Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လုပ်ငန်းပြီးစီးရန်အတွက်တန်ခိုး

    ဘာကြောင့်ဝိညာဉ်အောင်မြင်ခြင်း၌လူများစွာကျဆုံးကြရပါသနည်း - အများသော သူတို့သည် ကျွန်ုပ်တို့ယုံကြည်ခြင်း၏အယူဝါဒများနှင့်ခံယူချက်များတို့ကို ဟောပြောကြသော်လည်း သူတို့၏ယုံကြည်ခြင်းမရှိသည့်သာသနာ့လုပ်ငန်းအား ဖြင့် သန့်ရှင်းသောဝိညာဉ်တော်အလုပ်မလုပ်သည့်အတွက် သူတို့၏ဟောပြော ခြင်းသည် အငန်ဓာတ်မပါသောဆားကဲ့သို့ဖြစ်သည်။ သူတို့သည် ခရစ်တော် ၏ကျေးဇူးတော်ကိုရရှိနိုင်ရန် စိတ်နှလုံးတံခါးကိုမဖွင့်ပေးနိုင်ကြပါ။ သူတို့သည် တဆေးမပါသောအစာကဲ့သို့ဖြစ်သည်။ သူတို့၏လုပ်ဆောင်မှုအားလုံးတို့၌ လုပ်ဆောင်ခြင်းစည်းမျဉ်းဥပဒေမရှိခြင်းကြောင့် ခရစ်တော်ထံသို့ဝိညာဉ်များကို အောင်မြင်ရန် သူတို့၌ပျက်ကွက်ကြသည်။ သူတို့သည် ခရစ်တော်၏ဖြောင့်မတ် ခြင်းကို သီးသန့်ဖယ်ရှားထားခြင်းမပြုကြပါ။ ၎င်းဝတ်လုံသည် သူတို့အားဖြင့် မဟောင်းနွမ်းသောသစ်လွင်သောဝတ်လုံတစ်ခု၊ မသိသောပြည့်စုံခြင်းတစ်ခု၊ မတို့ထိရသောဇာစ်မြစ်တစ်ခုဖြစ်သည်။ Review and Herald, Nov. 29, 1892. [Ev 697.2]EvBur 929.1

    မယုံ ကြည်သူများစိတ်ဝင် စားစေရန် ပြင်းထန်ခြင်းဖြင့် လုပ်ဆောင်ရန်လို အပ် - ကျွန်ုပ်တို့သည် ခရစ်တော်၏အမှုတော်၌ ပို၍ကြီးမားသောစိတ်အားထက်သန် မှုလိုအပ်သည်။ လေးနက်သောအမှန်တရား၏သတင်းစကားသည် မယုံကြည် သောသူတို့၏စိတ်ကိုဆွဲဆောင်နိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့၏ကြိုးစား ခြင်းနှင့်အတူအလုပ်လုပ်ခြင်း၊ အမြင့်ဆုံးသောဘုရားရှင်သည် ကျွန်ုပ်တို့၏ အသက်ရှင်သောခွန်အားအရင်းအမြစ်ဖြစ်ခြင်းကဲ့သို့ ပြင်းထန်ခြင်းတစ်ခုဖြင့် ဟောပြောသင့်ကြသည်။ Signs of the Times, Dec. 9, 1886. [Ev 697.3]EvBur 929.2

    ကျွန်ုပ်တို့၏စိတ်ကို ခရစ်တော်နှင့်တစည်းတလုံးတည်းယူဆောင်လာပြီး ကျွန်ုပ်တို့၏အသက်တာကို သူ၏အလုပ်၌တညီတညွတ်တည်းဖြစ်စေသောအခါ၊ ပင်တေကုတ္တေပွဲနေ့၌ တပည့်တော်တို့အပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် ခဲ့သကဲ့သို့ ကျွန်ုပ်တို့အပေါ်ဆင်းသက်ပါလိမ့်မည်။ Review and Herald, June 30, 1903. [Ev 697.4]EvBur 930.1

    တမန်တော်များတို့ ၏စိတ်အားထက်သန်မှုဖြင့် - ဘုရားသခင်၏ဘုန်းတော် အတွက် စိတ်အားထက်သန်ခြင်းသည် အမှန်တရားကိုသက်သေခံရန် တပည့် တော်များတို့၏စိတ်ကို အင်အားကြီးမားသောတန်ခိုးဖြင့် လှုံ့ဆော်လျက်ရှိသည်။ ဤစိတ်အားထက်သန်ခြင်းသည် ကျွန်ုပ်တို့အားကယ်တင်ခြင်းမေတ္တာ၏ပုံဝတ္ထု ကိုပြောရန်နှင့် ခရစ်တော်အကြောင်းနှင့်သူ၏ကပ်တိုင်ပေါ်ရိုက်ထားခြင်းခံရ သည့်အကြောင်းကိုပြောရန် တောင့်တသောဆန္ဒဖြင့် ကျွန်ုပ်တို့၏စိတ်ထဲ၌ တောက်လောင်ခြင်းမရှိသင့်ပါသလား။ တမန်တော်များတို့၏အချိန်ကကဲ့သို့ ကျွန်ုပ်တို့၏အချိန်၌လည်း ပို၍အင်အားကြီးမားသော ဘုရားသခင်၏တန်ခိုး ဖော်ပြခြင်းမပြုသင့်ပါသလား။ Signs of the Times, Feb. 17, 1914. [Ev 698.1]EvBur 930.2

    သူတို့ ၏တန်ခိုးအရင်းအမြစ် - ခရစ်တော်ကောင်းကင်သို့တက်ကြွသွား ပြီးနောက် တပည့်တော်များတို့သည် ဘုရားသခင်ထံတော်သို့နှိမ့်ချသောစိတ် ဖြင့် တောင်းလျှောက်ကြရန် တစ်နေရာ၌အတူတကွစုရုံးကြပါသည်။ မိမိတို့ ၏စိတ်နှလုံးကိုရှာဖွေပြီး မိမိတို့၏ကိုယ်ကိုဆယ်ရက်တာစစ်ဆေးကြပြီးနောက် သန့်ရှင်း၍ဆက်ကပ်သောဝိညာဉ်ဗိမာန်များထဲသို့ သန့်ရှင်းသောဝိညာဉ်တော် အတွက် လမ်းကိုပြင်ဆင်ပေးခဲ့ပါသည်။ နှလုံးသားတိုင်းထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏သားသမီးများကိုပြရန် ဘုရားသခင်ဆန္ဒရှိသကဲ့သို့ ၎င်းသည်သူတို့အား ကောင်းကင်၏အကောင်းဆုံးသောကောင်းချီးမင်္ဂလာများ ဖြင့် ကောင်းချီးပေးရန် သူ၏အခွင့်ထူးဖြစ်ပါသည်။ ဝိညာဉ်တော်၏ဓားသည် လက်ယာလက်ဝဲဘက်၌ အလင်းရောင်တောက်ပလျက်ရှိသည်။ တန်ခိုးဖြင့် အသစ်တစ်ဖန်ပြုပြင်ပြီး ၎င်းသည် စိတ်နှင့်ဝိညာဉ်၏တကွဲတပြားစီခွဲခြားခြင်း နှင့် အဆစ်နှင့်ခြင်ဆီကိုပင် ထိုးဖောက်နိုင်ပါသည်။ လူတို့၏ဝတ်ပြုကိုးကွယ် ခြင်းနှင့်ရောပြွန်းနေသည့်ဝတ်ပြုကိုးကွယ်ခြင်းသည် ရှုံးနိမ့်သွားပါသည်။ အသစ် သောနယ်မြေကို ဘုရားသခင်၏နိုင်ငံတော်သို့ပေါင်းစည်းနိုင်ခဲ့ပါသည်။ ဘာမျှ မရှိဘဲ စွန့်ပစ်ထားသောနေရာများတို့သည်လည်း ဘုရားသခင်၏ချီးမွမ်းခြင်း များတို့ကို အသံပြုကြပါသည်။ Review and Herald, June 10, 1902. [Ev 698.2]EvBur 930.3

    ဝိညာဉ်များ၏ဝန်ထုပ်ကို သူတို့ ခံစားနေရသည် - တပည့်တော်များတို့သည် အမြင့်ဆုံးသောရာထူးကို ကြိုးစားရယူခြင်းစိတ်မရှိဘဲ သူတို့လုံးလုံးလျားလျား စည်းလုံးခြင်းရှိကြသည့်နောက်ပိုင်း၌ သူတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သည်ကိုသတိပြုပါ။ သူတို့သည် တညီတညွတ်တည်းရှိကြသည်။ မတူညီမှုအားလုံးတို့ကို သူတို့စွန့်လွှတ်လိုက်ကြသည်။ ထိုနောက် ဝိညာဉ် တော်ဆင်းသက်ပြီးသည့်နောက် ၎င်းအတိုင်းဆက်လက်ပြီး တညီတညွတ်တည်း ရှိနေကြပါသည်။ “ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံတညီတညွတ် တည်းရှိကြ၏” ဟူသည့်အချက်ကိုမှတ်သားပါ။ အပြစ်သားများအသက်ရှင်ရန် အသေခံသောသူ၏ဝိညာဉ်သည် ယုံကြည်သူအားလုံးတို့ကို အသက်ရှင်ခွင့် ပေးပါသည်။ . [Ev 698.3]EvBur 931.1

    တပည့်တော်များတို့သည် မိမိတို့အတွက်သာကောင်းချီးမင်္ဂလာကို မတောင်းလျှောက်ကြပါ။ သူတို့သည် ဝိညာဉ်များတို့၏ဝန်ထုပ်ဖြင့် စိတ်ဖိစီ မှုခံစားနေကြရပါသည်။ ဧဝံဂေလိတရားကို ကမ္ဘာအရပ်ရပ်သို့သယ်ဆောင် ရမည်ဖြစ်သောကြောင့် ခရစ်တော်ကတိပြုခဲ့သော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကို တောင်းဆိုကြသည်။ ထိုနောက် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် ပြီးနောက် တစ်ရက်အတွင်းထောင်ပေါင်းများစွာပြောင်းလဲသွားကြပါသည်။ Signs of the Times, Feb. 17, 1914, [Ev 699.1]EvBur 931.2

    နိုးကြားသောအသင်းတော်တစ်ခု - ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုခရစ်တော် လုံးလုံးလျားလျားဆက်ကပ်အပ်နှံကြသောအခါ၊ အကန့်အသတ် မရှိဘဲ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းကို ဘုရားရှင်အသိအမှတ်ပြုပေလိမ့် မည်။ သို့သော် ဘုရားသခင်နှင့်အတူ အမှုဆောင်အများစုတို့ပါဝင်လုပ်ဆောင် ခြင်းမရှိပါက သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်မည်မဟုတ်ပါ။ Review and Herald, July 21, 1896. [Ev 699.2]EvBur 932.1

    ကမ္ဘာမြေကြီးကို အလင်းပေးခဲ့သည် - မြေကြီးပေါ်ရှိမြို့များနှင့်ရွာများမှ သော်လည်းကောင်း၊ မြင့်သောအရပ်များနှင့်နိမ့်သောအရပ်များမှသော်လည်း ကောင်း ထွန်းလင်းသောလင်းရောင်ခြည်များပေါ်ထွက်လာသည်ကို ကျွန်ုပ်မြင် ရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုက်လျှောက်ကြသောကြောင့် မြို့တိုင်းရွာတိုင်းတို့၌ သူ့အတွက်အောက်မေ့ဖွယ်ရာအထိမ်းအမှတ်များတို့ကို တွေ့ရပါသည်။ သူ၏အမှန်တရားကို ကမ္ဘာတစ်ဝန်းသို့ဟောပြောကြပါသည်။ Testimonies, vol. 9, pp. 28, 29. (1909) [Ev 699.3]EvBur 932.2

    ရာချီထောင်ချီသောသူတို့သည် မိသားစုများတို့အားလည်ပတ်ကြပြီး သူတို့ရှေ့၌နှုတ်ကပတ်တော်ဖွင့်ပြကြသည်ကို တွေ့ရှိရပါသည်။ သန့်ရှင်းသော ဝိညာဉ်တန်ခိုးအားဖြင့် စိတ်နှလုံးများတို့သည် ယုံကြည်လာကြပြီး၊ စစ်မှန်သော ပြောင်းလဲခြင်း၏စိတ်သဘောကို ဖော်ပြကြပါသည်။ နေရာတိုင်း၌ အမှန် တရားဟောပြောရန် တံခါးဖွင့်လာခဲ့ပါသည်။ ကမ္ဘာကြီးသည် ကောင်းကင် ဩဇာဖြင့်ထွန်းလင်းပုံပေါ်နေပါသည်။ Testimonies, vol. 9, p. 126. (1909) [Ev 699.4]EvBur 932.3

    နှိမ့်ချသောတန်ဆာပလာများအားဖြင့် - တတိယကောင်းကင်တမန်သတင်း စကားကို အကြီးမားဆုံးသောတန်ခိုးဖြင့်ဟောပြောရန် အချိန်ရောက်လာသကဲ့သို့ ဘုရားသခင်သည် နှိမ့်ချသောတန်ဆာပလာအားဖြင့် အလုပ်လုပ်သွားမည်ဖြစ် ပြီး သူ၏အမှုတော်၌ မိမိတို့၏ကိုယ်ကိုဆက်ကပ်ရန် စိတ်နှလုံးသားများတို့ကို ပို့ဆောင်တော်မူလိမ့်မည်။ အမှုထမ်းများတို့သည် သင်တန်းကျောင်းများတို့၌ သင်တန်းခံယူရရှိခြင်းထက် သူ၏ဝိညာဉ်တော်တန်ခိုးအားဖြင့် အမှုထမ်းရန် အရည်အချင်းပြည့်ဝကြပေလိမ့်မည်။ ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းရှိသော သူတို့သည် သန့်ရှင်းသောစိတ်အားထက်သန်မှုဖြင့်ထွက်သွားကြရန် ဆွဲဆောင် ခြင်းခံရပြီး သူတို့အားဘုရားသခင်ပေးသောနှုတ်ကပတ်တော်များတို့ကို ဟောပြော ကြလိမ့်မည်။ ဗာဗုလုန်၏အပြစ်များထင်ရှားလာလိမ့်မည်။ လူ့အာဏာဖြင့် အသင်းတော်၏အတင်းအဓမ္မစောင့်ထိန်းရန်ချမှတ်ထားသည့် ကြောက်မက်ဖွယ် အကျိုးတရားများ၊ နတ်ဝိဇ္ဇာမှော်အတတ်တို့၏ဝင်ရောက်ဖျက်ဆီးခြင်းများ၊ လျှို့ဝှက်သောပါပတန်ခိုး၏လျင်မြန်စွာတိုးတက်ခြင်းများ အားလုံးထင်ရှားစွာ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ ဤလေးနက်သောသတိပေးခြင်းများအားဖြင့် လူတို့ ၏စိတ်များလှုပ်ရှားလာကြလိမ့်မည်။ ထောင်ပေါင်းများစွာသောလူတို့သည် ဤကဲ့သို့တစ်ခါမျှမကြားရသောစကားများတို့ကို နားထောင်ကြရလိမ့်မည်။ The Great Controversy, p. 606. (1888) [Ev 699.5]EvBur 932.4

    လူထုကြီးသည်ဘုရားသခင်၏စစ်သည်တော်များနှင့်ပေါင်းစည်းလိမ့်မည် - အခြား သူများတို့ကိုအလင်းပေးရန် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် တိုက်တွန်း ခြင်းခံရသောသူများတို့သည် ဟိုဟိုဒီဒီလျင်မြန်စွာသွားလာကြသည်ကို တွေ့မြင် ရပေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်တရားသည် သူတို့၏ အရိုးများထဲ၌ မီးကဲ့သို့မှောင်မိုက်ခြင်းထဲတွင်ရှိနေကြသောသူတို့ကို အလင်း ပေးလိုသောဆန္ဒလောင်ကျွမ်းခြင်းဖြင့် သူတို့၏စိတ်ထဲ၌ပြည့်၀စေပါသည်။ ပညာမရှိသောသူများအထဲ၌ပင် များစွာသောသူတို့သည် ယခုဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြသည်။ ဝိညာဉ်တော်အားဖြင့်ထွက်၍ ကောင်းကင်မှသတင်းစကားကိုဟောပြောရန် ကလေးများတို့သည် တွန်းအား ပေးခြင်းကိုခံရကြပါသည်။ ဝိညာဉ်တော်နှိုးဆော်ခြင်းခံရပြီး ၎င်း၏နှိုးဆော် ခြင်းကိုလက်ခံသောသူအားလုံးတို့သည် သူတို့၏စက်ယန္တရား၊ သူတို့၌ရှိသော စည်းမျဉ်းများနှင့် ကောင်းသောစနစ်များဖြင့် သူတို့သည် ဝိညာဉ်တော်တန်ခိုး ၏ခွန်အားအားဖြင့် အမှန်တရားကိုဟောပြောကြလိမ့်မည်။ လူအပေါင်းတို့သည် ယုံကြည်ခြင်းရရှိရကြပြီး ဘုရားသခင်၏စစ်သည်တော်များတို့နှင့် ပေါင်းစည်း ကြလိမ့်မည်။ Review and Herald, July 23, 1895. [Ev 700.1]EvBur 933.1

    ထောင်ချီသောအသံများသတိပေးခြင်းကို ကြွေးကြော်ကြလိမ့်မည် - မိမိတို့၏ မျက်နှာပေါ်၌အလင်းရောင်ထွန်းလင်းပြီး သန့်ရှင်းသောဆက်ကပ်ခြင်းဖြင့် တောက်ပနေသော ဘုရားသခင်၏အစေခံများတို့သည် တစ်နေရာမှတစ်နေရာ သို့လျင်မြန်စွာသွားကြပြီး ကောင်းကင်မှသတင်းစကားကိုကြွေးကြော်ကြလိမ့် မည်။ ထောင်ချီသောအသံများအားဖြင့် သတိပေးစကားသည် ကမ္ဘာတစ်ဝန်း လုံးသို့ဟောပြောကြလိမ့်မည်။ အံ့ဖွယ်နိမိတ်များပြုလုပ်ကြလိမ့်မည်။ ဖျားနာ သောသူများပျောက်ကင်းသွားကြပြီး ယုံကြည်သောသူများတို့နှင့်အတူ နိမိတ် လက္ခဏာနှင့်အံ့သြဖွယ်ရာများရှိကြပါလိမ့်မည်။ မာရ်နတ်သည်လည်း လှည့်ဖြား သောအံ့သြဖွယ်ရာများတို့ကို လူတို့ရှေ့၌ကောင်းကင်မှမီးကိုပင် ယူဆောင်လာ သည့်တိုင်ပြုလုပ်ပေလိမ့်မည်။ ထိုသို့ဖြင့် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည် မိမိတို့၏ခံယူချက်ကို မည်ကဲ့သို့ရပ်တည်ရန် ဆုံးဖြတ်ခြင်းပြုရကြပါလိမ့်မည်။ [Ev 700.2]EvBur 934.1

    သတင်းစကားကို ဘုရားသခင်ဝိညာဉ်တော်၏လေးနက်သောခံယူ ချက်ကဲ့သို့အသုံးပြုရန် များစွာမလိုအပ်သည့်ငြင်းခုံခြင်းအားဖြင့် သယ်ဆောင် ကြရမည်။ ငြင်းခုံခြင်းများတို့ကိုပြုလုပ်ခဲ့ကြသည်။ မျိုးစေ့စိုက်ပျိုးပြီးနောက် အပင်ပေါက်၍ကြီးထွားလာပြီး အသီးသီးလာလိမ့်မည်။ သာသနာပြုအမူဆောင် များမှ ဝေငှလိုက်သောစာပေများတို့မှ သူတို့၏သြဇာကိုရယူခဲ့ပြီး၊ ယခုတိုင် များစွာသောစိတ်နှလုံးကိုထိခိုက်ခံစားရသောသူများတို့သည် အမှန်တရားကို ပြည့်ဝစွာနားလည်ရန်၊ သို့မဟုတ် လိုက်လျှောက်နားထောင်ခြင်းသို့ပို့ဆောင် ရန် တားဆီးထားပါသည်။ ယခုအလင်းရောင်ခြည်သည် နေရာတိုင်းသို့ ထိုးဖောက်လျက်ရှိပြီး အမှန်တရားကိုရှင်းလင်းစွာတွေ့မြင်ရကာ ဘုရားသခင်၏ ရိုးသားသောသားသမီးများတို့သည် သူတို့အားချုပ်ကိုင်ထားသောအချည်အနှောင် များကို ဖြတ်တောက်ပစ်လိုက်ကြသည်။ မိသားစုဆက်သွယ်ခြင်းများ၊ အသင်း တော်ဆက်ဆံခြင်းများတို့သည် သူတို့အားယခုတည်မြဲစေရန် တန်ဖိုးမရှိတော့ ချေ။ အရာအားလုံးတို့ထက် အမှန်တရားသည် ပို၍တန်ဖိုးရှိသည်။ သို့သော် လည်း ကိုယ်စားလှယ်များတို့သည် အမှန်တရားနှင့်ပေါင်းစည်းကာ လူပေါင်း များစွာတို့အား မိမိတို့၏ရပ်တည်ခြင်းကို ဘုရားသခင်ဘက်၌နေရာယူကြပါ လိမ့်မည်။ The Great Controversy, p. 612. (1888) [Ev 701.1]EvBur 934.2

    အသင်းတော်အပေါ်သို့ကျရောက်မည့် သန့်ရှင်းသောဝိညာဉ်တော် သည် အနာဂတ်အချိန်၌ကျရောက်ရန်မျှော်လင့်ကြသည်။ သို့သော် ယခုအချိန် ၌ ၎င်းကိုရရှိရန် အသင်းတော်၏အခွင့်အရေးဖြစ်ပါသည်။ ၎င်းအတွက်ကို ရှာပါ။ ၎င်းအတွက်ဆုတောင်းပါ။ ၎င်းအတွက်ဆုတောင်းပါ။ ၎င်းကိုကျွန်ုပ် တို့ရရှိကြရမည်။ ၎င်းကိုကျွန်ုပ်တို့အားပေးရန် ကောင်းကင်မှစောင့်ဆိုင်းလျက် ရှိသည်။ Review and Herald, March 19, 1895. [Ev 701.2]EvBur 935.1

    အနောက်မိုး - ကတိတော်၏ကောင်းချီးမင်္ဂလာအတွက် ခရစ်ယာန်များ ယုံကြည်ခြင်းဖြင့် တောင်းလျှောက်စေပါ။ ၎င်းကိုရရှိကြလိမ့်မည်။ တပည့် တော်များတို့၏နေ့ရက်များ၌ ဝိညာဉ်တော်၏သွန်းလောင်းခြင်းသည် အလျင် မိုးဖြစ်ပြီး ခံစားရသည့်အကျိုးသည် ခမ်းနားကြီးကျယ်လှသည်။ သို့သော် နောက်မိုးသည်ပို၍ခမ်းနားကြီးကျယ်ပြီး များပြားခြင်းရှိလိမ့်မည်။ Signs of the Times, Feb. 17, 1914. [Ev 701.3]EvBur 935.2