Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၁)—လှပထွန်းပြောင်လူ့အိမ်ထောင်

    ချစ်ခင်ကြင်နာတတ်သောသဘောကို ပြုစုပျိုးထောင်ရမည်။ ဖိစီးနှိပ်ကွပ် ထားခြင်းမပြုသင့်ပါ။ ကျွန်ုပ်တို့၏စိတ်ချမ်းသာမှုသည် မေတ္တာတရားနှင့် ကြင်နာခြင်းတရားကိုပြုစုပျိုးထောင်၍ တစ်ယောက်ကိုတစ်ယောက် မှန်ကန် သောယဉ်ကျေးမှုနှင့် ဆက်ဆံခြင်းများပေါ်တွင် မူတည်ပါသည်။AH1Burm 4.1

    အသာယာဆုံးသောကောင်းကင်အိမ်ထောင်မျိုးသည် ဘုရားသခင်၏ - ဝိညာဉ်တော်ဦးစီးနာယကပြုသောနေရာဖြစ်သည်။ ဘုရားသခင်၏အလိုတော် ကို လိုက်လျှောက်ကျင့်သုံးကြလျှင် ခင်ပွန်းနှင့်ဇနီးတို့သည် တစ်ဦးကိုတစ်ဦး ရိုသေမြတ်နိုး ကိုးစားကြမည်ဖြစ်သည်။AH1Burm 4.2

    အရေးကြီးသောအိမ်ထောင်၏ပတ်ဝန်းကျင် - မိခင်နှင့်ဖခင် တို့၏အသက်ဝိညာဉ်များကို ဝန်းရံထားလျက်ရှိသော ပတ်ဝန်းကျင်သဘော တရားများသည် တစ်အိမ်ထောင်လုံးတွင် ပြည့်သိပ်လျက်ရှိ၍ အိမ်ထောင်၏ အစိတ်အပိုင်းတိုင်းတွင် တွေ့မြင်သိရှိနိုင်ပေသည်။ အများအားဖြင့်မိဘများသည် အိမ်ထောင်၏အသိုက်အဝန်းတွင် ရှိအပ်သောအခြေအနေကို ဖန်တီးပေးကြသည်။ အဖေနှင့်အမေတို့စပ်ကြား တွင်လည်း ယင်းအခြေအနေမျိုးသည် ရောင်ပြန်ဟပ်နေတတ်သည်။ သင်တို့ ၏အိမ်ထောင်ပတ်ဝန်းကျင်ကို မွှေးကြိုင်၍ကြင်နာထောက်ထားတတ်သော သဘောတို့ဖြင့် တန်ဆာဆင်ထားပါသည်။ သင်၌စိမ်းကားရက်စက်သော စိတ်ဝင်လာ၍ သမ္မာတရားနှင့်လျော်ညီသော ခရစ်ယာန်ပီသမှုမရှိသောအခါ မိမိကိုယ်ကိုမိမိဆုံးမပါ။ စိတ်ပြောင်းလဲပါ။ သင်သည် ကောင်းကင်ဘုံ၌ သန့်ရှင်းသူတစ်ဦးဖြစ်လိုပါက မြေကြီးပေါ်တွင်အစပြုရမည်။ သင်၏ အသက်တာတွင် သင်နှစ်သက်မွေးမြူထားသော အကျင့်စာရိတ္တသည် သေခြင်း တရားအားဖြင့်လည်းကောင်း၊ ထမြောက်ရှင်ပြန်ခြင်းတရားအားဖြင့်လည်း ကောင်း ပြောင်းလဲသွားမည်မဟုတ်ပါ။ သင်၏အိမ်ထောင်နှင့်ပတ်ဝန်းကျင်က ပါလာသည့် ပကတိစိတ်နေသဘောထားနှင့်ပင် သင်သည် သင်၏ဂူသင်္ချိုင်း တွင်းမှ ထလာမည်ဖြစ်ပါသည်။ ခရစ်တော်ပြန်လည်ကြွလာတော်မူသော အခါ ... ကျွန်ုပ်တို့၏အကျင့်စာရိတ္တကို ပြောင်းလဲ၍ရတော့မည်မဟုတ်ပါ။ ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို ယခုမျက်မှောက်ကာလတွင် ပြုလုပ်ရမည်။ ကျွန်ုပ် တို့၏အဆုံးစွန်သောဘဝကို ကျွန်ုပ်တို့၏နေ့စဉ်အသက်တာက ဆုံးဖြတ် လိမ့်မည်။AH1Burm 4.3

    သန့်ရှင်းသောပတ်ဝန်းကျင်ဖန်တီးပေးခြင်း - ခရစ်ယာန် အိမ်ထောင်တိုင်းတွင် စည်းကမ်းရှိသင့်ပါသည်။ မိဘနှစ်ပါးတို့၏အချင်းချင်း ပြောဆိုဆက်ဆံပုံနှင့်အမူအရာများသည် သားသမီးများအားဖြစ်လာစေလိုသည် အတိုင်း မြတ်နိုးဖွယ်သောပုံစံနမူနာများဖြစ်သင့်ပါသည်။ သန့်စင်သောအပြော အဆိုနှင့် မှန်ကန်သောခရစ်ယာန်ယဉ်ကျေးမှုကို မြဲစွဲကျင့်သုံးသင့်ပါသည်။ သားသမီးများနှင့်လူငယ်များအား အချင်းချင်းလေးစားရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ကျင့်ဝတ်ကျင့်စဉ်များကို လိုက်နာစောင့်ရှောက်ရန် လမ်းညွှန် ကြပ်မတ်ရမည်။ ဘုရားသခင်၏ပညတ်တော်တို့ကိုလည်း စောင့်ရှောက်ရိုသေ လေးစားရန် သင်ကြားပေးရမည်။AH1Burm 5.1

    ဤကျင့်ဝတ်ကျင့်စဉ်များသည် သူတို့၏အသက်တာကိုလည်းကောင်း၊ လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း ထောက်မလိမ့်မည်။ သူတို့သည် ဝိညာဉ်ခွန်အားနည်းသောအပေါင်းအဖော်များအား သန့်ရှင်းရာ နိုင်ငံတော်သို့သွားရန်လမ်းနှင့် သန့်ရှင်းဖြူစင်သောပတ်ဝန်းကျင်ကို ဖန်တီး ပေးကြလိမ့်မည်။ သင်တို့၏ဆုံးမသြဝါဒတိုင်းသည် အဆင့်အတန်းမြင့်၍ မွန်မြတ်သောအကြောင်းအချက်များဖြစ်သင့်ပါသည်။ သို့မှသာလျှင် တရား စီရင်ရာနေ့သို့ရောက်သောအခါ အသက်စာစောင်များတွင် ရှက်ကြောက်ခြင်း နှင့်ကင်းစင်သောမှတ်တမ်းများကို တွေ့မြင်ရလိမ့်မည်။AH1Burm 5.2

    ယင်းသင်ကြားချက်များကို ရရှိထားသောသားသမီးများသည် ကြီးလေးသောတာဝန်များကိုထမ်းဆောင်နိုင်၍ ၎င်းတို့၏ပုံစံနမူနာကျင့်စဉ် များအရ သူတစ်ပါးတို့အား အမှန်တရားကိုလမ်းပြလိမ့်မည်။ ကိုယ်ကျင့် တရားကိုလိုက်စားသူများကလည်း ထိုကျင့်ဝတ်စဉ်မှန်များကို လေးစားကြ လိမ့်မည်။ သူတို့၏ကာယခွန်အား၊ ဉာဏစွမ်းအင်နှင့်ကျင့်ဝတ်ကျင့်စဉ်တို့ကို အတုယူကြလိမ့်မည်။ ထိုသို့သောသူများသည် ခိုင်ခံ့မြဲမြံသော နံရံနှင့်ကာကွယ် ထားပြီးဖြစ်သောကြောင့် မကောင်းမှုကိုသွေးဆောင်သည့်ဒုစရိုက်ကို လွယ်ကူ စွာကျောခိုင်းနိုင်ကြလိမ့်မည်။AH1Burm 5.3

    ရွှင်လန်းချမ်းမြေ့ဖွယ်ဖြစ်သောအိမ်ထောင်မျိုးတည်ထောင်ပါ - ကယ်တင်ရှင်၏ဂုဏ်အင်္ဂါလက္ခဏာများကို မွေးမြူကျင့်သုံးရာတွင် သင်တို့ ကိုယ်တိုင်နှင့် သားသမီးများအတွက် ရွှင်လန်းချမ်းမြေ့ဖွယ်ဖြစ်သော အိမ်ထောင် တည်ထောင်ရမည့်ဝတ္တရားကို ဘယ်အခါမျှသတိမလစ်ပါနှင့်။ ခရစ်တော်ကို အိမ်ထောင်ထဲသို့ခေါ်ဆောင်ထားလျှင် သင်တို့သည် အမှားနှင့်အမှန်ကို ခွဲခြား သိမြင်ကြလိမ့်မည်။ သားသမီးများတို့သည်လည်း ဖြောင့်မတ်သောသစ်ပင် များအနေဖြင့် ရပ်တည်လျက်ရှိပြီး ဝိညာဉ်တော်အသီးများသီးကြရန် ကူညီ မစနိုင်ကြမည်။AH1Burm 6.1

    ဘဝအသက်တာတွင် ဒုက္ခများဖိစီးလွှမ်းမိုး၍လာကောင်းလာပေ လိမ့်မည်။ သို့သော်ဒုက္ခဆိုသည်မှာ လူသားတို့တွေ့ဆုံရမြဲဓမ္မတာတစ်ခုပင် ဖြစ်ပါသည်။ တိမ်လွှာဖုံးအုပ်ထားသည့်အလား သာယာမှုကင်းမဲ့သောနေ့ရက် ကို ရင်ဆိုင်ရစေကာမူ သည်းခံခြင်းတရား၊ ကျေးဇူးတရားနှင့်မေတ္တာတရား အားဖြင့် ဝမ်းမြောက်ရွှင်လန်းခြင်းတရားကိုရယူပါ။AH1Burm 6.2

    ရိုးရိုးရှင်းရှင်းနေအိမ်ဖြစ်စေကာ ရွှင်လန်းဝမ်းမြောက်ဖွယ်သောစကား များကို အမြဲတစေပြောဆို၍ ကရုဏာတရားလက်ကိုင်ထားလျက် ယဉ်ကျေး သိမ်မွေ့ခြင်းနှင့် မေတ္တာတရားကိန်းအောင်းသောအိမ်ဖြစ်ပါစေ။AH1Burm 6.3

    အိမ်ထောင်၏စည်းကမ်းကို သံကြိမ်လုံးပမာ မတင်းမာစေဘဲ ဉာဏ်အမြော်အမြင်ဖြင့်လည်းကောင်း၊ မေတ္တာဖြင့်လည်းကောင်း ကြီးကြပ် ကွပ်ကဲသင့်ပါသည်။ သားသမီးတို့သည် မေတ္တာဖြင့်အုပ်ချုပ်ခြင်းကို လိုလား စွာလိုက်နာကြလိမ့်မည်။ သင်၏သားသမီးတို့အား အလျဉ်းသင့်တိုင်းချီးမွမ်းပါ။ သူတို့၏အသက်တာကို တတ်နိုင်သမျှပျော်ရွှင်စရာဖြစ်စေပါ။ မေတ္တာကရုဏာကို ထင်ရှားစေခြင်းအားဖြင့် သူတို့၏နှလုံးသားကို ပျော့ပျောင်းစေပါ။ သို့မှသာ သူတို့၏နှလုံးသားသည် သမ္မာတရားမျိုးစေ့အတွက် အသင့်ဖြစ်ထားပြီးဖြစ် လိမ့်မည်။ သခင်ဘုရားသည် မြေကြီးပေါ်သို့ မိုးတိမ်နှင့်ရေကိုသာပေးသည် မဟုတ်၊ တင့်တယ်လှပ၍ ရွှင်လန်းသောနေရောင်ခြည်ကိုပါပေးခြင်းအားဖြင့် သစ်စေ့ကလေးများကို အပင်ပေါက်စေလျက် ပန်းပွင့်ကလေးများကိုလည်း ပွင့်လာစေသည်ကို သတိပြုပါ။ သားသမီးတို့အား အပြစ်ကိုဖော်ပြဆုံးမ သွန်သင်ပေးခြင်းပြုသည်သာမက မေတ္တာကရုဏာရှေ့ထား၍ အားပေး ချီးမွမ်းပါ။AH1Burm 6.4

    ရှိပိုင် သင်တို့၏အိမ်ထောင်များတွင် စိတ်ဝမ်းကွဲမှုမရှိစေရာ။ အထက်မှ သက်ရောက်သောပညာမူကား ရှေးဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး အသင့် စောင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်းပြည့်စုံ၏။ လျစ်လျူရှု သောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။ အသင့်အတင့်နေစေခြင်းငှာ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၌ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ၏။ ကျွန်ုပ်တို့၏အိမ်ထောင်များအတွက် အသင့်အတင့်နေထိုင် ခြင်းနှင့်ငြိမ်သက်ခြင်းရှိရန် ကျွန်ုပ်တို့အနေနှင့် အလိုရှိကြသည်။AH1Burm 7.1

    ချည်နှောင်တတ်သည့် သိမ်မွေ့သောနှောင်ကြိုး - အိမ်ထောင် ရေးဆိုင်ရာနှောင်ကြိုးသည် အရင်းနှီးဆုံး၊ အသိမ်မွေ့ဆုံးနှင့်အသန့်ရှင်းဆုံး ဖြစ်သည်။ ယင်းနှောင်ကြိုးကို လူသားတို့အတွက် မင်္ဂလာတစ်ရပ်အနေဖြင့် ရပ်တည်စေရန် ရည်စူးထားတော်မူသည်။ ထိမ်းမြားမင်္ဂလာပဋိညာဉ်ကို ဉာဏ် ပညာအမြော်အမြင်ရှိစွာဖြင့်လည်းကောင်း၊ ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေ သောစိတ်ဖြင့်လည်းကောင်း၊ ယင်း၏တာဝန်ဝတ္တရားများကို အသိစိတ်ဓာတ်ဖြင့် လည်းကောင်းပြုလုပ်လျှင် ဝမ်းမြောက်ဖွယ်ကောင်းသော အကျိုးကျေးဇူးတစ်ရပ် ဖြစ်ပေသည်။AH1Burm 7.2

    အိမ်ထောင်တိုင်းသည် ချစ်ခြင်းမေတ္တာထွန်းကားသောနေရာ၊ ဘုရား သခင်၏ကောင်းကင်တမန်များစံပျော်ရာအရပ်ဖြစ်လျက် မိဘတို့နှင့်သားသမီး များတို့၏စိတ်နှလုံးများကို နူးညံ့သိမ်မွေ့၍ အောင်မြင်နိုင်နင်းသောဩဇာ သက်ရောက်မှုဖြင့် ပြုပြင်ပေးသောနေရာဖြစ်သင့်ပေသည်။AH1Burm 8.1

    ကျွန်ုပ်တို့၏အိမ်ထောင်များကို ဗေသလအရပ်ဖြစ်စေရန်လည်း ကောင်း၊ ကျွန်ုပ်တို့၏စိတ်နှလုံးကိုးကွယ်ရာအရပ်ဖြစ်စေရန်လည်းကောင်း ဆောင်ရွက်ရမည်။ ဘုရားသခင်၏မေတ္တာတော်မွေးမြူသိုလှောင်ထားသော စိတ်နှလုံးတွင်ငြိမ်သက်ခြင်း၊ အလင်းနှင့်ဝမ်းမြောက်ခြင်းတည်းဟူသော မင်္ဂလာများကြီးထွားရင့်သန်လာမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အိမ်သူအိမ်သားများရှေ့တွင် မေတ္တာဖြင့်ချပြ၍ “ဘုရားသခင်သည် ဘယ်ကဲ့သို့ မိန့်မြွက်ထားတော်မူသနည်း” ဟူသော မေးခွန်းကိုမေးပါ။AH1Burm 8.2

    ခရစ်တော်ရှိလျှင်အိမ်သာယာ၏ - မေတ္တာကရုဏာနှင့်သိမ်မွေ့ခြင်း တို့ဖြင့်ပြည့်ဝ၍ သာယာသောအိမ်ထောင်သို့ ကောင်းကင်တမန်များဝင်ရောက် လည်ပတ်ရန် နှစ်သက်ကြ၏။ ဘုရားသခင်၏ဘုန်းတော်ကိုလည်း ထင်ရှား စေ၏။ သားသမီးများအသက်အရွယ်ငယ်စဉ်အချိန်ကာလတွင် သတိဝီရိယ ဖြင့် အုပ်ထိန်းသောခရစ်ယာန်အိမ်ထောင်၌ တရားလက်လွတ်ဖြစ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၏ဘေးအန္တရာယ်မှ ဧကန်မုချအကွယ်အကာ ရရှိမည် ဖြစ်ပါသည်။ ထိုကဲ့သို့သောအိမ်ထောင်၏သားသမီးတို့သည် မိမိတို့၏မိဘ များကိုသာမက ကောင်းကင်ဘုံရှိခမည်းတော်ဘုရားသခင်ကိုပါ ဦးညွှတ် မြတ်နိုးကြလိမ့်မည်။AH1Burm 8.3

    လောက၏ညစ်ညမ်းသောသြဇာသက်ရောက်မှုတို့သည် သားသမီး တို့အား ထိခိုက်မှုမရှိစေရန် သူတို့နှင့်လောကစပ်ကြားတွင် ခိုင်မာတောင့်တင်း သောအကာအဆီးကို ယင်းတို့ငယ်စဉ်အရွယ်မှစ၍ ဆောက်တည်ထားရန် လိုအပ်ပေသည်။AH1Burm 8.4

    ခရစ်ယာန်များ၏စင်ကြယ်မြင့်မြတ်ကောင်းမွန်ခြင်းတို့ကို ကမ္ဘာ ကြီးအား ခရစ်ယာန်အိမ်ထောင်က ထင်ရှားစွာပြသသင့်ကြပေသည်။ မိဘ တို့သည် သူတို့၏အိမ်ထောင်များကို ကျင့်ဝတ်ဆိုင်ရာဒုစရိုက်နှင့် လုံးဝ ကင်းရှင်းအောင်ဆောင်ရွက်ရန်တာဝန်ရှိကြောင်း သိရှိနားလည်သင့်ကြပေသည်။AH1Burm 9.1

    ဘုရားသခင်အားရိုသေမြတ်နိုးစွာခိုလှုံခြင်းသည် အိမ်ထောင်ကို ပြီးပြည့်စုံစေ၏။ မိဘနှင့်သားသမီးတို့သည် ဘုရားသခင်နှင့်မိတ်သဟာယ ပြုရန် ကိုယ်ကိုပြုပြင်ဆုံးမကြရမည်။ မိမိတို့အနေအထိုင်၊ အကျင့်ဓလေ့များ သည် ဘုရားသခင်ထားရှိတော်မူသော အကြံအစည်နှင့်လိုက်လျောညီထွေ ရမည်။AH1Burm 9.2

    မိသားစုဆက်ဆံရေးသည် သန့်ရှင်းစင်ကြယ်စေရမည်။ ခရစ်ယာန် အိမ်ထောင်များကို တည်ထောင်ခြင်းနှင့်ကြီးကြပ်ခြင်းသည် ဘုရားသခင်၏ အကြံအစည်နှင့်ကိုက်ညီပါက ခရစ်ယာန်အကျင့်စာရိတ္တတည်ဆောက်ရေး အတွက် အံ့ဩဖွယ်သောအထောက်အကူဖြစ်၏။ ဘုရားသခင်တစ်ပါးတည်း သာလျှင် လူသားတို့၏မေတ္တာတရားကို မြင့်မြတ်သန့်စင်စေနိုင်သောကြောင့် မိဘနှင့်သားသမီးတို့သည်ပူးပေါင်းရန် ဘုရားသခင်အား ဝတ်ပြုကိုးကွယ် ရမည်။AH1Burm 9.3

    အိမ်ထောင်သားတိုင်းသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် သခင်ယေရှုဦးဆောင်ခေါ်ရာသို့ လိုက်လျှောက်နိုင်အံ့ငှာ ခရစ်ယာန်အိမ်ထောင် တိုင်း၏ရှေးဦးလှုပ်ရှားမှုလုပ်ငန်းမှာ ယင်းအိမ်ထောင်တွင် ခရစ်တော်၌ရှိသည့် စိတ်သဘောထားမျိုးကို မွေးမြူထားရကြမည်ဖြစ်သည်။AH1Burm 9.4