Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အုပ်ချုပ်မှုလွန်ကဲခြင်းကိုကာကွယ်ခြင်း

    လှုပ်ရှားမှုတိုင်း၌အသက်မရှိ - အသက်ရှိကြောင်းသက်သေထူခြင်းသည် အယူအဆတစ်ခု၏ပုံသေနည်းအားဖြင့်မဟုတ်၊ အသင်းတော်ထဲ၌ အသင်းဝင် ခြင်းကြောင့်မဟုတ်၊ တိကျသောတာဝန်များကို လုံ့လဝီရိယဖြင့်ဆောင်ရွက် ခြင်းကြောင့်မဟုတ်ပါ။ ဆွီဇာလန်နိုင်ငံ၌ ရှေးရဲတိုက်တစ်ခုတွင် ကျွန်ုပ်သည် အသက်ရှိသည်ဟုထင်ရသော လှုပ်ရှားနေသည့်လူတစ်ယောက်၏အရုပ်ကို ကျွန်ုပ်တွေ့ခဲ့ရသည်။ ထိုလူရုပ်သည် အသက်ရှိသောလူတစ်ယောက်ကဲ့သို့ ဖြစ်ပြီး သူ၏အနားသို့ကျွန်ုပ်ရောက်လာသည့်အခါ ကျွန်ုပ်အသံပြုလိုက်သည်။ တုံ့ပြန်ခြင်းမရှိပါ။ သို့သော် အရုပ်သည် အသက်ရှိပုံပေါ်သော်လည်း အမှန် တကယ်အသက်မရှိပါ။ စက်အားဖြင့်လှုပ်ရှားနေခြင်းဖြစ်သည်။ [Ev 116.6] ပြန် လှုပ်ရှားမှုတိုင်း၌အသက်မရှိပါ။ ဘာသာရေးပွဲအမျိုးမျိုးကို ကျွန်ုပ် တို့တက်ရောက်ဘူးကြပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်၌ အသက်မရှင်ပါက ကျွန်ုပ်တို့၏အလုပ်သည် တန်ဖိုးမဲ့သာဖြစ်ပါလိမ့်မည်။ အသက်ရှင်၍အလုပ်လုပ်ပြီး၊ ယုံကြည်ခြင်းရှိသောခရစ်ယာန်များကိုသာ ဘုရားသခင်ခေါ်တော်မူသည်။ Review and Herald, April 21, 1903. [Ev 117.1]EvBur 130.1

    မလို အပ် သောတီ ထွ င် မှုများကြောင့် လုပ်ငန်းကို အခက် အခဲ ဖြစ်စေခြင်း - ဘုရားသခင်၏အမှုတော်ကို မိမိလက်တွင်းသို့လုံးလုံးလျားလျားတာဝန်ယူ လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားရှင်၏အမှုတော်တိုးတက်ရန်အတွက် ခက်ခဲမှုကို (၁ဝ) ဆပို၍ပြုလုပ်ကြပါသည်။ သူတို့သည် အမြဲတစ်ခုခုကို တီထွင်ပြီး ဤတီထွင်မှုအားဖြင့် လူတို့ဆောင်ရွက်နိုင်မည်ဟု သူတို့ထင်ကြ ပါသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းကိုပို၍ရှုပ်ထွေးစေပါ သည်။ အကြီးဆုံးအဓိကပုဂ္ဂိုလ်မပါသောကြောင့်ဖြစ်သည်။ လူသားတို့၏ တီထွင်ဆောင်ရွက်မှု၏အောင်မြင်ခြင်းသည် ချွတ်ယွင်းချက်ကိုပို၍ဆိုးဝါးစေ ပါသည်။ ဘုရားသခင်၏အမှုတော်လုပ်ငန်းကို ဘုရားသခင်၏လက်ထဲ၌သာ အပ်နှံရပါမည်။ လူတို့၏စာရိတ္တကို လူလူချင်းပြုပြင်နိုင်စွမ်းမရှိပါ။ [Ev 117.2] စည်းမျဉ်းစည်းကမ်းများကိုပြင်ဆင်ရန် ကြိုးစားအားထုတ်မည့်အစား၊ ဆုတောင်း၍သင်၏ဆန္ဒနှင့်နည်းလမ်းများကို ခရစ်တော်ထံသို့အပ်နှံရလိမ့်မည်။ ခရစ်တော်သည် ဤလွယ်ကူသောအရာများကို ပြင်ဆင်ထားလျက်ရှိရာ ကျွန်ုပ် တို့ခက်ခဲစေရန်ပြုလုပ်ခြင်းကို သူမနှစ်သက်ပါ။ သူပြောခဲ့သည်မှာ၊ “ငါ့ထမ်းပိုး ကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့် မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” သခင်ယေရှုသည် မိမိ၏အမွေအနှစ်ကိုချစ်ပြီး အကယ်၍လူတို့သည် မိမိတို့ ၏လုပ်ဖော်ကိုင်ဖက်များအတွက် စည်းမျဉ်းစည်းကမ်းချမှတ်ရန် သူတို့အတွက် အထူးအခွင့်အရေးဟုမထင်မှတ်ဘဲ ခရစ်တော်၏စည်းမျဉ်းစည်းကမ်းကို မိမိ တို့၏အသက်တာ၌လက်ခံ၍ သူ၏သင်ခန်းစာများကိုအတုယူခဲ့ပါသော် သူတို့ တစ်ဦးစီတို့သည် သူတစ်ပါးအတွက်ပုံသက်သေဖြစ်ပြီး တရားသူကြီးတစ်ယောက် ဖြစ်မည်မဟုတ်ပါ။ Manuscript 44, 1894. [Ev 117.3]EvBur 130.2

    လူ့အကြံအစည်နှင့်ဆန့် ကျင်ဘက်ဖြစ်ခြင်း - လူတို့သည် မိမိတို့၏တာဝန် ၌လုပ်ဆောင်ရန် စိတ်ဓာတ်နိုးကြားတက်ကြွခြင်းမရှိပါက တတိယကောင်းကင် တမန်၏ကြွေးကြော်သံကိုကြားရသောအခါ ဘုရားသခင်၏အလုပ်ကို သူတို့ သိမည်မဟုတ်ပါ။ ကမ္ဘာကြီးအားအလင်းပေးရန် အလင်းရောက်လာသောအခါ ဘုရားသခင်၏အမှုတော်၌ ပါဝင်ကူညီရမည့်နေရာ၌ မိမိတို့၏ကျဉ်းမြောင်း သောအတွေးအခေါ်ကိုသာ သူတို့အားကိုးသွားမည်ဖြစ်သည်။ သင်တို့အား အလုပ်ကို လူတို့၏ရိုးရိုးလုပ်ဆောင်မှုနှင့်မတူ၊ လူတို့၏အစီအစဉ်များနှင့်ဆန့်ကျင် ကျွန်ုပ်ပြောလိုသည်မှာ ဘုရားသခင်သည် သူ၏နောက်ဆုံးပြုလုပ်ရမည့် သူ၏ မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အထဲ၌ လူတချို့တို့သည် ဘုရားသခင်၏အမှု တော်ကိုထိန်းချုပ်လိုသူရှိပြီး လုပ်ငန်းသည် ကောင်းကင်တမန်၏လမ်းညွှန်မှု နှင့်အညီ ရှေ့သို့ကိုးတက်ရန် ကမ္ဘာသို့တတိယကောင်းကင်တမန်သတင်းစကား ၌ပါဝင်၍ ဟောပြောနေသူများကိုပင် လမ်းညွှန်လိုကြပါသည်။ ဘုရားသခင် သည် နည်းလမ်းများနှင့်ငွေကြေးများကို သူကိုယ်တိုင်မိမိလက်တွင်း၌ ကိုင်တွယ် အသုံးပြုသွားမည်ဖြစ်သည်။ ရိုးစင်းသောနည်းလမ်းနှင့် ငွေကြေးအနည်းငယ် ကိုအသုံးပြုခြင်းအားဖြင့် ဖြောင့်မတ်သောသူ၏အလုပ်ကို ပြည့်စုံစွာဆောင်ရွက် သွားနိုင်ခြင်းအတွက် အမှုဆောင်များတို့သည် အံ့သြကြပါလိမ့်မည်။ Testimonies to Ministers, p. 300. (1885) [Ev 118.1]EvBur 131.1