Loading...
Larger font
Smaller font
Copy
Print
Contents

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သြစတြေးလျတိုက်မြို့များတွင်လုပ်ကိုင်ဆောင်ရွက်ခြင်း

    စစ်ဒနီမြို့မှဝိညာဉ်များ - ကမ္ဘာတစ်ဝန်းအတွက်အလုပ်ရှိနေပြီး ဆုံးခန်း သို့ရောက်ရှိနေကြသည်နှင့်အညီ ဤလုပ်ငန်းထဲ၌ပါဝင်ရန် ဘုရားရှင်သည် လူတို့၏စိတ်ကိုနှိုးဆော်ပါလိမ့်မည်။ အကယ်၍ သင်၏တန်ခိုးသြဇာကို စစ်ဒနီမြို့တွင်လုပ်ဆောင်ရန်လိုအပ်ခြင်းများ၌ ပါဝင်လုပ်ဆောင်ရန်အသုံးပြုနိုင် ပါက အမှန်တရားကိုတစ်ခါမျှမကြားရသေးသော ဝိညာဉ်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်။ မြို့ကြီးများတို့၌ အလုပ်လုပ်ဆောင်ကြရပါမည်။ ဘုရားသခင်၏ကယ်တင်ခြင်းတန်ခိုးသည် သူတို့အားဖြင့် မီးခွက်ပမာထွန်းလင်း တောက်ပရပါမည်။ Letter 79, 1905. [Ev 425.1]EvBur 554.1

    စစ်ဒနီမြို့၌သာသနာလုပ်ငန်း၏အခွင့်အရေး - ယခုစစ်ဒနီမြို့ နှင့်အနီး ပတ်ဝန်းကျင်၌ ပို၍တိကျသောအလုပ်တစ်ခုကို ဆောင်ရွက်ကြရမည်။ ဆင်ခြေ ဖုံးရပ်ကွက်များအားလုံးတို့သည် ယခင်အချိန်ထက်အလုပ်လုပ်ရန် ပို၍ကောင်း သောအခြေအနေ၌ရှိနေပြီး ဆေးဝါးသာသနာ့လုပ်ငန်းလုပ်ဆောင်ရန် ယခု အခွင့်အရေးရှိနေသည့်အတွက် လိုအပ်သောတွက်ချက်မှုနှင့်ဗဟုသုတကို ပို၍ လုပ်ငန်းစီမံခန့်ခွဲရန်တွင် စီစဉ်ဆောင်ရွက်အသုံးပြုရပါမည်။ [Ev 425.2]EvBur 554.2

    ယခုစစ်ဒနီမြို့၌ အပင်မှအကိုင်းများစွာဖြာထွက်နေပြီး လုပ်ငန်းတိုင်း အတွက် ဗဟုသုတရှိမန်နေဂျာများကို လိုအပ်လျက်ရှိသည်။ လုပ်ငန်းဌာန များအားလုံးစည်းလုံးလျက် တစ်ခုလုံးညီညွတ်ခြင်းရှိစေရပါမည်။ Letter 63a, 1898. [Ev 425.3]EvBur 555.1

    တချို့နိုင်ငံများ၌ပို၍ကောင်းသောမျှော်လင့် ချက်ရောင်ခြည်များ - ဆေးဝါး သာသနာ့လုပ်ငန်းကို အမေရိကန်ပြည်ထက် သြစတြေးလျ၌ပို၍လုပ်ဆောင် ရန် မျှော်လင့်ချက်ရောင်ခြည်များရှိနေပြီး လူတို့ထံသို့အမှန်တရားပို့ဆောင်နိုင် ရန် လမ်းပွင့်လျက်ရှိသည်။ ဘုရားသခင်၏လူများ ယခုဘုရားသခင်၏ပြင်ဆင် မှုတံခါးဖွင့်ထားပေးခြင်း၏ခေါ်ဖိတ်သံကိုနာခံပြီးအလုပ်လုပ်ရန် အခွင့်အရေး အချိန်အခါကို သိရှိနိုင်ကြပါစေ။ Letter 41, 1999. [Ev 425.4]EvBur 555.2

    မြို့ရွာတိုင်းကြားသိစေရန် - အလုပ်လုပ်ရန်နေရာများစွာရှိနေသည်။ ရထားလမ်းပေါ်ရှိမြို့တိုင်းနှင့်ရွာတိုင်းတို့သည် ကျွန်ုပ်တို့အား ဘုရားရှင်ပေးထား ခဲ့သောသတင်းစကားကို ကြားသိစေရပါမည်။ အောင်မြင်မှုအနည်းငယ်အပေါ် ၌သာ ကျွန်ုပ်တို့ဝမ်းမြောက်လျက် ရပ်ဆိုင်းခြင်းမပြုရပါ။ စစ်ပွဲကိုဝင်ပေါက် တိုင်း၌တိုးဝင်ရပါမည်။ သက်သေခံတစ်ဦးမျှမရှိခြင်းကို ဘုရားရှင်အခွင့်မပြု ပါ။ နယူးခတ်(စ)တာ(Newcastle) ၏ခြားနားသောဆင်ခြေဖုံးရပ်ကွက်များ ၌ အမှန်တရားကိုဟောပြောကြရမည်။ ကြိမ်ပေါင်းများစွာ လဟာပြင်၌ကျွန်ုပ် တို့ဟောပြောကြရမည်။ တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ကောင်းသောအောင်မြင် မှုဖြင့် ကျွန်ုပ်နှစ်ကြိမ်နှစ်ခါဟောပြောခဲ့သည်။ [Ev 426.1]EvBur 555.3

    ခိုအော်ရာဘောင်း(Cooranbong) မှရှစ်မိုင်အကွာ ဩဘန်း (Aubum) မြို့ရှိနေပြီး၊ ထိုနေရာ၌ သူတို့ဘုရားကျောင်းတစ်ဆောင်ပိုင်ဆိုင်ထားသော ကြောင့် အချိန်ရသည်နှင့်တစ်ပြိုင်တည်း လာမည့်တနင်္ဂနွေနေ့၊ သို့မဟုတ် နောက်တစ်ပတ်တနင်္ဂနွေနေ့တွင် ကျွန်ုပ်စကားပြောသွားမည်ဖြစ်သည်။ ဘုရားကျောင်းထဲစကားပြောရန် သူတို့အခွင့်မပြုပါက စည်းဝေးကိုလဟာပြင် ၌ ကျွန်ုပ်တို့ကျင်းပသင့်ပါသည်။ Letter 76, 1899. [Ev 426.2]EvBur 555.4

    ကျေးလက်ဒေသများ၌ဗဟုသုတ - ယခုကျွန်ုပ်တို့သည် လဟာပြင်ထဲ၌ စည်းဝေးများကိုကျင်းပလျက်ရှိသည်။ ဒိုရာခရစ် (Dora Creek), ခိုအော်ရာ ဘောင်း (Cooranbong) မှသုံးမိုင်ဝေးသောနေရာ၌ လူပေါင်း (၉ဝ) သို့ မကြာမီက ကျွန်ုပ်နှစ်ကြိမ်စကားပြောခဲ့ပြီး လွန်ခဲ့သောနှစ်ပတ်တနင်္ဂနွေနေ့တွင် မာတင်ဗေးလ် (Martinsville), မြက်ထူသောလယ်ကွက်ငယ်လေး၌ လူပေါင်း (၆ဝ) သို့ ကျွန်ုပ်စကားပြောခဲ့ပါသည်။ စက်ဝိုင်းတစ်ဝက်ကိုထိုင်နိုင်ရန် ပျဉ်ပြားဖြင့်ခင်းထားပါသည်။ တချို့သောသူတို့သည် မြက်ခင်းပေါ်ထိုင်ကြပြီး အခြားသောသူတို့သည် ယာဉ်များပေါ်၌နားထောင်ကြသည်။ [Ev 426.3]EvBur 556.1

    လူတို့အားဟောပြောရန် လဟာပြင်စည်းဝေးများအပြင် အခြား နည်းလမ်းမရှိပါ။ တချို့သောသူများအတွက် အထူးစိတ်ဝင်စားပုံပေါ်သည်။ နှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ယခုစိတ်ဆုံးဖြတ်ရန်ရှိနေပြီး မှည့်နေသော လယ်ပြင်၌ရိတ်သိမ်းရန် အဆင်သင့်ရှိနေပါသည်။ အကယ်၍ကျွန်ုပ်တို့ တစ်မဟုတ်ချင်း မိမိတို့နေရာမှပြင်သို့ထွက်၍ သေချာစွာလူတို့အားတွေ့ဆုံပြီး ကြိုးစားဆောင်ရွက်ခြင်းမပြုကြပါက ဝိညာဉ်များစွာကိုကယ်တင်နိုင်ရန် ဆုံးရှုံး ပေလိမ့်မည်။EvBur 556.2

    တောရွာဇနပုဒ်အသင်းတော်ငယ်လေးများသို့သွားရောက်ခြင်းသည် အနိမ့်ကျဆုံးသောအခွင့်အရေးမဟုတ်ပါ။ ဤနည်းဖြင့် လူတို့အားဟောပြော ရန် ဤအခွင့်အရေးကို ကျွန်ုပ်တို့အားလုံးငြင်းဆိုခဲ့ကြသည်။ သို့သော် ဘုရားရှင် ၏ကြီးမားသောဗိမာန်တော်လဟာပြင်ကြီး- ကောင်းကင်အမိုးမြေကြီးအခင်း၌ တရားနာသူများကို ကျွန်ုပ်တို့တွေ့ရှိရပါမည်။ သို့မဟုတ် သူတို့သည် သတင်းစကားကို ကြားနာကြရမည်မဟုတ်ပါ။ ဤနေရာများ၌ အမှန်တရား ၏စံချိန်ကိုမြှင့်တင်ရန်အတွက် ကျွန်ုပ်တို့ပြင်းထန်စွာခံစားနေရပါသည်။ လူတို့ သည် သိုးထိန်းမရှိကြပါ။ ခိုအော်ရာဘောင်း (Cooranbong) ရှိဒေသ ဘုရားကျောင်းသည် တစ်ပတ်ပြီးတစ်ပတ် သော့ခတ်ထားလျက်ရှိရာ၊ လူတို့ တရားဟောခြင်းများကို မကြားနာကြရပါ။ လဟာပြင်၊ ပြင်ပအရပ်များ၌ ကြီးမားသောအလုပ်တစ်ခုကိုလုပ်ဆောင်ရမည်ဟု ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ ဒိုရာခရစ် (Dora Creek) အရပ်၌ လာမည့် တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ဟောပြောရန် ကျွနု်ပ်ချိန်းဆိုထားပါသည်။ ယခုကျွန်ုပ်တို့စည်းဝေးများကျင်းပ ရန် နေရာနှစ်ခုရှိပါသည်။ Letter 79, 1899. [Ev 427.1]EvBur 556.3

    ခန်းမဆောင်ထဲမ၀င်သူများကို ဟောပြောရန်ဗဟုသုတ - များစွာလုပ်ဆောင် ရန် ကျွန်ုပ်တွေ့ မြင်ရသည်။ ကျွနု်ပ်မဆောင်ရွက်ဘဲချန်လပ်ထားရမည့်နေရာ တစ်ခုကိုမျှ ကျွန်ုပ်မမြင်ပါ။ ဝိညာဉ်များပျက်စီးနေသည်ကို ကျွန်ုပ်ကူညီရမည်။ ဘုရားကျောင်းထဲ၌သော်လည်းကောင်း၊ အပြင်ဘက်၌သော်လည်းကောင်း ကျွန်ုပ်ဟောပြောသည်။ ကျွန်ုပ်တို့သည် မြို့တွင်းနေရာများမှထွက်၍ လဟာ ပြင်၌ဟောပြောကြသည်။ အကြောင်းမှာ အမှန်တရားကိုအမြင်မှားခြင်းသည် ကြီးမားလွန်းလှသည့်အတွက် လူတို့သည် သေးငယ်သောနုံချာသည့်အိမ်ထဲ ၌ စုရုံးဝတ်ပြုခြင်းကိုကျေနပ်မှုမရှိခြင်းကြောင့်ဖြစ်သည်။ [Ev 427.2]EvBur 557.1

    တနင်္ဂနွေနေ့တွင် သုံးမိုင်ကွာဝေးသော ဒိုရာခရစ် (Dora Creek) သို့ကျွန်ုပ်တို့သွားကြပြီး လဟာပြင်၌လူတို့အားဟောပြောခဲ့ကြသည်။ လူပေါင်း ကြီးနှင့် အံ့ဖွယ်ဆရာတစ်ဦးဖြစ်ကြောင်း လွတ်လပ်စွာဟောပြောခဲ့သည်။ အားလုံး စိတ်ဝင်စားစွာနားထောင်ကြသည်။ ဤနည်းဖြင့် ခန်းမဆောင်၊ သို့မဟုတ် အိမ်အစည်းအဝေးသို့မလာရောက်နိုင်သူတို့အတွက် ကျွန်ုပ်ဟောပြောနိုင်ခဲ့သည်။ ကျွန်ုပ်တို့ဝမ်းမြောက်စွာသီဆိုကြသည်။ Letter 74, 1999. [Ev 427.3]EvBur 557.2

    နယူးဇီလန်အတွက်လုပ်ဆောင်ရန် ကြီးမားသောအလုပ်တစ်ခု - ဤဒေသ၌ ကြီးမားသောအလုပ်တစ်ခုကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့မြင်ပြီး လုပ်ဆောင်ရန် လိုအပ်သည့်တန်ဆာပလာများကိုရရှိရန် ကျွန်ုပ်တို့မျှော်လင့်လျက်ရှိသည်။ ဝယ်လင်တန် (Wellington) အကြောင်း ကျွန်ုပ်ပြောမည်။ ထိုနေရာ၌ အသင်း ပြီး မြို့တော်ဖြစ်သည်။ ထိုနေရာ၌ လုပ်ငန်းအခြေချသင့်သည်။ အကယ်၍ တော်များစွာနှင့်ဓမ္မဆရာများစွာရှိသည်။ နယူးဇီလန်၏ ဗဟိုအချက်အချာ၌ရှိ သေးငယ်သောဘုရားကျောင်းတစ်ဆောင်ဖြစ်သည့်တိုင် ထိုနေရာ၌ဆောက်လုပ် သင့်သည်။ Letter 9a, 1893. [Ev 427.4] |EvBur 557.3

    ဥရောပမြို့ကြီးများ၊ သြစတြေးလျနှင့်အခြားအရပ်ဒေသများ - အမှုတော်လုပ်ငန်း အစမပြုရသေးသော ဥရောပ၊ သြစတြေးလျ၊ အမေရိကန်နှင့်အခြားအရပ်ဒေသ များအတွက်အသုံးပြုရန် ယခုငွေကြေးရှိနေပါသည်။ ဤမြို့များကို နှစ်ပေါင်း များစွာလျစ်လျူရှုထားခဲ့ကြပါသည်။ လူသားများတို့အတွက် ကျွန်ုပ်တို့ဆောင်ရွက် ရန် ဘုရားသခင်၏ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုစောင့်လျက်နေပါသည်။ မြို့ကလေးတစ်မြို့မှတစ်မြို့သို့၊ မြို့ကြီးတစ်မြို့မှတစ်မြို့ သို့၊ တိုင်းပြည်တစ်ပြည် မှတစ်ပြည်သို့ သတိပေးစကားကိုကြွေးကြော်ရမည်။ အပေါ်ယံအားဖြင့်မဟုတ်၊ ဝိညာဉ်တော်တန်ခိုးနှင့်ယုံကြည်သူပုဂ္ဂိုလ်များတို့ဖြင့်ဆောင်ရွက်ကြရမည်။ Manuscript 11, 1908. [Ev 428.1]EvBur 558.1