Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြွယ်ဝသောရိတ်သိမ်းခြင်း၏ကတိတော်

    စိတ်ဝင်စားဖွယ်မြင်ကွင်းတစ်ခု - ညရူပါရုံထဲ၌ စိတ်ဝင်စားဖွယ်မြင်ကွင်း တစ်ခုကို ကျွန်ုပ်မြင်ရသည်။ မီးလုံးကြီးတစ်လုံးသည် လှပသည့်အိမ်ကြီးများ တချို့အပေါ်ကျပြီး တစ်မဟုတ်ချင်းအတွင်းပျက်စီးကုန်သည်။ လူတစ်ယောက် ၏ပြောဆိုသံကိုကျွန်ုပ်ကြားရသည်မှာ၊ “ကမ္ဘာပေါ်ကျရောက်မယ့်ဘုရားသခင် ရဲ့တရားစီရင်ခြင်းဟာ ရောက်လာမှာငါတို့သိပါတယ်၊ ဒါပေမယ့် ဒီလောက် စောစောရောက်လာမှာကို ငါတို့မသိပါလား” ဟုဆိုပြီး၊ အခြားတစ်ယောက် မှညည်းညူသံဖြင့်ပြောသည်မှာ၊ “မင်းတို့သိရဲ့သားနဲ့ဘာဖြစ်လို့ငါတို့ကိုမပြော တာလဲ၊ ဒီအကြောင်းငါတို့မသိပါလား” ဟုဖြစ်ပါသည်။ နေရာတိုင်း၌ ဤကဲ့သို့တူညီသည့်ပြစ်တင်သံများကို ကျွန်ုပ်ကြားနေရပါသည်။ [Ev ,43.1].EvBur 37.3

    ကြီးစွာသောပူပန်သောကစိတ်ဖြင့် အိပ်ရာမှကျွန်ုပ်နိုးထခဲ့သည်။ တစ်ဖန်အိပ်ပျော်ပြီး၊ လူအုပ်ကြီးတစ်စုထဲသို့ရောက်နေသယောင်ဖြစ်နေသည်။ အာဏာရှိသူတစ်ဦးမှ ဤလူစုကြီးကို မိမိ၏ရှေ့၌ ကမ္ဘာ့မြေပုံကြီးတစ်ခုကို ဖြန့်ချ၍စကားပြောနေသည်။ ဤမြေပုံသည် ကျွန်ုပ်တို့ထွန်ယက်လုပ်ဆောင် ရမည့် ဘုရားသခင်၏စပျစ်ဥယျာဉ်ဖြစ်သည်။ ကောင်းကင်မှအလင်းရရှိသူ တိုင်း ၎င်းအလင်းကိုထိုသူသည် အခြားသူများတို့ထံ ထပ်မံထွန်းလင်းရလိမ့် မည်။ အလင်းများကို နေရာမြောက်မြားစွာတို့၌ထွန်းလင်းရမည်။ ၎င်းအလင်း တို့မှတစ်ဆင့် အခြားနေရာများသို့ ဆက်လက်၍ထွန်းလင်းကြရမည်။ Ev, 43.2].EvBur 38.1

    ကမ္ဘာပေါ်ရှိမြို့များ၊ ရွာများနှင့်မြင့်သောအရပ်၊ နိမ့်သောအရပ်များတို့ ၌ တောက်ပသောမီးလုံးများပျံဝဲလျက်ရှိသည်ကို ကျွန်ုပ်မြင်ရသည်။ ဘုရားသခင် ၏စကားကိုနားထောင်ကြသောကြောင့် ဘုရားရှင်အတွက်အောက်မေ့ဖွယ်ရာ မှတ်သားချက်များကို မြို့ရွာတိုင်း၌တွေ့ မြင်ရပါသည်။ သူ၏အမှန်တရားကို ကမ္ဘာတစ်ဝန်းသို့ကြွေးကြော်လျက်ရှိပါသည်။ Testimonies, vol. 9, pp. 28,29, (1909) [Ev , 43.3].EvBur 38.2

    လေးနက်သောသတိပေးစကားများသည် ထောင်ပေါင်းများစွာကိုနှိုးဆွစေသည် - ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းဖြင့်ပြည့်ဝသောသူတို့သည် ဖြူစင်သောလုံ့လ ဖြင့် သူတို့အားဘုရားရှင်ပေးသောနှုတ်ကပတ်တော်ကို ဟောပြောလိုစိတ် ပြင်းပြကြပေလိမ့်မည်။ ဗာဗုလုန်မြို့ ၏အပြစ်များကိုဖော်ပြလိမ့်မည်။ လူထု အာဏာဖြင့် အသင်းတော်မှအတင်းအကျပ်လိုက်လျှောက်ရန် ကြောက်ရွံ့ဖွယ် ရာအကျိုးများ၊ များပြားလာသောဝိညာဉ်ကိုယုံကြည်သည့်အယူဝါဒများ၊ လျှို့ဝှက် စွာဖြင့် လျင်မြန်စွာတိုးတက်နေသော ပါပတန်ခိုးများတို့သည် ထင်ရှားလာမည် ဖြစ်သည်။ ဤလေးနက်သောသတိပေးချက်များကြောင့် လူတို့သည်ကြောက်လန့် ၍ နိုးကြားလာကြလိမ့်မည်။ ဤတစ်ခါမျှမကြားဘူးသောသတင်းစကားကို ထောင်ပေါင်းများစွာသောလူတို့သည် နားထောင်ကြလိမ့်မည်။ အံ့သြစွာဖြင့် ဗာဗုလုန်သည် မိမိ၏မှားယွင်းမှုများနှင့်အပြစ်များကြောင့် ကျဆုံးသည့်အသင်း တော်တစ်ခုဖြစ်ကြောင်း သက်သေခံချက်ကို သူတို့ကြားရပေလိမ့်မည်။ အကြောင်း မှာ သူ့ထံသို့ကောင်းကင်မှချပေးသောအမှန်တရားကို ငြင်းပယ်သောကြောင့် ဖြစ်သည်။ The Great Controversy, pp. 606, 607, (1888) Ev, 43.4].EvBur 38.3

    လူအများရောက်လာရန်ရှိသည် - ခရစ်တော်၏ကျေးဇူးတော် ဘုရားသခင်၏ဓမ္မအမှုတော်ဆောင်များတို့သည် အလင်းနှင့်ကောင်းချီး မင်္ဂလာ၏သတင်းပေးသူများဖြစ်လာကြပါသည်။ ကြိုးစားအားထုတ်ခြင်း၊ ဇွဲလုံ့လဖြင့်ဆုတောင်းခြင်းကြောင့် သူတို့သည် ဝိညာဉ်တော်တန်ခိုးကိုရရှိကြ ပြီး ဝိညာဉ်ကယ်လိုသောစိတ်ဆန္ဒအပြည့်အဝနှင့် ကပ်တိုင်၏အောင်မြင်ခြင်း အကြောင်းကိုဖော်ပြလိုသော စိတ်ဆန္ဒအပြည့်အဝဖြင့် ပြင်ပသို့ထွက်၍လုပ်ကိုင် ဆောင်ရွက်ကြသောကြောင့် သူတို့၏လုပ်ဆောင်သမျှသောလုပ်ငန်း၏အသီး အပွင့်တို့ကို တွေ့မြင်ရကြလိမ့်မည်။ လူ၏ပညာကိုအမှီပြုခြင်းမရှိ၊ မိမိတို့၏ ခြင်းအားလုံးတို့ကို ခံရပ်နိုင်သောလုပ်ငန်းတစ်ခုကို ကျော်လွှားအောင်မြင်ကြ ကိုယ်ကိုမချီးမြှောက်ခြင်းကြောင့် သူတို့သည် မာရ်နတ်၏သွေးဆောင်လှည့်ဖြား လိမ့်မည်။ မှောင်မိုက်မှအလင်းသို့ ဝိညာဉ်ပေါင်းများစွာရောက်ရှိလာပြီး၊ များစွာ သောအသင်းတော်တို့ကို ထူထောင်နိုင်လိမ့်မည်။ လူတို့၏တန်ဆာပလာများ အနေဖြင့်မဟုတ်ဘဲ၊ ခရစ်တော်၏တန်ဆာပလာများအဖြစ် လူအများတို့သည် ပြောင်းလဲလာကြလိမ့်မည်။ The Acts of the Apostles, p. 278, (1911) [Ev , 44.1]EvBur 39.1