Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြန်လည်၍ရေနှစ်ခြင်းမင်္ဂလာခံယူခြင်း -

    ယခင်နှစ်ခြင်းမင်္ဂလာခံယူခြင်း၌ကျေနပ်မှုမရှိသောအခါ - ယခုအချိန်၌ မထင် မမှတ်ဘဲနှင့် ဘုရားသခင်၏ပညတ်တော်တစ်ခုခုကို လွန်ကျူးသူများစွာရှိကြ သည်။ အသိတရားဝင်လာပြီး ပညတ်တော်လေးပါးတစ်ပါး၏ တောင်းဆိုချက် အလင်းတရားကိုသိရှိလာသောအခါ ဘုရားသခင်၏ရှေ့မှောက်၌ အပြစ်သား များဟု မိမိတို့ကိုယ်ကိုတွေ့ မြင်လာကြသည်။ “အပြစ်သည် ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သည်။” ထိုနောက် “ပညတ်တစ်ခုလွန်ကျူးမိပါက အားလုံး ကိုလွန်ကျူးခြင်းဖြစ်သည်။” [Ev 372.1]EvBur 482.1

    အမှန်တရားကိုရိုးသားစွာရှာဖွေသောသူသည် ပညတ်တော်ကိုမသိ နားမလည်ခြင်းအတွက်ရှင်းပြပြီး မိမိ၏လွန်ကျူးရခြင်းအကြောင်းကို ဆင်ခြင် ပေးမည်မဟုတ်ပါ။ အလင်းကိုသူ၏လက်လှမ်းမီရာ၌ရှိပါသည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်သည်ရှင်းလင်းပြီး ခရစ်တော်သည် ၎င်းကိုရှာဖွေရန်မိန့်မှာ တော်မူသည်။ သူသည် ဘုရားသခင်၏တရားတော်ကို သန့်ရှင်းခြင်း၊ တရား ရသည်။ ယုံကြည်ခြင်းအားဖြင့် သူသည် ခရစ်တော်၏အပြစ်အတွက်ပူဇော် ခြင်းနှင့်ကောင်းမြတ်ခြင်းကဲ့သို့ရိုသေပြီး သူသည် မိမိလွန်ကျူးခြင်းကိုနောင်တ ခံခဲ့သောအသွေးတော်ကိုတောင်းလျှောက်ကာ အပြစ်လွှတ်ခြင်း၏ကတိတော် ကို ဆုပ်ကိုင်ထားပါသည်။ ယခင်နှစ်ခြင်းမင်္ဂလာခံယူခြင်း၌ သူသည် ယခု ကျေနပ်ခြင်းမရှိပါ။ ဘုရားသခင်၏တရားတော်အားဖြင့် အပြစ်စီရင်ခြင်းခံရ သောအပြစ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုတွေ့မြင်သည်။ သူသည် အပြစ် မှသေခြင်း၏ဗဟုသုတကိုရရှိပြီး သူသည် တစ်ဖန်ခရစ်တော်နှင့်အတူ နှစ်ခြင်း မင်္ဂလာခံယူခြင်းအားဖြင့် မြှုပ်နှံခြင်းကိုခံယူကာ ရေသင်္ချိုင်းမှထလာပြီး၊ အသစ် သောအသက်တာဘဝဖြင့် လျှောက်လှမ်းလိုသောဆန္ဒရှိပါသည်။ ဤကိစ္စသည် ယုံကြည်သောယုဒလူတို့အား ဆီလျော်ပါသည်။ ၎င်းအဖြစ်အပျက်ကို ဝိညာဉ်တော်အားဖြင့် အသင်းတော် အားသွန်သင်သည့်သင်ခန်းစာတစ်ခုအဖြစ် မှတ်တမ်းတင်ထားပါသည်။ Sketches From the Life of Paul, p. 133. (1883) [Ev 372.2]EvBur 482.2

    ယုံကြည်သူအသစ်များအတွက်စမ်းသပ်ခြင်းမေးခွန်းကိုမပြုလုပ်ရန် - ပြန်လည် နှစ်ခြင်းခံယူခြင်းကိစ္စကို သတိကြီးစွာဖြင့်ကိုင်တွယ်သင့်သည်။ အမှန်တရားနှင့် ပတ်သက်သောဥပုသ်နေ့မေးခွန်းနှင့် ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အရေးကြီးသော အခြားအချက်အလက်များ ဟောပြောတင်ပြပြီးနောက် ဝိညာဉ်များတို့သည် သူတို့သည် လုံးလုံးလျားလျားပြောင်းလဲကြပါက ဤမေးခွန်းကို ကျမ်းစာ အမှန်တရားအပေါ်သူတို့ရပ်တည်ရန် ရဲရင့်သောစိတ်ဓာတ်ကိုဖော်ပြပြီး အကယ်၍ အလင်းထဲမှ သူတို့သည်တွေ့ မြင်ကြလိမ့်မည်။ သို့သော် တချို့သောသူများ သည် ဤမေးခွန်းများကို ပညာသားပါစွာကိုင်တွယ်ခြင်းမပြုသည့်အတွက် ဤအချက်အပေါ်ဘုရားသခင်သည် အကြိမ်ပေါင်းများစွာဆုံးမခြင်းကိုပြုခဲ့ ရသည်။ ပြန်လည်နှစ်ခြင်းခံယူခြင်းကိစ္စကိုရှေ့တန်းတင်ပြီး ဥပုသ်နေ့၏အရေး ကြီးခြင်းကိစ္စကဲ့သို့ထားရှိပါက လူတို့၏စိတ်ထဲ၌ မှန်ကန်သောစွဲလမ်းခြင်းကို မထားရှိနိုင်ဘဲ ဤအကြောင်းကိစ္စကိုလည်း မှန်ကန်စွာပုံဖော်ခြင်းမပြုနိုင်ပါ။ အမျိုးအစားတော်စပ်သောအမှန်တရားကို ဥပုသ်နေ့ကိစ္စဖြင့် သေချာစွာခွဲခြား နိုင်ရန်လိုအပ်သည်။ အချိန်ကာလနှင့်ဆီလျော်စွာ အကြောင်းအရာတစ်ခုစီကို မှန်ကန်စွာခွဲခြားတင်ဆက်ကြရမည်။ [Ev 372.3]EvBur 483.1

    ဥပုသ်နေ့အခက်အခဲကိုဆွဲကိုင်ထားသောသူသည် ကြီးမားသော တိုက်ပွဲတစ်ခုကို မိမိကိုယ်နှင့်သော်လည်းကောင်း မိမိကိုယ်ကျိုးကိစ္စများနှင့် သော်လည်းကောင်း သူတို့၏ဝိညာဉ်နှင့်ဘုရားစပ်ကြားတွင် ဝင်ရောက်စွက်ဖက် စေပါမည်။ ထိုနောက် ကြီးမားသောခြေလှမ်းကိုယူပြီး သူတို့၏ခြေကိုထာဝရ အမှန်တရား၏စင်မြင့်ပေါ်၌ချထားသောအခါ၊ သူတို့သည် မိမိတို့၏အသစ် သောအခြေအနေအပေါ်ရပ်တည်နိုင်ရန် ကျင့်သားရရှိဖို့အချိန်ယူရပါလိမ့်မည်။ ပြန်လည်နှစ်ခြင်းခံယူခြင်း၏ကိစ္စ၌ ဆန္ဒစောခြင်းမရှိသင့်ပါ။ မည်သူမျှအခြား သူအတွက်အကောင်းအဆိုးခွဲခြားသိသောစိတ်၏တာဝန်ကိုယူခြင်း၊ သို့မဟုတ် ပြန်လည်နှစ်ခြင်းခံယူရန်တောင်းဆို၍ ဖိအားပေးခြင်းမပြုသင့်ပါ။ [Ev 373.1EvBur 484.1

    ဤကိစ္စသည် တစ်ဦးစီမှဘုရားကိုကြောက်ရွံ့သောစိတ်ဖြင့် မှန်ကန် စွာခွဲခြားတာဝန်ယူရမည့်ကိစ္စဖြစ်သည်။ ဤကိစ္စကိုသိမ်မွေ့စွာမေတ္တာစိတ်ဖြင့် သတိကြီးစွာတင်ပြသင့်သည်။ ထိုနောက် တောင်းဆိုခြင်းတာဝန်သည် မည်သူ နှင့်မျှမသက်ဆိုင်ဘဲ ဘုရားနှင့်သာသက်ဆိုင်ပါသည်။ စိတ်နှလုံးသားများအပေါ် သူ၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့်အလုပ်လုပ်ရန် ဘုရားသခင်ကိုအခွင့်အရေး ပေးပါ။ သို့မှသာ ထိုပုဂ္ဂိုလ်သည် ပြည့်ဝစွာယုံကြည်ပြီး ဤကိစ္စနှင့်ပတ်သက် ၍ ကျေနပ်စွာဖြင့်ဤအဆင့်သို့တက်လှမ်းနိုင်ပါလိမ့်မည်။ ဤကိစ္စအပေါ် ငြင်းခုံခြင်းနှင့်ပြိုင်ဆိုင်ခြင်းစိတ်ဓာတ်ကို မည်သည့်အခါမျှခွင့်မပြုသင့်ပါ။ နှင့်။ ဘုရားသခင်၏ပညတ်တော်များအပေါ် သေချာစွာမိမိတို့၏အခြေအနေ ဘုရားသခင်၏အလုပ်ကို သူ့ထံမှယူ၍ သင်တာဝန်ယူဆောင်ရွက်ခြင်းမပြုပါ ကိုရယူသောသူတို့သည် အကယ်၍မှန်ကန်စွာရပ်တည်ပါက လိုအပ်သည့် အမှန်တရားအားလုံးကို လက်ခံလိမ့်မည်။ သို့သော် လူ့သဘောတို့နှင့်ဆက်ဆံ ရာတွင် သတိပညာလိုအပ်ပါသည်။ တချို့သောသူများတို့သည် တချို့အမျိုး အစားတူညီသည့်အမှန်တရားများကို အခြားသူများတို့ထက်တွေ့မြင်နားလည် နိုင်စွမ်းမရှိပါ။ အထူးသဖြင့် ပြန်လည်နှစ်ခြင်းခံယူခြင်းကိစ္စနှင့်ပတ်သက်ပါ သည်။ သို့သော် ဘုရားသခင်၏လက်တော်သည် သူတို့ကိုပို့ဆောင်လျက် ရှိပါသည်။ ဘုရားရှင်၏ဝိညာဉ်တော်သည် သူတို့၏စိတ်နှလုံးသားကိုနှိုးဆော် ပြီး သူတို့ဆောင်ရွက်သွားနိုင်ရန် သူတို့နားလည်ကြလိမ့်မည်။ [Ev 373.2]EvBur 484.2

    စိတ်အားထက်သန်သော ကျွန်ုပ်တို့၏ညီအစ်ကိုများကို ပို၍မလုပ်ဆောင် စေပါနှင့်။ ဘုရားသခင်တားမြစ်ထားသောအရာကို ဘုရားသခင်ထက်သူတစ်ပါး တို့အားစမ်းသပ်ခြင်းများကိုပြုလုပ်ခြင်းဖြင့် သူတို့အတွက်အန္တရာယ်ဖြစ်စေလိမ့် မည်။ မည်သူ့ကိုမျှပြန်လည်၍နှစ်ခြင်းခံယူခြင်းကိုတောင်းဆိုခြင်းသည် ကျွန်ုပ် တို့၏ဆရာများအလုပ်မဟုတ်ပါ။ သူတို့၏တာဝန်မှာ သမ္မာကျမ်းစာအမှန် တရားများ၏ကြီးမားသောစည်းမျဉ်းများကို ချမှတ်ရန်ဖြစ်သည်။ အထူးသဖြင့် ပြန်လည်၍နှစ်ခြင်းခံယူခြင်းကိစ္စတွင် အရေးကြီးပါသည်။ စိတ်နှလုံးပြောင်းလဲ ခြင်းအလုပ်ကို ဘုရားသခင်အားသာပြုလုပ်စေပါ။ [Ev 374.1]EvBur 485.1

    စတုတ္တပညတ်ဥပုသ်နေ့ကို ရိုးသားစွာလက်ခံသောသူတိုင်း အချိန်မီ မိမိ၏တာဝန်ကိုတွေ့ပြီး နားလည်သူများဖြစ်သည်။ သို့သော် တချို့သူများ အတွက်အချိန်ယူရပါမည်။ အမှန်တရားထံသို့အသစ်ရောက်ရှိလာသူတို့အား အတင်းအဓမ္မတွန်းပို့ရမည့်ကိစ္စတစ်ခုမဟုတ်ပါ။ သို့သော် ဤကိစ္စ၌အကယ်၍ ကျွန်ုပ်တို့၏ညီအစ်ကိုဓမ္မအမှုဆောင်များတို့သည် ဘုရားသခင်၏ကြံရွယ်ချက် ကို ဂရုမမူ၊ လျင်မြန်စွာမပြုပါက တဆေးကဲ့သို့ ဖြည်းညင်းတိတ်ဆိတ်စွာ မိမိ၏အလုပ်ကိုလုပ်သွားလိမ့်မည်။ [Ev 374.2]EvBur 485.2

    ဤကိစ္စအပေါ်ကြာမြင့်စွာကြည့်ပြီးစဉ်းစားလျက် ရှင်းလင်းစွာတွေ့မြင် ပါက အခြားသူအားလုံးတို့သည် သူတို့နည်းတူတွေ့ မြင်ကြပေလိမ့်မည်။ ယုံကြည်ခြင်းသို့ရောက်ရှိလာသူတချို့တို့အတွက် ဤကိစ္စမှာ သူတို့၏ယခင် ဘာသာရေးဗဟုသုတအားလုံးတို့နှင့်ဆန့်ကျင်နေသည်ဟု သူတို့စဉ်းစားဆင်ခြင် ခြင်း၌မရှိစေရပါ။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ တစ်မူထူးစဉ်းစားရမည့် အချိန်ရှိပါလိမ့်မည်။ အမှန်တရားကိုအမြဲတစေ သူတို့၏စိတ်ထဲ၌ဖော်ပြသွား သည်နှင့်အညီ မည်ကဲ့သို့သောခြေလှမ်းများဖြင့် ရှေ့သို့ချီရမည်ကို သူတို့ တွေ့မြင်ရလိမ့်မည်။ အသစ်သောအလင်းသည် သူတို့၏လမ်းခရီးကိုအလင်း ပေးလိမ့်မည်။ အကယ်၍လူတို့မှသူတို့အားဝင်ရောက်၍ မိမိတို့ထင်သည့်အမှန် တရားသို့တွန်းပို့ခြင်းမပြုပါက ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့၏ စိတ်ထဲ၌အလုပ်လုပ်သွားလိမ့်မည်။EvBur 485.3

    ယခုဤကိစ္စကို ရှင်းလင်းစွာနားလည်စေပါ။ တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်ုပ်တို့၏ဗဟုသုတများအားဖြင့် ပြန်လည်ရေနှစ်ခြင်းခံယူခြင်းကိစ္စနှင့်ပတ်သက် ၍ သက်သေခံချက်များကို ကျွန်ုပ်တို့၏ညီအစ်ကိုများသတိပြုကြရန် ကျွန်ုပ် အားပေးပါသည်။ ကောင်းသောကျွန်ုပ်၏ညီအစ်ကိုနှင့် အခြားများစွာသော ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များတို့အတွက် ကျွန်ုပ်ပြသခြင်းခံရသည်မှာ ပြန်လည် ရေနှစ်ခြင်းခံယူခြင်းကိစ္စကို ရှေ့တန်းတင်ခြင်းအားဖြင့် မိမိတို့၏ဗဟုသုတ တချို့နေရာတွင် အမှားပြုလုပ်ခြင်းပင်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ဤကိစ္စ ကိုဆောင်ရွက်ခြင်းမပြုသင့်ပါ။ ဤကိစ္စကို ကြီးမားသောအခွင့်အရေးနှင့် ကောင်းချီးမင်္ဂလာတစ်ခုကဲ့သို့ဆောင်ရွက်ရမည်ဖြစ်ပြီး အကယ်၍သူတို့၌ ဤကိစ္စအပေါ်မှန်သောအတွေးအခေါ်များရှိပါက ပြန်လည်နှစ်ခြင်းခံယူသူအားလုံး တို့သည် ၎င်းအတိုင်းစဉ်းစားဆင်ခြင်မည်ဖြစ်ပါသည်။ ဤကောင်းသော ညီအစ်ကိုများတို့သည် ယုံကြည်ခြင်းသို့အသစ်ရောက်ရှိလာသောသူတို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် သတိကြီးစွာဖြင့်ကာကွယ်စောင့်ရှောက်ခြင်းမပြုပါက အချိန် အနည်းငယ်ဖြင့် သိမ်မွေ့စွာသတိဖြင့်သူတို့အားဆက်ဆံခြင်းကြောင့် ဤကဲ့သို့ ဝမ်းနည်းဖွယ်အကျိုးများကိုကာကွယ်နိုင်မည့်အစား ရရှိမည့်အကျိုးမှာ တချို့သော သူတို့သည် အမှန်တရားမှရှောင်ဖယ်သွားကြမည်ဖြစ်သည်။ Letter 56, 1886.[Ev 375.1]EvBur 486.1

    ခရစ်တော်ကို မြော်လင့် သောသတ္တမနေ့ အသင်းတော်၏ပြန်လည်ပြောင်းလဲခြင်းနှင့် ပြန်လည်နှစ်ခြင်းခံယူခြင်း ~ ထင်ရှားစွာပြန်လည်ပြုပြင်ခြင်းအတွက် ဘုရားသခင် ခေါ်တော်မူသည်။ ပုဂ္ဂိုလ်တစ်ဦးသည် အမှန်တကယ်ပြောင်းလဲလာပါက သူ့အား ပြန်လည်၍နှစ်ခြင်းမင်္ဂလာခံယူစေပါ။ ဘုရားသခင်နှင့်အသစ်တစ်ဖန်ပဋိညာဉ် ပြုစေပြီး ဘုရားသခင်သည် သူနှင့်အသစ်တစ်ဖန်ပဋိညာဉ်ပြုစေပါ။ ဘုရားသခင် ၏သက်သေခံများကဲ့သို့ သူတို့သည် အမှန်တရား၏တန်ခိုးအရှိန်အဟုန်ဖြင့် ဝိညာဉ်ကိုသန့်ရှင်းစေခြင်းငှာအတွက် အသင်းဝင်များအထဲ၌ ပြန်လည်၍ ပြောင်းလဲခြင်းရှိစေရပါမည်။ Letter 63, 1903. [Ev 375.2]EvBur 487.1