Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူထုအာရုံကိုဆွဲဆောင်ခြင်း

    ဆန်းပြားသောနည်းစနစ်များအားဖြင့် - ယနေ့မြို့ ကြီးများအထဲ၌ ပျော်ရွှင် မှုနှင့်ဆွဲဆောင်မှုများစွာရှိနေသောကြောင့် ရိုးရိုးတရားပွဲများဖြင့် လူတို့၏စိတ် ကိုဆွဲဆောင်နိုင်မည်မဟုတ်ပါ။ လူတို့၏စိတ်ဝင်စားမှုကိုရရှိစေရန် ဘုရားရှင် ၏ဓမ္မအမှုဆောင်များတို့သည် သမားရိုးကျထက်ပို၍ ထူးခြားသောကြိုးစား ဆောင်ရွက်ခြင်းကို ပြုလုပ်ရန်လိုအပ်ပါလိမ့်မည်။ လူထုကြီးကိုအောင်မြင်စွာ စုရုံးနိုင်သောအခါ ထူးခြားသောသတင်းစကားကိုတင်ဆက်ခြင်းအားဖြင့် လူတို့ ၏စိတ်ကိုနှိုးကြွစေပြီး သတိပေးသွားရပါမည်။ အမှုဆောင်များသည် နည်းလမ်း ဟူသရွေ့ကိုအသုံးပြုကာ အမှန်တရား၏သတင်းစကားကို ရှင်းလင်းပြတ်သားစွာ ပြောနိုင်ရန် တီထွင်ကြရမည်။ Testimonies, vol. 9, 109. (1909). [Ev 122.3]EvBur 137.2

    အသစ်သောစီမံ ကိန်းများကို တီထွင်ပါ - သခင်၏စပျစ်ဥယျာဉ်ခြံထဲ၌ လုပ်ဆောင်နေကြသောအမှုဆောင်အားလုံးတို့သည် လူတို့ရှိသောနေရာများသို့ သွားရောက်ဟောပြောနိုင်ရန်လေ့လာခြင်း၊ စီမံခြင်း၊ နည်းစနစ်များတီထွင် ခြင်းများကို ပြုလုပ်ကြရမည်။ ရိုးရိုးလုပ်ဆောင်မှုများအထဲမှ ခြားနားသော အရာတစ်ခုခုပြုလုပ်ကြရမည်။ လူတို့၏အာရုံကိုဆွဲဆောင်ကြရမည်။ လုံးလုံး လျားလျားကြိုးစားအားထုတ်လုပ်ဆောင်ကြရမည်။ ကျွန်ုပ်တို့သည် တစ်ခါမျှ မစဉ်းစားမိသောဒုက္ခများနှင့် ရှုပ်ထွေးမှုများ၏အချိန်ကာလသို့ရောက်ရှိနေကြ ပါပြီ။ Letter 20, 1893. [Ev 122.4]EvBur 138.1

    အားနည်းစနစ်အမျိုးမျိုးကိုခရစ်တော်အသုံးပြုသည် - လုပ်ငန်းလုပ်ဆောင်သော ခရစ်တော်၏နည်းစနစ်များ၌ ကျွန်ုပ်တို့သည် တန်ဖိုးရှိသောသင်ခန်းစာများကို ရယူနိုင်သည်။ ခရစ်တော်သည် နည်းစနစ်တစ်ခုတည်းကိုသာအသုံးမပြုပါ။ လူထုကြီး၏အာရုံကိုဆွဲဆောင်နိုင်ရန် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး လူထု ကြီးအား ဧဝံဂေလိအမှန်တရားများကိုဟောပြောပါသည်။ Review and Herald, Jan. 17, 1907. [Ev 123.1]EvBur 138.2

    ရိုးသားမှုသည်အများသောသူတို့ ကိုဆွဲဆောင်သည် - ခရစ်တော်၏ကရုဏာ သတင်းစကားသည် သူ၏ပရိသတ်များနှင့်ဆီလျော်ရန် အမျိုးမျိုးရှိသည်။ “မောပန်းသောသူအား မည်ကဲ့သို့သောစကားပြောရမည်ကို” သူသိသည်။ အမှန်တရား၏ဘဏ္ဍာများကို လူများတို့အားအကောင်းဆုံးသောဆွဲဆောင်မှု နည်းဖြင့်ပြောရမည်ကို သူ၏နှုတ်၌ကျေးဇူးတော်သွန်းလောင်းပေးလျက်ရှိသည်။ ဆန့်ကျင်သောသူများတို့ကိုရင်ဆိုင်ရန် သူ၌နည်းလမ်းရှိပြီး အံ့ဖွယ်ပုံပမာဖြင့် သူတို့၏အာရုံကိုဆွဲဆောင်နိုင်သည်။ စဉ်းစားဉာဏ်အားဖြင့်သူတစ်ပါး၏နှလုံး ကို ခရစ်တော်သိသည်။ သူ၏ပုံပမာများကို နေ့စဉ်အသက်တာ၏အဖြစ်အပျက် များမှရယူပြီး လွယ်ကူစွာနားလည်နိုင်သော်လည်း နက်ရှိုင်းပြီးအံ့သြဖွယ် အဓိပ္ပါယ်နှင့်ပြည့်ဝသည်။ ပျံသန်းလျက်ရှိသောကျေးငှက်များ၊ လယ်ပြင်၌ ဖူးပွင့်လျက်ရှိသောပန်းများ၊ မျိုးစေ့၊ သိုးထိန်းနှင့်သိုး ဤအရာများအားဖြင့် တည်မြဲသောအမှန်တရားကို ခရစ်တော်ဖော်ပြသည်။ ဤသဘာဝအရာများကို တွေ့မြင်ခွင့်ရရှိသည့် သူ၏တရားနာပရိသတ်များတို့သည် သူ၏ပြောသော အရာများကို အမြဲသတိရလျက်ရှိသည်။ ခရစ်တော်၏ပုံပမာများသည် သူ၏ သင်ခန်းစာများကို အမြဲပြန်လည်၍ထပ်မံပြောဆိုနေပါသည်။ [Ev 123.2]EvBur 138.3

    ခရစ်တော်သည် မည်သည့်အခါမျှလူတို့ကိုမြှောက်ပင့်ပြောဆိုခြင်း မပြုပါ။ လူတို့၏ကောင်းသောအရာနှင့်တွေးတောသောအရာများကိုချီးမြှင့်ရန် ခရစ်တော်မည်သည့်အခါမျှမပြောပါ။ သူတို့၏ကျွမ်းကျင်သောတီထွင်ကြံဆ မှုကိုလည်း မချီးမွမ်းပါ။ သို့သော် သူ၏သွန်သင်ချက်များကို အတွေးအခေါ် ရှိသူများတို့မှလက်ခံပြီး ကောင်းသောဉာဏ်ပညာကိုရယူကြသည်။ လွယ်ကူ သောဘာသာစကားအားဖြင့် ခရစ်တော်ဖော်ပြသည့် ဝိညာဉ်ရေးအမှန်တရား ကို သူတို့အံ့သြကြသည်။ အမြင့်ဆုံးသောပညာသည်များတို့သည် ခရစ်တော် ၏စကားကိုနှစ်သက်ကြပြီး ပညာမဲ့သူများတို့လည်း အမြဲတစေအကျိုးကိုခံစား ကြရပါသည်။ စာမတတ်သူများအတွက် သူ၌သတင်းစကားရှိသည်။ ထို့ပြင် ဘုရားတရားမရှိသောတစ်ပါးသူများတို့အတွက်ပင်လျှင် နားလည်နိုင်ရန် သူ၌ သတင်းစကားရှိသည်။ [Ev 123.3]EvBur 139.1

    သူ၏နူးညံ့သိမ်မွေ့သောမေတ္တာသည် ပင်ပန်းနွယ်နယ်သောသူတို့ အပေါ် မိမိတို့၏စေတနာကိုကုသသည့် တို့ထိမှုသဖွယ်ကျရောက်ပါသည်။ အမျက်ဒေါသထွက်သောရန်သူများတို့၏ဆူပူမှုကိုပင် သူ၏ငြိမ်သက်ခြင်း ပတ်ဝန်းကျင်လေထုများဖြင့် ဝန်းရံထားပေးပါသည်။ လှပသောသူ၏ရုပ်ရည်၊ သဏ္ဌာန်၊ ချစ်ဖွယ်သောသူ၏ စာရိတ္တနှင့် . အားလုံးအထဲ၌သူဖော်ပြသော အကြည့်နှင့် ပြောဆိုသောအသံတို့သည် စိတ်နှလုံးခိုင်မာ၍ မယုံကြည်သူ အားလုံးတို့ကို သူ့ထံသို့ဆွဲယူနိုင်ခဲ့ပါသည်။ ဤကဲ့သို့ချိုသာခြင်း၊ သနားခြင်း မဟုတ်ပါ။ သူ့ထံသို့လာသောဒုက္ခသည်များတို့သည် ခရစ်တော်သူတို့ကို ၏အပြောနှင့်အကြည့်များမရှိခဲ့ပါက ဤလူအုပ်ကြီးကို သူ့ထံသို့ဆွဲခေါ်နိုင်မည် စိတ်ဝင်စားပြီး သစ္စာရှိ၍နူးညံ့သောမိတ်ဆွေတစ်ဦးကဲ့သို့ သူတို့ခံစားကြရပြီး သူသင်ကြားသောအမှန်တရားများကို ပို၍နားထောင်လိုသောဆန္ဒရှိလာကြပါ သည်။ ကောင်းကင်နီးကပ်နေသကဲ့သို့ဖြစ်သည်။ ခရစ်တော်နှင့်အတူ သူတို့ နေထိုင်လိုကြသည်။ အားပေးသောသူ၏မေတ္တာကို သူတို့နှင့်အတူအမြဲရှိပြီး ခံစားလိုကြသည်။ The Desire of Ages, p. 254. (1898),[Ev 124.1]EvBur 139.2

    များစွာသောသူတို့ကိုဆွဲဆောင်ခြင်းနှင့်ထိန်းသိမ်းခြင်း - ခရစ်တော်၏သင်ကြား ပုံကိုလေ့လာပြီး သူ၏လမ်းသို့လိုက်ရန် မိမိတို့၏ကိုယ်ကိုပညာပေးသောသူ တို့သည် ယခင်အချိန်ခရစ်တော်ဆောင်ရွက်သကဲ့သို့ လူအုပ်ကြီးကိုယခုအချိန် ၌ဆွဲဆောင်နိုင်ကြမည်ဖြစ်သည်။ အမှန်တရားကိုလက်တွေ့ ကျသောစာရိတ္တ ဖြစ်သည့် သူတို့ကိုချစ်ကြောင်း သူတို့သိရှိကြသည့်အခါ ဘုရားသခင်၏ဝိညာဉ် တော်သည် သူတို့၏စိတ်နှလုံးကိုနှိုးဆော်ကာ သူတို့သည် ယုံကြည်လာကြ ပါလိမ့်မည်။ [Ev 124.2]EvBur 140.1

    နှိမ့်ချခြင်းသဘောကိုယူတင်ဝတ်ဆင်ပါ။ ဘုရားသခင်၏ကောင်းကင် တမန်များ သင်တို့၏အနားသို့ နီးကပ်စွာလာရောက်ပြီး သူတို့၏စိတ်နှလုံးကို နှိုးဆော်ရန်ဆုတောင်းပါ။ အကြောင်းမှာ ဝိညာဉ်တော်ကိုသင်အသုံးပြု၍မရ ပါ။ ဝိညာဉ်တော်သည် သင့်ကိုအသုံးပြုရပါမည်။ ဆွဲဆောင်မှုရှိသောအမှန် တရားကို ဝိညာဉ်တော်မှပြုပြင်ပေးသည်။ လူတို့၏ရှေ့၌ လက်တွေ့ကျသော အမှန်တရားကို အမြဲထားရှိပါ။ Testimonies, vol. 6, p. 57. (1900),EvBur 140.2

    တချို့နေရာများ၌မထင်မမှတ်သောချဉ်းကပ်ခြင်း၏အကျိုး - ကျွန်ုပ်တို့ဘာလုပ် ကြမည်ကို အများသိရှိရန်ဖော်ပြခြင်းသည် အကောင်းဆုံးအစီအစဉ်မဟုတ် ကြောင်း ဘုရားသခင်ထံမှကျွန်ုပ်အလင်းရရှိသည်။ အကြောင်းမှာ ကျွန်ုပ်တို့ ဆောင်ရွက်လိုသောအရာကို အသိပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ရန်သူသည် ကျွန်ုပ်တို့၏လမ်းကိုတားဆီးလိမ့်မည်။ ဓမ္မအမှုဆောင်များတို့သည် အမှန်တရား ၏သတင်းကိုဆန့်ကျင်ရန် နယ်ဒေသသို့ခေါ်ခြင်းကိုခံရတတ်ပါသည်။ သတိ ပေးခြင်းများကို တရားပလ္လင်ပေါ်မှ အသင်းသူအသင်းသားများတို့အား မြော်လင့်ခြင်းအသင်းတော်၏ ဆောင်ရွက်ရမည့်အလုပ်ကိုပြောပြပါ။ [Ev 125.1]EvBur 140.3

    ဘုရားသခင်ထံမှ ကျွန်ုပ်ရရှိသောအလင်းကို ကျွန်ုပ်၏ညီအစ်ကို များသို့ သတိပေးစကားပြောရမည်။ ခေါင်းဆောင်များ မိမိတို့၏လှုပ်ရှားမှ များကို လျှို့ဝှက်စွာမထားဘဲ ရန်သူများမှသိရှိကြပြီး ၎င်းအတိုင်းပုံတူကူးချ ရန် ခွင့်ပြုကြမည်လား။ အကယ်၍ ရန်သူအနေဖြင့် သူတို့၏လှုပ်ရှားမှုများကို နားမလည်ခဲ့ပါသော် သူတို့၌အကျိုးကျေးဇူးရှိပါလိမ့်မည်။ [Ev 125.2]EvBur 141.1

    ကျွန်ုပ်တို့သည် နယ်မြေကိုကောင်းမွန်စွာလေ့လာပြီး နေရာတိုင်း၌ နည်းစနစ်တစ်ခုတည်းကိုသာအသုံးပြုရန် မစဉ်းစားသင့်ပါ။ အကယ်၍ ကျွန်ုပ် တို့သည် လိမ္မာပါးနပ်စွာလုပ်ဆောင်ကြပြီး ကြွားဝါခြင်းမရှိ၊ ရန်သူကိုစိန်ခေါ် တုံ့ပြန်ရာ၌ ရပ်တန့်ခြင်းမရှိ၊ အကယ်၍ အမှန်တရားကို တစ်ခုပြီးတစ်ခု ဖော်ပြပြီး အရေးအကြီးဆုံးသောဝိညာဉ်အတွက် ခိုင်မာသည့်အမှန်တရားကို တင်ပြမည်ဆိုလျှင် အောင်မြင်မှုကို ဘုရားသခင်တာဝန်ယူသွားပါလိမ့်မည်။ [Ev 125.3]EvBur 141.2

    စောင့်ဆိုင်းပါ။ စခန်းအစည်းအဝေးအချိန်ရောက်လာသောအခါ တဲများကိုထိုးကြပါ။ လျင်မြန်စွာဆောက်ပြီး အစည်းအဝေးအတွက်သတင်း ကြေညာပါ။ ယခင်အချိန်၌သင်ပြုလုပ်ခဲ့သောအစီအစဉ်အတိုင်းထပ်မံ၍ ၎င်း နည်းကိုအသုံးပြုရန်မလိုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့လိုက်လျှောက်ရန် အတွက် အသစ်သောနည်းစနစ်နှင့်အသုံးမပြုရသေးသောနည်းစနစ်ရှိပါသည်။ လူတို့အတွက်မထင်မမှတ်သောနည်းလမ်းဖြင့် လုပ်ဆောင်မှုများကိုပြုလုပ်ကြ ပါ။ Manuscript 121, 1897. [Ev 125.4]EvBur 141.3

    ပါးနပ်သောနည်းစနစ်၊ လိမ်လည်ခြင်းမဟုတ် - အမှန်တရားအားလုံးကို မယုံကြည်သူများတို့အား အခွင့်အရေးရရှိတိုင်းနှင့်နေရာတိုင်း၌ပြောရမည်ဟု ခံစားစရာမလိုပါ။ ပြောရမည့်အရာနှင့်မပြောရမည့်အရာများကို ကြိုတင်စီစဉ် ပါ။ ရှင်ပေါလုဆောင်ရွက်ခဲ့သည့်အတိုင်း ဆောင်ရွက်ကြရမည်။ ရှင်ပေါလု ထားသင့်ပါသည်။ ဤအလုပ်သည် လိမ်လည်လှည့်ဖြားခြင်းအလုပ်မဟုတ် ပြောခဲ့သည်မှာ၊ “ပါးနပ်ပါ၊ လိမ်လည်မှုမပါစေပါနှင့်။”EvBur 141.4

    သင်၏အလုပ်ကိုအမျိုးမျိုးလုပ်ဆောင်ရမည်။ နည်းလမ်းတစ်ခုတည်း ကိုသာ အချိန်တိုင်းနှင့်နေရာတိုင်း၌အသုံးပြုရမည်ဟု သင်မထင်ပါနှင့်။ သင်၏ နည်းလမ်းများသည် အောင်မြင်ပုံပေါ်လိမ့်မည်။ သို့သော် ပါးနပ်စွာဖြင့် မြွေနဂါး၏ပညာကိုအသုံးပြုပါက သင်၏လုပ်ငန်းသည် ပို၍အကျိုးများကို ခံစားရလိမ့်မည်။ Letter 12, 1887. [Ev 125.5]EvBur 142.1

    ညံ့ဖျင်းသောအခန်းကြေညာခြင်းများမအောင်မြင် - အကယ်၍ကျွန်ုပ်တို့၏ ညီအစ်ကိုများတို့သည် သင့်လျော်၍လုံခြုံသောလူအများစုရုံးစေနိုင်သည့်ခန်းမ ဆောင်တစ်ခုကိုရရှိပါက ဟောပြောသံကိုပရိသတ်များကောင်းမွန်စွာကြားရ လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သို့သော် သူတို့သည် များများမမျှော် လင့်သောကြောင့် များများမရရှိခြင်းဖြစ်သည်။ တရားပွဲအစည်းအဝေးကို မြေအောက်ခန်း၊ သို့မဟုတ် လူတစ်ရာခန့်ဆန့်သည့် အခန်းငယ်ကလေး၌ ကျင်းပမည်ဟုကြေညာခဲ့သော်၊ လူတို့အတွက်ရေပန်းမစားသောအမှန်တရား ကို လူများများလာရောက်နားထောင်လိမ့်မည်ဟု မျှော်လင့်၍မရပါ။ သူတို့ ယုံကြည်ခြင်းမရှိသောကြောင့် ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် တစ်ခါတစ်ရံ မိမိတို့ကိုယ်တိုင်သာလျှင် မိမိတို့၏လုပ်ငန်းကိုခက်ခဲစေပါသည်။ Historical Sketches, p. 200. (1886). [Ev 126.1]EvBur 142.2

    ဘုရားသခင်၏ကိုယ်တိုင်လမ်းအတိုင်း - ပြင်ပပြသခြင်းအားဖြင့် လူတို့ သည် ကျွန်ုပ်တို့ဟောပြောသောအမှန်တရားကို သိရှိနားလည်ရမည်မဟုတ် ပါ။ ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် ငွေကြေးအသုံးပြုရာ၌ တိကျမှုရှိ ရမည်။ ငွေကြေးသုံးဖြုန်းခြင်းအားလုံးကို ဘုရားသခင်တားမြစ်သည်။ ကျွန်ုပ် တို့လက်တွင်းရှိ အသုံးပြုရန်ငွေများကို ချွေတာစွာဖြင့်သုံးစွဲရမည်။ ကြီးကျယ် သောပြသမှုများကိုမပြုလုပ်ရပါ။ ဘုရားသခင်၏ငွေကို သူ၏လမ်းစဉ်အတိုင်း သူ၏အမှုတော်အတွက် ဤကမ္ဘာတွင်အသုံးပြုဆောင်ရွက်သွားကြရမည်။ Letter 107, 1905. [Ev 126.2]EvBur 142.3

    ပြသခြင်းသည်ညံ့ဖျင်းသောကြေညာခြင်း - မြို့ကြီးများကိုသတိပေးရမည်။ သို့သော် ကျွန်ုပ်ညီအစ်ကိုတို့၊ ဤလုပ်ငန်း၌သင်အသုံးပြုသောနည်းစနစ်အားလုံး သည် မမှန်ကန်ပါ။ ငွေအားလုံးကို လွတ်လွတ်လပ်လပ်လူတို့၏အာရုံကို ဆွဲဆောင်နိုင်ရန် သင်နှစ်သက်သလိုအသုံးပြုနိုင်သည်ဟု သင်ထင်နေသည်။ သို့သော် ဘုရားရှင်၏စပျစ်ဥယျာဉ်များစွာရှိကြောင်းနှင့် ၎င်းနေရာများတို့၌ လည်း အလုပ်လုပ်နိုင်ရန် ငွေကြေးလိုအပ်ကြောင်းသင်သတိရပါ။EvBur 143.1

    သင်၏အစည်းအဝေးအတွက်ကြော်ငြာခြင်းကို ခမ်းနားထည်ဝါစွာ အကုန်အကျခံပြုလုပ်ခြင်းနှင့် အခြားလုပ်ငန်းများ၌လည်း ထိုကဲ့သို့ပြုလုပ်ခြင်း ကို ဘုရားသခင်မနှစ်သက်ပါ။ ဤကဲ့သို့ပြသခြင်းမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ရှိသော စည်းမျဉ်းဥပဒေနှင့်မညီညွတ်ပါ။ စရိတ်ကြီးသော ပြင်ဆင်မှုများအားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို မထင်ရှားစေပါ။ တစ်ခါတစ်ရံ သင်ဆောင်ရွက်သောအရာသည် ဟင်းအိုးထဲ၌ဘူးသီးအရိုင်းကိုထည့်သကဲ့သို့ ကျွန်ုဗ်အတွက်ပုံဆောင်ပါသည်။ ဤပြင်ပဆင်ယင်ပြသမှုမျိုးသည် အမှန်တရား ၏အရသာကို လွန်ကဲစေပါသည်။ လူကိုသာချီးမြှင့်ပြီး အမှန်တရားကို တိုးတက်စေခြင်းမရှိ၊ ရပ်တန့်စေပါသည်။ အသိတရားရှိသောသူတို့သည် ဤကဲ့သို့ပွဲလမ်းသဘင်ဆန်သောဆောင်ရွက်မှုများတို့ကို တွေ့မြင်ကြသောအခါ၊ ကျွန်ုပ်တို့၏ထမ်းဆောင်သော လေးနက်သည့်အမှန်တရားနှင့်မဆီလျော်ကြောင်း နားလည်ကြမည်ဖြစ်သည်။ Letter 190, 1902. [Ev 127.1]EvBur 143.2

    အာစရိက်ကြီးသောနည်းစနစ်များမှစိတ်ပျက်ဖွယ်ရာအကျိုးများ - သင်၏အစည်း အဝေးအတွက် ကြော်ငြာစရိတ်ကိုလျှော့လိုက်ပြီး .အကယ်၍ စည်းဝေးအချိန် ၌ကောက်ခံရရှိသောအလှူငွေများရရှိပါက ၎င်းငွေကိုနေရာသစ်များ၌ သင်၏ တရားပွဲများအတွက်အသုံးပြုပါ။ [Ev 127.2]EvBur 143.3

    အကယ်၍သင်ရှောင်ရှားနိုင်ပါက ကမ္ဘာ့အဆိုကျော်များကိုမငှားပါနှင့်။ အသင်းသားများအထဲမှ ဝိညာဉ်တန်ခိုးပါပြီး ကရုဏာနှင့်ပြည့်ဝသောအဆို သည်များကိုစုရုံး၍သီဆိုစေပါ။ အပိုခင်းကျင်းပြသသောအရာများကိုပြုလုပ် ခြင်းသည် ရှောင်ရှား၍မရသော မလိုအပ်သည့်ကုန်ကျစရိတ်ကိုဖြစ်စေပြီး၊ ၎င်းကုန်ကျစရိတ်အတွက် ညီအစ်ကိုများကိုတောင်းခံရန်မသင့်ပေ။ ထိုနောက် လာမည့်အချိန်များ၌ မယုံကြည်သူများ ဤကုန်ကျစရိတ်များကိုပေးလိုသော ဆန္ဒမရှိကြောင်း သင်တွေ့ ရလိမ့်မည်။ [Ev 127.3]EvBur 143.4

    ဆက်လက်၍အမှုတော်လုပ်ငန်း၌ စရိတ်ကြီးသောစနစ်ကိုအသုံးမပြု ရန် သင့်ကိုကျွန်ုပ်တောင်းပန်ပါသည်။ ဤစနစ်များကို ဘုရားသခင်မထောက်ခံ ကြောင်း သင့်ကိုကျွန်ုပ်ပြောရမည်။ ဤနည်းစနစ်များဖြင့် သင်ဆောင်ရွက် သောအလုပ်သည် ပြီးမြောက်မည်မဟုတ်ပါ။ Letter 51, 1902. [Ev 127.4]EvBur 144.1

    ဘုရားသခင်ကိုသာအမှီပြုရမည် - ကျွန်ုပ်တို့၌ရှိသောအတွေးအခေါ်ထက် ကောင်းကင်သားများတို့သည် ပို၍အတွေးအခေါ်ရှိပြီး ဝိညာဉ်များပြောင်းလဲ ရန် သူတို့ပြုလုပ်နိုင်ပါသည်။ ကောင်းကင်စေတမန်များတို့နှင့်ညီညွတ်စွာ ကျွန်ုပ်တို့အလုပ်လုပ်လိုပါသည်။ ဘုရားသခင်ကိုကျွန်ုပ်တို့ပို၍လိုအပ်ပါသည်။ ကျွန်ုပ်တို့၏အပြောအဆို၊ ကျွန်ုပ်တို့၏တရားဟောခြင်းအားဖြင့်သာ လုပ်ကိုင် ဆောင်ရွက်ရန်ထင်မြင်ခြင်းကိုအလိုမရှိပါ။ ဘုရားသခင်အားဖြင့် လူတို့ကို ဆွဲဆောင်ခြင်းမပြုပါက မည်သို့မျှကျွန်ုပ်တို့ဆောင်ရွက်၍မရကြောင်း ကျွန်ုပ် တို့ခံစားလိုပါသည်။ Manuscript 19b, 1890. [Ev 127.5]EvBur 144.2

    ချဉ်းကပ်ပုံစနစ်ကိုလေ့လာပါ - ခရစ်တော်ထံသို့ ဝိညာဉ်များကိုပို့ဆောင် ခြင်းအလုပ်သည် ပြင်ဆင်မှုကိုသေချာစွာပြုလုပ်ရန်လိုသည်။ ဘုရားသခင်၏ အမှုတော်၌လိုအပ်သော သင်တန်းမရရှိသောသူများ ဝင်ရောက်လုပ်ကိုင်၍ မရပါ။ ဝင်ရောက်လုပ်ကိုင်ပါက အမြင့်ဆုံးသောအောင်မြင်မှုရရှိရန် မျှော်လင့် ၍မရပါ။ ကောင်း၍ခိုင်ခံ့သောအဆောက်အဦတစ်ဆောင်ဆောက်လုပ်နိုင်ရန် မည်ကဲ့သို့စီစဉ်ရန်လိုအပ်ကြောင်း၊ အချိန်မည်မျှယူရကြောင်းကို သင့်အား ဗိသုကာဆရာပြောပြပါလိမ့်မည်။ ထိုနည်းအတိုင်း ဘုရားအမှုတော်၌ဆောင်ရွက် သောသူများအားလုံး လိုက်လျှောက်ကြရမည်။ ခရစ်တော်၏အစေခံများအနေဖြင့် ဝီရိယနှင့်လုပ်ငန်းကိုပြင်ဆင်မှုမပြုဘဲနေရမည်လား။ ဝိညာဉ်များကိုအောင်မြင် ရန်အတွက် လိုက်လျှောက်ရမည့်နည်းလမ်းများနှင့်ငွေကြေးများတို့ကို သူတို့ လျစ်လျူရှုကြရမည်လား။ လူသားများတို့၏ထာဝရကိစ္စအတွက် မည်ကဲ့သို့ သူတို့ထံချဉ်းကပ်ရမည်ကိုသိရန်၊ လူတို့၏ဗီဇကိုသိရန်၊ နီးကပ်စွာလေ့လာရန်၊ သေချာစွာစဉ်းစားရန် ကြိုးစားဆုတောင်းရန်လိုအပ်ပါသည်။ Gospel Work- ers, p. 92. (1915) [Ev 128.1]EvBur 144.3