Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မှော်ဝိညာဉ်အတတ်ပညာအမျိုးမျိုး

    ကမ္ဘာကြီးဖမ်းဆီးခြင်းခံရလုပြီ - မှော်အတတ်ပညာအယူဝါဒသည် ကမ္ဘာ ကြီးကိုလွှမ်းမိုးလုပြီ။ မှော်အတတ်ပညာအယူဝါဒသည် လိမ်လည်ခြင်းအားဖြင့် စွဲကိုင်ထားသောအရာဟုထင်ကြသော်လည်း ၎င်းအရာသည် အမှန်တရားနှင့် ဝေးကွာလျက်ရှိသည်။ သာမန်သူထက်သာလွန်သောတန်ခိုးသည် နည်းလမ်း အမျိုးမျိုးဖြင့်အလုပ်လုပ်ပြီး အတိတ်၌မှော်အတတ်ပညာအယူဝါဒ၏မည်သည့် ဖော်ပြမှုများပေါ်ပေါက်လာမည်ကို လူအနည်းငယ်သာအသိတရားရှိကြသည်။ မှော်အတတ်အယူဝါဒ၏အောင်မြင်ခြင်းအခြေခံသည် ကျွန်ုပ်တို့နိုင်ငံ၏တရား ပလ္လင်များပေါ်မှပြုလုပ်ခဲ့သည့် အခွင့်အရေးတောင်းဆိုခြင်းများအထဲ၌ချထား ခဲ့ပါသည်။ ဓမ္မဆရာများတို့သည် ကမ္ဘာ့လှည့်ဖြားသူမှအစပြုခဲ့သည့်အရာကို ကျမ်းစာအယူဝါဒမုသားများကဲ့သို့ ဟောပြောခဲ့ကြပါသည်။ [Ev 602.4]EvBur 795.4

    သေလွန်ပြီးသည့်နောက်ပိုင်း အသိအာရုံရှိခြင်းနှင့် သေသောသူများ တို့၏ဝိညာဉ်များသည် အသက်ရှင်သူများနှင့်ဆက်သွယ်နိုင်သောအယူဝါဒသည် နှုတ်ကပတ်တော်ထဲ၌အခြေအမြစ်မရှိပါ။ သို့သော် ဤယုံကြည်ချက်များတို့ သည် အမှန်တရားကဲ့သို့ခိုင်မြဲလျက်ရှိသည်။ ဤမှားသောအယူဝါဒအားဖြင့် နတ်ဆိုးဝိညာဉ်များတို့သည် မိမိတို့၏ကိုယ်ကို သေသောသူများကိုယ်စား လူတို့ကိုလှည့်ဖြားရန်လမ်းပွင့်လာပါသည်။ မာရ်နတ်၏ကိုယ်စားလှယ်များတို့ သည် သေသောသူတို့၏နေရာ၌သရုပ်ဆောင်ကာ ဝိညာဉ်များတို့ကိုချုပ်နှောင် ခြင်းထဲသို့ယူဆောင်လိုက်ပါသည်။ မာရ်နတ်၌ဘာသာရေးတစ်ခုရှိသည်။ သူ၌ တရားဇရပ်ရှိပြီး သစ္စာရှိသောကိုးကွယ်သူများရှိကြသည်။ သူ့သစ္စာရှိသူများ အဆင့်သို့ လူများစွာရောက်ရှိရန် လှည့်ဖြားမှုမျိုးစုံကိုသူအသုံးပြုလျက်ရှိသည်။ Undated Manuscript 66. [Ev 603.1]EvBur 796.1

    သေခြင်းကြောင့် ဝမ်းနည်းပူဆွေးသူများတို့ ကို ရည်ရွယ်၍လှည့်ပြားခြင်းတစ်ခု - သေသောသူ၏နတ်အဖြစ်ကိုးကွယ်ခြင်းသည် သေသောသူနှင့်ဆက်သွယ်ခြင်း ကဲ့သို့ မိစ္ဆာအယူဝါဒစနစ်တိုင်းတို့၌ ထင်ရှားစွာယုံကြည်ကျင့်သုံးနေကြပါ သည်။ သူတို့၏အလိုကို လူတို့နှင့်ဆက်သွယ်ရန် လူတို့သည် ဤဘုရား များကိုယုံကြည်ကြပြီး၊ လူတို့အကူအညီတောင်းခံသောအခါ လူတို့ကိုအကြံ ပေးနိုင်ပါသည်။ ဤစရိုက်သည် ဟေလသလူမျိုးများတို့နှင့်ရောမလူမျိုးများ တို့၏ရှေးကျော်ကြားသောနတ်မေးမြန်းခြင်းဓလေ့ထုံးစံများဖြစ်သည်။ [Ev 603.2]EvBur 796.2

    လူသေနှင့်ဆက်သွယ်ခြင်းကို လူတို့သည်ယုံကြည်လျက်ရှိကြသေးပြီး ခရစ်ယာန်အသိုက်အဝန်းများထဲ၌ပင် ယုံကြည်သူများရှိနေကြပါသည်။ မှော်ဝိဇ္ဇာ အတတ်အယူဝါဒနာမည်၏အောက်၌ သေလွန်သောသူများတို့၏ဝိညာဉ်ဟု ပြောဆိုသောသူတို့နှင့်ဆက်သွယ်သည့် ဓလေ့ထုံးစံကျင့်သုံးခြင်းသည် နေရာ အနှံ့များပြားလာပါသည်။ ၎င်းသည် မိမိတို့၏ချစ်သူများတို့ကို သင်္ချိုင်းဂူ ထဲသို့မြှုပ်နှံကြရသောသူများတို့ကို ကိုယ်ချင်းစာသနားခြင်းရှိသောကြောင့် ရည်ရွယ်၍ ဤကဲ့သို့ပြုလုပ်ရခြင်းဖြစ်သည်။ Signs of the Times, June 23, 1890.EvBur 797.1

    မှော်ဝိညာဉ်အယူဝါဒအတွက်အုတ်မြစ်ချခြင်း - မာရ်နတ်သည် တစ်ခါတစ်ရံ ချစ်ဖွယ်ကောင်းသောလူငယ်တစ်ဦးပုံသဏ္ဌာန်ကဲ့သို့သော်လည်းကောင်း၊ လှပ သောအရိပ်ပုံသဏ္ဌာန်ကဲ့သို့သော်လည်းကောင်း လာတတ်သည်။ သူသည် ကုသမှုများတို့ကိုပြုလုပ်ပေးပြီး ကျွန်ုပ်တို့လူသားတို့၏အကျိုးပြုသူတစ်ဦးအဖြစ် လှည့်ဖြားခြင်းခံရသောသူများတို့မှ ဝတ်ပြုကိုးကွယ်ကြသည်။ လူထောင်ပေါင်း များစွာတို့သည် ဤနတ်ဆိုးဘုရားအကြောင်းပြောဆိုကြပြီး သူ့ထံမှညွှန်ကြား ချက်များကိုရရှိရာ သူ၏သွန်သင်ချက်အတိုင်းလိုက်လျှောက်ကြသည်။ လူကို ကြည့်ပြီး အရည်အချင်းကိုစစ်ဆေးခြင်းနှင့် ပညာမဲ့ပုဂ္ဂိုလ်စွဲဝါဒအားဖြင့် အကျိုး ရရှိမည်ဟုထင်မှတ်သောကမ္ဘာကြီးသည် အလွန်ပျက်စီးလျက်ရှိသည်။ မာရ်နတ် သည် ဤအရာများကိုအသုံးပြုခြင်းအားဖြင့် ကောင်းမြတ်ခြင်းကိုဖျက်ဆီးရန် မှော်ဝိညာဉ်အယူဝါဒ၏အုတ်မြစ်ကိုချထားပါသည်။ Testimonies, vol. 1 pp. 296, 297. (1862) [Ev 604.1]EvBur 797.2

    ပို၍မကြာခဏနှင့် တုန်လှုပ်ချောက်ချားစေသောပြောဆိုချက်များ - မှော်ဝိညာဉ် ဆရာများ အရေအတွက်အားဖြင့်တိုးပွားလာသည်။ ခရစ်တော်ထံမာရ်နတ် လာသကဲ့သို့ သူတို့သည် အမှန်တရားရှိသူများတို့ထံသို့လာပြီး မိမိတို့၏ တန်ခိုးကိုဖော်ပြကာ အံ့သြဖွယ်ရာနိမိတ်လက္ခဏာပြသခြင်းအားဖြင့် လူတို့ကို စုံစမ်းလျက် ဘုရားသခင်နှစ်သက်သည့်သူများဖြစ်ကြောင်း အထောက်အထား ပေးခြင်းနှင့် အမှန်တရားရရှိသူများဟု မိမိတို့ကိုယ်ကိုပြောဆိုကြလိမ့်မည်။ ဘုရားသခင်၏လူတို့အတွက် တစ်ခုတည်းသောလုံခြုံခြင်းသည် မိမိတို့၏ ကျမ်းစာ၌သေချာစွာကျွမ်းကျင်ပြီး သေခြင်း၌အိပ်ပျော်သောသူတို့နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်းအရာများအပေါ် ကောင်းမွန်စွာသိကျွမ်း သောသူများဖြစ်ရမည်။ [Ev 604.2]EvBur 797.3

    မာရ်နတ်သည် ကောက်ကျစ်စဉ်းလဲသောရန်သူတစ်ဦးဖြစ်သည်။ ထိုနောက် သေလွန်ခဲ့သောသန့်ရှင်းသူများနှင့် အပြစ်သားများနှစ်မျိုးစလုံးကို ကိုယ်စားပြုရန် ဆိုးသောကောင်းကင်တမန်များတို့အတွက် ခက်ခဲမှုမရှိဘဲ၊ လူသားများတို့၏မျက်စိထဲ၌ ဤဖော်ပြချက်များတို့ကို တွေ့မြင်စေရန်ပြုလုပ် နိုင်ပါသည်။ ဤဖော်ပြချက်များတို့ကို နောက်ဆုံးသောအချိန်ရောက်လုနီးသည် နှင့်အညီ ပို၍မကြာခဏတွေ့ကြုံရမည်ဖြစ်ပြီး ပို၍ကျွန်ုပ်တို့အတွက် တုန်လှုပ် ချောက်ချားစေပါလိမ့်မည်။ Review and Herald, April 1, 1875. [Ev 604.3]EvBur 798.1

    ဓမ္မဆရာများအသုံးပြုကြသည် - မာရ်နတ်လုပ်ရပ်ကိုစိတ်ဝင်စားသောဓမ္မ ဆရာများတို့သည် ဤကြောက်မက်ဖွယ်ကောင်းသော ဆိုးရွားရက်စက်သည့် ပုဂ္ဂိုလ်ကြီးကို အာဝဇ္ဇန်းရွှင်ရွှင်ဖြင့်ထောက်ခံပြီး ၎င်း၏ပုံပျက်ခြင်းကို ဖုံးကွယ်ထားကာ လူအများတို့အတွက် လှပစွာပေါ်လွင်စေရန်ပြုလုပ်ကြပါသည်။ သို့သော် ၎င်းသည် မာရ်နတ်၏ကြီးမားသောတန်ခိုးမှတိုက်ရိုက်လာပြီး ဤအလုပ်ကိုလုပ်ဆောင်သောသူတို့သည် သူ၏ထိန်းချုပ်ထားသောသူများကဲ့သို့ သူပြောဆိုပါသည်။ အကြောင်းမှာ သူတို့သည် မိမိတို့ဖန်ဆင်းရှင်၏အကာ အကွယ်ကိုဂရုမစိုက်ဘဲ တားမြစ်ထားသောအရာကို ကြိုးစားလုပ်ဆောင်ကြ သောကြောင့်ဖြစ်သည်။ Review and Herald, May 13, 1862. [Ev 604.4]EvBur 798.2

    မှော်ဝိညာဉ်အယူဝါဒနှင့် ကိုးကွယ်ခြင်းဝါဒသည် စိတ်နှလုံးအင်အားကိုဆုတ်ယုတ် စေသည် - လူကိုကြည့်၍ အရည်အချင်းစစ်ဆေးခြင်းအတွေးအခေါ်နှင့် ပညာမဲ့ ပုဂ္ဂိုလ်စွဲဝါဒတို့သည် ထောင်ပေါင်းများစွာသောသူတို့ကိုဖျက်ဆီးကာ သူတို့ အားသစ္စာမဲ့သူများအဖြစ်သို့ပို့ဆောင်ကြောင်း ကျွန်ုပ်အားပြသပါသည်။ အကယ်၍ ဤလမ်းကြောင်းကို စတင်လျှောက်လှမ်းကြမည်ဖြစ်ပါက မိမိတို့ ၏ရပ်တည်မှုဟန်ချက်ပျက်စီးပြီး မာရ်နတ်၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ သွားပါလိမ့်မည်။ [Ev 605.1]EvBur 798.3

    “အချည်းနှီးလိမ်ညာခြင်း” သည် သနားဖွယ်လူသားများတို့၏စိတ် ထဲ၌ ပြည့်လျက်ရှိသည်။ သူတို့သည် ကြီးမားသောအလုပ်များတို့ကို ပြီးမြောက် အောင်ဆောင်ရွက်နိုင်ရန် သာ၍မြင့်သောတန်ခိုးကိုမလိုအပ်ဘဲ မိမိတို့၌ရှိသော တန်ခိုးအားဖြင့်သာ ဆောင်ရွက်နိုင်ကြသည်ဟုထင်ကြပါသည်။ သူတို့၏ စည်းမျဉ်းများနှင့်ယုံကြည်ခြင်းသည် “ခရစ်တော်နောက်သို့လိုက်ရန်မဟုတ်ဘဲ လူတို့၏ရိုးရာထုံးစံဓလေ့နောက်၊ လောက၏မူလအခြေခံစည်းမျဉ်းများနောက် သို့သာလိုက်ရန်” ဖြစ်သည်။ ဤအတွေးအခေါ်ကို သူတို့အားခရစ်တော် မသင်ပေးခဲ့ပါ။ သူ၏သွန်သင်မှုထဲ၌လည်း မတွေ့ရှိခဲ့ရပါ။ သနားဖွယ်လူသား များတို့၏စိတ်ထဲ၌ မိမိတို့၏ရရှိသောတန်ခိုးကို အားကိုးရန်သူလမ်းမညွှန်ခဲ့ ပါ။ သူတို့၏စိတ်ကို စကြဝဠာတစ်ခုလုံးအားဖန်ဆင်းခဲ့သောအရှင်ထံသို့ သူတို့ ၏ခွန်အားနှင့်ပညာအခြေအမြစ်အဖြစ် သူသည် အမြဲညွှန်ပြလျက်ရှိသည်။ [Ev 605.2]EvBur 799.1

    မှော်ဝိဇ္ဇာအယူဝါဒ၏ဆရာများတို့သည် သင့်ကိုလှည့်ဖြားရန် နှစ်သက် ဖွယ်ဆွဲဆောင်ခြင်းအမူအရာအားဖြင့်လာပြီး၊ အကယ်၍ သူတို့၏ဒဏ္ဍာရီပုံပြင် များတို့ကိုနားထောင်ပါက ဖြောင့်မတ်ခြင်း၏ရန်သူအားဖြင့် သင်သည် သွေးဆောင်ခြင်းခံရကာ သင်၏ဆုလာဘ်ဆုံးရှုံးမည်မှာ သေချာပါသည်။ တစ်ကြိမ်မဟာလှည့်ဖြားသူ၏သို့ယူဖမ်းစားသောသြဇာ သင့်ကိုအောင်မြင်သွား သောအခါ၊ သင်သည် အဆိပ်မိပြီး ဘုရားသခင်၏သားတော်ခရစ်တော်၌ ယုံကြည်ခြင်းကို ၎င်း၏သေနိုင်သောဖောက်ပြန်ပျက်စီးခြင်း၏တန်ခိုးသြဇာ ဖျက်ဆီးကာ သူ၏အသွေးတော်ကျေးဇူးအပေါ်မှီခိုရန် သင်ရပ်စဲလိုက်ပါမည်။ ဤအတွေးအခေါ်ဖြင့်လှည့်ဖြားခြင်းခံရသောသူတို့သည် စာတန်၏လှည့်စား ခြင်းအားဖြင့် မိမိတို့၏ဆုလာဘ်သွေးဆောင်ခြင်းကိုခံရပါသည်။ သူတို့သည် မိမိတို့၏ကိုယ်တိုင်ကောင်းမှုများအပေါ်မှီခိုပြီး အလိုအလျောက်နှိမ့်ချခြင်းကိုပြု ကြကာ ဆက်ကပ်မှုများကိုပင်ပြုလုပ်လိုကြခြင်းနှင့် မိမိတို့၏ကိုယ်ကိုအပ်နှံကြ လျက် အလွန်မိုက်မဲသောအတွေးအခေါ်ကို မိမိတို့၏သေသောမိတ်ဆွေများ ဖြစ်သည်ဟု သူတို့ယုံကြည်သောသူတို့ထံမှရရှိကြပါသည်။ မာရ်နတ်သည် သူတို့၏မျက်စိများကိုပိတ်ထားပြီး သူတို့၏စဉ်းစားဆုံးဖြတ်နိုင်သည့်စိတ်ကို ဖျက်ဆီးလိုက်ကာ အဆိုးကိုသူတို့မမြင်ရဘဲ သူတို့သည် မိမိတို့၏သေသော ယခုသာ၍မြင့်သည့်လေဟာနယ်တစ်ခု၌ရှိနေသောကောင်းကင်တမန်ဟုသူတို့ ထင်သည့်၊ မိတ်ဆွေများထံမှရရှိသောဆိုလိုခြင်းဟုထင်ရသည့်ညွှန်ကြားချက် များနောက်သို့ သူတို့လိုက်ကြသည်။ Testimonies, vol. 1, pp. 297, 298. (1862) [Ev 605.3]EvBur 799.2

    ခရစ်ယာန်သိပ္ပံအတတ်၊ အရှေ့တိုင်းပြည်နှင့်ဆိုင်သောကုသမှုကိုးကွယ်ခြင်းများ - ဝိညာဉ်ကိုယ်စားလှယ်များတို့ကို အကြံယူခြင်း၏ကြောက်မက်ဖွယ်သောအတွေ့ အခေါ်မှ တွန့်ဆုတ်သူများစွာရှိကြသော်လည်း ပို၍နှစ်သက်ဖွယ်ကောင်းသော ဝိညာဉ်အယူဝါဒပုံသဏ္ဌာန်များ၊ အထူးသဖြင့် ဧမာနွေလလှုပ်ရှားမှုကဲ့သို့သော အဖွဲ့တို့ဖြင့် ဆွဲဆောင်ခြင်းခံရသူများရှိကြပါသည်။ အခြားသောသူများတို့လည်း ခရစ်ယာန်သိပ္ပံအတတ်၏သွန်သင်မှုများ၊ ကမ္မဌာန်းထိုင်ခြင်း၏ဈာန်အယူဝါဒ နှင့် အခြားအရှေ့တိုင်းပြည်၏ဘာသာရေးများအားဖြင့် လမ်းလွဲသွားကြသော သူများရှိကြပါသည်။ Ev 606.1] င္EvBur 800.1

    မှော်ဝိညာဉ်အယူဝါဒ၏ပုံသဏ္ဌာန်အားလုံးလိုပင် ၎င်းတို့၏ တမန်တော် များတို့သည် ရောဂါဝေဒနာခံစားနေရသောသူများတို့ကို ကုသပေးနိုင်သည့် တန်ခိုးရှိကြောင်း ပြောဆိုကြပါသည်။ သူတို့သည် မိမိတို့၏တန်ခိုးကို “စနစ် တကျကုသမှုများဟုခေါ်သော” လျှပ်စစ်ဓာတ်အား၊ သံလိုက်ဓာတ်အားဂုဏ်သတ္တိ၊ သို့မဟုတ် လူ၏စိတ်အတွင်းရောဂါရှိနေသော်လည်း မပေါ်သေးသောစွမ်းအား များဖြင့်ဖော်ပြပါသည်။ ထိုနောက် ယခုခရစ်ယာန်များတို့၏ခေတ်အချိန် အခါတွင် လူများစွာတို့သည် ဘုရားသခင်၏တန်ခိုးကိုယုံကြည်ပြီး အရည်အသွေးပြည့်ဝသောခရစ်ယာန်သမားတော်ကြီးများထံသို့သွားရကြမည့် အစား ဤကုသမှုပေးသည့်သူတို့ထံသို့ သွားကြပါသည်။ [Ev 606.2]EvBur 800.2

    မိခင်တစ်ဦးသည် သူမ၏ဖျားနာနေသောကလေးကိုကြည့်ရင်း “ငါမတတ်နိုင်တော့ဘူး၊ ငါ့သားကိုကုသပေးနိုင်တဲ့ဆရာဝန်မရှိတော့ဘူးလား” ဟုပြောလိုက်ပါသည်။ အံ့သြဖွယ်ကုသမှုပေးနိုင်သည့်ဆွဲဆောင်မှုရှိသူအကြောင်း သူမကြားရသောအခါ၊ ထိုသူလက်ထဲသို့ သူမ၏ကလေးကိုကုသစေခြင်းအား ဖြင့် မာရ်နတ်၏လက်တွင်းသို့ အပ်နှံလိုက်ခြင်းဖြစ်ပါသည်။ ဤကလေး၏ ရှေ့ရေးအသက်တာသည် မာရ်နတ်၏တန်ခိုးထိန်းချုပ်မှုအောက်သို့ရောက်ရှိ သွားသောကြောင့် ရုန်းထွက်၍မရတော့သည့်အခြေအနေသို့ ရောက်ရှိသွားပါ သည်။ Review and Herald, Jan. 15, 1914. Ev 606.3]EvBur 801.1

    လှည့်ဖြားသောအကျိုးကျေးဇူးများ - မာရ်နတ်၏မှော်အတတ်သို့ မိမိတို့၏ ကိုယ်ကိုပေးအပ်သောသူတို့သည် ကြီးမားသောအကျိုးရရှိသည်ဟု ကြွားဝါ ကြမည်ဖြစ်သော်လည်း သူတို့၏လုပ်ရပ်သည်မှန်ကန်ကြောင်း၊ သို့မဟုတ် လုံခြုံကြောင်း အထောက်အထားပြနိုင်ပါမည်လား၊ အသက်မည်မျှပို၍ရှည်မည် နည်း။ ယာယီအကျိုးမည်မျှခံစားရမည်နည်း။ ဘုရားသခင်၏အလိုတော်ကို ဂရုမပြုသောကြောင့် အဆုံး၌မည်သည့်အကျိုးခံစားရမည်နည်း။ ဤထင်ရှား သောအကျိုးအားလုံးတို့သည် အဆုံး၌ပြန်လည်ပြုပြင်၍မရသော ဆုံးရှုံးခြင်း အကျိုးကိုသာခံစားရလိမ့်မည်။ မာရ်နတ်၏တန်ခိုးမှ သူ၏သားသမီးများတို့ကို ကာကွယ်ရန် ဘုရားသခင်စိုက်ထူထားသော အကာအကွယ်တစ်ခုတည်းကို ကျွန်ုပ်တို့ချိုးဖောက်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ရမည်မဟုတ်ပါ။ Review and Herald, Jan 15, 1914. [Ev 606.4]EvBur 801.2

    ဆန်းပြားသောဘာသာရေးသမားတော်များထံချဉ်းကပ်ခြင်း၏အန္တရာယ် — ဘုရားသခင် ၏ညွှန်ကြားချက်မှ အနည်းငယ်လွဲချော်ခြင်းအားဖြင့် အန္တရာယ်ရှိသည်။ ကျွန်ုပ် တို့သည် တာဝန်၏ရှင်းလင်းသောလမ်းမှ သွေဖည်သွားသောအခါ၊ မတွန်းလှန် နိုင်သည့်အခြေအနေများ တစ်ခုပြီးတစ်ခုပေါ်လာပြီး မှန်သောအရာမှတဖြည်းဖြည်း ဝေးကွာသွားစေလိမ့်မည်။ ဘုရားသခင်ကိုရိုသေလေးစားခြင်းမရှိသောသူတို့နှင့် မလိုအပ်သည့်ရင်းနှီးအကျွမ်းတဝင်ပြုခြင်းများသည် မထင်မမှတ်သောအချိန်၌ ကျွန်ုပ်တို့ကိုသွေးဆောင်ပေလိမ့်မည်။ လောကီမိတ်ဆွေများတို့ကိုဆန့်ကျင်ရန် စိုးရိမ်ခြင်းသည် ဘုရားသခင်ကိုကျွန်ုပ်တို့ကျေးဇူးတင်ကြောင်းဖော်ပြရန်၊ သူ့အပေါ် ကျွန်ုပ်တို့မှီခိုကြောင်းအသိအမှတ်ပြုခြင်းကိုဖော်ပြရန် ကျွန်ုပ်တို့ကိုဟန့်တားစေ ပါလိမ့်မည်။ [Ev 607.1]EvBur 801.3

    မိမိ၏လူများတို့သည် တာဝန်၏လမ်းပေါ်၌လျှောက်လှမ်းနေကြစဉ် ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် သူတို့ကိုစောင့်ရှောက်လိမ့်မည်။ သို့သော် မာရ်နတ်၏မြေပေါ်၌ တမင်ကြိုးစားလျှောက်လှမ်းသောသူတို့အတွက် ၎င်းကာကွယ်ခြင်းမျိုးပြုလုပ်ပေးရန် အာမခံချက်မရှိပါ။ ကြီးမားသောလှည့်ဖြား သူ၏ကိုယ်စားလှယ်တစ်ဦးသည် သူ၏ဦးတည်ချက်ကိုရရှိရန် မည်သည့်အရာ ကိုမျှပြောဆိုခြင်းနှင့်လုပ်ကိုင်ခြင်းမပြုပါ။ သူ့ကိုယ်ကိုမှော်ဆရာတစ်ဦး၊ “လျှပ်စစ် သမားတော်” တစ်ဦး၊ သို့မဟုတ် “ဆွဲဆောင်မှုပြုသောကုသသူ” တစ်ဦးအဖြစ် ခေါ်ခြင်းသည် အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသည်။ မှားသောဟန်ဆောင်ခြင်း ဖြင့် သတိမရှိသောသူ၏ယုံကြည်စိတ်ချမှုကို သူဆွဲဆောင်အောင်မြင်နိုင်ပါသည်။ သူသည် သူ့အား အားကိုးသူ၏အသက်တာရာဇဝင်နှင့် အခက်အခဲများ၊ ဒုက္ခများအားလုံးတို့ကိုနားလည်ကြောင်း ဟန်ဆောင်မှုပြုပါသည်။ အလင်း၏ ကောင်းကင်တမန်တစ်ဦးကဲ့သို့ မိမိကိုယ်ကိုယောင်ဆောင်ပြီး သူ၏စိတ်ထဲ၌ မှောင်မည်းသောအတွင်းစိတ်ရှိသောအခါ၊ သူ၏အကြံဉာဏ်ကိုအလိုရှိသော သူအား အမျိုးသမီးများတို့ကိုအထူးစိတ်ဝင်စားကြောင်း သူဖော်ပြပါသည်။ သူတို့အား သူတို့၏ပြဿနာအားလုံးတို့သည် ပျော်ရွှင်မှုမရှိသည့်ထိမ်းမြားခြင်း အားဖြင့်ဖြစ်ကြောင်း သူပြောပြပါသည်။ ဤအရာသည် အလွန်မှန်ပေလိမ့် မည်။ သို့သော် ထိုအကြံပြုသူသည် သူတို့၏အခြေအနေကို ကောင်းအောင် မပြုလုပ်ပေးနိုင်ပါ။ သူတို့၌မေတ္တာနှင့်ကြင်နာခြင်းလိုကြောင်း . သူတို့အား သူပြောပြပါသည်။ သူတို့၏အရေးကိစ္စနှင့်ပတ်သက်၍ အထူးစိတ်ဝင်စား ကြောင်းယောင်ဆောင်မှုပြုပြီး မမျှော်လင့်သောသူတို့အားညှို့ယူကာ တုန်လှုပ် သောငှက်ကိုဖမ်းစားသောမြွေကဲ့သို့ သူသည် သူတို့ကိုဆွဲဆောင်ခြင်းပြုပါသည်။ မကြာမီ သူ၏တန်ခိုးအောက်သို့ သူတို့လုံးလုံးရောက်ရှိသွားပြီး အပြစ်၊ ဂုဏ်သိက္ခာကျဆင်းခြင်းနှင့်ပျက်စီးခြင်းတို့သည် အလွန်ကြောက်မက်ဖွယ် သောအကျိုးဆက်များဖြစ်လာပါသည်။ Review and Herald, June 27, 1882. [Ev 607.2]EvBur 802.1

    မုန်းတီးဖွယ်အကောင်းဆုံးသောခွင့်ပြုမိန့်၊ စိတ်ပျက်ဖွယ်ရာနှင့်ပျက်စီးခြင်း ရှောလုထံသို့ နတ်ဆိုး၏သတင်းသည် အပြစ်၏ပုတ်ခတ်ပြောဆိုခြင်းနှင့် မကြာမီခံရမည့်အပြစ်ပေးခြင်းဖြစ်သော်လည်း သူ့အားပြန်လည်၍ပြုပြင်ရန်အတွက် မဟုတ်ပါ။ စိတ်ပျက်ရန်နှင့်ပျက်စီးရန်အတွက်ဖြစ်ပါသည်။ သို့သော် မကြာခဏ ၎င်းသည် လူတို့ကိုချီးမွမ်းခြင်းအားဖြင့် ပျက်စီးခြင်းသို့ရောက်ရန် သွေးဆောင် သူ၏အကောင်းဆုံးသောရည်ရွယ်ချက်တစ်ခုဖြစ်သည်။ ရှေးအချိန်များ၌ နတ်ဘုရားတို့၏သွန်သင်ချက်သည် မုန်းတီးဖွယ်အကောင်းဆုံးသော ခွင့်ပြုမိန့် ကိုစွဲကိုင်ထားပါသည်။ ဘုရားသခင်၏နည်းဥပဒေများသည် အပြစ်ကိုစီရင် ပြီး ဖြောင့်မတ်ခြင်းကိုအားပေးခြင်းတို့အားဘေးဖယ်ထားပြီး၊ အမှန်တရားကို အနည်းငယ်သာအလေးထားကြကာ မသန့်ရှင်းသောအရာကိုခွင့်ပြုရုံမျှမကဘဲ ပျော်ပါးကြပါသည်။ မှော်ဝိညာဉ်အယူဝါဒသည် သေခြင်းမရှိ၊ အပြစ်မရှိ၊ တရားစီရင်ခြင်းမရှိ၊ အပြစ်ပေးခြင်းမရှိဟုပြောဆိုပြီး “လူတို့သည် ကျဆုံးခြင်း မရှိသောနတ်သား၊ နတ်သမီးများ၊” ထိုဆန္ဒသည် အမြင့်ဆုံးသောဥပဒေနှင့် ထိုလူသည် မိမိကိုယ်တိုင်အပေါ်၌သာတာဝန်ရှိပါသည်။ အမှန်တရားကို ကာကွယ်ရန် ဘုရားသခင်တည်ထောင်ထားသော အကာအဆီးများဖြူစင်ခြင်း နှင့်ရိုသေလေးစားခြင်းတို့ပြိုကျကုန်ပြီး၊ လူအများတို့သည် အပြစ်ထဲ၌ရဲရင့်စွာ လှုပ်ရှားကြပါသည်။ ၎င်းသွန်သင်ချက်သည် မူလအစနတ်ဆိုးဝတ်ပြုကိုးကွယ် ခြင်းနှင့်တူညီကြောင်း ပြောဆိုနေပါသလား။ Signs of the Times, June 30, 1890. [Ev 608.1]EvBur 803.1

    အံ့အားသင့်စေသောအသံများ၊ နတ်ဝင်သူများ၊ ရှေ့ရေးကြိုတင်သိသူများနှင့် ဗေဒင် ဆရာများ - ဧကြုန်မြို့နှင့်အဒေါ်ရမြို့မှပြောဆိုခဲ့သော အံ့အားသင့်စေသည့်အသံ များတို့သည် သူတို့၏လိမ်လည်သောစကားများအားဖြင့် လူတို့အားလွဲသော လမ်းသို့ပို့ဆောင်နေဆဲပင်ဖြစ်ပါသည်။ မှောင်မိုက်၏မင်းသားလေးသည် အသစ် သောဝတ်စားဆင်ယင်မှုအောက်၌ ပေါ်လာခဲ့ပါသည်။ နတ်မေးမြန်းခြင်းမိစ္ဆာ ခေတ်သည် ရှေးအချိန်ကရှိခဲ့ပြီး၊ ၎င်းတို့၏ တွဲဘက်မှော်ဝိညာဉ်အယူဝါဒ ယုံကြည်သော နတ်ဝင်သူများ၊ ရှေ့ရေးအတွက်ကြိုတင်သိသူများနှင့်ဗေဒင်ဆရာ များတို့သည် ယနေ့၎င်း၏တွဲဖက်များဖြစ်ကြပါသည်။ မိစ္ဆာအယူဝါဒဝတ်ပြု ခြင်း၏နက်နဲသောအရာများနေရာ၌ လျှို့ဝှက်သောပေါင်းသင်းခြင်းနှင့် သေသော သူတို့၏ဝိညာဉ်ကိုခေါ်ခြင်း၊ မှော်ဆရာများတို့၏မည်းမှောင်ခြင်းများနှင့်အံ့သြ ဖွယ်ရာများတို့ဖြင့် ယနေ့နေရာယူလျက်ရှိပါသည်။ ထိုနောက် သူတို့၏သိရှိ အောင်ပြုလုပ်သည့်အရာများတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဝိညာဉ်တော်စာပေမှအလင်းကို လက်ခံရန်ငြင်းပယ်သော ထောင်ပေါင်းများစွာ သောသူတို့သည် အလွန်စိတ်အားထက်သန်စွာလက်ခံကြသည်။ သူတို့သည် ရှေးမျက်လှည့်ဆရာများတို့ကို မလေးမစားပြောဆိုကြသော်လည်း သူတို့သည် မတူညီသောပုံစံဖြင့် သူ၏အတတ်ပညာများအောက်၌ကျင့်သုံးနေကြသည့် အတွက် မဟာလှည့်ဖြားသူသည် အောင်မြင်စွာဖြင့်ရယ်မောလျက်ရှိသည်။ [Ev 608.2]EvBur 804.1

    ဤမာရ်နတ်ကိုယ်စားလှယ်များတို့သည် ရောဂါကုသနိုင်ကြောင်း ပြောဆိုကြသည်။ သူတို့သည် မိမိတို့၏တန်ခိုးကို လျှပ်စစ်၊ ဆွဲဆောင်မှု အယူဝါဒ၊ သို့မဟုတ် “အကြင်နာတရားရှိသောကုသမှုများ” ဟုခေါ်သော အရာများဖြင့်ဖော်ပြသော်လည်း မှန်ကန်သောအရာမဟုတ်ဘဲ မာရ်နတ်၏လျှပ်စစ် စီးကြောင်းအတွက် လမ်းကြောင်းများသာဖြစ်သည်။ ဤနည်းလမ်းများအားဖြင့် လူတို့၏ကိုယ်ခန္ဓာနှင့်ဝိညာဉ်များအပေါ် ညှို့ယူဖမ်းစားခြင်းကိုပစ်ချထားပါသည်။ Signs of the Times, March 24, 1887. [Ev 609.1]EvBur 804.2

    ငရဲသို့ သွားရာလမ်း - အချည်းနှီးအတွေးအခေါ်သည် လုံခြုံသောလမ်း ကဲ့သို့ ငရဲသွားရာလမ်းအဖြစ် အသုံးပြုနေပါသည်။ မြင့်စွာသောစိတ်ကူးဉာဏ် နှင့်သာယာသောအသံဖြင့်ကျယ်သောလမ်းကို ပျော်ရွှင်မှုနှင့်ဂုဏ်ကျက်သရေ တစ်ခုကဲ့သို့ သူတို့ပုံဖော်ထားပါသည်။ ကြီးမားသောရည်မှန်းချက်ကို ဧဝအား မာရ်နတ်ပြသခဲ့သကဲ့သို့ လှည့်ဖြားခြင်းခံရသောဝိညာဉ်များတို့၏ရှေ့၌ သူတို့ အတွက်ဖြစ်နိုင်လိမ့်မည်ဟု တစ်ခါမျှမတွေးမိခဲ့သော လွတ်လပ်ခွင့်နှင့်အလွန် ပျော်ရွှင်ခြင်းခံစားရမည့်အရာကို ကိုင်ထားလျက်ပြသပါသည်။ ငရဲသို့ကျယ် သောလမ်းဖြင့်သွားကြပြီးနောက် သေလွန်သွားကြသောအခါ ထာဝရကမ္ဘာကြီး ၌ အမြင့်ဆုံးသောနေရာများသို့မြှင့်တင်ခြင်းခံရမည့်အတွက် လူတို့အား အားရ ဝမ်းမြောက်စေပါသည်။ တောက်ပသောဝတ်လုံဝတ်ဆင်ထားသောမာရ်နတ် သည် ချီးမြှင့်ခြင်းခံရသောကောင်းကင်တမန်တစ်ပါးကဲ့သို့ပေါ်လာပြီး ကမ္ဘာ့ ကယ်တင်ရှင်ကိုသွေးဆောင်ရာ၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ သို့သော် အလင်း၏ ကောင်းကင်တမန်တစ်ပါးကဲ့သို့ဝတ်ဆင်ပြီး သူသည် လူတို့ထံသို့လာသော အခါ သူသည် ပို၍အောင်မြင်ခြင်းရရှိပါသည်။ သူ၏လျှို့ဝှက်ထားသော ရည်ရွယ်ချက်များတို့ကိုဖုံးကွယ်ထားပြီး ထာဝရအမှန်တရား၌ အခြေခိုင်ခံ့စွာ မတည်နေသည့် သတိတရားမရှိသောသူတို့အားသွေးဆောင်ခြင်း၌ အထူး အောင်မြင်ပါသည်။ Review and Herald, April 1, 1875. [Ev 609.2]EvBur 805.1

    ပြောမာရ်နတ်ကိုရင်ဆိုင်ရန်အတွက်ဆုတောင်းခြင်း၏တန်ခိုး - ယုံကြည်ခြင်းပါ သောဆုတောင်းခြင်းသည် ခရစ်ယာန်များတို့အတွက် ကြီးမားသောခွန်အား ဖြစ်ပြီး မာရ်နတ်၏ရန်ကို ကျိန်းသေပေါက်အောင်မြင်ပေလိမ့်မည်။ ထိုကြောင့် ဆုတောင်းရန်မလိုကြောင်း သူသည် လိမ္မာစွာကျွန်ုပ်တို့ကိုပြောဆိုလျက်ရှိပါ သည်။ သူမုန်းတီးသောကျွန်ုပ်တို့၏ရှေ့နေ ယေရှု၏နာမဖြင့် စိတ်ပါစွာသူ့ထံ သို့အကူအညီအတွက်လာသောအခါ မာရ်နတ်နှင့်အပေါင်းအသင်းများတို့သည် ထိတ်လန့်လျက်ရှိပါသည်။ အကယ်၍ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကို လျစ်လျူရူပါက သူ၏ရည်ရွယ်ချက်ကို သူသည် ကောင်းမွန်စွာပြည့်စုံစေ လိမ့်မည်။ သူ၏လိမ်လည်သောအံ့ဖွယ်များနောက်သို့ အလွယ်တကူလိုက်ပါ သွားကြမည်ဖြစ်သည်။ Testimonies, vol. 1, p. 296. (1862)EvBur 805.2