ယူဒလူမျိုးများမှကြီးမားသောရိတ်သိမ်းခြင်းတစ်ခု
ဘုရားသခင်၏ဣ သရေလလူမျိုးများနှင့်အတူရေတွက်ခြင်းခံရသောယုဒလူမျိုးများ - ယနေ့ကျွန်ုပ်တို့၏အချိန်၌ တစ်ပါးအမျိုးသားများတို့သည် ယုဒလူမျိုးများတို့ နှင့်အတူ ဝမ်းမြောက်နေကြရသည်ကို ကျွန်ုပ်တို့တွေ့ မြင်ရပါသည်။ ယခုမိမိ တို့နေထိုင်သောနေရာနှင့် အခြားမြို့ကြီးများတို့၌ မိမိတို့၏လူမျိုးများကိုယ်စား အလုပ်လုပ်ကိုင်နေကြသော ပြောင်းလဲလာသည့်ယုဒလူမျိုးများရှိကြပါသည်။ ယုဒလူမျိုးများတို့သည် ဘုရားသခင်ရွေးချယ်သောတပည့်တော်များအဆင့်သို့ ရောက်ရှိလာပြီး ဘုရားသခင်၏ဣသရေလလူမျိုးများနှင့်အတူ ဤနောက်ဆုံး သောနေ့ရက်၌ ရေတွက်ခြင်းခံရပါသည်။ ထိုကြောင့် တချို့သောယုဒလူမျိုး များတို့သည် ထပ်မံ၍တစ်ဖန်ဘုရားသခင်၏လူတို့နှင့်အတူ ပြန်လည်၍ ထားရှိခြင်းခံရပြီး၊ အကယ်၍သူတို့သည် နှုတ်ကပတ်တော်မှဖော်ပြသည့် “ထို့နောက်တစ်ဖန်သူပြောသည်မှာ တစ်ပါးအမျိုးသားတို့၊ သူတို့၏လူတို့နှင့် အတူဝမ်းမြောက်လော့” ဟူသည့် ပျော်ရွှင်ဝမ်းမြောက်ခြင်းအဆင့်ကိုရရှိပါက သူတို့အပေါ်ဘုရားသခင်၏ကောင်းချီးမင်္ဂလာကြွယ်ဝစွာသက်ရောက်ပါလိမ့် မည်။ Manuscript 95, 1906. [Ev 577.4]EvBur 761.2
အလင်းသို့ လူများစွာရောက်ရှိလာလိမ့်မည် - ကျွန်ုပ်တို့၏ကမ္ဘာ၌ ကြီးမား သောအလုပ်တစ်ခုကိုဆောင်ရွက်ရလိမ့်မည်။ ဘုရားသခင်ပြောခဲ့သည်မှာ တစ်ပါးအမျိုးသားများတို့ကို စုသိမ်းရမည်သာမကဘဲ ယုဒလူမျိုးများတို့ကိုပါ စုသိမ်းကြရလိမ့်မည်။ ယုဒလူမျိုးများအထဲ၌ ပြောင်းလဲလာမည့်သူများစွာရှိပြီး သူတို့အားဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းသည် ထွန်းလင်းလျက်ရှိသော မီးခွက်ကဲ့သို့သွားနေသည်ကို ကျွန်ုပ်တို့မြင်ရလိမ့်မည်။ ယုဒလူမျိုးများတို့သည် နေရာတိုင်း၌ရှိပြီး သူတို့အားဖြင့် လက်ရှိအမှန်တရား၏အလင်းသည် ယူဆောင်ခြင်းခံရလိမ့်မည်။ သူတို့အထဲ၌ များစွာသောသူတို့သည် အလင်း သို့ရောက်ရှိလာပြီး အံ့ဩဖွယ်ရာတန်ခိုးဖြင့်ပြောင်းလဲမရသော ဘုရားသခင်၏ ပညတ်တော်ကို သူတို့သည်ဟောပြောလိမ့်မည်။ ဖြောင့်မတ်ခြင်းအားဖြင့် သူသည် အံ့သြဖွယ်ရာများတို့ကိုပြုလုပ်လိမ့်မည်။ Manuscript 87, 1907. [Ev 578.1]EvBur 761.3
နိုင်ငံများစွာ၌ရှိသောယုဒလူမျိုးများ - နိုင်ငံများစွာတို့၌ ပျံ့နှံ့နေကြသော ယုဒလူမျိုးများတို့အတွက် လူအနည်းငယ်သာဟောပြောကြရန် ဝန်ထုပ်ရှိကြ ခြင်းသည် ကျွန်ုပ်အတွက်ထူးဆန်းသောအရာတစ်ခုဖြစ်သည်။ ဤလောက၏ အပြစ်ကိုယူဆောင်သွားသောသိုးသငယ်ကို ပို၍ရှင်းလင်းစွာတွေ့မြင်နိုင်ရန် သင်၏စိတ်စွမ်းအားအမြင်ကို ကြိုးစား၍အင်အားဖြည့်တင်းသကဲ့သို့ ခရစ်တော် သည် သင်နှင့်ရှိပါလိမ့်မည်။ စိတ်စွမ်းအားလျော့နည်းနေသည့် ယုဒလူမျိုး များတို့ကို နှိုးဆွပေးရမည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတို့သည် သူတို့အတွက် အသစ်ဖန်ဆင်းခြင်း၏မိုးသောက်ပမာ၊ သို့မဟုတ် ဝိညာဉ်၏ရှင်ပြန်ထမြောက် ခြင်းပမာ သူတို့အတွက်ဖြစ်ပေလိမ့်မည်။ ဓမ္မဟောင်းကျမ်းထဲ၌ ခရစ်တော် ၏ရုပ်လုံးကိုဖော်ပြထားသကဲ့သို့ သူတို့၏သတိတရားသည် နိုးကြားလာလိမ့် မည်။ ဓမ္မသစ်ကျမ်း၏တံခါးများကို ဓမ္မဟောင်းကျမ်းဖြင့်ဖွင့်လိုက်သည့်အခါ၊ ယုဒနိုင်ငံမှဝိညာဉ်များ ကယ်တင်ခြင်းရရှိပါလိမ့်မည်။ ဓမ္မဟောင်းကျမ်းကို ဓမ္မသစ်ကျမ်းမှ မည်ကဲ့သို့ရှင်းလင်းစွာရှင်းပြကြောင်းကို တွေ့မြင်ရသည့်အခါ ကမ္ဘာ၏ကယ်တင်ရှင်အဖြစ် ခရစ်တော်ကိုအသိအမှတ်ပြုနိုင်ကြလိမ့်မည်။ ယုဒလူမျိုးများစွာတို့သည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုသူတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံကြလိမ့်မည်။ Letter 47, 1903. [Ev 578.2]EvBur 762.1
လုပ်ငန်းပြီးဆုံးချိန်၌ပြောင်းလဲသောယုဒလူမျိုးများ - ယုဒလူမျိုးများအထဲမှ ပြောင်းလဲလာသူများရှိကြမည်ဖြစ်ပြီး ဤပြောင်းလဲလာသူများတို့သည် ဘုရားသခင်၏လမ်းကိုပြင်ဆင်ရာ၌ ကူညီမစကြမည်ဖြစ်ကာ ကန္တာရထဲရှိ ကျွန်ုပ်တို့၏ဘုရားသခင်အတွက် လမ်းမကြီးတစ်ခုကိုဖြောင့်စေကြလိမ့်မည်။ ပြောင်းလဲလာကြသောယုဒလူများတို့သည် လာမည့်အချိန်၌ ကျွန်ုပ်တို့၏ မင်းသားလေးခရစ်တော်ကိုလက်ခံရန် ပြုလုပ်ရမည့်ကြီးမားသောပြင်ဆင်မှုများ အရေးကြီးသောတာဝန်လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရမည့်တာဝန်ရှိလိမ့် မည်။ တစ်ရက်အတွင်း နိုင်ငံတစ်ခုပေါ်လာလိမ့်မည်။ မည်ကဲ့သို့နည်း။ ဘုရားသခင်မှတာဝန်ပေးအပ်ထားသောအမှန်တရားသို့ ပြောင်းလဲလာသူများ အားဖြင့်ဖြစ်ပါသည်။ ၎င်း၌တွေ့ ရမည့်အရာမှာ၊ “ရှေးဦးစွာအညှောက်၊ ထိုနောက်အနှံ၊ ထိုနောက်အနှံထဲမှာ အောင်မာသောအဆန်ကိုဖြစ်စေတတ် ၏။” ပုရောဖက်အနာဂတ်ကြိုတင်ဟောထားချက်များ ပြည့်စုံလာပါလိမ့်မည်။ Manuscript 75, 1905. [Ev 579.1]EvBur 763.1