Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၁—မေတ္တာအားဖြင့်လုံခြုံမှုရယူခြင်း

    မေတ္တာအရင်းခံသောဆောင်ရွက်မှုစွမ်းရည် - မေတ္တာပြုပြင်၍ အံ့သြဖွယ်ကောင်းသောစွမ်းရည်ရှိသည်။ ယင်းမေတ္တာသည် ဘုရားသခင် အထံတော်မှဆင်းသက်လာသောကြောင့်ဖြစ်သည်။ “ဒေါသကိုငြိမ်းစေတတ် သော” ဖြည်းညင်းစွာပြန်၍ပြောခြင်း၊ “စိတ်ရှည်တတ်၍” “ကျေးဇူးပြုတတ် သော” မေတ္တာ၊ “ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်သော” ချစ်ခြင်း၊ ယင်း အရည်အသွေးမျိုးတို့သည် ကျွန်ုပ်တို့၌ရှိလျှင် ကျွန်ုပ်တို့၏ဘဝအသက်တာ မျိုးသည် သူတစ်ပါးတို့၏ဝေဒနာဒုက္ခတို့ကို ကုသပေးနိုင်သောစွမ်းရည်ဖြင့် ပြည့်စုံကြမည်မဟုတ်ပါလား။ ဘဝအသက်တာသည်ပြောင်းလဲ၍ ကမ္ဘာ မြေကြီးသည် ကောင်းကင်၏အသွင်ကိုဆောင်၍ ကောင်းကင်၏အရသာကို ကြိုတင်မြည်းစမ်းသောဘဝတွင် ရပ်တည်နေကြမည်မဟုတ်ပါလား။AH1Burm 252.1

    ဤဘဝအဖိုးထိုက်အဖိုးတန်ဖြစ်သောသင်ခန်းစာများ (သို့မဟုတ်) အရည်အသွေးများကို ငယ်ရွယ်သောကလေးများနားလည်နိုင်လောက်အောင် အလွယ်ဆုံးနည်းဖြင့် သင်ကြားပေးနိုင်သည်။ ကလေးများ၏နှလုံးသားသည် နုနယ်သည်။ ကျွန်ုပ်တို့သည် “သူငယ်ကဲ့သို့ဖြစ်လျှင်” ကယ်တင်ရှင်၏ ရိုးသားခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့်ချစ်ကြင်နာသောသင်ခန်းစာများကို သင်ကြားလေ့လာကြပါလျှင် ကလေးများတို့၏နှလုံးသားများတို့ထိရန်လည်း ကောင်း၊ မေတ္တာအရင်းခံသောကြိုးစားကုသမှုမျိုးကိုဆောင်ရွက်ဖို့ သင်ကြား ပို့ချပေးရန်လည်းကောင်း ကျွန်ုပ်တို့အနေဖြင့် အခက်အခဲကိုရင်ဆိုင်ရန် အကြောင်းမရှိပေ။AH1Burm 252.2

    လောကရှုထောင့်မှကြည့်လျှင် ငွေသည်အင်အားဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်ရှုထောင့်မှကြည့်လျှင် မေတ္တာသည်အင်အားဖြစ်သည်။ ဤအခြေခံ သဘောတရားတွင် ဥာဏဗလနှင့်ဝိဉာဏဗလတို့ အကျုံးဝင်နေသည်။ စင်ကြယ်သောမေတ္တာသည် ကောင်းမှုပြုရန် အထူးအာနိသင်ရှိ၍ ကောင်းမှ မှအပ အခြားမည်သည့်အရာကိုမျှမပြုပေ။ ယင်းသည် စိတ်ဝမ်းကွဲခြင်းနှင့် ဒုက္ခကိုတားဆီး၍ စစ်မှန်ဆုံးဖြစ်သောပျော်ရွှင်မှုကို ယူဆောင်လာသည်။ ချမ်းသာကြွယ်ဝခြင်းဆိုသည်မှာ ညစ်ညမ်းစေရန်နှင့်ဖျက်ဆီးရန် သြဇာ ညောင်းသောအခြေအနေဖြင့် ရပ်တည်တတ်သည်။ အင်အားသည်ထိခိုက် ကြင်နာမှုကိုပြုရန်သန်စွမ်းသည်။ သို့ရာတွင် အမှန်တရားနှင့်ကောင်းမြတ် ခြင်းတို့သည် စင်ကြယ်သောမေတ္တာ၏သတ္တိများဖြစ်သည်။AH1Burm 252.3

    မေတ္တာသည်ပျိုးထောင်ပြုစုပေးရမည့်အပင်ငယ်ဖြစ်သည် - အိမ်ဂေဟာသည် အစင်ကြယ်ဆုံးနှင့်ထိပ်တန်းအကျဆုံးမေတ္တာ၏ဗဟိုမဏ္ဍိုင် ဖြစ်ရမည်။ ငြိမ်သက်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ချစ်ခြင်းနှင့်ပျော်ရွှင်ခြင်း တို့ကို နေ့စဉ်ဇွဲလုံ့လဖြင့် ထိန်းသိမ်းထားရမည်။ အိမ်ထောင်သားတိုင်း၏ စိတ်နှလုံးသားများထဲတွင် ယင်းတန်ဖိုးရှိလှသောအရည်အသွေးများ အမြစ် စွဲနေသည်တိုင်အောင် ယင်းတို့ကိုထိန်းသိမ်းထားရမည်။ မေတ္တာအပင်ငယ် ကိုသတိဝီရိယရှိစွာဖြင့် ပျိုးထောင်ပြုစုပေးရမည်။ သို့မဟုတ်လျှင် ယင်းသည် ခြောက်သွေ့ပျက်စီးသွားမည်။. ကောင်းမွန်သောအခြေခံကျင့်ဝတ်တိုင်းကို နှလုံးထဲတွင်ကြီးထွားရင့်သန်လာစေလိုလျှင် ယင်းကိုပြုစုထိန်းသိမ်းထားရမည်။ မနာလိုငြူစူခြင်း၊ မကောင်းမှုဒုစရိုက်ကိုတွေးတောကြံစည်ခြင်း၊ ညစ်ညမ်း ဆိုးယုတ်သောစကားပြောဆိုခြင်း၊ သည်းခံစိတ်ကင်းမဲ့ခြင်း၊ အာဃာတစိတ် မွေးမြူခြင်း၊ အတ္တစိတ်ထားရှိခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းတပ်မက်ခြင်းနှင့် ဝါကြွားခြင်းမှစသော စာတန်စိုက်ပျိုးထားသောအပင်ငယ်များကို စိတ်နှလုံး သားများထဲမှ အမြစ်မှနေ၍ဆွဲနုတ်ပစ်ရမည်။ ယင်းမကောင်းမှုဒုစရိုက်များကို နှလုံးသားထဲတွင်ရပ်တည်ခွင့်ပြုထားလျှင် ကာယကံရှင်တို့၏ပျက်စီးရာပျက်စီး ကြောင်း ဖန်တီးပေးသောအသီးများ ယင်းတို့မှသီးပွင့်လာကြလိမ့်မည်။ မေတ္တာ ၏တန်ဖိုးထိုက်တန်လှသောအသီးများကိုသတ်ပစ်၍ စိတ်ဝိညာဉ်ကိုညစ်ညူး စေသော အဆိပ်ပင်များကိုမွေးမြူကြသော သူတို့၏ဦးရေသည် မြားမြောင် လှပါသည်တကား။AH1Burm 253.1

    သင်ကိုယ်တိုင်ကလေးသူငယ်ဘဝကိုသတိရပါ - သင်တို့ ကိုယ်တိုင်၏ကလေးသူငယ်ဘဝကိုမေ့လျော့လျက် သူတို့ကိုကြမ်းကြမ်းတမ်း တမ်းမဆက်ဆံကြပါနှင့်။ သူတို့သည် လုံးဝအပြစ်ကင်းသောသူများဖြစ်လိမ့် မည်ဟု မမျှော်လင့်ပါနှင့်။ သို့တည်းမဟုတ် သူတို့အား သူတို့၏ငယ်ရွယ် ချိန်၌ပင်လျှင် လူကြီးဘဝသို့ချက်ချင်းမြှင့်တင်ပေးရန် မကြိုးပမ်းပါလေနှင့်။ ယင်းကဲ့သို့ပြုလုပ်ပေးခြင်းအားဖြင့် သူတို့ထံသို့ချဉ်းကပ်ရန် အခြားနည်းလမ်း အားဖြင့် မရရှိနိုင်သောနည်းလမ်းကိုပိတ်ဆို့၍ သူတို့ရင်ဆိုင်ရမည့်အန္တရာယ် ကို သင်တို့အနေဖြင့်မသိရှိမီ အန္တရာယ်များသောသြဇာသက်ရောက်မှုများ ဝင်ရောက်စေရန်လည်းကောင်း၊ သူတို့၏နုနယ်သောစိတ်များကို အဆိပ် အတောက်ဖြစ်စေရန်လည်းကောင်း အခြားသောသူတို့အား အခွင့်အရေးပေး ပြီးဖြစ်လိမ့်မည်။AH1Burm 254.1

    မိဘများသည် သူတို့ကျင်လည်ခဲ့သောကလေးသူငယ်ဘဝကိုလည်း ကောင်း၊ ငယ်ရွယ်သူများအနေဖြင့် ကိုယ်ချင်းစာနာမှုနှင့်ချစ်ခြင်းကို ဘယ်မျှ လောက်မျှော်လင့်တောင့်တခဲ့သည်ကိုလည်းကောင်း၊ ဆူပူကြိမ်းမောင်းခြင်းနှင့် ဆုံးမခြင်းကိုခံရသောအခါ သူတို့ဘယ်မျှလောက်စိတ်မကောင်းဖြစ်မိခဲ့ရသည် ကိုလည်းကောင်း မမေ့အပ်ပေ။ သူတို့၏ခံစားမှုများတွင် နုပျိုနေသင့်၍ သူတို့သားသမီးများ၏လိုအပ်ချက်များကိုလည်း နားလည်မှုရှိသင့်ကြပေ သည်။AH1Burm 254.2

    သားသမီးများသည် နူးညံ့သိမ်မွေ့၍ အားပေးသောစကားများကို လိုအပ်ကြသည်။ သူတို့၏သားသမီးငယ်တို့၏စိတ်နှလုံးများအား အားရရွှင်မြူး ရောင်ခြည်ထူးများပေး၍ သူတို့၏အခက်အခဲများကိုမေ့လျော့စေမည့် ကြင်နာ ၍မေတ္တာဖြင့်ရွှန်းရွှန်းဝေသောစကားများကိုပြောဆိုရန် မိခင်များအတွက် အဘယ်မျှလွယ်ကူဘိသနည်း။AH1Burm 254.3

    မိဘတို့၊ သင်တို့၏သားသမီးများအား မေတ္တာကိုပေးကြလော့။ ငယ်စဉ်တောင်ကျေးကလေးဘဝအစ၌လည်းကောင်း၊ သူငယ်ဘဝ၌လည်း ကောင်း၊ လူငယ်လူရွယ်ဘဝ၌လည်းကောင်း သားသမီးများအားမေတ္တာကို ပေးကြလော့။ သူတို့အားမျက်မှောင်ကြုတ်နေသော မျက်နှာထားမျိုးမဟုတ် ဘဲ သာယာရွှင်မြူးသောမျက်နှာထားမျိုးကို အမြဲတမ်းပြပါလေ။AH1Burm 254.4

    သားသမီးများအားရွှင်ပျသောအခြေအနေမျိုးတွင် ရပ်တည်နေ ပါစေ - ကလေးသူငယ်များသည် စိတ်မချမ်းသာသောအခြေအနေမျိုးကို ရင်ဆိုင်နေရကြသောအခါ သူတို့ကိုသတိဝီရိယဖြင့် စိတ်ချမ်းသာအောင်ရပ်တည် ပေးရမည်။ သားသမီးတို့သည် ကလေးဘဝနှင့်လူကြီးဘဝစပ်ကြားအချိန် ပိုင်းတွင် သူတို့ရရှိသင့်သောဂရုတစိုက်ပြုစုမှုမျိုးကို အများအားဖြင့်မရရှိကြ ပေ။ သားသမီးများကသူတို့သည် အိမ်ထောင်၏တစ်စိတ်တစ်ဒေသဖြစ်သည် ဟူသော စိတ်သဘောထားမျိုးရှိစေရန် လမ်းပြဖို့ဆောင်ပေးနိုင်မည့် မိခင် မျိုးလိုအပ်နေပေသည်။ သားသမီးတို့၏မျှော်လင့်ချက်များ၊ အခက်အခဲများ နှင့်ပတ်သက်၍ မိခင်အနေဖြင့် သူမ၏သားသမီးများနှင့် ညှိနှိုင်းဆွေးနွေး ပါလေစေ။ သူတို့၏သားသမီးများအား သူစိမ်းများထက်ကြည့်ရှုပြုစုမည်ကို မိဘတို့သည် သတိရကြပါစေ။ သားသမီးတို့အား မိခင်၏လမ်းပြပို့ဆောင် မှုအောက်တွင် သာယာပျော်ရွှင်သောအခြေအနေ၌ ထားရှိရကြမည်။AH1Burm 255.1

    အောင်မြင်မှုများရှိစေရန် သင်တို့၏သားသမီးများအား ကူညီမစ ကြပါ။ သူတို့အားမေတ္တာ၏အရိပ်အာဝါသအောက်တွင်ထားရှိပါ။ ဤနည်း အားဖြင့် သင်တို့သည် သူတို့၏ဆုံးမရခက်သောစိတ်နေသဘောထားများကို အောင်မြင်နိုင်နင်းနိုင်မည်ဖြစ်သည်။AH1Burm 255.2

    သားသမီးတို့သည် အစားအစာထက်မေတ္တာလိုအပ်နေချိန်၌ အဝတ် အစားများတွင် ဇာထိုးပန်းချုပ်လုပ်ရန်အတွက်ဖြစ်စေ၊ သူတို့သားသမီးများ ၏အဝတ်အစားများတွင် မလိုအပ်သောမွမ်းမံခြယ်လှယ်မှုများပြုလုပ်ရန်အတွက် ဖြစ်စေ အချိန်ယူဖို့သားသမီးများအား ရှက်ဖွယ်ကောင်းအောင်လျစ်လျူရှု ကြသည်။ သားသမီးများသည်မောပန်း၍ မိဘတို့၏ကြည့်ရှုမှုကိုလိုအပ်နေ ချိန်တွင် သူတို့ကိုလျစ်လျူရှုထားသည်။ (သို့မဟုတ်) စားစရာတစ်ခုခုကို ပေးထားလိုက်သည်။ သူတို့သည် အစားအစာကိုလိုအပ်ခြင်းမရှိသည်သာမက ယင်းကဲ့သို့လျစ်လျူရှုခြင်းခံရခြင်းသည် သူတို့အတွက်အလွန်ကြီးမားသော နစ်နာမှုတစ်ရပ်ဖြစ်သည်။ သူတို့လိုအပ်နေသောအရာသည် မိခင်၏နှစ်သိမ့် ဖွယ်သော ပိုက်ဖက်ထားခြင်းဖြစ်သည်။ သားသမီးများသည် မွေးကင်းစ အရွယ်၊ ကလေးသူငယ်အရွယ်တို့တွင် အထူးလိုအပ်နေသည့် ချစ်ခင်ယုယ သောအပြုအမူမျိုးကို မိဘတိုင်းအချိန်ယူ၍ ဆောင်ရွက်သင့်ကြပေသည်။ ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် မိခင်သည် သားသမီးတို့၏စိတ်နှလုံးများနှင့် သာယာပျော်ရွှင်မှုများ ပေါင်းစည်းချည်နှောင်မှုပြုပြီးဖြစ်လိမ့်မည်။ ဘုရားသခင် သည် ကျွန်ုပ်တို့နှင့်ဆက်သွယ်မှုရှိသကဲ့သို့ မိခင်သည် သားသမီးတို့နှင့် ဆက်သွယ်မှုရှိလိမ့်မည်။AH1Burm 255.3

    သင့်လျော်သောလိုအင်ဆန္ဒများကိုလိုက်လျောခြင်း — မိဘများ အနေဖြင့် သားသမီးများအားချစ်ကြောင်းကိုလည်းကောင်း၊ သူတို့ကောင်းစား ရေးအတွက် သင်တို့သည် လုပ်ကိုင်ဆောင်ရွက်နေရကြောင်းကိုလည်းကောင်း၊ သူတို့၏စိတ်ပျော်ရွှင်သာယာမှုကို သင်တို့အနေဖြင့် ဘယ်မျှလိုလားကြောင်း ကိုလည်းကောင်း၊ သူတို့အားကောင်းကျိုးပြုမည့်အရာကိုသာ သင်တို့ရည်စူး ထားကြောင်းကိုလည်းကောင်း သူတို့သိရှိအောင်ပြုလုပ်သင့်ပေသည်။ မိဘ များအနေဖြင့် သားသမီးတို့၏သင့်လျော်သောလိုအင်ဆန္ဒများကိုလိုက်လျော ရန် လက်မနှေးသင့်ပေ။AH1Burm 256.1

    သားသမီးများကိုအုပ်ထိန်းရာတွင် ဘယ်အခါမျှဒေါသအလျောက် မပြုလုပ်ပါလေနှင့်။ သြဇာအာဏာနှင့်မေတ္တာကို အမြဲတမ်းဒွန်တွဲထားပါ။ ကောင်းမွန်၍နှစ်မြို့ဖွယ်သောစိတ်နေသဘောထားမျိုးကို မွေးမြူထိန်းသိမ်း ထား၍ သားသမီးတို့အား ခရစ်တော်ကိုပြသခြင်းအားဖြင့် မြင့်မားသော ကောင်းမြတ်ခြင်းကို လိုချင်သောဆန္ဒရှိအောင်ပြုပြင်ပေးပါ။ သူတို့အား အန္တရာယ်ပြုမည့်အရာများကို မိဘများအနေဖြင့်ဟန့်တားထားသောအခါ သူတို့အားချစ်ကြောင်းနှင့် သူတို့၏စိတ်ပျော်ရွှင်မှုကိုလိုလားကြောင်းကို သူတို့ တွေ့ရှိသိမြင်ပါလေစေ။ သားသမီးတို့သည် ချစ်ဖွယ်မကောင်းသောအခြေအနေ မျိုးတွင် ပိုမိုကျင်လည်လေလေ၊ မိဘများအနေဖြင့် သူတို့ကိုချစ်ကြောင်း ပြသရန် ပိုမိုကြိုးပမ်းသင့်လေလေဖြစ်ရမည်။ သူတို့၏စိတ်ပျော်ရွှင်မှုအတွက် မိဘတို့ကလိုလားကြောင်းကို သူတို့ယုံကြည်မှုရှိလာလျှင် မေတ္တာသည် ခပ်သိမ်းသောအကာအဆီးများကို ဖြိုလှဲပစ်မည်ဖြစ်သည်။ လူသားတို့နှင့် ဆက်ဆံတော်မူရာတွင် ကယ်တင်ရှင်သည် ယင်းအခြေခံကျင့်စဉ်ကိုအသုံးပြု တော်မူခဲ့သည်။ ယင်းအခြေခံကျင့်စဉ်မျိုးကို အသင်းတော်ထဲသို့ယူဆောင် လာရပေမည်။AH1Burm 256.2

    ချစ်ခြင်းမေတ္တာကိုဖော်ပြရမည် - အချို့သောအိမ်ထောင်များတွင် တစ်ဦးကိုတစ်ဦးက ချစ်ခင်ကြောင်းကိုဖော်ပြခြင်းသည် အလွန်နည်းပါးလှ သည်။ စိတ်နေသဘောထားကိုပြောပြရန်မလိုအပ်သော်လည်း ချစ်ခြင်းမေတ္တာ နှင့်သနားခြင်းကြင်နာမှုတို့ကို စင်ကြယ်စေရန်လည်းကောင်း၊ ဂုဏ်ရှိရှိဖြင့် လည်းကောင်း ဖော်ပြရန်လိုအပ်ပေသည်။ အများသောသူတို့သည် စိတ်များ ခက်ထန်သယောင်ရှိသောစိတ်နှလုံးများကိုမွေးမြူ၍ အပြောအဆိုအားဖြင့် လည်းကောင်း၊ အလုပ်အကိုင်အားဖြင့်လည်းကောင်း ဆိုးသွမ်းယုတ်မာသော အကျင့်စာရိတ္တမျိုးကို ထုတ်ဖော်ပြသကြသည်။ လင်မယားစပ်ကြားတွင် လည်းကောင်း၊ မိဘနှင့်သားသမီးတို့စပ်ကြားတွင်လည်းကောင်း၊ ညီအစ်ကို မောင်နှမတို့၏စပ်ကြားတွင်လည်းကောင်း ကြင်နာသောစိတ်မျိုးကိုအမြဲတမ်း မွေးမြူထားရှိသင့်ပေသည်။ ဒေါသပါသောအပြောအဆိုများကို ဟန့်တားထား ၍ တစ်ဦးအပေါ်တစ်ဦးမေတ္တာမရှိကြောင်းပြသော ပုံသဏ္ဌာန်မျိုးကိုပင်မရှိ စေရ။ အိမ်ထောင်တွင်နှစ်သက်ဖွယ်သောအမူအရာများကိုပြ၍ ကြင်နာစွာ စကားပြောဆိုဆက်ဆံရန် အိမ်သူအိမ်သားတိုင်း၏တာဝန်ဖြစ်သည်။AH1Burm 257.1

    သေးငယ်သောယဉ်ကျေးဖွယ်အပြုအမူများ၌လည်းကောင်း၊ အပြော အဆိုအချိန်၌လည်းကောင်း၊ ထောက်ချင့်တတ်သောဂရုတစိုက်ကြည့်ရှုပြုစု ခြင်းများ၌လည်းကောင်း ပေါ်လွင်နေသောနူးညံ့သိမ်မွေ့ခြင်းနှင့်ချစ်ခြင်းမေတ္တာ မျိုးကို မွေးမြူ ကျင့်သုံးကြည့်ပါ။AH1Burm 257.2

    မိခင်နှင့်ဖခင်တို့အား ရိုသေကိုင်းရှိုင်းစေရန် သားသမီးတို့အား သွန်သင်ရန်အကောင်းဆုံးနည်းလမ်းသည် ဖခင်ကမိခင်အားကြင်နာစွာဖြင့် ကြည့်ရှုပြုစုခြင်းနှင့် ဖခင်အားရိုသေကိုင်းရှိုင်းစွာပြုစုဆက်ဆံခြင်းတို့ကို သားသမီးတို့အား မြင်တွေ့ ခွင့်ပေးခြင်းဖြစ်သည်။ သူတို့၏မိဘကိုတွေ့မြင် ရခြင်းဖြင့် သားသမီးတို့သည် ပဉ္စမပညတ်တော်ကိုနာခံ၍ “သားသမီးတို့ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘ စကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏” ဆိုသော ဆုံးမ သွန်သင်ချက်ကို လိုက်နာကျင့်သုံးကြလိမ့်မည်ဖြစ်သည်။AH1Burm 258.1

    ယေရှု၏မေတ္တာတော်ကို မိဘတို့တွင်မှန်ကဲ့သို့အရိပ်အရောင် ထင်စေရမည် - မိခင်သည် သူမ၏သားသမီးများထံမှ ယုံကြည်မှုကိုရယူ ပြီး၍၊ သူမအားချစ်၍ သူမ၏စကားကိုနားထောင်ရန် သွန်သင်ပြီးသောအခါ သူမသည်သားသမီးတို့အား ခရစ်ယာန်ဘဝအသက်တာ၏ပထမဆုံးသင်ခန်းစာ ကို သင်ကြားပေးပြီးဖြစ်လိမ့်မည်။ သားသမီးတို့သည် သူတို့၏မိဘများကို ချစ်၍ ယုံကြည်ကိုးစားနားထောင်ကြသကဲ့သို့ သူတို့၏ကယ်တင်ရှင်ကိုလည်း ယုံကြည်ကိုးစားနားထောင်ရကြမည်။ သစ္စာရှိစွာဖြင့်ကြည့်ရှုထိန်းသိမ်း၍ မှန်ကန်သောသွန်သင်မှုကိုပြုရာတွင် သားသမီးတို့အတွက် မိဘတို့ပြသော မေတ္တာသည် သစ္စာရှိသောကိုယ်တော်ရှင်၏လူတို့အပေါ်ထားရှိတော်မူသော ယေရှုရှင်၏မေတ္တာတော်ကို မှေးမှိန်စွာ မှန်ကဲ့သို့အရိပ်အရောင်ထင်စေသည်။AH1Burm 258.2