Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားကိုပုံမှားတွေးဆဖော်ထုတ်ခြင်း

    ကျွန်ုပ်တို့၏အဆင့်အတန်းကိုလူတို့အားသိစေပါ - ကျွန်ုပ်တို့၏မူဝါဒသည် သူတစ်ပါး၏ကျင့်သုံးသောအရာများနှင့် ဓလေ့ထုံးစံများတို့ကိုဆန့်ကျင်ရန်မဟုတ် ပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံကြည်သောသူများ၊ ခရစ်တော်၏ဘုရား ဇာတိကိုယုံကြည်ပြီး သူ၏ကမ္ဘာဦးအချိန်၌ရှိနေခြင်းကို လက်ခံသူများဖြစ်ကြောင်း လူတို့အားကောင်းမွန်စွာသိရှိစေရန်ဖြစ်သောကြောင့် ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အသွင်အပြင်ကို သူတစ်ပါးမနှစ်မြို့စေရန် ပွင့်လင်းစွာမပြုလုပ်ရပါ။ Testimonies to Ministers, p. 253. (1895) [Ev 613.2]EvBur 811.1

    မှားသောသွန်သင်မှုကိုကျွန်ုပ်တို့ ရင်ဆိုင်ရလိမ့်မည် — တစ်ကြိမ်ပြီးတစ်ကြိမ် စာတန်မာရ်နတ်နှင့်ဆိုင်သော မူလအစ၏သိပ္ပံအတတ်ဖြစ်သည့် ဘုရားသခင် နှင့်ခရစ်တော်မရှိခြင်းအကြောင်းကို လေ့လာသူများတို့၏သြဇာနှင့် သင်တို့ ရင်ဆိုင်ရလိမ့်မည်။ ခမည်းတော်နှင့်သားတော်သည် ကိုယ်စီခန္ဓာကိုယ်ရှိကြ သည်။ “ငါနှင့်အဖတစ်လုံးတစ်ဝတည်းဖြစ်သည်” ဟု ခရစ်တော်ပြောခဲ့ပါ သည်။ ထိုကြောင့် လူ့ဇာတိဖြင့်ဤလောကသို့ကြွလာခဲ့သောသူသည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ မိမိ၏ဘုရင်ဝတ်လုံနှင့်သရဖူကိုချန်ထား ပြီး သူ၏ဘုရားဇာတိကို လူ့ဇာတိဖြင့်ဖုံးအုပ်ထားကာ လူ့ဇာတိ၌ပူဇော်ခံခြင်း အားဖြင့် လူသားတို့သည် ဘုရားဇာတိကိုခံယူရရှိပြီး၊ လောကီတပ်မက်ခြင်း၏ ပျက်စီးခြင်းမှ လွတ်မြောက်ရန်အတွက်ဖြစ်သည်။ Testimonies, vol. 9, p. 68. (1909) [Ev 613.3]EvBur 811.2

    ကောင်းသောအမှန်တရား၏ပြိုင်ဘက်မှော်ဝိညာဉ်အယူဝါဒနှင့်ဆိုင်သောဖော်ပြခြင်း - သိပ္ပံအတွေးအခေါ်များတိုးတက်မှုအတွက် ရှာဖွေသောသူတို့၏စိတ်ခံစားမှုများ တို့ကို ယုံကြည်စိတ်ချခြင်းမရှိဖို့ပြောဆိုရန် ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ ထိုဖော်ပြချက်များတို့ကို အောက်ပါအတိုင်းတွေ့ရပါသည်။... “ခမည်းတော်သည် မတွေ့နိုင်သောအလင်းဖြစ်သည်။ သားတော်သည် ပါဝင်သောအလင်းကဲ့သို့ ဖြစ်သည်။ ဝိညာဉ်တော်သည် ဝေးရာသို့ရောက်ရှိသွားသောအလင်းဖြစ် သည်။” “ခမည်းတော်သည် နှင်းနှင့်တူသည်။ မမြင်နိုင်သောအငွေ့ ဖြစ်သည်။ သားတော်သည် လှပသောပုံသဏ္ဌာန်ဖြင့် သိမ်းဆည်းထားသောနှင်းနှင့်တူသည်။ ဝိညာဉ်တော်သည် အသက်တာ၏ထိုင်ခုံ၌ကျသောနှင်းနှင့်တူသည်။” အခြား ဖော်ပြချက်တစ်ခု၌— “ခမည်းတော်သည် မမြင်နိုင်သောအငွေ့ နှင့်တူသည်။ သားတော်သည် ခဲရောင်ရှိသောမိုးတိမ်နှင့်တူသည်။ ဝိညာဉ်တော်သည် ရွာချ သောမိုးရေနှင့် လန်းဆန်းခြင်းတန်ခိုးဖြင့်အလုပ်လုပ်နေသည်။”[Ev 614.1] ဤမှော်ဝိညာဉ်အယူဝါဒဖော်ပြချက်အားလုံးတို့သည် အကျိုးမရှိသော အရာများဖြစ်သည်။ ၎င်းတို့သည် ပြည့်စုံခြင်းမရှိ၊ မှန်ကန်ခြင်းလည်းမရှိပါ။ လောက၌ရှိသမျှသော မည်သည့်အရာနှင့်မျှတူညီသည်ဟု နှိုင်းယှဉ်၍မရသော မင်း၏ဘုန်းတန်ခိုးကို သူတို့သည် ပျော့ညံ့၍လျော့နည်းစေပါသည်။ ဘုရားသခင် ကို သူကိုယ်တိုင်ဖန်ဆင်းထားသောအရာများဖြင့် နှိုင်းယှဉ်၍မရပါ။ ၎င်းတို့ သည် လူ၏အပြစ်များကြောင့် ဘုရားသခင်၏ကျိန်ခြင်းအောက်၌ ဒုက္ခခံနေ ရသောလောကီအရာများသာဖြစ်သည်။ ခမည်းတော်သည် လောကအရာများ အားဖြင့် သူ့ကိုပုံဖော်၍မရပါ။ ခမည်းတော်သည် အရာခပ်သိမ်းပြည့်စုံရာ ကိုယ်ကာယနှင့်ဆိုင်သောဘုရားရှင်ဖြစ်ပြီး လူသားများတို့၏မျက်စိဖြင့် မြင်နိုင် စွမ်းမရှိပါ။ [Ev 614.2]EvBur 811.3

    သားတော်သည် ဘုရားသခင်၏ပြည့်စုံခြင်းအားလုံးတို့ကိုဖော်ပြသ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သူ့အား “သူ၏ကိုယ်ကိုဖော်ပြသည့် ပုံသဏ္ဌာန်” ဟုဖွင့်ဟပြောဆိုပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည် သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေ ခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူ သည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” ဤနေရာ၌ ခမည်းတော် ၏ကိုယ်ခန္ဓာဥပဓိရုပ်ကို ဖော်ပြနေပါသည်။ [Ev 614.3]EvBur 812.1

    ခရစ်တော်ကောင်းကင်သို့တက်ကြွသွားပြီးနောက် သူစေလွှတ်ရန်ကတိ ပြုခဲ့သည့် နှစ်သိမ့်အားပေးသူမှာ၊ ဘုရားလုံးလုံးဖြစ်သည့် သန့်ရှင်းသောဝိညာဉ် တော်ဘုရားဖြစ်ပြီး ခရစ်တော်အား မိမိတို့၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောသူအားလုံးတို့ကို ဘုရားကျေးဇူးတော်၏တန်ခိုးကို သူဖော်ပြပေးလိမ့်မည်။ ကောင်းကင်၌အသက်ရှင်သောဘုရားသုံးပါးရှိသည်။ ဤဘုရားသုံးပါးဖြစ်သည့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ကြီးမားသောနာမတော်တန်ခိုးနှင့် အသက်ရှင်သောယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုယုံကြည်ပြီး နှစ်ခြင်းခံယူကြပါက ဤတန်ခိုးသည် နာခံမှုရှိသော ကောင်းကင်သားများတို့နှင့်အတူပူးပေါင်းကာ သူတို့၏ကြိုးစားခြင်းအားဖြင့် ခရစ်တော်၌အသစ်သောအသက်တာကို နေထိုင်နိုင်ကြပါလိမ့်မည်။ Special Testimonies, Series B, No. 7, pp. 62, 63. (1905) [Ev 615.1)EvBur 813.1

    ရှေးရှိခဲ့သောမိမိအလိုအလျောက်ရှိလာခဲ့သည့်ဘုရားသခင်၏သားတော် - ခရစ်တော် သည် ရှေးကရှိခဲ့သော မိမိအလိုအလျောက်ရှိလာခဲ့သည့် ဘုရားသခင်၏သား တော်ဖြစ်သည်။ သူရှိခဲ့ခြင်း၏ အကြောင်းကိုပြောရာတွင် ခရစ်တော်သည် တွေးတောသောစိတ်ကို မည်သည့်အရာမျှမရှိသည့်ခေတ်၏အစသို့ ယူဆောင် သွားစေခဲ့ပါသည်။ မည်သည့်အချိန်မျှ သူသည် ထာဝရဘုရားနှင့်နီးကပ်စွာ ဆက်ဆံခြင်းမရှိသောအချိန်မရှိကြောင်း ကျွန်ုပ်တို့ကိုတိကျစွာပြောခဲ့ပါသည်။ သူပြောသောအသံကိုနားထောင်သော ယုဒလူမျိုးများတို့သည် သူနှင့်အတူရှိ သကဲ့သို့ ဘုရားသခင်နှင့်အတူရှိခဲ့သည်။ Signs of the Times, Aug. 29, 1900. [Ev 615.2]EvBur 813.2

    သူသည် ဘုရားသခင်နှင့်တူညီပြီး အကန့်အသတ်မရှိသောသူနှင့် အတိုင်းအဆမရှိ တန်ခိုးကြီးသောသူဖြစ်သည်။ သူသည် ထာဝရတည်မြဲပြီး မိမိအလိုအလျောက်ရှိလာသောသားတော်ဖြစ်သည်။ Manuscript 101, 1897. [Ev 615.3]EvBur 813.3

    ထာဝရတည်မြဲခြင်း- ဤလောက၌ရှိစဉ် ခရစ်တော်၏လူ့ဇာတိ အကြောင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်ပြောသောအခါ၊ သူ၏ရှေး အချိန်ကရှိခဲ့ကြောင်းနှင့်ပတ်သက်ပြီး တိကျစွာပြောခဲ့ပါသည်။ နှုတ်ကပတ် တော်သည် ဘုရားဇာတိကဲ့သို့သော်လည်းကောင်း၊ ဘုရားသခင်၏ထာဝရသား တော်ကဲ့သို့ပင်သော်လည်းကောင်း သူ၏ခမည်းတော်နှင့်ပေါင်းစည်းပြီး တစ်လုံး တစ်ဝတည်းရှိခဲ့ပါသည်။ ထာဝရအမြဲတည်ရှိခြင်းမှသူသည် ကမ္ဘာပေါ်ရှိလူ အားလုံးအတွက် ပဋိညာဉ်၏ကြားဖျန်ဖြေသူတစ်ဦးဖြစ်ခဲ့ပါသည်။ အကယ်၍ သူ့ကိုလက်ခံကြပါက လူအားလုံးတို့သည် ကောင်းချီးမင်္ဂလာခံစားကြရမည် ဖြစ်ပါသည်။ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ် တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” လူသားများနှင့်ကောင်းကင်တမန် များတို့ကိုမဖန်ဆင်းမီအချိန်က နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိပြီး ဘုရားဖြစ်ပါသည်။ Review and Herald, April 5, 1906. [Ev 615.4] သူ၏အသက်တာကို အနှစ် (၅ဝ) ထက်နည်းသည်ဟု လူတို့ရေတွက် ကြသော်လည်း သူ၏ဘုရားဇာတိအသက်တာကို လူတို့၏ရေတွက်ခြင်းဖြင့် တွက်ချက်၍မရပါ။ လူ့ဇာတိမခံယူမီ ခရစ်တော်၏တည်ရှိခဲ့ခြင်းကို ကိန်းဂဏန်း ဖြင့်တိုင်းတာ၍မရပါ။ Signs of the Times, May 3, 1899. [Ev 616.1]EvBur 814.1

    အသက်၊ ဦးဆုံးဖြစ်သော၊ မချေးငှားသော၊ မဆင်းသက်လာသော - ယေရှုပြော ကြားသည်မှာ၊ “ငါသည်ထမြောက်ခြင်းအကြောင်းနှင့်အသက်ဖြစ်၏။” ခရစ်တော် ၌ ဦးဆုံးသော၊ မချေးငှားသော၊ မဆင်းသက်လာသောအသက်ရှိ၏။ “သားတော် ကိုရသောသူသည် အသက်ကိုရ၏။” ခရစ်တော်၏ဘုရားဇာတိသည် ထာဝရ အသက်အတွက် ယုံကြည်သူတို့၏အာမခံချက်ဖြစ်သည်။ The Desire of Ages, p. 530. (1898) [Ev 616.2]EvBur 814.2

    သိနာတောင်၌ခမည်းတော်နှင့်အတူ - ဣသရေလလူမျိုးများ သိနာတောင် သို့ရောက်လာကြသောအခါ၊ ခရစ်တော်သည်အချိန်ယူပြီး သူ၏လိုအပ်ချက် များနှင့်ပတ်သက်၍ ဣသရေလလူတို့၏စိတ်ကို အားသစ်တိုးစေခဲ့ပါသည်။ ခရစ်တော်နှင့်ခမည်းတော်တို့သည် တောင်ပေါ်၌အတူဘေးချင်းယှဉ်ပြီး လေးနက် သောဘုန်းတန်ခိုးဖြင့် ပညတ်တော် (၁၀) ပါးကိုကြေညာလိုက်ပါသည်။ Historical Sketches, p. 231. (1866) [Ev 616.3]EvBur 815.1

    သုံးပါးပေါင်းတစ်ဆူ၏ထာဝရဂုဏ်ထူးများ - ကောင်းကင်ထာဝရဂုဏ်ထူးများ- ဘုရား၊ ခရစ်တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်တို့သည် တပည့်တော်များ တို့ကို လူ့ခွန်အားထက်ပိုပြီးလက်နက်တပ်ဆင်ပေးကာ သူတို့နှင့်အတူချီတက် ၍အလုပ်လုပ်ပြီး ကမ္ဘာကြီးကိုအပြစ်မှနောင်တရစေပါသည်။ Manuscript 145, 1901. [Ev 616.4]EvBur 815.2

    သန့်ရှင်းသောဝိညာဉ်တော်၏ဥပဓိရုပ် - ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့ သူလည်းပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး၊ ဤမြေပြင်များကိုကျော်ဖြတ်ခဲ့ကြောင်း ကျွန်ုပ်တို့သိရှိရန်လိုသည်။ Manuscript 66, 1899. (From a talk to the students at the Avondale School) [Ev 616.5]EvBur 815.3

    သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အကြောင်း မှာ ကျွန်ုပ်သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်း ကျွန်ုပ်တို့၏ဝိညာဉ် နှင့်အတူ သူသည် သက်သေခံသောကြောင့်ဖြစ်သည်။ ဤသက်သေခံရှိသော အခါ၊ ၎င်း၏ကိုယ်တိုင်အထောက်အထားကို ၎င်းကပင်ဖော်ပြသွားပါသည်။ ထိုသို့သောအချိန်အခါမျိုး၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ် ကြောင်း ကျွန်ုပ်တို့ယုံကြည်ပြီးစိတ်ချရပါသည်။EvBur 815.4

    သန့်ရှင်းသောဝိညာဉ်တော်သည် ဥပဓိရုပ်ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်ရှိနေ ပါသည်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြောင်း ကျွန်ုပ်တို့၏ဝိညာဉ်များသို့သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ဝိညာဉ် များနှင့်အတူသော်လည်းကောင်း သက်သေခံနိုင်မည်မဟုတ်ပါ။ သူသည် ဘုရား ဇာတိရှိသူတစ်ဦးဖြစ်ရမည်။ သို့မဟုတ်လျှင် ဘုရားသခင်၏စိတ်ထဲ၌ဖုံးကွယ် နေသောလျှို့ဝှက်ချက်များတို့ကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပါ။ “လူ၏နက်နဲ သောအရာကို လူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏နက်နဲသောအရာကို ဘုရားသခင်၏ဝိညာဉ်တော် မှတစ်ပါး အဘယ်သူမျှမသိ။” Manuscript 20, 1906. [Ev 617.1]EvBur 815.5

    တတိယပုဂ္ဂိုလ်ထဲ၌ဘုရား၏တန်ခိုး - ဆိုးသွမ်းသောတန်ခိုး၏မင်းသားလေး ကို ဘုရားသုံးပါးတစ်ပါးဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်၌ရှိသော ဘုရား ၏တန်ခိုးအားဖြင့်သာ စစ်ဆေး၍သိရှိနိုင်ပါသည်။ Special Testimonies, Series A, No. 10, p. 37. (1897) [Ev 617.2]EvBur 816.1

    အမြင့်ဆုံးသောတန်ခိုးသုံးခုနှင့်အတူပူးပေါင်းခြင်း - ကောင်းကင်၌ရှိသည့် အမြင့်ဆုံးသောတန်ခိုးသုံးခုဖြစ်သည့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်အတူ ကျွန်ုပ်တို့ပူးပေါင်းကြရပါမည်။ ၎င်းနောက် ဤတန်ခိုး တို့သည် ကျွန်ုပ်တို့မှတစ်ဆင့်အလုပ်လုပ်ပြီး ဘုရားသခင်နှင့်အတူ အမှုဆောင် များဖြစ်စေရန် ကျွန်ုပ်တို့အားပြုလုပ်ပေးလိမ့်မည်။ Spedal Testimonies, Series B, No. 7, p. 51. (1905) [Ev 617.3]EvBur 816.2