Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အလယ်ပိုင်းပြည်နယ်များရှိမြို့များ

    ဒက်ထရွှိုက်အပါအဝင်မြို့ကြီးများတို့ ၏လိုအပ်ချက်များ - နယူးရော့မြို့၊ ဒက်ထရွိုက်မြို့နှင့်အခြားမြို့ကြီးများတို့၌ အနည်းငယ်သာလုပ်ဆောင်ခဲ့ရပါသည်။ တောင်အရပ်ဒေသရှိမြို့များတို့သည် ဘုရားသခင်၏ဝိညာဉ်တော်သက်သေခံ ချက်များဖြင့် ကျွန်ုပ်တို့၏လူတို့ရှေ့၌ရှိနေသော်လည်း လျစ်လျူရှုထားခဲ့ကြ ပါသည်။ ဝေးလံသောနိုင်ငံများသို့သွားရောက်လုပ်ဆောင်ရန် လက်လှမ်းမမီ သော်လည်း မိမိတိုင်းပြည်အတွင်းလုပ်ဆောင်ရမည့်တာဝန်ကိုနားလည်ကာ လုပ်ဆောင်ရန် ကျွန်ုပ်တို့၏လူများကိုတိုက်တွန်းလိုပါသည်။ Letter 43, 1903. [Ev 402.1]EvBur 523.1

    ခလီးဗလင်းနှင့်ရင်စီးနထီ - ယခုအချိန်၌ အထူးအမှန်တရားများကို ကြားသိရန် သင့်သောခလီးဗလင်းမြို့၊ စင်စီးနထီမြို့နှင့်အခြားမြို့များတို့တွင် ဘုရားသခင်၌တန်ဖိုးရှိသည့်ဝိညာဉ်များစွာရှိနေပါသည်။ Manuscript 19a, 1890. [Ev 402.2]EvBur 523.2

    တောနယ်လုပ်ငန်းဗဟိုဌာနမှချီခါကိုမြို့ကို သတိပေးခြင်း - လက်ရှိအခြေအနေ အရ၊ တချို့သောသူတို့သည် ချီခါကိုမြို့၌ လုပ်ဆောင်လိုကြပေလိမ့်မည်။ သို့သော် တောနယ်ဗဟိုဌာနများကိုပြင်ဆင်သင့်ပြီး ၎င်းမှနေ၍ မြို့ကိုဦးတည် ကာလုပ်ဆောင်သင့်ကြသည်။ ဘုရားသခင်သည် မိမိလူတို့ကို ဤကိစ္စအတွက် ဆင်ခြင်ပြီး ရိုးသား၍စရိတ်ကျဉ်းသောနေရာများကို မိမိတို့လုပ်ငန်းအတွက် ရယူပိုင်ဆိုင်ရန်အလိုရှိသည်။ ထိုနောက် တစ်ချိန်ပြီးတစ်ချိန် ပို၍ကြီးကျယ် သောနေရာများကိုသတိပြုကာ တန်ဖိုးနည်းနည်းဖြင့် အံ့သြဖွယ်ကောင်း လောက်အောင် ဝယ်ယူရရှိနိုင်ပါလိမ့်မည်။ Medical Ministry, pp. 305, 306. (1906) [Ev 402.3]EvBur 523.3

    ဒင်ဘာမြို့၌ကြီးမားသောအလုပ်တစ်ခု - အကြောင်းအရင်းကိစ္စကို ကျွန်ုပ် ရှေ့၌ဖော်ပြသကဲ့သို့ ဒင်ဘာမြို့၌ ‘ ကြီးမားသောအလုပ်ကိုဆောင်ရွက်ရန်လိုအပ် ကြောင်း ကျွန်ုပ်တွေ့ရှိရပါသည်။ လွန်ခဲ့သောအချိန်၌ တိုးတက်မှုကိုဆန့်ကျင် သည့်အရာများပြုလုပ်ခဲ့ပြီး မလိုလားအပ်သည့်တန်ခိုးသြဇာသည် ယခုလုံးဝ ပျောက်ကွယ်သွားခြင်းမရှိသေးပါ။EvBur 524.1

    ဒင်ဘာမြို့၌ လူမည်းအဖွဲ့အစည်းကြီးတစ်ခုရှိနေသည်။ ထိုသူတို့ အတွက် အသင်းတော်ရှိလူဖြူလူမည်းနှစ်မျိုးစလုံးတို့မှ အထူးကြိုးစားလုပ်ဆောင် ခြင်းကိုပြုကြပါစို့။ သာသနာပြုစိတ်ဓာတ်ပြန်လည်၍ရှင်သန်ခြင်းရှိကြပါစို့။ အမှန် တရားသိရှိထားသူတို့အနေဖြင့် ကြိုးစားအားထုတ်ကာ အမှုတော်ကိုဆောင်ရွက် ကြပါစို့။ Letter 84, 1901. [Ev 403.1]EvBur 524.2