Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧဝံဓဂလိလုပ်ငန်းအတွက်အထူးအခွင့်အရေးများ

    စိန့်လူးဝစ်အစီအစဉ်ကဲ့သို့ လူထုစုရုံးခြင်း - မကြာမီအချိန်က စိန့်လူးဝစ် မြို့၌ဖြစ်ပျက်ခဲ့သော လူအုပ်ကြီးစုရုံးလာကြခြင်းနှင့် ဤစုရုံးခြင်း၌ အမှန်တရား ကိုဟောပြောရန်ပြင်ဆင်မှုပြုရမည့်တာဝန်ရှိသကဲ့သို့ အဆုံးကာလနီးကပ်လာ ချိန်၌ မြို့ကြီးထဲတွင် များစွာသောစုရုံးခြင်းရှိမည်ဖြစ်ကြောင်း ကျွန်ုပ်ညွှန်ကြား ခြင်းခံရပါသည်။ ခရစ်တော်ဤလောက၌ရှိစဉ် ဤအခွင့်အရေးမျိုးကိုအသုံးပြု ခဲ့သည်။ မည်သည့်ရည်ရွယ်ချက်မျိုးနှင့်မဆို စုရုံးလာကြသောလူစုကြီးကို ရှင်းလင်းပြတ်သားသောသတင်းပေးသည့် ခရစ်တော်၏အသံကိုကြားရပါသည်။ အကျိုးရလဒ်အဖြစ် သူ့အားကပ်တိုင်ပေါ်တင်သတ်ပြီး သူထမြောက်လာသည့် အခါ၊ တစ်နေ့အတွင်း ထောင်ပေါင်းများစွာသောသူတို့သည် ပြောင်းလဲလာ ကြပါသည်။ ခရစ်တော်စိုက်ပျိုးခဲ့သောမျိုးစေ့သည် လူတို့၏နှလုံးသားထဲ၌ နက်ရှိုင်းစွာရောက်ရှိပြီး အပင်ပေါက်လာကာ၊ တပည့်တော်များအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးဆင်းသက်လာသောအခါ၊ အသီးအနှံများ ကိုရိတ်သိမ်းနိုင်ခဲ့ပါသည်။ [Ev , 35.2].EvBur 28.1

    တပည့်တော်များတို့သည် နေရာတိုင်းသို့ ဝိညာဉ်တော်တန်ခိုးဖြင့် နှုတ်ကပတ်တော်ကိုဟောပြောသောအခါ၊ သူတို့အားဆန့်ကျင်သူများအပေါ် ကြောက်ရွံ့စိတ်ဖြစ်ပေါ်စေပြီး ဒုက္ခပေးလိုသောအရာများကိုမပြုဝံ့ကြခြင်းမှာ ဘုရားရှင်မှအလုပ်လုပ်နေကြောင်း ထင်ရှားသောအထောက်အထားဖြစ်ပါသည်။ [Ev , 35.3].EvBur 28.2

    များစွာသောလူအများစုရုံးကြသည့်နေရာတိုင်း၌ ကျွန်ုပ်တို့၏ဓမ္မဆရာ တချို့ တက်ရောက်ပါဝင်သင့်ကြသည်။ ပညာသားပါပါဖြင့် ပြောဆိုသမျှကို နားထောင်ခွင့်ရယူပြီး၊ အမှန်တရား၏အလင်းကို သူတစ်ပါးထက်ရနိုင်သရွေ့ ရယူသင့်ကြသည်။ [Ev , 35.4]. စိန့်လူးဝစ်အခင်းအကျင်း၌တင်ပြခဲ့သကဲ့သို့ အခွင့်အရေးတိုင်းကို ပို၍ကျွန်ုပ်တို့ရယူသင့်ပါသည်။ စုရုံးမှုအားလုံးထဲ၌ ဘုရားရှင်အသုံးပြုနိုင်သော သူများပါဝင်သင့်သည်။ လက်ရှိအမှန်တရား၏အလင်းပါရှိသည့်ဝေစာများကို နွေရာသီ၌သစ်ရွက်ကြွေသကဲ့သို့ လူတိုင်း၏လက်ဝယ် ဤဝေစာများရောက်ရှိ သင့်ပါသည်။ ဤစုရုံးခြင်းသို့တက်ရောက်သူများအတွက် ဝေငှလိုက်သော ဝေစာသည် လူအပေါင်းတို့အားကုသသော အသက်ပင်၏အရွယ်များသဖွယ် ဖြစ်ရပါမည်။ [Ev , 36.1].EvBur 28.3

    ကျွန်ုပ်၏ညီအစ်ကိုတို့၊ အခြားသူများတို့အားပေးရန် ဤအရာကို သင်တို့ထံကျွန်ုပ်ပို့ပေးခြင်းဖြစ်သည်။ ပြင်ပသို့ထွက်၍ အမှန်တရားဟောပြော သောသူတို့ကို ဤအမှန်တရားကိုကြွေးကြော်ရန် တာဝန်ပေးအပ်သောဘုရားရှင် မှ ကောင်းချီးချပေးပါလိမ့်မည်။ [Ev , 36.2].EvBur 29.1

    ယခင်နှင့်မတူသောအချိန်ကာလရောက်လာလိမ့်မည်။ ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့အသင်းဝင်များတို့သည် ထ၍လင်းကြရမည်။ အကြောင်းမှာ သူတို့အတွက်အလင်းတရားရောက်လာပြီ၊ ဘုရားသခင်၏ဘုန်း တော်သည် သူတို့အပေါ်မှာထွန်းလင်းလျက်ရှိသည်။ Letter 296, 1904. [Ev , 36.3].EvBur 29.2