Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်တော်ကိုဗဟိုပြုသောသတင်းစကား

    ဆွဲဆောင်မှုကြီးမားသောဗဟိုဌာနဖြစ်သည့်ယေရှုခရစ်တော် - ကောင်းကင်တမန် သုံးပါးတစ်ပါး၏သတင်းစကား၌ ပညတ်တော်လေးပါးတစ်ပါးဖြစ်သည့် ဥပုသ်တော်နေ့အကြောင်းကို တင်ဆက်ဟောပြောရမည်ဖြစ်ပြီး ဤအမှန်တရား ကို ကမ္ဘာတစ်ဝန်းသို့ဟောပြောရမည်။ သို့သော် ကြီးမားသောဆွဲဆောင်မှု၏ ဗဟိုအချက်အချာဖြစ်သော ယေရှုခရစ်တော်ကို ဤကောင်းကင်တမန်သုံးပါး တစ်ပါး၏သတင်းစကားအထဲ၌ ချန်ထားခြင်းမပြုရပါ။EvBur 221.1

    အပြစ်သားသည် ကရာနိကုန်းပေါ်သို့အမြဲကြည့်ရမည်ဖြစ်ပြီး ကလေး တစ်ဦး၏ရိုးစင်းသောယုံကြည်ခြင်းဖြင့် ခရစ်တော်၏ကောင်းမှုများအပေါ်မှီခို ကာ သူ၏ဖြောင့်မတ်ခြင်းကိုလက်ခံပြီး သူ၏ကရုဏာကိုယုံကြည်ရမည်။ အမှန်တရား၏လုပ်ငန်းကိုဆောင်ရွက်သောသူများတို့သည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို တင်ဆက်ဟောပြောသင့်ကြသည်။ Review and Herald, March 20, 1894. [Ev 185.1]EvBur 221.2

    ခရစ်တော်ကိုမြှောက်တင်ပါ - ခရစ်တော်ကပ်တိုင်ပေါ်ရိုက်ထားခြင်း၊ ခရစ်တော်ထမြောက်ခြင်း၊ ခရစ်တော်ကောင်းကင်ပေါ်သို့ တက်ကြွသွားခြင်း၊ ခရစ်တော်တစ်ဖန်ကြွလာမည်ဖြစ်ခြင်းအကြောင်းတို့သည် ဓမ္မအမှုဆောင်၏ စိတ်ထဲ၌ နူးညံ့ခြင်း၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစွာရှိနေသင့်ပြီး ဤအမှန်တရား ကို လူတို့အားမေတ္တာဖြင့် စိတ်အားထက်သန်စွာတင်ဆက်ဟောပြောရမည်။ ဓမ္မဆရာသည် မိမိကိုယ်ကိုမေ့ပျောက်ပြီး ယေရှုကိုသာလျှင်ပေါ်လွင်ထင်ရှား စေလိမ့်မည်။ [Ev 185.2]EvBur 221.3

    လူတို့ကိုသွန်သင်သောသူတို့ ယေရှုကိုမြှောက်တင်ပါ။ မိမိတို့၏ တရားဟောချက်အထဲ၊ သီဆိုသောသီချင်းအထဲ၊ ဆုတောင်းခြင်းအထဲ၌ သူ့ကို မြှောက်တင်ပါ။ သင်၏တန်ခိုးအားလုံးတို့သည် စိတ်ရှုပ်ထွေးသော၊ ပျောက်ဆုံး သောဝိညာဉ်များကို “ဘုရားသခင်၏သိုးသငယ်” ထံသို့လမ်းညွှန်ပြစေပါ။ ထမြောက်သောကယ်တင်ရှင်ယေရှုကိုမြှောက်တင်ပါ။ ကြားရသူအားလုံးကိုပြော ပါ။ “ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့အတွက် မိမိအသက်ကိုပေးသောယေရှု ထံသို့လာပါ။” ကယ်တင်ခြင်းသိပ္ပံသည် ကျွန်ုပ်တို့တရားဟောချက်တိုင်း၏ ဝန်ထုပ်၊ သီချင်းတိုင်း၏ဆောင်ပုဒ်ဖြစ်စေပါ။ အသနားခံဆုတောင်းခြင်းတိုင်း ၌ ဖော်ပြတောင်းဆိုစေပါ။ ဘုရားသခင်၏ဉာဏ်တော်နှင့်တန်ခိုးတော်ဖြစ်သည့် ခရစ်တော်ကိုဖြည့်စွက်ပေးသော မည်သည့်အရာကိုမျှ သင်၏ဟောပြောခြင်း ထဲ၌မထည့်သွင်းပါနှင့်။ အသက်ရှိသောနှုတ်ကပတ်ကိုကိုင်ဆွဲထားပါ။ နောင်တရ သူတို့၏မျှော်လင့်ခြင်းနှင့် ယုံကြည်သူတိုင်းတို့၏ ခံတပ်ဖြစ်သည့် ယေရှု အကြောင်းကိုသာဟောပြောပါ။ ဒုက္ခရောက်သူနှင့်မျှော်လင့်ခြင်းကင်းမဲ့သူတို့ အား ငြိမ်သက်ခြင်းလမ်းကိုဖော်ပြပေးပြီး ကယ်တင်ရှင်၏ကျေးဇူးတော်နှင့် ပြည့်စုံကုံလုံခြင်းကိုလည်း ဖော်ပြပေးပါ။ Gospel Workers, pp. 159, 160. (1915) [Ev 185.3]EvBur 222.1

    ဟောပြောခြင်းတိုင်း၌ - ကျွန်ုပ်တို့ထင်သည်ထက် ခရစ်တော်ထံသို့ လမ်းကိုရှာပြီးသွားလိုကြသောသူပိုများကြသည်။ ကရုဏာ၏နောက်ဆုံးသော သတင်းကို ဟောပြောသောသူတို့သည် ခရစ်တော်ကိုအပြစ်သားခိုလှုံရာအဖြစ် မိမိတို့၏စိတ်ထဲ၌ ချီးမြှင့်သင့်သည်။ တချို့သောဓမ္မအမှုဆောင်များတို့သည် နောင်တရခြင်းအကြောင်းနှင့်ယုံကြည်ခြင်းအကြောင်းကို ဟောပြောရန်မလိုဟု ထင်ကြသည်။ သူတို့၏တရားနာပရိသတ်များတို့သည် ဤဧဝံဂေလိသတင်း စကားနှင့်ရင်းနှီးထားပြီးသားဖြစ်သည်ဟု သူတို့ယူဆသည့်အတွက် သူတို့၏ အာရုံကိုဆွဲဆောင်နိုင်ရန် ဤအကြောင်းအရာများကို အခြားသောပုံစံဖြင့်ဟော ပြောရလိမ့်မည်ဟုထင်ကြသည်။ သို့သော်များစွာသောသူတို့သည် ကယ်တင်ခြင်း စီမံကိန်းကိုမသိရသည့်အတွက် ဝမ်းနည်းဖွယ်ရာဖြစ်သည်။ သူတို့သည် အခြား အရာတို့ထက် ဤအရေးကြီးသောအကြောင်းအရာကို သူတို့အားပို၍သင်ကြား ရန်လိုအပ်သည်။ [Ev 185.4]EvBur 222.2

    လူတို့သည် အမှန်တရား၏ချိတ်ဆက်မှုများ တစ်ခုနှင့်တစ်ခုဆက်နွှယ် နေပြီး တစ်ခုလုံးပြည့်စုံစွာရှိနေကြောင်းတွေ့ မြင်နိုင်ရန် စာတွေ့ ဟောပြောခြင်း လိုအပ်သည်။ သို့သော် ဧဝံဂေလိတရား၏အခြေအမြစ်ကဲ့သို့ ခရစ်တော်နှင့် သူ၏ကပ်တိုင်ပေါ်ရိုက်ထားခြင်းအကြောင်းကို မည်သည့်ဟောပြောခြင်း၌မျှ မပါရှိဘဲ ဟောပြောခြင်းမပြုသင့်ပါ။ အကယ်၍ ဓမ္မအမှုဆောင်များတို့သည် လက်တွေ့ ဘုရားဝတ်၌မွေ့လျော်ခြင်းအပေါ် အသက်ရှင်ကြပါက သူတို့သည် လူတို့၏နှလုံးသားများကို ပို၍ဆွဲဆောင်နိုင်လိမ့်မည်။ Gospel Workers, pp. 158, 159. (1915) [Ev 186.1]EvBur 223.1

    ဗဟုသုတမှခရစ်တော်အကြောင်းကို ဟောပြောခြင်း - ခရစ်တော်၏ပြည့်စုံခြင်း ကိုဟောပြောရန် အမှုဆောင်တိုင်းအတွက် ဝန်ထုပ်တစ်ခုဖြစ်စေရမည်။ အခမဲ့ ဖြစ်သော ခရစ်တော်၏ဖြောင့်မတ်ခြင်းကို မဟောမပြောသောအခါ၊ ဟောပြော ခြင်းများတို့သည် ခြောက်သွေ့၍ ဝိညာဉ်မပါသောကြောင့် သိုးနှင့်သိုးကလေး များအစာမဝရခြင်းဖြစ်သည်။ ရှင်ပေါလုပြောခဲ့သည်မှာ၊ “ငါ့စကား၊ ငါ့ဒေသနာ သည် လူပညာနှင့်ယှဉ်သော ဖြားယောင်းသောစကားနှင့်တကွရှိသည်မဟုတ်။ ဝိညာဉ်တော်၏ နိမိတ်လက္ခဏာတန်ခိုးတော်နှင့်တကွရှိ၏။” ဧဝံဂေလိသတင်း စကား၌ ရိုးတွင်းချဉ်ဆီနှင့်ဆူဖြိုးခြင်းရှိသည်။ ယေရှုသည် အရာခပ်သိမ်း၏ အသက်ဗဟိုအချက်အချာဖြစ်သည်။ တရားဟောချက်တိုင်း၌ ခရစ်တော်ကို သည် မျှော်လင့်ခြင်း၏ဘုန်းတန်ခိုးတော်ဖြစ်သောခရစ်တော်သည် စိတ်နှလုံး ထည့်သွင်းဟောပြောပါ။ တန်ဖိုးကြီးခြင်း၊ ကရုဏာနှင့်ယေရှုခရစ်၏ဘုန်းတော် အတွင်း၌ကိန်းအောင်းပါစေ။ [Ev 186.2]EvBur 223.2

    ကျွန်ုပ်တို့၏ကိုယ်ပိုင်ဗဟုသုတမှ ခရစ်တော်၏တန်ဖိုးကြီးခြင်းကို စုစည်းလျက် ပြိုးပြိုးပြက်ပြက်ထွန်းတောက်သော တန်ဖိုးရှိရတနာတစ်ခုကဲ့သို့ သူတစ်ပါးထံဟောပြောကြပါစို့။ ထိုကြောင့် ထောင်ပေါင်းများစွာထဲမှ အကြီး ဆုံးနှင့်ချစ်ဖွယ်အကောင်းဆုံးခရစ်တော်ထံသို့ အပြစ်သားကိုဆွဲဆောင်နိုင်လိမ့် မည်။ ကရာနိ၏ကပ်တိုင်သည် ကျွန်ုပ်တို့အတွက် ထာဝရအသက်၏ကတိ ဝန်ခံချက်တစ်ခုဖြစ်သည်။ ခရစ်တော်၌ယုံကြည်ခြင်းသည် ရိုးသားစွာယုံကြည် သူအတွက် အရာခပ်သိမ်းဖြစ်သည်။ ယေရှု၏ကောင်းမှုများတို့သည် ကျွန်ုပ် တို့၏လွန်ကျူးခြင်းများကိုဖယ်ရှားပစ်ပြီး ကျွန်ုပ်တို့ကိုကောင်းကင်ရက်ကန်းစင် ၌ရက်လုပ်ထားသော ဖြောင့်မတ်ခြင်းဝတ်လုံဖြင့် ဝတ်ခြုံထားသည်။ အသက် သရဖူကို ကျွန်ုပ်တို့အားဂုဏ်ပြုသောအားဖြင့် ဒုက္ခ၏အဆုံးတွင်ပေးရန် ကျွန်ုပ် တို့၏ရှေ့၌ချထားလျက်ရှိသည်။ ဤတန်ဖိုးရှိသောအမှန်တရားတို့သည် အသက်ရှင်သောအကျင့်စာရိတ္တများအဖြစ် ကျွန်ုပ်တို့ပြသရလိမ့်မည်။ Review and Herald, March 19, 1895. [Ev 186.3]EvBur 224.1

    ကျွန်ုပ်တို့ ၏ဟောပြောခြင်းများအတွက်ဆောင်ပုဒ်များ - ဤအရာများတို့သည် ကျွန်ုပ်တို့၏ဆောင်ပုဒ်များဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် ခရစ်တော် ကပ်တိုင်ပေါ်ရိုက်ထားခံရခြင်း၊ သေခြင်းမှခရစ်တော်ထမြောက်ခြင်း၊ ဘုရားသခင် ရှေ့၌ ခရစ်တော်သည် ကျွန်ုပ်တို့၏ကြားဖျန်ဖြေသူဖြစ်ခြင်းနှင့် ဤအရာများ တို့နှင့်နီးကပ်စွာဆက်နွှယ်လျက်ရှိသော သန့်ရှင်းသောဝိညာဉ်တော်၏ရုံးလုပ်ငန်း၊ ခရစ်တော်၏ကိုယ်စားလှယ်၊ မွန်မြတ်သောတန်ခိုးဖြင့်စေလွှတ်ခြင်းနှင့် လူတို့ အတွက်ဆုကျေးဇူးများဖြစ်သည်။ Letter 86, 1895. [Ev 187.1]EvBur 224.2

    သူ၏ကြိုတင်တည်ရှိနေခြင်း၊ ဘုန်းတော်နှင့်တန်ခိုးဖြင့် သူ၏ဒုတိယ အကြိမ်ကြွလာခြင်း၊ သူ၏ကိုယ်တိုင်ဂုဏ်သိက္ခာ၊ သူ၏သန့်ရှင်းသောတရား တော်ကိုချီးမြှင့်ခြင်းတို့သည် ရိုးစင်းခြင်းနှင့်တန်ခိုးဖြင့်တည်ရှိသောဆောင်ပုဒ် များဖြစ်သည်။ Letter 83, 1895. [Ev 187.2]EvBur 224.3

    မှန်ကန်သောသတင်းစကား - မှန်ကန်သောသတင်းစကားတစ်ခုကို တိကျ သောအသံဖြင့်သယ်ဆောင်ပါ။ ကရာနိ၏ပုဂ္ဂိုလ်ခရစ်တော်ကို မြင့်သည်ထက် မြင့်အောင်မြှောက်တင်ပါ။ ခရစ်တော်၏ကပ်တိုင်ကိုမြှောက်တင်ခြင်း၌ တန်ခိုး ရှိသည်။ [Ev 187.3]EvBur 225.1

    ခရစ်တော်အကြောင်းကိုဟောပြောရမည်။ ငြင်းခုံခြင်းအားဖြင့်မဟုတ် ဘဲ တိကျမှန်ကန်စွာဖြင့်ဟောရမည်။ သင်၏ရပ်တည်ခြင်းအပေါ် ငြင်းခုံခြင်း မပါရှိစေပါနှင့်။ သင်၏စကားလုံးများ၌ အချိန်တိုင်းတွင်မသေချာသောအရာ မပါရှိစေပါနှင့်။ အသက်ရှင်သောဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ် တို့ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်ဖြစ်ရမည်။ ကမ္ဘာကြီး၏အပြစ်များအတွက် ခရစ်တော်ပေးဆပ်ခဲ့သည့်အချက်နှင့်ပတ်သက်သော အခိုင်လုံဆုံးနှင့်မှန်ကန် သည့်အဆိုအမိန့်များကိုစုဆောင်းပါ။ ဤပေးဆပ်ခဲ့ခြင်းအတွက် လိုအပ်ချက် ကိုပြပြီး အကယ်၍သူတို့သည်နောင်တရပြီး ဘုရားသခင်၏တရားတော်သို့ သစ္စာရှိစွာဖြင့်ပြန်၍လှည့်လာပါက ကယ်တင်ခြင်းရမည်အကြောင်း သူတို့ကို ပြောပါ။ ခရစ်တော်အားမိမိတို့၏တစ်ဦးတည်းကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်သူအားလုံးအတွက် ဧဝံဂေလိသတင်းစကားသည် ကယ်တင်ခြင်း၏ ဝမ်းမြောက်ဖွယ်သတင်းစကားဖြစ်ကြောင်း မှန်သောအရာများနှင့်သက်သေပြ ချက်များအားလုံးကို စုစည်းရယူပါ။ Letter 65, 1905. [Ev 187,4]EvBur 225.2

    ကာက္က န၏ပူဇော်ခြင်းနှင့်တူသောတရားဟောချက် - ကျွန်ုပ်တို့၏ဓမ္မအမှုဆောင် များစွာတို့သည် တရားကိုသာဟောကြသည်။ သူတို့သည် ငြင်းခုံတတ်သော နည်းဖြင့် အကြောင်းအရာများကိုဟောပြောပြီး ရွေးနုတ်ရှင်၏ကယ်တင်ခြင်း တန်ခိုးကိုဖော်ပြရာ၌ နည်းပါးလှသည်။ သူတို့၏သက်သေခံခြင်း၌ ခရစ်တော် ၏ကယ်တင်ခြင်းအသွေးတော်အကြောင်းမပါရှိပါ။ သူတို့၏ပူဇော်ခြင်းသည် ကာဣနပူဇော်ခြင်းကိုပုံဆောင်သည်။ ကာဣနသည် မြေ၏အသီးကို ဘုရားသခင်ထံယူဆောင်လာသည်။ အသီးကိုယ်၌ ဘုရားသခင်၏ရှေ့မှောက် တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်။ အလွန်ကောင်းသောအသီးများဖြစ်သည်။ သို့သော် ပူဇော်သကာ၏အရည်အသွေး၌ ခရစ်တော်၏အသွေးကိုပုံဆောင် သော အသေသတ်ခြင်းခံရသည့်သိုးသငယ်၏အသွေးမပါရှိပါ။ ထိုကြောင့် ၎င်းသည် ခရစ်တော်မပါသောတရားဟောချက်များဖြစ်သည်။ သူတို့အားဖြင့် လူတို့၏စိတ်နှလုံးကိုထိခိုက်မှုမရှိစေပါ။ လူတို့၌ “ငါကယ်တင်ခြင်းရဖို့ဘာလုပ် ရမလဲ” ဟူသည့်စုံစမ်းလိုစိတ်ကိုလည်း မဖြစ်ပေါ်စေပါ။ ခရစ်ယာန်အမည်ခံ သောသူများအားလုံးအထဲ၌ ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းဝင် များတို့သည် ကမ္ဘာ့ရှေ့မှောက်၌ ခရစ်တော်ကိုပထမဦးဆုံးနေရာ၌ အကောင်း ဆုံးမြှောက်တင်ထားသူများဖြစ်သင့်သည်။ Gospel Workers, p. 156. (1915) [Ev 187.5]EvBur 225.3

    ရှင်းလင်း၊ ရိုးစင်းသောဟန်အမူအရာဖြင့် - ယေရှု၌ရှိသကဲ့သို့ ဓမ္မအမှုဆောင် များတို့သည် အမှန်တရားကိုပို၍ရှင်းလင်းရိုးစင်းသောဟန်အမူအရာဖြင့် ဟောပြောရမည်။ သူတို့ကိုယ်တိုင်၏စိတ်သည် ကြီးမားသောကယ်တင်ခြင်း စီမံကိန်းကို ပို၍ပြည့်စုံစွာနားလည်ရန်လိုသည်။ သို့မှသာ သူတို့သည် ကြားနာ ရသောသူများတို့၏စိတ်ကို လောကအရာများမှ ဝိညာဉ်ရေးနှင့်ဆိုင်သော ထာဝရအရာသို့ပို့ဆောင်နိုင်လိမ့်မည်။ ကယ်တင်ခြင်းရရန်မည်ကဲ့သို့ပြုလုပ်ကြ ရမည်အကြောင်း သိလိုသူများစွာရှိသည်။ သူတို့၏ပြောင်းလဲရန်လိုအပ်သည့် အဆင့်များကို ရှင်းလင်းပြတ်သားစွာရှင်းပြခြင်းကိုလိုလားကြပြီး တရားဟော ချက်ထဲ၌ အထူးသဖြင့်အပြစ်သားများကယ်တင်ခြင်းရရန် ခရစ်တော်ထံလာ နိုင်ကြောင်းနည်းလမ်းကို ရှင်းလင်းချက်မပါရှိဘဲ ဟောပြောခြင်းမပြုသင့်ပါ။ ဓမ္မဆရာများတို့သည် သူတို့အားလူထုပရိသတ်များကို ရိုးစင်းစွာဖြင့် “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့် လော့” ဟု ယောဟန်သည် သူတို့၏စိတ်ကို ခရစ်တော်၏မေတ္တာဖြင့်လန်းဆန်း တောက်ပစေရန်ပြောသကဲ့သို့ ပြောကြရမည်။ အပြစ်သားများနောင်တရပြီး ပြောင်းလဲရန်အတွက်ပြင်းထန်၍ စိတ်အားထက်သန်စွာဖြင့်ဖိတ်ခေါ်သင့်ကြ သည်။ Review and Herald, Feb. 22, 1887. [Ev 188.1]EvBur 226.1

    ယေရှု၌ရှိသောအမှန်တရားကဲ့သို့ - ခရစ်တော်ပေးသော လွယ်ကူသည့် သင်ခန်းစာများကိုသင်ပေးပါ။ မိမိကိုယ်ကိုငြင်းပယ်ခြင်းနှင့်ဆက်ကပ်ခြင်း၊ သူ၏ အရှက်ခွဲခံခြင်းနှင့်သေခြင်း၊ သူ၏ရှင်ပြန်ထမြောက်ခြင်းနှင့်တက်ကြွသွားခြင်း၊ အပြစ်သားများအတွက် ကောင်းကင်တရားရုံး၌ သူ၏ဝင်ရောက်ဖျန်ဖြေ တောင်းပန်ပေးခြင်းအကြောင်းအရာများဖြစ်သည့် ခရစ်တော်၏အသက်တာ ပုံပြင်ကိုပြောပါ။ ပရိသတ်အစုအဝေးများအထဲ၌ ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်လှုပ်ရှားသောသူများရှိသည်။ အမှန်တရားသည် မည်သည့်အရာ ဖြစ်ကြောင်းကို နားလည်ရန်သူတို့ကိုမစပါ။ အသက်မုန့်ကိုဖဲ့၍ကျွေးပါ။ သူတို့ ၏အာရုံကို အရေးကြီးသောမေးခွန်းများဖြင့်ခေါ်ဆောင်ပါ။ [Ev 188.2]EvBur 227.1

    အမှားများကိုထောက်ခံပြောဆိုသောအသံများစွာရှိသည်။ သင်၏အသံ သည် အမှန်တရားကိုထောက်ခံပြောဆိုစေပါ။ ဘုရားသခင်၏သိုးခြံထဲရှိသိုးများ အတွက် စိမ်းလန်းသောမြက်ခင်းဖြစ်မည့်အကြောင်းအရာများကိုဟောပြောပါ။ သင်၏တရားနာပရိသတ်များတို့အား သင်၏ပြောသောစကားကိုမကြားရသေး မီအချိန်ကထက် အသက်စမ်းရေနှင့်ပို၍မနီးစေသောနေရာသို့ ပို့ဆောင်ခြင်း မပြုပါနှင့်။ ယေရှု၌ရှိသောအမှန်တရားကိုပြောပါ။ ပညတ်တော်နှင့်ဧဝံဂေလိ တရား၏တောင်းဆိုခြင်းများကို ရှင်းလင်းစွာပြောပြပါ။ လမ်းခရီး၊ အမှန်တရား နှင့်အသက်ဖြစ်သောခရစ်တော်၏အကြောင်းနှင့် သူ့ထံသို့လာသောသူအားလုံး တို့ကို ကယ်တင်နိုင်သည့်တန်ခိုးအကြောင်းများကိုပြောပါ။ ကျွန်ုပ်တို့ကယ်တင် ခြင်း၏ဗိုလ်ကြီးသည် မိမိလူတို့အတွက်တောင်းပန်ပေးခြင်းမှာ ခမည်းတော် ၏သနားခြင်းကရုဏာကို ကျွန်ုပ်တို့ခံစားရရှိရန် တောင်းဆိုပေးသူကဲ့သို့မဟုတ် ပါ။ သူ၏အောင်မြင်ခြင်းအထိမ်းအမှတ်ဆုလာဘ်ကိုတောင်းယူသော အောင်မြင်သူတစ်ဦးကဲ့သို့ဖြစ်ပါသည်။ သူ့အားဖြင့် ဘုရားသခင်ထံသို့လာ သောသူအားလုံးကို သူကယ်တင်နိုင်သည်။ [Ev 189.1]EvBur 227.2

    ဓမ္မအမှုဆောင်များတို့သည် သတိမရှိပါက လူတို့၏တန်ဆာဆင်ခြင်း အောက်၌ သူတို့သည် အမှန်တရားကိုဝှက်ထားပါလိမ့်မည်။ မည်သည့်ဓမ္မ အမှုဆောင်မိတို့၏အာဝဇ္ဇန်းကောင်းသောတရားဟောချက်များအားဖြင့် ဝိညာဉ်များကိုပြောင်းလဲနိုင်သည်ဟုမယူဆပါနှင့်။ သူတစ်ပါးတို့ကိုသင်ကြား သောသူတို့သည် သူ၏ဝိညာဉ်ကိုရရှိရန် ဘုရားသခင်ထံအသနားခံသင့်ပြီး အပြစ်သားများတို့အတွက် တစ်ခုတည်းသောမျှော်လင့်ရာဖြစ်သည့်ခရစ်တော်ကို သူတို့အားမြှောက်တင်နိုင်စေရန်ဖြစ်သည်။ လှပသောအပြောအဆိုများ၊ နှစ်သက် ဖွယ်ရာပုံပြင်များ၊ သို့မဟုတ် မဆီလျော်သည့်ရယ်ရွှင်ဖွယ်ရာပုံတိုပတ်စများတို့ သည် အပြစ်သားများကိုပြောင်းလဲပေး၍မရပါ။ နာပျော်ဖွယ်ရာသီချင်းတစ်ပုဒ် ကို နားထောင်ရသကဲ့သို့သာ လူတို့သည် ထိုသို့သောစကားများကို နားထောင် ကြပါလိမ့်မည်။ အပြစ်သားများကြားနာသင့်သောသတင်းစကားသည် “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်း သို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါး တည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ် တော်မူ၏” ဖြစ်ပါသည်။ Gospel Workers, pp. 154, 155. (1915) [Ev 189.2]EvBur 227.3

    ခရစ်တော်၏ငမေတ္တာမြှင့် တင်ပေးသည် - ကြိုတင်ဆုံးဖြတ်ထားခြင်းနှင့် နောင်တမရခြင်း၏အတားအဆီးများကိုဖြိုဖျက်ရန် ခရစ်တော်၏မေတ္တာတော် သည် ဟောပြောခြင်းတိုင်း၌ပါရှိရမည်။ ခရစ်တော်သည် သူတို့အားမည်မျှ ချစ်ကြောင်းနှင့် မည်သည့်အထောက်အထားများဖြင့် သူတို့အားသူ၏မေတ္တာ ကိုပေးကြောင်း သူတို့ကိုသိစေပါ။ ကပ်တိုင်ပေါ်ခရစ်တော်၏အသေခံခြင်း အားဖြင့် လူတို့အတွက်ဘုရားသခင်ဖော်ပြသည့်မေတ္တာကို မည်သည့်မေတ္တာ နှင့်နှိုင်းယှဉ်၍ရမည်နည်း။ စိတ်နှလုံးသည် ယေရှု၏မေတ္တာနှင့်ပြည့်ဝသောအခါ ဟောပြောချက်များတို့သည် လူတို့၏စိတ်နှလုံးကိုထိခိုက်စေလိမ့်မည်။ Letter 48, 1886. [Ev 189.3]EvBur 228.1

    ဟောပြောခြင်းတိုင်း၏ကပ်တိုင်အခြေခံ - အပြစ်အတွက်ပေးဆပ်ခြင်းအနေ ဖြင့် ခရစ်တော်၏ပူဇော်ခံခြင်းသည် အခြားအမှန်တရားအားလုံးစုပြုံနေသည့် အမှန်တရားကြီးတစ်ခုပင်ဖြစ်သည်။ မှန်ကန်စွာနားလည်နိုင်ရန်နှင့် ဂုဏ်ပြု ချီးမွမ်းနိုင်ရန်အတွက် ကမ္ဘာဦးကျမ်းမှဗျာဒိတ်ကျမ်းအထိ ဘုရားသခင်၏အမှန် တရားတိုင်းကို ကရာနိကပ်တိုင်မှစီးဆင်းလာသောအလင်းကို လေ့လာကြရ မည်။ သင့်ရှေ့၌ကျွန်ုပ်သည် ကြီးမား၍ခမ်းနားသောကရုဏာအထိမ်းအမှတ် ကျောက်တိုင်နှင့် အားသစ်လောင်းခြင်း၊ ကယ်တင်ခြင်းနှင့်ရွေးနုတ်ခြင်း၊ ဘုရားသခင်၏သားတော် ကပ်တိုင်ပေါ်မြှောက်ပင့်ခံရခြင်းတို့ကို ဟောပြော ပါသည်။ ဤအရာသည် ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များမှဟောပြောကြရမည့် ဟောပြောခြင်းတိုင်း၏အခြေခံအုတ်မြစ်ဖြစ်သည်။ Gospel Workers, p. 315. (1915) [Ev 190.1]EvBur 228.2

    ခရစ်တော်နှင့် သူ၏ဖြောင့်မတ်ခြင်း - ခရစ်တော်နှင့်သူ၏ဖြောင့်မတ်ခြင်း- ဤအရာသည် ကျွန်ုပ်တို့၏စင်မြင့်၊ ကျွန်ုပ်တို့ယုံကြည်ခြင်း၏မှန်ကန်သော အသက်ဖြစ်စေပါ။ Review and Herald, Aug. 31, 1905. [Ev 190.2]EvBur 229.1

    နည်းအမျိုးမျိုးဖြင့် ကောင်းကင်တမန်သုံးပါးတစ်ပါး၏သတင်းစကား - ကျွန်ုပ်ထံ လူများစွာစာရေးပြီး “ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းသည် ကောင်းကင်တမန်သုံးပါးတစ်ပါး၏သတင်းစကားဖြစ်ပါသလား” ဟုမေးသည့် အခါ ကျွန်ုပ်ပြန်၍အဖြေပေးသည်မှာ၊ ‘၎င်းသည် ကောင်းကင်တမန်သုံးပါး တစ်ပါး၏သတင်းစကားအမှန်ပင်ဖြစ်သည်” ဟုဖြစ်ပါသည်။ Review and Herald, April 1, 1890. [Ev 190.3]EvBur 229.2

    ၎င်းသည်မြှင့်တင်ခြင်းခံရသောကယ်တင်ရှင်ကိုဟောပြောသည် - မြှင့်တင်ခြင်း ခံရသောကယ်တင်ရှင်၊ ကမ္ဘာတစ်ခုလုံး၏အပြစ်အတွက် ပူဇော်သကာနှင့် ပတ်သက်သည့်ဤသတင်းစကားကို ကမ္ဘာသို့ပို၍ထင်ရှားစွာသယ်ဆောင် သွားရမည့်သတင်းစကားဖြစ်သည်။ ၎င်းသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ရောက်ခြင်း၌ အာမခံခြင်းကိုဟောပြောခြင်း၊ ၎င်းသည် ဘုရားသခင်၏ ပညတ်တော်အားလုံးကို နားထောင်ခြင်းအားဖြင့်ထင်ရှားစေခြင်း၌ လူတို့အား ခရစ်တော်၏ဖြောင့်မတ်ခြင်းကို ရရှိရန်ခေါ်ဖိတ်ခြင်းဖြစ်သည်။ လူများစွာတို့ သည် ယေရှုကိုမေ့ပျောက်နေကြသည်။ သူတို့သည် မိမိတို့၏မျက်စိကို သူ၏ မြင့်မြတ်သော သူ၏ကိုယ်တိုင်ထံသို့၊ သူ၏ကောင်းမှုများတို့နှင့် လူသားတို့ ၏မိသားစုအတွက် သူ၏ပြောင်းလဲခြင်းမရှိသောမေတ္တာသို့ကြည့်ရန်လိုသည်။ လူတို့အားကြွယ်ဝသောဆုကျေးဇူးကိုဝေငှနိုင်ရန် မစခြင်းကင်းမဲ့သောသူတို့အား သူကိုယ်တိုင်၏ဖြောင့်မတ်ခြင်းအခမဲ့ဆုကျေးဇူးကိုဝေပေးနိုင်ရန် တန်ခိုးအားလုံး ကို သူ့လက်ထဲပေးအပ်ထားလျက်ရှိသည်။ ဤသတင်းစကားသည် လောက သို့ပေးရန် ဘုရားသခင်စေခိုင်းသောသတင်းစကားဖြစ်သည်။ ဤသတင်းစကား သည် သူ၏ဝိညာဉ်များစွာသွန်းလောင်းခြင်းခံရသည့်ပုဂ္ဂိုလ်များတို့၏ကျယ်လောင် သောအသံဖြင့်ကြွေးကြော်ရမည့် ကောင်းကင်တမန်သုံးပါးတစ်ပါး၏သတင်း စကားဖြစ်သည်။ [Ev 190.4]EvBur 229.3

    မြှင့်တင်ခြင်းခံရသောကယ်တင်ရှင်သည် အသေခံရသောသိုးသငယ် ကဲ့သို့ သူ၏ထိရောက်သောအလုပ်၊ ပလ္လင်ပေါ်၌ထိုင်နေခြင်း၊ အဖိုးမဲ့ပဋိညာဉ် ၏ကောင်းချီးမင်္ဂလာများကိုဝေငှရန် သူ့အပေါ်ယုံကြည်သင့်သောဝိညာဉ်တိုင်းကို ဝယ်ယူရန် သူ၏အသေခံသည့်ကျေးဇူးများကို ထင်ရှားစေရန်ဖြစ်သည်။ ၎င်းမေတ္တာကိုယောဟန်သည် စကားလုံးများအားဖြင့် ဖော်ပြနိုင်စွမ်းမရှိပါ။ ၎င်းသည်နက်လွန်း၍ ကျယ်လွန်းလှသည်။ လူသားမိသားစုတို့ကြည့်ရန်အတွက် သူခေါ်တော်မူသည်။ ခရစ်တော်သည် အထက်ကောင်းကင်တရားရုံးမှ အသင်း တော်အတွက်နှင့် သူကိုယ်တိုင်အသွေးတော်အားဖြင့်ရွေးနုတ်ခြင်းအဖိုးကို ပေးခဲ့ရသည့်သူတို့အတွက် တောင်းပန်ပေးလျက်ရှိသည်။ ရာစုများစွာ ခေတ်အဆက်ဆက်မှ ဤအပြစ်အခပူဇော်ခဲ့ခြင်း၏ထိရောက်မှုကို မည်သည့် အခါမျှလျော့နည်းအောင်လုပ်၍မရပါ။ သူ၏ကျေးဇူးတော်ဧဝံဂေလိသတင်း စကားကို အသင်းတော်သို့ရှင်းလင်းပြတ်သားစွာပြောဆိုပေးရမည်ဖြစ်ပြီး ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းဝင်များတို့သည် ပညတ်တော် အကြောင်းကိုသာဟောပြီး ခရစ်တော်အကြောင်းကိုမပြောခြင်း၊ သို့မဟုတ် ခရစ်တော်ကိုမယုံကြည်ခြင်းကို ကမ္ဘာမှမည်သည့်အခါမျှမပြောစေရန်ဖြစ်သည်။ [Ev 191.1]EvBur 230.1

    အာနိသင်ထက်မြက်သော ခရစ်တော်၏အသွေးတော်ကို လူတို့ထံသို့ လန်းလန်းဆန်းဆန်းတန်ခိုးဖြင့်ဟောပြောရမည်။ သူတို့၏ယုံကြည်ခြင်းသည် ၎င်း၏ပြည့်ဝသောအရည်အချင်းကို စွဲမြဲစွာကိုင်ဆွဲရမည်။ [Ev 191.2]EvBur 231.1

    နှစ်ပေါင်းများစွာအသင်းတော်သည် ကျွန်ုပ်တို့၏ထာဝရအသက်ဗဟို အချက်အချာ၏မျှော်လင့်ရာယေရှုကိုမကြည့်ကြဘဲ လူကိုသာကြည့်နေပြီး လူအပေါ်၌သာ မျှော်လင့်ချက်များစွာထားကြသည်။ ထိုကြောင့် ဘုရားသခင် သည် ကောင်းကင်တမန်သုံးပါးတစ်ပါးသတင်းစကားဖြစ်သည့် ယေရှု၌ရှိသော အမှန်တရားကို ရှင်းလင်းပြတ်သားစွာဟောပြောရန် သက်သေခံခြင်းတစ်ခုအဖြစ် သူ၏အစေခံများကိုပေးထားခြင်းဖြစ်သည်။ Testimonies to Ministers, pp. 91-93.EvBur 231.2

    ခရစ်တော်နှင့်မိမိကိုယ်ကိုဆုံးမခြင်း - တတိယကောင်းကင်တမန်သုံးပါး တစ်ပါး၏သတင်းစကားကိုဟောသင့်သည့်အတိုင်း ဟောပြောသောအခါ၊ ဟောကြားသည့်အပေါ်တန်ခိုးသက်ရောက်ပြီး ခိုင်မြဲသောသြဇာကိုဖြစ်စေသည်။ မွန်မြတ်သောတန်ခိုးဖြင့်ဟောပြောရမည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ပြီးမြောက်အောင်ပြုနိုင်လိမ့်မည်မဟုတ်ပါ။ [Ev 191.4]EvBur 231.3

    ရ မိမိကိုယ်ကိုဆုံးမခြင်းများ၊ အသားကိုနာကျင်စေခြင်းများ၊ စစ်မှန်သည့် နောင်တမပါသော အမြဲအပြစ်ဝန်ချခြင်းများ၊ အစာရှောင်ခြင်းများ၊ ပွဲကျင်းပ ခြင်းများ၊ စစ်မှန်သောဝတ်ပြုခြင်းမဟုတ်သည့် အပေါ်ယံစောင့်ထိန်းမှုများ အားလုံးတို့သည် တန်ဖိုးမရှိပါ။ ခရစ်တော်၏ပူဇော်ဆက်ကပ်ခြင်းသည် လုံလောက်သည်။ သူသည် ဘုရားထံသို့တစ်ခုလုံး၊ လုံလောက်သောပူဇော် သကာကိုယူဆောင်ခဲ့သည်။ ခရစ်တော်၏ကောင်းမြတ်ခြင်းမပါသည့် လူသား တို့၏ကြိုးစားမှုများသည် တန်ဖိုးမရှိပါ။ [Ev 192.1]EvBur 231.4

    လူတို့၏ကြိုးစားခြင်းလုံးလုံးအောင်မြင်ရန် မွန်မြတ်သောဘုရားတန်ခိုး ကို လူတို့ထံသို့ယူလာရမည်ဟုထင်မှတ်ခြင်းသည် ကယ်တင်ခြင်းစီမံကိန်းကို နားမလည်ခြင်းဖြစ်သည်။ [Ev 192.2]EvBur 231.5

    ဘုရားတန်ခိုးတစ်ခုတည်းအားဖြင့်သာ ရရှိနိုင်သောပြောင်းလဲခြင်း အစီအစဉ်မပါရှိပါက အပြစ်ပြုလုပ်ရန်မူလဝါသနာသည် နှလုံးထဲ၌ ၎င်း၏ ခွန်အား အားလုံးကျန်ရှိနေပြီး၊ အသစ်သောကွင်းဆက်များကိုပြုလုပ်ရန်နှင့် လူတန်ခိုးဖြင့် မည်သည့်အခါမျှရုန်းထွက်၍မရသော အပြစ်ကျွန်ဘဝ၌သာ အမြဲရှိနေမည်ဖြစ်သည်။ Review and Herald, Aug. 19, 1890. [Ev 192.3]EvBur 232.1

    လက်ရှိအမှန်တရားသတင်းစကားတစ်ခု - ကျွန်ုပ်တို့သည် လူများရှေ့၌ ဟောပြောရန် တန်ဖိုးရှိသောအလင်းရှိနေသောကြောင့် ဘုရားသခင်ကို စိတ်နှလုံးပါလျက်ကျေးဇူးတင်ပြီး၊ ယခုအချိန်အတွက် လက်ရှိအမှန်တရား သတင်းစကားရှိသောကြောင့်လည်း ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။ သတင်း များဖြစ်သော ခရစ်တော်ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းသည် လူများစွာနှင့်ဝိညာဉ် များစွာတို့ကိုသက်သာမှုပေးပြီး ဘုရားသခင်သည် မိမိသားသမီးတို့အာ “ရှေ့သို့ချီတက်ပါ” ဟုပြောနေပါသည်။ Review and Herald, July 23, 1889. [Ev 192.4]EvBur 232.2

    အသင်းတော်များနှင့်နေရာသစ်များအတွက်သတင်းစကားတစ်ခု - ဓမ္မအမှုဆောင် များတို့သည် ခရစ်တော်၏အကြောင်းကို ပြည့်ပြည့်ဝဝအသင်းတော်များနှင့် နေရာသစ်များအားလုံးတို့၌ ဟောပြောရပါမည်။ သို့မှသာ ကြားနာရသူများ တို့သည် ဉာဏ်ရည်ထက်မြက်သောယုံကြည်ခြင်းကိုရရှိကြလိမ့်မည်။ လူတို့ အားခရစ်တော်သည် သူတို့အတွက်ကယ်တင်ခြင်းနှင့်ဖြောင့်မတ်ခြင်းဖြစ်ကြောင်း သွန်သင်ကြရမည်။ မာရ်နတ်၏လေ့လာသောရည်ရွယ်ချက်သည် ဝိညာဉ်များ တို့ကို ခရစ်တော်သည် သူတို့၏တစ်ခုတည်းသောမျှော်လင့်ရာမှ ကာဆီးထားရန် ဖြစ်သည်။ အကြောင်းမှာ အပြစ်အားလုံးကိုဆေးကြောသော ခရစ်တော်၏ အသွေးတော်သည် ၎င်း၏ကောင်းမှုကို ယုံကြည်သောသူအတွက်၏ကိုယ်စား ၌သာလျှင် လုံလောက်ခြင်းကြောင့်ဖြစ်သည်။ Gospel Workers, p. 162. (1915) [Ev 192.5]EvBur 232.3

    တချို့တို့ သည်နောက်ဆုံးတရားဟောချက်ကိုနားထောင်ခြင်း - ဘုရားသခင်သည် ကျိုးကြောင်းဆက်သွယ်မှုဖြင့် ဟောပြောခြင်း၏ယုံကြည်ခြင်းမှ နက်ရှိုင်းဖြူစင် ပို၍ကြီးကျယ်ခမ်းနားသောယုံကြည်ခြင်းသို့ စိတ်နှလုံးများကိုဆွဲယူသည်။ ကြိမ်ဖန်များစွာလူသား၏ကျိုးကြောင်းဆက်သွယ်မှုဖြင့်ပြောဆိုခြင်းသည် ဘုရားသခင်အလိုရှိသောလူတို့ကိုပြောင်းလဲစေသည့် ရှင်းလင်းသောရောင်ခြည် တို့၏အလင်းကိုငြိမ်းစေသည်။ သဘာဝ၏ဘုရားရှင်သည် ချီးမွမ်းခြင်းအားလုံး ဘုန်းတန်ခိုးပေးထိုက်သောအရှင်ဖြစ်ခြင်းမှာ သူသည် ခပ်သိမ်းသောအရာ တို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့်ဖြစ်သည်။ [Ev 193.1]EvBur 233.1

    တချို့သောဓမ္မအမှုဆောင်များတို့သည် မိမိတို့၏တရားဟောချက် များအားလုံးကို ဆင်ခြေပေးခြင်းဖြင့်မှားယွင်းကြသည်။ အမှန်တရား၏အယူအဆ ကို နားထောင်သောသူများလည်းရှိကြပြီး ဖော်ပြသောအထောက်အထားများ အားဖြင့် စိတ်ဝင်စားကြသည်။ ထိုနောက်အကယ်၍ ခရစ်တော်ကိုကမ္ဘာ့ ကယ်တင်ရှင်အဖြစ်ဟောပြောပါက ကြံသောမျိုးစေ့သည်ပေါက်လာပြီး ဘုရားသခင်၏ဘုန်းတော်အတွက် အသီးသီးလာလိမ့်မည်။ သို့သော် အများ အားဖြင့် ကရာနိ၏ကပ်တိုင်အကြောင်းကို လူတို့ရှေ့၌မဟောပြောကြပါ။ တချို့သောသူတို့သည် အမြဲကြားပြီးသားနောက်ဆုံးတရားဟောချက်ကို နားထောင်ကြသည့်အတွက် ရွှေကဲ့သို့တန်ဖိုးရှိသောအခွင့်အရေးဆုံးရှုံးပြီး၊ အစဉ်အမြဲဆုံးရှုံးသွားပါသည်။ အကယ်၍ အမှန်တရား၏အယူအဆနှင့် ပတ်သက်သော ခရစ်တော်နှင့်သူ၏ရွေးနုတ်ခြင်းမေတ္တာကိုဟောပြောပါက၊ ဤအချက်များသည် သူတို့ကိုခရစ်တော်ထံသို့ပို့ဆောင်ပေးနိုင်လိမ့်မည်။ Gospel Workers, pp. 157, 158. (1915) [Ev 193.2]EvBur 233.2