Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အရှေ့နှင့်တောင်ပိုင်းရှိမြို့များ

    မြို့များနှင့် ဆင်ခြေဖုံးအရပ်များသို့ သတင်းစကားရောက်ရှိရမည် - ထိုနေရာ၌ နယူးရော့မြို့ ရှိပြီး၊ ၎င်းအနီးအနား၌ လူနေထူထပ်သည့် ဖေလဒဲဖီးယား၊ ဘော(လ်)ထီးမိုးနှင့်ဝါရှင်တန်မြို့များရှိကြသည်။ ဤနေရာအားလုံးကို ကျွန်ုပ် ရေတွတ်ဖော်ပြရန်မလိုပါ။ သင်တို့သိကြပါသည်။ ဤမြို့များအတွင်း တတိယ ကောင်းကင်တမန်သတင်းစကားကို တန်ခိုးဖြင့်ကြွေးကြော်ရန် ဘုရားသခင် အလိုရှိသည်။ Manuscript 53, 1909. [Ev 394.2]EvBur 513.1

    ဖေလဒဲဖီးယား— စိတ်လှုပ်ရှားခြင်းသည် ဧဝံဂေလိအခွင့်အရေးများကို ပြင်ဆင် ပေးသည် - ဖေလဒဲဖီးယားနှင့်အခြားအရေးကြီးသည့်နေရာများတို့၌ အလုပ် လုပ်ဆောင်သင့်သည်။ သာသနာပြုဆရာများတို့သည် တနင်္ဂနွေနေ့ဥပုသ် ဥပဒေပြဌာန်းခြင်း၏စိုးရိမ်ဖွယ်မေးခွန်းအပေါ်နှင့် လူထုကျောင်းများ၌သင်ကြား သော ဘာသာရေးအကြောင်းအရာအပေါ် ဖြေရှင်းနိုင်သည့်နည်းလမ်းများကို ရှာဖွေသင့်သည်။ ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်သည် ဤပြင်ဆင်ထားသောအခွင့်အရေးကို တိုးတက်အောင်ပြုလုပ်ရန် ပျက်ကွက် များသည် ခြင်းကြောင့် အမှန်တရားကိုဟောပြောရမည့် ကျွန်ုပ်၏စိတ်ထဲ၌ရှိသောဝန်ထုပ် ညပေါင်းများစွာ ကျွန်ုပ်အားအိပ်ရာမှနိုးထစေပါသည်။ Review and Herald, April 20, 1905. [Ev 394.3]EvBur 513.2

    နိုင်ငံတော်၏မြို့တော်၌ — ဝါရှင်တန်၊ ဒီ၊ စီ၌ ပို၍တိကျသောကြိုးစား မှုများပြုလုပ်ရန်လိုအပ်ကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်များစွာရေးသားခဲ့သည်။ ဝါရှင်တန်မြို့သည် အမေရိကန်ပြည်၏မြို့တော်ဖြစ်ပြီး အမှန်တရားထွန်းလင်း သင့်သည့် အထူးသောနေရာဖြစ်သည်။ Letter 132, 1903. [Ev 395.1]EvBur 514.1

    ဝါရှင်တန်မြို့တော်အတွက်သိရှိနိုင်ပြီးလက်တွေ့ကျသောနည်းစနစ်များ - တောင့်တင်း ခိုင်မာသောဧဝံဂေလိတရားကြိုးစားမှုတစ်ခုကို နိုင်ငံတော်၏ မြို့တော်၌ထားရှိရ မည်။ ဤဧဝံဂေလိလုပ်ငန်းကို ဝါရှင်တန်မြို့၌သင်တာဝန်ယူပြီး အလွန်းလေးနက် သောစိတ်ဝင်စားမှုဖြစ်ပေါ်ခဲ့သောကြောင့် ကျွန်ုပ်ဝမ်းသာလျက်ရှိသည်။ လုပ်ငန်း ဆက်သွယ်မှုနှင့်ပတ်သက်သည့် ရရှိသောအကြောင်းအရာများမှာ ဖြစ်လာမည့် ၍ ကျွန်ုပ်အားတင်ပြချက်အရ၊ ဤလုပ်ငန်းသည် အခြားနေရာများမှခေါ်ယူ ကျွန်ုပ်အားတင်ပြသည့်ဖြစ်နိုင်ချေနှင့်အလွန်နီးစပ်ပါသည်။ ဤကိစ္စနှင့်ပတ်သက် သော လိုအပ်သည့်အမှုဆောင်များအားဖြင့် အင်အားဆုတ်ယုတ်မည်မဟုတ် ဟု ကျွန်ုပ်သေချာစွာပြောနိုင်ပါသည်။ [Ev 395.2]EvBur 514.2

    ဧဝံဂေလိလုပ်ငန်းကို ဝါရှင်တန်မြို့တွင်ဆောင်ရွက်ရမည်ဖြစ်ပြီး အခြား ဘုရားသခင်၏အမှုတော်ကို ရှေ့သို့ဆောင်ရွက်ရာ၌ တည့်မတ်သောဦးတည် နေရာများမှခေါ်ယူခြင်းအားဖြင့် လုပ်ငန်းကိုမပျက်ကွက်စေရပါ။ မြို့ပေါ်၌ ချက်များဖြင့် ဆောင်ရွက်ကြရမည်။ [Ev 395.3]EvBur 514.3

    ဘုရားသခင်အလိုရှိသောနေရာ၌ သင်ရှိရမည်။ အသင်းလူကြီး- သင်သည် ကြီးမားသောဝန်ထုပ်များစွာကို ထမ်းရွက်ရန်မသင့်ပါ။ ဝါရှင်တန် မြို့သည် ကြာမြင့်စွာစွန့်ထားခြင်းခံခဲ့ရပါသည်။ ယခုတိကျသောအလုပ်ကို ထိုနေရာ၌လုပ်ရမည်။ ခွန်အားနှင့်ကျေးဇူးတော်ကို ဘုရားသခင်ပေးလိမ့်မည်။ အမှုဆောင်များတို့သည် မိမိတို့၏အာရုံကို သေချာစွာဖိအားပေးမည့်အရာများ စွာတို့အားဖြင့် မိမိတို့ကိုယ်ကို လမ်းကြောင်းပြောင်းခွင့်မပြုစေရပါ။ ဤကိစ္စ ကြောင့် ကျွန်ုပ်၏ဆန္ဒသည် အမှုဆောင်တိုင်း၏စွမ်းရည်ကို ဝါရှင်တန်မြို့၌ သူ၏အမှုတော်အတွက် အကောင်းဆုံးတိုးတက်ရန် နည်းလမ်းဖြင့်အသုံးပြုရန် ဖြစ်သည်။EvBur 514.4

    ညီအစ်ကိုသည် ဝါရှင်တန်မြို့၌ အလုပ်အတွက်အကူအညီဖြစ်စေမည် ဟုထင်သည့်အရာကို များစွာဖော်ပြခဲ့သည်။ သို့သော် သင်သည် မည်သူ့ကို ထိုနေရာ၌အလုပ်ခန့်ထားကြောင်းသတိပြုပါ။ အရာခပ်သိမ်းကို ကျမ်းစာ၏ စံချိန်အတိုင်း ထိန်းသိမ်းကြရမည်။ [Ev 396.1]EvBur 515.1

    ကျွန်ုပ်တို့၏အလုပ်၌ ကျွန်ုပ်တို့သည် တောင်ပေါ်သို့တက်၍ထွန်းလင်း ခြင်းမပြုရပါ။ အထူးအံ့သြဖွယ်ရာခင်းကျင်းပြသမှုကိုမပြုရကြောင်း ကျွန်ုပ်တို့ အားပြောပါသည်။ အမှန်တရားကို လမ်းမပေါ်နှင့်လမ်းကြားများတို့၌ဟော ပြောရမည်။ သို့မှသာ အလုပ်သည် အကျိုးရှိစွာ၊ နည်းစနစ်ဖြင့် ကြောင်းကျိုး ညီလျော်စွာပြီးစီးအောင် ယေရှုခရစ်တော်၏ပေးသောသင်တန်းအောက်၌ရှိပါက အမှုဆောင်တိုင်း၏ အသက်တာသည် အကောင်းဆုံးသောယေရှု၏အသက်တာကို ဖော်ပြနိုင်ပေ လိမ့်မည်။ ခင်းကျင်းပြသမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ကမ္ဘာပေါ်၌ ခရစ်တော် ပြုခဲ့သောအလုပ်သည် ကျွန်ုပ်တို့၏ပုံသက်သေအတွက်ဖြစ်ရမည်။ ပွဲလမ်းသဘင် ဆန်ခြင်းနှင့် ရိုးရိုးထက်လွန်ကဲသောအရာများကို မိမိ၏အလုပ်၌ခရစ်တော် ရှောင်ရှားသကဲ့သို့ ကျွန်ုပ်တို့ရှောင်ရှားကြရမည်။ ဘာသာရေး၌ ၎င်း၏ကိုယ်တိုင် ဖြူစင်သန့်ရှင်းခြင်း၊ မြှင့်တင်ပေးခြင်း၊ သန့်ရှင်းခြင်းသြဇာကိုဖြစ်ခြင်း၊ ဝိညာဉ် ရေးအသက်တာသို့ယူဆောင်ပေးခြင်းနှင့် ကယ်တင်ခြင်းပေးရန်အတွက် အသုံးပြု နိုင်သည့်တိုင် စိတ်ထကြွမှုသည် ဘာသာရေးနှင့်မသက်ဆိုင်ပါ။ Letter 53, 1904. [Ev 396.2]EvBur 515.2

    ဝါရှင်တန်ဧရိယာအတွက်ဧဝံဂေလိတရားပွဲများ — ဝါရှင်တန်မြို့ ပတ်ဝန်းကျင် အားလုံးရှိနေရာများတို့၌ သာသနာ့လုပ်ငန်းဆောင်ရွက်ရန် လိုအပ်နေပါသည်။ ဝါရှင်တန်မြို့ကြီးပေါ်၌ပင်လျှင် မပြောင်းလဲသေးသောလူမျိုးပေါင်းစုံရှိသည်။ ဤပုဂ္ဂိုလ်များအတွက် မည်သူခံစားနေရပါသနည်း။ ထိုနောက် အခြားအရေး ကြီးသည့် ယခုတိုင်သတိမပေးရသေးသောနေရာများစွာရှိသေးသည်။ ဤဂရု မစိုက်ခြင်းကိုကျွန်ုပ်တွေ့ ရသောအခါ ကျွန်ုပ်စိတ်ထဲ၌ နာကျင်မှုကိုဖြစ်စေ ပါသည်။ ဤဝန်ထုပ်သည် အမှုတော်၌လက်ရှိခေါင်းဆောင်အဖြစ် ထမ်းဆောင် နေကြသောသူများအပေါ်သက်ရောက်စေရန် နေ့ညမပြတ်ကျွန်ုပ်ဆုတောင်း လျက်ရှိသည်။ လုပ်ဆောင်ရန်အဆင်သင့်ရှိနေသောသူတို့သည် လုပ်ဆောင် ရန်ဆန္ဒရှိသော အခြားအရည်အချင်းရှိသည့်သူတို့အား ဤသာသနာ့လုပ်ငန်း ၌ ပါဝင်လုပ်ဆောင်စေပါ။ [Ev 396.3]EvBur 515.3

    ဝါရှင်တန်မြို့အနား၌အမှုထမ်းရန်လိုအပ်သောအရေးကြီးသည့်မြို့များရှိသည် — ကျွန်ုပ် တို့၏အိမ်နီးနားချင်းပုဂ္ဂိုလ်များဖြစ်ကြသည်။ အကယ်၍တွေ့ဆုံသမျှသောသူ အားလုံးတို့အတွက် ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများ စိတ်အားထက်သန်စွာ သာသနာ့လုပ်ငန်းကိုဆောင်ရွက်ကြပါက၊ အနီးအနား၌ အသစ်သောသာသနာ့ လုပ်ငန်းကို အစပြုနိုင်ပါလိမ့်မည်။ ဝိညာဉ်များအတွက်လုပ်ဆောင်ရန်ဝန်ထုပ် ရှိသူများ ဤနေရာတွင်ပေါ်ပေါက်လာပြီး သူတို့သည် အမှန်တရားကိုကြွေးကြော် ခြင်း၌ ကိုယ်တိုင်ပါဝင်ရန်ဆန္ဒရှိလိမ့်မည်။ [Ev 396.4]EvBur 516.1

    သာသနာ့လုပ်ငန်းမရောက်ရှိသောနေရာများတို့၌ တခိုးမားဖတ်(ခ်) (Takoma Park) ၌နေထိုင်ကြသောသူများ ဘုရားသခင်နှင့်အတူ အမှန်တရား ၏စံချိန်ကိုစိုက်ထူရန် ကျွန်ုပ်တို့တောင်းပန်လျက်ရှိသည်။ ဝါရှင်တန်အနားရှိ မြို့များတို့၌ အမှုထမ်းသူများတို့အားထောက်ပံ့ရန် အသုံးပြုမည့်ငွေကြေးများကို ပေးလှူရန်တောင်းခံကြပါစို့။ တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ငန်းကို သစ္စာရှိ စွာလုပ်ဆောင်ကြပါစို့။ လုံခြုံမှုရှိသောသင်္ဘောအပြင်၌ ဝိညာဉ်များစွာပျက်စီး နေကြသည်။ အမှန်တရား၏စံချိန်ကို အသင်းဝင်များအားဖြင့် မိမိတို့၏အိမ်နီး နားချင်းများထံသို့ဟောပြောစေပါ။ ဓမ္မဆရာများတို့သည် မိမိတို့၏တဲကိုဆောက် ကြပြီး တန်ခိုးဖြင့်လူတို့အား အမှန်တရားကိုဟောပြောပြီး အခြားနီးနား ပတ်ဝန်းကျင်သို့ပြောင်းရွှေ့ကာ အမှန်တရားကို ထိုနေရာ၌ဟောပြောစေပါ။ Letter 94a, 1909. [Ev 397.1]EvBur 516.2

    တိကျရှင်းလင်းသောသတင်းစကားတစ်ခုကို ကြွေးကြော်ခြင်း - ကျွန်ုပ်သည် ဝါရှင်တန်မြို့၌ရှိသော ယုံကြည်သူများတို့အား မှောင်မိုက်၏ကြီးမားသော တန်ခိုးကိုဆန့်ကျင်ရာ၌ ဘုရားသခင်ကိုမစရန်ခေါ်လျက်ရှိ၏။ ဤမြို့နှင့် ၎င်း၏ပတ်ဝန်းကျင်အရပ်တို့၌ တစ်ဦးချင်းလုပ်ဆောင်ခြင်းလိုအပ်ပေလိမ့်မည်။ ဘုရင်၏လမ်းမကြီးကိုရှင်းလင်းပါ။ စံချိန်ကိုမြင့်သည်ထက်မြင့်အောင်တင်ထား ပါ။ ဝါရှင်တန်မြို့နှင့်ဘော(လ်)တီးမိုးမြို့၊ အရှေ့နှင့်တောင်ဘက်အရပ်ဒေသရှိ အခြားမြို့ကြီးများတို့၌ ဧဝံဂေလိလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းရှိနေပါသည်။ သွန်သင်ပို့ချခြင်းနှင့်ကုသခြင်းပေါင်းစည်းကာ လုပ်ဆောင်ကြပါစို့။ ဓမ္မဆရာ များနှင့်ဆေးသာသနာပြုဆရာများတို့သည် ဘုရားသခင်၏လက်နက်စုံကို ဝတ်ဆင်လျက် ဧဝံဂေလိသတင်းစကားကို ကြွေးကြော်ကြပါစို့။ တိကျရှင်းလင်း သောသတင်းစကားကို ဝါရှင်တန်မြို့၌ကြွေးကြော်ကြပါစို့။ တိကျမှန်ကန်သော တံပိုးခရာသံကိုမှုတ်ကြရပါမည်။ Letter 304, 1908. [Ev 397.2]EvBur 516.3

    နတ်(ရှ်)အေး(လ်)၊ စိန့်လူးဝိ(စ်)၊ နယူးအော်လင်း - ဘုရားသခင်အမှုတော် တိုးတက်ရေးအတွက် ကြိုးစားမှုတိုင်းကို ဖြစ်နိုင်သမျှယခုဆောင်ရွက်သင့်ကြ သည်။ ယခုကျွန်ုပ်တို့လက်လှမ်းမီသရွေ့ အမှန်တရားကိုဟောပြောရန်အချိန် ၌ ဟောပြောခြင်းမပြုကြပါက မကြာမီပို၍ခက်ခဲသောအချိန်အခါရောက်ရှိလာ ပေလိမ့်မည်။ ဝါရှင်တန်မြို့ ၊ ဘော့(စ်)တန်မြို့၊ နတ်(ရှ်)ဘေး(လ်)မြို့၊ စိန့်လူးဝိ(စ်)မြို့၊ နယူးအော်လင်းမြို့နှင့် အခြားမြို့ ကြီးများစွာတို့၌ အထူး ကြိုးစားအားထုတ်မှုများကို ပြုလုပ်သင့်ကြသည်။ မိမိတို့နေရာ၌ရပ်တည်ကာ မိမိတို့ကျရာတာဝန်ကို သစ္စာရှိစွာဖြင့်ဆောင်ရွက်ကြမည်ဖြစ်ပါက လိုရင်းချက် ပြည့်စုံသည့်အလုပ်တစ်ခုကို ပြီးမြောက်စေပါလိမ့်မည်။ ရာပေါင်းများစွာသော လူငယ်များတို့ကို လုပ်ငန်းအတွက်သင်တန်းနှင့်ပညာပေးရန်ခေါ်ယူလျက်ရှိပါ သည်။ Manuscript 21, 1908. [Ev 397.3EvBur 517.1

    နတ်(ရှ်)ဘေး(လ်) သည် ဗဟို ဌာနတစ်ခု - တောင်ပိုင်းအရပ်ဒေသရှိ လူတန်းစားအမျိုးမျိုးတို့အတွက် အထွေထွေလုပ်ငန်းတစ်ခုကိုဆောင်ရွက်ရန် နတ်(ရှ်)ဘေး(လ်)မြို့သည် အသင့်လျော်ဆုံးဗဟိုဌာနတစ်ခုအဖြစ် အကျွန်ုပ် အားတင်ပြလျက်ရှိသည်။ ကျွန်ုပ်တို့၏လူများ လေးစားဂရုပြုသင့်သည့် သင်တန်းကျောင်းများကို နတ်(ရှ်)ဘေး(လ်)မြို့အတွင်းနှင့် အနီးအနားတွင် တည်ထောင်ဖွင့်လှစ်ကြရမည်။ လုပ်ငန်းမျိုးစုံကို ဤဌာနမှအောင်မြင်စွာရှေ့သို့ တိုးတက်အောင်ဆောင်ရွက်နိုင်ရန် ၎င်းတို့၏သြဇာသည် ကျွန်ုပ်တို့အတွက် ကူညီမစပေးနိုင်ပါသည်။ Letter 262, 1903. [Ev 398.1] 32EvBur 517.2

    အသေမဲ(မ)ဗိ(စ်)နှင့်တောင်ပိုင်းဒေသရှိမြို့များ - ဘုရားသခင်သည် ကျွန်ုပ်အား ညီအစ်ကိုအတွက်သတင်းတစ်ခုကို မဲ(မ)ဗိ(စ်)မြို့၏လုပ်ငန်းကိုဆောင်ရွက်ရန် သူ့အားညွှန်ကြားပါသည်။ ဘုရားသခင်၏စကားကိုနာခံသောကြောင့် မဲ(မ)ဗိ(စ်) မြို့၌ သူ၏လုပ်ငန်းကို အကောင်းဆုံးအောင်မြင်မှုအတွက် အစီရင်ခံနိုင်ခဲ့ပါ သည်။ [Ev 398.2]EvBur 518.1

    တောင်ပိုင်းတစ်ခွင်ရှိမြို့များတို့၌နေထိုင်ကြသော ကျွန်ုပ်တို့၏လူများ တို့အားပြောကြားရန် ကျွန်ုပ်အားညွှန်ကြားသည်မှာ အရာခပ်သိမ်းကိုဘုရားသခင် ၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရန်ဖြစ်ပါသည်။ လုပ်ငန်းပြီးဆုံးတော့ မည်ဖြစ်သည်။ ကျွန်ုပ်တို့ယခင်အချိန်ယုံကြည်ခဲ့သည်ထက် ကျွန်ုပ်တို့သည် အဆုံးသို့ပို၍နီးကပ်လျက်ရှိနေပါသည်။ Letter 6, 1909. [Ev 398.3]EvBur 518.2

    နယူးအော်လင်း၊ မဲ(မ)ဗိ(ဖ်)၊ စိန့် လူးပိ(ဖ်) - ဆောင်ရွက်ရန်ကြီးမားသော အလုပ်ရှိနေပြီး ကျွန်ုပ်တို့၌အချိန်အနည်းငယ်သာကျန်ရှိနေပါသည်။ တောင်ပိုင်း အရပ်ဒေသ၌ နယူးအော်လင်း၊ မဲ(မ)ဗိ(စ်)၊ စိန့်လူးဝိ(စ်)မြို့များရှိပြီး၊ အနည်းငယ် သာလုပ်ဆောင်နေလျက်ရှိပါသည်။ အမှုတော်ကိုအစမပြုရသေးသော အခြား မြို့များလည်းရှိနေပါသေးသည်။ ဤနေရာများတို့၌ အမှန်တရား၏စံချိန်ကို မြှင့်တင်ရပါမည်။ ခွန်အားတန်ခိုးအားဖြင့် ကျွန်ုပ်တို့သည် လူတို့ထံသို့အမှန် တရားကိုသယ်ဆောင်သွားကြရမည်။ Manuscript 56, 1904. [Ev 398.4]EvBur 518.3

    နယူးအော် လင်းနှင့် တောင် ပို င်းဒေသရှိ မြို့များအတွက် သာသနာ့လုပ်ငန်း - ဆောင်ရွက်ရန်ကြီးမားသောအလုပ်ရှိနေပြီး ၎င်းကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့ ၌အချိန်အနည်းငယ်သာကျန်ရှိနေပါသည်။ တောင်ပိုင်းအရပ်ဒေသ၌ နယူးအော် လင်း၊ မဲ(မ)ဗိ(စ်)၊ စိန့်လူးဝိ(စ်)မြို့များတို့၌ လုပ်ငန်းအနည်းငယ်ကိုသာ ပြုခဲ့ရပြီး လုပ်ငန်းစတင်၍မဆောင်ရွက်ရသေးသော အခြားမြို့များရှိနေပါသေး သည်။ ဤနေရာများတို့၌ အမှန်တရား၏စံချိန်ကိုမြှင့်တင်ရလိမ့်မည်။ ခွန်အား တန်ခိုးအားဖြင့် လူတို့ထံသို့ကျွန်ုပ်တို့သည် အမှန်တရားကိုသယ်ဆောင်သွား ကြရမည်။ [Ev 398.5]EvBur 518.4

    နယူးအော်လင်းမြို့၌ အမှုဆောင်ရွက်ရမည်။ တစ်နှစ်တာ၏သင့်လျော် သောအချိန်တစ်ချိန်၌ ထိုနေရာတွင်လူထုတရားပွဲတစ်ခုကို ကျင်းပကြရမည်။ စခန်းအစည်းအဝေးများကို နေရာများစွာတို့၌ကျင်းပပြီး ၎င်းနောက် ဧဝံဂေလိ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ကြရမည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဝိညာဉ် များကိုရိတ်သိမ်းကြရလိမ့်မည်။ [Ev 399.1]EvBur 519.1

    ယခုလုပ်ငန်းကို နယူးအော်လင်းမြို့၌ ပို၍ပြည့်ပြည့်ဝဝလုပ်ဆောင် ရန်ရှိနေပြီး အမှန်တရားကိုသိရှိသောပုဂ္ဂိုလ်များနှင့် ဘုရားသခင်၏လမ်းခရီး ကိုနားလည်သူများတို့သည် ဉာဏ်ပညာနှင့်ဘုရားသခင်ကိုကြောက်ရွံ့သောစိတ် ဖြင့် ဤမြို့ထဲသို့ဝင်ရောက်လုပ်ဆောင်ကြရန် ကျွန်ုပ်အားပြောဆိုနေပါသည်။ နယူးအော်လင်းမြို့ထဲ၌ အလုပ်လုပ်ဆောင်ရန်အတွက် ရွေးချယ်ခြင်းခံရသော သူတို့သည် မိမိတို့၏စိတ်ထဲ၌ ကောင်းသောနှလုံးသားရှိပြီး ဘုရားသခင်၏ ၏အကာအကွယ်နှင့် နောက်ဆုံးသောမိမိတို့အားစောင့်ရှောက်ရန်အတွက် ဘုန်းတော်ကိုထောက်သောသူများနှင့် ဣသရေလဘုရား၏ခွန်အားကို မိမိတို့ ထားရှိသောသူများဖြစ်သင့်သည်။ အကယ်၍သူတို့သည် ဘုရားသခင်၏အကြံ ပေးချက်နှင့်ညွှန်ကြားချက်ကို ရှာဖွေသူများဖြစ်ပါက၊ ဘုရားသခင်သည် သူတို့ ၏ဆုတောင်းသံများကိုကြားရကာ အဖြေပေးပါလိမ့်မည်။[Ev 399.2]EvBur 519.2

    ထိုသာသနာ့နယ်မြေသို့ဝင်ရောက်လုပ်ဆောင်သော အမှုဆောင်များ တို့အား ကျွန်ုပ်ပြောလိုသည်မှာ၊ သင်၏ယုံကြည်ခြင်းသည် ဘုရားရှင်၌ရှင်သန် စေပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်မတူညီသောသူတို့နှင့်ပေါင်းသင်းဆက်ဆံ ရာတွင် သင်၏အသက်တာ၌ အမှန်တရားကိုလက်တွေ့ ပေါ်လွင်ထင်ရှားစေ ပါ။ သင့်ယုံကြည်ခြင်း၏အယူဝါဒများကိုဟောပြောရာ၌ မိမိစကားကိုအသုံး မပြုဘဲ ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုသာဟောပြောပါ။ ကြားနာရ ́ သောသူများအတွက် “ဘုရားသခင်မည်ကဲ့သို့ပြောသည်” “နှုတ်ကပတ်တော် မှမည်ကဲ့သို့ဖော်ပြထားသည်” ကိုသာ နေရာတိုင်း၌ ခရစ်တော်၏တန်ခိုးပါရှိ သည့်တောင်းဆိုချက်ဖြင့် သူတို့အားသိမြင်စေပါ။EvBur 519.3

    သင်၏အသက်တာ၌ သင်၏ယုံကြည်ခြင်းကို လက်တွေ့ ဘုရားတရား ကြည်ညိုခြင်းအားဖြင့် ဟောပြောပြသပါ။ အမှန်တရားသည် တန်ဖိုးမဲ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ရိုင်းစိုင်းခြင်း၊ ပြင်းထန်ခြင်းနှင့်သည်းမခံနိုင်ခြင်းများမရှိ ကြောင်း သူတစ်ပါးအားတွေ့မြင်စေပါ။ သင်၏သည်းခံခြင်း၊ ကြင်နာသနား ခြင်း၊ စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မေတ္တာရှိခြင်းနှင့် စစ်မှန်သော ကောင်းမြတ်ခြင်းများကို ပေါ်လွင်ထင်ရှားစေပါ။ ဤကျေးဇူးတရားများတို့ သည် သင်ကိုးကွယ်၍ သူ၏အမှုကိုထမ်းဆောင်သော ဘုရားသခင်၏စာရိတ္တ ကိုဖော်ပြသည့်အတွက်ဖြစ်ပါသည်။ Manuscript 49, 1907. [Ev 400.1]EvBur 520.1

    တောင်ပြည်နယ် (Southland) အတွက်အမှုတော်ဆောင်များ - သာသနာပြု များတို့သည် တောင်ပိုင်းရှိလူဖြူနှင့်လူမည်းနှစ်မျိုးစလုံးအတွက် တိတ်ဆိတ် ငြိမ်သက်စွာဖြင့်အမှုထမ်းစေပါ။ လမ်းလွဲရာတန်ခိုးသြဇာများတို့နှင့်ဝန်းရံထား သူများအတွက်နှင့် အကူအညီလိုအပ်ဆုံးသူတို့အတွက် အမအစဖြစ်စေရန် သူတို့အားလုပ်ဆောင်စေပါ။ အများသောသူတို့သည် လူသားများတို့၏စိတ်နှလုံး ကို အဆိုးဆုံးသောစိတ်ဓာတ်များသို့ပို့ဆောင်ရန် နှိုးဆော်ခြင်းအောက်၌ ထိန်းချုပ် ခြင်းခံနေကြရပါသည်။ ခရစ်တော်အချိန်ရှိ ယဇ်ပုရောဟိတ်များနှင့်အရာရှိများ တို့သည် ပုန်ကန်သောလူထု၏စိတ်ဓာတ်ကို အောင်မြင်စွာနှိုးဆော်နိုင်ခဲ့ခြင်း မှာ သူတို့သည် မသိနားမလည်ခြင်းနှင့် မိမိတို့၏ကိုးစားမှုကို လူသားတို့ အပေါ်၌ထားရှိခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့်သူတို့သည် ခရစ်တော်ကို ငြင်းပယ်ခဲ့ပြီး ခရစ်တော်၏နေရာ၌ ဓားပြတစ်ဦးနှင့်လူသတ်သမားကိုရွေးချယ် ခဲ့ပါသည်။ တောင်အရပ်ဒေသ၌ အမှုတော်ကိုကျယ်လောင်စွာ၊ သို့မဟုတ် ထင်ရှားစွာမဆောင်ရွက်သင့်ပါ။ စစ်မှန်စွာပြောင်းလဲပြီး အမှုတော်ကိုမိမိတို့၏ အရေးကြီးသောဝန်ထုပ်သဖွယ်ထားရှိသော သာသနာပြုများတို့သည် ဘုရားသခင် ထံဉာဏ်ပညာကိုရယူကာ လိမ္မာပါးနပ်စွာဖြင့် နယ်မြေသို့သွားရောက်လုပ်ကိုင် စေပါ။ ဆေးသာသနာပြုများတို့သည် ကိုယ်ခန္ဓာအားဖြင့် ရောဂါဝေဒနာခံစား နေရသောသူတို့ကို သာသနာ့နယ်မြေ၌တွေ့ မြင်ရမည်ဖြစ်ပြီး သူတို့၏ဝေဒနာ များကို သက်သာပျောက်ကင်းစေနိုင်ပါလိမ့်မည်။ အဝတ်အချည်းစည်းရှိသူ များကို အဝတ်ပေးနိုင်ရန်၊ ငတ်မွတ်သူများကို အစာကျွေးနိုင်ရန် သူတို့၌ ငွေကြေးရှိကြရမည်။ ခရစ်ယာန်များတို့၏ကူညီမစခြင်းသည် တရားဒေသနာ ဟောကြားခြင်းထက် ပို၍အကျိုးသက်ရောက်မှုရှိသည်။ အမှုဆောင်များတို့ သည် ခရစ်တော်နှင့်တူသောသူများဖြစ်ကြပါစေ။ ပညတ်တရားနှင့်ပုံသက်သေ အားဖြင့် တန်ခိုးသြဇာကိုအထက်သို့ပို့ဆောင်နိုင်ကြပါစေ။ အသင့်လျော်ဆုံး သောအသက်တာအားဖြင့်နှင့် ခရစ်တော်၏အသက်တာမှ ရိုးစင်းသောသင်ခန်းစာ များအားဖြင့် မိမိတို့၏ကိုယ်ကိုဆင်ယင်ကာ လူတို့အားဟောပြောစေပါ။ ထူးဆန်း ၍မကြားဘူးသော ကျွန်ုပ်တို့၏အယူဝါဒများအပေါ်၌သော်လည်းကောင်း၊ ယုံကြည်ခြင်းအကြောင်းအရာများအပေါ်၌သော်လည်းကောင်း အဓိကထားကာ ပြောဆိုခြင်းမပြုဘဲ ခရစ်တော်၏ဒုက္ခဝေဒနာခံစားရခြင်းနှင့်ပူဇော်ဆက်ကပ်ခြင်း အကြောင်းကို သူတို့အားပြောဆိုစေပါ။ ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုစွဲကိုင် ထားပြီး သူ၏ကျေးဇူးတရားကိုဖော်ပြစေပါ။ သူ၏ဖြူစင်ခြင်းနှင့်သန့်ရှင်းခြင်း အကျင့်စာရိတ္တကို သူတို့အားထင်ရှားစေပါ။ တောင်ပိုင်းအရပ်ဒေသရှိအမှုဆောင် များတို့သည် လူတို့အားပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်း ပေါ်မှာတစ်နည်း၊ တစ်နည်းပေါ်မှာတစ်နည်း၊ “သည်ဘက်မှာအနည်းငယ်၊ Review and Herald, Dec. 24, 1895. [Ev 400.2]EvBur 520.2

    တောင်ပိုင်းမြို့အမှုဆောင်များအားပေးခြင်းကိုရရှိကြရန် - ဘုရားသခင်အလုပ် မည့်အစား၊ မဆောင်ရွက်ရသေးသည့်မြို့ကြီးများဖြစ်သော နယူးအော်လင်း၊ လုပ်နေခဲ့သည်။ ကျွန်ုပ်၏ညီအစ်ကိုတို့၊ ဆောင်ရွက်ခဲ့သောအရာများကိုဝေဖန် မဲ(မ)ဖိ(စ်)နှင့် စိန့်လူးဝိ(စ်)တို့အတွက် သင်၏အပြောအဆိုကိုစောင့်စည်းပါ။ ထိုနေရာများသို့သွားပြီး လူတို့အတွက်လုပ်ဆောင်ပါ။ သို့သော် အရာခပ်သိမ်း ကို မိမိတို့၏ခွန်အားအားဖြင့် အမှုတော်တိုးတက်ရန် အစွမ်းကုန်ကြိုးစား လုပ်ဆောင်သောသူတို့အား ပြစ်တင်ဝေဖန်သောစကားကိုမပြောဆိုပါနှင့်။ တစ်ခါတစ်ရံ ဤအမှုဆောင်များတို့သည် စိတ်ဓာတ်ကျမည်ဖြစ်သည်။ သို့သော် သူတို့အတွက် ကျွန်ုပ်တို့ဆုတောင်းပေးနေကြပါသည်။ ကျွန်ုပ်ရှိသောနေရာ၌ သူတို့ကိုယ်စား ဘုရားသခင်၏သားသမီးများအတွက် ဆုတောင်းခြင်းများကို တောင်းလျှောက်လျက်ရှိပါသည်။ Review and Herald, May 25, 1905. [Ev 401.1]EvBur 521.1

    ဖိလဒေလဖိ၊ နယူးအော်လင်းနှင့်စိန့်လူးဝိ(စ်) - သင်သည် အမေရိကန် ပြည်၌ ဆောင်ရွက်သင့်သည့်အလုပ်အကြောင်းကိုပြောဆိုသော်လည်း ဆောင်ရွက် ခြင်းမပြုရသေးပါ။ ကျွန်ုပ်အားသူတို့တင်ပြသော လျစ်လျူရှုထားသည့်နယ်မြေ များအကြောင်းကိုပြောလိုပါသည်။ တောင်ပိုင်းဒေသနယ်မြေအတွက် ကျွန်ုပ် ပြောဆိုလိုသောဆန္ဒဖြင့်သာမဟုတ်ပါ။ သတိမပေးရသေးသည့်အခြေအနေ ကြောင့် မြို့ကြီးများအတွက်ဖြစ်ပြီး လျစ်လျူရှုထားသော သခင့်အတွက်သာသနာ ပြုများဟု မိမိကိုယ်ကိုပြောဆိုသောသူတို့သည် ကျွန်ုပ်တို့လူများအတွက် အပြစ် စီရင်စရာဖြစ်နေပါသည်။ [Ev 401.2]EvBur 522.1

    နေရသောမြို့ကြီးများတို့တွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့်သတိမပေးကြခြင်း ဘုရားသခင်ကျွန်ုပ်တို့ကိုဆုံးမခြင်းသည် ကျွန်ုပ်တို့၏ရှေ့၌တွေ့မြင် ကြောင့်ဖြစ်သည်။ နှစ်ပေါင်းကြာမြင့်စွာလုပ်ဆောင်လျက်နှင့် အမေရိကန်ပြည် အတွင်းမြို့ကြီးများတို့ကို လျစ်လျူရှုလျက်ဝင်ရောက်လုပ်ကိုင်ခြင်းမပြုသည့် အတွက် ပြင်းထန်သောတာဝန်ပေးခြင်းကိုခံရပါသည်။ ဖိလဒေလဖိမြို့၊ ခဲ့ကြသနည်း။ နိုင်ငံရပ်ခြားနယ်မြေများတို့အတွက် ကျွန်ုပ်တို့များစွာမဆောင်ရွက် နယူးအော်လင်းမြို့၊ စိန့်လူးဝိ(စ်)မြို့နှင့်အခြားမြို့များတို့၌ မည်ကဲ့သို့လုပ်ဆောင် နိုင်ခဲ့သော်လည်း နှိုင်းယှဉ်ရမည်ဆိုလျှင် ကျွန်ုပ်တို့၏အနီးအနားမြို့ကြီးများတို့တွင် ကျွန်ုပ်တို့မည်သည့်အရာကိုမျှမဆောင်ရွက်ကြသေးပါ။ Letter 187, 1905. [Ev 401.3]EvBur 522.2