Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တောင်းဆိုခြင်းများနှင့်တရားပလ္လင်မှဆန္ဒခံယူခြင်း

    ဝိညာဉ်များတို့ ကို ဆုံးဖြတ်ရန်တောင်းဆိုခြင်း - ဝိညာဉ်သည် ခရစ်တော်ကို လိုအပ်ခြင်းအတွက်သိရှိရန် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ဖြစ်သည်။ အများသောသူတို့သည် မိမိတို့၏အပြစ်ကိုတွေ့ မြင်ပြီး အပြစ်ဖြေလွှတ်သော ကယ်တင်ရှင်ကို သူတို့လိုအပ်ကြောင်းခံစားကြရသည်။ သို့သော် သူတို့၏ ရှာဖွေခြင်းနှင့်ရည်မှန်းချက်များအားဖြင့် ကျေနပ်မှုမရရှိကြပါ။ အကယ်၍ သူတို့ ၏စိတ်ထဲ၌ အမှန်တရား၏တိကျရှင်းလင်းသောအာရုံစိုက်မှုမရှိခြင်းနှင့် စကား များကိုမှန်သောအချိန်၌ပြောဆိုခြင်းမပြုပါက ဆုံးဖြတ်ချက်ချရန် အထောက် အထားနှင့်တကွတောင်းဆိုသော်လည်း ယုံကြည်သောသူများအနေဖြင့် မိမိ၏ ကိုယ်၌ ခရစ်တော်ကိုမဖော်ပြနိုင်ဘဲ ရွှေကဲ့သို့သောအခွင့်အရေးကျော်လွန်သွား ကာ သူတို့သည် ဘုရားသခင်ဘက်၌လိုက်ပါသွားခြင်းမရှိဘဲ အမှန်တရား နှင့်ပို၍ဝေးသည်ထက်ဝေးခြင်းနှင့် ယေရှုထံမှလည်း ဝေးသည်ထက်ပို၍ဝေး သွားခြင်းဖြစ်ပြီး မည်သည့်အခါမျှ ဘုရားရှင်ဘက်၌သူတို့ရပ်တည်နိုင်ကြတော့ မည်မဟုတ်ပါ။[Ev 283.1]EvBur 357.1

    ယခုဓမ္မဆရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတို့အား အပြစ်တွေ့မြင်နိုင်သည့် ယေဘုယျနည်းဖြင့်သာပြောဆိုခြင်းမပြုဘဲ ခရစ်တော်ကိုEvBur 357.2

    မိမိတို့၏တရားနာပရိသတ်များတို့ရှေ့၌ မြှောက်တင်ကြရမည်။ ခရစ်တော် သူတို့အတွက်ပြောဆိုသောအရာကို ရှင်းလင်းစွာပြသကြရမည်။ လူတို့အား ဘုရားသခင်ဘက်၌နေရန် ယခုပင်ဆုံးဖြတ်ချက်ကိုတောင်းခံသင့်ကြသည်။ Letter 29, 1890. [Ev 283,2]EvBur 358.1

    ပရိသတ်တုံ့ပြန်ချက်ကိုရယူခြင်း - အသင်းလူကြီးတစ်ဦးသည် ဤစည်းဝေး အစီအစဉ်၌ အံ့ဩဖွယ်သောအောင်မြင်ခြင်းရရှိခဲ့သည်။ သူ၏နည်းစနစ်သည် နှုတ်ကပတ်တော်အားဖြင့်သာ နှုတ်ကပတ်တော်ကိုရှင်းပြစေခြင်းကြောင့် သန့်ရှင်း သောဝိညာဉ်တော်သည် အမှန်တရားကိုလက်ခံရန် စိတ်နှလုံးများစွာတို့အား ပြောင်းလဲစေနိုင်သည်။ လူတို့သည် ရှင်းလင်းသော “ဘုရားသခင်မိန့်တော်မူ သည်ကား” ကို လက်ခံကြသည်။ သူ၏သင်ကြားပို့ချခြင်းကို လူတို့အလုပ် မှအားလပ်သည့်ညအချိန်၌သာ လာရောက်နားထောင်နိုင်ရန်ပြုလုပ်သည်။ ပတ်ပေါင်းအနည်းငယ်နောက်ပိုင်း၌ ကျမ်းစာ၏အဆိုအမိန့်တိုင်းဖြင့် သက်သေ ထောက်ပြကာ ဥပုသ်နေ့အကြောင်းကိုဟောပြောသွားပါသည်။ [Ev 283.3] ပထမဥပုသ်နေ့အစည်းအဝေးကို တဲကြီးထဲ၌ကျင်းပခဲ့သည်။ အသင်း လူကြီးစကားပြောဆိုပြီးနောက် မိတ်သဟာယအစည်းအဝေးပြုလုပ်ပြီး အမှန် တရားသို့ပြောင်းလဲလာသူအားလုံးနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ရန် သန္နိဌာန်ချသောသူတို့အား မတ်တတ်ထရန်တောင်းဆိုသည်။ လူပေါင်း (၅၀) တုံ့ပြန်ကြသည်။ သူတို့၏နာမည်စာရင်းကိုရယူပြီး သတ်မှတ် ထားသောစည်းဝေးတစ်ခု၌ သူတို့၏သက်သေခံခြင်းအစီအစဉ်ကို ပြုလုပ်ပေး သည်။ လူအများတို့၌ အလွန်စိတ်ဝင်စားဖွယ်ရာကောင်းသောစကားများကို ပြောရန်ရှိကြသည်။ [Ev 283.4]EvBur 358.2

    ပတ်ပေါင်းများစွာလွန်သွားပြီးနောက် အမှန်တရားကိုလိုက်လျှောက် ရန်ဆုံးဖြတ်သောသူတို့ကို နောက်တစ်ခါခေါ်ခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့သည်။ လူပေါင်း (၂၅) ဦးမှ (၃၀) ကြားတုံ့ပြန်မှုပြုခဲ့ကြသည်။ ဤအစည်းအဝေး၌ ဓမ္မဆရာများတက်ရောက်ကြပြီး အလွန်ကောင်းသောသက်သေခံချက်များကို ကြားရကြသည်။ Letter 372, 1906. [Ev 284.1]EvBur 358.3

    ၁၈၄၄ လှုပ်ရှားမှုအချိန်၌ အမှန်တရားသို့ ပရိသတ်များတုံ့ ပြန်ခြင်း - ဤဆောင်ရွက်ပုံအမူအရာဖြင့်ဟောပြောခြင်းကို ၁၈၄၂၊ ၁၈၄၃ နှင့် ၁၈၄၄ ခုနှစ်များ၌ ပြုလုပ်ခဲ့သည်။ တရားဟောသောသူသည် မလိုအပ်သောစကား များကိုပြောဆိုခြင်းမပြုပါ။ နှုတ်ကပတ်တော်ကိုသာ ရှင်းလင်းစွာဟောပြောခဲ့ သည်။ အမှန်တရားကိုယုံကြည်သောသူတို့အား နှုတ်ကပတ်တော်နှင့်အညီ ဟောပြောရန် မကြာခဏခေါ်ခြင်းကိုခံရသောအခါ လူများစွာတို့မှတုံ့ပြန်မှုကို ပြုလုပ်ကြပါသည်။ အထူးအကူအညီလိုအပ်သူများအတွက် ဆုတောင်းခြင်း ဖြင့်တောင်းလျှောက်ပေးကြပါသည်။. Manuscript 105, 1906. [Ev 284.2]EvBur 359.1

    ယုံကြည်ခြင်းအတွက်အသစ်သောခင်းကျင်းပြသမှုများကို အသိအမှတ်ပြုခြင်း - ကျွန်ုပ်၏အမှုထမ်းကြသောညီအစ်ကိုများတို့အား ကျွန်ုပ်ပြောလိုသည်မှာ .. မယုံကြည်သူများတို့၏ဝိညာဉ်အပေါ် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် မိမိတို့၏အပြစ်ကိုတွေ့မြင်ရန် လန်းဆန်းသောဖော်ပြချက်တိုင်းတို့သည် အလွန် ကောင်းပေသည်။ အမှန်တရားကိုသိရှိရန် ဝိညာဉ်များတို့ကိုသင်ပို့ဆောင်နိုင် သမျှသောနည်းလမ်းတိုင်းတို့သည် ယေရှုခရစ်တော်၏မျက်နှာ၌ထွန်းလင်း သကဲ့သို့ ဘုရားသခင်၏ဘုန်းတော်အလင်းဖြစ်သော အလင်းကိုထွန်းလင်းရန် ခွင့်ပြုခြင်း၏ နည်းလမ်းများဖြစ်သည်။ ဤအသစ်ပြောင်းလဲသူများအတွက် ခရစ်တော်သည် မန္တမုန့်နှင့်ဝိညာဉ်ရေးနှင်းပေါက်များဖြစ်လိမ့်မည်။ သူ၌မှောင်မိုက် အလျင်းမရှိပါ။ သူတို့နှင့်အတူ ဝိညာဉ်ခွန်အားရှိသောသူမှ ကျမ်းစာလေ့လာ ကြသောအခါ သူတို့သည် အမှန်တရား၌လုံးလုံးလျားလျားခိုင်မြဲစွာတည်ရှိရန် သူတို့အားသန့်ရှင်းသောဝိညာဉ်တော်တန်ခိုးလက်သို့ မိမိတို့ကိုယ်ကိုမည်ကဲ့သို့ အပ်နှံရမည့်အကြောင်းပြောသည်နှင့် ဘုရားသခင်၏တန်ခိုးတော်သည် ထင်ရှား ပေလိမ့်မည်။ Manuscript 105, 1906. [Ev 284.3]EvBur 359.2

    မကြာခဏလူထုခေါ်သံများ - စိတ်ပါဝင်စားမှုရှိပုံမပေါ်သောအရာအားလုံး တို့ကိုဖယ်ရှားပစ်ပြီး သူတို့လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ သေရေး ရှင်ရေးရှိသည့် ဤလေးနက်သောမေးခွန်းများသို့ လူတို့ကိုပို့ဆောင်ပါ။ သင်သည် စစ်မှန်သောအမှန်တရားကိုဟောပြောသောအခါ နားထောင်သောသူ တို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနာခဲ့ရသည်နှင့်အညီ မိမိတို့ ၏တာဝန်ကိုညွှန်ပြပြီး မိမိတို့၏ကိုယ်စိတ်နှလုံးကို မိမိတို့၌ရှိသမျှသောခင်တွယ် မြတ်နိုးခြင်းဖြင့် ယေရှုခရစ်ထံသို့ မည်သူဆက်ကပ်အပ်နှံရန်ဆန္ဒရှိပါသနည်းဟု မကြာခဏမေးပါ။ Letter 8, 1895. [Ev 284.4]EvBur 359.3

    ရှာဖွေသူများသို့ ကိုယ်တိုင်စကားပြောခြင်း - စည်းဝေးပြီးဆုံးသွားပြီးနောက် လာရောက်သောသူတစ်ဦးစီကိုတွေ့ဆုံကာ သူတို့၏ခံစားချက်များကို မေးမြန်း စုံစမ်းသင့်သည်။ တစ်ဦးစီအားမေးသင့်သောအချက်မှာ အကယ်၍သင်စိတ်ဝင်စား ပြီး ဤအမှန်တရားကိုလက်ခံမည်ဆိုပါက သင်မည်ကဲ့သို့ပြုလုပ်မည်နည်းဟု ဖြစ်ပါသည်။ မည်သူမည်ဝါစိတ်ဝင်စားသည်ကို သိရှိရန်သင်လေ့လာစုံစမ်း သင့်သည်။ အားလုံးဟောပြောရန်မလိုဘဲ စကားလုံးအနည်းငယ်ဖြင့်သာ တစ်ဦးချင်းတိတ်တဆိတ်ပြောဆိုခြင်းသည် ပို၍အကျိုးသက်ရောက်ပါသည်။ Manuscript 19b, 1890. [Ev 285.1]EvBur 360.1

    တောင်းဆို ခြင်းများထိရောက်မှုရှိရန်သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သည် - အကယ်၍သင်သည် ဘုရားကိုရှာပြီး မကောင်းသောအပြောအဆိုနှင့်အတ္တစိတ် အားလုံးတို့ကိုရှောင်ရှားကာ အမြဲဆုတောင်းခြင်းကိုဆက်လက်၍ပြုနေပါက ဘုရားသခင်သည် သင်၏အနား၌ရှိနေပေလိမ့်မည်။ သင်၏ကြိုးပမ်းမှုများနှင့် ဆန္ဒတောင်းခံခြင်းများတို့အပေါ် တန်ခိုးသက်ရောက်ပြီးအကျိုးရှိစေရန် ပြုလုပ ပေးသောအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြစ်ပါသည်။ ဘုရားသခင်ရှေ့၌ သင်၏ကိုယ်ကိုနှိမ့်ချပါ။ သူ၏ခွန်အားအားဖြင့် မြင့်ရာ အရပ်သို့သင့်ကိုပို့ဆောင်လိမ့်မည်။ Manuscript 20, 1905. [Ev 285.2]EvBur 360.2

    ခရစ်တော်ကိုချစ်ခြင်းသည်စိတ်နှလုံးများကိုလှုပ်ရှားစေသည် - ဘုရားသခင်နှင့် သူ၏ချစ်သားတော်ယေရှုအကြောင်းကို လူတို့ရှေ့၌ လူ့အတွက်ကြွယ်ဝသော မေတ္တာရှိကြောင်း ဟောပြောကြရမည်။ အထင်အမြင်လွဲခြင်း၏ကာဆီးမှုများ နှင့် သံဝေဂတရားမရရှိခြင်းတို့ကိုဖြိုချရန် ခရစ်တော်၏မေတ္တာတော်အကြောင်း ကိုဟောပြောခြင်းတိုင်း၌ ထည့်သွင်းဟောပြောကြရမည်။ ခရစ်တော်သည် လူတို့ကိုမည်မျှချစ်တော်မူကြောင်းကို လူတို့အားသိစေပြီး ထိုမေတ္တာ၏အထောက် အထားများတို့ကိုလည်း သိစေရန်ဖော်ပြပါ။ ကပ်တိုင်ပေါ်ခရစ်တော်အသေခံ ခြင်းအားဖြင့် လူတို့အားဘုရားသခင်မည်မျှချစ်ကြောင်း ဖော်ပြသည့်မေတ္တာ သည် အခြားမည်သည့်မေတ္တာနှင့်မျှနှိုင်းယှဉ်၍မရပါ။ စိတ်နှလုံးထဲတွင် ယေရှု ၏မေတ္တာနှင့်ပြည့်ဝသောအခါ လူတို့အား၎င်းမေတ္တာကိုဖော်ပြပါက သူတို့၏ စိတ်နှလုံးများကို ထိခိုက်စေပါလိမ့်မည်။ Letter 48, 1886.EvBur 360.3