Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃—ဧဒင်စံပြအိမ်ထောင်

    ဘုရားသခင်ပြင်ဆင်ပေးသောလူသားအတွက်ပထမနေအိမ် - လူသားအတွက် ဘုရားသခင်ပြင်ဆင်ပေးသောပထမနေအိမ်။ ကျွန်ုပ်တို့၏ အစအဦးမိဘနှစ်ပါးအတွက် ဧဒင်အိမ်ကို ဘုရားသခင်ကိုယ်တော်တိုင် ပြင်ဆင်ပေးတော်မူခဲ့၏။ လူသားအနေဖြင့်လိုအပ်သည့် ခပ်သိမ်းသောတန်ဆာ ရှိသမျှကို ဆင်ယင်ခင်းကျင်းပြီးသောအခါ ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့် တညီ တစ်သဏ္ဌာန်တည်းလူကိုဖန်ဆင်းကြစို့” ဟု မိန့်တော်မူ၏။ လင်ကိုယ်တော်ရှင်သည် ဖန်ဆင်းပြီးသောသတ္တဝါအပေါင်းတို့အနက် နောက်ဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်သည့်လူသားကို ဖန်ဆင်းပြီးသောအခါ အလွန်နှစ်သက်တော်မူ၏။ အပြစ်အနာအဆာကင်းစင်သော ကမ္ဘာလောက တွင် စုံလင်သောလူသားကိုနေထိုင်စေရန် အကြံအစည်ရှိတော်မူ၏။ သို့ရာ တွင် လူသည်တစ်ယောက်တည်းနေရန် ဘုရားသခင်အလိုတော်မရှိ။ သို့ဖြစ် ၍ “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်သင့်လျော်သော အထောက်အမကို သူ့အဖို့ငါလုပ်ဦးမည်” ဟု မိန့်တော်မူ၏။AH1Burm 15.1

    ဘုရားသခင်ကိုယ်တော်တိုင် အာဒံအတွက်အတူသွားလာနေထိုင်ရန် သူနှင့်တူသောအထောက်အမကိုပေးတော်မူ၏။ သူနှင့်ရှေ့သွားနောက်လိုက် ညီ၍ တော်သင့်သောအဖော်ဖြစ်သည်သာမက တစ်ဦးအပေါ်တစ်ဦး မေတ္တာ နှင့်ကြင်နာခြင်းရှိသူကိုပေးတော်မူ၏။AH1Burm 15.2

    အာဒံ၏နံဘေးရှိနံရိုးတစ်ချောင်းကိုထုတ်၍ ဧဝကိုဖန်ဆင်းသည့် အရာမှာ ဧဝသည်အိမ်ထောင်ကိုဦးစီး၍ အာဒံအားအုပ်ချုပ်ရန်မဟုတ်ဟု အဓိပ္ပါယ်သက်ရောက်သည်သာမက အာဒံအနေဖြင့်လည်း မိမိထက်နိမ့်ကျ သူမဟုတ်၊ ဂုဏ်ရည်တူသည်ဟုသဘောထား၍ မေတ္တာနှင့်ကာကွယ်စောင့် ရှောက်ရန်ဖြစ်သည်။ အရိုးထဲကအရိုး၊ အသားထဲကအသား၊ လူထဲကလူကို ထုတ်သောကြောင့် ဧဝနှင့်အာဒံတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ် ကြ၏။ ထိုကြောင့် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးခင်တွယ်၍ ချစ်ခင် မြတ်နိုးသည့်အိမ်ထောင်ဖက်ဖြစ်သင့်ပါသည်။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကိုကျွေးမွေးပြုစု တတ်ကြ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရ လိမ့်မည်။AH1Burm 15.3

    အဦးဆုံးထိမ်းမြားမင်္ဂလာကိုဘုရားသခင်ကျင်းပပေးသည် - ကမ္ဘာဦးကအဦးဆုံးသောထိမ်းမြားမင်္ဂလာပွဲကို ဘုရားသခင်ကိုယ်တော်တိုင် ကျင်းပစီရင်တော်မူခဲ့သည်။ ထိုကြောင့် ဤအထုံးအဖွဲ့သည် စကြဝဠာကို ဖန်ဆင်းတော်မူသည့် ဘုရားသခင်ကိုယ်တော်တိုင်အစပြုခဲ့ပါသည်။ ထိမ်းမြား မင်္ဂလာသည် ဂုဏ်သိက္ခာနှင့်ပြည့်စုံ၍ လူသားအားဘုရားသခင်ပထမဆုံး ပေးသောလက်ဆောင်များအနက် တစ်ခုအပါအဝင်ဖြစ်၏။ အာဒံသည် အပြစ်ပြု ပြီးနောက် ဧဒင်ဥယျာဉ်မှထွက်ခဲ့ရသောအခါ မိမိနှင့်အတူပါလာသည့်ထုံးစံ နှစ်ခုအနက် တစ်ခုဖြစ်၏။ ဘုရားသခင်ချမှတ်သော ကျင့်ဝတ်ကျင့်စဉ်များ အတိုင်း လိုက်နာကျင့်သုံးပါက အိမ်ထောင်ပြုခြင်းသည် မင်္ဂလာဖြစ်၏။ မျိုးရိုးကိုသန့်ရှင်းစင်ကြယ်အောင် စောင့်ထိန်းရာရောက်၏။ ပေါင်းသင်းဆက်ဆံ ရေးနှင့်ဆိုင်သော လိုအပ်ချက်များကိုလည်း အထောက်အကူဖြစ်၏။ ကာယ၊ ဉာဏနှင့် အကျင့်စာရိတ္တကိုလည်းမြင့်တင်ပေး၏။AH1Burm 16.1

    ဧဝကိုအာဒံအားပေးတော်မူသော ကိုယ်တော်ရှင်သည် မင်္ဂလာဆောင် ပွဲတစ်ခု၌ ပထမဆုံးနိမိတ်လက္ခဏာပြတော်မူသည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် ဆွေမျိုးပေါက်ဖော်များတို့ မင်္ဂလာဧည့်ခံပွဲခန်းမတွင် တပျော်တပါး စားသောက်နေကြချိန်တွင် ခရစ်တော်သည် အများပရိသတ်အတွက် အမှု တော်စတင်ဆောင်ရွက်တော်မူသည်။ ဤနည်းအားဖြင့် ထိမ်းမြားမင်္ဂလာကို အတည်ပြုတော်မူ၍ ကိုယ်တော်ရှင်ကိုယ်တော်တိုင် တည်ထောင်ထားတော် မူခဲ့သော အထုံးအဖွဲ့ဖြစ်ကြောင်း အသိအမှတ်ပြုတော်မူသည်။AH1Burm 16.2

    ကိုယ်တော်နှင့်ရွေးနုတ်ခြင်းခံရသောသူ တို့၏ ပေါင်းစည်းခြင်း အထိမ်းအမှတ်ဖော်ပြရန် ထိမ်းမြားမင်္ဂလာဆိုင်ရာဆက်သွယ်မှုကို ဂုဏ်ပြု တော်မူသည်။ ကိုယ်တော်ရှင်သည် သတို့သားဖြစ်၍ အသင်းတော်သည် သတို့သမီးဖြစ်သည်။ အသင်းသူအသင်းသားတို့သည် အရွေးခံရသော ပုဂ္ဂိုလ်များဖြစ်၍ ၎င်းတို့အားပြောဆိုသည်မှာ “ငါချစ်သောနှမ၊ သင်သည် အပြစ်တစ်စုံတစ်ခုမျှမရှိ၊ တစ်ကိုယ်လုံးလှပပေ၏။”AH1Burm 17.1

    လိုအင်ဆန္ဒရှိသမျှပြည့်ဝစေမည် - အာဒံ၏လိုအင်ဆန္ဒရှိသမျှသည် သူ၏ပတ်လည်တွင် ဝန်းရံလျက်ရှိခဲ့၏။ သူလိုသမျှပြည့်ဝ၏။ မွန်မြတ်သော ဧဒင်ဥယျာဉ်တွင် အပြစ်ကင်းမဲ့၍ ပျက်စီးခြင်းလက္ခဏာလုံးဝမရှိ။ အပြစ် ကင်းသောဇနီးမောင်နှံနှင့် ဘုရားသခင်၏ကောင်းကင်တမန်များသည် လွတ်လပ် ရင်းနှီးစွာစကားပြောဆိုခဲ့ကြ၏။ ပျော်ရွှင်သောအဆိုသည်များသည် ဝမ်းမြောက် သောသီချင်းများဖြင့် မိမိတို့၏ဖန်ဆင်းရှင်အား လွတ်လပ်စွာချီးမွမ်းထောမနာ ပြုကြ၏။ အာဒံနှင့်ဧဝတို့၏အနီးတစ်ဝိုက်တွင် ယဉ်ပါးသောသားရဲများသည် အန္တရာယ်ကင်းမဲ့စွာသွားလာလှုပ်ရှားကစားမြူးထူးလျက်နေ၍ အာဒံနှင့်ဧဝ တို့၏စကားကိုနာခံ၏။ အာဒံသည် စုံလင်သောလူသားဖြစ်၍ ဖန်ဆင်းရှင် ၏အမြင့်မြတ်ဆုံးသော လက်ရာတစ်ခုဖြစ်သည်။AH1Burm 17.2

    ထိုဇနီးမောင်နှံနှင့်သူတို့၏ဖန်ဆင်းရှင်စပ်ကြားတွင် မှောင်ရိပ်စိုးစဉ်း မျှကြားဝင်ထိုးခြင်းမရှိ။ ဘုရားသခင်အား သူတို့၏ကျေးဇူးရှင်ခမည်းတော် အနေဖြင့်သိကျွမ်း၍ အရာခပ်သိမ်းတို့တွင် သူတို့၏လိုအင်ဆန္ဒသည် ဘုရားသခင်၏အလိုဆန္ဒနှင့်ညီညွတ်ကိုက်ညီလျက်ရှိသည်။ အာဒံ၏စာရိတ္တ တွင် ဘုရားသခင်၏စာရိတ္တတော်ရောင်ပြန်ဟပ်လျက်ရှိသည်။ သဘာဝတရား သည် အရာဝတ္ထုတိုင်းတွင် ကိုယ်တော်ရှင်၏ဘုန်းတော်သည် ဖော်ပြထင်ရှား လျက်ရှိသည်။AH1Burm 17.3

    လူပျော်ရွှင်မှုအတွက်အလုပ်စီမံထားခြင်း - ဘုရားသခင်သည် အလှအပကိုနှစ်သက်တော်မူသည်။ ယင်းသည်မှန်ကန်ကြောင်း ကိုယ်တော်ရှင်၏ လက်တော်ဖြင့် ဖန်ဆင်းထားတော်မူသမျှသောအရာတို့တွင် မမှားယွင်းသော အထောက်အထားကိုပေးထားတော်မူသည်။ ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါး အတွက် ဧဒင်ဥယျာဉ်အရပ်တွင် လှပသောဥယျာဉ်တစ်ခုကို စိုက်ပျိုးထား တော်မူသည်။ အသုံးကျမှုအတွက်နှင့် တန်ဆာဆင်မှုအတွက် မြေကြီးမှ ထည်ဝါခန့်ညားသောသစ်ပင်ကြီးများကို ပေါက်စေတော်မူသည်။ လှပတင့်တယ် ရှုချင်စဖွယ်ဖြစ်၍ အရောင်အမျိုးစုံတို့ဖြင့် ပြည့်စုံဖူးပွင့်သောပန်းပင်များကို လည်းပေါက်စေ၍ ယင်းပန်းပွင့်တို့သည် လေထုကြီးကို ယင်းတို့၏မွှေးကြိုင် သောရနံ့တို့ဖြင့် ထုံသင်းစေပါသည်။ ကိုယ်တော်ရှင်ဖန်ဆင်းထားတော်မူသော အရာများကို ကြည့်ရှုပြုစုရသောလုပ်ငန်းကို လုပ်ကိုင်ရာတွင်လည်းကောင်း၊ ဥယျာဉ်၌ပေါက်နေသောသစ်ပင်များမှ အသီးအနှံများအားဖြင့် မိမိတို့၏ လိုအပ်ချက်များကို ဖြည့်တင်းပေးရာ၌လည်းကောင်း စိတ်ပျော်ရွှင်မှုကိုတွေ့ စေရန် ဘုရားသခင်ကြံရွယ်ထားတော်မူသည်။AH1Burm 18.1

    အာဒံသည် ဧဒင်ဥယျာဉ်ကိုကြည့်ရှုစောင့်ရှောက်ရန် အပ်နှင်းထား တော်မူ၏။ အလုပ်မရှိလျှင်အာဒံသည် ပျော်ရွှင်ခြင်းမရှိနိုင်ကြောင်း ဖန်ဆင်းရှင် သည်သိနှင့်တော်မူသည်။ ဥယျာဉ်၏လှပတင့်တယ်ခြင်းသည် သူ့အား ဟဒယရွှင်မြူးခြင်းပိုပေးနိုင်သော်လည်း လုံလောက်မှုမရှိသေးပေ။ သူအံ့သြ ဖွယ်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် အညောင်းအညာဖြေစေရန် လေ့ကျင့်ခန်းပြုလုပ်ဖို့လုပ်ငန်းလိုအပ်ပါသည်။ အကယ်၍ အလုပ်အကိုင်မရှိ ဘဲနှင့် ပျော်ရွှင်မှုကိုရရှိနိုင်မည်ဆိုပါက လူသည်အပြစ်မပြုမီကပင် အလုပ် အကိုင်လုပ်ရန်တာဝန်ပေးခြင်းကို ခံရသည်မဟုတ်ပါ။ သို့ရာတွင် လူသား အတွက်ပျော်ရွှင်မှုသည် မည်သည့်အရာဖြစ်ကြောင်းကို ဖန်ဆင်းရှင်သိနှင့် တော်မူသည်ဖြစ်၍ သူ့အားဖန်ဆင်းပြီးသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ထား သည့်အလုပ်တာဝန်ကိုလည်း ပေးအပ်တော်မူ၏။ လူသားအားအနာဂတ် ကာလတွင် ဘုန်းအသရေကိုပေးမည်ဟု ဆိုသောကတိတော်နှင့် လူသားသည် မိမိနေ့စဉ်ဝမ်းစာအတွက် ပင်ပန်းကြီးစွာလုပ်ကိုင်ရမည်ဆိုသောပညတ်သည် ဘုရားသခင်၏ပလ္လင်တော်တစ်နေရာတည်းမှချမှတ်သော စီရင်ဆုံးဖြတ်ချက် များဖြစ်ပါသည်။AH1Burm 18.2

    ခရစ်ယာန်အိမ်ထောင်အားဖြင့် ဘုရားသခင်ဂုဏ်ပြုခြင်းခံရပါသည်။ ဘုရားသခင်ကို ခရစ်ယာန်အိမ်ထောင်မှရိုသေကိုင်းရှိုင်းပါသည်။ မိမိတို့ အိမ်ထောင်တွင် ဘုရားသခင်ပထမဦးစားပေး၍ ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်ကြောင်း သားသမီး တို့အားသွန်သင်ဆုံးမသော မိခင်နှင့်ဖခင်တို့သည် ကောင်းကင်တမန်တို့ရှေ့၊ လူတို့ရှေ့၌ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေကြ၏။ ထိုမိသားစုသည် ကိုယ်တော်ရှင်ကိုကြောက်ရွံ့ရိုသေ၍ စည်းကမ်းသေဝပ်ကြ၏။ ဘုရားသခင် ကိုလည်း ပုန်ကန်ခြင်းမပြုကြ။ ထိုကဲ့သို့သောအိမ်ထောင်များ၌ ခရစ်တော် သည် ဧည့်သည်အာဂန္တုမဟုတ်၊ သူတို့၏အိမ်သည် ခရစ်တော်၏နာမကို ခံယူသောကြောင့် ကိုယ်တော်ရှင်၏ဘုန်းတော်ကို ထင်ရှားစေကြ၏။AH1Burm 19.1

    ဘုရားသခင်ကိုလည်းကောင်း၊ သမ္မာကျမ်းစာတော်မြတ်ကိုလည်း ကောင်း၊ ဖန်ဆင်းရှင်ကိုလည်းကောင်း ရိုသေကိုင်းရှိုင်းရန် လမ်းညွှန်ဦးဆောင် လျက် ဘုရားသခင်အား အမြင့်မြတ်ဆုံးနေရာ၌ စိုးစံသောအိမ်ထောင်တွင် ကောင်းကင်တမန်တို့သည် အားရဝမ်းမြောက်ကြ၏။ ယင်းမိသားစုများသည် “ငါတို့ကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်” ဟု ဘုရားသခင်၏ မိန့်တော်မူချက်ကို ခံစားခွင့်ရှိကြလိမ့်မည်။ ယင်းအိမ်ထောင်၌ ဖခင်ဖြစ်သူ သည်လည်း အောင်နိုင်သောစိတ်အားဖြင့် ဘုရားသခင်၏ထံမှပတ္ထနာဆုပန် လျက် နေ့စဉ်မိမိလုပ်ငန်းခွင်သို့သွားလာနိုင်လိမ့်မည်။ ခရစ်တော်ကိန်းဝပ်တော်မူခြင်းကသာလျှင် လူတို့အားပျော်ရွှင်စေ နိုင်သည်။ သာမန်အသက်ရေအားလုံးကို ကောင်းကင်ဆိုင်ရာစပျစ်ရည်အဖြစ်သို့ ခရစ်တော်သည် ပြောင်းလဲပေးနိုင်တော်မူသည်။ ထိုအခါ အိမ်ထောင် ပျော်ရွှင်သာယာဧဒင်ဂေဟာအနေဖြင့် ရပ်တည်နေနိုင်သည်။ အိမ်ထောင်သား များမှာမူကား၊ ကောင်းကင်ဆိုင်ရာအိမ်ထောင်သားတို့၏လှပသောအထိမ်းအမှတ် အနေဖြင့် ရပ်တည်နေလိမ့်မည်။AH1Burm 19.2