Loading...
Larger font
Smaller font
Copy
Print
Contents

စံပြအိမ်ထောင် (ပထမတွဲ)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပိုင်း (၅)—ထိမ်းမြားမင်္ဂလာပြုချိန်မှ

    အခန်း ၁၅—လေးနက်သောသစ္စာပြုချက်များ

    လင်နှင့်မယားတို့အတွက် ဘုရားသခင်၏ရည်စူးချက် - လူယောက်ျားအတွက် အပေါင်းအဖော်အနေဖြင့်လည်းကောင်း၊ အထောက် အမအနေဖြင့်လည်းကောင်း၊ ရပ်တည်နေ၍ သူ့ယောက်ျားနှင့်တစ်သား တစ်ကိုယ်တည်းဖြစ်စေရန်လည်းကောင်း၊ သူ့အားပျော်ရွှင်စေရန်လည်းကောင်း၊ အားပေးရန်လည်းကောင်း၊ မင်္ဂလာဖြစ်စေရန်လည်းကောင်း လူယောက်ျား၏ အင်္ဂါအစိတ်အပိုင်းထဲမှ လူမိန်းမကိုဖန်ဆင်းတော်မူသည်။ ယောက်ျားသည် အတုံ့အလှည့်အနေဖြင့် လူမိန်းမအတွက် အင်အားရှိသောအထောက်အကူ အနေဖြင့် ရပ်တည်နေရမည်။ ယောက်ျားအနေဖြင့် မိန်းမ၏စင်ကြယ်သော ယောက်ျား၏အကျင့်စာရိတ္တကိုပျော့ပျောင်းစေခြင်း၊ ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပေးခြင်းတည်းဟူသော သန့်ရှင်းသောရည်စူးချက်ဖြင့် အိမ်ထောင်ပြု ကြသောသူတို့သည် သူတို့အတွက်ထားရှိတော်မူသော ဘုရားသခင်၏ရည်စူး ချက်ကို အကောင်အထည်ဖော်ရကြမည်ဖြစ်ပါသည်။AH1Burm 117.1

    ဤအဖွဲ့အစည်းကိုဖျက်ဆီးပစ်ရန် ခရစ်တော်သည် ကြွလာတော် မူခဲ့သည်မဟုတ်ဘဲ ယင်းအထုံးအဖွဲ့ကိုမူလက သန့်ရှင်းမြင့်မြတ်သော အခြေအနေသို့ ပြန်လည်ပို့ဆောင်ပေးရန် ကြွလာတော်မူခဲ့သည်။ လူသား တို့၌ ဘုရားသခင်၏ကိုယ်ကျင့်တရားဆိုင်ရာပုံသဏ္ဌာန်တော်ကို ပြန်လည် သွတ်သွင်းပေးရန်ကြွလာတော်မူ၍ ထိမ်းမြားမင်္ဂလာအထုံးအဖွဲ့ကို စီစဉ် ခွင့်ပြုထားခြင်းဖြင့် ကိုယ်တော်၏အမှုတော်ကို စတင်ဆောင်ရွက်တော်မူသည်။ အာဒံအတွက်အထောက်အမအနေဖြင့် ဧဝကိုထားရှိပေးသနားတော် မူသောအရှင်သည် မင်္ဂလာဆောင်ပွဲတစ်ခုတွင် နိမိတ်လက္ခဏာတစ်ခုကို ပြုတော်မူသည်။ မိတ်ဆွေသင်္ဂဟများနှင့် ရွှေပွဲလာဧည့်သည်တော်အပေါင်း တို့အတူတကွ ပျော်ရွှင်နေသောမင်္ဂလာဆောင်ခန်းမကြီးထဲတွင် ခရစ်တော် “ရှင်သည် မိမိ၏ပြည်သူလူထုဆိုင်ရာ အမှုတော်ကိုစတင်ဆောင်ရွက်တော် မူသည်။ ဤနည်းအားဖြင့် ကိုယ်တော်ရှင်ကိုယ်တိုင်တည်ထောင်ချပေးတော် မူသောအထုံးအဖွဲ့ကို အသိအမှတ်ပြုတော်မူသည်။ ယောက်ျားနှင့်မိန်းမတို့ သည် သန့်ရှင်းသောထိမ်းမြားမင်္ဂလာဆောင်ရန်လည်းကောင်း၊ ကောင်းကင် ဘုံ၌ရှိသော အိမ်ထောင်သားများအနေဖြင့် အသိအမှတ်ပြုရမည့်ဂုဏ်ဒြပ်နှင့် ပြည့်စုံသောအိမ်သူအိမ်သားများကို မွေးဖွားစေရန်လည်းကောင်း ဘုရားသခင် သည် လူယောက်ျား၊ လူမိန်းမတို့အတွက် စီမံခန့်ခွဲထားတော်မူသည်။AH1Burm 117.2

    ပျော်ရွှင်သောလင်မယားဘဝမျိုးကို ယေရှုရှင်သည်အလိုတော် ရှိတော်မူသည်။ ခရစ်တော်ထံမှဆင်းသက်သောမေတ္တာတော်သည် လူသား တို့ဆိုင်ရာမေတ္တာကို ဘယ်အခါမျှဖျက်ဆီးခြင်းမပြုဘဲ ကိုယ်တော်၏မေတ္တာ တော်ထဲသို့ သွတ်သွင်းထားတော်မူသည်။ ယင်းမေတ္တာတော်အားဖြင့် လူသား တို့၏မေတ္တာကို သန့်ရှင်းစင်ကြယ်မြင့်မြတ်စေတော်မူသည်။ လူသားတို့၏ မေတ္တာသည် ဘုရားသခင်၏ကတိတော်နှင့်ပေါင်းစပ်စည်းလုံး၍ ကောင်းကင် ဘက်သို့ဦးတည်ကြီးပွားတိုးတက်စေရန်အတွက် သင်ကြားပို့ချမှုမရှိဘဲ ယင်း မေတ္တာ၏ဖိုးထိုက်အသီးများကို ဘယ်အခါမျှသီးနိုင်စွမ်းမရှိပေ။ ယေရှုရှင် အနေဖြင့် ပျော်ရွှင်သောလင်မယားဘဝနှင့် အိမ်တစ်ဆောင်မီးတစ်ပြောင်အနေ ဖြင့် ရပ်တည်နေမှုကိုတွေ့ မြင်လိုတော်မူသည်။AH1Burm 118.1

    လူသားတို့အား ထိန်းသိမ်းကျင့်သုံးရန်ပေးထားတော်မူသော အခြား အခြားသောဆုကျေးဇူးများနည်းတူ ထိမ်းမြားမင်္ဂလာသည်လည်း အပြစ်ဒုစရိုက် အားဖြင့် ကမောက်ကမဖြစ်ရလေသည်။ သို့ရာတွင် ယင်းထိမ်းမြားမင်္ဂလာ ကို ယင်း၏မူလစင်ကြယ်ခြင်းနှင့်လှပခြင်းအခြေအနေသို့ ပြန်လည်ပို့ဆောင် ပေးရန် ဧဝံဂေလိတရားတော်ကရည်စူးသည်။AH1Burm 118.2

    ခရစ်တော်၏ကျေးဇူးတော်တစ်ခုတည်းကသာလျှင် ဘုရားသခင်၏ ရည်စူးထားတော်မူချက်အတိုင်း ယင်းအထုံးအဖွဲ့သည် လူသားတို့အား စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်စေ၍ သူတို့၏အခြေအနေကိုမြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်စေရန် ပြုပြင်ပေးနိုင်သည်။ ဤနည်းအားဖြင့် မြေကြီးပေါ်၌ ရှိသောအိမ်ထောင်များသည် စည်းလုံးညီညွတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့်မေတ္တာ တရားရှေ့ထားခြင်းအားဖြင့် ကောင်းကင်အိမ်ထောင်ကို ကိုယ်စားပြုနိုင် ကြသည်။AH1Burm 118.3

    ဤသန့်ရှင်းသောအထုံးအဖွဲ့အတွက် ဘုရားသခင်ထားရှိတော်မူသည့် ရည်မှန်းချက်များအပေါ်တွင် အဖွဲ့အစည်း၏အခြေအနေက ဝမ်းနည်းဖွယ် ကောင်းသော အရိပ်ထိုးလျက်ရှိသည်။ သို့စေကာမူ အတူလက်တွဲလျက် သွားလာနေထိုင်၍ ပျော်ရွှင်သောဘဝအသက်တာမျိုးကို မျှော်မှန်းခဲ့သော်လည်း စိတ်ဒုက္ခရောက်ခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့ကိုရင်ဆိုင်ခဲ့ရသော အိမ်ထောင် များကိုပင် ခရစ်တော်၊ ဧဝံဂေလိတရားတော်က စိတ်နှစ်သိမ့်မှုကိုပေးသည်။AH1Burm 119.1

    ပျော်ရွှင်ဖွယ်သောအချိန်။ ယေရှုရှင်ကိုယ်တိုင်နှင့်တပည့်တော် များကို ကာနမြို့၌ကျင်းပခဲ့သော မင်္ဂလာဆောင်စားသောက်ပွဲသို့ ဖိတ်ကြား ထားခဲ့ကြောင်း ကျမ်းစာထဲတွင် ရေးသားဖော်ပြထားသည်။ မင်္ဂလာဆောင် ပွဲသို့ဖိတ်ကြားခြင်းခံရသောအခါ ... ယင်းကဲ့သို့ပျော်ရွှင်ဖွယ်သောအချိန်သို့ မတက်ရောက်ရဟု ခရစ်တော်ကခရစ်ယာန်များအား တားမြစ်ထားတော်မမူ ခဲ့ပေ။ ယင်းမင်္ဂလာဆောင်ပွဲကို တက်ရောက်ခြင်းအားဖြင့် ကိုယ်တော်ရှင် ကိုယ်တိုင် စီစဉ်ချပေးထားတော်မူသော ဤအထုံးအဖွဲ့ကိုလိုက်နာကျင့်သုံး ရာတွင် ပျော်ရွှင်ကြသောသူတို့နှင့်လက်တွဲ၍ပျော်ရွှင်ကြရန် ကိုယ်တော်ရှင် သည် အလိုတော်ရှိတော်မူကြောင်းကို သွန်သင်တော်မူသည်။ ကိုယ်တော်ရှင် ၏ပညတ်ဥပဒေများနှင့်ညီလျော်သော၊ လူသားတို့၏အပြစ်ကင်းသော ပွဲတော် များကျင်းပခြင်းကို ဘုရားသခင်သည် တားမြစ်တော်မူခြင်းမရှိခဲ့ ပေ။ ခရစ်တော်ကိုယ်တိုင်ကြွရောက်တော်မူခြင်းဖြင့် ဂုဏ်ပြုခြင်းခံရသောပွဲတော် မျိုးကို ကိုယ်တော်ရှင်၏တပည့်တော်များတက်ရောက်ခြင်းသည် မှန်ကန် သောလုပ်ရပ်ဖြစ်သည်။ ယင်းမင်္ဂလာဆောင်ပွဲတော်ကို တက်ရောက်တော်မူ ပြီးသည့်နောက်ပိုင်းတွင် ခရစ်တော်သည် အခြားပွဲတော်အမြောက်အမြားကို တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ ဆုံးမသြဝါဒပေးခြင်းဖြင့်လည်းကောင်း ယင်းပွဲတော်တို့ကို သန့်စင်စေတော်မူသည်။AH1Burm 119.2

    မင်္ဂလာဆောင်ပွဲ၌ ဟိတ်ဟန်ပြခြင်းမလိုဘဲ အသုံးအစွဲကြီးမား ခြင်း၊ အပျော်ကြူးခြင်းတို့သည်မသင့်လျော်ပေ။ မင်္ဂလာဆောင်ပွဲများ တွင် ဟိတ်ဟန်ပြခြင်း၊ မလိုအပ်ဘဲကြေးငွေအသုံးအစွဲကြီးမားခြင်းနှင့် ကိုယ့်အလိုလိုက်သော အပြုအမူများပြုလုပ်တတ်ကြသည်။ သို့ရာတွင် မင်္ဂလာ ဆောင်သောသတို့သားသတို့သမီးတို့သည် ဘာသာရေးဆိုင်ရာယုံကြည်ခြင်းနှင့် ကျင့်ဝတ်များကိုယုံကြည်ကြလျှင်၊ ၎င်းအပြင်အစီအစဉ်အားလုံးတို့သည် ယင်းယုံကြည်ချက်တို့နှင့်ဆီလျော်သင့်မြတ်လျှင် မင်္ဂလာဆောင်ပွဲကို ဘုရားသခင် အနေဖြင့် မနှစ်မြို့စရာအကြောင်းမရှိပေ။ သတို့သားနှင့်သတို့သမီးတို့သည် တစ်ဦးနှင့်တစ်ဦးမည်မျှပင်သင့်လျော်ထိုက်တန်ကြသော်လည်း သူတို့၏မင်္ဂလာ ဆောင်ပွဲကို ဟိတ်ဟန်ပြပွဲအနေဖြင့် ကျင်းပရန်အကြောင်းမရှိပေ။AH1Burm 120.1

    ထိမ်းမြားမင်္ဂလာအထုံးအဖွဲ့ကိုကျင်းပချိန်တွင် အပျော်ကြူးခြင်းနှင့် ဟန်ဆောင်မှုများကို တွေ့မြင်ရသည်မှာ လုံးဝမသင့်လျော်ဟုယူဆပါသည်။ ထိမ်းမြားမင်္ဂလာသည် ဘုရားသခင်၏စီမံခန့်ခွဲထားတော်မူသောကြောင့် ယင်းအထုံးအဖွဲ့ကို ဣန္ဒြေအရှိဆုံးဖြင့် ကျင်းပရမည့်ကိစ္စအနေဖြင့် တွေ့မြင် ရမည်။ အိမ်ထောင်ရေးကိစ္စကို ဤကမ္ဘာမြေကြီးပေါ်၌ကျင်းပသောအခါ ယင်း ကျင်းပမှုကမိုးကောင်းကင်၌ သူတို့တည်ထောင်ရမည့်အိမ်ထောင်ကို ပြသရ ပေမည်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခြင်းအလို့ငှာ အမြဲတမ်း ဦးစားပေး၍ဆောင်ရွက်ရမည်။AH1Burm 120.2

    မစ္စစ်ဝှိုက်အိမ်၌ကျင်းပသောထိမ်းမြားမင်္ဂလာ။ တစ်နေ့သောအင်္ဂါ နေ့နံနက် (၁၁) နာရီအချိန်လောက်တွင် ကျွန်ုပ်တို့အိမ်မှခန်းမကြီးထဲ၌ မင်္ဂလာဆောင်ပွဲတစ်ခုအတွက် နေရာထိုင်းခင်းများပြင်ဆင်ထားပါသည်။ ဓမ္မဆရာဘီက ယင်းလက်ထပ်ပွဲကိုကျင်းပပေးသည်။ လက်ထပ်ပွဲအစီအစဉ် မှာ ချောချောမောမောပြီးဆုံးသွားပါသည်။ လက်ထပ်ပွဲအပြီးတွင် မစ္စစ်ဝှိုက် အားဆုတောင်းခိုင်းပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အထူး လွတ်လပ်မှုကိုပေးပါသည်။ ကျွန်ုပ်၏စိတ်နှလုံးသည် ပျော့ပျောင်းလာ၍ ဘုရားသခင်ဝိညာဉ်တော်၏နှိပ်ကွပ်မှုကိုခံရပါသည်။ ယင်းအချိန်တွင် ပြောင်လှောင်ပြောဆိုမှုနှင့် ညစ်ညမ်းယုတ်မာသောစကားများ အဘယ်နှုတ် ကမျှမထွက်ပေ။ မင်္ဂလာပွဲနှင့်ပတ်သက်၍ ဣန္ဒြေရ၍လေးစားဖွယ်လည်း ဖြစ်သည်။ လုပ်ကိုင်လေသမျှသည် အခြေအနေကိုမြှင့်တင်ပေးသည့်သဘော ပါ၍ အလွန်မှပင်မှတ်သားဖွယ်လည်းကောင်းလှပေသည်။ ဤထိမ်းမြား မင်္ဂလာကို ကယ်တင်ရှင်သည် စင်ကြယ်စေတော်မူသောကြောင့် ယခုအခါ ဤလူငယ်လင်မယားနှစ်ဦးတို့သည် လမ်းလွှဲပျောက်ဆုံးသောသူတို့ကို ရှာဖွေ ကယ်တင်ရန် နေရာတစ်နေရာတွင် သာသနာပြုအမှုတော်ကို ထမ်းဆောင် လျက်ရှိကြပါသည်။ သူတို့သည် နှိမ့်ချသောစိတ်ဖြင့် ကိုယ်တော်ရှင်နှင့်အတူ လက်တွဲ၍ နှိမ့်ချသောစိတ်ဖြင့်ချီတက်လျက် ကိုယ်တော်ရှင်၏ကတိတော် များကို လုံးဝမှီခိုအားထားလျှင် ဘုရားသခင်သည် သူတို့ဆောင်ရွက်လေ သမျှကို ကောင်းချီးပေးတော်မူလိမ့်မည်။AH1Burm 120.3

    အသက်နှစ်ချောင်းစုပေါင်းခြင်း။ ဝိညာဉ်များကယ်တင်ရေးဆိုင်ရာ လုပ်ငန်းအတွက် မိမိတို့၏အကျိုးခံစားမှုများ၊ သူတို့၏ထောက်ထားညှာတာ ခြင်းများ၊ သူတို့၏မေတ္တာ၊ သူတို့၏လုပ်ငန်းတို့ကိုပေါင်းစပ်ရန် သင်တို့ ရှေ့ဝယ်မတ်တတ်ရပ်နေသော အကြင်လင်မယားနှစ်ဦးတို့အတွက် ယင်းအချိန် အခါသည် သူတို့၏ကိုယ်ရေးရာဇဝင်တွင် အရေးကြီးသောအချိန်ဖြစ်သည်။ ထိမ်းမြားမင်္ဂလာပြုသောအခါ အသက်နှစ်ချောင်းကိုတစ်ချောင်းတည်းဖြစ်ရန် ပေါင်းစပ်ခြင်းသည် အလွန်အရေးပါအရာရောက်လှသောခြေလှမ်းဖြစ်သည်။ လင်နှင့်မယားနှစ်ဦးတို့သည် ဘုရားသခင်၏အမှုတော်ကိုလက်တွဲ၍ ရှေ့သို့ တိုးတက်ဆောင်ရွက်သွားကြရန် မိမိတို့၏အသက်တာကိုပေါင်းစပ်ခြင်းသည် ဘုရားသခင်၏အလိုတော်နှင့်ညီလျော်ပေသည်။ သူတို့နှစ်ဦးအမှုတော်ကို ထမ်းဆောင်နိုင်ကြသည်။AH1Burm 121.1

    ယင်းကဲ့သို့သောပေါင်းစပ်မှုရှိသောအိမ်ထောင်၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် ကောင်းကင်မှလာသောနေရောင်ခြည်ကဲ့သို့ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လင်မယားနှစ်ဦးတို့သည် ခရစ်တော်၏လက်တော် အောက်တွင် ခရစ်တော်၏ချုပ်ထိန်းမှုနှင့် ကိုယ်တော်၏စိတ်သဘောတော် က လမ်းပြပို့ဆောင်ခံရလျက် ယောက်ျားနှင့်မိန်းမတို့သည် အိမ်ထောင်ဖက် ထူထောင်ရန် ဘုရားသခင်သည် စီမံခန့်ခွဲတော်မူသည်။AH1Burm 121.2

    မြေကြီးပေါ်၌ရှိသောအိမ်ထောင်သည် ကောင်းကင်ဘုံ၌ရှိသော အိမ်ထောင်၏အထိမ်းအမှတ်အနေဖြင့် အပျော်ရွှင်ဆုံးဌာနဖြစ်စေရန် ဘုရားသခင်သည် အလိုရှိတော်မူသည်။ အိမ်ထောင်ထိမ်းမြားမင်္ဂလာဆိုင်ရာ တာဝန်ဝတ္တရားများကိုထမ်းဆောင်၍ သူတို့၏လိုအင်ဆန္ဒများကို ခရစ်တော် ယေရှုနှင့်ဆက်သွယ်ထားသည်သာမက ကိုယ်တော်ရှင်၏လက်ရုံးတော်နှင့် ကတိတော်အပေါ်အမှီတံကဲပြုလျက် လင်နှင့်မယားတို့သည် ဘုရားသခင် ကောင်းကင်တမန်များ ထောက်ခံထောမနာပြုနိုင်သောစုံမက်ခြင်း၌ ပျော်ရွှင်မှု ကိုခံစားနိုင်ကြသည်။AH1Burm 122.1

    ထိမ်းမြားမင်္ဂလာပြုခြင်းသည် သူတို့၏အသုံးကျမှုကိုမလျော့ကျ စေဘဲ ယင်းကိုပိုမိုသန်စွမ်းစေသည်။ သူတို့၏လင်မယားဘဝကို ခရစ်တော် ထံဝိညာဉ်များတို့ကိုခေါ်ဆောင်ရသော အမှုတော်ထမ်းဆောင်မှုအတွက် အသုံး ပြုနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘာကိုပြောနေကြောင်းကို သိရှိပါသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းသုံးဆယ့်ခြောက်နှစ်ဖြစ်သောလင်မယား ဘဝတွင် ကျွန်ုပ်ခင်ပွန်းနှင့်ကျွန်ုပ်သည် ကျွန်ုပ်တို့အရှင်အား ဘုရားသခင်၏ စေလွှတ်တော်မူသော ဘယ်နေရာကိုမဆိုသွားရောက်လျက် ကိုယ်တော်၏ အမှုတော်ကိုထမ်းခဲ့ပါသည်။ ဤကိစ္စတွင် ကျွန်ုပ်တို့၏လင်မယားဘဝကို ဘုရားသခင်သည် ကောင်းချီးပေး၊ ထောမနာပြုကြောင်း ကျွန်ုပ်တို့အနေဖြင့် သိရှိပါသည်။ ထိုကြောင့် ထိမ်းမြားမင်္ဂလာသည် လေးနက်သောအထုံးအဖွဲ့ ဖြစ်သည်။AH1Burm 122.2

    ယခုအချိန်တွင် ကျွန်ုပ်အနေဖြင့် ဤကျွန်ုပ်တို့၏ညီအစ်ကိုတော်၏ လက်ကိုကိုင်စွဲထားနိုင်ပါသည်။ ---- သင့်လက်ကိုကျွန်ုပ်ကိုင်ဆွဲ၍ သင်နှင့် သင့်ဇနီးတို့အား ဘုရားသခင်၏အမှုတော်ကို စည်းလုံးညီညွတ်စွာထမ်းဆောင် ဖို့တိုက်တွန်းပါ၏။ ဘုရားသခင်အား သင်တို့၏တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်ပါစေ၊ ပေါင်းစပ်ကြပါ၊ လက်တွဲဆောင်ရွက်ကြပါ။AH1Burm 122.3

    အိမ်ထောင်ကျခါစလင်မယားနှစ်ဦးတို့အားအကြံပေးချက်။ ချစ်သောညီအစ်ကိုတော်နှင့်ညီမတော်တို့၊ သင်တို့နှစ်ယောက်သည် ရာသက် ပန်ပဋိညာဉ်အားဖြင့် မေတ္တာပေါင်းဖက်ဂဟေဆက်ကြလေပြီ။ သင်တို့ လင်မယားဘဝ၏ပညာရေးသည် စတင်ခဲ့လေပြီ။ လင်မယားဘဝ၏ပထမ နှစ်သည် အတွေ့အကြုံရှိသောနှစ်ဖြစ်သည်။ ယင်းနှစ်တွင် လင်မယားတို့ သည် စာသင်ကျောင်း၌ကလေးသူငယ်သည် စာများကိုလေ့ကျက်သင်ကြား သကဲ့သို့ တစ်ဦး၏အကျင့်စာရိတ္တကို တစ်ဦးကလေ့လာသင်ကြားကြသည်။ သင်တို့လင်မယားဘဝ၏ပထမနှစ်တွင် သင်တို့၏အနာဂတ်ပျော်ရွှင်မှုကို ဖျက်ဆီးမည့် မည်သည့်စာအခန်းများမရှိပါစေနှင့်။AH1Burm 123.1

    ကျွန်ုပ်၏ညီအစ်ကိုတော်၊ သင့်မယား၊ အချိန်၊ အင်အားနှင့် ပျော်ရွှင်မှုများသည် သင့်အချိန်၊ အင်အားနှင့်ပျော်ရွှင်မှုတို့နှင့် ယခုအခါ ပေါင်းစပ်ချည်နှောင်ထားလျက်ရှိလေပြီ။ သူမအပေါ်၌ သင်၏သြဇာ သက်ရောက်မှုသည် သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင်ဖြစ်လိမ့် မည်။ သို့တည်းမဟုတ် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင်သော်လည်းဖြစ်လိမ့်မည်။ သူမ၏ဘဝကိုမဖျက်ဆီးမိရန် အထူး သတိပြုပါ။AH1Burm 123.2

    ကျွန်ုပ်၏ညီမတော်၊ ယခုအခါတွင်သင့်အနေဖြင့် လင်မယားဘဝ ၏တာဝန်ဝတ္တရားနှင့်ပတ်သက်၍ ပထမဆုံးလက်တွေ့သင်ခန်းစာများကို လေ့လာသင်ကြားရမည်ဖြစ်သည်။ နေ့စဉ်ရက်ဆက် ယင်းသင်ခန်းစာများကို သစ္စာရှိစွာဖြင့်လေ့လာဖြစ်အောင်လေ့လာပါ။ တစ်ကိုယ်ကောင်းစိတ်ကို လိုက်နာကျင့်သုံးမှုမပြုမိဖို့ အမြဲသတိပြုပါ။AH1Burm 123.3

    သင်တို့၏လင်မယားဘဝတွင် သင်တို့၏ချစ်ခင်စုံမက်မှုတို့သည် သင်တို့ပျော်ရွှင်မှုစီးဆင်းရာရေစီးကြောင်းများဖြစ်သင့်ပေသည်။ တစ်ဦး၏ ပျော်ရွှင်မှုကိုတစ်ဦးကဖန်တီးပေးရမည်။ သင်တို့အနေဖြင့် ယင်းကဲ့သို့ပြုလုပ်ရန် ဘုရားသခင်သည် အလိုတော်ရှိတော်မူသည်။ သင်တို့နှစ်ဦးသည် တစ်ကိုယ်တည်းတစ်သားတည်းအဖြစ်သို့ ပေါင်းစပ်ရမည်ဖြစ်သော်လည်း သင်တို့တစ်ယောက်၏ပုဂ္ဂလိကလွတ်လပ်မှုကိုကား မဆုံးရှုံးမပျောက်ပျက် စေရ။ သင်တို့တစ်ယောက်စီ၏ပုဂ္ဂလိကလွတ်လပ်မှုကို ပိုင်ဆိုင်သောသူကား ဘုရားသခင်ဖြစ်တော်မူသည်။ သင်တို့တစ်ယောက်စီအနေဖြင့် ကိုယ်တော်ရှင် အားမေးမြန်းရမည့်မေးခွန်းများမှာ “အဘယ်အရာသည် ကျွန်ုပ်တို့အတွက် အမှန်ဖြစ်ပါသနည်း။ အဘယ်အရာသည် ကျွန်ုပ်တို့အတွက်အမှားဖြစ်ပါ သနည်း။ အကျွန်ုပ်တို့အတွက် ဖန်တီးထားတော်မူသောရည်စူးချက်ကို ကျွန်ုပ် တို့အနေဖြင့် ဘယ်ကဲ့သို့ အကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ပါ သနည်း။”AH1Burm 123.4

    ကောင်းကင်သက်သေခံများရှေ့တွင်ကတိသစ္စာပြုချက်။ အိမ်ထောင် ပြုကြသောယောက်ျားနှင့်မိန်းမတို့သည် တစ်ဦးကိုတစ်ဦးအသည်းရောအူရော ချစ်ကြရန် ဘုရားသခင်သည် စီမံခန့်ခွဲထားတော်မူသည်။ ကောင်းကင် သက်သေခံများရှေ့တွင် သတို့သားနှင့်သတို့သမီးတို့က ဘုရားသခင်သည် သူတို့ဇနီးမောင်နှံနှစ်ဦးအတွက် စီမံခန့်ခွဲထားတော်မူချက်နှင့်အညီ တစ်ဦးကို တစ်ဦးချစ်ပါမည်ဟု ကတိသစ္စာပြုကြပါစေ။ မယားအနေဖြင့် လင်ယောက်ျား ကိုရိုသေလေးစားရမည်။ လင်ယောက်ျားအနေဖြင့်လည်း သူ့မယားကိုချစ်ခင် မြတ်နိုးရမည်။AH1Burm 124.1

    အိမ်ထောင်ကျခါစအချိန်၌ .. ယောက်ျားနှင့်မိန်းမတို့သည် သူတို့ ကိုယ်ကိုဘုရားသခင်အား အသစ်ပြန်လည်ဆက်ကပ်သင့်ကြပေသည်။AH1Burm 124.2

    သင်တို့၏ထိမ်းမြားမင်္ဂလာဆိုင်ရာကတိသစ္စာပြုချက်များအပေါ် တွင် သံမဏိကဲ့သို့စစ်မှန်ခိုင်မြဲရပ်တည်လျက် နှုတ်ခမ်းအားဖြင့်လည်းကောင်း၊ အပြုအမူအားဖြင့်လည်းကောင်း ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ ပညတ်တော်များကိုစောင့်ရှောက်သူဟူသော သင်တို့၏မှတ်တမ်းကိုမပျက် ပါစေနှင့်။AH1Burm 124.3