Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၅—တာဝန်များကိုဝေငှထမ်းဆောင်ခြင်း

    ဖခင်၏တာဝန်များကိုလွှဲပြောင်း၍မရနိုင် — သားသမီးတို့အတွက် ဖခင်ဆောင်ရွက်ရမည့်တာဝန်များကို မိခင်ပခုံးများပေါ်သို့ လွှဲပြောင်းထား၍ မရနိုင်ပေ။ မိခင်သည် သူမဆိုင်ရာတာဝန်များကိုထမ်းဆောင်လျှင် သူမ အနေဖြင့်ထမ်းရသောဝန်ထုပ်တို့သည် သူမအတွက်လုံလောက်ပေသည်။ မိခင်နှင့်ဖခင်တို့လက်တွဲဆောင်ရွက်မှသာလျှင် ဘုရားသခင်က သူတို့လက်သို့ အပ်နှံထားသောအလုပ်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ကြလိမ့်မည် ဖြစ်သည်။AH1Burm 282.1

    သူ့သားသမီးတို့အား ဘဝအသက်တာတစ်လျှောက်လုံးအတွက်နှင့် မသေနိုင်သောဘဝအသက်တာအတွက် ပညာများသွန်သင်ပေးရသောအလုပ် ကိုဆောင်ရွက်ရာတွင် ဖခင်သည် သူဆောင်ရွက်ရမည့်ကဏ္ဍကို ခေါင်းမရှောင် သင့်ပေ။ ဤတာဝန်ကိုဆောင်ရွက်ရာတွင် ဖခင်သည် ဝေပုံကျဆောင်ရွက် ရမည်။ ဖခင်နှင့်မိခင်တို့အသီးသီးဆောင်ရွက်ရမည့်တာဝန်ရှိသည်။ သူတို့၌ ရှိသောအရည်အသွေးများကို သူတို့၏သားသမီးများ၌ ထွန်းကားလာသည် ကိုတွေ့မြင်လိုလျှင် မိဘဖြစ်သူတို့က တစ်ဦးအပေါ်တစ်ဦး မေတ္တာတရား ထားရှိခြင်းနှင့်လေးစားခြင်းတို့ကို ပြသကြရမည်။AH1Burm 282.2

    ဖခင်သည် မိမိ၏ပျော်ရွှင်သောမျက်နှာထားနှင့် ကြင်နာသောအပြော အဆိုများအားဖြင့် အိမ်ထောင်ကိုထိန်းသိမ်းကြည့်ရှုသောဇနီးဖြစ်သူကို အားပေးထောက်ပံ့သင့်ပါသည်။AH1Burm 282.3

    ဇနီးအနေဖြင့် ယှဉ်ပြိုင်ရသောတိုက်ပွဲတွင် ဖခင်သည်သူ့ဇနီးအား ကူညီမစရန်ကြိုးပမ်းပါ။ အပြောအဆိုများတွင်သတိထားပါ။ အနေအထိုင် အပြုအမူတို့တွင်ယဉ်ကျေးပါ။ ကြင်နာမှုကျင့်သုံးပါ။ ယင်းကဲ့သို့ပြုလုပ်ခြင်း အားဖြင့် များစွာသောကောင်းကျိုးများကို ခံစားရပါလိမ့်မည်။AH1Burm 282.4

    ကြင်နာသောကူညီမှုသည် မိခင်၏ဝန်ထုပ်ကိုပေါ့ပါးစေလိမ့် မည် - ဘယ်ကဲ့သို့သောအလုပ်အကိုင်မျိုးကိုလုပ်ကိုင်သည်မဆို၊ ယင်း အလုပ်အကိုင်ကိုလုပ်ကိုင်ရာတွင် ... ဘယ်ကဲ့သို့သောအခက်အခဲများရင်ဆိုင် ရသည်မဆို၊ ဖခင်ဖြစ်သူသည် လုပ်ငန်းခွင်တွင်ရှိနေချိန်က သူ့ထံသို့လာ ရောက်တွေ့ဆုံကြသော ဧည့်သည်အာဂန္တုရှိသမျှတို့အားပြခဲ့သော ပြုံးရွှင် သောမျက်နှာထားမျိုးနှင့် အသုံးပြုခဲ့သောချိုသာသောလေသံမျိုးတို့ကိုပင် အိမ်သို့ပြန်လာသောအခါ ယူဆောင်လာသင့်ပေသည်။ ဇနီးအနေဖြင့် သူမ ခင်ပွန်း၏ကြီးမားလှသောမေတ္တာပေါ်တွင် မှီငြမ်းနေနိုင်သည်ကိုလည်းကောင်း၊ သူမ၏တပင်တပန်းလုပ်ကိုင်နေရသောအလုပ်အကိုင်များနှင့် စိုးရိမ်ကြောင့်ကြ မှုများကို ရင်ဆိုင်နေရချိန်တွင် သူ့ခင်ပွန်း၏အင်တိုက်အားတိုက်ထောက်ပံ့ မှုကို ရရှိလိမ့်မည်ဟူ၍လည်းကောင်း၊ သူ့ခင်ပွန်း၏သြဇာသက်ရောက်မှုကို သူမသည် အပြည့်အဝရရှိလိမ့်မည်ကိုလည်းကောင်း ခံစားမှုရှိပါလေစေ။ ယင်းကဲ့သို့သော သူမ၏ထမ်းနေရသောဝန်ထုပ်ကြီး၏အလေးချိန်သည် ထက်ဝက်မျှလျော့ပါးသွားလိမ့်မည်။ သားသမီးတို့ကိုမိခင်ပိုင်ဆိုင်သကဲ့သို့ ဖခင်လည်းပိုင်ဆိုင်သည်မဟုတ်ပါလော။AH1Burm 283.1

    ခင်ပွန်းကသူ့တာဝန်များကိုထမ်းဆောင်ရာတွင် သူ့အားအကူအညီ ပေးမှုထက် အရေးပါအရာရောက်သည်ဟု သူမယူဆသောဝန်ထုပ်များကို ဇနီးဖြစ်သူကစုဆောင်းထားကောင်းထားပေလိမ့်မည်။ ခင်ပွန်းဖြစ်သူကလည်း ယင်းနည်းအတိုင်းပြုကောင်းပြုပေလိမ့်မည်။ တစ်ဦးအပေါ်တစ်ဦးညှာတာ သောသဘောဖြင့်ကူညီမှုသည် များစွာတန်ဖိုးရှိသည်။ ခင်ပွန်းဖြစ်သူသည် မိသားစု၏အိမ်ထောင်ဦးစီးထက် မိမိကိုယ်ကိုထမင်းလခပေးစားသောသူဟူသော သဘောထားမျိုးဖြင့် သူ့အိမ်ကိုစိတ်ကြိုက်လွတ်လပ်စွာ ဝင်ထွက်သွားလာ နေသောအကျင့်မျိုးရှိတတ်သည်။AH1Burm 283.2

    အိမ်ထောင်မှုဆိုင်ရာတာဝန်များသည် သန့်ရှင်း၍အရေးပါအရာ ရောက်လှပေသည်။ သို့စေကာမူ ယင်းတာဝန်များကို သက်ဆိုင်ရာတာဝန်ခံ များက စိတ်မပါ့တပါဆောင်ရွက်တတ်ကြသည်။ ခင်ပွန်းလည်းဖြစ်၊ ဖခင် လည်းဖြစ်သောပုဂ္ဂိုလ်က မကြာခဏအပြောင်းအလွှဲသဘောမျိုးဖြင့်လည်း ကောင်း၊ အပန်းဖြေသဘောမျိုးဖြင့်လည်းကောင်း နားနားနေနေမရှိလျှင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသောစိုးရိမ်ကြောင့်ကြမှုများနှင့် စိတ်ရှုပ်ထွေးဖွယ်ရာကိစ္စအဖြာဖြာတို့သည် မိခင်ဖြစ်သူအတွက် ဒေါသထွက် စရာဖြစ်လာတတ်ကြသည်။ ထိုကြောင့် ယင်းကဲ့သို့နားနားနေနေ နေထိုင်သော အချိန်အခါမျိုးကို ဇနီးဖြစ်သူအား ခင်ပွန်းဖြစ်သူက ဖန်တီးစီစဉ်ပေးသင့် ပေသည်။ ရရစားစားဘဝမျိုး၌ကျင်လည်ရသော မိခင်မျိုး၏ဘဝရပ်တည်မှ သည် အဆုံးမရှိသောအနစ်နာခံရသည့်ဘဝမျိုးဖြစ်၍ သူမ၏အခက်အခဲများ ကို ခင်ပွန်းဖြစ်သူကနားလည်မှုရှိ၍ သူ့ထောက်ပံ့မှုကိုမပေးလျှင် ဇနီး၏ ဘဝရပ်တည်မှုသည် ပိုမိုခက်ခဲလျက်ရှိလာသည်။AH1Burm 283.3

    အားအင်နည်းသောဇနီးအားထောက်ထားညှာတာပါ - ခင်ပွန်း ဖြစ်သောသူသည် သူ့အိမ်ထောင်သားများတွင် ကြီးမားသောစိတ်ဝင်စားမှု ရှိကြောင်းကိုပြပါ။ အထူးသဖြင့် အားအင်နည်းသောဇနီးအပေါ် ထောက်ထား ညှာတာမှု၊ ကြင်နာမှုရှိပါ။ အိမ်ဂေဟာ၌ ရောဂါဝေဒနာများမကပ်နိုင်စေရန် ခင်ပွန်းအနေဖြင့် များစွာဆောင်ရွက်နိုင်သည်။ ကြင်နာသောအပြောအဆို၊ ဝမ်းမြောက်ဖွယ်သောအပြောအဆိုနှင့် အားပေးစကားများတို့သည် အထက်မြက် ဆုံးသောဆေးဝါးများထက် ပိုမိုအကျိုးပြုသည်။ ယင်းစကားတို့သည် စိတ် အားငယ်နေသောမိခင်အား စိတ်အားတက်စေ၍ ကြင်နာသောအပြုအမူနှင့် အားပေးစကားတို့က အိမ်ထောင်တွင်းသို့သွတ်သွင်းလာသော ပျော်ရွှင်မှုနှင့် နေရောင်ခြည်တို့သည် ကြိုးပမ်းသမျှတို့အား ဆယ်ဆသောအကျိုးကျေးဇူး များကိုပြုလိမ့်မည်။ ဖခင်သည် သားသမီးများကိုသွန်သင်ဆုံးမရာတွင်လည်း ကောင်း၊ သူတို့၏စိတ်နှလုံးများကို ပုံသွင်းပေးရာတွင်လည်းကောင်း မိခင် ဖြစ်သူက ကြီးလေးသောတာဝန်ကိုထမ်းနေရသည်ကို ခင်ပွန်းဖြစ်သူက သတိပြုသင့်ပေသည်။ ယင်းသို့သောအခြေအနေက ခင်ပွန်းဖြစ်သူအား ဇနီးအပေါ်အသက်ညှာဆုံးစိတ်မျိုးထားရှိစေ၍ သူမထမ်းရသောဝန်ထုပ် ကြီးကိုပေါ့ပါးအောင် ကူညီမစလိုသောဆန္ဒမျိုး ဖန်တီးပေးစေသင့်ပေသည်။AH1Burm 284.1

    သူမ၏မေတ္တာကရုဏာကို အားကိုးအားထားပြုဖို့ အားပေးတိုက် တွန်းစကားပြောရန်လည်းကောင်း၊ ခွန်အားငြိမ်သက်ခြင်းနှင့်မောပန်းသော သူအား နားရန်အရပ်ရှိသောကောင်းကင်သို ့ သူမ၏အာရုံကိုစူးစိုက်စေရန် လည်းကောင်း ဖခင်ဖြစ်သူသည် ဆောင်ရွက်သင့်ပေသည်။ သူသည် အလုပ်ခွင်မှအိမ်သို့ပြန်လာသောအခါ မျက်မှောင်ကုတ်ကြီးဖြင့်ပြန်မလာဘဲ ပျော်ရွှင်သောနေရောင်ခြည်ကိုယူဆောင်လာကာ သူ့ဇနီးအားဘုရားသခင်ထံ သို့မျှော်ကြည့်လျက် ကိုယ်တော်ရှင်ကိုယုံကြည်ရန် အားပေးသောစကား၊ တိုက်တွန်းသောစကားပြောကြားသင့်ပေသည်။ မိသားစုတို့သည် စည်းလုံး ညီညွတ်စွာဖြင့် ဘုရားသခင်၏ကတိတော်များကိုတောင်းဆို၍ ကိုယ်တော်ရှင် ၏ကြွယ်ဝသောကောင်းချီးမင်္ဂလာများကို အိမ်ထောင်တွင်းသို့ဝင်ရောက်ပါ လေစေ။AH1Burm 285.1

    တဖြည်းဖြည်းပို့ဆောင်ပါ - သစ္စာရှိသောသိုးထိန်း၏သေချာမှ ရှိသောလုပ်ကိုင်ဆောင်ရွက်ခြင်းမှ ခင်ပွန်းလည်းဖြစ်၍ဖခင်လည်းဖြစ်သော ပုဂ္ဂိုလ်များသည် ကောင်းသောသင်ခန်းစာတစ်ခုကိုရယူနိုင်သည်။ လျင်မြန် စွာဖြင့်လည်းကောင်း၊ ခက်ခဲစွာဖြင့်လည်းကောင်း ခရီးထွက်ရန်တိုက်တွန်း ခြင်းခံရသောအခါ ယာကုပ်က “ဤသူငယ်တို့သည် နုနယ်ပါ၏။ သားငယ် ပါသောသိုး၊ ဆိတ်၊ နွားမတို့သည် ကျွန်တော်၌ပါပါ၏။ တစ်နေ့ချင်းတွင် အနှင်လွန်လျှင် ရှိသမျှတို့သည် သေကြပါလိမ့်မည်။” “ကျွန်တော်ဆောင်ခဲ့ သောတိရစ္ဆာန်များ၊ သူငယ်များတတ်နိုင်သမျှအတိုင်း တဖြည်းဖြည်းပို့ဆောင် ပါမည်။ ဘဝအသက်တာ၏ပင်ပန်းစွာလုပ်ကိုင်ရသောလမ်းခရီးတွင် ခင်ပွန်း - လည်းဖြစ်၍ဖခင်လည်းဖြစ်သောပုဂ္ဂိုလ်သည် ဖြည်းညင်းစွာဦးဆောင်မှုပေးပါ သို့မှသာလျှင် သူနှင့်လိုက်ပါလာသောအပေါင်းအဖော်သည် ခရီး၏ ဒဏ်ကိုခံနိုင်မည်ဖြစ်သည်။ ပစ္စည်းဥစ္စာနှင့်အခွင့်အာဏာအတွက်ဦးတည်၍ ရေးကြီးသုတ်ပျာလုံးပန်းနေသော ယခုကဲ့သို့သောအချိန်အခါမျိုးတွင် ဖခင် သည် သူ့ခြေလှမ်းကိုမှန်မှန်လှမ်းရန်လည်းကောင်း၊ သူ့အပါးတွင်လက်တွဲ လျှောက်ရန် ခေါ်ယူခြင်းခံရသောအမျိုးသမီးအား နှစ်သိမ့်မှုနှင့်ထောက်ပံ့မှ ပေးရန်လည်းကောင်း သင်ကြားသိရှိထားမှုရှိပါစေ။AH1Burm 285.2

    မိမိကိုယ်ချင်းစာနာခြင်းနှင့် ပျက်ကွက်ခြင်းမရှိသောချစ်ခြင်းဖြင့် ခင်ပွန်းဖြစ်သူသည် မိမိ၏ဇနီးကိုကူညီမစပါ။ အိမ်ထောင်တွင်ဇနီးဖြစ်သူအား နေရောင်ခြည်ပမာထွန်းလင်းတောက်ပြောင်နေစေနိုင်ရန် သူမအားအမြဲတမ်း စိမ်းလန်းစိုပြည်နေစေလိုလျှင် သူမ၏ဝန်ထုပ်များကိုထမ်းနေရာတွင် ခင်ပွန်း ဖြစ်သူက ယင်းဝန်ထုပ်များကိုကူညီ၍ထိန်းပေးပါ။ သူ့ကြင်နာခြင်းနှင့် ချစ်ဖွယ်သောအမူအရာသည် သူမအတွက်တန်ဖိုးရှိလှသော အားတက်စရာ ဖြစ်၍ သူကလက်ဆင့်ကမ်းသောပျော်ရွှင်ခြင်းသည် သူကိုယ်တိုင်၏စိတ်နှလုံးသို့ ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းကို ယူဆောင်လာလိမ့်မည်။AH1Burm 286.1

    မိခင်သည် ရသင့်ရထိုက်သောကြည့်ရှုပြုစုခြင်းနှင့် နှစ်သိမ့်ခြင်းကို မရရှိလျှင်လည်းကောင်း၊ အလုပ်ပင်ပန်းခြင်းအားဖြင့် (သို့မဟုတ်) စိတ်ပူပန် သောကများ၏ဖိနှိပ်မှုအားဖြင့်လည်းကောင်း သူမ၏အင်အားများကိုကုန်ခန်း နွမ်းနယ်သွားခွင့်ပြုလျှင် သားသမီးတို့သည် သူတို့ခံစားထိုက်သောအမွေအနှစ် တည်းဟူသော၊ အရေးပါအရာရောက်သော ကာယဗလနှင့်ဉာဏဗလတို့ကို လက်လွတ်သွားကြမည်ဖြစ်သည်။ မိခင်ဘဝအသက်တာ၏ရွှင်လန်းချမ်းမြေ့ စေခြင်းသည်လည်းကောင်း၊ အရာရာ၌ချို့တဲ့ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်း နှင့် စိုးရိမ်ကြောင့်ကြမှုများမှ ကာကွယ်ခြင်းသည်လည်းကောင်း အကောင်း ဆုံးဆောင်ရွက်မှုဖြစ်သည်။ သားသမီးတို့အား သူတို့၏ကိုယ်ပိုင်အင်အားဖြင့် ဘဝအသက်တာ၏တွန်းလှန်ရုန်းကန်မှုကို အောင်မြင်စွာဆင်နွှဲစေရန် ထက်မြက် ကြီးမားသောကာယဗလများကို အမွေခံကြပါစေ။AH1Burm 286.2