Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၅)—ဧဝံဂေလိတရားပွဲအစည်းအဝေးများအတွက် စီစဉ်ဆောင်ရွက်ခြင်း

    စည်းစနစ်များနှင့်အဖွဲ့အစည်း

    ကြီးမားသောအလုပ်တစ်ခုကို အနည်းငယ်သောငွေကြေးဖြင့် ဆောင်ရွက်ခြင်း -ဘုရားရှင်လုပ်ငန်း၏ထိရောက်သည့်ပုံစံသည် နည်းလမ်းရိုးရိုးဖြင့် ကျွန်ုပ်တို့ ၏ကမ္ဘာ၌ အကြီးမားဆုံးသောအလုပ်ကိုပြီးမြောက်စေပါသည်။ ဘုရားရှင်၏ စီမံကိန်းသည် အုပ်ချုပ်ရေးအစိတ်အပိုင်းအားလုံး တစ်ခုပေါ်တစ်ခုအမှီပြုရမည် ဖြစ်ပြီး ဘီးတစ်ဘီးကောင်းမွန်စွာလည်ပတ်သကဲ့သို့ လုံးလုံးညီညာစွာလုပ်ဆောင် ရမည်။ လူ့အင်အားကိုအသုံးပြုပြီး မမြင်ရသောကြိုးကို သူ၏ဝိညာဉ်တို့ထိ ခြင်းအားဖြင့် စကြဝဠာတစ်ခုလုံးသို့ အသံတုန်လှုပ်သွားပါသည်။ Manuscript 22, 1897. [Ev 93.1]EvBur 99.1

    စနစ်တကျဖြင့်စည်းလုံးစွာဆောင်ရွက်ခြင်း၏အောင်မြင်မှုရလဒ် — ဘုရားသခင် သည် စည်းစနစ်ရှိသောဘုရားဖြစ်သည်။ ဆက်နွှယ်လျက်ရှိသောအရာခပ်သိမ်း တို့သည် စည်းစနစ်ပြည့်စုံလျက်ရှိသည်။ နာခံမှုနှင့်စည်းစနစ်တကျရှိခြင်း၏ အောက်၌ ကောင်းကင်တမန်များလှုပ်ရှားကြပါသည်။ အောင်မြင်ခြင်းကို စည်းစနစ်နှင့်ညီညွတ်သောဆောင်ရွက်မှုဖြင့်ရရှိပါသည်။ ယခင်ဣသရေလ အချိန်ထက်မနည်း ယခုဘုရားသခင်သည် မိမိ၏အလုပ်၌ စည်းကမ်းနှင့်စနစ် ရှိရန်တောင်းဆိုပါသည်။ သူ့အတွက်အမှုထမ်းသောသူအားလုံး ကပြက်ကချော်၊ ပရမ်းပတာဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ ပညာသတိဖြင့် သူ၏အမှုတော်ကို ဆောင်ရွက်ကြရမည်။ သူ၏ထောက်ခံချက်ကို သူအသိအမှတ်ပြုရန် သူ၏ အလုပ်ကိုယုံကြည်ခြင်းနှင့် တိကျစွာလုပ်ဆောင်ရပါမည်။ Patriarchs and Prophets, p. 376. (1890)EvBur 99.2

    စီမံအတိုင်းလိုက်လျှောက်ခြင်း - မှတ်ချက်- ကောင်းမွန်သောအဖွဲ့ အစည်း၏လိုအပ်ချက်နှင့်အကျိုးများသည် အဆိုအမိန့်များစွာအထဲ၌ရှိပြီး တချို့တို့ကို သင်တန်းကျောင်းမန်နေဂျာများသို့ ညွှန်ကြားပြထားပါသည်။ သို့သော် ဤစည်းမျဉ်းများကို လုပ်ငန်းတိုင်းတွင်အသုံးပြုနိုင်ရန် ဤနေရာ၌ ထည့်သွင်းထားပါသည်။ -စုစည်းပြုစုသူများ ကောင်းသောစီမံကိန်းကိုလိုက် ၍ စနစ်တကျအလုပ်လုပ်ရန်လိုအပ်သည်။ သင့်လျော်သောအချိန်၌ပြီးစီးအောင် လုပ်ဆောင်နိုင်ရန် မည်သူမျှအလုပ်တစ်ခုကို မည်သို့မည်ပုံစနစ်တကျမည်ကဲ့သို့ လုပ်ကိုင်ပြီးအောင်မြင်ခဲ့ကြောင်းမမြင်ရဘဲ အခြားသူများကို သေချာစွာပြောပြ ၍မရပါ။ [Ev 94.1]EvBur 100.1

    ပထမရေင့်သက်ဆိုင်သူအားလုံးထံသို့ လွတ်လပ်စွာဖြင့်ကောင်းသောစီမံကိန်းကို တင်ပြသင့်ပြီး သူတို့နားလည်ကြောင်း သေချာစွာသိရှိသင့်သည်။ ထိုနောက် ဌာနအသီးသီးမှခေါင်းဆောင်များကို ဤစီမံကိန်းအတိုင်းဆောင်ရွက်ရာ၌ ပါဝင် စေရန်တောင်းဆိုပါ။ အကယ်၍ ဤတိကျကောင်းမွန်သောစနစ်ကို သေချာ စွာအကောင်အထည်ဖော်ပြီး စိတ်ဝင်စားစွာနှင့်ကောင်းသောသဘောထားဖြင့် ဆက်လက်လုပ်ဆောင်ကြပါက စိတ်ဝင်စားမှုမရှိသည့်စိတ်ဓာတ်ဖြင့်လုပ်ဆောင် ခြင်းနှင့် မလိုအပ်သည့်အခက်အခဲများစွာကို ရှောင်ရှားနိုင်လိမ့်မည်။ Manuscript 24, 1887. [Ev 94.2]EvBur 100.2

    ကောင်းမွန်စွာနားလည်သောစီမံကိန်းများ - သင်ဆောင်ရွက်နေသောအလုပ် သည် အတင်းအဓမ္မဆောင်ရွက်ရသောအလုပ်မဟုတ်ပါ။ အကျိုးရရှိစေမည့် ကောင်းမွန်စွာနားလည်သောစီမံကိန်းများအားဖြင့်သာဖြစ်သည်။ Letter 14, 1887. [Ev 94.3]EvBur 100.3

    ကြိုတင်စဉ်းစားခြင်း၊ စနစ်တကျရှိခြင်းနှင့်ဆုတောင်းခြင်း - မည်သည့်အလုပ် မဆို သတိမပြုခြင်း၊ ရည်ရွယ်ချက်မရှိခြင်း၊ စိတ်ဝင်စားမှုမရှိခြင်းဖြင့် ဆောင်ရွက် ခြင်းသည်အပြစ်ဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်၏အမှုတော်၌ ပို၍ အရေးကြီးပါသည်။ ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်သော မည်သည့် လုပ်ငန်းမဆို ကျွန်ုပ်တို့ဆောင်ရွက်ကြသောအခါ ကြိုတင်စဉ်းစားခြင်း၊ ... ဆုတောင်းခြင်းဖြင့် စနစ်တကျဆောင်ရွက်ကြရမည်။ Review and Herald, March 18, 1884. [Ev 94.4]EvBur 100.4

    သေချာစွာဖြင့် လျင်မြန်စွာဆောင်ရွက်ခြင်း - လုပ်ငန်းတစ်ခုကို ကောင်းမွန် သေချာစွာအာရုံပြုပြီး ဂရုတစိုက်မဆောင်ရွက်ပါက ကြီးစွာသောမှားယွင်းမှုကို လွယ်ကူစွာဖြစ်စေနိုင်ပါသည်။ အကယ်၍ ဌာနအမျိုးမျိုးတို့ကိုတာဝန်ယူ ကြီးကြပ်မည့် ဤလုပ်ငန်းတို့၌ကျွမ်းကျင်သူများမရှိပါက ကျွမ်းကျင်သည်ဖြစ် မကျွမ်းကျင်သည်ဖြစ်စေ လုပ်ဆောင်သောသူတို့သည် အားသွန်ခွန်စိုက် လုပ်ဆောင်ကြသည့်တိုင် အောင်မြင်မှုရှိမည်မဟုတ်ပါ။ လုပ်ငန်းတိုးတက်သည် နှင့်အမျှ၊ မကြာခဏလုပ်ငန်း၏နေ့ရက်ကာလများကို ရွှေ့ဆိုင်းရသောအခြေ အနေဖြစ်စေနိုင်သည်။ ဘုရားတရားလုပ်ငန်းဖြစ်စေ၊ လောကီလုပ်ငန်းဖြစ်စေ ဆောင်ရွက်ရမည့်အချိန်၌ မဆောင်ရွက်ကြပါက ကြီးစွာစွန့်စား၍ဆောင်ရွက် သွားခြင်းထက် မဆောင်ရွက်ဘဲနေပါက သာ၍ကောင်းပါလိမ့်မည်။ မည်သည့် ကိစ္စ၌မဆို ဆောင်ရွက်ရန်ရှိသောအလုပ်ကို မှန်သောအချိန်၌မလုပ်ဆောင်ပါက မည်သည့်အခါမျှ ၎င်းလုပ်ငန်းကိုကောင်းမွန်စွာဆောင်ရွက်နိုင်မည်မဟုတ်ပါ။ Manuscript 24, 1887.[ [Ev 94.5]EvBur 101.1

    မိမိ၏မှန်သောကဏ္ဍအသီးသီး၌လုပ်ဆောင်ခြင်း - မိမိတို့၏ဆောင်ရွက်နိုင် သရွေ့နှင့် စွမ်းရည်အပေါ်မူတည်ပြီး ဘုရားသခင်သည် လူတိုင်းတို့အား သူ၏အမှုတော်၌တာဝန်ပေးထားသည်။ ပေးအပ်သောတာဝန်နှင့်ဆီလျော်သည့် ဗဟုသုတရရှိရန် အမှုဆောင်တိုင်းတို့အား ကိုယ်စီသင့်လျော်သည့်တာဝန်ကို ပေးအပ်နိုင်ရန် ကောင်းသောစီမံခန့်ခွဲမှုလိုအပ်ပါသည်။ Letter 45, 1889. [Ev 95.1]EvBur 101.2

    တစည်းကမ်းရှိစစ်သည်တော်များနည်းတူလုပ်ဆောင်ပါ - ကျွန်ုပ်တို့သည် ဘုရား သခင်နှင့်အတူအလုပ်လုပ်နေကြသောသူများဖြစ်ကြောင်း သတိရကြပါ။ ကျွန်ုပ် တို့၏စွမ်းရည်နှင့်ဆန္ဒအလျောက် လုပ်ဆောင်နိုင်စွမ်းမရှိပါ။ ရှေးဣသရေလ လူမျိုးများကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘဏ္ဍာစိုးများအဖြစ်ခန့်ထား ပြီး စမ်းသပ်လျက်ရှိပါသည်။ သူ၏စည်းစနစ်နှင့်သန့်ရှင်းခြင်းကို မှားယွင်း သောကိုယ်စားများအဖြစ် စည်းမဲ့ကမ်းမဲ့၊ မမှန်မကန်လုပ်ဆောင်ကြသော လုပ်သားတစ်စုအဖြစ် ဖွဲ့စည်းထားခြင်းကို သူအလိုမရှိပါ။ Review and Herald, Oct. 8, 1901. [Ev 95.2]EvBur 101.3

    စီမံကိန်းနှင့် လုပ်ငန်းအတွက်ထူးခြားသောအသိဉာဏ် - ထူးခြားသောအသိ ပညာလိုနေသည်။ တီထွင်စီမံတတ်သည့်စွမ်းရည်နှင့် ညီညွတ်စွာလုပ်ဆောင် ကြရမည်။ လုပ်ဆောင်လေသမျှတို့၌ မိမိတို့၏အကျိုးစီးပွားအတွက် တစ်စုံ တစ်ခုမျှရရှိရန်မမျှော်ကိုးဘဲ .. ရရှိသည့်အောင်မြင်မှုအကျိုးရလဒ်အားလုံးကို ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်အတွက်နှင့် လုပ်ငန်းတိုင်းလျင်မြန်စွာ တိုးတက်စေရန်အတွက်သာလျှင် ဖြစ်စေရမည်။ ဤထူးမြတ်သောအခွင့်အရေး သည် အမှုဟော်အတွက် မိမိတို့၏ဆက်ကပ်ခြင်းကို မိမိတို့လုပ်ဆောင်သော စွမ်းရည်အားဖြင့် ဖော်ပြရမည်ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးစီတို့အား ဘုရားရှင် အလုပ်တာဝန်ပေးထားသည်။ မိမိတို့၏အကျိုးစီးပွားအတွက် ရည်ရွယ်ခြင်း မဟုတ်ပါ။ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်အတွက်ဖြစ်သည်။ Manuscript 25, 1895. [Ev 95.3]EvBur 102.1

    ပညာသတိဖြင့်စီမံခြင်းသည်အလွန်အကျွံလုပ်ဆောင်ရန်မလို - အမှုဆောင် များတို့သည် မိမိတို့၏အလုပ်၌ပို၍လုပ်ဆောင်ရခြင်းကြောင့် မောပန်းနွမ်းနယ် ခြင်းမရှိစေရန် မိမိတို့၏အလုပ်ကို ကောင်းမွန်စွာစီမံတတ်ရန် ကျွန်ုပ်တောင်းဆို ရလိမ့်မည်။ Letter 17, 1902.EvBur 102.2

    Larger font
    Smaller font
    Copy
    Print
    Contents