Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧဝံဂေလိသတင်းဟောကြားခြင်း၏အမြင့်မားဆုံးပုံစံ

    ကျက်သရေရှိသောဂုဏ်သိက္ခာနှင့်ရိုးသားခြင်းဖြင့် - မြို့ များအထဲ၌ ဘုရားရှင် ၏အမှုတော်ကိုဆောင်ရွက်သောသူတို့သည် လေးနက်တည်ငြိမ်စွာဖြင့် လူတို့ ၏ပညာရေးကို ဆက်ကပ်လုပ်ဆောင်ပေးရပါလိမ့်မည်။ ကြားနာသူများ စိတ်ဝင်စားပြီး ၎င်းစိတ်ဝင်စားခြင်းထဲ၌စွဲမြဲနေစေရန် သူတို့ကြိုးစားလုပ်ဆောင် ချိန်တွင် တစ်ချိန်တည်း၌အခြားစိတ်ထကြွမှုများမပေါ်ပေါက်စေရန် သေချာစွာ သတိဖြင့်ကာကွယ်ကြရမည်။ ပြင်ပယောင်ဆောင်မှုများပြားသော ဤခေတ် ကာလအချိန်၊ လူတို့၏စိတ်ကိုဆွဲဆောင်နိုင်ရန် ပြသမှုတစ်ခုခုလိုအပ်သည် ဟုထင်ရသည့်အချိန်တွင် ဘုရားရှင်ရွေးချယ်သောအမှုဆောင်တို့သည် ဤမလိုအပ်သောလုပ်ရပ်များအတွက် အချိန်နှင့်ငွေကို မိမိတို့လုပ်ငန်းထိရောက် ရန် အသုံးပြုစရာမလိုအပ်ပါ။ ရိုးသားခြင်း၊ နှိမ့်ချခြင်းနှင့်ကျက်သရေရှိသော ဂုဏ်သိက္ခာဖြင့်လုပ်ကိုင်ရာတွင် ပွဲလမ်းသဘင်ပုံစံဟူသရွေ့ကိုရှောင်ရှားကြရ မည်။ ထိုမှသာ သူတို့၏လုပ်ငန်းသည် ကောင်းမွန်သည့်အရာအတွက် တည်တံ့သောဆွဲဆောင်မှုတစ်ခုကိုဖြစ်လိမ့်မည်။ [Ev 66.1]EvBur 66.1

    စည်းဝေးများအတွက် ကြေညာချက်များပြုလုပ်ခြင်းနှင့် ခိုင်မာသော လုပ်ငန်းရှေ့သို့တိုးတက်ရန်ဆောင်ရွက်ခြင်း၌ ငွေကိုစည်းကမ်းတကျသုံးစွဲရန် လိုအပ်သည်မှာ မှန်ကန်ပါသည်။ အကြောင်းမှာ အမှုတိုင်း၊ အားနည်းပုံပေါ် သောသူများ၌သာမက၊ ဘုရားတရားကြည်ညိုလေးစား၍ ယုံကြည်စိတ်ချရသူ များ၌ပင် လိမ်လည်မှုကိုထင်ရှားစွာဖြင့်သော်လည်းကောင်း၊ လျှို့ဝှက်စွာအား ဖြင့်သော်လည်းကောင်း တွေ့ နိုင်ပါသည်။ ပို၍များများဆုတောင်းရန်၊ ပို၍ ခရစ်တော်နှင့်များများတူရန်၊ ပို၍ဘုရားအလိုတော်သို့များများလိုက်ရန် အစရှိ သော ဘုရားအလိုတော်နှင့်ညီသည့်ကျင့်ဝတ်များကို ဘုရားအမှုတော်၌ရှိစေ ရမည်။ ပြင်ပကြွားဝါမှုများနှင့် မလိုအပ်သောငွေကြေးကုန်ကျစေသည့်ဆွဲဆောင် မှုများတို့သည် လုပ်ငန်းကိုမပြီးမြောက်စေနိုင်ပါ။ [Ev 66.2]EvBur 66.2

    တန်ခိုးဖြင့်ဘုရားရှင်၏အမှုတော်ကိုသယ်ဆောင်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် နှစ်ခြင်းမင်္ဂလာခံယူရန်လိုသည်။ ကမ္ဘာကြီးကိုသတိပေးခြင်း ၌ မိမိတို့၏တာဝန်ကိုဆောင်ရွက်ကြမည့် ဘုရားရှင်၏လူတို့အား စွမ်းရည် နှင့်သြဇာကို သူတို့၏အဆင့်သို့ ပေါင်းပေးလိမ့်မည်ကို ကျွန်ုပ်တို့နားလည်ကြ ရမည်။ ကမ္ဘာပေါ်ရှိလူအားလုံးတို့သည် ဥပဒေမဲ့သူများနှင့်အပြစ်ကိုခင်တွယ် သူများမဟုတ်ပါ။ ဗာလဘုရားရှေ့၌ ဒူးမထောက်သောသူများစွာရှိပါသည်။ အားနည်းသောအသင်းတော်များ၌ပင် ဘုရားကိုကြောက်ရွံ့သောသူများစွာရှိပါ သည်။ ထိုသို့မဟုတ်ခဲ့လျှင် သတင်းသယ်ဆောင်ရန်စေခိုင်းမည်မဟုတ်ပါ။ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ” “သူ့အထဲကထွက်ခဲ့ပါ၊ ငါ့လူတို့၊” ရိုးသား သည့်နှလုံးသားရှိသောသူများတို့သည် ကောင်းကင်မှအသက်မုန့်ကိုဆုပ်ကိုင် ထားပါသည်။ ဘုရားရှင်နှုတ်ကပတ်တော်မှဖော်ပြသော သူတို့ထံသို့ယူဆောင် လာသည့် လှပရိုးသားသောဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းစကားကို သူတို့ သိကြလိမ့်မည်။ Testimonies, Vol. 9, pp. 109-111. (1909) [Ev 66.3]EvBur 67.1

    မြို့သစ်ရှိ ဒေသများအတွက်စွမ်းရည်နှင့်ဗဟုသုတရှိအမှုဆောင်များ - ဗဟုသုတ ရှိသောအမှုဆောင်များတို့သည် နေရာသစ်များသို့ဝင်ရောက်လုပ်ကိုင်ရန် တာဝန် ပေးသင့်သည်။ အကြောင်းမှာ သန့်ရှင်း၍ဂုဏ်သိက္ခာရှိသောအလုပ်ကို တည်ငြိမ် စွာထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ကြိုးစားမှုကို အောင်မြင် မည့်အခွင့်အရေး ူရန် ဆိုးသောကောင်းကင်တမန်များတို့သည် စောင့်ကြည့် နေခြင်းကို အမြဲသတိရကြရမည်။ [Ev 67.1]EvBur 67.2

    မြို့ကြီးတို့၌အလုပ်လုပ်ရမည်။ ကြီးစွာသောစုံစမ်းရာကာလတစ်ခု ကျွန်ုပ်တို့ရှေ့၌ရှိနေသည်။ မည်သူမျှဝိညာဉ်များကို အနတ္တမဆုံးရှုံးစေပါနှင့်။ အသက်သရဖူကိုကြိုးစားရယူသူသည် စည်းကမ်းတကျရယူရမည်။ ကျွန်ုပ်တို့ ၏စွမ်းရည်နှင့်ဆုကျေးဇူးများကို ပျက်စီးသောဝိညာဉ်များအတွက်အသုံးပြုရမည်။ ထိုကြောင့် အခြားသူတို့၏ဝိညာဉ်ကိုရရှိရေးအတွက် ခရစ်တော်နှင့်ပူပေါင်း လုပ်ဆောင်ကြရမည်။ ကျွန်ုပ်တို့အားဘုရားသခင်ပေးထားသောအသိတရားနှင့် တန်ခိုးများတို့ကို သူ၏အမှုတော်အတွက်အသုံးပြုခြင်းအားဖြင့် များစွာတိုးပွား လာမည်ဖြစ်သည်။ Manuscript 19, 1910. [Ev 67.2]EvBur 68.1

    ဂုဏ်သိက္ခာ၊ ယဉ်ကျေးသိမ်မွေ့၊ သတိရှိသောအပြုအမူ - ခေတ်အဆက်ဆက် တွင် ဘုရားသခင်၌ သူ၏အမှုတော်ပြီးစီးရန်အတွက်နှင့်ဆောင်ရွက်ရမည့်ပုံစံ ရှိသည်။ ဤခေတ်ကာလတွင် သူ၏အမှုတော်ကို ဂုဏ်သိက္ခာ၊ ယဉ်ကျေး သိမ်မွေ့စွာ၊ သတိရှိသောအပြုအမူဖြင့်ဆောင်ရွက်ရန် ညွှန်ကြားချက်များစွာ ပေးခဲ့ပြီး သူ၏ချမှတ်ထားသောပုံစံအတိုင်း ဆောင်ရွက်ခဲ့သောသူတို့၏ဆောင်ရွက် ခြင်းကို သူသည် ဝမ်းမြောက်ကျေနပ်လျက်ရှိသည်။ Review and Herald, Sept. 14, 1905. [Ev 67.3]EvBur 68.2

    မြင့် ရာအရပ်တစ်ခုပေါ်၌ - ဤကမ္ဘာပေါ်၌ ခရစ်တော်၏သာသနာ့ လုပ်ငန်းလုပ်ဆောင်သည့်နှစ်များတွင် ဘုရားတရားကြည်ညိုသူအမျိုးသမီးများ တို့သည် ခရစ်တော်နှင့်သင်၏တပည့်တော်များဆောင်ရွက်သည့်အလုပ်ကို ပါဝင်ကူညီကြသည်။ အကယ်၍ ဤအမျိုးသမီးများတို့၏ဆောင်ရွက်ချက် များကို ဆန့်ကျင်ဘက်ပြုပါက အမှုတော်လုပ်ငန်းရပ်တန့်သွားမည်ဖြစ်သည်။ သို့သော် အမျိုးသမီးများတို့သည် ခရစ်တော်နှင့်တမန်တော်များတို့ဖြင့် အတူ ပူးပေါင်းဆောင်ရွက်ကြသောအခါ၊ အလုပ်တစ်ခုလုံးကို သံသယရှိခြင်း၏ အထက်မြင့်ရာအရပ်၌ ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ အပြစ်တင်ခြင်း အခွင့်ကိုမတွေ့ရှိရပါ။ လူတိုင်းတို့၏စိတ်သည် တစ်ဦးတစ်ယောက်အပေါ် ထက် နှုတ်ကပတ်တော်အပေါ်ရောက်ရှိကြပါသည်။ အမှန်တရားကို သတိ ပညာဖြင့် ရှင်းလင်းစွာဟောပြောခြင်းကို လူတိုင်းနားလည်ကြပါသည်။ [Ev 67.4]EvBur 68.3

    ဤသတင်းစကား၌ တရားစီရင်ခြင်းသို့ဖိတ်ခေါ်သည့် လှပသော တည်ငြိမ်မှုရှိသည်။ သူတစ်ပါးထံသို့ကျွန်ုပ်တို့ရောက်ရှိစေလိုသည့်အမှန်တရား ကို ကျွန်ုပ်တို့၏သြဇာအားဖြင့် ပျက်စီးစေမည့်အရာများဖြစ်သည့် သူတစ်ပါး ၏စိတ်ကိုထကြွမှုပေးနိုင်သောအရာများကို ကျွန်ုပ်တို့အထဲ၌ရှိစေရန် ကျွန်ုပ် တို့ခွင့်မပြုရပါ။ Manuscript 115, 1908. [Ev 68.1]EvBur 69.1

    သိက္ခာမရှိ သည် နည်းစနစ် ကို ရှောင်ရှားပါ - ငွေကြေးကုန်ကျစရိတ်ကို ကောင်းမွန်စွာထိန်းသိမ်းစဉ် ဘုရားအမှုတော်၏ဂုဏ်သိက္ခာကိုလည်း အမြဲ ထိန်းသိမ်းကြပါစို့။ ဘုရားရှင်၏အမှုတော်ကို တန်ဖိုးမလျော့စေပါနှင့်။ ဘုရားရှင်ထံမှလာသကဲ့သို့ဖြစ်စေပါ။ လူ၏သြဇာမလွှမ်းမိုးပါစေနှင့်။ ဘုရားရှင် ၏သြဇာလွှမ်းမိုးပါစေ။ ယေရှုရှေ့၌ အတ္တစိတ်ပျောက်ကွယ်ပါစေ။ [Ev 68.2]EvBur 69.2

    ကောင်းသောညီအစ်ကိုများတို့၏ ကျဉ်းမြောင်းသောမှားယွင်းသည့် အတွေးအခေါ်များကိုလိုက်လျှောက်ခြင်းကြောင့် ဆုံးရှုံးမှုများစွာရရှိပြီး မိမိတို့ ၏ခြားနားသောလမ်းစဉ်များနှင့်အတွေးအခေါ်များတို့အားဖြင့် အမှုတော်လုပ်ငန်း ကိုနှိမ့်ကျစေသည့်အတွက် အဆင့်မြင့်လူတန်းစားများထံမချဉ်းကပ်နိုင်ကြပါ။ လုပ်ငန်း၏ထင်ရှားပုံသည် မယုံကြည်သူများအတွက် တန်ဖိုးရှိပုံမပေါ်ဘဲ တချို့သောသူတို့သည် မှားယွင်းသောဘာသာရေးယူဆချက်သို့လမ်းလွဲကြကာ သူတို့၏ဆွဲဆောင်မှုအောက်သို့ရောက်သွားကြပါသည်။ ဤရေပန်းစားသော နည်းလမ်းဖြင့်ဆောင်ရွက်ချက်များကို စိတ်ဝင်စားသူများစွာတို့သည် ပျောက်ဆုံး သွားကြပါသည်။ [Ev 68.3]EvBur 69.3

    ကြိုးစားဆောင်ရွက်မှုဟူသရွေ့၌ အလုပ်၏ဂုဏ်သိက္ခာနှင့်တန်ဖိုးကို ထားကြရမည်။ အမှန်တရားနှင့်ဖြောင့်မတ်ခြင်းစည်းမျဉ်းများကို မပျောက်ပျက် စေဘဲ၊ ကျွန်ုပ်တို့၏အထူးကြိုးစားမှုသည် လူတို့၏ကောင်းသောဆန္ဒကိုဖြစ် စေသည့်အခြေအနေသို့ ရောက်ရှိစေရမည်။ သို့သော် မိမိတို့၏နည်းလမ်းကို အသုံးမပြုဘဲ လူတို့ထံချဉ်းကပ်ကြရမည်။ အမှန်တရားဟောပြောသောအခါ၌ ပါးနပ်မှုနှင့်ထိရောက်သောနည်းလမ်းများကို များစွာအသုံးပြုရန်လိုအပ်ပါသည်။EvBur 70.1

    ယုံကြည်ခံယူချက်သည် ကြီးမြတ်သောပုဂ္ဂိုလ်များတို့ ၏စစ်ဆေးမှုကို ခံရမည် - “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။” အမှန်တရားကိုခံယူသောသူအားလုံးတို့သည် အကြီးဆုံးသောသူတို့၏ဝေဖန်မှုကိုခံရလိမ့်မည်။ လောက၌နာမည်အကြီးဆုံး သော ကြီးမြတ်သည့်ပုဂ္ဂိုလ်များ အမှန်တရားကိုသိသောအခွင့်ရကြလိမ့်မည်။ ကျွန်ုပ်တို့ကြုံတွေ့ရသောအခြေအနေအားလုံးတို့၌ သမ္မာကျမ်းစာအားဖြင့် စမ်းသပ် ခြင်းနှင့်ဆန်းစစ်ခြင်းပြုရကြမည်။ ယခုကျွန်ုပ်တို့သတိပြုပုံမပေါ်ပါ။ သို့သော် အမြဲဖြစ်ရမည်မဟုတ်ပါ။ လှုပ်ရှားမှုများတို့သည် ကျွန်ုပ်တို့အား ရှေ့တန်းသို့ ပို့ဆောင်ရန်အလုပ်လုပ်နေပြီး၊ ကျွန်ုပ်တို့၏အမှန်တရားယုံကြည်ခံယူချက်သည် သမိုင်းဆရာများ၊ ကမ္ဘာ့အကြီးဆုံးသောပုဂ္ဂိုလ်များမှကောက်ယူကာ အစိတ်စိတ် အမြွှာမြွှာပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်လိမ့်မည်။ [Ev 69.1]EvBur 70.2

    အမှန်တရားသည် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်တို့ကိုယ်တိုင် သိရှိရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မျှော်လင့်ခြင်းအကြောင်းရင်းကိုလည်း နူးညံ့ သိမ်မွေ့သောခရစ်တော်၏စိတ်သဘောဖြင့် သူတစ်ပါးကိုရှင်းပြနိုင်ရန် ကြွားဝါ ၍နေမြင့်သောစိတ်အားဖြင့်မဟုတ်ဘဲ အဆင်သင့်ရှိရမည်။ တစ်ယောက်တည်း သာလျှင်ရပ်တည်၍ မိမိတို့၏ယုံကြည်ခံယူချက်ကိုပြောရမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ ဘာသာရေးမှားယွင်းမှုများသည် များပြားလာပြီး၊ မာရ်နတ် တန်ခိုးဖြင့်ရောနှောလျက် လူတို့ထံရောက်လာလိမ့်မည်။ ကျမ်းစာ၏အမှန်တရား တစ်ခုတည်းသာလျှင် ငြင်းပယ်၍မရပါ။ [Ev 69.2]EvBur 70.3