Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နည်းလမ်းတကျချဉ်းကပ်ခြင်းများကိုကာကွယ်ခြင်း

    ယေရှုသည်သဘာဝသင်တန်း၏တွေးခေါ်မှုကိုလေ့လာသည် - သဘာဝတရား၏ ကြင်နာဖွယ်ရာလုပ်ဆောင်ချက်များတို့သည် တစ်မဟုတ်ချင်းနှင့်ရုတ်တရက်ပါဝင် လုပ်ဆောင်ခြင်းဖြင့် ပြီးမြောက်ခြင်းမဟုတ်ပါ။ လူတို့သည် မိမိတို့၏ကိုယ်တိုင် လက်များဖြင့် လုပ်ငန်းလုပ်ဆောင်ခြင်းကိုခွင့်မပြုပါ။ ဘုရားသခင်သည် မိမိ ခန့်အပ်ထားသောတရားတော်မှ ဆိတ်ငြိမ်စွာ၊ ပုံမှန်လှုပ်ရှားခြင်းအားဖြင့် မိမိ ၏လုပ်ငန်းကိုလုပ်ဆောင်သွားပါသည်။ ဤကိစ္စသည် ဝိညာဉ်ရေးနှင့်သက်ဆိုင် သောအရာများဖြစ်သည်။ မာရ်နတ်အနေဖြင့် မိမိဆောင်ရွက်စရာများကို အဆောတလျင်နှင့်အပူတပြင်း အကြမ်းဖက်ပြီးမြောက်စေတတ်သည်။ သို့သော် ယေရှုအနေဖြင့် ရင်းနှီးမှုဆက်ဆံခြင်းလမ်းကြောင်းအားဖြင့် လူတို့၏စိတ်နှလုံး သားကိုရယူသည်။ သူသည်ဖြစ်နိုင်သရွေ့ လူတို့၏သမားရိုးကျရှိထားသည့် အတွေးအခေါ်ကို တစ်မဟုတ်ချင်းလှုပ်ရှားမှုများ၊ သို့မဟုတ် ချမှတ်ထားသော စည်းမျဉ်းဥပဒေများအားဖြင့် .. အနည်းငယ်မျှသာနှောင့်ယှက်မှုပေးပါသည်။ သူ၏ယုံကြည်စိတ်ချမှုဖြင့် လူကိုဂုဏ်ပြုပြီး လူ၏ဂုဏ်ပြုခြင်းကိုခံယူသည်။ ရှေးဟောင်းအမှန်တရားများကိုသစ်ဆန်း၍ မွန်မြတ်သောအလင်းဖြင့် လူတို့ ကိုဟောပြောသည်။ ထိုကြောင့် သူ့အသက် (၁၂) နှစ်အရွယ်တွင် ဥပဒေ ပညာရှင်များကို ဗိမာန်တော်၌သူ၏မေးခွန်းများအားဖြင့် အံ့အားသင့်စေခဲ့သည်။ [Ev 139.5]EvBur 159.3

    ယေရှုသည် လူသားတို့နှင့်တွေ့ ဆုံနိုင်ရန် လူသားတို့၏အကြောင်း ကိုသိသည်။ လူတို့ကိုအမှန်တရား၏ပြောင်းလဲခြင်းတန်ခိုးအောက်သို့ခေါ်ဆောင် နိုင်ရန် သူတို့ရှိသည့်နေရာ၌ သူတို့နှင့်တွေ့ဆုံသည်။ သနားခြင်းနှင့်ယုံကြည် စိတ်ချခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကိုဆွဲယူသည်။ လူတို့၏အခြေအနေ နှင့်စိတ်ဝင်စားမှုအပေါ် မိမိကိုယ်ကိုဖော်ပြခြင်းသည် သူတို့၏ခံစားချက်ကို ပြည့်စုံစေသည်။ သူ၏နှုတ်မှထွက်လာသောအမှန်တရားသည် ရိုးသား၍လှပ ပြီး၊ သိက္ခာနှင့်တန်ခိုးပါရှိသည်။ ကျွန်ုပ်တို့၏သခင်ယေရှုခရစ်သည် မည်ကဲ့သို့ သောဆရာတစ်ဦးဖြစ်ပါသနည်း။ အမှန်တရားကိုရိုးသားစွာရှာဖွေသောသူတိုင်း အတွက် နူးညံ့သိမ်မွေ့စွာဖြင့်သူဆက်ဆံပြီး သူ၏သနားကြင်နာခြင်းကိုတွေ့ရှိ ကာ သူတို့၏စိတ်နှလုံးထဲ၌ အိမ်တစ်ဆောင်ကဲ့သို့ထားရှိနိုင်ရန်ဖြစ်သည်။ Manuscript 44, 1894. [Ev 140.1]EvBur 160.1

    အကျိုးကျေးဇူးများကိုချဉ်းကပ်ခြင်းအားဖြင့်သာတွက်ဆနိုင်သည် - ကျွန်ုပ်တို့ သည် မိမိတို့ပတ်လည်၌ရှိသောသူအားလုံးတို့သည် ခရစ်တော်၏အသွေးတော် အားဖြင့် ဝယ်ယူခဲ့ပြီးသောသူများဖြစ်ကြောင်းကိုသော်လည်းကောင်း၊ ဤဝိညာဉ် များတို့၏ကယ်တင်ခြင်း၊ သို့မဟုတ် ဆုံးရှုံးခြင်းသည် ကျွန်ုပ်တို့၏အပြော အဆို၊ အနေအထိုင်၊ အလုပ်အကိုင်အပေါ်မူတည်လျက်ရှိကြောင်းကိုသော် လည်းကောင်း နားလည်သောစိတ်ဖြင့် ဤကမ္ဘာပေါ်၌အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့၏ကြိုးစားမှုဖြင့် ဝိညာဉ်များကိုရရှိရန် ဤသာသနာ့လုပ်ငန်းကို မည်ကဲ့သို့ကျွန်ုပ်တို့ဆောင်ရွက်နေသည်အပေါ် များစွာမူတည်လျက်ရှိပါသည်။ Manuscript 14, 1887. [Ev 140.2]EvBur 160.2

    စိတ်အခုအခံရှိခြင်းကိုရင်ဆိုင်ရန်ကောင်းသောနည်းစနစ်များ - ညီအစ်ကိုတို့၊ စိတ်ထားမမှန်ခြင်းနှင့်ပညာမဲ့ခြင်းတို့၏စည်းဝိုင်းအတွင်း ချုပ်နှောင်ခြင်းခံရသူ များတို့အတွက် သွားရောက်အမှုထမ်းရာ၌ သင်တို့သည် ရှင်ပေါလုကဲ့သို့ ဘုရားပေးသောဥာဏ်ပညာကိုအသုံးပြုရန်လိုအပ်သည်။ လူလမ်းလျှောက်ခြင်း ကို သစ်ပင်လှုပ်ရှားသကဲ့သို့ထင်မှတ်သော အမြင်မကြည်လင်သည့်သူများ အတွက် သင်အမှုထမ်းဆောင်ရာတွင် သူတစ်ပါးအတွက်စိတ်အခုအခံမဖြစ် စေရန်နှင့် အမှန်တရားကိုလက်ခံနိုင်ရန် ၎င်းတို့၏နှလုံးတံခါးမပိတ်စေရန် အတွက် အထူးသတိပြုဟောပြောရပါလိမ့်မည်။ ဖြစ်နိုင်သရွေ့ ကိစ္စတိုင်းအပေါ် လူတိုင်းနှင့်သဘောထားတူညီရပါလိမ့်မည်။ သူတို့၏ဝိညာဉ်ကိုသင်ချစ်ကြောင်း နှင့် တတ်အားသရွေ့ သူတို့နှင့်စည်းလုံးခြင်းရှိလိုကြောင်း သူတို့ကိုသိမြင်စေ ပါ။ အကယ်၍ သင်၏ကြိုးစားမှု၌ ခရစ်တော်၏မေတ္တာပေါ်လွင်ပါက တချို့ သောသူတို့၏စိတ်နှလုံးထဲ၌ အမှန်တရား၏မျိုးစေ့ကို သင်စိုက်ပျိုးနိုင်ပေလိမ့် မည်။ စိုက်ပျိုးထားသောအစေ့ကို ဘုရားရှင်ကိုယ်တိုင်ရေလောင်းပြီး အမှန် တရားအပင်ပေါက်လာကာ ဘုရားရှင်၏ဘုန်းတော်အတွက် အသီးသီးလိမ့် မည်။ [Ev 140.3].EvBur 161.1

    ရှင်ပေါလု၌ရှိသကဲ့သို့ ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များတို့၌ ပညာ ပို၍ရှိရန်လိုအပ်သည်။ ယုဒလူမျိုးများအတွက်သူလုပ်ဆောင်သောအခါ၊ ရှင်ပေါလုသည် ခရစ်တော်၏မွေးဖွားခြင်း၊ သူ့အပေါ်သစ္စာဖောက်ခြင်း၊ ကပ်တိုင် ပေါ်ရိုက်ထားခံရခြင်းနှင့်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် ထိုအချိန် ၌အထူးသောအမှန်တရားဖြစ်သည့်တိုင် ပေါ်လွင်စွာသူမပြောဆိုခဲ့ပါ။ ပထမ ဦးစွာ သူတို့အားကယ်တင်မည့်ကယ်တင်ရှင်တစ်ပါးပေါ်ထွန်းမည့်ကတိတော် အကြောင်း ပုရောဖက်များမည်ကဲ့သို့ကြိုတင်ဟောကြားခဲ့သည့်အကြောင်း တစ်ဆင့်ပြီးတစ်ဆင့်ပြောပြပါသည်။ ဤဖြစ်ပျက်မည့်အကြောင်းအရာများတို့ ကိုဦးစွာအသိပေးပြီးမှသာ ကယ်တင်ရှင်လာပြီဟူသည့်အကြောင်းကိုပြောပြ ပါသည်။ ခရစ်တော်ယေရှုသည် ပုရောဖက်ဟောခဲ့သမျှအရာအားလုံးကို ပြည့်စုံစေခဲ့သည်။ ဤနည်းလမ်းအတိုင်း ဝိညာဉ်များကိုရှင်ပေါလုရယူခဲ့သည်။ သူ၏အမှန်တရားတင်ဆက်ပုံတင်ဆက်နည်းအားဖြင့် သူ့အပေါ်စိတ်အခုအခံ ရှိသူများ၊ ဝေဖန်တရားစီရင်မည့်သူများ မပေါ်ပေါက်လာတော့ချေ။ Histori- cal Sketches, pp. 121, 122. (1886) [Ev 141.1]EvBur 161.2

    ပထမဦးဆုံးအကြောင်းအရာများကိုတင်ဆက်ရာ၌သတိပြုရန် - ဝိညာဉ်များတို့နှင့် ဆက်ဆံရာ၌ အထူးသတိပြုရန်လိုအပ်သည်။ အမြဲအကာအကွယ်ယူပါ။ အသစ် သောသတင်းစကားကဲ့သို့ သူတို့၏နား၌မကြားသိရစေရန် ကျွန်ုပ်တို့၏ယုံကြည် ချက်ကို ဆန့်ကျင်သူများတို့ရှေ့၌ စတင်၍မဆီလျော်သောဆန်းသစ်သည့်အရာ များကိုမပြောဆိုပါနှင့်။EvBur 162.1

    ထိုအမှန်တရားအချို့တို့ကို သူတို့လက်ခံနိုင်ပြီး၊ သူတို့၏စိတ်နှင့် ထိတွေ့သည့်အခါမှသာ ပြောဆိုကြပါစို့။ သစ်ဆန်း၍ စိတ်လှုပ်ရှားဖွယ် ပေါ်လွင်သည့်တိုင် အများသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် မှအသစ်သောအလင်းကို ဝမ်းမြောက်စွာဖြင့်အသိအမှတ်ပြုကြမည်ဖြစ်သည်။ အကယ်၍ အမှန်တရားကိုအဆမတန်များစွာဟောကြားခြင်းကြောင့် သူတို့ လက်ခံနိုင်စွမ်းမရှိခဲ့ပါသော် သူတို့ထွက်ခွာသွားကြပြီး မည်သည့်အခါမျှ ပြန်လာတော့မည်မဟုတ်ချေ။ ၎င်းပြင် သူတို့အနေဖြင့် ဤအမှန်တရားကို မှားယွင်းစွာပြန်လည်ပြောဆိုကြပြီး၊ သူတို့၏ရှင်းပြချက်များအားဖြင့် နှုတ်ကပတ် တော်ကိုမှောက်လှန်ကာ လူတို့၏စိတ်ကိုရှုပ်ထွေးစေလိမ့်မည်။ ယခုအခြေအနေ များအပေါ် အခွင့်အရေးယူရမည်။ ယေရှု၌ရှိသကဲ့သို့ အမှန်တရားကိုတင်ဆက် အမှန်တရားကိုလူများရှေ့၌ထောက်ခံပြောဆိုသည့်အခါ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ငြင်းခုံခြင်းစိတ်ဓာတ်လုံးဝမပါရှိရပါ။ Manuscript 44, 1894. [Ev 142.1]EvBur 162.2

    သတင်းစကားများကို မရွေးချယ်မီပတ်ဝန်းကျင်၏လို အပ်ချက်ကို လေ့ လာပါ - သူတို့၏အိမ်များ၌ လူတို့နှင့်ရင်းနှီးမှုရယူပါ။ ဝိညာဉ်ရေးအခြေအနေကိုစမ်းသပ် ပြီး စခန်းသို့လုပ်ဆောင်ရမည့်အရာကိုသယ်ယူပါ။ စိတ်ဝင်စားမှုကိုဖန်တီးပါ ။ ဆုတောင်း၍ယုံကြည်ပါ။ တန်ဖိုးရှိသည့်ဗဟုသုတတစ်ခုကို သင်ရယူလိမ့်မည်။ လူတို့၏စိတ်ထဲ၌ နားလည်ရန်ကြိုးစားအားထုတ်ရမည်။ နက်နဲသောအကြောင်း အရာများကို မပြောဆိုပါနှင့်။ သင်အလုပ်လုပ်ဆောင်သည့်အခါ ဆုတောင်း ၍ယုံကြည်ပါ။ အရာတစ်စုံတစ်ခုလုပ်ဆောင်ရန် လူတို့ကိုနိုးကြားစေပါ။ ဘုရားသခင်၏နာမ၌ အားသွန်ခွန်စိုက်ဇွဲဖြင့်လုပ်ဆောင်ပါ။ Letter 189, 1899. [Ev 142.2]EvBur 163.1

    ကောင်းသောမျိုးစေ့အတွက်မြေသားကိုပြင်ဆင်ခြင်း - အမှန်တရားကိုတင်ဆက် ခြင်းနှင့်ပတ်သက်၍ အထူးသတိပြုစရာရှိသည်ကိုသတိရပါ။ လူတို့၏စိတ်ဓာတ် ကိုအထူးဂရုပြုပါ။ ဘုရားဝတ်၌လက်တွေ့ မွေ့ လျော်ခြင်းရှိပြီး၊ ယုံကြည်ချက် နှင့်ပတ်သက်သောအကြောင်းအရာများကိုပြောဆိုရာတွင် စိတ်ပါဝင်စားစွာ ပြောဆိုပါ။ ခရစ်တော်ကိုချစ်၍ သူ၏အကြောင်းကိုသွန်သင်ခြင်းအားဖြင့် အမှန်တရား၏ကောင်းသောမျိုးစေ့အတွက် စိတ်နှလုံးသားမြေကြီးကိုပျော့ပျောင်း စေပါလိမ့်မည်။ Letter 14, 1887. [Ev 142.3] .EvBur 163.2

    အငြင်းပွားခြင်းနှင့်ဆန့် ကျင်ဘက်ပြုခြင်းကိုမနှိုးဆွပါနှင့် - လူတို့ရှိသောနေရာ သူတို့နှင့်တွေ့ ဆုံနိုင်ရန်သင်ယူပါ။ အငြင်းပွားစေမည့်အကြောင်းအရာများ ကို တင်ဆက်ဟောပြောခြင်းမပြုပါနှင့်။ လူတို့၏စိတ်ကိုရှုပ်ထွေးစေသော အကြောင်းအရာများကို သွန်သင်ပို့ချခြင်းမပြုပါနှင့်။ Testimonies, vol. 6, p. 58. (1900) [Ev 142.4]EvBur 163.3

    အမှန်ာရားကိုကြားရသောအခွင့်အရေးနှင့် သူတို့ပြန်လည်၍ပြောဆို ရန် သိရှိရမည့်အချိန်မတိုင်မီ ဆန့်ကျင်သူများတို့၏စိတ်ကို မနှိုးဆွပါနှင့်။ Testimonies, vol. 6, p. 36. (1900) [Ev 143.1]EvBur 164.1

    အမှန်တရားထံမှလူကို ကိုမထွက်ခွာသွားပါစေနှင့် - မယုံကြည်သောသူများ ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် အမှန်တရားကိုဟောပြောရန် လေးနက်သော တာဝန်သည် ကျွန်ုပ်တို့အပေါ်၌ရှိနေသည်။ ကျွန်ုပ်တို့တင်ဆက်ဟောပြော သောအမှန်တရားအားဖြင့် လူတို့ကိုကျွန်ုပ်တို့ထံမှမထွက်ခွာသွားစေရန် ကျွန်ုပ် တို့အထူးသတိပြုသင့်ကြပါသည်။ ဘာသာရေးဆရာများတို့သည် ကြီးမားသော ကောင်းမှု၊ သို့မဟုတ် ကြီးမားသောဆိုးသွမ်းမှုကို တစ်ခုမဟုတ်တစ်ခုပြုလုပ် နိုင်သောသူများဖြစ်သည်။ [Ev 143.2]EvBur 164.2

    ဘုရားသခင်သည် အမှန်တရား၏စားသောက်ပွဲသို့လာရန် ကျွန်ုပ် တို့ကိုခေါ်ဖိတ်ပြီး လမ်းမကြီးများနှင့်လမ်းကြိုလမ်းကြားများသို့သွား၍ ကမ္ဘာ ကြီးသို့ကြီးမားပြီးအံ့သြဖွယ်ရာ ခရစ်တော်၏ပေးကမ်းခြင်းအကြောင်းကို တင်ဆက်ဟောပြောခြင်းအားဖြင့် ဝိညာဉ်များကိုအတင်းအကျပ်ခေါ်ဆောင်ရန် စေခိုင်းပါသည်။ ဤအမှန်တရားကို တပည့်တော်များတို့အား ရိုးသားစွာနှင့် မေတ္တာဖြင့်ဟောပြောရန် ခရစ်တော်ဟောပြောသကဲ့သို့ ကျွန်ုပ်တို့တင်ဆက် ဟောပြောကြရမည်။ Letter 177, 1903.EvBur 164.3

    အခြားဂိုဏ်းဂဏများမှသင်းအုပ်ဆရာတို့ အတွက်စဉ်းစားပေးခြင်း - ကျွန်ုပ်တို့ သည် တစ်ယူသန်များမဟုတ်၊ အမြဲတစေပြုပြင်ပြောင်းလဲသူများဖြစ်ရမည်။ ကျွန်ုပ်တို့၏အမှုဆောင်များ နယ်မြေသစ်တစ်ခုသို့ဝင်ရောက်ထိုးဖောက်သော အခါ သူတို့သည် ထိုနေရာ၌ရှိသော အခြားအသင်းတော်များတို့၏သင်းအုပ် ဆရာများတို့နှင့် ရင်းနှီးမှုရယူသင့်ကြပါသည်။ See also pp. 562-564, “Ministers of Other Denominations”. လူများစွာဆုံးရှုံးခဲ့ရခြင်းသည် ဤ အချက်ကိုလျစ်လျူရှုကြသောကြောင့်ဖြစ်သည်။ အကယ်၍ ကျွနု်ပ်တို့၏ဓမ္မ ဆရာများတို့သည် မိမိတို့၏ကိုယ်ကို သူတစ်ပါး၏မိတ်ဆွေများသဖွယ် ခင်မင် ရင်းနှီးတတ်ပြီး အကယ်၍သူတို့သည် မိမိတို့သယ်ဆောင်သောသတင်းစကား အတွက် ရှက်ကြောက်ခြင်းမရှိပါက များစွာသောအကျိုးသက်ရောက်ကာ အခြား အသင်းတော်မှသင်းအုပ်ဆရာများနှင့် သူတို့၏အသင်းသူအသင်းသားများအပေါ် မိမိတို့သယ်ဆောင်သောအမှန်တရား၏သြဇာသည် သက်ရောက်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့သည် တတ်အားသရွေ့ ကြင်နာခြင်းတရားဖြင့် သူတို့အားမှန်သောအခွင့်အရေးကိုပေးရမည်။ [Ev 143.4]EvBur 164.4

    ရိုဏ်း ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် အခြားအသင်းတော်များအတွက် သိုးခိုးယူသောဝံပုလွေများအဖြစ် အထင်အမြင်လွဲမှားခြင်းမခံရစေရန် အထူး သတိပြုကြရမည်။ ဓမ္မအမှုဆောင်များတို့သည် မိမိတို့၏အဆင့်အတန်းနှင့် မိမိတို့လုပ်ငန်း၏ရည်ရွယ်ချက်ဖြစ်သည့် လူတို့၏အာရုံကို ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်တရားထံပို့ဆောင်ရမည့်အကြောင်းကို နားလည်ကြရ မည်။ ဤအရာများကို ခရစ်ယာန်တိုင်းချစ်ခင်မြတ်နိုးလျက်ရှိသည်။ အခြား အသင်းတော်မှယုံကြည်သူများတို့နှင့်တွေ့ဆုံရန် ကျွန်ုပ်တို့၌တူညီသောယုံကြည် ချက်များရှိပါသည်။ သူတို့နှင့်ရင်းနှီးမှုပြုပြီး သူတို့နှင့်ကွဲလွဲ၍ ဆန့်ကျင်သော အကြောင်းအရာများကို ဦးစွာပြောဆိုခြင်းမပြုဘဲ သူတို့နှစ်သက်ပြီး ပို၍စိတ်ဝင်စား သည့်အကြောင်းအရာများကို ပြောဆိုကြရပါမည်။ Review and Herald, June 13, 1912. [Ev 143.5]EvBur 165.1

    မလိုအပ်သောအတားအဆီးများကိုရှောင်ရှားပါ - နေရာတစ်ခုသို့ဝင်ရောက် သောအခါ၊ ကျွန်ုပ်တို့နှင့်အခြားဂိုဏ်းဂဏများစပ်ကြား၊ အထူးသဖြင့် ရောမ အသင်းတော်စပ်ကြား မလိုလားအပ်သည့်အတားအဆီးများမဖြစ်ပေါ်စေရန်နှင့် ကျွန်ုပ်တို့သည် သူတို့၏ရန်သူများဖြစ်သည်ဟု သူတို့မထင်ကြရန်ရှောင်ရှား ရပါမည်။ မလိုလားအပ်သည့်သူတို့၏စိတ်ထဲ၌ အထင်အမြင်လွဲမှုများကို ရုတ်တရက်ဝင်ရောက်ဆန့်ကျင်ဘက်ပြုခြင်းဖြင့် ဖန်တီးခြင်းမပြုသင့်ပါ။ ရောမအသင်းတော်ထဲရှိ ယုံကြည်သူများစွာတို့သည် ကျွန်ုပ်တို့ထက်ပို၍ ဘာသာရေးကိုင်းရှိုင်းကာ မိမိတို့ရရှိထားသောအလင်းတရားအတိုင်း အသက်ရှင် သောသူများရှိကြပြီး ကျွန်ုပ်တို့ကို ဘုရားသခင်သည် တရားသဖြင့်စုံစမ်း၍ သက်သေပြသကဲ့သို့ သူတို့ကိုလည်း ထိုနည်းတူပြုမည်ဖြစ်ပါသည်။ Manu- script 14, 1887. [Ev 144.1]EvBur 165.2

    ဝိညာဉ်ရေးအမြင်ရှိရန်လိုအပ်သည် - အချိန်၊ တန်ဖိုးရှိသောအချိန်ပျောက်ဆုံး ခဲ့ပြီ။ တိုးတက်မှုမပြုခြင်းကြောင့် ရွှေကဲ့သို့တန်ဖိုးရှိသောအခွင့်အရေးဆုံးရှုံး ခဲ့ပြီ။ အကြောင်းမှာ ဝိညာဉ်ရေးအမြင်ရှင်းခြင်းမရှိ၊ စီမံကြံဆသည့်ဦးဆောင် မှုပြုခြင်းအားဖြင့် ရန်သူ၏အကြံအစည်ကိုပျက်ပြားစေပြီး .. နယ်မြေများကို ကြိုတင်ပိုင်ဆိုင်ရယူနိုင်ခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ [Ev 144.2]EvBur 166.1

    ငိုက်မျဉ်းသောကင်းစောင့်တို့၊ ညအချိန်အဘယ်နည်း။ ညအချိန်ကို သင်မသိပါသလား။ ဤအချိန်အတွက် အန္တရာယ်အချက်ပြခြင်းနှင့် အန္တရာယ် အတွက်သတိပေးခြင်းတာဝန်ကိုဆောင်ရွက်ရန်တာဝန်ရှိကြောင်း ခံစားမိပါသလား။ အကယ်၍မရှိပါက ဇိအုန်မြို့ရိုးပေါ်မှဆင်းလာပါ။ အလင်းပေးရန် ဘုရားသခင် သည် သင့်အားအလင်းကိုအပ်နှံမည်မဟုတ်ပါ။ အလင်းကိုသူတစ်ပါးထံသို့ ပြန်လည်၍ အလင်းရောင်ပြန်ဟပ်သူများတို့ကိုသာ ဘုရားသခင်သည် အလင်း ကိုအပ်နှံလိမ့်မည်။ Manuscript 107, 1898.EvBur 166.2