ကျွန်ုပ်တို့အထဲ၌ရှိသောဧည့်သည်
ရေးရာ လူမျိုးများ၊ ရာထူးများ၊ အယူဝါဒများအားလုံးသို့ရောက်ရှိခြင်း - ခရစ်တော် သည် လူမျိုး၊ ရာထူး၊ အယူဝါဒခွဲခြားခြင်းကို အသိအမှတ်မပြုပါ။ ကျမ်းတတ် ပုဂ္ဂိုလ်များနှင့်ဖာရိရှဲများတို့သည် ကောင်းကင်ဆုကျေးဇူးများကို မိမိတို့နယ်ဒေသ ရှိ မိမိတို့လူမျိုးများအတွက်ကိုသာပြုလုပ်ရန်ဆန္ဒရှိကြပြီး အခြားလောက၌ရှိ သော ဘုရားသခင်၏သားသမီးများတို့ကို ဘေးဖယ်ထားရန်ဖြစ်သည်။ သို့သော် ဤအကာအဆီးနံရံများအားလုံးတို့ကိုဖြိုဖျက်ရန် ခရစ်တော်လာခဲ့ပါသည်။ သူသည် လေ၊ အလင်းနှင့်မြေကြီးကိုလန်းဆန်းစေသော မိုးရေတို့ကိုချုပ်ကိုင် ထားခြင်းမပြုသကဲ့သို့ သူ၏ကရုဏာကျေးဇူးနှင့်မေတ္တာကိုလည်း ချုပ်ကိုင် ထားခြင်းမရှိကြောင်း ပြရန်သူလာခဲ့ပါသည်။ Ministry of Healing, p. 25. (1905) [Ev 568.4]EvBur 748.3
ထူးခြားသောတိုင်းပြည်တစ်ပြည်၌ဧည့်သည်များ - ကြီးသောမြို့ကြီးများတို့ ၏ခြံဝင်း၊ လမ်းလေးများအထဲနှင့် နိုင်ငံ၏အဖော်မဲ့လမ်းကြားများတို့၌ မိသားစု များနှင့်လူတို့ရှိကြသည်။ မတော်အသင်းတော်နှင့်ဆက်သွယ်မှုများမရှိသူများ၊ ထူးခြားသောတိုင်းပြည်တစ်ပြည်မှဧည့်သည်များနှင့် သူတို့၏အဖော်မဲ့ခြင်း ကြောင့် ဘုရားသခင်သူတို့ကိုမေ့နေသည်ဟု ခံစားရသူများဖြစ်ပေလိမ့်မည်။ ကယ်တင်ခြင်းရရှိရန် သူတို့မည်ကဲ့သို့ပြုလုပ်ရမည်ကို သူတို့နားမလည်ကြပါ။ အများသောသူတို့သည် အပြစ်နွံထဲ၌နစ်မြှုပ်လျက်နေကြသည်။ အများသော သူတို့သည် ဝမ်းနည်းကြေကွဲနေကြသည်။ သူတို့သည် ဒုက္ခဆင်းရဲခြင်း၊ လိုချင်တပ်မက်ခြင်း၊ မယုံကြည်ခြင်း၊ စိတ်ပျက်ခြင်းတို့၏ဖိစီးမှုများကိုခံစား နေကြရပါသည်။ သူတို့၏ဒုက္ခများအတွက် ခိုလှုံရာတစ်ခုကိုတွေ့ရှိရန်တောင့်တ နေကြပြီး မာရ်နတ်သည်သူတို့အား ၎င်းကိုတွေ့ရှိရန် ပျက်စီးခြင်းနှင့်သေခြင်းသို့ သူတို့ကိုပို့ဆောင်မည့် မက်မောသောဆန္ဒနှင့်စည်းစိမ်ဥစ္စာများဖြင့် သွေးဆောင် လျက်ရှိပါသည်။ မာရ်နတ်သည်သူတို့အား သူတို့၏နှုတ်ခမ်းပေါ်၌ ပြာသို့ ပြောင်းလဲစေမည့် သောဒုံမြို့ ၏ပန်းသီးများကိုပေးနေပါသည်။ သူတို့သည် အစာမဟုတ်သောအရာအားဖြင့် သူတို့၏ငွေကိုသုံးပြီး သူတို့၏လုပ်ဆောင် မှုသည် သူတို့အားကျေနပ်မှုမပေးပါ။ Christ’s Object Lessons, pp. 232, 233. (1900) [Ev 569.1]EvBur 749.1
ကျွန်ုပ်တို့၏နိုင်ငံအတွင်းရှိဧည့်သည်များအတွက်ဘုရားသခင်၏ရည်ရွယ်ချက် - နိုင်ငံအသီးသီးရှိ ဝေးရာမြေ၌နေထိုင်ကြသောသူများတို့ကိုသတိပေးရန် စီမံကိန်း များရေးဆွဲသောအခါ ကျွန်ုပ်တို့နိုင်ငံသို့ရောက်ရှိလာသော နိုင်ငံခြားသား ကိုယ်စားအဖြစ် များစွာဆောင်ရွက်ကြရပါမည်။ တရုတ်ပြည်ရှိဝိညာဉ်များ တို့သည် ကျွန်ုပ်တို့အနား၌နေထိုင်ကြသောဝိညာဉ်များတို့ထက် ပို၍တန်ဖိုး မရှိပါ။ ဘုရားသခင်၏လူများတို့သည် သူ၏လမ်းပြင်ဆင်ပေးသည့်အတိုင်း ဝေးသောနိုင်ငံများ၌ သစ္စာရှိစွာအမှုထမ်းရမည်ဖြစ်ပြီး သူတို့သည် မိမိတို့၏ မြို့ကြီးများ၊ ကျေးရွာများနှင့်နီးသောအရပ်ရှိ နယ်များ၌နေထိုင်ကြသော နိုင်ငံ ရပ်ခြားမှလူမျိုးအသီးသီးတို့ မိမိတို့၏တာဝန်ကိုကျေပွန်စွာဆောင်ရွက်ကြရမည်။ [Ev 569.2]EvBur 749.2
တာဝန်ရှိသောသူများ ယခုပါးနပ်စွာဖြင့် အမေရိကန်ပြည်၌နေထိုင် ကြသည့် ထောင်ပေါင်းများစွာသောနိုင်ငံခြားသားများတို့အတွက် တတိယ ကောင်းကင်တမန်သတင်းစကားကိုဟောပြောရန် စီမံနေခြင်းမှာကောင်းလှပါ သည်။ ဘုရားသခင်သည် သူ၏အမှုဆောင်များတို့အား မြို့ကြီးများရှိသတိ မပေးရသေးသောသူသန်းပေါင်းများစွာနှင့် အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှ ကျွန်ုပ်တို့၏နိုင်ငံသို့ရောက်ရှိလာကာ မြို့ကြီးများအထဲ၌နေထိုင်ကြသောသူတို့ အတွက် မိမိတို့၏တာဝန်ကိုအပြည့်အဝဆောင်ရွက်ရန် သူဆန္ဒရှိပါသည်။ ဘုရားသခင်၏ပြင်ဆင်မှုကြောင့် ကျွန်ုပ်တို့၏နိုင်ငံသို့ နိုင်ငံခြားသားများစွာ ရောက်ရှိလာခြင်းသည် ယခုအချိန်အတွက်အမှန်တရားကိုကြားနာနိုင်ရန် သူတို့ အတွက်အခွင့်အရေးဖြစ်ပါသည်။ [Ev 569.3] ခကမဌမEvBur 750.1
အကယ်၍ ကျွန်ုပ်တို့နိုင်ငံအတွင်းရှိ မြို့ကြီးများတို့၌ရှိကြသောနိုင်ငံ ခြားသားကိုယ်စား သစ္စာရှိစွာကြိုးစားအားထုတ်လုပ်ဆောင်ကြပါက ပြည်ပများ၌ ရှိသောဘုရားအမှုတော်အတွက် ကြီးမားသောအကျိုးများရောက်ရှိလာပါလိမ့် မည်။ ဤအမျိုးသား၊ အမျိုးသမီးများတို့အထဲ၌ တချို့တို့သည် အမှန်တရား ကိုလက်ခံခြင်းအပေါ် မကြာမီဤနိုင်ငံအတွင်းရှိ မိမိလူမျိုးများအတွက်နှင့် အခြားနိုင်ငံများအတွက်လုပ်ဆောင်ရန် သင့်လျော်လာပါလိမ့်မည်။ မိမိတို့လာ ခဲ့သောနိုင်ငံသို့ပြန်သွားကြမည့်သူများလည်းရှိမည်ဖြစ်ပြီး မိမိတို့၏မိတ်ဆွေ များတို့ကို အမှန်တရားသို့ခေါ်ဆောင်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ရပါ သည်။ သူတို့၏ဆွေမျိုးများနှင့်အိမ်နီးနားချင်းများတို့ကိုရှာဖွေကာ တတိယ ကောင်းကင်တမန်သတင်းစကားကို သူတို့နှင့်ဆက်သွယ်ကာပြောပြနိုင်ပါလိမ့် မည်။ Review and Herald, Oct. 29, 1914. [Ev 570.1]EvBur 750.2
နိုင်ငံအားလုံးသို့ လုပ်ငန်းချဲ့ထွင်ရန်နည်းလမ်းတစ်ခု - ဘုရားသခင်သည် သူ၏လူများအားဖြင့် ယခုအချိန်၌အမှန်တရားကို အမေရိကန်ပြည်ရှိ နိုင်ငံ ခြားသားများတို့အား ယခင်အချိန်ကထက် ပို၍များစွာဟောပြောနိုင်သည်ကို တွေ့ရှိရလျှင် သူဝမ်းသာကျေနပ်မည်ဖြစ်သည်။ ကျွန်ုပ်နှစ်ချီပြီးသက်သေခံခဲ့ သကဲ့သို့ အကယ်၍ ဘုရားသခင်၏ပြင်ဆင်ပေးခြင်းကို လျင်မြန်စွာခွဲခြား နားလည်တတ်ပါက၊ အမေရိကန်ပြည်တွင်းရှိ နိုင်ငံခြားသားတို့အားဟောပြော နိုင်မည့်အခွင့်အရေးမြောက်မြားစွာကို ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးသို့ တတိယ ကောင်းကင်တမန်သတင်းစကားလျင်မြန်စွာချဲ့ထွင်နိုင်မည့် ကောင်းမွန်သော နည်းလမ်းကိုတွေ့ မြင်သင့်ပါသည်။ ဘုရားသခင်သည် သူ၏ပြင်ဆင်ပေးမှ အားဖြင့် လူတို့ကိုကျွန်ုပ်တို့၏အိမ်တံခါးမများသို့ယူဆောင်လာကာ သူတို့အား တွန်းထည့်ပြီး ကျွန်ုပ်တို့လက်ထဲသို့ရှိသည်အတိုင်း အမှန်တရားကိုသူတို့သင်ယူ နိုင်ရန်နှင့် ကျွန်ုပ်တို့မလုပ်ဆောင်နိုင်သည့်လူတို့ရှေ့၌ အလင်းတရားကို အခြား ဘာသာစကားအားဖြင့်ပြောဆိုနိုင်သောအလုပ်တစ်ခုကိုလုပ်ဆောင်နိုင်ရန် လုပ်ဆောင်နိုင်သည့်အရည်အချင်းကိုရရှိလိမ့်မည်။ [Ev 570.2]EvBur 751.1
ကြီးမားသောအလုပ်တစ်ခု ကျွန်ုပ်တို့၏ရှေ့၌ရှိနေသည်။ ကမ္ဘာကြီး ကိုကျွန်ုပ်တို့သတိပေးရမည်။ အမှန်တရားကို နိုင်ငံအားလုံးအတွက် ၎င်း၏ ဖြူစင်ပြီးအသက်ပေးနိုင်သောသြဇာကို ဝမ်းမြောက်စွာခံယူနိုင်ရန် ဘာသာ စကားအမျိုးမျိုးဖြင့် ပြန်ဆိုရပါမည်။ ဤအလုပ်သည် ဘုရားသခင်ပေးထား သော ကျွန်ုပ်တို့အသုံးပြုရန်- ကလောင်၊ ပုံနှိပ်တိုက်၊ အသံ၊ ရန်ပုံငွေနှင့်ဝိညာဉ် ၏ဖြူစင်သောမေတ္တာဖြစ်သည့် စွမ်းရည်အားလုံးကိုအသုံးပြုရန်အတွက် ခေါ်ခြင်းဖြစ်သည်။ ခရစ်တော်ကျွန်ုပ်တို့ကို သံတမန်များအဖြစ်တာဝန်ခန့်အပ် ပြီး သူ၏ကယ်တင်ခြင်းကို လူတို့အားအသိပေးရမည်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းဖြင့် ဖုံးအုပ်ခြင်းခံရပြီး သူ၏ ဝိညာဉ်တော်ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝပါက ကျွန်ုပ်တို့သည် သူ့အတွက် မလုပ်ဆောင်ဘဲ အေးအေးဆေးဆေးနေနိုင်မည်မဟုတ်ပါ။ Review and Herald, Oct. 29, 1914. [Ev 570.3]EvBur 751.2
ကျွန်ုပ်တို့ တံခါးမများ၏အရိပ်အောက်၌ - သတင်းစကားကို တိုင်းပြည် အတွင်းမြို့ကြီးများရှိ ထောင်ပေါင်းများစွာသောနိုင်ငံခြားသားများထံသို့ ဟောပြောကြရမည်။ [Ev 571.1]EvBur 752.1
မြိုသတင်းစကားကို နယူးရော့မြို့ကြီးနှင့်အခြားမြို့ကြီးများတို့၌ ပြောရသေးသည်ကိုတွေ့ ရပြီး လေးလံသောဝန်ထုပ်ဟု မည်သူခံစားရသနည်း။ နိုင်ငံအတွင်းအမှန်တရားကို လူပေါင်းသန်းချီပြီးသတင်းစကားမကြားရသေး သောနေရာ၌ ဆောင်ရွက်စရာအခွင့်အရေးများစွာရှိနေစဉ် ကောက်ခံရရှိသော ငွေကြေးအားလုံးကို ရပ်ဝေးနိုင်ငံများသို့ပို့ဆောင်ခြင်းမပြုရပါ။ ဤသန်းချီသော သူများအထဲ၌ နိုင်ငံများစွာ၏ကိုယ်စားလှယ်များရှိကြပြီး သတင်းစကားလက်ခံ ရန် အဆင့်သင့်ရှိသောသူများ များစွာရှိနေပါသည်။ ကျွန်ုပ်တို့၏တံခါးမ များ၏အရိပ်အောက်၌ ကာလီဖိုးနီးယားမြို့ကြီးများ၊ နယူးရော့မြို့ကြီးနှင့်အခြား ပြည်နယ်ရှိမြို့ကြီးများအထဲ၌ ဆောင်ရွက်စရာများစွာရှိနေသေးပါသည်။ [Ev 571.2]EvBur 752.2
ထကြ၊ ထကြ၊ ကျွန်ုပ်၏ညီအစ်ကိုမောင်နှမများတို့၊ အမေရိကန် နိုင်ငံအတွင်း အလုပ်စတင်ဆောင်ရွက်ခြင်းမရှိသေးသောနေရာများသို့ ဝင်ရောက် လုပ်ကိုင်ကြပါ။ နိုင်ငံခြားနယ်မြေများအတွက် သင်တချို့သောအရာကိုပေးပြီး နောက် သင့်တာဝန်ပြီးစီးသွားပြီဟုမထင်ပါနှင့်။ နိုင်ငံခြားနယ်မြေများ၌ ဆောင်ရွက်စရာရှိပါသည်။ သို့သော် အမေရိကန်၌ဆောင်ရွက်ရမည့်အမှုတော် သည်လည်း အရေးကြီပါသည်။ အမေရိကန်မြို့ကြီးများတို့၌ ဘာသာစကား အားလုံးနီးပါးရှိ လူမျိုးများနေထိုင်ကြပါသည်။ ဤသူတို့ကို ဘုရားသခင်သည် သူ၏အသင်းတော်အားပေးသောအလင်းကို လိုအပ်လျက်ရှိပါသည်။ Testimonies, vol. 8, pp. 34-36. (1904) [Ev 571.3]EvBur 752.3
အမေရိကန်ပြည်နှင့်ကနေဒါပြည်ရှိ နိုင်ငံခြားလူမျိုးများအထဲရှိ ရှေ့ပြေး အမှုဆောင်များတို့၏ကြိုးစားလုပ်ဆောင်မှုကြောင့် ဝိညာဉ်ပေါင်းများစွာကို ရိတ်သိမ်းနိုင်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြပါသည်။ Review and Herald, Oct. 29, 1914. [Ev 571.4]EvBur 753.1
နိုင်ငံခြားလုပ်ငန်းအတွက်အခြေစိုက်မြို့ကြီး - အုတ်(ခ်) “Oak” လမ်းပေါ် (ရှိခါးကိုမြို့)၌ ဆွိဒစ်သာသနာ့လုပ်ငန်းအသစ်တစ်ခုကိုကြည့်ရှုရန် ကျွန်ုပ် တို့မောင်းနှင်သွားကြပါသည်။ ထိုနေရာ၌ ကျွန်ုပ်တို့၏ဆွီဒစ်(ရှ်)ညီအစ်ကို များမှ အသင်းလူကြီးတစ်ဦး၏ဦးဆောင်မှုအောက်၌ မကြာမီကဝယ်ယူထားခဲ့ သော ရှီခါးကို၌သူတို့၏ဌာနချုပ်အတွက် အဆောက်အဦတစ်ခုကိုပြခဲ့ပါသည်။ အဆောက်အဦသည် ပြင်ပအားဖြင့် ကောင်းသောအဆောက်အဦတစ်ခုဖြစ် သည်။ မြေအောက်ခန်း၌ ကောင်းမွန်စွာဖွင့်လှစ်ထားသော အသက်သတ်လွတ် စားသောက်ဆိုင်တစ်ခုရှိသည်။ ပထမအထပ်၌ စည်းဝေးများကျင်းပနိုင်ရန် အတွက် ကောင်း၍ကျယ်ဝန်းသော ပရိသတ် (၁၅၀) အဆင်ပြေစွာထိုင်နိုင် သည့် ထိုင်ခုံများစီစဉ်ထားသောခန်းမဆောင်တစ်ခုနှင့် အပေါ်ထပ်နှစ်ထပ်တို့ ၌ ငှားရန်အတွက် တည်းခိုခန်းများရှိပါသည်။ ရှိခါးကိုမြို့၌ ဆွီဒစ်(ရှ်) လူများအတွက် တိုးတက်သည့်အထောက်အထားကိုတွေ့ ရသည့်အခါ ကျွန်ုပ် အထူးဝမ်းသာခဲ့ပါသည်။ [Ev 572.1]EvBur 753.2
အမေရိကန်ပြည်ရှိ ကြီးသောမြို့ကြီးများ၌ နိုင်ငံတိုင်းမှလူတို့အတွက် ဆောင်ရွက်ရန်ကြီးမားသောအလုပ်တစ်ခုရှိပြီး ဤကဲ့သို့လူမျိုးပေါင်းစုံစုရုံးခြင်း အခြေအနေကြောင့် လူတို့၏အာရုံကိုဆွဲယူနိုင်ရန်နှင့် အမှုဆောင်များတို့အား သင်တန်းပေးနိုင်ရန် ကြီးမားသောအကူအညီကိုပေးသည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ အမေရိကန်ပြည်ရှိမြို့ကြီးတိုင်း၌ ဤအချိန်အတွက်သတင်း စကားကိုကြားရမည့် ခြားနားသောလူမျိုးများရှိကြပါသည်။ ဘုရားသခင်ချမှတ် ထားသောအလုပ်အားလုံးကို လူတို့အတွက်တပြေးညီဘက်လိုက်ခြင်းမရှိ ဆောင်ရွက်နိုင်ရန် အထောက်အထားကို ကျွန်ုပ်အလွန်မှပင်တွေ့မြင်လိုပါသည်။ ဆွီဒစ်(ရှ်)လူမျိုးများအတွက် ရှီခါးကိုမြို့၌ဆောင်ရွက်ခဲ့သော အလားတူအလုပ် ကို အခြားသောနေရာများ၌လည်း ဆောင်ရွက်သင့်ကြသည်။ Review and Herald, Feb. 9, 1905. [Ev 572.2]EvBur 753.3
ကောင်းသောနည်းစနစ်ကို အသုံးပြုရန် - တစ်နေရာ၌ လူတစ်ဦးသည် အလုပ်လုပ်နေပြီး သူနှင့်အတူကျွန်ုပ်တို့လုပ်ကိုင်ကြရာ လုပ်ငန်းတည်မြဲရန် သူ့အားအကောင်းဆုံးစိတ်အားထက်သန်စွာ သူ၏အကျင့်ဓလေ့ကဲ့သို့ တိုက်ခိုက် သူအဖြစ်ပြိုင်ဆိုင်ခြင်းနှင့်ငြင်းခုံခြင်း၊ လူတို့ကိုအမှန်တရားသို့ခေါ်ဆောင်ခြင်း ထက် ဝေးကွာစေခြင်းကဲ့သို့ပြုသူမဟုတ်ဘဲ ကူညီရန်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့အမှန်တရားကို မုန်တိုင်းတိုက်ခတ်သကဲ့သို့မဟုတ်၊ လူတို့အား လူသိ ရှင်ကြားပုတ်ခတ်ပြောဆိုခြင်းဖြင့် တိုက်ခိုက်ခြင်းကဲ့သို့မဟုတ်သည်ကို တွေ့မြင် ရပါသည်။EvBur 754.1
ဤညီအစ်ကိုသည် သူအလင်းများစွာရရှိသည်ဟုသူပြောပြီး သူဆောင်ရွက်ခဲ့သည်ထက် လုံးလုံးခြားနားသောအမူအရာဖြင့်ဆောင်ရွက်ပါ သည်။ ဤလူတို့သည် တုန်လှုပ်ချောက်ချားလွယ်သောသူများဖြစ်သည်။ သူတို့သည် တန်ခိုးရှိသမျှကို တစ်မုဟုတ်ချင်းအသုံးပြုပြီး ကြီးမားသော စိတ်လှုပ်ရှားမှုအောက်၌ ဤကဲ့သို့ရုတ်တရက်ပြောလိမ့်မည်။ “ဒါဒီလိုဟုတ်ရဲ့ လား၊ ဒါဆိုရင်သင်ဘယ်လိုလုပ်မလဲ၊ သင်ဥပုသ်နေ့ကိုစောင့်မလား၊ စောင့်မယ် မစောင့်ဘူးဆိုတာပြောပါ” သူပြောသောစကားသည် လူတို့၏နားကို သင်တုန်း ဓားလှီးဖြတ်သကဲ့သို့ထက်သည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် လူတို့အား အမှန်တရားသို့ပို့ဆောင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သူ၏ဆောင်ရွက်ရမည့် တာဝန်ပြီးဆုံးသွားခြင်းဖြစ်သည်။ [Ev 573.1]EvBur 754.2
ယခုအမှန်ထက်မြက်သောပုဂ္ဂိုလ်များတို့နှင့်အတူ ကျွန်ုပ်တို့အလုပ် လုပ်ရမည်ဖြစ်သည်။ သူတို့နှင့်အတူ ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့ အသင်းတော်၏မူလအလုပ်၌ တစ်ယောက်ပြီးတစ်ယောက်၊ ဤတန်ဖိုးရှိသော ဝိညာဉ်များကို သူတို့၏မသန့်ရှင်းသောလမ်းများနှင့်အပြုအမူများမှခွဲခြားကာ သူတို့အား ယေရှု၏ကြီးမားသောမေတ္တာ၊ သူ၏နူးညံ့သိမ်မွေ့ခြင်း၊ သူ၏ နှိမ့်ချခြင်း၊ သူ၏ကိုယ်ကျိုးစွန့်ခြင်းအကြောင်းများကို ပြောပြရပါမည်။ ဤကြမ်းတမ်းသောကျောက်များကို အကယ်၍ဖြစ်နိုင်ပါက ဘုရားသခင်၏ အလုပ်ရုံသို့ ကျွန်ုပ်တို့ယူဆောင်ခြင်းအားဖြင့် ခုတ်ထစ်ပိုင်းဖြတ်ပြုပြင်ခြင်း ခံရပြီး ကြမ်းတမ်းသောအရာအားလုံးဖယ်ရှားခြင်းခံရကာ ဘုရားသခင်၏ လက်တွင်း၌ သူတို့သည် အရည်အသွေးတိုးတက်တောက်ပြောင်ပြီး ဘုရားသခင် ၏ ဗိမာန်တော်အထဲ၌ တန်ဖိုးရှိသောကျောက်များဖြစ်လာပါမည်။ ထိုနောက် အလင်းပေးနိုင်သော အသက်ရှင်သည့်ကျောက်များဖြစ်လာပါလိမ့်မည်။ ထိုသို့ ဖြင့် သူတို့သည် ဘုရားသခင်အတွက် သန့်ရှင်းသောဗိမာန်တော်တစ်ခုထဲသို့ တိုးတက်လာပါလိမ့်မည်။ Letter 44, 1886. [Ev 573.2]EvBur 754.3
ဘာသာစကားတိုင်းအတွက်ပုံနှိပ်ထုတ်ဝေခြင်း - နိုင်ငံတိုင်းသို့သတိပေး စကားကိုဟောပြောရန် ဤအရာသည် ကျွန်ုပ်တို့ကြိုးစားဆောင်ရွက်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ တစ်မြို့မှတစ်မြို့သို့၊ တစ်နိုင်ငံမှတစ်နိုင်ငံသို့ သူတို့ သည် ကယ်တင်ရှင်မကြာမီလာတော့မည့်ကတိတော်ပါရှိသည့် ပုံနှိပ်ထုတ်ဝေ သောစာပေများတို့ကို ယူဆောင်သွားကြရမည်။ ဤစာပေများတို့ကို ကမ္ဘာ တစ်ခုလုံးသို့ ဧဝံဂေလိသတင်းစကားဟောပြောနိုင်ရန်အတွက် ဘာသာစကား တိုင်းသို့ ဘာသာပြန်ကြရမည်။ Review and Herald, Feb. 9, 1905. [Ev 573.333EvBur 755.1