Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အဓိကလုပ်ငန်းအပေါ် စိတ်ဝင်စားမှုထားရှိခြင်း

    ကွဲပြားသောကြိုးစားခြင်းဖြင့် ဝိညာဉ်များပျောက်ဆုံး - တချို့ ဓမ္မဆရာများတို့ သည် မိမိတို့၏ကိုယ်ကို တိကျသောဘာသာရေးစိတ်ဝင်စားမှုအချိန်တွင် စာရေးခြင်းအားဖြင့်အချိန်ယူကြပြီး သူတို့၏စာရေးသားခြင်းသည် လက်ရှိ လုပ်နေသောလုပ်ငန်းနှင့်ဘာမျှမပတ်သက်သည်ကို မကြာခဏတွေ့ရှိရပါသည်။ ဤအရာသည် ထူးခြားသောအမှားတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအချိန်မျိုးတွင် ဓမ္မဆရာ၏တာဝန်သည် မိမိတို့၏ခွန်အားရှိသမျှဖြင့် ဘုရားသခင်၏အမှုတော်မြတ်ရှေ့သို့တိုးတက်ရန်အတွက် အသုံးပြုရမည့်အချိန် ဖြစ်သည်။ သူ၏အတွေးထဲ၌ရှင်းလင်းနေပြီး၊ ဝိညာဉ်များတို့ကိုကယ်တင်ခြင်း အလုပ်တစ်ခုတည်း၌သာ ဗဟိုပြုနေရမည်ဖြစ်သည်။ အကယ်၍ သူ၏အတွေး များသည် အခြားကိစ္စများဝင်ရောက်နေမည်ဖြစ်ပါက အချိန်မီကယ်တင်ခြင်း သို့ရောက်ရှိရမည့်သူများတို့၏ဝိညာဉ်များစွာ ဆုံးရှုံးသွားရပါလိမ့်မည်။ Tes- timonies, vol. 4, p. 265. (1876) [Ev 655.3]EvBur 871.2

    တသီးတခြားကြိုးစားခြင်းဖြင့်ဆုံးရှုံးခြင်း - သင်၏အမှားသည် ဤအရာများ ဖြစ်ခဲ့ပါသည်။ သင်သည် တရားဟောခြင်းတစ်ခုပြုလုပ်နေသည်နှင့်တစ်ပြိုင်နက် သင်စတင်၍စာရေးသားခြင်းကိုပြုလုပ်ပါသည်။ အကယ်၍ သင်စာရေးသား ခြင်းကို ယခုပြုလုပ်နေပါက၊ အကယ်၍ဘုရားသခင်သည် “ဤအရာများကို ရေးပါ” ဟု ယောဟန်အားပြောသကဲ့သို့ပြောပါက၊ ဤစာရေးသားခြင်းအလုပ် ကိုသာ သင်ပြုလုပ်ပါ။ အခြားအရာမပြုလုပ်ပါနှင့်။ အကယ်၍သင်သည် တရားဟောနေရပါက သင်ပြင်းထန်စွာဆောင်ရွက်သော်လည်း သင်၏စိတ် ထဲ၌စကားပြောခြင်း၊ လည်ပတ်ခြင်းနှင့်စာရေးသားခြင်းများတို့ကို စဉ်းစားနေ ရခြင်းကြောင့် ထိရောက်စွာသင်ဟောပြောနိုင်မည်မဟုတ်ပါ။ သင်သည် လူတို့ အားဆန်းသစ်၍ စိတ်ဝင်စားဖွယ်အမှန်တရားများတို့ကိုဟောပြောရန် တရားပွဲ တစ်ခု၌ပါဝင်နေရသည့်အခါ အခြားအရာများတို့ကိုစဉ်းစားရန်မသင့်ပါ။ သင်၏ ဟောပြောရမည့်အကြောင်းအရာများတို့ကိုရွေးချယ်ရာ၌ အထူးသတိပြုရန်လို သည်။ သင်၏ဟောပြောခြင်း၌ အရေးကြီးသောအချက်များတို့ကိုသာ တိုတို နှင့်ရှင်းလင်းစွာဖြင့် ဟောပြောသွားရပါမည်။[Ev 656.1]EvBur 872.1

    ဤအလုပ်၌အောင်မြင်ခြင်းရရှိရန် အရာတစ်ခုတည်းကိုသာ အချိန် တစ်ချိန်၌ပြုလုပ်ရမည်ဖြစ်ပြီး၊ သင်၏အင်အားများကို ထိုအလုပ်၌သာအာရုံပြု ပါ။ သင်၏ဆုံးဖြတ်ချက်ကိုမှန်ကန်စေပါ။ ဟောပြောခြင်းအစီအစဉ်တစ်ခုကို သင်စတင်ပြုလုပ်သောအခါ၊ ဤဟောပြောခြင်းကိုသာ သင်၏အဓိကအလုပ် တစ်ခုအဖြစ်ထားပါ။ စာရေးသားခြင်း၊ မဂ္ဂဇင်းများအတွက် ဆောင်းပါးများ ရေးသားခြင်းတို့ကို မပြုလုပ်ပါနှင့်။ သင်၏ခွန်အားကို ကိစ္စနှစ်ခုအတွက် တစ်ကြိမ်တည်းတွင်ခွဲ၍အသုံးပြုရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤကိစ္စ အတွက် အသင်းလူကြီးနှစ်ဦးပြုပြင်ခြင်းခံခဲ့ရပါသည်။ သူတို့၏လက်တွင်း၌ ရှိသော အရေးကြီးသည့်အမှန်တရားဟောပြောခြင်းသည် ချို့ယွင်းနေသည်။ သူတို့၏အလုပ်၌ သူတို့၏အင်အားများတို့ကို ထက်ဝက်မျှပင်အသုံးမပြုနိုင် ပါ။ စာရေးခြင်း၌သူတို့စိတ်ဝင်စားနေခြင်းကြောင့်ဖြစ်သည်။ လည်ပတ်ခြင်း သည် လုပ်ငန်း၏အရေးကြီးသောအစိတ်အပိုင်း၌ပါဝင်နေပါသည်။ သို့သော် ဤညီအစ်ကိုတို့၏အချိန်ကို အမြဲလိုပင်စာရေးသားခြင်း၌အသုံးပြုနေကြပြီး၊ သူတို့၏အချိန်ကို ထိုအလုပ်အားဖြင့်ပင်ပန်းစေကြကာ၊ လုပ်ငန်းအတွက်အကျိုး ပြုရန် အဟန့်အတားဖြစ်စေပါသည်။ နားထောင်သောပရိသတ်များတို့အတွက် နှုတ်ကပတ်တော်၏ရှင်းလင်းဟောပြောချက်များတို့ကို ရှင်းလင်းစွာမကြားရ ခြင်းမှာ လုပ်ငန်း၏စိတ်ဝင်စားမှုအပိုင်းသည် လျစ်လျူရှုခြင်းခံရသောကြောင့် ဖြစ်သည်။ [Ev 656.2]EvBur 872.2

    ယခုအကြောင်းရင်း၊ စားပွဲပေါ်လုပ်ငန်းတို့ကိုချန်ထားကြကာ မိမိတို့ ၏အချိန်ကို စာရေးခြင်းများစွာဖြင့်အသုံးပြုကြပြီး၊ အလည်အပတ်မပြုအားကြ ပါဟု သူတို့ကိုယ်ကိုအဆင်ခြင်ပေးကြခြင်းမှာ သူတို့၌အလုပ်အလွန်များလွန်း ၍ ပင်ပန်းကြသောကြောင့်ဖြစ်သည်။ အကျိုးသက်ရောက်မှုများမှာ သူတို့ သည် စားပွဲသို့ပြန်လာကြသောအခါ ဦးနှောက်မောပန်းကြခြင်းဖြစ်သည်။ ဘုရားသခင်ပေးထားသောအလုပ်ကိုလုပ်ရန် သူတို့ပြင်ဆင်ခြင်းမရှိနိုင်ကြပါ။ သူတို့သည် မည်သည့်အရာကိုမျှရှင်းလင်းစွာမလုပ်နိုင်ကြတော့ပါ။ သို့သော် အကယ်၍ သူတို့၏ကိုယ်ကိုစိတ်လှုပ်ရှားဖွယ်အမြင့်ဆုံးပြုလုပ်နိုင်ပါက တန်ခိုး ပြည့်ဝစွာဖြင့် ဟောပြောနိုင်လိမ့်မည်ဟု သူတို့ထင်ကြပါသည်။ သူတို့သည် ကိစ္စများစွာတို့ကိုပြောလိုရာပြောပြီး ပြောင်းလဲခြင်းနှင့်အံ့သြဖွယ်အထောက်အထား ဖြစ်မည်ဟု သူတို့ယူဆကြသော်လည်း၊ အမှန်အားဖြင့် အမှန်တရားကိုများစွာ ပြောခဲ့သောအရာများ၏အောက်၌ သူတို့မြှုပ်နှံလိုက်သောကြောင့် အချက်အလက် များတို့ကိုမတွေ့ ရှိနိုင်ကြပါ။ သူတို့ပြောဆိုသောအရာတိုင်းတို့သည် ရှုပ်ထွေး သောအရာများသာဖြစ်သည်။ သူတို့ဟောပြောသောအချက်ထဲ၌အကြောင်းအရာ များစွာပါရှိပြီး စိတ်နှလုံးထဲ၌ရှင်းလင်းစွာမှတ်မိနိုင်သော အမှန်တရားနှင့်ပတ်သက် သည့်အချက်မပါရှိပါ။ အကြောင်းအရာတစ်ခုနှင့် ရှင်းလင်းပြတ်သားသော အချက်အနည်းငယ်တို့သည် အထောက်အထားနှင့်တကွ အကြောင်းအရာ များစွာတို့ကိုပြောပြီး သင်၏အချက်အလက်များမှန်ကန်သည်ဟုသင်ထင်ခြင်း ထက် ကြားနာရသူများအတွက် တန်ဖိုးပို၍ရှိပါသည်။ Letter 47, 1886. [Ev 657.1] ဦးလိုးမှာပိုပြီး တက်မီကEvBur 873.1