Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာလုပ်ငန်း၌အမျိုးသား၊ အမျိုးသမီးအားလုံးပါဝင်

    တိကျသောအလုပ်တစ်ခုအတွက်စုပေါင်းစွမ်းရည်များ — ကြီးမား၍တိကျသော အလုပ်တစ်ခုကို ဆောင်ရွက်ရန်ရှိသောအခါ၊ ဘုရားသခင်သည် ဤအလုပ်ကို လုပ်ဆောင်ရန် အမျိုးသားနှင့်အမျိုးသမီးများတို့ကိုရွေးချယ်ပြီး၊ အကယ်၍ စွမ်းရည်များတို့ကို ပေါင်းစည်းခြင်းမပြုပါက အောင်မြင်ခြင်းမရှိကြောင်းခံစား ရပါလိမ့်မည်။ Letter 77, 1898. [Ev 469.1]EvBur 612.1

    အမျိုးသမီးများနှင့်အမျိုးသားများတို့ပါ ဖုံးကွယ်လျက်ရှိသောအမှန် တရားကို ပေါ်လွင်ထင်ရှားစေရန် ပါဝင်လုပ်ဆောင်နိုင်ကြပါသည်။ Test monies, vol. 9, p. 128. (1909) [Ev 469.2]EvBur 612.2

    အမျိုးသမီးတချို့ကို ကျမ်းစာအလုပ်၌သင့် လျော်စေသည် - ကျမ်းစာသင်ပေး ခြင်းလုပ်ငန်းအတွက် အထူးသင့်လျော်စေသောအမျိုးသမီးများရှိပြီး ဘုရားသခင် ၏နှုတ်ကပတ်တော်ကို သူတစ်ပါးထံသို့ ရိုးစင်းစွာဟောပြောခြင်းအားဖြင့် များထံသို့ ရောက်ရှိဟောပြောခြင်းကြောင့် သူတို့သည် သူတစ်ပါးအတွက် သူတို့အလွန်အောင်မြင်စွာဆောင်ရွက်နိုင်ကြသည်။ မိခင်များနှင့်သူတို့၏သမီး ကြီးမားသောကောင်းချီးမင်္ဂလာတစ်ပါးဖြစ်လာပါသည်။ ဤအလုပ်သည် သန့်ရှင်းသောအလုပ်ဖြစ်ပြီး ဤအလုပ်၌ပါဝင်သောသူတို့ကို အားပေးသင့် သည်။ Letter 108, 1910. [Ev 469.3]EvBur 612.3

    လူမျိုးခြားအမျိုးသမီးများကိုအလုပ်၌ခေါ်ယူခြင်း - ဤအရပ်ဒေသ၏လိုအပ် ချက်များ ကျွန်ုပ်အပေါ်ဖိစီးလာသည်မှာ နောက်ကျနေပါသည်။ ကျွန်ုပ် အနည်းငယ်သာအိပ်ပျော်ခဲ့သည်။ ဆေးသာသနာ့လုပ်ငန်းကို ဤလူမျိုးများ တို့အထဲ၌ သူနာပြုခြင်း၊ ချက်ပြုတ်ခြင်းနှင့် အခြားအရေးကြီးသောလုပ်ငန်း များလုပ်ဆောင်နိုင်ခြင်းတို့၌ သင်တန်းရရှိသူများဆောင်ရွက်ကြရမည်။ ၎င်းလူမျိုးအထဲ၌ ဆရာများ၊ ကျမ်းစာအမှုထမ်းများနှင့်ဓမ္မစာပေဖြန့်ချိရေးသမား များအဖြစ်ဆောင်ရွက်နိုင်ရန် သူတို့ကိုသင်တန်းပေးရမည်။ Letter 221, 1904. [Ev 469.4]EvBur 613.1

    လူမျိုးခြားအမျိုးသားများတို့ ကို သင်တန်းပေးခြင်း - လူမျိုးခြားအမျိုးသားများ တို့ကို ကျမ်းစာသင်တန်းပေးခြင်းနှင့် တဲအစည်းအဝေးကျင်းပခြင်းများတို့ကို မိမိတို့၏လူများအထဲ၌ပြုလုပ်နိုင်ရန် သေချာစွာပညာပေးခြင်းနှင့်သင်တန်းပေး ခြင်းကို ပြုလုပ်ပေးရမည်။ ဤလုပ်ငန်းအတွက်ပြင်ဆင်ပေးသင့်သည့် စွမ်းရည် ရှိသူများရှိကြပါသည်။ Testimonies, vol. 9, p. 207. (1909)EvBur 613.2

    ဝိညာဉ်ခွန်အားရှိသောအမျိုးသားများအားဖြင့်ကျမ်းစာသင်တန်းပေးခြင်း - သင်သည် အဓိကကျသည့်သမ္မာကျမ်းစာ၏စစ်မှန်သောအမှန်တရားများ၊ ခရစ်တော်ကျေးဇူး တော်၏အမှန်တရားများတို့ကိုဟောပြောသည်နှင့်အညီ နှလုံးသားများတို့ကို ထိခိုက်စေပြီး ဝိညာဉ်များပြောင်းလဲလာကြသည်။ ယခုသင်နှင့်ဆက်သွယ် လျက် သင်နှင့်အတူလုပ်ဆောင်ရန် ဝိညာဉ်ခွန်အားနှင့်ပြည့်ဝသောအမျိုးသား များ၊ သင်နှင့်လက်တွဲလျက် နေ့အချိန်၌အသစ်ပြောင်းလဲသူများတို့နှင့် ကျမ်းစာ လေ့လာခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ထံ မည်ကဲ့သို့အသက်တာကိုအပ်နှံ ခြင်းများတို့ကိုပြောပြပြီး အမှန်တရား၌ ဤဝိညာဉ်များတို့သည် လုံးလုံးလျားလျား နှင့်တည်တံ့ခိုင်မြဲခြင်းရှိစေရန်ဖြစ်သည်။ ကိုယ်တိုင်ညွှန်ကြားချက်ကို ကိစ္စများ စွာ၌သူတို့လိုအပ်နေပါသည်။ Letter 376, 1906. [Ev 470.1]EvBur 613.3

    ထိုကျမ်းစာအလုပ်အတွက်အမျိုးသားအမျိုးသမီးများတို့ ကို သင်တန်းပေးခြင်း - ဆရာကြီးဟပ်(စ)စခဲလ် (Haskel) နှင့်ဇနီး မွန်းတည့်မတိုင်မီအချိန်၌ ကျမ်းစာ လေ့လာခြင်းအစီအစဉ်ကိုကျင်းပပြီး မွန်းလွဲပိုင်းအချိန်တွင် သင်တန်းတက် သောအမှုဆောင်များ ပြင်သို့ထွက်၍ တစ်အိမ်မှတစ်အိမ်သို့ အလည်အပတ် ပြုကြသည်။ ဤသာသနာလည်ပတ်ခြင်းနှင့် စာအုပ်များ၊ မဂ္ဂဇင်းများရောင်းချ ခြင်းသည် ကျမ်းစာဖတ်ရှုလေ့လာခြင်းကျင်းပရန်အတွက် လမ်းဖွင့်ပေးစေပါ သည်။ အမျိုးသား၊ အမျိုးသမီးအရေအတွက် (၄ဝ) ခန့် နံနက်အစီအစဉ်ကို တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းလုပ်ငန်း၌လည်း များစွာပါဝင်လုပ်ဆောင်ကြ သည်။ Review and Herald, Nov. 29, 1906. [Ev 470.2]EvBur 613.4