တေးသီချင်းသီဆိုတီးမှုတ်သောပုဂ္ဂိုလ်များ
တရားပွဲများ၌စိတ်နှလုံးရှိသူများ (စိတ်ဝင်စားသူများ) - သူတို့၏တရားပွဲ များ၌ လူတို့ကိုခရစ်တော်ထံသို့ခေါ်ဆောင်နိုင်ရန် ဘုရားသခင်၏အမှုဆောင် များတို့သည် လောက၏လမ်းစဉ်များကိုအသုံးမပြုရပါ။ သူတို့ကျင်းပသော အစည်းအဝေးများ၌ လောကီအဆိုသည်များတို့ကိုအသုံးပြုခြင်းနှင့် ပွဲလမ်း သဘင်ဆန်သော အခင်းအကျင်းများတို့ကိုအမှီပြုပြီး လူတို့၏စိတ်ဝင်စားမှုကို မပြုလုပ်ရပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ စိတ်ဝင်စားခြင်းမရှိသောသူ များ၊ အမှန်တရားများကိုသိရှိရန် ရိုးသားသောဆန္ဒဖြင့် နှုတ်ကပတ်တော်ကို တစ်ကြိမ်တစ်ခါဖတ်ရှုခြင်းမရှိသောသူတို့မှ သီချင်းများကို မိမိတို့၏စိတ်နှလုံး သားနှင့်နားလည်မှုဖြင့်သီဆိုနိုင်ရန် မည်ကဲ့သို့မျှော်လင့်၍ရမည်နည်း။ သူတို့ ၏စိတ်နှလုံးများသည် သန့်ရှင်းသောသီချင်းများတို့နှင့် မည်ကဲ့သို့ညီညွတ် ခြင်းရှိနိုင်မည်နည်း။ ဤလောကဆန်သည့်ပုံစံဖြင့်သီဆိုခြင်းကို ကောင်းကင် ခွာယာမှသူတို့နှင့်ပေါင်း၍ မည်ကဲ့သို့သီဆိုနိုင်ကြမည်နည်း။ Testimonies, vol. 9, p. 143. (1909) [Ev 508.4]EvBur 664.4
ချိုသာ၍ရိုးသားသောသီဆို ခြင်းဖြင့်သာ - ငွေအတွက်ကိုသာလျှင် လောကီ ပုံစံဖြင့်သီဆိုကြသောအဆိုသည်များကို သင်၏အမှုတော်လုပ်ငန်း၌သီဆိုကြ ရန် အမှီပြုသောအခါ၊ ဘုရားသခင်၏ဘုန်းတော်ကို မည်ကဲ့သို့ထင်ရှားစေ နိုင်မည်နည်း။ ကျွန်ုပ်၏ညီအစ်ကို၊ ဤအရာများကို မှန်သောအလင်းဖြင့် သင်တွေ့မြင်သောအခါ သင်၏ အစည်းအဝေးများ၌ ချိုသာ၍ရိုးသားသော သီဆိုခြင်းကိုသာအားကိုးပြီး လူထုပရိသတ်တစ်ခုလုံးကိုပေါင်းစည်းကာ သီဆို စေလိမ့်မည်။ အကယ်၍ အခြားသူများကဲ့သို့သီဆိုနိုင်စွမ်းမရှိသောသူများ သင်တို့အထဲ၌ရှိနေပါက သင်မည်ကဲ့သို့ထင်မည်နည်း။ ထိုကဲ့သို့ဖြစ်ပါက စိုးရိမ်စရာမရှိပါ။ ကောင်းကင်တမန်များဝင်ရောက်ပါဝင်သီဆိုခြင်းဖြင့် ကောင်းမွန်စွာသီဆိုနိုင်စွမ်းမရှိသောသူများတို့ကို ကူညီမစသွားလိမ့်မည်။ Letter 190, 1902. [Ev 509.1]EvBur 665.1
လောကတေးသံရှင်များ - အကယ်၍ရှောင်ရှားနိုင်ပါက လောကီတေးသံရှင် များတို့ကို ငှားရမ်းသီဆိုခွင့်မပြုပါနှင့်။ စိတ်နှလုံးသားနှင့်နားလည်မှုဖြင့် သီဆို နိုင်သောအဆိုသည်များတို့ကိုစုစည်းလျက် သီဆိုစေပါ။ အပိုခင်းကျင်းပြသ သောအရာများတို့သည် တစ်ခါတစ်ရံမလိုအပ်သောကုန်ကျစရိတ်များရှိပြီး ကုန်ကျစရိတ်ကို ညီအစ်ကိုများတို့ထံမတောင်းခံသင့်ပါ။ မယုံကြည်သူများမှ ဤကုန်ကျစရိတ်အတွက် ကူညီထောက်ပံ့လိုသောစိတ်ဆန္ဒမရှိကြောင်း မကြာမီ သင်တွေ့ရှိရပေလိမ့်မည်။ Letter 51, 1902. [Ev 509.2]EvBur 665.2
တေးအကူအညီပေးခြင်းကိုလက်ခံခြင်း - ဤအစည်းအဝေးများကျင်းပခြင်း ၌ သီချင်းသီဆိုခြင်းကိုချန်လှပ်မထားသင့်ပါ။ ဤသီဆိုခြင်းများအားဖြင့် ဘုရားရှင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ပါသည်။ အဆိုသည်များပါဝင်သီဆို လိုပါက သူတို့အားပါဝင်သီဆိုခွင့်ပြုသင့်ပါသည်။ သို့သော် တေးသံရှင်များ တို့ကိုငှားရမ်းခြင်းအားဖြင့် ငွေကိုအသုံးမပြုသင့်ပါ။ အများအားဖြင့် ကျွမ်းကျင် မှုမရှိကြသည့်တိုင် လွယ်ကူသောသီချင်းများကို လူထုပရိသတ်များမှသီဆိုခြင်း သည် လူတို့၏စိတ်ကိုဆွဲဆောင်နိုင်ကြောင်းတွေ့ရှိရပါသည်။ Letter 49, 1902.EvBur 666.1
ဘုရားရှင်နှင့်ဆန့်ကျင်သောတေးသီချင်း — ခင်းကျင်းပြသခြင်းသည် ဘာသာ ရေးမဟုတ်၊ သန့်ရှင်းခြင်းလည်းမဟုတ်ပါ။ အထွတ်အမြတ်ထား၍ဆက်ကပ် ခြင်းမရှိ၊ ဘုရားသခင်ထံသို့ပို့ဆောင်နိုင်သည့် သာယာသောအသံလည်းမရှိ သည့် တေးသီချင်းခင်းကျင်းပြသခြင်းသည် ဘုရားသခင်ရှေ့မှောက်၌ ဤထက် ဆန့်ကျင်သောအရာမရှိပါ။ ဘုရားသခင်၏ရှေ့မှောက်၌ ချိုမြိန်၍လက်ခံနိုင် သောအကောင်းဆုံးပေးကမ်းခြင်းသည် ကိုယ်ကျိုးစွန့်သည့်နှိမ့်ချသောနှလုံးသား နှင့်ကပ်တိုင်ကိုမြှောက်ထားပြီး ယေရှုနောက်တော်သို့လိုက်ခြင်းဖြစ်သည်။ [Ev 510.1]EvBur 666.2
ခံစားချက်များကိုနှစ်သက်ခြင်းပေးရန်အတွက်သာ ဤအရာများကို ရှာဖွေပြီးအသုံးပြုရန် ကျွန်ုပ်တို့၌အချိန်မရှိပါ။ နီးကပ်စွာစိတ်နှလုံးဆန်းစစ်ခြင်း လိုအပ်နေသည်။ မျက်ရည်မျက်ခွက်နှင့် ကြေကွဲသောစိတ်နှလုံးဖြင့်ဝန်ချခြင်း ကို ဘုရားရှင်ထံသို့ကျွန်ုပ်တို့အားနီးကပ်စေပြီး ကျွန်ုပ်တို့နှင့်ဘုရားရှင်နီးကပ် စေရန် ကျွန်ုပ်တို့၌လိုအပ်နေပါသည်။ Review and Herald, Nov. 14, 1899. [Ev _510.2]EvBur 666.3
ဘုရားရှင်ချီးမွမ်းခြင်းခံရခြင်း - မေတ္တာနှင့်သူ့အားဆက်ကပ်ဝတ်ပြုခြင်း နှလုံးသားမှချီးမွမ်းသီဆိုခြင်းအားဖြင့်သာ ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှား စေပါသည်။ Testimonies, vol. 1, p. 509. (1867) [Ev 510.3]EvBur 667.1