Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဥရောပတိုက်တောင်ပိုင်းအတွင်း

    အီတလီ၌ဟောပြောခြင်းနှင့် တစ်ဦးတည်းသာသနာ့လုပ်ငန်း - ပိုင်းမောက် (Piedmont) လွင်ပြင်အကြောင်းကြားခဲ့ရပါသည်။ ထိုနေရာ၌ ကျွန်ုပ်အလင်း ရခဲ့သည်မှာ လွင်ပြင်တစ်လျှောက်လုံးရှိ တန်ဖိုးရှိသောဝိညာဉ်များ အမှန်တရား လက်ခံရန်ရှိနေကြပါသည်။ ဤနေရာများအကြောင်းကို ကျွန်ုပ်ကိုယ်တိုင်မသိ ပါ။ သို့သော် လွန်ခဲ့သောအချိန်၌ ဘုရားရှင်၏လုပ်ငန်းနှင့် တစ်နည်းတစ်လမ်း အားဖြင့် သူတို့အဆက်အသွယ်ရှိကြောင်း ကျွန်ုပ်အားပြောပြခဲ့ပါသည်။ ယခု သူသည် ဤပုဂ္ဂိုလ်များတို့အတွက် တစ်ဆင့်တိုး၍ဆောင်ရွက်ရပါမည်။ [Ev 423.1]EvBur 551.1

    ဤလွင်ပြင်၌လုပ်ဆောင်ကြသောသူတို့သည် မိမိတို့၏လုပ်ငန်းကို အထူးစိတ်ဝင်စားကြရမည်။ သို့မဟုတ် အောင်မြင်မှုရှိမည်မဟုတ်ပါ။ ကောင်းကင် တမန်သုံးပါးသည် ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသကဲ့သို့ ပုံဆောင်ထား ပါသည်။ ဤလုပ်ငန်းကို အလျင်အမြန်ဆောင်ရွက်ကြရမည်။ သူတို့စနစ် တကျဆက်လက်ဆောင်ရွက်ကြရမည်။ ပါးနပ်စွာဖြင့် ဆက်ကပ်လုပ်ဆောင် ကြရမည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခက်ခဲမှုများကိုရင်ဆိုင်နိုင်ရန် ပြင်ဆင်မှုပြုကြရပါမည်။ [Ev 423.2]EvBur 552.1

    သူတို့ဟောပြောကြရန်သာမဟုတ်ဘဲ သူတစ်ပါးအကျိုးပြုလုပ်ငန်းကို လည်း ဆောင်ရွက်ကြရမည်။ သူတို့ထွက်၍လုပ်ဆောင်ကြသောအခါ၊ လူတို့ အတွက်ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ပြီး နှုတ်ကပတ်တော်ကို ဖွင့်ပြရာတွင် သူတို့နှင့်ရင်းနှီးမှုရှိကြရပါမည်။ အစ၌ လူနည်းစုသာလျှင် အမှန်တရားကိုလက်ခံကြပေလိမ့်မည်။ သို့သော် ဧကန်အမှန်သူတို့ပြောင်းလဲ လာသည့်အခါ အခြားသူများအတွက် သူတို့ဆောင်ရွက်ကြမည်ဖြစ်ပြီး မကြာမီ မှန်ကန်သောကြိုးစားမှုကြောင့် ကြီးမားသောအဖွဲ့အစည်းဖြစ်ပေါ်လာပြီး ရှေ့သို့ လုပ်ငန်းလျင်မြန်စွာ တိုးတက်လာပါလိမ့်မည်။ [Ev 423.3]EvBur 552.2

    ကျွန်ုပ်တို့ကြားရသည့်သတင်းအရ၊ ယခုထိုဒေသတစ်လျှောက်၌ ပြီးမြောက်ရန်ဆောင်ရွက်ရမည့်လုပ်ငန်းရှိနေပါသည်။ ဤနိုင်ငံတစ်လျှောက် လုံးတွင် ဘုရားရှင်အသုံးပြုရန် တန်ဖိုးရှိသောစွမ်းရည်ရှိပြီး ကျွန်ုပ်တို့ရရှိ ပိုင်ဆိုင်ရန် အားလုံးနိုးကြားခြင်းရှိရကြပါလိမ့်မည်။ Historical Sketches, P 147. (1886) [Ev 423.4]EvBur 552.3

    အမှန်တရားအတွက်လူများစွာရပ်တည်ကြလိမ့်မည် - ကောင်းကင်တမန်သုံးပါး တစ်ပါးနှင့်ပေါင်းစည်းသောကောင်းကင်တမန်သည် မြေကြီးကိုသူ၏ဘုန်းတော် ၌ပင် အလုပ်စတင်ရမည့်နေရာ၌ ခက်ခဲပုံပေါ်သော်လည်း သူ၏နှုတ်ကပတ် နှင့်ထွန်းလင်းရန်ဖြစ်သည်။ ဤချိုင့်ဝှမ်းများ (အီတလီမြောက်ပိုင်းအတွင်း) တော်အားဖြင့် သူတို့အားဘုရားသခင်ပြောသောစကားကို အသိအမှတ်ပြုသူများ ရှိကြပါလိမ့်မည်။ ၎င်းနောက် ခရစ်ယာန်အဖွဲ့၏ တန်ခိုးသြဇာအောက်၌ ရောက်ရှိလာပြီး ဘုရားသခင်၏အမှန်တရားအတွက် သူတို့ရပ်တည်ကြပါ လိမ့်မည်။ ဤနယ်မြေ၌အမှုထမ်းရန် လွယ်ကူသောနေရာတစ်ခုမဟုတ်ပါ။ တစ်မဟုတ်ချင်းအကျိုးများပေါ်ထွက်လာမည့်နေရာလည်းမဟုတ်ပါ။ သို့သော် ဤနယ်မြေ၌ အချိန်မီနားထောင်မည့်ရိုးသားသောသူများရှိကြပါသည်။ Historical Sketches, p. 249. (1886) [Ev 424.1]EvBur 552.4

    အီတလီ၌ထိရောက်သောတစ်ဦးချင်းလုပ်ငန်း - ကျွန်ုပ်တို့၏ညီအစ်ကိုများ အတွက် လူတို့အမအစအလိုအပ်ဆုံးသောနေရာ၌နေထိုင်ရခြင်းသည် အမြဲ ပါက သူတို့၏လုပ်ငန်းသည် မကြာခဏပို၍တိုးတက်ကာ ကောင်းမွန်ခြင်း သာယာခြင်းမရှိပါ။ သို့သော် အကယ်၍သူတို့အကောင်းဆုံးဆောင်ရွက်ကြ ရှိပါလိမ့်မည်။ လူတို့နှင့်နီးကပ်စွာနေထိုင်သင့်ကြပြီး သူတို့၏စားပွဲ၌အတူ ထိုင်ကြကာ သူတို့၏မခမ်းနားလှသောအိမ်၌ တည်းခိုကြရလိမ့်မည်။ အမှုထမ်း များတို့သည် မိမိတို့၏မိသားစုကို ကောင်းသောနေရာများသို့ခေါ်ဆောင်လို ကြလိမ့်မည်။ သို့သော် ယေရှုသည် အကောင်းဆုံးသောနေရာများ၌မနေခဲ့ ကြောင်း သူတို့သတိရသင့်သည်။ ဤကမ္ဘာသို့ ယေရှုကြွလာခြင်းသည် အကူအညီလိုအပ်သူများတို့ကို ကူညီမစရန်ဖြစ်သည်။ Historical Sketches, P. 148. (1886) [Ev 424.2]EvBur 553.1

    လူတို့၏အာရုံကိုဆွဲဆောင်နိုင်ခြင်းမရှိပါက သူတို့အတွက်ဆောင်ရွက် သမျှ အကျိုးရှိမည်မဟုတ်ပါ။ စိတ်ဝင်စားမှုမရှိပါက ဘုရားသခင်၏နှုတ်ကပတ် တော်ကို နားလည်နိုင်မည်မဟုတ်ပါ။ “ဘုရားသခင်မိန့်တော်မူသည်ကား” ဟူ၍ ရှင်းလင်းပြတ်သားသော မိမိတို့၏အာရုံကိုဆွဲဆောင်နိုင်သည့်စကားကို မဟုတ်၊ နှုတ်ကပတ်တော်အားဖြင့်စမ်းသပ်၍စီရင်ခြင်းရှိကြောင်းနှင့် ၎င်းတို့ကို သူတို့လိုအပ်လျက်ရှိသည်။ သူတို့၏အရေးကိစ္စများကို လူတို့၏နှုတ်အားဖြင့် လောကီတရားစီရင်ခြင်းရှေ့၌မဟုတ်၊ တရားမျှတသောဘုရားရှင်၏ရုံးတော် တရားစွဲဆိုခြင်းခံရမည်ကို သူတို့အားတွေ့မြင်စေပါ။ ရှင်းလင်း၍မှန်ကန် သောနှုတ်ကပတ်တော်ကို သူတို့ရှေ့၌ဟောပြောသောအခါ၊ ၎င်းသည် ကြာမြင့် စွာမြတ်နိုးခဲ့ရသည့်ဆန္ဒမှတိုက်ရိုက်လာပြီး အကျင့်များကိုတည်မြဲစေပါသည်။ သူတို့သည်ယုံကြည်ပြီး သင်၏အကြံပေးခြင်း၊ အားပေးခြင်းနှင့်ဆုတောင်း ခြင်းကို အထူးလိုအပ်လာပါသည်။ တန်ဖိုးရှိသောဝိညာဉ်များစွာတို့သည် အခိုက်အတန့်ချိန်ခွင်လျှာပေါ်၌ ချိန်ဆလျက်ရှိကြပြီးနောက် မှားယွင်းခြင်း ဘက်သို့ရပ်တည်ကြရခြင်းသည် မှန်သောအချိန်၌ကြိုးစားလုပ်ဆောင်မှုမရှိခြင်း ကြောင့်ဖြစ်သည်။ Historical Sketches, p. 148. (1886) [Ev 424.3]EvBur 553.2