Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့်အသင်းဝင်ဖြစ်လာခြင်း

    လင်နှစ်ခြင်းမင်္ဂလာခံယူခြင်း၌ပြောင်းလဲခြင်းလိုအပ်သည် - နောင်တရခြင်း၊ ယုံကြည်ခြင်းနှင့်နှစ်ခြင်းမင်္ဂလာခံယူခြင်းတို့သည် ပြောင်းလဲခြင်း၌လိုအပ်သည့် ခြေလှမ်းများဖြစ်သည်။ Letter 174, 1909. [Ev 306.3]EvBur 391.1

    နှစ်ခြင်းခံယူရန်အတွက်ဆုံးဖြတ်ချက် ၌တည်မြဲစေခြင်း - အမှန်တရားကို ယုံကြည်လက်ခံသောပုဂ္ဂိုလ်များထံသို့လည်ပတ်၍ သူတို့အတွက်လုပ်ဆောင် ရန်လိုသည်။ ပြောင်းလဲ၍နှစ်ခြင်းမင်္ဂလာခံယူရန် အပြစ်သားများအတွက် အထူး သောအလုပ်တစ်ခုကို လုပ်ဆောင်ရန်လိုအပ်သည်။ Manuscript 17, 1908. [Ev 306.4)EvBur 391.2

    နိုင်ငံတော်ထဲသို့ ဝင်ခြင်း၏လက္ခဏ - ခရစ်တော်သည် နှစ်ခြင်းမင်္ဂလာ ကို မိမိ၏ဝိညာဉ်ရေးနိုင်ငံထဲသို့ဝင်ရန် လက္ခဏာအဖြစ်ပြုလုပ်ထားခဲ့ပါသည်။ ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအာဏာ လက်အောက်အဖြစ် အသိအမှတ်ပြုခြင်းခံရရန်ဆန္ဒရှိသူတိုင်းလိုက်လျှောက်ရန် ကောင်းသောအခြေအနေတစ်ခုကို ဘုရားသခင်ပြုလုပ်ခဲ့ပါသည်။ လူသည် အသင်းတော်ထဲ၌ အိမ်တစ်ဆောင်မတွေ့ ရှိမီ၊ ဘုရားသခင်၏ဝိညာဉ်ရေးနိုင်ငံ တော်၏တံခါးဝကို ဖြတ်ကျော်ခြင်းမပြုမီ သူသည် စိတ်ဝင်စားဖွယ်ကောင်းသော နာမည် “ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်း” (ယေရမိအနာဂတ္တိ ကျမ်း ၂၃:၆) ကိုရရှိရလိမ့်မည်။ [Ev 307.1]EvBur 391.3

    နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် လောကအရာများကိုစွန့်လွှတ်သော လေးနက်သည့်သစ္စာဆိုခြင်းဖြစ်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်း သောဝိညာဉ်တော်သုံးပါးတစ်ဆူဘုရား၏နာမတော်အားဖြင့် နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် လူသိရှင်ကြား မာရ်နတ်၏အမှုအရာအားလုံးကိုစွန့်လွှတ် ကြောင်း ကြေညာခြင်းဖြစ်ပြီး မြင့်မြတ်သောဘုရားသခင်၏မိသားစုဝင်များနှင့် ကောင်းကင်ဘုရင်၏သားသမီးများဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင် ၏အမိန့်တော်ကို နာခံသောသူများဖြစ်ကြသည်။ “သင်တို့သည် ထိုသူတို့ အထဲမှထွက်၍ အသီးအခြားနေကြလော့၊ မစင်ကြယ်သောအရာကို လက်နှင့် မျှမတို့ကြနှင့်။” ထိုသို့ပြုသောသူတို့အတွက် ပြည့်စုံသောကတိတော်မှာ၊ “သင်တို့ ကိုငါသည်လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏” (၂ကော ၆:၁၇၊၁၈)။ Testimonies, vol. 6, p. 91. (1900) [Ev 307.2]EvBur 391.4

    သစ္စာခံခြင်း၌ခရစ်ယာန်၏ကျိန်ဆိုခြင်း - ခရစ်ယာန်များတို့သည် နှစ်ခြင်း မင်္ဂလာ၏လေးနက်သောအစီအစဉ်သို့ မိမိတို့ကိုယ်ကိုအပ်နှံကြသည်နှင့်အညီ ဘုရားသခင်အပေါ်သစ္စာရှိရန် သူတို့၏ကတိပြုခြင်းကို မှတ်တမ်းတင်လိုက် ပါသည်။ ဤကတိပြုခြင်းသည် ဘုရားသခင်၌သစ္စာခံရန် သူတို့၏ကျိန်ဆို ခြင်းဖြစ်သည်။ သူတို့သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏နာမတော်၌ နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြစ်သည်။ ထိုကြောင့် သူတို့သည် ကောင်းကင်၏ကြီးမားသောတန်ခိုးသုံးခုနှင့် စည်းလုံးသွားခြင်းဖြစ်သည်။ သူတို့ သည် လောကီအရာအားလုံးတို့ကိုစွန့်လွှတ်ပြီး ဘုရားသခင်နိုင်ငံတော်၏တရား ဥပဒေအားလုံးကိုစောင့်ရှောက်ရန် မိမိတို့၏ကိုယ်ကိုကတိပြုခြင်းဖြစ်သည်။ ထိုကြောင့် သူတို့သည် အသစ်သောအသက်တာဘဝဖြင့် လျှောက်လှမ်းကြ ရပါမည်။ လူတို့၏ရှေးရိုးဓလေ့ထုံးစံများတို့ကို မည်သည့်အခါမျှလိုက်လျှောက် ခြင်းမပြုရတော့ပါ။ မကောင်းသောနည်းစနစ်များတို့ကိုလည်း မည်သည့်အခါ မျှလိုက်လျှောက်ခြင်းမပြုရတော့ပါ။ သူတို့သည် ကောင်းကင်နိုင်ငံ၏ဥပဒေ များကို နာခံကြရမည်။ ဘုရားသခင်၏ဘုန်းတော်အတွက် သူတို့အသက်ရှင် ကြရမည်။ အကယ်၍ သူတို့သည် မိမိတို့၏သစ္စာဆိုခြင်းအပေါ်၌ တည်ကြည် ခြင်းရှိပါက သူတို့သည် ဖြောင့်မတ်ခြင်းအရာအားလုံးကို သူတို့၌ပြည့်စုံစွာ ရှိစေရန် ကျေးဇူးတော်နှင့်တန်ခိုးကို ဘုရားသခင်ချပေးတော်မူလိမ့်မည်။ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူ တို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။” Letter 129, 1903. [Ev 307.3]EvBur 392.1

    အမှန်တရားသို့ တိကျပြည့်စုံစွာပြောင်းလဲခြင်း - နှစ်ခြင်းမင်္ဂလာခံယူခြင်း အတွက် ပြင်ဆင်မှုပြုခြင်းသည် သေချာစွာစဉ်းစားရမည့် လိုအပ်သည့်ကိစ္စတစ်ခု ဖြစ်သည်။ အမှန်တရားသို့အသစ်ပြောင်းလဲလာသူအား “ဘုရားသခင်မိန့်တော် မူသည်ကား” ဟူသောနှုတ်ကပတ်တော်နှင့်အညီ ကောင်းမွန်စွာသင်ကြားပို့ချ သင့်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့အတွက်တစ်ချက်ပြီး တစ်ချက်ဖတ်ပြပြီး ရှင်းပြကြရပါမည်။ [Ev 308.1]EvBur 393.1

    အသစ်သောအသက်တာဘဝသို ့ ဝင်ရောက်လာသောသူအားလုံး နားလည်သင့်သည့်အရာသည် သူတို့နှစ်ခြင်းမင်္ဂလာမခံယူမီ မယိမ်းယိုင်သော ချစ်ခင်မြတ်နိုးခြင်းများကို ဘုရားသခင်တောင်းဆိုနေခြင်းဖြစ်သည်။ အမှန်တရား ကိုလက်တွေ့ လိုက်လျှောက်ခြင်းသည် လိုအပ်သောအရာဖြစ်သည်။ သီးလာ သောအသီးသည် အပင်၏စာရိတ္တကိုသက်သေခံသည်။ ကောင်းသောအပင် သည် မကောင်းသောအသီးကိုမသီးနိုင်ပါ။ ဘုရားကိုချစ်ပြီး သူ၏ပညတ် တော်ကိုလိုက်လျှောက်သောသူနှင့် ဘုရားကိုမချစ်ဘဲ သူ၏ပညတ်ကိုအလေး မထားသောသူတို့၏စပ်ကြား၌ ကွာခြားမှုသည် လယ်ပြင်၌သွားနေသော ဆင်ပြောင်ကြီးကဲ့သို့ရှင်းလင်းစွာတွေ့မြင်ရပါလိမ့်မည်။ အမှန်တရားသို့ တိကျ ပြည့်စုံစွာပြောင်းလဲခြင်းလိုအပ်သည်။ Manuscript 56, 1900 [Ev 308.2]EvBur 393.2

    ပြည့်စုံစွာနားလည်သောအခြေအနေ၌လက်ခံခြင်း - တပည့်တော်ဖြစ်ခြင်း အတွက်စစ်ဆေးခြင်းကို နှစ်ခြင်းမင်္ဂလာခံယူရန်လိုလားသူတို့အား ကောင်းမွန် စွာပြုသင့်သလို ပြုလုပ်ခြင်းမရှိခဲ့ပါ။ သို့သော် ထိုသူတို့သည် မိမိတို့၏အခြေ အနေကို မိမိတို့ပြည့်စုံစွာနားလည်သည်ဟု အထောက်အထားပြနိုင်ပါက သူတို့ကိုနှစ်ခြင်းပေးရန် လက်ခံနိုင်ပါသည်။ Testimonies to Ministers, p. 128. (1997) [Ev 308.3]EvBur 393.3

    နှစ်ခြင်းမင်္ဂလာခံယူရန်အတွက်ကောင်းမွန်စွာပြင်ဆင်မှုပြုခြင်း - နှစ်ခြင်းမင်္ဂလာ ခံယူကြမည့်ပုဂ္ဂိုလ်များတို့သည် မိမိတို့၏ကိုယ်ကို ပို၍သေချာစွာပြင်ဆင်မှုပြု ကြရန်လိုသည်။ သူတို့သည် ပို၍အမြဲတမ်းပြုစဉ်ထက်သစ္စာရှိစွာဖြင့် ညွှန်ကြား ခြင်းကိုခံယူရန်လိုအပ်သည်။ ခရစ်ယာန်အသက်တာ၏စည်းမျဉ်းများတို့ကို အမှန်တရားသို့အသစ်ရောက်လာသူများတို့အတွက် ရှင်းလင်းစွာပြောပြသင့် ကြသည်။ မည်သူမျှ မိမိတို့၏ယုံကြည်ခြင်းခံယူချက်အပေါ်အမှီပြုခြင်းဖြင့် မိမိတို့၏ကယ်တင်ခြင်းအတွက် ခရစ်တော်နှင့်ဆက်သွယ်မှုပြု၍မရပါ။ “ငါယုံကြည်သည်” ဟုပြောရုံမျှဖြင့်မပြီးဘဲ၊ အမှန်တရားအတိုင်း လက်တွေ့ ကျင့်သုံးနေထိုင်သွားရမည်။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျွန်ုပ်တို့ ၏အပြောအဆို၊ ကျွန်ုပ်တို့၏အပြုအမူ၊ ကျွန်ုပ်တို့၏အကျင့်စာရိတ္တများအား ဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ဆက်သွယ်နေကြောင်း သက်သေပြရကြ မည်။ ပညတ်တော်လွန်ကျူးခြင်းအပြစ်ကို လူတစ်ယောက်သည် စွန့်လွှတ် ခြင်းပြုသည့်အခါတိုင်း သူ၏အသက်တာသည် ပညတ်တော်နှင့်ကိုက်ညီပြီး နာခံခြင်းလုံးလုံးရှိပေလိမ့်မည်။ ဤအလုပ်သည် သန့်ရှင်းသောဝိညာဉ်တော် ၏အလုပ်ဖြစ်သည်။ နှုတ်ကပတ်တော်၏အလင်းကို သေချာစွာလေ့လာခြင်း၊ သြတ္တပ္ပစိတ်၏အသံနှင့်ဝိညာဉ်တော်နှိုးဆော်ခြင်းတို့သည် လူ၏ကိုယ်၊ စိတ်၊ ဝိညာဉ်အားလုံးကိုရွေးနုတ်ရန် မိမိကိုယ်ကိုလုံးလုံးပူဇော်ခဲ့သောခရစ်တော်အား စစ်မှန်သောနှလုံးသားဖြင့်ချစ်ရန် ဖန်တီးစေပါသည်။ ဤမေတ္တာကို နားထောင် ခြင်းအားဖြင့်ဖော်ပြရပါမည်။ Testimonis, vol. 6, pp. 91, 92. (1900) [Ev 308.4]EvBur 394.1

    ကလေးများကိုနှစ်ခြင်းပေးခြင်း - သားသမီးနှစ်ခြင်းခံယူလိုသောမိဘများ တို့သည် မိမိတို့၏သားသမီးများကိုစစ်ဆေးရန်နှင့် သစ္စာရှိစွာဖြင့်သင်ကြား ပို့ချရန်တာဝန်ရှိသည်။ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အလွန်သန့်ရှင်း၍ အရေးကြီးသောမင်္ဂလာအခမ်းအနားတစ်ခုဖြစ်ပြီး အဓိပ္ပါယ်ကိုကောင်းမွန်စွာ နားလည်သင့်ကြသည်။ ၎င်းသည် အပြစ်မှနောင်တရခြင်းနှင့် ယေရှုခရစ် တော်အားဖြင့် အသစ်သောအသက်တာဘဝသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ မြန်ဆန်စွာပြုလုပ်ရမည့်အစီအစဉ်တစ်ခုမဟုတ်ပါ။ မိဘများတို့နှင့်သားသမီး များတို့ပါ အဖိုးအခကိုရေတွက်ကြရမည်။ မိမိတို့၏သားသမီးများ နှစ်ခြင်းမင်္ဂလာ ခံယူရန်သဘောတူခြင်း၌ မိဘတို့သည် မိမိတို့၏သားသမီးအပေါ် သစ္စာရှိ သောဘဏ္ဍာစိုးများအဖြစ် မိမိတို့၏ကိုယ်ကို သန့်ရှင်းစွာကတိဝန်ခံချက်ပြုပြီး သူတို့၏စာရိတ္တဆောက်တည်ခြင်း၌ သူတို့အားလမ်းညွှန်ရန်ဖြစ်သည်။ သိုးခြံ ထဲ၌ရှိသော ဤသိုးငယ်လေးများတို့အပေါ် အထူးစိတ်ဝင်စားမှုဖြင့် သူတို့ ဝန်ခံခဲ့သောယုံကြည်ခြင်း၏ဂုဏ်သိက္ခာကို မထိခိုက်စေဘဲကာကွယ်ရန် မိဘ တို့သည် မိမိတို့၏ကိုယ်ကို သူတို့သည်ကတိဝန်ခံချက်ပြုကြပါသည်။ [Ev 309.1]EvBur 394.2

    ဘာသာရေးညွှန်ကြားချက်ကို ကလေးများတို့အား မိမိတို့၏အစော ဆုံးနှစ်များတို့၌ပေးရမည်။ ပြစ်တင်သောစိတ်ဖြင့်မဟုတ်ဘဲ ဝမ်းမြောက်ရွှင်လန်း သောစိတ်ဖြင့်ပေးသင့်သည်။ ကလေးများမရိပ်မိနိုင်သည့်ပုံစံဖြင့် ကြုံတွေ့နိုင် စရာရှိသောစုံစမ်းခြင်းများအထဲသို့ မိမိတို့သားသမီးများမလိုက်ပါစေရန် မိခင် များတို့သည် အမြဲစောင့်ကြည့်ရန်လိုအပ်ပါသည်။ မိဘများတို့သည် မိမိတို့ ၏ကလေးများတို့ကို လိမ္မာပါးနပ်စွာဖြင့်သော်လည်းကောင်း၊ ကောင်းသော ညွှန်ကြားချက်ဖြင့်သော်လည်းကောင်း ကာကွယ်ရမည်။ ဤဗဟုသုတမရှိသေး သောကလေးငယ်များတို့၏အကောင်းဆုံးသောမိတ်ဆွေများကဲ့သို့ သူတို့သည် ကလေးငယ်များကိုအောင်မြင်ရန် ကူညီမစသင့်ခြင်းသည် သူတို့အတွက်အရာ ခပ်သိမ်း၌အောင်မြင်ခြင်းဖြစ်သည်ဟု သူတို့ယူဆသောကြောင့်ဖြစ်သည်။ သူတို့ သည် အမှန်ကိုလုပ်လိုသော မိမိတို့ချစ်ရသည့်ကလေးများသည် ဘုရားသခင် ၏မိသားစုဝင်များအထဲ၌ ငယ်သေးသောသူများဖြစ်သည့်အတွက် ဘုရင်၏ နားထောင်ခြင်းလမ်းမကြီးပေါ်၌လျှောက်လှမ်းနိုင်ရန် အလွန်စိတ်ဝင်စားခြင်းဖြင့် သူတို့ကိုမစသင့်သည်။ မေတ္တာပါသောစိတ်ဝင်စားမှုဖြင့် နေ့စဉ်သူတို့ကိုသင်ကြား သင့်ပြီး ဘုရားသခင်၏သားသမီးများကဲ့သို့ ဘုရားသခင်၏စကားကိုနားထောင် ကြရမည်။ ဘုရားသခင်၏စကားကိုနားထောင်ခြင်းသည် မိဘများတို့၏စကား ကိုနားထောင်ခြင်းလည်းပါဝင်နေကြောင်း သူတို့ကိုသွန်သင်ပါ။ ဤအရာသည် နေ့စဉ်၊ နာရီတိုင်းဆောင်ရွက်ရမည့်အလုပ်ဖြစ်သည်။ မိဘတို့၊ စောင့်ကြည့် ပါ၊ စောင့်ကြည့်၍ဆုတောင်းပါ။ သင်၏သားသမီးများကို သင်၏အဖော် ဖြစ်စေပါ။ [Ev 309.2]EvBur 395.1

    သူတို့၏အသက်တာ၌ အပျော်ဆုံးသောအချိန်သို့ရောက်ရှိပြီး သူတို့ ၏စိတ်နှလုံးထဲ၌ ယေရှုကိုချစ်၍နှစ်ခြင်းမင်္ဂလာခံယူလိုစိတ်ရှိသောအခါ သူတို့ နှင့်ကောင်းမွန်စွာဆက်ဆံပါ။ သူတို့နှစ်ခြင်းမင်္ဂလာမခံယူမီ မိမိတို့၏အသက်တာ ၌ ဤကဲ့သို့နှစ်ခြင်းမင်္ဂလာခံယူရခြင်း၏ပထမဦးဆုံးရည်ရွယ်ချက်သည် ဘုရားသခင်အတွက်အမှုဆောင်လိုသောကြောင့်ဖြစ်ပါသလားဟု သူတို့ကိုမေး ပါ။ ထိုနောက် မည်ကဲ့သို့အစပြုရမည်ကို သူတို့အားပြောပြပါ။ ဤကိစ္စသည် လွန်စွာအရေးကြီးသော ပထမဦးဆုံးသင်ခန်းစာများဖြစ်သည်။ ဘုရားသခင် အတွက် ပထမဦးဆုံးမည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သူတို့အားလွယ်ကူစွာ သင်ပေးပါ။ ဤအလုပ်ကိုလွယ်ကူစွာနားလည်နိုင်သရွေ့ နားလည်နိုင်ရန်သင် ပေးပါ။ ခရစ်ယာန်မိဘတို့၏အကြံပေးချက်အောက်၌ ဘုရားသခင်၏နှုတ်ကပတ် ။ ဘုရားအတွက်ကိုယ်ကျိုးစွန့်ဆောင်ရွက်ရမည့်အဓိပ္ပါယ်ကိုလည်း ရှင်းပြ တော်လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပါသည်။ [Ev 310.1]EvBur 396.1

    ကောင်းမွန်စွာဆောင်ရွက်ပြီးသည့်နောက် အကယ်၍ ပြောင်းလဲခြင်း နှင့်နှစ်ခြင်းမင်္ဂလာခံယူခြင်း၏အဓိပ္ပါယ်ကို သင်၏သားသမီးများနားလည်သည် မင်္ဂလာခံယူစေပါ။ သို့သော် ပထမဦးဆုံးသစ္စာရှိသောသိုးထိန်းများကဲ့သို့ ဟု သင်ကျေနပ်မှုရှိပြီး သူတို့အမှန်တကယ်ပြောင်းလဲကြပါက သူတို့ကိုနှစ်ခြင်း ဗဟုသုတမရှိသေးသည့် ဤကလေးငယ်များတို့၏နာခံခြင်းရှိရမည့် ကျဉ်းမြောင်း သောလမ်းထဲသို့လျှောက်လှမ်းနိုင်ရန်သွန်သင်ရာ၌ သင်တို့ကိုယ်ကိုပြင်ဆင်မှ ပြုပါဟု ကျွနု်ပ်ထပ်မံ၍ပြောလိုပါသည်။ သူတို့၏သားသမီးများအတွက် မှန်သောပုံသက်သေကို မေတ္တာနှင့်သိမ်မွေ့စွာ ခရစ်ယာန်နှိမ့်ချခြင်းသဘော အားဖြင့် ခရစ်တော်ထံသို့တစ်ကိုယ်ကောင်းစိတ်ကို အားလုံးစွန့်လွှတ်လျက် ဆက်ကပ်နိုင်ရန် မိဘများတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်အလုပ်လုပ်ပါလိမ့် မည်။ အကယ်၍ သင်၏သားသမီးများနှစ်ခြင်းမင်္ဂလာခံယူရန် သင်သဘောတူ ပြီး သူတို့၏နောက်ပိုင်းအသက်တာတွင် မိမိတို့ပြုလုပ်လိုသောအရာကိုပြုလုပ် ပြီး မှန်သောလမ်းသို့လျှောက်လိုက်ရန်သွန်သင်ခြင်း၌ သင်သည် အထူးသော တာဝန်မရှိဟုထင်ကာ အကယ်၍သူတို့သည် အမှန်တရားကိုစိတ်ဝင်စားခြင်း မရှိတော့ဘဲ မိမိတို့၏ယုံကြည်ခြင်းနှင့်ရဲရင့်ခြင်းစိတ်ပျောက်ကွယ်သွားပါက သင်ကိုယ်တိုင်၏တာဝန်သာလျှင်ဖြစ်ပါလိမ့်မည်။ Testimonies, vol. 6, pp. 93-95. (1900) [Ev 310.2]EvBur 396.2

    နှစ်ခြင်းမင်္ဂလာခံယူရန်လူငယ်များတို့ အားပြင်ဆင်မှုပြုခြင်း - အရွယ်ရောက် လာသောနှစ်ခြင်းခံမည့်သူများတို့သည် အသက်ငယ်ရွယ်သောသူများတို့ထက် မိမိတို့၏တာဝန်ကို ပို၍နားလည်သင့်ကြသည်။ သို့သော် ဤဝိညာဉ်များ အတွက် သင်းအုပ်ဆရာ၌တာဝန်ရှိပါသည်။ သူတို့၌မှားယွင်းနေသောအကျင့် ဓလေ့နှင့်ဆောင်ရွက်နေသောအရာများရှိနေပါသလား။ သူတို့နှင့်အတူအထူး စည်းဝေးများပြုလုပ်ရန် သင်းအုပ်ဆရာ၏တာဝန်ဖြစ်သည်။ သူတို့ကိုကျမ်းစာ သင်ပေးခြင်း၊ သူတို့နှင့်အတူစကားပြောပြီးဆုတောင်းပေးခြင်း သူတို့ထံမှ ရပါမည်။ ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ကျမ်းစာ၏သွန်သင်ချက်များကို ဘုရားသခင်တောင်းဆိုသည့်အရာများကို ရှင်းလင်းစွာပြောပြခြင်းများကိုပြုလုပ် သူတို့အားဖတ်ပြပါ။ ပြောင်းလဲခြင်း၏အသီးသည် မည်သည့်အရာဖြစ်ကြောင်း နှင့် သူတို့ဘုရားကိုချစ်ကြောင်း အထောက်အထားမည်သည့်အရာဖြစ်ရမည့် အကြောင်းကို သူတို့အားပြပါ။ စစ်မှန်သောပြောင်းလဲခြင်းသည် စိတ်နှလုံး အကြံအစည်နှင့်ရည်ရွယ်ချက်များပြောင်းလဲခြင်းရှိရမည့်အကြောင်း သူတို့ကို ပြောပြပါ။ မကောင်းသောအကျင့်ဓလေ့များကိုဖယ်ရှားပစ်ရမည်။ မကောင်း သောစကားပြောဆိုခြင်း၊ မနာလိုဝန်တိုစိတ်ရှိခြင်း၊ နာခံမှုမရှိခြင်း အစရှိသည့် အပြစ်အားလုံးတို့ကိုဖယ်ရှားပစ်ရမည်။ ဆိုးသောအကျင့်စာရိတ္တအားလုံးတို့ကို တိုက်ထုတ်ပစ်ရမည်။ ထိုနောက် ယုံကြည်သူတစ်ဦးအနေဖြင့် မိမိကိုယ်ကို အသိတရားရှိစွာဖြင့် ဤကတိတော်ကိုကိုင်ဆွဲထားရပါမည်။ “တောင်းကြ လော့၊ တောင်းလျှင်ရမည်” (မဿဲ ၇း၇)။ Testimonies , vol. 6, p. 95. (1900) [Ev 311.1]EvBur 397.1

    နှစ်ခြင်းခံယူမည့်သူများတို့ အားစစ်ဆေးခြင်း - တပည့်တော်ဖြစ်ခြင်းအတွက် စစ်ဆေးခြင်းကို နှစ်ခြင်းမင်္ဂလာခံယူမည့်သူများတို့အား အကောင်းဆုံးပြုသင့် သလောက်ပြုလုပ်ခြင်းမရှိခဲ့ကြပါ။ ဤသူတို့သည် ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်၏နာမည်ခံဖြစ်ရုံသာ နှစ်ခြင်းခံယူကြမည့်သူများလား သို့မဟုတ် ဘုရားဘက်၌မားမားမတ်မတ်ရပ်တည်ကြမည့်သူများ၊ မသန့်ရှင်း သောအရာများကိုမတို့၊ လောကနှင့်မိမိကိုယ်ကိုခွဲထုတ်လာသူများဖြစ်ကြပါ သလားဟူ၍ ကျွန်ုပ်တို့နားလည်ရပါမည်။ နှစ်ခြင်းမင်္ဂလာမခံယူမီ နှစ်ခြင်း ခံယူကြမည့်ပုဂ္ဂိုလ်များတို့၏ဗဟုသုတနှင့်အညီ သေချာစွာစုံစမ်းလေ့လာရန် လိုသည်။ ဤစုံစမ်းလေ့လာခြင်းကို ပေါ့ပေါ့ဆဆလုပ်ရန်မဟုတ်ဘဲ ကြင်နာ စွာ၊ နူးညံ့စွာဖြင့် အသစ်ပြောင်းလဲလာမည့်သူတို့အား ဤလောက၏အပြစ် ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်ရန်ညွှန်ပြရပါမည်။ နှစ်ခြင်းခံယူကြမည့်သူများတို့လိုက်လျှောက်ရန် ဧဝံဂေလိတရားတော်၏တောင်းဆို ချက်များတို့ကို သူတို့အားပြောပြပါ။ [Ev 311.2]EvBur 398.1

    ဤယုံကြည်ခြင်းသို့ရောက်ရှိလာကြသော ယုံကြည်သူအသစ်များ လိုအပ်သည့်ညွှန်ကြားချက်တစ်ခုသည် ဝတ်စားဆင်ယင်ခြင်းအကြောင်းဖြစ် ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ အသစ်ပြောင်းလဲလာသူများတို့အား သစ္စာ ရှိစေပါ။ ဝတ်စားဆင်ယင်ခြင်း၌တပ်မက်မောခြင်းရှိကြပါသလား။ သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ ဝါကြွားခြင်းကိုနှစ်သက်ကြပါသလား။ ဝတ်စားဆင်ယင် မှု၌စိတ်စွဲလမ်းခြင်းသည် ကိုယ်ကျင့်တရား၏ရောဂါတစ်ခုဖြစ်သည်။ အသစ် သောအသက်တာဘဝသို့ယူဆောင်သွားရမည့်အရာမဟုတ်ပါ။ ကိစ္စများစွာတို့ ၌ ဧဝံဂေလိတရားသို့ မိမိကိုယ်ကိုဆက်ကပ်အပ်နှံခြင်း၏တောင်းဆိုချက်များ အထဲတွင် ဝတ်စားဆင်ယင်မှုကောင်းမွန်စွာပြောင်းလဲခြင်းလည်းပါရှိပါသည်။ [Ev 312.1]EvBur 398.2

    အဝတ်အစားဝတ်ဆင်ခြင်း၌ သတိလက်လွတ်မဖြစ်သင့်ကြပါ။ ခရစ်တော်ကိုထောက်၍ သက်သေခံကြသောကျွန်ုပ်တို့သည် ဝတ်ဆင်ခြင်း၌ ကျွန်ုပ်တို့၏ပြင်ပပေါ်လွင်ထင်ရှားခြင်းတွင် အကောင်းဆုံးဖြစ်သင့်ကြသည်။ သန့်ရှင်းသောတဲတော်အစီအစဉ်၌ ဘုရားသခင်ရှေ့မှောက်တွင် တာဝန် ထမ်းဆောင်ကြသောသူများတို့အတွက် တိကျသောဝတ်ဆင်ရမည့်အဝတ်အစား များကို ချမှတ်ပေးထားခဲ့ပါသည်။ ထိုကြောင့် သူ၏အမှုထမ်းများအတွက် ဝတ်ဆင်ရန် အဝတ်အစားနှင့်ပတ်သက်၍ ဦးစားပေးခြင်းရှိကြောင်း ကျွန်ုပ် တို့သင်ယူရပါသည်။ အာရုံ၏ဝတ်ရုံနှင့်ပတ်သက်ပြီး အလွန်တိကျသည့် ညွှန်ကြားချက်များကို ပုံပမာဆောင်သည့်အနေဖြင့်ပေးထားခဲ့ပါသည်။ ထိုကြောင့် ခရစ်တော်နောက်သို့လိုက်ကြသော တပည့်တော်များတို့၏ဝတ်ဆင်မှုများသည် လည်း ပုံပမာဖြစ်သင့်သည်။ အရာခပ်သိမ်းတို့၌ သူ့အားကျွန်ုပ်တို့သည် ကိုယ်စားပြုသူများဖြစ်ရကြမည်။ ကျွန်ုပ်တို့၏ပြင်ပပေါ်လွင်မှုအားလုံးတို့၌ သေသပ်ခြင်း၊ ယဉ်ကျေးခြင်းနှင့်ဖြူစင်ခြင်းရှိသင့်သည်။ သို့သော် ဘုရားသခင် ၏နှုတ်ကပတ်တော်မှ ဆင်ယင်ခြင်းနှင့်ပတ်သက်၍ ပေါ်လွင်ထင်ရှားခြင်း၏ တို့သည် မိမိတို့၏ကိုယ်ကို တန်ဖိုးကြီးသောအဝတ်အစား၊ သို့မဟုတ် ဈေးနှုန်း ပြောင်းလဲမှုကို လောကနှင့်တူပုံပေါ်ရန် ခွင့်ပြုထားခြင်းမရှိပါ။ ခရစ်ယာန်များ ကြီးသောအဝတ်တန်ဆာများဖြင့် ဆင်မြန်းခြင်းမပြုရပါ။ [Ev 312.2]EvBur 399.1

    အဝတ်အစားနှင့်ပတ်သက်၍ နှုတ်ကပတ်တော်၏စကားများကို သေချာ စွာစဉ်းစားဆင်ခြင်သင့်သည်။ ကိုယ်ခန္ဓာဆင်မြန်းခြင်း၌ပင် ကောင်းကင်ဘုံရှင် ဘုရားသခင်စိတ်ဝင်စားကြောင်း ကျွန်ုပ်တို့နားလည်ရန်လိုသည်။ ခရစ်တော် ၏ကျေးဇူးတော်ကို စိတ်ဝင်စားစွာဖြင့်ရှာဖွေကြသောသူများအားလုံးတို့သည် မွန်မြတ်သောဘုရားသခင်၏နှုတ်ကပတ်တော်သွန်သင်ချက်အတိုင်း နာခံ လိုက်လျှောက်ကြရမည်။ ကိုယ်ခန္ဓာထင်ရှားပေါ်လွင်မှုပုံစံ၌ပင် ဧဝံဂေလိအမှန် တရားကိုဖော်ပြပေးပါလိမ့်မည်။EvBur 399.2

    ခရစ်တော်၏အသက်တာကိုလေ့လာပြီး သူ၏သွန်သင်ချက်များတို့ကို လိုက်လျှောက်သောသူအားလုံးတို့သည် ခရစ်တော်နှင့်တူလာလိမ့်မည်။ သူတို့ ၏သြဇာသည် ခရစ်တော်နှင့်တူလာပါလိမ့်မည်။ ကောင်းသောအကျင့်စာရိတ္တ ကို သူတို့ပြသနိုင်ကြလိမ့်မည်။ သူတို့သည် နာခံခြင်းလမ်း၌ နှိမ့်ချသော သဘောဖြင့်လျှောက်လှမ်းပြီး ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏အမှုတော်တိုးတက်ခြင်းနှင့် သူ၏လုပ်ငန်းပြည့်ဝ စွာဖြူစင်ခြင်းအတွက် ဟောပြောနိုင်ရန် တန်ခိုးသြဇာကိုကြိုးစား၍ရယူကြပါ သည်။ ဤကောင်းမွန်စွာပြောင်းလဲခြင်းရှိသူများတို့အားဖြင့် ကမ္ဘာကြီး၌လူတို့ ၏အကျင့်စာရိတ္တအပေါ် အမှန်တရား၏သန့်ရှင်းစင်ကြယ်ခြင်းတန်ခိုးသက်ရောက် ရန် သက်သေခံခြင်းရှိမည်ဖြစ်ပါသည်။ [Ev 313.1]EvBur 400.1

    ဘုရားသခင်နှင့်ယေရှုခရစ်အားသိကျွမ်းခြင်းကို အကျင့်စာရိတ္တ၌ ၌၊ သို့မဟုတ် ကောင်းကင်ပေါ်၌လေးစားကြည်ညိုရသောအရာဖြစ်သည်။ ပေါ်လွင်ထင်ရှားစေခြင်းသည် အရာခပ်သိမ်းတို့ထက်မြင့်မြတ်ပြီး မြေကြီးပေါ် ၎င်းသည် အမြင့်ဆုံးသောပညာဖြစ်သည်။ ၎င်းသည် ကောင်းကင်မြို့တော်၏ တံခါးဝများကို ဖွင့်ပေးသောသော့ချောင်းဖြစ်သည်။ ဤအသိတရားသည် နှစ်ခြင်းမင်္ဂလာအားဖြင့် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူအားလုံးပိုင်ဆိုင် ရန် ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ်သည်။ ထိုနောက် ခရစ်တော်ယေရှု၌ သူတို့၏မြင့်မြတ်သောခေါ်တော်မူခြင်း၏အခွင့်အရေးကို ဤဝိညာဉ်များတို့ ၏ရှေ့၌ချထားရန် ဘုရားသခင်၏အမှုထမ်းများတာဝန်ဖြစ်သည်။ Testimonies, vol. 6, pp. 95-97. (1900) [Ev 313.2]EvBur 400.2

    အသက်တာ၏အသီးအားဖြင့်အကဲဖြတ်ခြင်း - ကျွန်ုပ်တို့၌ပြုလုပ်ခွင့်မရှိသည့် အရာတစ်ခုမှာ လူတစ်ယောက်၏စိတ်နှလုံးကိုစီရင်ခြင်း၊ သို့မဟုတ် သူ၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြောဆိုခြင်းဖြစ်သည်။ သို့သော် လူတစ်ယောက်သည် အသင်းဝင်တစ်ဦးဖြစ်လာရန် တောင်းဆိုလာပါက သူ၏အသက်တာကိုဆန်းစစ် ရန်လိုအပ်ပြီး သူ၏စိတ်ဆန္ဒကို သူ့လက်တွင်းသို့သာ တာဝန်ပေးရမည်ဖြစ် သည်။ သို့သော် အသင်းတော်ထဲသို့ အသင်းဝင်များလက်ခံခြင်းကို အထူး သတိပြုသင့်ကြပါသည်။ အကြောင်းမှာ မာရ်နတ်သည် အယူမှားသောညီအစ်ကို များတို့ကို အသင်းတော်ထဲသို့များစွာဝင်ရောက်လာရန်နှင့် သူတို့အားဖြင့် ဘုရားသခင်၏အမှုတော်အင်အားဆုတ်ယုတ်အောင် ပို၍အောင်မြင်စွာလုပ်ဆောင် နိုင်ရန် အထူးသောအစီအစဉ်များရှိပါသည်။ Review and Herald, Jan. 10, 1893. [Ev 313.3)EvBur 400.3

    ဝတ်ပြုခြင်းအခမ်းအနားကိုဦးဆောင်ကျင်းပခြင်း - ဖြစ်နိုင်သည့်အချိန်အခါ တိုင်း၌ နှစ်ခြင်းမင်္ဂလာအစီအစဉ်ကို သန့်ရှင်းသောရေကန်၊ သို့မဟုတ် ကြည်လင် သောစမ်းချောင်းထဲ၌ကျင်းပသင့်သည်။ ၎င်းပြင် အခမ်းအနားကိုအရေးတကြီး ထားကာ လေးလေးနက်နက်ဖြင့် ဆောင်ရွက်သမျှတို့အပေါ်ပြုလုပ်ဆောင်ရွက် ပါ။ ၎င်းအစီအစဉ်မျိုး၌ ဘုရားသခင်၏ကောင်းကင်တမန်များ အမြဲကြွရောက် ပါဝင်ကြပါသည်။ [Ev 313.4]EvBur 401.1

    နှစ်ခြင်းမင်္ဂလာအခမ်းအနားကို ဦးဆောင်သောသူသည် ၎င်းအခမ်း သက်ရောက်ရန် ရိုသေလေးစားစွာဖြင့် လေးလေးနက်နက်ကျင်းပသွားရပါ အနားသို့ကြွရောက်အားပေးသူများတို့အပေါ် သန့်ရှင်းသောတန်ခိုးသြဇာ မည်။ အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားတိုင်းတို့တွင် စိတ်ဓာတ် မြှင့်တင်ခြင်းသြဇာသက်ရောက်စေရန် ကျင်းပသင့်ပါသည်။ ရိုးရိုးကိစ္စများ ကဲ့သို့ကျင်းပပြုလုပ်ခြင်းလုံးဝမပြုစေရပါ။ ကျွန်ုပ်တို့၏အသင်းတော်များတို့ ဤသန့်ရှင်းသောအစီအစဉ်များတို့ကိုကျင်းပရာ၌ သူတို့သည် လူတို့ အားလည်းပညာပေးခြင်းနှင့်သင်တန်းပေးခြင်းဖြစ်ပါသည်။ ထာဝရကာလအတွက် ဝိညာဉ်ကိုပညာပေးခြင်း၊ သင်တန်းပေးခြင်းနှင့်သွန်သင်ဆုံးမခြင်းတို့သည် အသင်းတော်တိုးတက်ခြင်းနှင့်သန့်ရှင်းဖြူစင်ခြင်းအတွက် များစွာသောအကျိုး ကိုဖြစ်စေပါသည်။ [Ev 314.1]EvBur 401.2

    အသင်းတော်တိုင်း၌ နှစ်ခြင်းခံယူမည့်သူများတို့အတွက် နှစ်ခြင်း မင်္ဂလာဝတ်လုံကို ပြင်ဆင်ပေးထားသင့်သည်။ မလိုအပ်သည့်ဖြုန်းတီးခြင်း တစ်ခုဟုမယူဆသင့်ပါ။ ဤအရာသည် ၁ကော ၁၄း၄၀ မှပြောဆိုထားသော “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” ဟူသည့်အချက်ကို လိုက်နာခြင်းဖြစ်သည်။ [Ev 314.2]EvBur 402.1

    အသင်းတော်တစ်ခုသည် အခြားသောအသင်းတော်တစ်ခုမှဝတ်လုံ များကို ငှားရမ်းအသုံးပြုရန်မသင့်လျော်ပါ။ မကြာခဏဝတ်လုံများကိုအလိုရှိ သောအခါ ရှာဖွေ၍မရပါ။ ငှားရမ်းခြင်းပြုသူများ ပြန်လည်၍ပေးရန်ပျက်ကွက် တတ်ကြသည်။ ထိုကြောင့် အသင်းတော်တိုင်း မိမိအသင်းတော်၏လိုအပ် ချက်များကို မိမိသာလျှင်ဤကိစ္စများတို့အတွက် ပြင်ဆင်မှုပြုသင့်ကြသည်။ ဤကိစ္စအတွက်ရန်ပုံငွေစုဆောင်းပါ။ အသင်းတော်တစ်ခုလုံးစည်းလုံးမှုရှိပါက ဤကိစ္စသည် မိမိတို့အသင်းတော်အတွက် ဝန်ထုပ်တစ်ခုဖြစ်မည်မဟုတ်ပါ။ [Ev 314.3]EvBur 402.2

    သည့်အနက်ရောင်ဖြင့် ဝတ်လုံ၏အရင်းပိုင်း၌ အလေးစီးရန်လိုအပ်သည်။ ဝတ်လုံကိုလက်တွေ့ကျသောပိတ်ဖြင့်ချုပ်လုပ်သင့်ပြီး အရောင်ခိုင် သေသပ်၍ပုံကျပြီး လက်ခံနိုင်သည့်ပုံစံဖြစ်စေရမည်။ အလှအပဆင်ရန် အတွန့် များပြုလုပ်ရန်မလိုပါ။ ထိုသို့ပြုလုပ်ခြင်းအတွက်နေရာမရှိပါ။ နှစ်ခြင်းမင်္ဂလာ ခံယူမည့်ပုဂ္ဂိုလ်များတို့အနေဖြင့် ဤအခမ်းအနား၏အဓိပ္ပါယ်ကိုနားလည်ကြ ပါက မိမိတို့ကိုယ်ကိုဆင်ယင်လိုသောဆန္ဒလည်းရှိကြမည်မဟုတ်ပါ။ သို့သော် စုတ်ချာ၍သော်လည်းကောင်း၊ တင့်တယ်ခြင်းမရှိသည့်အဝတ်အစားကိုသော် မည်ဖြစ်ပါသည်။ ဤသန့်ရှင်းသောအခမ်းအနားနှင့်ပတ်သက်သည့်ကိစ္စဟူသမျှ လည်းကောင်း ဝတ်ဆင်ခြင်းသည် ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင် ကောင်းနိုင်သရွေ့အကောင်းဆုံးပြင်ဆင်မှုပြုထားရမည်ဖြစ်သည်။ Testimonies, vol. 6, pp. 97,98. (1900) [Ev 314.4]EvBur 402.3

    စိတ်လှုပ်ရှားဖွယ်နှစ်ခြင်းမင်္ဂလာအစီအစဉ်တစ်ခု - အုတ်ခလန်း (Oakland) ၌ကျင်းပသောတရားပွဲသည် တန်ဖိုးရှိသောဝိညာဉ်များကို ကယ်တင်နိုင်ခဲ့သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ တနင်္ဂနွေနေ့နံနက်အချိန် Piedmont ရေကန်၌ ကျင်းပသည့်နှစ်ခြင်းမင်္ဂလာအစီအစဉ်ကို ကျွန်ုပ်တက်ရောက်ခဲ့သည်။ ပုဂ္ဂိုလ် (၃၂) ဦးရေနှစ်ခြင်းမင်္ဂလာခံယူကြပြီး အသစ်သောအသက်တာဖြင့်လျှောက်လှမ်း ရန် ရေသင်္ချိုင်းမှထလာကြပါသည်။ ဤမြင်ကွင်းကို ဘုရားသခင်၏ကောင်းကင် တမန်များတို့သည် ဝမ်းမြောက်စွာဖြင့်ပါဝင်သက်သေခံခဲ့ကြသည်။ အစီအစဉ် တစ်ခုလုံးသည် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ခဲ့သည်။ ရှုပ်ထွေးခြင်းတစ်ခုမျှမရှိဘဲ ဆီလျော်သည့်အချိန်တွင် ချီးမွမ်းခြင်းသီချင်းများကို သီဆိုခဲ့ကြပါသည်။ Manuscript 105, 1906. [Ev 315.1]EvBur 403.1

    အရေးပေါ်နှစ်ခြင်းမင်္ဂလာခံယူခြင်း - နှစ်ခြင်းခံယူလိုသောသက်ကြီးရွယ်အို များအတွက် ကောင်းသောသင့်လျော်သည့်အစီအစဉ်များကို ပြုလုပ်ပေးရမည်။ ချောင်းများ၊ ကန်များသို့သွားနိုင်ရန် အင်အားမရှိသောကြောင့် ထိုသက်ကြီး ရွယ်အိုများတို့အတွက် ပြုလုပ်နိုင်သည့်နည်းလမ်းတစ်ခုမှာ စည်ပိုင်းထဲ၌နှစ်ခြင်း ပေးခြင်းဖြစ်ပါသည်။ Letter 126, 1901. [Ev 315.2]EvBur 403.2

    ဘုရားသခင်၏တည်ငြိမ်သောတန်ခိုး - ယုံကြည်သူတစ်ဦးရေနှစ်ခြင်းမင်္ဂလာ ခံယူပြီးသောအခါ သူသည် ဘုရားသခင်ထံ၊ ခရစ်တော်ထံနှင့်သန့်ရှင်းသော ဝိညာဉ်တော်ထံသို့ မိမိကိုယ်ကိုဆက်ကပ်အပ်နှံခဲ့ပြီးကြောင်း မိမိ၏စိတ်ထဲ၌ အစဉ်မှတ်ယူရပါမည်။ [Ev 315.3]EvBur 403.3

    ခရစ်တော်၏အသက်တာကိုလေ့လာပြီး သူ၏သင်ကြားခြင်းကို လိုက်လျှောက်သောသူတို့သည် ခရစ်တော်နှင့်တူလာလိမ့်မည်။ သူတို့၏သြဇာ သည် ခရစ်တော်နှင့်တူလိမ့်မည်။ ကောင်းသောအကျင့်စာရိတ္တကို သူတို့ဖော်ပြ လိမ့်မည်။ သူတို့သည် ယုံကြည်ခြင်း၌တည်မြဲမည်ဖြစ်ပြီး အနတ္တအရာနှင့် ဝါကြွားခြင်းအားဖြင့် မာရ်နတ်၏လှည့်ဖြားခြင်းနောက်သို့ လိုက်ပါသွားကြ မည်မဟုတ်ပါ။ သူတို့သည် စိတ်နှိမ့်ချသောသဘောဖြင့် နာခံမှုရှိကြပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင်ကြမည်ဖြစ်သည်။ သူတို့၏ စာရိတ္တသည် ဘုရားသခင်၏အမှုတော်တိုးတက်ခြင်းနှင့် သူ၏အလုပ်ကောင်းမွန် ပြည့်ဝစွာဖြူစင်ခြင်းရှိရန်အတွက် တန်ခိုးသြဇာတစ်ခုကို ကြိုးစားရယူကြမည် ဖြစ်သည်။EvBur 403.4

    ဤကောင်းမွန်စွာပြောင်းလဲခြင်းရှိသူများတို့အားဖြင့် ကမ္ဘာကြီး၌လူသား ၏စာရိတ္တအပေါ် အမှန်တရား၏သန့်ရှင်းစင်ကြယ်ခြင်းတန်ခိုးသက်ရောက်ရန် သက်သေခံခြင်းတစ်ခုရှိမည်ဖြစ်သည်။ သူတို့အားဖြင့် ခရစ်တော်သည် မိမိ၏ စာရိတ္တနှင့်အလိုတော်ကို ကမ္ဘာသို့သိစေပါလိမ့်မည်။ ဘုရားသခင်၏သားသမီး များတို့အသက်တာ၌ ဘုရားသခင်၏ အမှုတော်ကိုဆောင်ရွက်ခြင်း၏ကောင်းချီး မင်္ဂလာများကိုထင်ရှားစေပြီး အခြားဆန့်ကျင်သည့်တစ်ဘက်၌ သူ၏ပညတ် တော်ကိုမလိုက်လျှောက်သောသူများတို့ကို တွေ့ရပါသည်။ ခြားနားခြင်းနှစ်ခု မှာ ထင်ရှားလျက်ရှိပါသည်။ ဘုရားသခင်၏ပညတ်တော်ကိုနာခံသောသူများ အားလုံးတို့သည် သူ၏ပညတ်တော်ကိုကျူးလွန်သူတို့၏ယိုယွင်းနေသော သြဇာကြား၌ သူ၏ကြီးမားသောတန်ခိုးအောက်တွင် လုံခြုံစွာထိန်းသိမ်းထား ခြင်းခံရလိမ့်မည်။ အနိမ့်ဆုံးသောသူမှ အမြင့်ဆုံးသောရာထူးရှိသူများတို့အထိ ကယ်တင်ခြင်းသို့ရောက်ရှိသည့်တိုင်အောင် ယုံကြည်ခြင်းနှင့်ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သူတို့သည် စောင့်ရှောက်ခြင်းခံရကြလိမ့်မည်။ Manuscript 56, 1900. [Ev 316.1]EvBur 404.1

    ဘုရားသခင်ထံတော်သို့ ဆက်ကပ်ခြင်း - ယခုအချိန်မှစပြီး ယုံကြည်သူသည် ဘုရားသခင်ထံ၊ ယေရှုခရစ်တော်ထံနှင့်သန့်ရှင်းသောဝိညာဉ်တော်ထံသို့ ဆက်ကပ်ပြီဖြစ်ကြောင်း စိတ်ထဲ၌မှတ်သားထားရပါမည်။ သူသည် ဤအသစ် သောဆက်သွယ်မှု၌ လောကအရာအားလုံးတို့ကို အရေးမကြီးသောအရာများ ကဲ့သို့ ခံယူရပါမည်။ သူသည် မည်သည့်အခါမျှစိတ်နေမြင့်ခြင်းနှင့် မိမိ၏ စိတ်အလိုဆန္ဒနောက်သို့လိုက်ခြင်းမပြုရန် လူသိရှင်ကြားကြေညာခဲ့ပြီးဖြစ်ပါ သည်။ သူသည် မည်သည့်အခါမျှသတိမမူသောအသက်ရှင်ခြင်း၊ ဂရုမစိုက် သောအသက်တာဖြင့်နေထိုင်ခြင်းမပြုတော့ပါ။ သူသည် ဘုရားသခင်နှင့်သစ္စာ ပြုခဲ့ပြီ။ သူသည် လောကနောက်သို့မလိုက်ရန်သေခဲ့ပြီ။ သူသည် ဘုရားသခင် အတွက်အသက်ရှင်ပြီး သူ့အားဘုရားပေးထားသမျှကို ဘုရားရှင်အတွက်အသုံး ပြုရန်နှင့် သူသည် ဘုရားရှင်၏တံဆိပ်လက်မှတ်ကိုခံယူခဲ့ကြောင်း၊ ခရစ်တော် ၏နိုင်ငံသားတစ်ဦးဖြစ်ပြီး ဘုရားရှင်၏ဇာတိတော်ကိုခံယူရရှိသည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းသိရှိခြင်းကို မည်သည့်အခါမျှမမေ့လျော့စေရပါ။ သူသည် ဘုရား သခင်ထံ မိမိကိုယ်နှင့်မိမိ၌ရှိသောအရာအားလုံးတို့ကိုအပ်နှံပြီး သူခံစားရသော ဆုကျေးဇူးအားလုံးကို ဘုရားသခင်၏ဘုန်းတော်အတွက် အသုံးပြုရပါမည်။ Ev316.2]EvBur 404.2

    ဝိညာဉ်ရေးသဘောတူညီချက်၏တာဝန်သိစိတ်ကို နှစ်ခြင်းခံယူခြင်း ၌ အပြန်အလှန်ပြုခဲ့ပါသည်။ လူသားများတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ လုံးလုံးနားထောင်ကြရမည့် သူတို့၏တာဝန်ကိုဆောင်ရွက်ရာတွင် သူတို့ ဆုတောင်းရမည့်အခွင့်အရေးမှာ၊ “ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူ သည်ကို မြေကြီးသားအပေါင်းတို့သိရကြလိမ့်မည်” ဟုဖြစ်ပါသည်။ ခမည်း တော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သင်နှစ်ခြင်းခံယူခဲ့ သည့်အကြောင်းရင်းသည် အကယ်၍အရေးကြုံသောအချိန်တိုင်း၌ သင်အကူအညီ ပါသည်။ ဘုရားသခင်သည် ခရစ်တော်၏တံပိုးကိုထမ်းပြီး သူ၏ကျောင်း၌ တောင်းခံပါက ဤတန်ခိုးသည် သင့်ကိုကူညီမစရန် အာမခံချက်တစ်ခုဖြစ် သူ၏နူးညံ့သိမ်မွေ့နှိမ့်ချခြင်းသဘောကိုသင်ယူကြသော ရိုးသားသည့်သူ့နောက် လိုက်သူများတို့၏ဆုတောင်းခြင်းများကို နားထောင်ပြီးအဖြေပေးမည်ဖြစ်ပါ သည်။ Testimonies, vol. 6, pp. 98, 99. (1900) [Ev 316.3]EvBur 405.1

    အသစ်ပြောင်းလဲသူများအပေါ်အသင်းတော်၏တာဝန် - သစ္စာရှိသောခရစ်ယာန် များတို့သည် ယုံကြည်လာသူအား ခရစ်တော်ယေရှု၏ဖြောင့်မတ်ခြင်းအသိ တရားကို မှန်ကန်စွာရရှိစေရန်ပို့ဆောင်လိုသော ပြင်းပြသည့်စိတ်ဝင်စားမှုရှိ သင့်ကြသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် မိမိ၏အတ္တစိတ်အလို လိုက်ခြင်း၌ အဓိကအသက်ရှင်ခြင်းကိုခွင့်ပြုသောအားဖြင့် သစ္စာရှိသည့်ယုံကြည် သူများတို့ကို လမ်းလွဲစေပါက သူတို့၏ပျက်ကွက်မှုအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းရပါလိမ့်မည်။ အသစ်ပြောင်းလဲလာသူများတို့အတွက် စိတ်ပါဝင်စား ခြင်းအပြည့်အဝဖြင့် လိုအပ်သည့်သစ္စာရှိသော၊ သိမ်မွေ့သော၊ မေတ္တာပါသော သွန်သင်ခြင်းကို သူတို့သည် အလေးမထားဘဲမနေရပါ။ ပထမဦးဆုံးပြောင်းလဲ သူတို့၌ ရရှိရမည့်ဗဟုသုတသည် မှန်ကန်ရမည်။ [Ev 317.1]EvBur 405.2

    လုံးလုံးဘုရားရှင်ထံအပ်နှံခြင်းလိုအပ်ခြင်းကို မည်သူမျှတွေ့ မြင်ရန် မာရ်နတ်အလိုမရှိပါ။ ဤအပ်နှံခြင်းကိုပြုရန်ပျက်ကွက်ပါက အပြစ်ကိုစွန့်လွှတ် မည်မဟုတ်ပါ။ ကိုယ်ခန္ဓာ၏တောင့်တမှုနှင့်ပြင်းထန်သည့်ဆန္ဒများသည် လူကို သြဇာလွှမ်းမိုးခြင်း၊ စုံစမ်းခြင်းများတို့သည် အသိဉာဏ်ကိုရှုပ်ထွေးစေခြင်း တို့ကိုဖြစ်စေသည့်အတွက် စစ်မှန်သောပြောင်းလဲခြင်းမရရှိနိုင်ပါ။ အကယ်၍ လူအားလုံးတို့သည် မာရ်နတ်ကိုယ်စားလှယ်များတို့၏သွေးဆောင်ခြင်း၊ လှည့်ဖြား ခြင်းများကို တစ်ဦးစီမှတိုက်ခိုက်ရမည့် ဆိုင်ပြိုင်တိုက်လှန်ခြင်းအတွက် ခံစာ ရမည်ဖြစ်ပါက ယုံကြည်ခြင်း၌နုနယ်သောသူများအတွက် ပို၍လုံ့လစိုက်ကာ လုပ်ဆောင်ကြပါလိမ့်မည်။ [Ev 317.2]EvBur 406.1

    ဤဝိညာဉ်များတို့ကို မိမိတို့၏ခွန်အားအားဖြင့်သာ စုံစမ်းခြင်းကို ခုခံရန် စွန့်လွှတ်ထားပါက သူတို့သည် စုံစမ်းခြင်း၏ဆိုးကျိုးများကို ခွဲခြား နိုင်မည်မဟုတ်ပါ။ အကြံတောင်းဆိုရန် သူတို့၌လိုအပ်ကြောင်း သူတို့ကို ခံစားစေပါ။ သူတို့ကိုအကူအညီပေးနိုင်မည့်အဖွဲ့အစည်းကိုရှာဖွေစေပါ။ ဘုရားသခင်ကိုချစ်၍ ကြောက်ရွံ့သောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် သူတို့ ခွန်အားရရှိကြပါလိမ့်မည်။ [Ev 317.3]EvBur 406.2

    ဤအသစ်ပြောင်းလဲသူများတို့နှင့်စကားပြောဆိုရာ၌ ဝိညာဉ်ရေးစကား များ၊ အားပေးစကားများဖြင့် . ပြောဆိုသင့်ပါသည်။ ဘုရားသခင်သည် အားနည်းခြင်း၊ သံသယရှိခြင်း၊ ရုန်းကန်နေရခြင်း၊ ဒုက္ခများနှင့်ရင်ဆိုင်ရသော သူတို့ကိုအာရုံပြုပြီး သူ၏နာမကိုခေါ်သောသူအားလုံးတို့အား သူကူညီမစ လိမ့်မည်။ ကောင်းကင်နိုင်ငံသည် သူတို့၏ရှေ့၌ဖွင့်လှစ်ပြီး သူတို့ကြိုးစား တက်ရန် တောက်ပနေသည့်လှေကားပေါ်၌ ဘုရားသခင်၏ကောင်းကင်တမန် များ တက်လိုက်ဆင်းလိုက်ရှိနေသည်ကို သူတို့တွေ့ ရပါသည်။ Testimonies, vol. 6, pp. 92, 93. (1900) [Ev 317.4]EvBur 406.3

    အသင်းတော်ထဲ၌အသင်းဝင်ဖြစ်ခြင်း - ခရစ်တော်နှင့်သူ၏အသင်းတော် စပ်ကြားဆက်ဆံခြင်းသည် အလွန်နီးကပ်ပြီးသန့်ရှင်းသည်။ သူသည် သတို့သား ဖြစ်ပြီး အသင်းတော်သည်သတို့သမီးဖြစ်သည်။ သူသည်ဦးခေါင်းဖြစ်ပြီး အသင်းတော်သည်ကိုယ်ခန္ဓာဖြစ်သည်။ ခရစ်တော်နှင့်ဆက်သွယ်ခြင်းသည် သူ၏အသင်းတော်နှင့် ပါဝင်ဆက်သွယ်ခြင်းဖြစ်သည်။ Education, p. 268. (1903) ([Ev 318.1)EvBur 407.1

    အသင်းတော်ထဲသို့ ဝင်ရန်မာရ်နတ်ဟန့်တားသည် - ကောင်းကင်၏အစီအစဉ် နှင့်ဝေးနိုင်သရွေ့ဝေးရန် စာတန်မာရ်နတ်သည် ခရစ်ယာန်များကိုကြိုးစား၍ ပို့ဆောင်နေပါသည်။ ထိုကြောင့် မာရ်နတ်သည် ဘုရားသခင်၏သားသမီး များကို စနစ်နှင့်စည်းမျဉ်းသည် ဝိညာဉ်ရေးအတွက်ရန်သူများဖြစ်ကြောင်း လှည့်ဖြားလျက်ရှိသည်။ သူတို့အတွက်လုံခြုံသောအရာသည် မိမိတို့အလို အတိုင်းအသက်ရှင်ပြီး အထူးသဖြင့် စည်းမျဉ်းကိုချမှတ်ပြီး ညီညွတ်စွာနေထိုင် ကြသော ခရစ်ယာန်အဖွဲ့အစည်းနှင့် ရှင်းလင်းစွာခွဲခြားနေထိုင်ခြင်းဖြစ်သည်။ ချမှတ်ထားသောအရာများတို့သည် အန္တရာယ်ရှိသည်ဟုသတ်မှတ်ပြီး မှန်သော လွတ်လပ်မှုကိုချုပ်ချယ်ခြင်းမှာ ရောမအယူဝါဒကိုစွဲလမ်းခြင်းကြောင့်ဖြစ်သည်။ ဤလှည့်ဖြားခြင်းခံရသောသူတို့သည် မိမိတို့၏လွတ်လပ်စွာစဉ်းစားခြင်းနှင့် ပါသည်။ သူတို့သည် မည်သူ၏စကားကိုမျှမခံယူကြပါ။ သူတို့သည် မည်သူ သီးသန့်လုပ်ဆောင်မှုပြုနိုင်ခြင်းအတွက် ကြွားဝါစရာပါရမီတစ်ခုဟုခံယူကြ ၏လမ်းညွှန်မှုကိုမျှမခံယူပါ။ ထိုအရာသည် ယခုလူတို့အား ၎င်းသည် ဘုရားသခင်၏အမိန့်တော်ကိုဖျက်ပြီး မိမိတို့၏ညီအစ်ကိုများတို့မှ သီးသန့် ခွဲနေ၍ မိမိတို့၏ကိုယ်ပိုင်အမိန့်ကိုရွေးချယ်ရမည်ဟုခံစားစေရန်ပို့ဆောင်သည့် မာရ်နတ်၏အထူးအလုပ်ဖြစ်သည်။ Letter 32, 1892. [Ev 318.2]EvBur 407.2

    ခရစ်တော်မပါရှိသည့် တန်ဖိုးမဲ့ပုံစံတစ်ခု - ဝိညာဉ်၏အသက်ကိုပေးသော အရာသည် ခရစ်တော်၏ကျေးဇူးတော်ဖြစ်သည်။ ခရစ်တော်မပါရှိခဲ့သော်၊ နှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့် အခြားဝတ်ပြုခြင်းအခမ်းအနားအားလုံးတို့သည် တန်ဖိုးမဲ့သောပုံစံများဖြစ်ကြပါသည်။ “သားတော်ကိုမယုံကြည်သောသူတို့ သည်အသက်ကိုမရ။” The Desire of Ages, p. 181. (1898)EvBur 408.1

    ပြောင်းလဲခြင်း၊ နှစ်ခြင်းခံယူရုံသာမဟုတ် - ကယ်တင်ခြင်းသည် နှစ်ခြင်း ခံယူရန်မဟုတ်၊ အသင်းတော်စာအုပ်ထဲ၌ နာမည်စာရင်းရှိခြင်းမဟုတ်၊ အမှန် တရားကိုဟောခြင်းလည်းမဟုတ်ပါ။ ယေရှုခရစ်တော်နှင့်ပူးပေါင်းနေထိုင်သည့် အသစ်ပြုပြင်သောနှလုံးသားဖြစ်ပြီး ခရစ်တော်၏အလုပ်ကိုယုံကြည်ခြင်းနှင့် မေတ္တာ၊ သည်းခံခြင်း၊ သိမ်မွေ့ခြင်းနှင့်မျှော်လင့်ခြင်းဖြင့် ဆောင်ရွက်ခြင်းဖြစ် သည်။ ခရစ်တော်နှင့်ပေါင်းစည်းသောဝိညာဉ်တိုင်းတို့သည် မိမိ၏ပတ်ဝန်းကျင် အတွက် အသက်ရှင်သောသာသနာပြုတစ်ဦးဖြစ်သည်။ Letter 55, 1886. [Ev 319.1]EvBur 408.2

    ဓမ္မဆရာများနှင့် သင်းအုပ်ဆရာများသတိပြုရန်အချက်တစ်ခု - ကျွန်ုပ်တို့၏ အမှုဆောင်ညီအစ်ကိုများတို့သည် ဘုရားသခင်၏လမ်းညွှန်မှုနှင့်အညီ တို့၏အလုပ်၌ ထင်ရှားစွာပျက်ကွက်မှုကိုပြုလုပ်ကြသည်။ ယေရှုခရစ်၌ပြည့်စုံ ခြင်းကို လူတိုင်းအားဟောပြောရန်ပျက်ကွက်ကြသည်။ ဘုရားသခင်နှင့်ကိုယ်တိုင် ဆက်သွယ်မှုဗဟုသုတကို သူတို့မရရှိခဲ့ခြင်း၊ ခရစ်ယာန်အကျင့်စာရိတ္တပါရှိ သည့်အရာများကို စစ်မှန်စွာမသိရှိခြင်းတို့ကြောင့် အများသောသူတို့သည် လောကကိုသာစွဲလမ်းပြီး ဤသန့်ရှင်းသောအခမ်းအနားနှင့်မထိုက်တန်ဘဲ နှစ်ခြင်းခံယူခဲ့ကြပါသည်။ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်မမြင်၊ လက်ခံ ခြင်းကိုလည်းမပြုခဲ့ပါ။ Review and Herald, Feb. 4, 1990. [Ev 319.2]EvBur 408.3

    ကျွန်ုပ်တို့ ၏ဧဝံဂေလိလုပ်ငန်း၌အားနည်းချက်တစ်ခု - စိတ်နှလုံးအသစ်နှင့် အသက်တာပြောင်းလဲခြင်းမရှိသော သင်းဝင်သူများကိုရရှိခြင်းသည် အသင်း တော်အတွက် အားနည်းစေခြင်း၏အရင်းအမြစ်တစ်ခုဖြစ်သည်။ ဤကိစ္စကို မကြာခဏဂရုမပြုကြပါ။ တချို့သောဓမ္မဆရာများတို့နှင့်အသင်းတော်များတို့ သည် အရေအတွက်အားဖြင့် အသင်းသားဦးရေများလာလိုသောဆန္ဒပြင်းပြ ခြင်းကြောင့် သူတို့သည် ခရစ်ယာန်မဆန်သောအကျင့်ဓလေ့နှင့်အမူအကျင့် များကိုဆန့်ကျင်သည့် သစ္စာရှိသောသက်သေခံခြင်းကိုမပြုနိုင်ကြပါ။ အမှန် တရားကိုလက်ခံသောသူတို့အား လောကဆန်သောအပြုအမူကိုမစွန့်ပါက ခရစ်ယာန်ဖြစ်ခြင်းသည် နာမည်ခံမျှသာဖြစ်ကြောင်း သင်ကြားခြင်းမပြုခဲ့ကြ ပါ။ ထိုကြောင့် သူတို့သည် ခရစ်တော်၏ဘက်တော်သားများဖြစ်ရမည့်အစား မာရ်နတ်၏ဘက်တော်သားများဖြစ်ကြခြင်းဖြစ်သည်။ ခေါင်းဆောင်များတို့၏ အသက်တာ၌ ပြောင်းလဲခြင်းကိုသက်သေခံရန်လိုအပ်သည်။ [Ev 319.3]EvBur 409.1

    ခရစ်ယာန်အယူဝါဒ၏အတိအလင်းဝန်ခံချက်တစ်ခုကို လူထုအမြင် မှဦးစားပေးရပါမည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းပုံသဏ္ဌာန်ကိုဆောင်နိုင်ရန်နှင့် အသင်းတော်စာအုပ်ထဲ နာမည်စာရင်းကိုထည့်သွင်းနိုင်ရန် မိမိကိုယ်ကိုငြင်းပယ် ခြင်း၊ သို့မဟုတ် ဆက်ကပ်ခြင်းလိုအပ်သည်။ ထိုကြောင့် ခရစ်တော်နှင့် ဦးစွာပေါင်းစည်းခြင်းမရှိဘဲ အသင်းတော်ထဲသို့ရောက်ရှိလာကြပါသည်။ ဤကဲ့သို့ဖြင့် မာရ်နတ်အောင်ပွဲဆင်ပါသည်။ ထိုသို့သောပြောင်းလဲသူများတို့ သည် မာရ်နတ်၏အထက်မြက်ဆုံးသောကိုယ်စားလှယ်များဖြစ်သည်။ သူတို့ သည် အခြားဝိညာဉ်များအတွက် တည်ကြက်ပမာဖြစ်နေကြပါသည်။ သူတို့ သည် မှားသောအလင်းများ၊ ထာဝရပျက်စီးခြင်းသို့သတိမရှိသူများတို့ကို သွေးဆောင်သောသူများဖြစ်ကြပါသည်။ ခရစ်ယာန်လမ်းကိုကျယ်စေပြီးလောက ဆန်သည့်ပျော်ရွှင်မှုကို ရှာဖွေပြုလုပ်သောသူတို့သည် အချည်းနှီးသာလျှင်ဖြစ် ပါသည်။ ဘုရားသခင်သည် ကျဉ်းမြောင်းသောလမ်းကိုချောမွတ်စေရန်သော် လည်းကောင်း၊ ကြမ်းတမ်းသောလမ်းကိုကျယ်လာစေရန်အတွက်သော် လည်းကောင်း မပြုလုပ်ပါ။ အကယ်၍ကျွန်ုပ်တို့သည် အသက်ရှင်ခြင်းသို့ဝင်စား လိုပါက ယေရှုနှင့်သူ၏တပည့်တော်များလျှောက်လှမ်းခဲ့သောလမ်းကို လျှောက်လှမ်းကြရပါမည်။ နှိမ့်ချခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ဆက်ကပ်ခြင်းလမ်း ဖြစ်ပါသည်။ Testimonies, vol. 5, p. 172. (1882) [Ev 319.4]EvBur 409.2

    ကျွန်ုပ်တို့ ၏ပန်းတိုင်- စစ်မှန်သောပြောင်းလဲသည့်အသင်းသားများ - မြို့ကြီး မြို့ငယ်များတို့၌ အမှုထမ်းကြသောဓမ္မအမှုဆောင်များတို့သည် `အမှန်တရား ၏သွန်သင်ချက်များကိုလက်ခံခဲ့သူများ သန့်ရှင်းခြင်းတန်ခိုးနှင့် ဘုရားထံ အမှန်တကယ်ပြောင်းလဲခြင်းမရှိမချင်း ရောင့်ရဲတင်းတိမ်ခြင်းမရှိသင့်ပါ။ လုပ်ငန်း ပြီးဆုံးပြီဟူ၍လည်းမထင်သင့်ပါ။ လူပေါင်း (၆ဝ) ခရစ်ယာန်အမည်ခံရုံဖြင့် ပြောင်းလဲလာခြင်းထက် လူ (၆) ဦးအမှန်တရားသို့စစ်မှန်စွာပြောင်းလဲလာ ခြင်းကို ဘုရားသခင်ပို၍နှစ်သက်သည်။ ဤဓမ္မအမှုဆောင်များတို့သည် တရား ဒေသနာဟောကြားခြင်း၌အချိန်ယူခြင်းထက် စိတ်ပါဝင်စားသူများထံလည်ပတ် ဆုတောင်းပေးခြင်း၊ ဘုရားတရားကြည်ညိုခြင်းနှင့်ပတ်သက်သည့်ညွှန်ကြား ချက်များကို သွန်သင်ပို့ချပေးခြင်းအဆုံး၌ “ခရစ်တော်အားဖြင့် လူတိုင်းစုံလင် ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကိုဆက်သနိုင်ရန်” အထိ ပို၍အချိန်ယူ ဆောင်ရွက်ကြရပါမည်။ [Ev 320.1]EvBur 410.1

    အမှန်တရားကိုသွန်သင်သောဆရာများတို့၏နှလုံးသားထဲ၌ ဘုရားသခင် ခရစ်တော်ပိုင်ဆိုင်သောသူများအပေါ် နက်ရှိုင်းစစ်မှန်သောမေတ္တာဖြင့်ပြည့်ဝ ၏မေတ္တာတော်ကိန်းအောင်းခြင်းရှိရမည်။ သူကိုယ်တိုင်၏နှလုံးသားထဲ၌ ခြင်းရှိပြီး သူတစ်ပါးထံသို့စီးဆင်းသွားရမည်။ ဓမ္မဆရာများတို့သည် အမှန် တရားလက်ခံသောသူများတို့အား ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသည့် ခြင်းအကြောင်း သူတို့သင်ကြားပို့ချပေးသင့်ပြီး မြတ်နိုးဖွယ်အရာများစွာတို့ကို အသီးကိုသီးနိုင်ရန် သွန်သင်ပို့ချပေးသင့်သည်။ မိမိကိုယ်ကိုနေ့စဉ်ဆက်ကပ် စွန့်လွှတ်စေရန်နှင့်ဆောင်ရွက်စရာတာဝန်များစွာတို့ကိုမနှစ်သက်သည့်တိုင် ဆောင်ရွက်စေရမည်။ စီးပွားရေးစိတ်ဝင်စားမှုများ၊ စွဲလမ်းစရာလူမှုဆက်ဆံ ရေးများ၊ သက်သောင့်သက်သာဇိမ်နှင့်နေထိုင်ရခြင်း၊ သြဇာဂုဏ်ဒြပ်ရှိခြင်းနှင့် အခြားလောကစွဲမက်ဖွယ်ရာအရာဟူသရွေ့တို့ကိုစွန့်လွှတ်ကာ ခရစ်တော်၏ အမြဲသာလွန်သောတောင်းဆိုမှုများကို အမြတ်တနိုးထားရမည်ဖြစ်ပါသည်။ Testimonies, vol. 4, 317. (1879) [Ev 320.2]EvBur 410.2