အခန်း (၁ရ)—အထူးလူတန်းစားများအတွက်လုပ်ဆောင်ခြင်း
လူတန်းစားအမျိုးမျိုးတို့အတွက်လုပ်ဆောင်ခြင်း
အမှန်တရားကိုအဆင့်အတန်းအားလုံးသို့ ဟောပြောပါ - ဧဝံဂေလိသတင်းစကား ခေါ်ဖိတ်ခြင်းသည် ချမ်းသာသောသူနှင့်ဆင်းရဲသောသူ၊ အဆင့်မြင့်သောသူ နှင့်နိမ့်သောသူတို့ထံသို့ ပို့ဆောင်ရမည်ဖြစ်ပြီး အမှန်တရားကို နေရာသစ် များနှင့်လူတိုင်းထံသို့သယ်ဆောင်သွားနိုင်ရန်အတွက် ကြေးငွေများကိုစီမံခန့်ခွဲ ပေးကြရပါမည်။ Medical Ministry, p. 312. (1899) [Ev 552.1]EvBur 725.1
သူတို့ အားနားလည်ရန်အခွင့်အရေးတစ်ခုပေးပါ - ဆင်းရဲသောသူ၊ စာမတတ် သောသူများတို့ကို လျစ်လျူရှုထားရမည်ဟု မည်သူမျှအတွေးမရှိပါစေနှင့်။ အမှုထမ်းဆောင်ခြင်း၏မှန်ကန်သောနည်းစနစ်သည် မည်သို့မျှဤအရာကို ဘေးဖယ်ထား၍မရပါ။ ဆင်းရဲသောသူများထံသို့ ဧဝံဂေလိသတင်းစကား ဟောပြောခြင်းကို ခရစ်တော်၏ဆောင်ရွက်ခဲ့သောအထောက်အထားများအား ဖြင့် တွေ့ခဲ့ရပါသည်။ ယခုအချိန်အတွက် အထူးအမှန်တရားများနားလည် ရန် လူတန်းစားအားလုံးတို့အား အခွင့်အရေးပေးနိုင်မည့်နည်းလမ်းကို ကျွန်ုပ် တို့လေ့လာသင့်ကြသည်။ Review and Herald, Nov. 25, 1890. [Ev 552.2]EvBur 725.2
ဝိညာဉ်တိုင်းအတွက်ကယ်တင်ခြင်းသတင်းစကားတစ်ခု - လိုအပ်ချက်တစ်ခု ၏နက်ရှိုင်းသောခံစားချက်တစ်ခု လူအများ၌ရှိကြသည်။ လောကီချမ်းသာ ကြွယ်ဝခြင်း၊ ပျော်မွေ့ခြင်းမပေးနိုင်သောလိုအပ်ချက်ဖြစ်သည်။ သို့သော် သူတို့ တောင့်တမျှော်လင့်သည့်လိုအပ်ချက်ကို မည်ကဲ့သို့ရယူရမည်ကို သူတို့မသိ ကြပါ။ [Ev 552.3]EvBur 725.3
ခရစ်တော်၏ဧဝံဂေလိသတင်းစကားသည် အစမှအဆုံးတိုင်အောင် ကျေးဇူးတော်ကယ်တင်ခြင်း၏ဧဝံဂေလိသတင်းစကားဖြစ်ပါသည်။ ၎င်းသည် ရှင်းလင်းတိကျပြီး ထိန်းချုပ်ထားသောအတွေးအခေါ်ဖြစ်သည်။ ၎င်းသည် လိုအပ်သူတို့အတွက်အကူအညီတစ်ခု၊ အမှန်တရားကိုမသိသောသူတို့အတွက် အလင်းနှင့် စစ်မှန်သောအုတ်မြစ်ကိုရှာဖွေသောဝိညာဉ်များတို့အတွက် လမ်းပြ သူအဖြစ် အကူအညီတစ်ခုဖြစ်ပါလိမ့်မည်။ ထာဝရကယ်တင်ခြင်းအပြည့်အဝ ကို လူတိုင်းလက်ကမ်းရယူနိုင်သောအရာဖြစ်ပါသည်။ ခရစ်တော်သည် အပြစ် ဖြေလွှတ်ရန်ပြောဆိုခြင်းနှင့် အဖိုးမဲ့ပေးသောကျေးဇူးတော်ကိုဝေငှရန် တောင့်တ မျှော်လင့်လျက်ရှိသည်။ သူသည် မျှော်လျက်စောင့်နေပြီး ယေရိခေါမြို့တံခါးဝ ၌ရှိနေသော မျက်မမြင်အားသူပြောသကဲ့သို့ “သင်၌အဘယ်သို့ပြုစေလိုသနည်း ဟုသင့်ကိုသူပြောလိုပါသည်။ သင်၏အပြစ်များကိုငါယူဆောင်မည်။ ငါ၏ အသွေးတော်အားဖြင့် သင့်ကိုဆေးကြောမည်။ [Ev 552.4]EvBur 725.4
အသက်တာ၏လမ်းမကြီးတစ်လျှောက်၌ ကယ်တင်ရန်ဝိညာဉ်များစွာ ရှိသည်။ မျက်မမြင်များတို့သည် မှောင်မိုက်ထဲ၌စမ်းတဝါးဝါးသွားနေကြသည်။ သူတို့ကိုအလင်းပေးပါ။ သူ၏အမှုဆောင်များအဖြစ် သင့်ကိုကောင်းချီးပေး လိမ့်မည်။ Letter 60, 1903. [Ev 553.1]EvBur 726.1
အဆင့်မြင့်သူများအတွက်စီမံကိန်းသည်လူအားလုံးထံရောက်ရှိလိမ့်မည် - လုပ်ငန်း ၏ကြီးမြတ်ခြင်းသို့ သင်၏စိတ်ဓာတ်ကိုယူဆောင်လာပါ။ သင်၏ကျဉ်းမြောင်း သောစီမံကိန်းများ၊ သင်၏အကန့်အသတ်ရှိသောအတွေးအခေါ်များတို့သည် သင့်လုပ်ငန်း၏နည်းစနစ်ထဲသို့ မရောက်ရှိလာစေပါနှင့်။ ဤနေရာ၌ပြုပြင် ပြောင်းလဲခြင်းရှိရမည်ဖြစ်ပြီး အမြဲရရှိသင့်သည့် မြင့်မားပြီးချီးမြှင့်ခြင်းအဆင့် အတန်းသို့ရောက်ရှိရန် ငွေကြေးများတို့ကို ပို၍ရရှိပါလိမ့်မည်။ သူတို့သည် ကပ်တိုင်ကိုမြှောက်တင်ရန်သတ္တိမရှိခြင်းနှင့် ရေပန်းစားခြင်းမရှိသောအမှန်တရား ကိုဆန့်ကျင်သူများ ပြစ်တင်ဆုံးမခြင်းကိုမခံနိုင်သော်လည်း လုပ်ငန်း၏စာရိတ္တ အရည်အသွေးတချို့တို့ကို ခွဲခြားဝေဖန်ကာ လုပ်ငန်းကိုကူညီမစလိုသော ငွေကြေးရှိသူတချို့ရှိကြပါသည်။ အကယ်၍ဖြစ်နိုင်ပါက အဆင့်အတန်းရှိသူ များတို့ကို ဦးစွာချဉ်းကပ်ပါ။ သို့သော် အဆင့်အတန်းနိမ့်သူများကို လျစ်လျူရှု ခြင်းမပြုပါနှင့်။[Ev 553.2]EvBur 726.2
သို့သော် အများအားဖြင့် ပြောင်းလဲရန်လွယ်ကူသောအဆင့်အတန်း နိမ့်သူများတို့ကိုသာ ပစ်မှတ်ထားလျက်၊ နယ်မြေအများတို့၌ တာဝန်ရှိသူများ တို့သည် မိမိတို့၏စီမံကိန်းများနှင့်တရားပွဲများတို့ကို ကျင်းပခဲ့ကြပါသည်။ သို့သော် အမှန်တရား၏အလင်းကိုလိုအပ်နေသော အဆင့်အတန်းမြင့်သူများ နှင့်အဆင့်အတန်းနိမ့်သူများအပါအဝင် အားလုံးတို့ထံသို့အမှန်တရားရောက်ရှိ ရန် နည်းစနစ်ကိုကြံစည်လုပ်ဆောင်ကြရပါမည်။ ဤပုဂ္ဂိုလ်များတို့သည် အမှန်တရားကိုတွေ့ရှိရပါသည်။ သို့သော် နွမ်းပါးခြင်း၏ကျွန်၊ ငတ်မွတ်ခြင်း ဘေးမှလွတ်မြောက်ရန် အမှန်တရားကိုလက်ခံသူများရှိကြပါသည်။ အဆင့် အတန်းရှိသူများတို့ကို ဝင်ရောက်ချဉ်းကပ်ပါ။ အဆင့်အတန်းနိမ့်သူများထံသို့ လည်း ဝင်ရောက်ချဉ်းကပ်ရန် ပျက်ကွက်ခြင်းမရှိပါနှင့်။ Letter 14, 1887, [Ev 553.3]EvBur 727.1
ပြောင်းလဲစေနိုင်သည့်စွမ်းရည်နှင့် သြဇာ - ဘုရားသခင်၏အစေခံများတို့ သည် မိမိတို့၏အချိန်နှင့်ခွန်အားကို တစ်သက်တာလုံး မာရ်နတ်၏အုပ်ချုပ် မှုအောက်၌ပျက်စီးစေရန် ပေးအပ်ခဲ့သောသူတို့အတွက်အသုံးပြုခြင်းဖြင့် ကုန်ခန်း ခြင်းမပြုသင့်ပါ။ ဝိုင်းပယ်ထားခြင်းခံရသူများလာကြပါလိမ့်မည်။ သူတို့သည် ခရစ်တော်ထံသို့လာသောအခါ သူတို့ကိုကျွန်ုပ်တို့တားဆီးခြင်းမပြုလုပ်ရပါ ။ သို့သော် ဘုရားသခင်သည် အဆင့်အတန်း ပို၍မြင့်သောသူများတို့ထံသို့ ဝင်ရောက်ဟောပြောရန် ကျွန်ုပ်တို့ကိုခေါ်ပါသည်။ အကယ်၍ သူတို့ပြောင်းလဲ ပါက မိမိတို့နှင့်အဆင့်အတန်းတူညီသူများတို့ကိုလည်း တစ်ဆင့်ပြောင်းလဲ စေနိုင်မည်ဖြစ်သည်။ ပြောင်းလဲသူတို့၏စွမ်းရည်နှင့်သြဇာကို သူ၏အမှုတော် ထဲ၌ပါဝင်ရန် ဘုရားသခင်လိုလားလျက်ရှိသည်။ ဘုရားသခင်သည် စွမ်းရည် နှင့်သြဇာရှိသောအမျိုးသား၊ အမျိုးသမီးများတို့အပေါ်အလုပ်လုပ်နေပြီး သူတို့ကို ကမ္ဘာသို့ကရုဏာ၏နောက်ဆုံးသောသတင်းစကားကို ဟောပြောသောသူတို့နှင့် အတူ ပေါင်းစည်းလုပ်ဆောင်ရန် သူတို့အားပို့ဆောင်နေပါသည်။ Manuscript 6, 1902. [Ev 553.4]EvBur 727.2
ပေါလုသည် သူ၏ခရီးစဉ်၌ ပြည်တွင်းပြည်ပသာသနာ့လုပ်ငန်းကို ပေါင်းစည်းထားပါသည်။ ယခုသူသည် ယုဒလူမျိုးများတို့ကို မိမိတို့ဝတ်ပြု ရာအရပ်၌ ဟောပြောနေပါသည်။ ယခုသူသည် တစ်ပါးအမျိုးသားတို့ကို မိမိတို့၏တရားဇရပ်ရှေ့၌သော်လည်းကောင်း၊ သူတို့၏ဘုရားများရှေ့၌သော် လည်းကောင်း တရားဟောလျက်ရှိသည်။ ပေါလုသည် ရှေးစီမံအုပ်ချုပ်ခြင်း ကိုဖျက်ဆီးသော မေရှိယတစ်ဦး၏အကြောင်းကို ယုဒလူမျိုးတို့အားဟောပြော ခြင်းမပြုပါ။ သို့သော် အမှန်တရားနှင့်အညီ ယုဒလူတစ်မျိုးလုံး၏စီးပွားရေး ကို ဆောက်တည်ရန်လာခဲ့သော မေရှိယအကြောင်းကိုပြောပါသည်။ [Ev 554.1]EvBur 728.1
အကျယ်ပြန့်ဆုံးသောအမှန်တရား၏အကြောင်းကို သယ်ဆောင်ကြ သည့်တပည့်တော်များတို့သည် မိမိတို့နိုင်ငံနှင့်နီးကပ်စွာနေထိုင်သောသူတို့နှင့် အချေအတင်ပြောဆိုကြသောစမ်းသပ်ခြင်းဟူသရွေ့ကို အောင်မြင်ရန်အဆင်သင့် ရှိကြပါသည်။ ဤနေရာ၌ ခရစ်ယာန်သည် ခိုင်မာသောအောင်မြင်ခြင်းကို ရရှိပြီး၊ မြင့်၍အထက်၌ရှိသောစံချိန်ကို ပြောင်းလဲသောယုဒလူမျိုးများမှယူဆောင် ကာ ခရစ်ယာန်နှင့်ကယ်တင်ခြင်းသည် တိုင်းပြည်တိုင်း၊ ဘာသာတိုင်းနှင့် ကမ္ဘာပေါ်ရှိလူအားလုံးအတွက်ဖြစ်ပါသည်။ Letter 17, 1900. [Ev 544.2]EvBur 728.2