Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၉)—အိမ်ထောင်ကိုစုစည်းသူဖခင်

    အခန်း ၃၄—ဖခင်၏ ရာထူးနှင့်တာဝန်များ

    ခင်ပွန်း၏စစ်မှန်သောအဓိပ္ပါယ် - အိမ်ထောင်သည် ဘုရားသခင် ၏ဖွဲ့စည်းတည်ထောင်ပေးခဲ့တော်မူသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဖခင်၊ မိခင်နှင့်သားသမီးများပါဝင်သော မိသားစုအသိုက်အဝန်းသည် ဤကမ္ဘာ မြေကြီးပေါ်တွင် ခိုင်မြဲတည်ကြည်သော အဖွဲ့အစည်းအနေဖြင့်ရပ်တည်စေရန် ဘုရားသခင်သည် ကြံရွယ်ထားခဲ့တော်မူသည်။AH1Burm 275.1

    အိမ်ထောင်၏ပျော်ရွှင်မှုအတွက် ဆောင်ရွက်ခြင်းသည် မိခင်တစ်ဦး တည်းပေါ်၌ တည်သည်မဟုတ်ပေ။ ဖခင်များအနေဖြင့် ပါဝင်ဆောင်ရွက် ရမည့်ကဏ္ဍရှိသည်။ ခင်ပွန်းသည် အိမ်ထောင်၏ရတနာများကိုစုစည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ အိမ်ထောင်၏ရတနာများတွင်ပါဝင်သော ဇနီးနှင့်သားသမီး တို့ကို သူ၏ခိုင်မာတည်မြဲသစ္စာနှင့်ပြည့်ဝသော မေတ္တာနှောင်ကြိုးဖြင့် အခိုင်မာဆုံးအခြေအနေတွင် စုစည်းထားရသောပုဂ္ဂိုလ်ဖြစ်သည်။AH1Burm 275.2

    အင်္ဂလိပ်ဘာသာအားဖြင့် ခင်ပွန်းကို “ဟောက်စ်ဘင်း” ဟုလည်း အဓိပ္ပါယ်ပေါ်လွင်သော “ဟတ်စ်ဘင်းဒ်” (ခင်ပွန်း) အနေဖြင့် စုစည်း ရမည့်တာဝန်ကိုသိရှိနားလည်သော ဖခင်တို့သည်နည်းပါးလှသည်။AH1Burm 275.3

    အိမ်ထောင်ဦးစီး - ခင်ပွန်းလည်းဖြစ်၍ ဖခင်လည်းဖြစ်သော ပုဂ္ဂိုလ်သည် အိမ်ထောင်ဦးစီးဖြစ်သည်။ ဇနီးအနေဖြင့် သားသမီးတို့အား သွန်သင်ဆုံးမနည်းပေးလမ်းပြပြုလုပ်ရာတွင် ဖခင်၏မေတ္တာကို ကိုယ်ချင်း စာနာခြင်းနှင့်ကူညီခြင်းတို့ကို မျှော်လင့်သည်။ ယင်းကဲ့သို့မျှော်လင့်ခြင်းသည် နည်းမှန်လမ်းမှန်ဖြစ်သည်။ သားသမီးများကို မိခင်ပိုင်ဆိုင်သကဲ့သို့ ဖခင် လည်းပိုင်ဆိုင်သည်။ ဖခင်အနေဖြင့်မိခင်ကဲ့သို့ သားသမီးတို့၏ကောင်းစား ရေးကိုလိုလားသည်။ ထောက်ပံ့ခြင်းနှင့်လမ်းပြပို့ဆောင်ရန်အတွက် သားသမီး များက ဖခင်ကိုအားကိုးကြသည်။ ဘဝအသက်တာနှင့်ပတ်သက်၍ လည်းကောင်း၊ သူ၏အိမ်ထောင်အားပတ်ရစ်ထားသင့်သော သြဇာသက်ရောက် မှုများနှင့် ပေါင်းသင်းဆက်ဆံမှုတို့နှင့်ပတ်သက်၍လည်းကောင်း ဖခင်သည် မှန်ကန်သောရှုထောင့်မှတွေ့မြင်ရန် လိုအပ်သည်။ ခပ်သိမ်းသောအရာထက် သူ့သားသမီးတို့အား မှန်ကန်သောလမ်းထဲသို့ပို့ဆောင်ပေးနိုင်ရန် သူသည် ဘုရားသခင်အားချစ်ကြောက်ရိုသေသော စိတ်၏လွှမ်းမိုးထိန်းချုပ်မှုကိုထား ရှိရန် လိုအပ်ပေသည်။AH1Burm 275.4

    အိမ်ထောင်သည် သာယာပျော်ရွှင်သောအိမ်ထောင်ဖြစ်စေရန်ပြုလုပ် ရာတွင် ဖခင်အနေဖြင့် သူနှင့်ဆိုင်သောကဏ္ဍကို ဆောင်ရွက်သင့်ပေသည်။ ဘယ်ကဲ့သို့သောစိုးရိမ်မှုများနှင့် လုပ်ငန်းဆိုင်ရာရှုပ်ထွေးပွေလီမှုများရှိသော် လည်း ယင်းတို့ကိုသူတို့အိမ်ထောင်အပေါ် လောင်းရိပ်ထိုးနေခွင့်မပေးသင့် ပေ။ အလုပ်ခွင်မှအိမ်သို့ပြန်လာသောအခါ ပြုံးရွှင်သောမျက်နှာထားနှင့် သာယာကြည်နူးဖွယ်သောအပြောအဆိုများဖြင့် အိမ်အမိုးအောက်သို့ဝင်လာ သင့်ပေသည်။AH1Burm 276.1

    ဥပဒေပြုစုသူနှင့် ယဇ်ပုရောဟိတ် - အိမ်ထောင်တွင် မိသားစု အားလုံးတို့သည် ဖခင်ကိုဗဟိုပြုထားကြသည်။ သူသည် ဥပဒေပြုစုသူဖြစ်၍ သူ့ယောက်ျားပီသသောကိုယ်နေဟန်ထားအားဖြင့် ကျင့်ကောင်းသီလများ၊ အားအင်ရှိခြင်း၊ ရိုးသားဖြောင့်မှန်ခြင်း၊ သည်းခံခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ လုံ့လဝီရိယရှိခြင်းနှင့်လက်တွေ့ အသုံးကျမှုတို့တွင် လက်တွေ့ ပုံစံနမူနာဖြစ် ရမည်။ တစ်နည်းကား၊ ဖခင်သည် အိမ်ထောင်၏ယဇ်ပုရောဟိတ်ဖြစ်၍ နံနက်နှင့်ညဉ့်ဦးဆိုင်ရာယဇ်များ (ဘုရားဝတ်ပြုခြင်းများ) ကို ဘုရားသခင် ပလ္လင်တော်ပေါ်တွင်ပြုလုပ်ရမည်။ ယဇ်ပူဇော်ခြင်းတွင် ဇနီးနှင့်သားသမီးများ တို့ပါဝင်ဆောင်ရွက်ကြရန် အားပေးစကားပြောကြားလျက် ကိုယ်တော်ရှင်၏ ဂုဏ်တော်ကိုချီးကျူးသော ဓမ္မသီချင်းများသီဆိုရာ၌လည်း ပါဝင်ဆောင်ရွက် ရကြမည်။ နံနက်နှင့်ညဉ့်ဦးယံအချိန်တွင် အိမ်ထောင်၏ယဇ်ပုရောဟိတ် အနေဖြင့် ဖခင်ဖြစ်သူသည် တစ်နေ့တာအတွင်း သူကိုယ်တိုင်နှင့်သားသမီး များကျူးလွန်ခဲ့သောအပြစ်များအတွက် ဘုရားသခင်ထံဝန်ချတောင်းပန်ရမည်။ သူသိရှိသောအပြစ်များနှင့် ဘုရားသခင်တစ်ပါးတည်းသာတွေ့မြင်သော လျှို့ဝှက်စွာကျူးလွန်ခဲ့သောအပြစ်များကို ဝန်ချတောင်းပန်ရမည်။ ဖခင် ဖြစ်သူသည် အိမ်ထောင်၌ရှိသောအခါ ဖခင်ကလည်းကောင်း၊ အိမ်၌မရှိ သောအခါမိခင်ကလည်းကောင်း ဤအပြစ်ဝန်ချတောင်းပန်သောအလုပ်ကို မပျက်မကွက်ဆောင်ရွက်လျှင် အိမ်ထောင်အနေဖြင့် ကောင်းချီးမင်္ဂလာများ ခံစားရမည်။AH1Burm 276.2

    သူ့အိမ်ထောင်၌ဖခင်သည် ဥပဒေပြုစုတော်မူသောအရှင်ဘုရားသခင် ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ကရုဏာတော်နှင့်ပြည့်ဝသော ရည်စူး ချက်များကို အကောင်အထည်ဖော်ပေးခြင်း၊ သားသမီးတို့၏မှန်ကန်သော အခြေခံကျင့်ဝတ်များကိုတည်ဆောက်ပေးခြင်း၊ သားသမီးတို့အား ဖြောင့်မတ် ဖြူစင်သောစာရိတ္တများကိုတည်ဆောက်ပေးခြင်း စသောကိစ္စများကိုဆောင်ရွက် ရာတွင် ဖခင်သည် ဘုရားသခင်နှင့်လက်တွဲ၍ ဆောင်ရွက်ရသည်။ ယင်းသို့ ဆောင်ရွက်ပေးခြင်းအားဖြင့် သားသမီးတို့သည် လောကဆိုင်ရာမိဘများကို သာမက သူတို့၏ကောင်းကင်ဘုံမှအဖဘုရားသခင်ကိုလည်း နားထောင် သောစိတ်သဘောထားကို သွတ်သွင်းထားပြီးဖြစ်လိမ့်မည်။AH1Burm 277.1

    ဖခင်သည် သူ့အားအပ်နှံထားသည့် သန့်ရှင်းသောလုပ်ငန်းအပေါ် သစ္စာမဖောက်ရ။ သူ့မိဘတို့ဆိုင်ရာသြဇာအာဏာကို ဘယ်အခါမျှမစွန့် လွှတ်ရ။AH1Burm 277.2

    ဘုရားသခင်နှင့်အတူလမ်းလျှောက်ခြင်း - ဖခင်သည် လက်ရှိ ယုံကြည်ခြင်းကိုကျင့်သုံးခြင်းအားဖြင့် သူ့သားသမီးများအား ဘုရားသခင် ၏ရာဇပလ္လင်တော်နှင့်ချည်နှောင်ထားရမည်။ သူ့ခွန်အားကိုအားမကိုးဘဲ သူ့မစမဲ့ဝိညာဉ်ကို ယေရှုအားအပ်နှံ၍ အမြင့်ဆုံးသောဘုရားသခင်၏ခွန်အား တော်ကို ကိုင်ဆွဲရသည်။ ညီအစ်ကိုမောင်နှမတို့၊ နံနက်အချိန်၊ ညဉ့်ဦး အချိန်တို့၌ သင်တို့၏အိမ်ထောင်မိသားစုတို့နှင့် ဆုတောင်းပတ္ထနာပြုကြပါ။ ဆိတ်ကွယ်ရာအရပ်တွင် စိတ်ပါကိုယ်ပါဆုတောင်းပါ။ နေ့စဉ်အလုပ်အကိုင် ကိုလုပ်ကိုင်နေစဉ် ဘုရားသခင်ထံဆုတောင်းပါ။ ယင်းကဲ့သို့ပြုလုပ်ခြင်း အားဖြင့် ဧနောက်သည် ဘုရားသခင်နှင့်အတူလျှောက်ခဲ့သည်။ တိတ်ဆိတ် ၍စိတ်ရောကိုယ်ပါပြုသောပတ္ထနာသည် သန့်ရှင်းသောအမွှေးအကြိုင်ကဲ့သို့ ကျေးဇူးပလ္လင်ဆီသို့ တက်ရောက်သွား၍ ဗိမာန်တော်၌ပြသည့်အလား ယင်း ပတ္ထနာကိုဘုရားသခင်သည် လက်ခံတော်မူလိမ့်မည်။ ဤကဲ့သို့ဘုရားသခင် ကိုရှာဖွေသောသူတို့အတွက် လိုအပ်သောအချိန်တွင် ခရစ်တော်သည် မ ကူညီတော်မူမည်။ သူတို့သည်စုံမက်ခြင်းခံရသောကာလတွက် အင်အားနှင့် ပြည့်စုံကြလိမ့်မည်။AH1Burm 277.3

    ရင့်ကျက်သောအတွေ့ အကြုံလိုအပ်ခြင်း - ဖခင်သည် ကလေး သူငယ်ကဲ့သို့ စိတ်လိုက်မာန်ပါမပြုရ။ သူသည် မိသားစုနှင့်သန့်ရှင်းသော နှောင်ကြိုးများအားဖြင့် ချည်နှောင်ထားသည်။AH1Burm 278.1

    အိမ်ထောင်၌ ဘယ်ကဲ့သို့သောဖခင်၏သြဇာသက်ရောက်မှုရှိမည်ကို သူ့အနေဖြင့်မှန်သောဘုရားသခင်တစ်ပါးကိုသိကျွမ်းခြင်းနှင့် ကိုယ်တော်ရှင် စေလွှတ်တော်မူခဲ့သော ယေရှုကိုသိကျွမ်းခြင်းပညာတို့က အဆုံးအဖြတ်ပေး လိမ့်မည်ဖြစ်သည်။ ပေါလုက “ငါသည်သူငယ်ဖြစ်စဉ် သူငယ်ကဲ့သို့ပြော၍ သူငယ်ကဲ့သို့နားလည်၏။ သူငယ်ကဲ့သို့ကြံစည်၏။ သို့ရာတွင် ကြီးရင့် လာသောအခါမူကား၊ သူငယ်၏အရာများကိုပယ်ရှား၏။” ဖခင်သည် အသက် နှင့်မလိုက်အောင်ထွားကြိုင်း၍ စည်းမဲ့ကမ်းမဲ့ဖြစ်သောသားကဲ့သို့မဟုတ်ဘဲ လူကြီးပီသသောစာရိတ္တမျိုးနှင့်ထိန်းချုပ်မှုရှိသော စိတ်ဆန္ဒများရှိသောလူကြီး အနေဖြင့် အိမ်ထောင်ဦးစီးနေရာတွင် ရပ်တည်နေရမည်။ သူသည် မှန်ကန် သောကိုယ်ကျင့်တရားများနှင့် သင်ကြားလေ့လာထားမှုရှိရမည်။ အိမ်ထောင် သည် ဘဝ၌ကျင်လည်နေရသောအချိန်တွင် သူသည် ဘုရားသခင်နှုတ်ကပတ် တော်၏စင်ကြယ်သော အခြေခံကျင့်ဝတ်တို့၏လမ်းပြပို့ဆောင်မှုနှင့်ထိန်းချုပ် မှုကိုရရှိရမည်။ ထိုအခါသူသည် ခရစ်တော်ယေရှုရှင်၌ လူ့ယောက်ျား၏ ပြည့်စုံသောအခြေအနေသို့ ကြီးထွားရင့်သန်လာလိမ့်မည်။AH1Burm 278.2

    လိုအင်ဆန္ဒကိုဘုရားသခင်အားအပ်နှံပါ - ခင်ပွန်းလည်းဖြစ်၍ ဖခင်လည်းဖြစ်သောယောက်ျားတစ်ဦးအား ကျွန်ုပ်ပြောဆိုလိုသည်မှာ သင့်အား သန့်ရှင်းမြင့်မြတ်သောအခြေအနေက ဝန်းရံထားပါလေစေ။ သင်သည် နေ့စဉ် ခရစ်တော်အထံတော်မှနည်းခံယူရမည်။ အိမ်ထောင်တွင် ဘယ်အခါမျှရက်စက် ကြမ်းကြုတ်သောအမူအရာကိုမပြပါနှင့်။ ယင်းကဲ့သို့သောအမူအရာကိုပြသော သူသည် စာတန်၏ကိုယ်စားလှယ်တို့နှင့် လက်တွဲဆောင်ရွက်နေသောသူ ဖြစ်သော သင့်စိတ်၏လိုအင်ဆန္ဒကို ဘုရားသခင်၏အလိုတော်သို့အပ်နှံပါ။ သင့်ဇနီး၏ဘဝအသက်တာသည် သာသာယာယာနှင့်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေ စေရန် သင့်အနေဖြင့်အတတ်နိုင်ဆုံးကြိုးပမ်းပါ။ ဘုရားသခင်၏နှုတ်ကပတ် တော်အား သင့်အကြံပေးအရာရှိအဖြစ်နေပါလေစေ။ အိမ်ထောင်တွင်နှုတ်ကပတ် တော်၏သြဇာများကို လိုက်နာကျင့်သုံးပါ။ ထိုအခါ ယင်းသြဝါဒများကို အသင်းတော်တွင်လည်းကျင့်သုံး၍ သင့်အလုပ်ခွင်သို့လည်းယူဆောင်သွား လိမ့်မည်။ ကောင်းကင်၏အခြေခံကျင့်ဝတ်တို့သည် သင်လုပ်ကိုင်သမျှတို့ကို မြင့်မြတ်စေလိမ့်မည်။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် သင်နှင့် လက်တွဲလုပ်ကိုင်၍ ကမ္ဘာကြီးအားခရစ်တော်ကိုဖော်ထုတ်ပြသရာတွင် သင့်ကို မစပါလိမ့်မည်။AH1Burm 279.1

    စိတ်မြန်သောခင်ပွန်းအတွက်သင့်လျော်သောပတ္ထနာ - သင့် အလုပ်ခွင်ဆိုင်ရာစိတ်ရှုပ်ထွေးမှုများအား သင့်အိမ်ထောင်၏ဘဝအသက်တာ ကိုမှောင်ရိပ်လွှမ်းစေရန် ယင်းတို့ကိုအိမ်သို့သယ်ယူမလာပါနှင့်။ သင့်စိတ်ကူး နှင့်အံဝင်ခွင်ကျမဖြစ်သော သေးငယ်သည့်ကိစ္စတစ်ခုခုပေါ်ပေါက်လာသော အခါ သင်သည်သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်းနှင့်ချစ်ခြင်းတို့ကို ပြသရန်ပျက်ကွက်လျှင် ကိုယ်တော်ရှင်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေရန် လည်းကောင်း၊ သင့်အတွက် ကိုယ်တော်၏အသက်တော်ကိုစွန့်သည့်တိုင် အောင်.. သင့်ကိုချစ်သောကိုယ်တော်ရှင်ကို သင်၏အပေါင်းဖော်အနေဖြင့် ရွေးချယ်ခြင်းမပြုခဲ့ကြောင်းကိုလည်းကောင်း သင်ပြသသည်။AH1Burm 279.2

    သင်နေ့စဉ်ဘဝရပ်တည်မှုတွင် သင်သည် ရှောင်တခင်အံ့သြဖွယ် သောအဖြစ်အပျက်များ၊ စိတ်ပျက်ဖွယ်ရာများနှင့်စုံစမ်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ရလိမ့်မည်။ နှုတ်ကပတ်တော်ကဘာပြောထားသနည်း။ ဘုရားသခင် အပေါ်တွင် တည်မြဲစွာအားကိုးခြင်းအားဖြင့် “မာရ်နတ်ကိုဆီးတားလော့။ သို့ပြုလျှင် သူသည်သင့်ထံမှထွက်ပြေးသွားလိမ့်မည်။” “ဘုရားသခင်၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။” “ငါ၏အစွမ်းသတ္တိ ကိုကိုးစား၍ ငါနှင့်မိတ်သဟာယဖွဲ့ကြစေ။ ငါနှင့်မိတ်သဟာယဖွဲ့ကြစေ သော။” ခပ်သိမ်းသောနေရာများတွင် ခပ်သိမ်းသောအချိန်တို့၌ ယေရှုရှင်ကို အာရုံပြုလျက် ကိုယ်တော်ရှင်၏အလိုတော်ကို ဘယ်ကဲ့သို့ဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုသိရှိရန် စေတနာသန့်သန့်ဖြင့် အသံတိတ်ပတ္ထနာပြုပါ။ ထိုအခါသူသည် ဒီရေအလား အဟုန်ဖြင့်ချဉ်းကပ်တိုးဝင်သောအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်ကိုအောင်လံတော်ဖြင့် ရန်သူထံမှ ကာကွယ်ပေးတော်မူမည်။ သင်၏အခြေအနေသည် လက်မြှောက်ရတော့ မလောက်ဆိုးရွားနေလျှင်ဖြစ်စေ၊ သည်းခံခြင်းနှင့်ကိုယ်ကိုချုပ်ထိန်းမှုတို့ ပျောက်ကွယ်မတတ်ဖြစ်နေသောအခါဖြစ်စေ၊ ခက်ခဲခြင်းနှင့်ပြစ်တင်ပြောဆို ခံရသောအခါမျိုးဖြစ်စေ၊ ကြုံကြိုက်လာလျှင် သင်တို့ပြုရမည့်ပတ္ထနာမှာ “အို၊ ထာဝရအရှင်ဘုရားသခင်၊ စုံစမ်းသွေးဆောင်ခြင်းကိုတားဆီးထားရန်လည်း ကောင်း၊ အကျွန်ုပ်၏နှလုံးသားထဲမှ မကောင်းသောစိတ်ထားနှင့်အမျက် ဒေါသရှိသမျှတို့နှင့် သူတစ်ပါးအတင်းပြောဆိုခြင်းများကို ဖယ်ရှားပစ်ရန် လည်းကောင်း၊ အကျွန်ုပ်တို့ကိုမစသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏ နူးညံ့သိမ်မွေ့ခြင်း၊ ကိုယ်တော်ရှင်၏နှိမ့်ချခြင်း၊ ကိုယ်တော်ရှင်၏စိတ်ရှည် ခြင်းနှင့်ချစ်ခြင်းမေတ္တာကို အကျွန်ုပ်တို့အားမစသနားတော်မူပါ။ အကျွန်ုပ်၏ ကယ်တင်ရှင်ဂုဏ်သိက္ခာကိုကျစေရန်လည်းကောင်း၊ အကျွန်ုပ်၏ဇနီး၊ သားသမီး များနှင့်ယုံကြည်ခြင်း၌ အကျွန်ုပ်၏မောင်နှများတို့၏အပြောအဆိုနှင့်ရည်စူး ချက်များကို အထင်မှားအမြင်မှားစေရန်လည်းကောင်း အကျွန်ုပ်အားထားရစ် တော်မမူပါနှင့်။ အကျွနု်ပ်၌ကြင်နာသောစိတ်၊ သနားတတ်သောစိတ်၊ သိမ်မွေ့ သောစိတ်နှင့်ခွင့်လွှတ်တတ်သောသဘောတို့ကို သွတ်သွင်းထားရှိတော်မူပါ။ အကျွန်ုပ်၏အိမ်ထောင်တွင် အကျွန်ုပ်သည် အိမ်ထောင်ကိုအမှန်မုချစုစည်း သောသူဖြစ်စေတော်မူ၍ အခြားသောသူတို့အား ခရစ်တော်၏စာရိတ္တတော်ကို ကိုယ်စားပြုသူဖြစ်စေတော်မူပါ။”AH1Burm 280.1

    သြဇာအာဏာကိုနှိမ့်ချသောသဘောနှင့်အသုံးပြုပါ - ခင်ပွန်း ဖြစ်သောသူက သူသည်အိမ်ထောင်ဦးစီးဖြစ်ကြောင်းကို ဂုဏ်ယူ၍ပြောဆို နေခြင်းသည် သူယောက်ျားပီသသောဂုဏ်ဒြပ်၏အထောက်အထားမဟုတ် ပေ။ သူ၌သြဇာအာဏာရှိသည်ဟု အခိုင်အမာပြောဆိုခြင်းအတွက် အထောက် အထားအနေဖြင့် ကျမ်းချက်များကိုရွတ်ဆိုပြခြင်းက သူ့အားရိုသေလေးစား မှုကို ပိုမိုတိုးတက်စေသည်မဟုတ်ပေ။ သူ့စီမံကိန်းများသည် မှားယွင်းမှု မရှိသည့်အလား သူ့ဇနီးအား ယင်းတို့ကိုအကောင်အထည်ဖော်စေခြင်းအား ဖြင့် သူ့အားပိုမိုယောက်ျားပီသစေသည်မဟုတ်ပေ။ မိန်းမ၏ ဦးခေါင်းအနေ ဖြင့် ခင်ပွန်းကိုထားရှိတော်မူသည်မှာ သူမအားကာကွယ်စောင့်ထိန်းစေရန် ဖြစ်သည်။ ခရစ်တော်သည် အသင်းတော်၏ဦးခေါင်းလည်းဖြစ်၍ ကိုယ်ခန္ဓာ ၏ကယ်တင်ရှင်ဖြစ်သကဲ့သို့ သူသည်မိသားစုတို့အားစုစည်း၍ အိမ်ထောင် သားအားလုံးတို့ကို မေတ္တာကြိုးဖြင့်ချည်နှောင်ထားသောသူဖြစ်သည်။ ဘုရားသခင်ကိုချစ်သည်ဟုဆိုကြသော ခင်ပွန်းတိုင်းသည် သူ့ရာထူး၌ ဘုရားသခင်ဆောင်ရွက်စေလိုတော်မူသောတာဝန်များကို သေချာစွာလေ့လာ ပါ။ ခရစ်တော်ပေးထားတော်မူသောအလိုတော်၏အာဏာတော်ကို ဉာဏ် ပညာရှိစွာဖြင့်လည်းကောင်း၊ ကြင်နာစွာဖြင့်လည်းကောင်း၊ နူးညံ့သိမ်မွေ့ ခြင်းတို့ဖြင့်လည်းကောင်း ကျင့်သုံးတော်မူခဲ့သည်။ ထိုနည်းတူစွာ၊ ခင်ပွန်း ဖြစ်သူသည် သူ့အခွင့်အာဏာကိုအသုံးပြုသောအခါ အသင်းတော်၏ဦးခေါင်း ကြီးဖြစ်သော ခရစ်တော်သည် ယေရှုရှင်၏နည်းနာများကို အတုယူကျင့်သုံး ပါလေစေ။AH1Burm 281.1