန်ုပ်အတွက် သုခချမ်းသာ ကြီးတစ်ရပ်ဖြစ်ခဲ့ပေသည်။AH1Burm 205.1

    ကလေးသူငယ်များနှင့်ဆက်ဆံရာတွင် လိုအပ်သောကိုယ်ချင်းစာနာ ခြင်း၊ စိတ်ရှည်ခြင်းနှင့်မေတ္တာထားခြင်းတို့ကိုကျင့်သုံးခြင်းသည် မည်သည့် အိမ်ထောင်အတွက်မဆို မင်္ဂလာတစ်ရပ်ဖြစ်နိုင်သည်။ ရွှင်လန်းခြင်းနှင့်စိတ် ငြိမ်သက်မှုကို ပိုမိုလိုအပ်နေသောသူတို့အား ယင်းပါရမီများကိုကျင့်သုံးမှုက စိတ်သဘောထားကိုပျော့ပျောင်းစေ၍ မလိုလားအပ်သောသဘောများကို စာရိတ္တမှဖယ်ရှားပေးပေလိမ့်မည်။ အိမ်ထောင်တစ်ခု၌ ကလေးသူငယ်ရှိခြင်း သည် ယင်းအိမ်ထောင်သားတို့၏စိတ်နေသဘောထားကို နူးညံ့ပျော့ပျောင်း လာစေရန်အတွက် ပြုပြင်ပေးသည်။ ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေခြင်း .. ၌ ကြီးထွားလာသောကလေးသူငယ်သည် မင်္ဂလာတစ်ရပ်ဖြစ်ပေသည်။AH1Burm 205.2

    ကျွန်ုပ်တို့အပေါ်မှီခိုအားထားနေကြသော ကလေးသူငယ်များကို ကြည့်ရှုထိန်းသိမ်း၍ ချစ်ခင်နေခြင်းသည် ကျွန်ုပ်တို့၏ဘဝမှ ကြမ်းတမ်း သောစိတ်များကိုဖယ်ရှား၍ နူးညံ့သိမ်မွေ့ သောသဘောနှင့် ကိုယ်ချင်းစာနာ တတ်သောသဘောထားများကို ဖန်တီးသွတ်သွင်းပေးလျက် အကျင့်စာရိတ္တ ကိုလည်း မြင့်မြတ်သောအခြေအနေသို့ ပို့ဆောင်ပေးနိုင်စွမ်းရှိသည်။AH1Burm 205.3

    ဧနောက်အပေါ်ကလေးသူငယ်တစ်ယောက်၏သြဇာသက် ရောက်မှု - သူ၏သားဦးမွေးဖွားပြီးသည့်နောက် ဧနောက်သည် ပိုမို မြင့်မားသောအတွေ့အကြုံကို ရင်ဆိုင်ခဲ့ရသည်။ သူသည် ဘုရားသခင်နှင့် ပိုမိုရင်းနှီးသည့် မိတ်သဟာယဖွဲ့သောအခြေအနေသို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏သားတစ်ပါးအနေဖြင့် သူဆောင်ရွက်ရမည့်တာဝန်ဝတ္တရား များကို ပိုမိုနက်ရှိုင်းစွာသိမြင်လာသည်။ သားငယ်ကသူ့ဖခင်ကိုချစ်ခင် မြတ်နိုးပုံနှင့် ဖခင်၏ကာကွယ်စောင့်ထိန်းမှုကို ရိုးရိုးသားသားယုံကြည်ကိုးစား သည်ကို တွေ့မြင်ရသောအခါ၌လည်းကောင်း၊ ယင်းသားဦးအား သူ့ကိုယ် တိုင်နှစ်နှစ်ကာကာချစ်ခင်မြတ်နိုးသော ခံစားမှုမျိုးရရှိသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သားတော်ကိုလူသားတို့အား ပေးကမ်းလှူဒါန်းတော်မူသော ဘုရားသခင်၏အံ့သြဖွယ်သောမေတ္တာတော်နှင့် သူတို့၏ကောင်းကင်ဘုံရှင် အဖဘုရားသခင်ကို ကိုယ်တော်ရှင်၏သားသမီးတို့သည် ယုံကြည်စိတ်ချ နိုင်သည်ဟူသော၊ အဖိုးထိုက်တန်လှသော သင်ခန်းစာကိုရရှိလေသည်။AH1Burm 205.4

    မြတ်နိုးဖွယ်သောယုံကြည်လွှဲအပ်ခြင်း ဘုရားသခင်သည် မိဘဖြစ်သူတို့အား သားသမီးများကိုမြတ်နိုးဖွယ်သောရတနာများအနေဖြင့် လွှဲအပ်ထားတော်မူသည်။ တစ်နေ့သောအခါ ဘုရားသခင်သည် ယင်း သားသမီးရတနာများအတွက် စာရင်းရှင်းရန်တောင်းဆိုလိမ့်မည်ဖြစ်သည်။ သူတို့အား ပညာသင်ကြားရေးအတွက် ကျွန်ုပ်တို့သည် အချိန်ကြည့်ရှု စောင့်ထိန်းခြင်းနှင့်ဆုတောင်းခြင်းများကို ဆတက်ထမ်းပိုးတိုး၍ အသုံးပြု ရမည်၊ ဆောင်ရွက်ရမည်။ သူတို့သည် မှန်ကန်သောသင်ကြားမှုကိုရရှိရန် လိုအပ်ပေသည်။AH1Burm 206.1

    သင်တို့၏သားသမီးတို့သည် ဘုရားသခင်၏အိမ်ထောင်တွင် နုပျို သောအိမ်ထောင်သားများဖြစ်သည်ကို သတိပြုကြပါ။ သူတို့အား ကောင်းကင် နိုင်ငံတော်အတွက်ပညာသင်ကြားပေးရန် သင်တို့လက်ထဲ၌ လွှဲအပ်ထား တော်မူသည်။ ဤအရေးပါအရာရောက်လှသော တာဝန်လွှဲအပ်ထားခြင်းကို ဘယ်ပုံဘယ်နည်းထမ်းဆောင်ခဲ့သည်နှင့်ပတ်သက်၍ သင်တို့သည်ကိုယ်တော် အား စာရင်းရှင်းပြရကြလိမ့်မည်။AH1Burm 206.2