Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူထုသာသနာ့လုပ်ငန်း၌အမျိုးသမီးများ

    ထိရောက်သောအမျိုးသမီးများတို့၏အလုပ် - အမျိုးသမီးများတို့သည် သန့်ရှင်း သောအမှုတော်၌ပါဝင်ပြီး ဖြောင့်မတ်ခြင်း၏တန်ဆာပလာများဖြစ်နိုင်ပါသည်။ ယေရှု၏ထမြောက်ခြင်းအကြောင်းကို ပထမဦးဆုံးဟောပြောသောသူသည် မာရိဖြစ်သည်။ အကယ်၍ယခုတစ်ယောက်တည်းသောအမျိုးသမီးအစား အမျိုးသမီးအယောက် (၂၀) တို့သည် သန့်ရှင်းသောအမှုတော်တွင် ဝမ်းမြောက် စွာပါဝင်လုပ်ဆောင်ကြပါက အမှန်တရားသို့ပြောင်းလဲလာသူများစွာကို တွေ့ရှိ ရပေလိမ့်မည်။ ခရစ်ယာန်အမျိုးသမီးများတို့၏ဖြူစင်ပျော့ပျောင်းသောဩဇာ သည် အမှန်တရားဟောကြားခြင်း၏ကြီးမားသောလုပ်ငန်း၌ လိုအပ်နေပါသည်။ Review and Herald, Jan. 2, 1879. [Ev 471.5]EvBur 615.4

    ပေါင်းစည်းသောအလုပ်တစ်ခု၌ဇနီးမောင်နှံ - ဧဝံဂေလိသာသနာ့လုပ်ငန်း၌ ပါဝင်လုပ်ဆောင်သင့်သောအမျိုးသမီးများရှိသည်။ ဘုရားသခင်၏သိုးစုထံ - လည်ပတ်ရန် ပျက်ကွက်သောဓမ္မဆရာများတို့ထက် သူတို့သည် ကောင်းသော အလုပ်ကို နည်းလမ်းအမျိုးမျိုးဖြင့်လုပ်ဆောင်နိုင်ကြသည်။ Manuscript438, 1898. [Ev 472.1]EvBur 616.1

    ဧဝံဂေလိဆရာများရွေးချယ်ရန်အသိပညာလိုသည် - ဝိညာဉ်အောင်မြင်ခြင်း၌ ကောင်းသောအလုပ်ကိုလုပ်ဆောင်နိုင်သည့် ဆက်ကပ်မှုရှိသောအမျိုးသားများ တို့ကို အမှုတော်အတွက်ရွေးချယ်သင့်သည်။ အမှန်တရားကိုရှင်းလင်းစွာ ပညာသားပါပါ မှန်ကန်သောအမူအရာဖြင့် ဟောပြောနိုင်သောအမျိုးသမီးများ တို့ကိုလည်း ရွေးချယ်သင့်သည်။ ကျွန်ုပ်တို့အထဲ၌ စိတ်နှလုံးများအထဲသို့ လေးနက်သောကျေးဇူးတော်ခံစားနိုင်ရန် ဆောင်ရွက်ရမည်ကိုတွေ့ မြင်သည့် အမှုဆောင်များလိုအပ်နေပါသည်။ ဤကဲ့သို့သောအမှုဆောင်မျိုးလိုအပ်နေခြင်း သည် ကြာညောင်းခဲ့ပါပြီ။ စိတ်အားထက်သန်စွာ ကျွန်ုပ်တို့ဆုတောင်းရပါ မည်။ “အိုအဖ၊ တစ်ဦးကိုတစ်ဦးမစနိုင်ရန် ကျွန်ုပ်တို့ကိုမစပါ။” ခရစ်တော် ၌အတ္တစိတ်တို့ကိုမြှုပ်နှံရမည်ဖြစ်ပြီး ဘုရားသခင်၏ဝိညာဉ်တော်ဖြင့် ကျွန်ုပ်တို့ ဗတ္တိဇံခံယူကြရမည်။ ထိုနောက် အပြောအဆို၊ ဝိညာဉ်နှင့်ပြုမူလုပ်ကိုင်ဆောင်ရွက် ခြင်းများတွင် ဘုရားသခင်၏ဝိညာဉ်တော်ပို့ဆောင်နေကြောင်း ထင်ရှားပေ လိမ့်မည်။ [Ev 472.2]EvBur 616.2

    ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်းကိုနားလည်သော အမျိုးသား အမျိုးသမီးအမှုဆောင်များ၊ အမှန်တရားဆက်သွယ်မှုပြုခြင်းအားဖြင့် အမှ ထမ်းဆောင်ရမည်ကိုနားလည်သူများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် ယုံကြည်စိတ်ချမှုရော့နည်းစေရန်၊ ယုံကြည်ခြင်းတူညီသော အခြားမိတ်ဆွေ တို့၏စပ်ကြား ဆက်ဆံမှုပျက်ပြားစေရန် ပြောဆိုတတ်သောစကားများတို့ကို ရှောင်ရှားသောသူများတို့ကို ကျွန်ုပ်တို့လိုအပ်နေပါသည်။ Letter 54, 1909. [Ev 472.3]EvBur 617.1

    လူထုကြီးသို့ ဟောပြောသောကျမ်းစာသင်ကြားသူတစ်ဦး - ပတ်စဉ်၎င်း၏ပုံဝတ္ထု ကိုပြောပါ။ ဝိညာဉ်တစ်လုံး၊ သို့မဟုတ် နှစ်လုံးတို့သည် အမှန်တရားကို လက်ခံပြီး သူတို့၏မျက်နှာအသွင်အပြင်နှင့် သူတို့၏အကျင့်စာရိတ္တတို့သည် အံ့သြဖွယ်ပြောင်းလဲပြီး သူတို့၏ပတ်ဝန်းကျင်မိတ်ဆွေများမှတွေ့မြင်မှတ်သား ကာ ပြောင်းလဲလာသည့်အသက်တာသည် ပတ်ဝန်းကျင်မိတ်ဆွေများတို့ကို အခြားသူတို့အား အမှန်တရားသို့ပို့ဆောင်ပေးသောကြောင့် ယခုနှုတ်ကပတ် တော်ကို သေချာစွာလုံ့လဝီရိယဖြင့်ရှာဖွေလေ့လာကြသည်။ [Ev 472.4]EvBur 617.2

    ညီအစ်မအာ(ရ်) “R” နှင့် ဒဘလျူ “W” တို့သည် ဓမ္မဆရာများ ကဲ့သို့ အမှုတော်၌ထိရောက်စွာဆောင်ရွက်ကြပြီး ဓမ္မဆရာများအဝေးသို့ သာသနာ့လုပ်ငန်းဖြင့်သွားကြသောအခါ တချို့သောအစည်းအဝေးများ၌ ညီအစ်မဒဘလျူ “W” သည် ကျမ်းစာကိုယူ၍ လူထုပရိသတ်ကြီးအား ဟောပြောပါသည်။ Letter 169, 1900. [Ev 473.1]EvBur 617.3

    လူထုကြီးအားဟောပြောသောညီအစ်မတစ်ဦး - အသင်းတော်အဖွဲ့အစည်းကို ကျွန်ုပ်တို့လုံးလုံးလျားလျားယုံကြည်သည်။ သို့သော် ကျွန်ုပ်တို့တိကျသော နည်းလမ်းဖြင့် လုပ်ရမည့်အလုပ်ကိုဖော်ပြထားခြင်းမရှိပါ။ အကြောင်းမှာ နည်းစနစ်တစ်မျိုးတည်းဖြင့် လူအားလုံးဆောင်ရွက်နိုင်စွမ်းမရှိသောကြောင့်ဖြစ် သည်။ [Ev 473.2]EvBur 617.4

    စောထွန်းလင်းရန်လူတိုင်း၌မီးခွက်ရှိသည် - လမ်းလွဲသူများတို့၏လမ်းကို ဓာတ်မီးတစ်ခုလုံး၏လူသွားရာလမ်း၌ထွန်းလင်းခြင်းထက် မီးခွက်တစ်လုံး တည်း၏အလင်းသည် ပို၍တောက်ပစွာထွန်းလင်းစေနိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို လုပ်ဆောင်နိုင်သည်ထက် ကန့်သတ်ထားခြင်း မပြုပါက အမှုတော်လုပ်ငန်းကို မည်မျှလုပ်ဆောင်နိုင်ကြလိမ့်မည်နည်း။ [Ev 473.3]EvBur 618.1

    ကျွန်ုပ်၏ညီအစ်မ၊ ဤအရာကိုသင်ပေးပါ။ သင့်ရှေ့၌ သင့်အတွက် လမ်းပေါင်းများစွာဖွင့်ပေးလျက်ရှိသည်။ တတ်အားသရွေ့လူထုကြီးကိုဟောပြော ပါ။ အစာသို့တဆေးကိုထည့်ပေးသောလမ်းကြောင်းများကိုပြုလုပ်လျက် အဖွဲ့ ဖွဲ့စည်းခြင်းအားဖြင့် သြဇာတိုင်းကိုဆွဲကိုင်ထားပါ။ ဘုရားသခင်ထံတစ်ဦးချင်း ဆက်ကပ်ခြင်းနှင့်သန့်ရှင်းခြင်းသည် အရိုးဆုံးစနစ်များအားဖြင့် အောင်မြင် ခြင်းကိုအကောင်းဆုံးသောခင်းကျင်းပြသခြင်းထက် ပို၍ပေးပေလိမ့်မည်။ Review and Herald, May 9, 1899. [Ev 473.4]EvBur 618.2

    စခန်းအစည်းအဝေးကျမ်းစာသင်တန်းဦးဆောင်သောအမျိုးသမီးများ - ကျွန်ုပ်တို့၏ စခန်းအစည်းအဝေးများသည် အမှုဆောင်များတို့၏ပညာရေးအတွက်ကျောင်း များဖြစ်လာရန် ဤကောင်းသောလမ်းအတိုင်းကျင်းပကြရမည်။ လုပ်ငန်းခွဲခန့် ထားခြင်းကို ပို၍နားလည်နိုင်သောစွမ်းရည်ကို ကျွန်ုပ်တို့၌ရှိရန်လိုအပ်ပြီး တာဝန်ကျသည့်အလုပ်ကို မည်ကဲ့သို့အောင်မြင်စွာဆောင်ရွက်နိုင်ရန် အားလုံး ကိုပညာပေးရမည်။ တိုတိုတုတ်တုတ်စကားပြောပြီး ကျမ်းစာသင်တန်းကိုပြုလုပ် ပေးပါ။ နှလုံးသားထဲအမှန်တရား၌အာရုံပြုရန် ဟောပြောသူအနေဖြင့်သေချာ စေပါ။ အကယ်၍ အစွမ်းထက်သောအမျိုးသမီးများအနေဖြင့် အမှန်ပင် ပြောင်းလဲပါက ကျမ်းစာသင်တန်း၏အလုပ်ကိုဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်း ၌ပါဝင်နိုင်ပါသည်။ အမှုဆောင်ရန်ကျယ်ပြန့်သောသာသနာ့လယ်ပြင်သည် အမျိုးသားများနှင့်အမျိုးသမီးများအတွက်ပါရှိပါသည်။ Letter 84, 1910 [Ev 473.5]EvBur 618.3