Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၆)—လူထုတရားပွဲ

    ကျွန်ုပ်တို့၏လက်ရှိအမှန်တရားသတင်းစကား

    လူထုကြီးကို ဟောကြားခြင်း - ဧဝံဂေလိဓမ္မဆရာ၏ဟောပြောသံကိုကြား ရစေရန် ကျွန်ုပ်တို့သည် ကြိုးစား၍လူထုကြီးကိုစုရုံးပေးသင့်ပါသည်။ ထိုနောက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောသောသူတို့သည် အမှန်တရား ကိုသာဟောပြောရလိမ့်မည်။ နားထောင်သောသူတို့အား သိနာတောင်ခြေရင်း၌ အံ့သြကြောက်ရွံ့ဖွယ်ကြီးကျယ်ခမ်းနားသောမြင်ကွင်း၌ ဘုရားသခင်၏အသံ တော်ကိုကြားရသကဲ့သို့ ခံစားစေရပါမည်။ Letter 187, 1903. [Ev 119.1]EvBur 133.1

    တိကျသောခရာသံကိုမှုတ်ခြင်း - အမှန်တရားကိုတင်ဆက်သောသူတို့သည် ငြင်းခုံခြင်းကိုမပြုရပါ။ သူတို့သည် ဧဝံဂေလိတရားကိုယုံကြည်ခြင်းနှင့် လေးနက် စွာဟောကြားခြင်းဖြင့် ကြားနာရသောသူတို့အတွက် စိတ်ဝင်စားပြီးနိုးကြားမှု ရှိစေရပါမည်။ သူတို့ပြောဆိုသောစကားများ၊ တောင်းလျှောက်သောဆုပတ္ထနာ သံများ၊ သူတို့ဖော်ပြသောပုံပမာအသက်တာသြဇာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေရန် သူတို့သည် မျိုးစေ့ကိုကြဲရကြလိမ့်မည်။ လှုပ်ရှား မှုမရှိဘဲတည်ငြိမ်ရလိမ့်မည်။ မှုတ်သောခရာသံသည် တိကျရလိမ့်မည်။ လူတို့ ၏အာရုံကို တတိယကောင်းကင်တမန်သတင်းစကားသို့ ပို့ဆောင်ရမည်။ အိပ်ပျော်နေသော ဘုရားသခင်၏အစေခံများကဲ့သို့မဖြစ်စေပါနှင့်။ ခရစ်တော် ကြွလာခြင်းအတွက် လူတို့ကိုပြင်ဆင်ပေးသောသူများကဲ့သို့ ဟောပြောကြရ မည်။ Review and Herald, March 2, 1905. [Ev 119.2]EvBur 133.2

    အမှန်တရားကြွေးကြော်ခြင်းသည်ကျွန်ုပ်တို့၏အလုပ် - အထူးသိရှိချက်အရ၊ ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းသူအသင်းသားတို့သည် ကမ္ဘာ့ အတွက်ကင်းစောင့်များနှင့် အလင်းပေးသူများဖြစ်သည်။ ပျက်စီးမည့်ဤကမ္ဘာ ကြီးကိုသတိပေးရန် တာဝန်ပေးခြင်းခံရသူများဖြစ်သည်။ သူတို့အပေါ်သို့ အံ့သြဖွယ်သောဘုရားသခင်၏နှုတ်ကပတ်တော်အလင်း ထွန်းလင်းလျက်ရှိ သည်။ လေးနက်၍အရေးအကြီးဆုံးသော ကောင်းကင်တမန်သုံးပါးသတင်း စကားကိုဟောကြားရန် သူတို့အားအလုပ်ကိုပေးထားသည်။ သူတို့အတွက် ဤအလုပ်ထက်ကြီးမားသောအခြားအလုပ်မရှိပါ။ ဤအလုပ်ကိုသာလုပ်ရမည်။ မည်သည့်အရာမျှ သူတို့၏အာရုံကိုဆွဲဆောင်ရန် ခွင့်မပြုရပါ။ [Ev 119.3]EvBur 133.3

    ကမ္ဘာသို့ကြွေးကြော်ရန် လူသားများတို့အားပေးအပ်ထားသည့် အရေး ကြီးဆုံးသောအမှန်တရားများရှိသည်။ ဤအမှန်တရားများကိုကြွေးကြော်ခြင်း သည် ကျွန်ုပ်တို့၏အလုပ်ဖြစ်သည်။ ကမ္ဘာကြီးကိုသတိပေးရမည်။ ဤအပ်နှံ ထားသောယုံကြည်စိတ်ချမှုအပေါ် ဘုရားသားသမီးများတို့သည် သစ္စာရှိရမည်။ [Ev 120.1]EvBur 134.1

    မည်ကဲ့သို့ဤအရာများတို့ကိုရှောင်ရှားရမည့်အကြောင်း အပြစ်သား တစ်ဦးအားမပြောမီ ဘုရားသခင်၏တရားစီရင်ခြင်းများ သူ့အပေါ်သို့ကျရောက် သည်အထိ စောင့်နေကြမည်လား။ သူပြောခဲ့သောစကားများကိုမယုံမီ သူကြိုတင်ဟောကြားထားခဲ့သောအရာများပြည့်စုံခြင်းကို တွေ့မြင်ကြရမည် လား။ ရှင်းလင်းစွာ၊ တိကျစွာဖြင့် ဖြစ်ပျက်သောအရာများတို့သည် ဘုရားသခင် ၏နေ့ရက်ကြီးရောက်လာတော့မည့် “တံခါးဝမှာရှိနေကြောင်း” ကိုပြသလျက် ရှိသည်။ Testimonies, vol. 9, pp. 19, 20. (1909), [Ev 120.2]EvBur 134.2

    ပစ်မှတ်ကိုမလွဲစေနှင့် - ဤကြီးမားသောအလုပ်၌ တာဝန်ယူသော သူတို့အတွက် အချိန်ဖြုန်းစရာအကြောင်းမရှိပါ။ ကျွန်ုပ်တို့သည် ပစ်မှတ်ကို မလွဲစေရပါ။ ဖော်ပြရမည့်အရာအားလုံးကိုဖော်ပြနိုင်ရန် အချိန်အလွန်တိုတောင်း လှပါသည်။ နှုတ်ကပတ်တော်၏အဓိပ္ပါယ်အတိမ်အနက်၊ အကျယ်အဝန်း အလုံးစုံကိုသိရှိနားလည်နိုင်ရန် မကုန်ဆုံးနိုင်သောထာဝရကာလအချိန်ကိုပင် ယူရပါလိမ့်မည်။ [Ev 120.3]EvBur 134.3

    တမန်တော်ယောဟန်ကို ပတ်မူကျွန်း၌လူတို့အား ဘုရားသခင်သိစေ လိုသောအရာများကို ဖော်ပြခဲ့ပါသည်။ ဗျာဒိတ်ကျမ်းကိုလေ့လာပါ။ ကျွန်ုပ် တို့သေချာစွာစဉ်းစားရန်ကျယ်ဝန်း၍ နားလည်နိုင်ရန်သင်ခန်းစာများ ယခု ကောင်းကင်တမန်အသိုက်အဝန်းရှာဖွေလေ့လာနေသည့် နားလည်ရန်လိုအပ် သောရည်ရွယ်ချက်များရှိသည်။ ခရစ်တော်၏အသက်တာနှင့်စာရိတ္တကိုကြည့် ပါ။ သူ၏ကြားဖျန်ဖြေသောလုပ်ငန်းကိုလေ့လာပါ။ ဤအထဲ၌မကုန်ဆုံးနိုင် သောဉာဏ်၊ မကုန်ဆုံးနိုင်သောမေတ္တာ၊ မကုန်ဆုံးနိုင်သောတရားမျှတမှု၊ မကုန် ဆုံးနိုင်သောကရုဏာရှိသည်။ ဤအထဲ၌ နက်ရှိုင်း၍မြင့်မားသော၊ ရှည်လျား ၍ကျယ်ဝန်းသော ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်စရာအတွက် အကြောင်းအရာ များရှိသည်။ မရေမတွက်နိုင်သောကလောင်အားဖြင့် ကမ္ဘာသို့သခင်ခရစ်တော် ၏အသက်တာ၊ စာရိတ္တနှင့်ကြားဖျန်ဖြေခြင်းအလုပ်ကို ဖော်ပြခဲ့ပါသည်။ သို့သော် ချက်များကို လူသားကိုယ်စားလှယ်၏စိတ်နှင့်သဘောထားအရ သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သောနှလုံးသားတိုင်းတို့သည် ဤရည်ရွယ် ဆန်းသစ်သောအလင်းထဲ၌ ဖော်ပြပါသည်။ [Ev 120.4]EvBur 135.1

    ယေရှု၌ရှိသောအမှန်တရားကို ကျွန်ုပ်တို့အလိုရှိသည်။ အကြောင်းမှာ ခရစ်တော်သည် မည်သူဖြစ်ကြောင်း လူတို့နားလည်စေရန် ကျွန်ုပ်တို့ပြုလုပ် လိုသောဆန္ဒရှိသောကြောင့်ဖြစ်သည်။ ထိုနောက် ခရစ်တော်ကိုလက်ခံရန် သူတို့အားခေါ်တော်မူခြင်း၌ မည်သည့်တာဝန်များရှိသည်ကို သိရှိစေရန်ဖြစ် သည်။ သူ၏ကိုယ်စားလှယ်နှင့်သက်သေခံများအဖြစ်၊ ပညာဗဟုသုတအား ဖြင့်ရရှိသော ကယ်တင်ခြင်းပေးသည့်အမှန်တရားများကို ကျွန်ုပ်တို့ပြည့်ပြည့် စုံစုံနားလည်ရန်လိုအပ်ပါသည်။ Review and Herald, April 4, 1899. [Ev 121.1]EvBur 135.2

    အထူးအမှန်တရားများကို လေးလေးနက်နက်ပြောပါ - ဘုရားသခင်၏အကြံ တော်အလုံးစုံတို့ကို သစ္စာရှိစွာဖြင့်ပြောရန် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ ကျွန်ုပ် တို့အား ကမ္ဘာနှင့်ခြားနားစေသည့် အထူးသောအမှန်တရားကို ထင်ရှားစွာ ဖော်ပြရမည်။ အကြောင်းမှာ ဤအမှန်တရားသည် ကျွန်ုပ်တို့ကိုပြုပြင်သော အရာဖြစ်ပြီး ထာဝရကာလနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုပူပန်စေသောအရာ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ယခုကျန်ရှိသောနောက်ဆုံး အချိန်၌ နေရာယူရမည့်ဤအလင်းကို ကျွန်ုပ်တို့အားပေးထားသောကြောင့် ၎င်းအလင်းကို နှုတ်နှင့်သော်လည်းကောင်း၊ ကလောင်အားဖြင့်သော်လည်း ကောင်း ကမ္ဘာသို့အေးအေးဆေးဆေး ဝိညာဉ်မပါသည့်ပုံစံအားဖြင့်မဟုတ်ဘဲ၊ ဘုရားသခင်၏ဝိညာဉ်နှင့်တန်ခိုးတော်အားဖြင့် ဖော်ပြကြရပါမည်။ Testimonies to Ministers, p. 470. (1890) [Ev 121.2]EvBur 135.3

    ခရစ်တော်ကြွလာခြင်းကို မြှော်လင့် သောသတ္တမနေ့အသင်းဟော်၏သတင်းစကား - ယခုအချိန်ကျွန်ုပ်တို့ဤကမ္ဘာကြီး၏နောက်ဆုံးကာလသို့ရောက်ရှိသောအခါ ကျွန်ုပ်တို့၏အသက်တာသည် ကမ္ဘာပေါ်ရှိလူသားများတို့၏အသက်တာနှင့် တူညီသောကြောင့် လူတို့အတွက်အလင်းမပေးနိုင်သည့်အခြေအနေ၌ အသက်ရှင် ကြရမည်လား။ ဘုရားရှင်ရွေးချယ်ထားသော ကျွန်ုပ်တို့၏စာရိတ္တကို ကမ္ဘာ မှပေးသောအရာများဖြင့် လဲလှယ်ကြမည်လား။ ဘုရားသခင်၏ပညတ်တော် ကိုချိုးဖောက်သောသူတို့အား တန်ဖိုးရှိသောသူများဟု ကျွန်ုပ်တို့မြင်ကြမည် လား။ ဘုရားသခင်၏သားသမီးများဟု ခေါ်ဝေါ်ခြင်းခံရသောသူတို့သည် ဘုရားရှင်၏တန်ခိုးကို အမြင့်ဆုံးသောတန်ခိုးအဖြစ် တွေ့မြင်ကြပါသလား။ ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်အဖြစ် ကျွန်ုပ်တို့ကိုပို့ဆောင် သော ထူးခြားသည့်ယုံကြည်ခြင်းကို ဖျက်ဆီးမည့်အရာအားလုံးကို ကြိုးစား ၍ဖယ်ရှားကြမည်လား။ [Ev 121.3].EvBur 136.1

    ကျွန်ုပ်တို့၏တစ်ခုတည်းသောလုံခြုံမှုသည် ဘုရားရှင်၏ရုပ်သဏ္ဌာန် အလင်း၌ အမြဲရပ်တည်ခြင်းဖြစ်သည်။ Manuscript 84, 1905.EvBur 136.2

    အားရဖွယ်လက်ရှိအမှန်တရားသတင်း - ယခု၊ ယခုပင် ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချစွာနှင့် တန်ခိုးဖြင့်လက်ရှိအမှန်တရကို ကြွေးကြော်ဟောပြော ရမည်။ မမှန်သောတေးသံကိုမတီးနှင့်၊ အသုဘသီချင်းကိုလည်းမဆိုနှင့်။ Letter 311, 1905. [Ev 122.1]EvBur 136.3

    အထောက်အထား၏အရှိန်အဟုန်အားဖြင့်ယုံကြည်ခြင်း - ဘုရားသခင်သည် လူတို့၏စိတ်ထဲ၌ ကျွန်ုပ်တို့၏အချိန်နှင့်ဆီလျော်စွာ မွန်မြတ်သောအမှန်တရား ၏တန်ဖိုးရှိသောရတနာများကို ပေးထားပါသည်။ ဘုရားသခင်သည် ဤအမှန် တရားကို ရန်သူ၏မှားယွင်းမှုမှကယ်ဆယ်ရယူခဲ့ပြီး မှန်သည့်ဘောင်အတွင်း၌ ထားရှိခဲ့ပါသည်။ ဤအမှန်တရားများကို ဘုရားသခင်၏စီမံကိန်းများနှင့်အညီ မှန်ကန်စွာဟောပြောသောအခါ၊ လိမ္မာပါးနပ်စွာနှင့်ရိုးသားစွာ ကြောက်ရွံ့ ရိုသေသောသဘောဖြင့် ဘုရားရှင်၏အစေခံများမှဟောပြောသောအခါ၊ အထောက်အထား၏အရှိန်အဟုန်ကြောင့် အခြားခိုင်လုံသည့်အထောက်အထား များတို့ကိုရရှိရန် စောင့်ဆိုင်းခြင်းမပြုကြဘဲ များစွာသောသူတို့သည် ယုံကြည် ကြပါလိမ့်မည်။ Manuscript 8a, 1888. [Ev 122.2]EvBur 137.1